← Chapters

ရှန်းတုကလန်က ဖြစ်တော့လည်း ဘာဖြစ်လဲ

Vol. 10 Ch. 134

ရှန်းတုကလန်က ဖြစ်တော့လည်း ဘာဖြစ်လဲ

Vol. 10 Ch. 134

“လီဖူချန်း … မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့"

ကောင်းရီလုံက လည်ချောင်းကြောတွေ ထောင်ထ လာအောင် တောင့်ခံ ထားရက်းနဲ့ အော်ပြောလိုက်ပါတယ်။

“လီဖူချန်း … မင်းကိုယ်မင်း ဘယ်လို အပြစ်မျိုး လုပ်လိုက်ပြီလဲ ဆိုတာကော သတိ ပြုမိရဲ့လား”

ယန်အိုကတော့ ဒေါသ ထွက်ရလွန်းလို့ ရူးသွပ်လုမတတ် ဖြစ်နေပါပြီ။ သူက ငယ်စဉ်ကတည်းက လူအများရဲ့ ပစားပေးခြင်းကို ခံခဲ့ရတာလေ။ ယုတ်စွအဆုံး သူ့မိဘတွေ ရှေ့မှာတောင် တစ်ခါမှ ဒူးမထောက် ခဲ့ ဖူးပါဘူး။ အခုတော့ သူက လီဖူချန်း ရှေ့မှာ ဒူးထောက် နေရပါတယ်။

သူတို့ နှစ်ယောက်စလုံးက လီဖူချန်းရဲ့ အရှိန်အဝါတွေကို ဒီလောက် အထိ သက်ရောက်မှု ပြင်းထန်လိမ့်မယ်လို့ မမျှော်လင့်ထားပါဘူး။ ပြောရမယ်ဆိုရင် လျိုတိုင်ရှန်းနဲ့ တိုက်ခိုက်တုန်းကထက်တောင် အဆပေါင်းများစွာ ပြင်းထန် လာနေသေးတယ်လေ။ သူတို့ နှစ်ယောက်ကတော့ သူတို့ရဲ့ မာနတရားတွေကို ဘေးဖယ်ထားပြီး ဒူးထောက် နေရပါပြီ။

“ဖူချန်း … မင်းရဲ့ စွမ်းရည်က …”

လီရှန်းရှီက ဘေးမှာ ရပ်နေတာတောင်မှ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေ ရိုက်ခတ်နေတာကို ခံစားနေရတယ်လေ။ လီဖူချန်းရဲ့ တိုးတက်လာမှုတွေက အရမ်းကို မြန်ဆန် လွန်းနေပါတယ်။ သိပ်မကြာခင် အချိန်လေးကတောင် သူက လီဖူချန်းကို အရမ်း အစွမ်းထက်နေတယ်လို့ တွေးနေမိသေးတာပါ။ အခု စွမ်းရည်ကို ဆိုရင်တော့ လီရှန်းရှီက လီဖူချန်းကို ဘယ်လို ပြောလို့ ပြောရမယ် မသိတော့တဲ့ အထိ ပါဘဲ။

“ငါက မင်းတို့ကို စော်ကားတော့ ဘာဖြစ်သလဲ။ ငါစော်ကားနိုင်လို့ မင်းတို့ကို စော်ကားတာကွာ။ မင်းတို့ ငါ့ကို ဘာပြန်လုပ်မလဲ”

လီဖူချန်းကတော့ လူမိုက်စကား ဆိုပါပြီ။

ငါအစွမ်း နိမ့်နေတုန်းကတော့ မင်းတို့တွေက ငါ့ကို အနိုင်ကျင့်တယ် မဟုတ်ဘူးလား။ အခုတော့ ငါမင်းတို့ကို ပြန်အနိုင် ကျင့်တယ်လေ။ မင်းတို့ ဘာလုပ်မလဲ။ လုပ်နိုင်ရင် လုပ်လိုက်လေ။

“လီဖူချန်း … အခု မင်း အဲဒါ ဘာလုပ်နေတာလဲ”

အဲဒီ အချိန်မှာပဲ အေးစက်ပြီး သြဇာ အာဏာသံ အပြည့်ပါတဲ့ အသံတစ်သံက သူတို့ဆီကို လွင့်ပျံလာပါတယ်။

လီဖူချန်းနဲ့ လီရှန်းရှီက အသံကြားရာဆီကို လှည့်ကြည့်လိုက်တဲ့ အခါမှာတော့ အသံပိုင်ရှင်က ရှန်းတုကလန်ရဲ့ သခင်လေး ရှန်းတုကျန်းမင် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။

“ရှန်းတုကျန်းမင် … မင်းက ဒီကိစ္စက မင်းနဲ့ဘာဆိုင်လို့လဲ”

လီရှန်းရှီက အသံမာမာနဲ့ မေးလိုက်ပါတယ်။

ရှန်းတုကျန်းမင် စူးရှတဲ့ အကြည့် တစ်ချက် ကြည့်လိုက်ပြီး …

“လီရှန်းရှီ … မင်းက ဘယ်အချိန်တုန်း ကတည်းက ဒီလိုလေသံနဲ့ ငါ့ကို ပြောရဲသွားတာလဲ”

မိုးပြာရောင် ဂိုဏ်းမှာတော့  သူ့ရဲ့ ရှန်းတုကလန်က ဘာအဆင့်မှ မရှိပါဘူး။ ဒါပေမဲ့ ယုံဝူးမြို့မှာတော့ ရှန်းတုကလန်က ဘုရင်တစ်ဆူ လိုပါပဲလေ။ ဒါကြောင့် သူက ကလန် ၃ ခုကို မျက်လုံးထဲကို မထည့်ထားပါဘူး။ ရှန်းတုကျန်းဟီ ရှိနေသေးသရွေ့တော့ သူ့ရဲ့ အဆင့်အတန်းက တခြား ၃ ကလန်ထက် အဆင့် မြင့်နေပါသေးတယ်။

“ရှန်းတုကျန်းမင် … မင်းရဲ့ အရှက်သိက္ခာကို ဂရုစိုက်တယ် ဆိုရင် မင်းအခု ထွက်သွားလိုက်တာ ကောင်းမယ်နော်”

လီဖူချန်းက ရှန်းတုကျန်းမင်ကို ရိုရိုသေသေ ပြောစရာ အကြောင်း မရှိပါဘူး။ ဒီရှန်းတုကလန်က တခြား ကလန်တွေနဲ့ ပေါင်းပြီး သူတို့ကို ဖိနှိပ်နေကျလေ။

လီဖူချန်းရဲ့ ငယ်ဘဝ အိပ်မက်ကတော့ တစ်နေ့ကျရင် ဒီကလန် ၃ ခုကို ယုံဝူးမြို့ကနေ မောင်းထုတ်ပစ်မယ် ဆိုတဲ့ အိပ်မက်ပါပဲ။

အခုတော့ သူ့ရဲ့ အိပ်မက်က ပြည့်ဝလုနီးပါး ဖြစ်နေပါပြီ။ သူက ဒီကလန် ၃ ခုကို စတင် ဖိနှိပ်ဖို့ ကြိုးစားနေပြီလေ။ အချိန်တန်လို့ ရှိရင် သူက လီကလန်ကိုပါ ပြန်ပြီး ကလန် ဘိုးဘေးကြီးကို ရိုက်ထုတ်ပစ်ပြီး သူ့အဖေကို ကလန်ခေါင်းဆောင် ပြန်တင်ဖို့ကိုတောင် တွေးထားပြီးပါပြီ။

သူယုံဝူးမြို့ကို ပြန်လာတဲ့ တစ်နေ့တော့ မြို့ထဲက ကလန်၃ခုကို ဘုရားပါ တသွားစေအောင် ဆုံးမမှာပါ။

“မင်းဘာပြောလိုက်တယ် …”

ရှန်းတုကျန်းမင်က လီဖူလျန်းကို လက်ညှိုးထိုးပြီး ဒေါသထွက်စွာ မေးလိုက်ပါတယ်။

“အခုချက်ချင်း ထွက်သွားစမ်း”လီဖူချန်းက အေးစက်စက်နဲ့ ပြန်ပြောလိုက်ပါတယ်။

“လီဖူချန်း … မင်းအခု ဘယ်သူနဲ့ စကား ပြောနေတာလဲ ဆိုတာကိုကော သိရဲ့လား။ မင်းက တော်လှန်ပုန်ကန်ချင်နေတာလား။ ငါတို့ ရှန်းတုကလန်က မင်းတို့ လီကလန်ကို အပြစ်ပေးရလိမ့်မယ်”

ရှန်းတုကျန်းမင်ရဲ့ မျက်နှာက ဒေါသကြောင့် နီရဲတွတ်နေပါပြီ။ သူက လီဖူချန်းကို သတ်ပစ်ဖို့တောင် တွေးနေတဲ့ အထိပါဘဲ။

“မင်းက ငါထွက်သွားလို့ ပြောတဲ့အချိန်မှာ မထွက်သွားချင်ဘူးပေါ့။ အေး … ဒါဆိုလည်း သူတို့နဲ့ အတူတူ ဒူးသွားထောက်တော့”

လီဖူချန်းက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မမြင်ရတဲ့ ဖိအားတွေက ရှန်းတု ကျန်းဟီကို ဖိနှိပ်လာပြီး ဒူးထောက် စေလိုက်ပါတယ်။

“လီဖူချန်း … ခွေးမသား မျိုးမစစ်ကောင် … ငါမင်းကို သတ်မယ်”

ရှန်းတုကျန်းဟီက အသံနက်ကြီးဖြင့် အော်လိုက်ပါတယ်။

သွားပါပြီ။ ရှန်းတုကျန်းဟီ တစ်ယောက်ကတော့ လီဖူချန်းရဲ့ ဒေါသကို သွားဆွမိသွားပါပြီ။

ဖုန်း … ဖုန်း … ဖုန်း … ဖြောင်း … ဖြောင်း …

လီဖူချန်းက ရှန်းတုကျန်းဟီ ဆီကို ပြေးဝင်သွားပြီး ပါးတွေရိုက်၊ နားအုံနားရင်း စုံနေအောင် ကျင်းပစ်လိုက်ပါတယ်။ ရှန်းတုကျန်းဟီရဲ့မျက်နှာကတော့ ဝက်တစ်ကောင်လို ဖူးယောင်ကိုင်း နေပါပြီ။

“ဟမ့် … မင်းက ရှန်းတုကလန်က ဖြစ်တော့လည်း … ဘာဖြစ်လဲ။ လီးဖြစ်တာလား”

လီဖူချန်းက ရှန်းတုကျန်းဟီကို အားရအောင် ရိုက်ပြီး နောက်မှာတော့ ဖုတ်ဖတ်ခါပြီး အနောက်ကို ပြန်ဆုတ်လာပါတယ်။

“ဖူချန်း … မင်းဟာက နည်းနည်း များမနေဘူးလား”

လီရှန်းရှီက မေးလိုက်ပါတယ်။ သူက ရှန်းတုကလန်ကိုတော့ အနည်းငယ် စိုးရိမ်တယ်လေ။

လီဖူချန်းက လက်ကာ ပြလိုက်ပြီး …

”စိတ်မပူပါနဲ့ အစ်ကိုရှန်းရှီ … ကျွန်တော့် လက်ဆကို ကျွန်တော် သိပါတယ်။ဒီကောင် မသေပါဘူး”

လီဖူချန်းက သူ့လက်ဆကို အာမခံလိုက်ပါတယ်။

(မအေဘေးလေးရဲ့ မင်းရဲ့ လက်ဆကို ပြောတာမဟုတ်ဘူးဟ။ ရှန်းတုကလန်ရဲ့ သခင်လေးကို လူ့မြင်ကွင်းမှာ ပါးတွေ နားတွေ ရိုက်ပြီး ဒူးထောက် ခိုင်းတာကို ပြောနေတာဟ။ မင်းရိုက်လိုက်တာ မသေဘူး ဆိုတာကိုတော့ မင်းအဘိုးကို လှမ်းမေးတောင် သိတယ်။)

လီရှန်းရှီက စိတ်ထဲကတော့ အဲဒီလို တွေးနေပေမဲ့ လက်တွေ့မှာတော့ ထုတ်ဖော် မပြောရဲပါဘူး။

“ကောင်းတယ်ကွာ။ ဒီခွေးမသားတွေ ကလန်၃ခု လက်ဝါးချင်း ရိုက်ပြီး လီကလန်ကို စော်ကားနေတာ ။ အခုတော့ ဒီကောင်တွေကို ငါတို့ လီကလန် အကြောင်း ပြလိုက်ပြီကွ”

လီရှန်းရှီက လီဖူချန်းကို ပုခုံးပုတ်ပြီး ချီးကျူးလိုက်ပါတယ်။

ယန်အိုတို့ရဲ့ ဆူညံဆူညံ အသံတွေကြောင့် အနီးအနားက အတွင်းစည်း ဂိုဏ်းသားတွေက လီဖူချန်းတို့ကို သတိပြုမိ လာပါတယ်။ သူတို့ အားလုံးက ဒူးထောက်နေတဲ့ ရှန်းတုကျန်းမင်၊ ယန်အိုနဲ့ ကောင်းရီလုံကို ဝိုင်းကြည့် လာကြပါတယ်။

"ဟိုမတ်တတ် ရပ်နေတဲ့ ကောင်က လီဖူချန်း ဆိုတဲ့ကောင် မဟုတ်ဘူးလား။ ဒီကောင်က သွားလေရာမှာ ပြဿနာ မဖြစ်ရရင် မနေနိုင်ဘူးလားဟ”

“သူ့ရှေ့က သုံးကောင်ကိုလည်း ကြည့်ကြပါဦး။ မျက်နှာ ငယ်လေးတွေနဲ့ ဖြစ်နေကျပြီ။ ဒီကောင်တွေကလည်း လီဖူချန်း အကြောင်းကို မကြားဖူးဘူးလားကွ။ ဒီကောင်တွေမို့ ပြဿနာအိုးကို ရန်သွားရှာရဲတယ်”

“ဟုတ်ပကွာ။ လျိုကလန်က လျိုတိုင်ရှန်းကိုတောင် သူ့အဖေ ရှေ့မှာ လက်ဖြတ် ပစ်လိုက်တဲ့ ကောင်ကိုများ ဒီကောင်တွေက ဘာထင်နေလဲ မသိဘူး”

“ဟိတ်ကောင် … စကား အကျယ်ကြီး မပြောနဲ့ဟ။ ဟိုစောက်ကလေးက ကြားသွားပြီး မင်းကိုပါ  ဒူးဝင် ထောက်ခိုင်းနေမယ်နော်”

အတွင်းစည်း ဂိုဏ်းထဲမှာတော့ အားကြီးတဲ့သူက အားနည်းတဲ့ သူတွေကို အနိုင်ကျင့်တာ ထုံးစံလိုပါဘဲ။ ဒါပေမဲ့ အတွင်းစည်း ဂိုဏ်းသားထုကြီးက လီဖူချန်းကိုတော့ အတော်လေး ချဉ်ပါတယ်။ အတွင်းစည်းဂိုဏ်း ယောကျာ်းထုကြီးရဲ့ အော့်ကြောလန်ကို ပြပါဆိုရင် အားလုံးက လီဖူချန်းကို လက်ညှိုး ထိုးပြလောက်တဲ့ အထိပါဘဲ။

“အစ်ကို အာဏာရှင်ဓား … ဟိုမှာ ကြည့်လိုက်ပါဦး။ တစ်ခုခု ဖြစ်နေတယ်နဲ့ တူတယ်။ သွားကြည့်ကြရအောင်”လီဖူချန်း ရှိနေတဲ့ နေရာနဲ့ မီတာ ၁၀၀ လောက် အကွာမှာတော့ အတွင်းစည်း ဂိုဏ်းသား တစ်အုပ်က ရှိနေပါတယ်။ သူတို့ထဲက တစ်ယောက်က အုတ်အုတ်ကျက်ကျက် ဖြစ်နေတာကို မြင်သွားပြီး လီဖူချန်းတို့ဆီကို သွားကြည့်ဖို့ သူတို့ရဲ့ ခေါင်းဆောင် အာဏာရှင် ဓားသမားကို အဖော် ညှိလိုက်တာပါ။ အာဏာရှင် ဓားသမား လျူဝူဟောင်။ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉က သိုင်းသမား တစ်ယောက် ဖြစ်ပြီး လက်ရှိ အတွင်းစည်း ဂိုဏ်းမှာတော့ အကျော်ကြားဆုံးပါဘဲ။ သူ့ရဲ့ ကျော်ကြားမှုကို ယုဝူရှန်းတောင် လိုက်မမှီပါဘူး။

ယုဝူရှန်းက ကြယ်ငါးပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်သလို လျူဝူဟောင်ကလည်း ကြယ်ငါးပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ပါဘဲ။

အဲဒီထက် ပိုအရေးကြီးတာက လျူဝူဟောင်က အတွင်းစည်း ဂိုဏ်းသား ဖြစ်နေတာ ယုဝူရှန်းထက် စောပါတယ်။ သိပ်မကြာခင်မှာဘဲ မြေကမ္ဘာ အဆင့်ကို ရောက်ပြီး တိုက်ရိုက်တပည့် ဖြစ်လာတော့မှာပါ။

သူတို့အုပ်စုက လူတွေ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်နေတဲ့ နေရာကို အရောက်မှာတော့ လူသုံးယောက်က မြေပြင်မှာ ဒူးထောက်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီ လူသုံးယောက်ရဲ့ အရှေ့မှာတော့ ဆယ်ကျော်သက် ကောင်လေး တစ်ယောက်က မခိုးမခန့် ရပ်နေပါတယ်။

“အဲဒါက လီဖူချန်းဘဲ”

လျူဝူဟောင်ရဲ့ ဘေးမှာရှိတဲ့ တပည့် တစ်ယောက်က လီဖူချန်းကို မှတ်မိပါတယ်။

“ဒီလီဖူချန်းက တကယ့် မောက်မာလွန်းတဲ့ ကောင်ပဲ။ သူက သူ့ကိုယ်သူ ဘယ်သူ ထင်နေလို့ တခြားလူတွေကို ဒူးထောက် ခိုင်းနေရတာလဲ”

“သာမန် အရိုး တည်ဆောက်ပုံနဲ့ ကောင်လေးက သူ့ကိုယ်သူ ကြယ် ၅ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်လို ပြုမူနေတယ်။ ငါတော့ ဒီကောင့်ကို ကြည့်လို့ကို မရပါဘူးကွာ”

“အစ်ကို အာဏာရှင်ဓား … အစ်ကို ဒီကောင့်ကို နည်းနည်းလောက် ဝင်ဆုံးမသင့်တယ်နော်။ မဟုတ်ရင် လီဖူချန်းက အတွင်းစည်းဂိုဏ်း တစ်ခုလုံးကို လွှမ်းမိုးသွားလိမ့်မယ် ထင်တယ်”

အမှန်တကယ် ပြောရမယ်ဆိုရင် လျူဝူဟောင်ကလည်း လီဖူချန်းကို ကြည့်မရပါဘူး။

သူ့ရဲ့ဘွဲ့နာမည်က အာဏာရှင်ဓားလေ။ ဒီနာမည်နဲ့လိုက်အောင် သူက ပြုမူနေထိုင်သင့်တာပါ။ သူကဘဲ တစ်ခြားသူကို အာဏာပြချင်တာပါ။

အခုတော့ လီဖူချန်းက သူ့ထက်တောင် အာဏာတွေ ပြနေလိုက်ပါသေးတယ်။

လျူဝူဟောင်က လူအုပ်ထဲကနေ ထွက်လာပြီး ရှန်းတုကျန်းဟီတို့ သုံးယောက် ဆီကို ဦးတည်သွားလိုက်ပါတယ်။

“မင်းတို့ သုံးယောက် ထွက်သွားလို့ ရပြီ။ လက်တုံ့ပြန်တယ် ဆိုတာက ဘယ်တော့မှ နောက်မကျဘူး။ နောက်၁၀နှစ်မှ လက်တုံ့ပြန်လို့လည်း ရတာဘဲ။ အခုကစပြီး ပိုကြိုးစား လေ့ကျင့်ကြ”

သူက အတွင်းအားတွေကို ထုတ်ပြီး လီဖူချန်းရဲ့ ဖိနှိပ်ထားတာကို ဖြေပေးလိုက်ပါတယ်။

လီဖူချန်း သူ့ဝသီအတိုင်း ခပ်ပေါ့ပေါ့ ရယ်သွမ်းလိုက်ပြီး …

“ဒီကအစ်ကိုကြီး … အစ်ကိုက တခြားသူရဲ့ ကိစ္စကို ဝင်ပြီး စွက်ဖက်နေပြီနော်။ လူဆိုတာ ကိုယ့်စည်းနဲ့ ကိုယ်နေသင့်တယ်”

တကယ်လို့ ယန်အိုတို့နေရာမှာ တခြားလူတွေဆိုရင် သူက ဒူးထောက်ခိုင်းထားမှာ မဟုတ်ပါဘူး။ ဒူးထောက်ခိုင်းတယ် ဆိုတော့ အဆုံးစွန်ဆုံး စော်ကားမှုကြီး တစ်ခုပဲလေ။ ဒါပေမဲ့ သူ့ကို သတ်ဖို့ ကြံတဲ့သူတွေကို ပြန်မဆုံး မရအောင် သူက တရားပေါက်နေတဲ့ သူတော်စင်မဟုတ်ပါဘူး။

တကယ်လို့သာ လီဖူချန်းက ယန်အိုတို့ကို အပြင်လောကမှာ တွေ့ရင် လုံးဝကို သတ်ပစ်လိုက်မှာပါ။

လျူဝူဟောင်က အနောက်ကို လှည့်လိုက်ပြီး ပြန်ဖြေလိုက်ပါတယ်။

“မင်းက လူတွေကို ဒူးထောက်ခိုင်းရတာကို သဘောကျတာလား"

လီဖူချန်းက ရှည်ရှည်ဝေးဝေး မပြောပြချင်တဲ့ အတွက် ဘာမှ ရှင်းပြမနေတော့ပါဘူး။

“မင်းရဲ့ အစွမ်းအစက ကောင်းတယ်။ ဒါကြောင့် မင်းက သူများတွေကို ဒူးထောက်ခိုင်းလို့ ရတယ်ပေါ့။ ငါ့ရဲ့ အစွမ်းအစကလည်း ကောင်းတာပဲ။ ငါက မင်းကို ဒူးထောက်ခိုင်းလို့ ရမလား”လျူဝူဟောင်ရဲ့ မျက်လုံးတွေက ဓားတစ်စင်းလိုပါဘဲ။ သူ့ဆီက ထွက်လာတဲ့ အေးစိမ့်စိမ့် အငွေ့အသက်တွေက လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်ဖို့ ကြိုးစားနေပါတယ်။

“ကျွန်တော်ကတော့ အစ်ကို့ရဲ့ အစွမ်းက ကျွန်တော့်ကို ဒူးထောက်စေနိုင်တဲ့ အထိ ရှိမယ်လို့ မထင်ဘူး”လီဖူချန်းက ခပ်ပြုံးပြုံးနဲ့ ပြန်ဖြေလိုက်ပါတယ်။

“ဟိုး … ဟိုး … အဲလိုလား။ ဒါဆိုရင်တော့ ငါကြိုးစား ကြည့်ရမှာပေါ့”

လျူဝူဟောင်ရဲ့ ချီအရှိန်အဝါတွေက ထွက်ပေါ် လာပါတယ်။ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ ချီအရှိန်အဝါတွေက ဘုရင်တစ်ပါးရဲ့ ရာဇမာန်လိုပါဘဲ။

လီဖူချန်းက အားကျမခံပါပဲ။ သူက မီးနဂါး လျှို့ဝှက်နည်းစနစ်အတိုင်း သူ့ရဲ့ အတွင်းအားတွေကို လည်ပတ်လိုက်ပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါတွေက နဂါးတစ်ကောင် ပုံစံနဲ့ လျူဝူဟောင်ရဲ့ ချီအရှိန်အဝါတွေကို ထိပ်တိုက် ရင်ဆိုင်လိုက်ပြီး သူကတောင် အနည်းငယ် အသာရနေပါသေးတယ်။

ဒုတ် … ဒုတ် … ဒုတ် …။

ရှန်းတုကျန်းမင်တို့ သုံးယောက်ကတော့ လီဖူချန်းတို့ရဲ့ ချီအရှိန်အဝါတွေကြောင့် ပြန်ပြီး ဒူးထောက် လိုက်ရပြန်ပါတယ်။ ဒီတစ်ခါက ပထမတစ်ခေါက် ဖိအားထက်ကို ပိုဆိုးပါတယ်။ လီဖူချန်းရဲ့ အရှိန်အဝါ ဖိအားကို လျူဝူဟောင်ရဲ့ ဖိအားက ထပ်ပေါင်းလာတာလေ။ သူတို့က အသက်တောင် ရှူလို့မဝ ဖြစ်လာပါတယ်။

“လီးတဲ့မှဘဲကွာ”

ရှန်းတုကျန်းမင်က လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ပြီး တောင့်ခံ နေရပါတယ်။ သူက အခုချက်ချင်း ထပြီးတော့ ယုံဝူးမြို့ကို ပြန်ကာ လီကလန် တစ်ခုလုံးကိုတောင် သတ်ချင်နေနေပါပြီလေ။

“မင်းက တမင်တကာ ငါ့ကို ရန်စနေတာပဲ”

လျူဝူဟောင်က အေးစက်စွာ ပြောလိုက်ပါတယ်။

“မင်းကသာ ငါ့ကို အရင် ပြဿနာ လာရှာတာကွ”လီဖူချန်းရဲ့ လေသံကလည်း လျူဝူဟောင်နဲ့ ထူးမခြားနားပါဘဲ။

“ကြည့်ရတာ ငါမင်းကို မဆုံးမရင် မရတော့ဘူးနဲ့ တူတယ်။ မင်းကိုလည်း ဒူးထောက်ခိုင်းဦးမှပါ”

လျူဝူဟောင်က အမြင်စူးရှပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ သူတစ်ယောက်ပါ။ သူက လီဖူချန်းရဲ့ ချီအရှိန်အဝါက ကိုယ်ပိုင် အစွမ်းအစနဲ့ ထုတ်သုံးထားတာ မဟုတ်ဘူး ဆိုတာကို သတိ ပြုမိလိုက်ပါတယ်။

သူက အတွင်းအားတွေကို လက်မှာ စုစည်းပြီး တိုက်ခိုက်တော့မယ့် အချိန်မှာပဲ …

“အဓိပ္ပာယ် မရှိတဲ့ လုပ်ရပ်တွေ ရပ်လိုက်ကြစမ်း”

အနီးအနားက ဖြတ်သွားတဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က သူတို့ကို လှမ်းပြီး အော်ငေါက် လိုက်ပါတယ်။ သူ့ရဲ့ အသံက လီဖူချန်းနဲ့ လျူဝူဟောင်ရဲ့ ချီအရှိန်အဝါတွေကိုပါ ဖျက်ဆီး ပစ်လိုက်ပါတယ်။

“အကြီးအကဲ"

လူအားလုံးက ခါးကိုင်းပြီး အရိုအသေ ပေးလိုက်ကြပါတယ်။

အတွင်းစည်းအကြီးအကဲတွေက အပြင်စည်း အကြီးအကဲတွေနဲ့ မတူပါဘူးလေ။ ဘယ်သူမှ စောဒက မတက်ရဲကြပါဘူး။

“ဒီမှာရှိတဲ့ လူအားလုံး လူစုခွဲကျစမ်း။ မသွားတဲ့ ကောင်ကို ငါက စည်းကမ်း ထိန်းသိမ်းရေး ဌာနကို ပို့ပစ်မယ်”

အတွင်းစည်း အကြီးအကဲက စကားတစ်ခွန်းပဲ ဆိုပြီး ထွက်သွားပါတယ်။

“မင်းဒီနေ့ ကံကောင်းသွားတယ်။ နောက်တစ်ခါ ငါနဲ့ မတွေ့မိစေနဲ့”

လျူဝူဟောင်က လီဖူချန်းကို ကြိမ်းမောင်းကာ ထွက်သွားပါတော့တယ်။

"ငါမင်းကိုတောင် လိုက်ရှာပြီး ပညာ ပေးဦးမှာကွ"

လီဖူချန်းက တစ်ချက်ကလေးတောင် အကျော မခံပါဘူး။ ထို့နောက်မှာတော့ လီဖူချန်းက ထွက်သွားပါတော့တယ်။

“နှမြောစရာပဲကွာ။ အစ်ကိုကြီး အာဏာရှင်ဓားက လီဖူချန်းကို သင်ခန်းစား ပေးတော့မယ့် ဟာကို”

"ဟုတ်တယ်ကွ။ ဒါပေမဲ့ မပူပါနဲ့။ အတွင်းစည်း ဂိုဏ်းက သိပ်ကျယ်တာမှ မဟုတ်တာ။ လီဖူချန်းအတွက် ပြေးစရာမြေ မရှိပါဘူး။

“ငါက လီဖူချန်း ဒူးထောက်တဲ့ အခါ ဘယ်လို မျက်နှာ ရှိလဲလို့ သိချင်နေတဲ့ ဟာကိုကွာ”

အဓိက ပြဿနာ ပြီးသွားပြီ ဖြစ်တာကြောင့် အတွင်းစည်း ဂိုဏ်းသားတွေက သူ့အလုပ်နဲ့သူ ပြန်ရှုပ်နေကျပါပြီ။ ဘယ်သူကမှ ရှန်းတုကျန်းမင် တို့ကို အရေးမလုပ်ကျပါဘူး။

ရှန်းတုကျန်းမင်တို့ သုံးယောက်ကတော လက်သီးကို ဆုပ် အံကိုကျိတ်ကာ ကျန်နေခဲ့ပါတယ်။ လူအားလုံး ရှင်းသွားတဲ့အခါမှာတော့ ရှန်းတုကျန်းမင်က ကောင်းရီလုံနဲ့ ယန်အိုကို ခပ်တိုးတိုး ပြောလိုက်ပါတော့တယ်။

***

All Chapters