← Chapters

အပိုင်း(၅၇၃)

Vol. 39 Ch. 573

အပိုင်း(၅၇၃)

Vol. 39 Ch. 573

ရှစ်ကျင်းရွှိုက် ၏ ရွှေရောင်ချပ်ဝတ်က ရှစ်ဖုန့်၏သွေးနီရောင်ချပ်ဝတ်ထက်အဆင့်ပိုမြင့်မားသည်ဖြစ်သည်။

ရှစ်ဖုန့်၏သွေးချပ်ဝတ်က  ဧကရာဇ်နယ်ပယ်ကနဦးအဆင့်တွင်

သာရှိသည်ဖြစ်သည်။ ကြယ်ရေတွက်မှုစနစ်အရဆိုလျှင် ကြယ်တစ်ပွင့်အဆင့်၌ရှိလိမ့်မည်ဖြစ်သည်။

စင်မြင့်အတွင်း၌   ရွှေရောင်ချပ်ဝတ်က သူ၏တိုက်ခိုက်မှုအားတားဆီးသွားသည်ကို တွေ့ရသောအခါတွင်ပိုင်ကျွင်းရွှမ်းမှာ ကြက်သေသေသွားသည်။ထို့နောက်သူ၏နှုတ်ခမ်းထောင့်က တွန့်ကွေးသွားပြီး  အေးစက်သောအပြုံးတစ်ခုပေါ်လာ

ကာပြောလိုက်သည်။

“ဒီတော့ ဒီချပ်ဝတ်ကရတနာတစ်ခုပေါ့.. ငါအကဲဖြတ်မှားသွားတာပဲ”

ထို့နောက် ပိုင်ကျွင်းရွှမ်းက ခေါင်းစဉ်ကိုပြောင်းလိုက်ပြီး ပြောလိုက်သည်။

“ဒါပေမဲ့ အဲ့တောဘာဖြစ်လဲ.. မင်းက ဒီရတနာအကူအညီနဲ့ငါ့ရဲ့တိုက်ခိုက်မှုကို တားဆီးနိုင်တာဖြစ်လို့.. ဒီသခင်လေးရဲ့စွမ်းအားအပြည့်တိုက်ခိုက်

မှုကိုမင်းဘယ်နှစ်ကြိမ်တားနိုင်မလဲဆိုတာကို   ကြည့်ချင်သေးတယ်.. မင်းကိုသတ်ပြီးရင် .. ဒီချပ်ဝတ်ကငါ့ဟာဖြစ်လာလိမ့်မယ်”

ပိုင်ကျွင်းရွှမ်းက စကားပြောနေရင်း  သူ၏လက်တို့အား ကြက်ခြေခတ်ယှက်လိုက်ကာ ဆန်းကြယ်သော လက်သင်္ကေတဆီးလ်တစ်ခုကို ပုံဖော်လိုက်သည်။  ထို့နောက် လက်သင်္ကေတဆီးလ်များက အဆက်မပြတ်ပြောင်းလဲနေသည်။  တစ်ချိန်တည်းမှာပင်    အဖြူရောင်လက်သီးရိပ်များနှင့်

လက်ဝါးရိပ်များက ပိုင်ကျွင်းရွှမ်း၏ရှေ့၌ပေါ်လာပြီး အတူတကွရောထွေးသွားသည်။

ပိုင်ကျွင်းရွှမ်း၏ရှေ့ရှိ လက်သီးနှင့်လက်ဝါးရိပ်တို့အားမြင်တွေ့လိုက်ရသောအခါတွင်   ရှစ်ကျင်းရွှိုက်အတွက် ရှစ်ဖုန့်စတင်စိုးရိမ်လာသည်။

လက်ဝါးရိပ်နှင့်လက်သီးရိပ်တစ်ခုစီတိုင်းတွင်   ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်တစ်ဦး၏ စွမ်းအားအပြည့်ပါရှိ၏။  အစောပိုင်းကအဖြူရောင်မြူတို့၏ ဧရာမလက်ဝါးကြီးနှင့်နှိုင်းယှဉ်လိုက်လျှင်   ၎င်းက ပို၍များစွာစွမ်းအားကြီးမားသည်ဖြစ်သည်။

ရှစ်ကျင်းရွှိုက်မှာ ရွှေရောင်ချပ်ဝတ်အား ဝတ်ဆင်ထားသည်။  သူ၏ခုခံမှုက တုန်လှုပ်စရာကောင်းသော်လည်း အဆက်မပြတ်ထိုးနှက်တိုက်ခိုက်မှုများ

အောက်တွင်   ပိုင်ကျွင်းရွှမ်းအနေဖြင့် ၎င်း၏ခုခံမှုအား မကြာခင်သို့မဟုတ်နောက်ပိုင်း၌ ချိုးဖျက်နိုင်လိမ့်မည်ဖြစ်သည်။

“တကယ်တော့ ရလဒ်က ဆုံးဖြတ်ပြီးနေပါပြီ”

ရွှယ်ဝူဟမ်မှာ  စင်မြင့်နံပါတ်တစ်ဆယ်သို့ကြည့်၍  ခေါင်းခါယမ်းလိုက်သည်။  ရှစ်ကျင်းရွှိုက်အနိုင်ယူနိုင်သည်ဟုသူမထင်ထားသည်မှာ သိသာသည်။  ရှစ်ကျင်းရွှိုက်၌အားကောင်းသည့်ခု

ခံမှုတစ်ခုရှိသော်လည်း   သူ၏တိုက်ခိုက်မှုကတော့ကြယ်နှစ်ပွင့်

သူတော်စင်နယ်ပယ်၌သာရှိသည်ဖြစ်သည်။  သူ့အနေဖြင့် ပိုင်ကျွင်းရွှမ်းအားသူ့အားတိုက်ခိုက်လာသည်ကို ခွင့်ပြုရန်သာတက်နိုင်၏။

“အင်း”

ရွှယ်ဝူဟမ်၏ စကားများအားကြားပြီးနောက်   ရှစ်ဖုန့်က သူ၏ခေါင်းအား အနည်းငယ်ညိမ့်လိုက်၏။

“ချိုးဖျက်စမ်း”

ဤအခိုက်အတန့်တွင်   ပိုင်ကျွင်းရွှမ်းက လက်သင်္ကေတတို့အား ရုတ်ခြည်းရပ်လိုက်သည်။ထို့နောက် သူ၏လက်ဝါးအားရှေ့သို့တွန်းလိုက်၏။

ပိုင်ကျွင်းရွှမ်း၏သူ၏လက်ဝါးအားရှေ့သို့ တွန်းလိုက်သောအခါတွင်   အဖြူရောင်လက်ဝါးပုံရိပ်များနှင့် လက်သီးပုံရိပ်များက ရှေ့သို့ မုန်တိုင်းတစ်ခုကဲ့သို့သိမ်းကျုံးဦးတည်သွား၏။

“ဝုန်း..ဝုန်း.ဝုန်း.ဝုန်း..ဝုန်း..”

ထို့နောက်ချက်ချင်း အဖြူရောင်လက်ဝါးလက်သီးပုံရိပ်များက   ရွှေရောင်ချပ်ဝတ်အရိပ်အား အဆက်မပြတ်ထိုးနှက်တိုက်ခိုက်ကာ ပြင်းထန်သောပေါက်ကွဲသံများအား အတွဲလိုက်ဖြစ်ပေါ်စေသည်။

ရွှေရောင်ချပ်ဝတ်ပုံရိပ်အားထိမှန်

သည့်အချိန်တိုင်းတွင်  ရှစ်ကျင်းရွှိုက်၏ကိုယ်က အနည်းငယ်တုန်ယင်လာပြီး သူ၏မျက်နှာကဖြူဖျော့လာသည်။

ရွှေရောင်ချပ်ဝတ်အရိပ်မှာမူ ပြင်းထန်သော တိုက်ခိုက်မှုများအောက်၌ မှိန်သည်ထက်မှိန်လာ၏။

ပိုင်ကျွင်းရွှမ်းက ရှေ့သို့ကြည့်လိုက်ပြီး   သရော်ပြုံးတစ်ခုက သူ၏မျက်နှာထက်၌တွဲခိုနေ၏။  လူပြက်လေးတစ်ဦးက သူ့အားတိုက်ခိုက်ရဲသည်လော။၎င်းအနေဖြင့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလွန်ကဲနေခြင်းသာဖြစ်သည်။

စစ်မှန်သောစွမ်းအားနှင့်အကြွင်းမဲ့စွမ်းအားတို့ဖြင့်ရင်ဆိုင်ရသောအခါတွင် မည်သည့်ရတနာမှအသုံးဝင်လိမ့်

မည်မဟုတ်ပေ။

စင်အောက်ဘက်တွင်ရှစ်ဖုန့်က   ရှစ်ကျင်းရွှိုက်အားသူ၏ဝိညာဉ်ကိုအသုံးပြု၍ ဆက်သွယ်လိုက်ပြီး သူ၏အသံက ရှစ်ကျင်းရွှိုက်၏ စိတ်ထဲ၌ရိုက်ခတ်ထွက်ပေါ်လာသည်။

“ဆုတ်တော့”

ဤသို့သာဆက်သွားနေလျှင် ရှစ်ကျင်းရွှိုက်၏ရှေ့ရှိ ရွှေရောင်ချပ်ဝတ်က မကြာခင်သို့မဟုတ်နောက်ပိုင်း၌  ဖျက်ဆီးခံရလိမ့်မည်ဖြစ်သည်။ထိုအချိန်ကြလျှင် ရှစ်ကျင်းရွှိုက်အနေဖြင့် ပိုင်ကျွင်းရွှမ်း၏ သနားစဖွယ်ကောင်းအောင်ရိုက်နှက်မှုအားခံရလိမ့်မည်ဖြစ်၏။

“ဟူး”

ရှစ်ဖုန့်၏အသံအားသူ၏ စိတ်ထဲမှကြားပြီးနောက်  ရှစ်ကျင်းရွှိုက်က  သက်ပြင်းပျော့တစ်ချက်ကိုချလိုက်သည်။ ဤအချိန်တွင်    တိုက်ပွဲ၏ရလဒ်အား သူသိထားပြီးဖြစ်၏။

“ငါအရှုံးပေးဖို့ပဲတက်နိုင်တော့တဲ့ပုံပဲ”

ရှစ်ကျင်းရွှိုက်က  စိတ်ပျက်လက်ပျက်ဖြစ်စွာဖြင့် ပြောလိုက်သည်။  ထို့နောက် ကိုယ်အား လှုပ်ရှားလိုက်ပြီး နောက်သို့ လွင့်မျောဆုတ်ခွာလိုက်သည်။

“ဟမ့်.. မင်း ကလာချင်သလိုလာပြီးထွက်ချင်

သလိုထွက်သွားလို့ရမယ်ထင်နေတာလား”

ရှစ်ကျင်းရွှိုက်၏အပြုအမူအားမြင်လိုက်ရသောအခါတွင်  ပိုင်ကျွင်းရွှမ်းက ရုတ်တရက်အေးစက်စွာနှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူ၏ကိုယ်အား လှုပ်ရှားလိုက်ပြီး ရှေ့သို့ရွှတ်ခနဲဝင်ရောက်သွား၏။ ရွှေရောင်ချပ်ဝတ်အရိပ်နားသို့ပိုင်

ကျွင်းရွှမ်းရောက်လာသောအခါတွင်  ရုတ်တရက်အော်ပြောလိုက်သည်။

“ချိုးဖျက်လိုက်စမ်း”

ပိုင်ကျွင်းရွှမ်းက  ညာလက်အား အဖြူရောင်မြူအမျှင်တန်းတို့ဝန်းရံနေသည့်  လက်သီးတစ်ခုအဖြစ်ကျစ်နေအောင်ဆုပ်လိုက်သည်။  ထို့နောက်သူက ရွှေရောင်ချပ်ဝတ်ပုံရိပ်ထံသို့ ပြင်းထန်သောလက်သီးတစ်ချက်အား ပစ်သွင်းလိုက်၏။

သိပ်သည်းသော အဖြူရောင်လက်ဝါးနှင့်လက်သီးပုံရိပ်များ၏ အဆက်မပြတ်ထိုးနှက်မှုအောက်၌ ပိုင်ကျွင်းရွှမ်း၏ လက်သီးကပါချဉ်းကပ်လာသောအခါတွင်   မိုးချုန်းသံကဲ့သို့အသံတစ်ခုက မြည်ဟိန်းထွက်ပေါ်လာသည်။  ပိုင်ကျွင်းရွှမ်း၏လက်သီးက ရွှေရောင်ချပ်ဝတ်ပုံရိပ်အား   လုံးဝဖျက်ဆီးပစ်လိုက်သည်။

ဤအချိန်တွင်   စင်မြင့်အစွန်းအနားသို့ ဆုတ်ခွာပြီးဖြစ်သောရှစ်ကျင်းရွှိုက်မှာ  သူ၏ကိုယ်ပိုင်စွမ်းအားတို့ဖြင့် အသက်သွင်းထားသော ရွှေရောင်ချပ်ဝတ်ပုံရိပ်ဖျက်ဆီးခံ

လိုက်ရသောကြောင့်  တန်ပြန်သက်ရောက်မှုတစ်ခုအားခံစားလိုက်ရသည်။ ထို့နောက် လိုက်ပါ၍  ရုတ်တရက်တုန်ယင်သွားပြီး သူ၏မျက်နှာက သေလုအောင်ဖြူဖျော့လာသည်။

“ဝေါ့”

တောက်ပနီရဲသောသွေးတစ်ပွက်က သူ၏ပါးစပ်မှအန်ထွက်လာ၏။

ဤအခိုက်အတန့်တွင်   သူလုံးဝရှုံးနိမ့်သွားပြီဖြစ်ကြောင်းကိုရှစ်ကျင်းရွှိုက်သိလိုက်သည်။ သူ့၌ရွှေရောင် ချပ်ဝတ်ရှိခဲ့သည်တောင် အားကောင်းသောခုခံမှုတစ်ခုသာရှိပြီး တိုက်ခိုက်နှိုင်မှုမရှိခဲ့ပေ။  သူ့အနေဖြင့်ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်ဖြစ်သော ပိုင်ကျွင်းရွှမ်းအားမယှဉ်နိုင်ပေ။

သို့သော်  သူက စင်မြင့်အစွန်းနားသို့ဆုတ်ခွာပြီးဖြစ်သည်။  သူ၏နောက်ထပ်ခြေတစ်လှမ်းဆုပ်ရုံဖြင့်  စင်မြင့်ပေါ်မှခုန်ဆင်းပြီး တိုက်ပွဲအားအဆုံးသတ်နိုင်လိမ့်မည်ဖြစ်သည်။

ဤအရာအားတွေးမိသောအခါတွင်   ရှစ်ကျင်းရွှိုက် ၏ညာခြေက စင်မြင့်အားဆောင့်နင်းလိုက်ပြီး  စင်မြင့်မှလျှင်မြန်စွာဆုတ်ခွာကာ လေထဲသို့ဦးတည်လိုက်သည်။

“နောက်ဆုံးတော့ပြီးသွားပြီ”

စင်မြင့်ပေါ်မှထွက်ခွာပြီးနောက်  ရှစ်ကျင်းရွှိုက်က သက်ပြင်းချပြီးပြောလိုက်သည်။

“ဟုတ်တယ်”

သို့သော် ဤအခိုက်အတန့်တွင်   ပိုင်ကျွင်းရွှမ်းမှာ ရွှေရောင်ချပ်ဝတ်ပုံရိပ်က အစိတ်စိတ်အမွှာ မွှာကွဲကြေသွားပြီး   လူပြက်က စင်မြင့်အပြင်သို့ပျံသန်းနေသည်ကို တွေ့လိုက်ရ၏။  ပိုင်ကျွင်းရွှမ်း၏ နှုတ်ခမ်းက သရော်ပြုံးအဖြစ်တွန့်ကွေးသွားပြီး

လှောင်ပြုံးနှင့်အတူပြောလိုက်သည်။

“မင်းက ဒီလိုမျိုးထွက်ပြေးနိုင်မယ်လို့ထင်နေတာလား.. အိမ်မက်မက်နေတာပဲ လူပြက်ကောင်”

ပိုင်ကျွင်းရွှမ်း၏ ညာလက်က လက်သည်းတစ်ခုအဖြစ်ပုံဖော်သွားပြီး   ပျံသန်းထွက်ခွာနေသော ရှစ်ကျင်းရွှိုက်အားစုပ်ယူလိုက်သည်။ ဤအချိန်တွင် ရှစ်ကျင်းရွှိုက်၏မျက်နှာက သိသိသာသာကိုပြောင်းလဲသွားသည်။

ပိုင်ကျွင်းရွှမ်း၏လက်သည်းက သူ့အားချိန်ရွယ်သည်ကို ရှစ်ကျင်းရွှိုက်လည်းမြင်သည်ဖြစ်သည်။  ရှစ်ကျင်းရွှိုက်မှာ ရှေ့မှလာနေသော စွမ်းအားကြီးစုပ်ယူအားအားခံစားမိသည်ဖြစ်၏။  သူ၏ကိုယ်က စွမ်းအားကြီစုပ်ယူအား၏ ရုတ်တရက်စပ်ယူမှုအားခံလိုက်ရပြီး   လျှင်မြန်စွာ ဖြင့် သူ့ရှေ့ရှိစင်မြင့်အတွင်းပြန်လည်

ပျံသန်းဝင်ရောက်သွားသည်။

ရှစ်ကျင်းရွှိုက်၏ မျက်နှာက သိသိသာသာပြောင်းလဲနေပြီး သူ့ထံသို့ ပျံသန်းလာနေသည်အားတွေ့ရသောအခါတွင်   ပိုင်ကျွင်းရွှမ်း၏မျက်နှာထက်၌ ကြောင်တစ်ကောင်က ကြွက်တစ်ကောင်အားကြည့်နေသကဲ့သို့ အပြုံးတစ်ခုထွက်ပေါ်လာသည်။ ဤအချိန်တွင် ၎င်း၏အသက်က သူ၏လက်အတွင်း၌ရှိသည်ဖြစ်သည်။

ထိုရွှေရောင်ချပ်ဝတ်ကောဖြစ်၏။

“ဒီသခင်လေး မှာ အားကောင်းတဲ့ခုခံနိုင်စွမ်းရှိတဲ့ ချပ်ဝတ်ကင်းမဲ့နေတာ…ဒါက နှင်းတောထဲ မီးသွေးတုံးကောက်ရသလိုပဲ.. ဒီချပ်ဝတ်နဲ့ဆိုရင် ဒီသခင်လေး  သတို့သားရွေးချယ်ပြိုင်ပွဲမှာ ပထမရနိုင်ပြီးတော့ မင်းသမီးလင်လုံကို လက်ထပ်နိုင်လိမ့်မယ်”

သာမန်ထက်ထူးကဲသော ရွှေရောင်ချပ်ဝတ်နှင့် အရှေ့ပိုင်းဒေသကြီး၏ နံပါတ်တစ်အလှပိုင်ရှင် လင်လုံအကြောင်းအား စဉ်းစားမိသောအခါတွင်  ပိုင်ကျွင်းရွှမ်း၏နှလုံးသား၌  တဏှာရာဂတို့ဖြင့် လောင်မြိုက်နေ၏။အကယ်၍ သူသာ ပထမနေရာကိုရခဲ့လျှင် အကယ်၍သူသာ ဤကဲ့သို့ ရွှမ်းလက်နက်တစ်ခုအားရခဲ့လျှင်  ထျန်းလျန်အင်ပါယာသို့သူ လာရသည့်ခရီးက အလဟဿဖြစ်လိမ့်မည်မဟုတ်ပေ။

“ငရဲကိုသွားစမ်း”

ပိုင်ကျွင်းရွှမ်းက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး   သူ့ထံသို့ပျံသန်းလာသော   ရှစ်ကျင်းရွှိုက်အားကြည့်လိုက်သည်။ ဤလူအားသတ်ရခြင်း က သူ့အတွက် အရမ်းကိုပျော်ဖို့ကောင်းသောအ

ရာဖြစ်လိမ့်မည်ဖြစ်၏။

ထို့နောက် အဖြူရောင်မြူတို့ဖြင့်ဖွဲ့စည်းထားသော ဧရာမ   လက်ဝါးရိပ်ကြီးတစ်ခုက ရှစ်ကျင်းရွှိုက်၏ရှေ့၌ပေါ်လာကာ ၎င်းအားပြင်းထန်စွာရိုက်နှက်ရန်

ကျရောက်လာသည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters