← Chapters

အပိုင်း(၅၇၄)

Vol. 39 Ch. 574

အပိုင်း(၅၇၄)

Vol. 39 Ch. 574

နောက်သို့ပြန်လည်လွင့်ပျံလာသော ရှစ်ကျင်းရွှိုက်၏အထက်တွင်တိမ်တိုက်များကဲ့သို့ဖွဲ့စည်းထားသော   ဧရာမလက်ဖဝါးပုံရိပ်ကြီးတစ်ခု ဖြစ်ပေါ်လာပြီး ရှစ်ကျင်းရွှိုက်၏အပေါ်သို့ ရုတ်တရက်ဖိကျလာသည်။

“ဝုန်း”

အဖြူရောင်မြူလက်ဝါးရိပ်ကြီးက ရှစ်ကျင်းရွှိုက်၏ ကိုယ်ပေါ်သို့ အဆက်မပြတ်ထိုးနှက်ကျရောက်လာပြီး  သူ၏တစ်ကိုယ်လုံအားဝါးမျိုသွားသည်။  ထို့နောက်   ရှစ်ကျင်းရွှိုက် ၏ကိုယ်နှင့်အတူ   စင်မြင်နံပါတ်တစ်ဆယ်၏ ကြမ်းခင်းပြင်ထက်သို့ပြင်းထန်စွာ

ကျရောက်သွားသည်။

“ဘန်း”

ပြင်းထန်သော ရိုက်နှက် ခံရမှုအောက်တွင်   စောင့်ကြည့်နေကြသောကျင့်ကြံသူများမှာ    စင်မြင့်နံပါတ်တစ်ဆယ်က ပြင်းထန်စွာ တုန်ခါသွားသည်ကို   တွေ့လိုက်ကြရသည်။

“ဘယ်လိုတောင်စွမ်းအားကြီးလိုက်တဲ့စွမ်းအင်လဲ… ဒီတစ်ကြိမ် ရွှေရောင်ချပ်ဝတ်လိပ်ခွံထဲကကောင်ရဲ့အသက်ကတော့အဆုံးသတ်သွားလောက်ပြီ”

“ဖြစ်နိုင်လောက်တယ်.. ဒီလိုမျိုးစွမ်းအားကြီး စွမ်းအင်တစ်ခုအောက်မှာ   ဒါက.. ကြယ်ကိုးပွင်သူတော်စင်နယ်ပယ်

တစ်ယောက်ရဲ့ အန္တိမတိုက်ခိုက်မှုတစ်ခုပဲ”

စင်မြင့်အားကြည့်နေကြသောပရိတ်

သတ်များမှာ  နောက်တစ်ကြိမ်ထပ်မံ၍စိတ်ပါလက်ပါ ဆွေးနွေးပြောဆိုနေကြသည်။

အလွန်လျှင်မြန်စွာဖြင့်   ကြမ်းပြင်ပေါ်သို့ ကျဆင်းလာသာ အဖြူရောင်မြူလက်ဝါးရိပ်ကြီးမှာ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်သွားသည်။

ဖြည်းဖြည်းချင်း ကြမ်းပြင်ထက်၌ ခွေးသေတစ်ကောင်ကဲ့သို့ လဲနေသော ကံဆိုးသူမောင်ရှင်အား  ပွဲကြည့်ပရိတ်သတ်များမြင်တွေ့လိုက်ရသည်။

ဤအခိုက်အတန့်တွင်    အဖြူရောင်လက်ဝါးရိပ်ကြောင့်  ရှစ်ကျင်းရွှိုက်၏ရွှေရောင်ခေါင်းဆောင်းမှာ အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။ ရှစ်ကျင်းရွှိုက်၏ကိုယ်ပေါ်ရှိ ရွှေရောင်ချပ်ဝတ်က ရတနာတစ်ခုဖြစ်ပြီး   ခေါင်းဆောင်းကတော့ ရွှေရောင်ချပ်ဝတ်နှင့်ယှဉ်တွဲရန်ပြု

လုပ်ထားသည့် သာမန် ပစ္စည်းတစ်ခုဖြစ်ပုံရသည်။

ရှစ်ကျင်းရွှိုက်မှာ   သူ၏ရှည်လျားသောဆံပင်တို့ ရှုပ်ပွစွာဖြင့် ကြမ်းပြင်ထက်၌လဲနေသည်။သို့သော် သူ၏ကိုယ်ပေါ်ရှိ  ရွှေရောင်ချပ်ဝတ်ကတော့   ရွှေရောင်အလင်းတစ်ခုမှိတ်ချည်

တုံချည်လင်းလက်နေဆဲဖြစ်သည်။

“ဒီလူသေသေးပုံမရဘူး.. ငါသူ့ရဲ့အရှိန်အဝါကိုခံစားလို့ရသေးတယ်”

တစ်စုံတစ်ယောက်က  စင်မြင့်နံပါတ်တစ်ဆယ်နှင့် ကြမ်းပြင်ပေါ်၌လဲနေသော ကံဆိုးသူမောင်ရှင်၏ပုံရိပ်အားကြည့်ရင်း ရုတ်တရက်ပြောလိုက်သည်။

“ဒါက….ဒါက အရမ်း.. ငါလည်း..ခံစားမိတယ်…မိုးကောင်းကင်ကြီးရေ.. ပိုင်ကျွင်းရွှမ်းရဲ့ အန္တိမတိုက်ခိုက်မှုအောက်မှာတောင် .. သူတကယ်ပဲ ရှင်သန်အောင်လုပ်နိုင်ခဲ့တယ်”

နောက်ထပ်တစ်ယောက်က အလန့်တကြားဖြင့်ပြောလိုက်သည်။

“ဟမ့်…သူတကယ်ပဲ ရှင်သန်နိုင်ခဲ့တာပဲ”

ဤအချိန်တွင်   ပိုင်ကျွင်းရွှမ်းကလည်း   ရှစ်ကျင်းရွှိုက်၏ရှေ့သို့လျှောက်လှမ်းလာသည်။သူက ခေါင်းငုံ့လိုက်ပြီး   ရှစ်ကျင်းရွှိုက်အား  လှောင်ပြောင်မှုနှင့်ကြည့်လိုက်သည်။

ထို့နောက် ပိုင်ကျွင်းရွှမ်းက စတင်ရယ်မောလိုက်ပြီးပြောလိုက်သည်။

“ဒါကပိုကောင်းသေးတယ်.. ဒီလိုမျိုးပိုဖြစ်လေ ဒီချပ်ဝတ်ကပိုပြီးထူးခြားလေပဲ. မင်းကသေချင်ပြီးဒီသခင်လေးရဲ့နှိပ်စက်မှုနည်းလမ်းတွေကိုခံချင်မှတော့..ဒီသခင်လေးကလည်းမင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”

ပိုင်ကျွင်းရွှမ်းက စကားပြောရင်း  သူ၏ညာခြေထောက်အားညင်သာ

စွာမလိုက်ကာ ရှစ်ကျင်းရွှိုက်၏ခေါင်းထက်သို့ရွေ့

လျားလိုက်သည်။  ထို့နောက်သူ၏ရှစ်ကျင်းရွှိုက်၏ခေါင်း

အားဆောင့်နင်းလိုက်၏။

“မင်းရဲ့ ညစ်ညမ်းနံစော်နေတဲ့ ခြေထောက်ကို ဒီသခင်လေးအတွက်ရပ်လိုက်”

ဤအချိန်တွင် ရေခဲတမျှအေးစက်သောအော်သံတစ်ခုက စင်မြင်နံပါတ်တစ်ဆယ်၏အပြင်ဘက်မှ ရုတ်ခြည်းထွက်ပေါ်လာသည်။

အော်သံအားကြားလိုက်ရသောအခါတွင် ပိုင်ကျွင်းရွှမ်း၏မျက်နှာက အေးစက်မှုအဖြစ်ပြောင်းလဲသွားသည်။ သို့သော် သူ၏ရပ်တန့်ခဲ့ခြင်းမှရှိပေ။ ရှစ်ကျင်းရွှိုက်ပေါ်သို့ ဆက်လက်ဆောင့်နင်းလိုက်သည်။

ရုတ်တရက် လခြမ်းကွေးဓားသွားတစ်ခုက အကွာအဝေးတစ်ခုမှပျံသန်းလာပြီး  ရှစ်ကျင်းရွှိုက်၏ ခေါင်းထက်၌ပေါ်မလာခင် သူ၏ခြေထောက်နား၌စက်ဝိုင်း

သဏ္ဍန်လည်ပတ်နေ၏။

“ဝုန်း”

ကြွပ်ဆပ်သောအသံတစ်ခုနှင့်အတူ   လခြမ်းကွေးဓားပေါ်သို့သူဆောင့်

နင်းလိုက်သည်။

သူဆောင့်နင်းလိုက်သောအခါတွင်လပြည့်ဓားက ရပ်တန့်သွားသည်။

ဟုတ်ပါသည်။  လပြည့်ဓားကပိုင်ကျွင်းရွှမ်း၏တိုက်ခိုက်မှုအား တားဆီးလိုက်သည်။ ပိုင်ကျွင်းရွှမ်းက သူ၏ခေါင်းကိုငုံ့၍   လပြည့်ဓားအားငုံ့ကြည့်လိုက်ကာ သူ၏အမူအယာက  သိသိသာသာကို  ပြောင်းလဲသွားသည်။  ထို့နောက် သူကခေါင်းမော့လိုက်ပြီး  လပြည့်ဓားအားနင်းထားသည့်သူ

၏ညာခြေကို မလိုက်၏။

ပိုင်ကျွင်းရွှမ်း ရှေ့သို့ကြည့်လိုက်ပြီး   စင်မြင့်အတွင်းပေါ်လာသည့် အနက်ရောင်ပုံရိပ်တစ်ခုအားတွေ့လိုက်ရသည်။

ရှစ်ဖုန့်က ပိုင်ကျွင်းရွှမ်းအားကြည့်လိုက်ပြီး   အေးစက်စွာပြောလိုက်သည်။

“မင်းနိုင်ပြီ..ဒီသခင်လေး ဒီသခင်လေးရဲ့သူငယ်ချင်း

ကိုပြန်ခေါ်သွားမယ်”

“ပြန်ခေါ်သွားမှာလား”

ရှစ်ဖုန့်၏စကားအားကြားပြီး

နောက်ပိုင်ကျွင်းရွှမ်းက ပြုံးလိုက်ပြီးခေါင်းညိမ့်လိုက်သည်။

“ရတာပေါ့..ဒါပေမဲ့ ငါသူ့ရဲ့ချပ်ဝတ်နဲ့ မင်းရဲ့ဓားကိုလိုချင်တယ်”

“ဟမ့် ..အိမ်မက်မက်နေတာပဲ”

ရှစ်ဖုန့်က ပိုင်ကျွင်းရွှမ်းအားနှာခေါင်းရှုံ့ပြောလိုက်သည်။ထို့နောက် သူကခေါင်းမော့၍ စင်မြင့်နံပါတစ်ဆယ် ကောင်းကင်ထက်ရှိ ပုံရိပ်အားကြည့်လိုက်သည်။ သူက စာပေသမားဒိုင်ဖြစ်သူ

အားကြည့်၍ ပြောလိုက်၏။

“ကျုပ်သူ့ကိုစိန်ခေါ်ချင်တယ်..ရလား”

ရှစ်ဖုန့်ကဒိုင်ဖြစ်သူ၏အမြင်အားတောင်းခံသော်လည်း  သူတကယ်ကြောက်သည်က ကောင်းကင်ထဲ၌ ဝင့်ကြွားစွာရပ်နေသောရွှေ

ရောင်ပုံရိပ်ကိုဖြစ်သည်။ ၎င်းက မင်းသားကွမ်းပင်ဖြစ်၏။

အဘိုးကြီး၏ ခွန်အားက  တွေးမမှီအောင်နက်နဲလွန်းသည်။

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် စာပေသမားဒိုင်ဖြစ်သူက ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီး   စိတ်ဝင်စားသောအပြုံးတစ်ခု

လည်းထွက်ပေါ်လာသည်။ သူက ပါးစပ်ကိုဖွင့်ဟ၍ပြောလိုက်၏။

“မင်းတို့နှစ်ဖက်လုံးကသဘော

တူရင်.ငါ့မှာချွင်းချက်မရှိပါဘူး”

ဒိုင်ဖြစ်သူ၏စကားအားကြားပြီးနောက်  ရှစ်ဖုန့်က ပိုင်ကျွင်းရွှမ်းအားထပ်မံကြည့်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

“ဒီသခင်လေးနဲ့တိုက်ပါ.. မင်းနိုင်ရင်.ဒီလပြည့်ဓားနဲ့ချပ်ဝတ်ကမင်းဟာပဲ..မင်းသတ္တိရှိလား”

“အိုး”

ပိုင်ကျွင်းရွှမ်းကရှစ်ဖုန့်၏ စကားကြားပြီး ရှစ်ဖုန့်၏ စိန်ခေါ်မှုအားရင်ဆိုင်ရင်းပြုံး၍ပြောလိုက်သည်။

“ဒီသခင်လေးမှာ ချွင်းချက်မရှိပါဘူး. ဒါပေမဲ့. ဒီချပ်ဝတ်ကို အရင်ဆုံးချွတ်လိုက်တာကပိုကောင်းတယ်လို့ဒီသခင်လေးထင်တယ်”

ပိုင်ကျွင်းရွှမ်းကရှစ်ဖုန့်အားတုန့်ပြန်သကဲ့သို့ ထူထဲသော အဖြူရောင်မြူတို့က သူ၏ညာခြေဖဝါး၌ထွက်ပေါ်လာသည်။ သူကလပြည့်ဓားအားအဝေးသို့ကန်ထုတ်၍ ရှစ်ကျင်းရွှိုက်၏ချပ်ဝတ်အား ချွတ်ယူလို၏။

ပိုင်ကျွင်းရွှမ်းစိန်ခေါ်မှုအားလက်ခံသည်ကို တွေ့ရသောအခါတွင် ရှစ်ဖုန့်က   ဝိညာဉ်တိုက်ခိုက်မှုတစ်ခုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား ပိုင်ကျွင်းရွှမ်းထံပို့လွှတ်လိုက်သည်။

“အား”

ရှစ်ဖုန့်၏ မဟာသူတော်စင်နယ်ပယ်ဝိညာဉ်

တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အောက်တွင်  ပိုင်ကျွင်းရွှမ်း၏ဝိညာဉ်အနေဖြင့် ပြင်းထန်သော သက်ရောက်မှုအားခံစားလိုက်ရပုံပေါ်သည်။ နာကျင်စွာဖြင့်အော်ဟစ်လိုက်ပြီးသူ၏ကိုယ်က ပြင်းထန်စွာတုန်ယင်သွားသည်.

ဤအချိန်တွင်  ပိုင်ကျွင်းရွှမ်း၏   ခြေဖဝါးနား၌ဝဲပျံနေသော  လပြည့်ဓားက ရုတ်တရက် ဖျက်ခနဲလက်သွားပြီး အပေါ်ပျံတက်သွားသည်။မျက်စိ

တစ်မှိတ်အတွင်း၎င်းက ပိုင်ကျွင်းရွှမ်း၏ လည်ပင်းအားဖြတ်သွားပြီး  လတ်ဆတ်သောသွေးများအားပန်း

ထွက်လာစေသည်။

“အား”

ဝိညာဉ်တိုက်ခိုက်မှုမှအသိပြန်ဝင်လာသော ပိုင်ကျွင်းရွှမ်းမှာ  အမူအယာက မပြေမပြစ်ပြောင်းလဲသွားသည်။  သူ၏မျက်လုံးတို့ကပြူးကျယ်နေပြိးမေးရိုးပြုတ်ကျသကဲ့သို့ပါးစပ်ကိုဟကာ မယုံကြည်နိုင်သော အမူအယာတစ်ခုကို ပြသနေသည်။

ပိုင်ကျွင်းရွှမ်း၏လည်ပင်းမှ လတ်ဆတ်သောသွေးများကဆက်လက် စီးထွက်နေဆဲဖြစ်သ်။ ပိုင်ကျွင်းရွှမ်းလက်ကိုဆန့်ထုတ်လိုက်ပြီး  သူ၏လည်ပင်းအားသုတ်လိုက်၏။  သူ၏လက်အားမျက်လုံးတို့ရှေ့၌ ပြန်ထားသောအခါတွင်  သူ၏မျက်နှာထက်ရှိမယုံကြည်နိုင်မှုက

ပို၍ ပို၍ ကြီးထွားလာသည်။

“မဖြစ်နိုင်ဘူး…..ဒါက မဖြစ်နိုင်ဘူး….ငါ ပိုင်ကျွင်းရွှမ်းက ယွဲ့ဟူဂိုဏ်းမှာ  ထိပ်တန်းအဆင့်ပါရမီရှင်တွေထဲကတစ်ယောက်ပဲ…ငါတကယ်ရှုံးသွားတယ်.. ငါဒီလိုမျိုးတကယ်ရှုံးသွားတယ်..ပြီးတော့ ငါကအရမ်းကိုကမ်းကုန်အောင်ရှုံးသွားတာ”

“ငါ..ငါ..ဒါကိုလက်သင့်မခံနိုင်ဘူး”

ပိုင်ကျွင်းရွှမ်းမှာကောင်းကင်ထက်သို့မော့ကြည့်၍ နာကြည်းစွာဖြင့် အော်ဟစ်လိုက်သည်။ ပိုင်ကျွင်းရွှမ်းအသံ  ပျောက်ကွယ်သွားသောအခါတွင် နောက်ပြန်လဲက ကြမ်းပြင်ထက်သို့ “ဘန်း”ကနဲ လဲကျသွား၏။

စင်မြင့်အောက်၌ ကြည့်နေကြသောကျင့်ကြံသူများမှာ တိတ်ဆိတ်နေကြသည်။ ထို့နာက်ပင့်သက်ရှိုက်သံများအား ဆက်တိုက်ကြားရ၏။

“ဟစ်..”

“ဟစ်”

“ဟစ်”

“ဟစ်”

ထို့နောက်လူအုပ်ထဲမှ အော်သံတစ်ခုထွက်ပေါ်လာ၏။

“ပိုင်ကျွင်းရွှမ်း..သူ..သူသေပြီ. မြင့်မြတ်ကုန်းမြေသုံးခုထဲကတစ်ခုဖြစ်တဲ့ ယွဲ့ဟူဂိုဏ်းက ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်  ပိုင်ကျွင်းရွှမ်းသေသွားပြီ…အဲ့ထာထက် ..သူကတစ်ချက်တည်းနဲ့အသတ်ခံလိုက်ရတာ”

“အဲ့တာတင်မကသေးဘဲ သူကလူငယ်လုလင်ပျိုလေးတစ်ယောက်လက်ထဲမှာသေသွားတာ….အဲ့လုလင်ပျိုလေးက အခုထိကျော်ကြားသေးတဲ့သူမဟုတ်ဘူး”

“သူကပိုင်ကျွင်းရွှမ်းကိုတစ်ချက်တည်း

နဲ့သတ်ပစ်ခဲ့တယ်.. ဒီလုလင်ပျိုရဲ့အစစ်အမှန် ခွန်အားက ဘယ်နယ်ပယ်ကိုရောက်နေပြီလဲ.. သူကမဟာသူတော်စင်နယ်ပယ်ထဲ

ကိုဝင်ပြီးနေပြီလား.. လခွမ်းထဲမှ.. ငယ်ရွယ်တဲ့မဟာသူတော်စင်နယ်

ပယ်တစ်ယောက်တဲ့.. သူကမွေးလာကတည်းများ စပြီးကျင့်ကြံခဲ့တာလား”

ဆက်ရန်…….

ဘာသာပြန်သူ-ARISE

All Chapters