ဆေးပင်ပေါင်း ၁၀၀ လျှို့ဝှက်နယ်မြေ
Vol. 10 Ch. 135
“ဖူချန်း မင်းက အရမ်း အစွမ်းထက်လာတာပဲ။ မင်းအခု ဘယ်အဆင့် ရောက်နေပြီလဲ”လမ်းမှာတော့ လီရှန်းရှီက အံ့သြစွာနဲ့ မေးလိုက်ပါတယ်။
လီဖူချန်းရဲ့ အစွမ်းအစက တကယ့်ကို လွန်လွန်းပါတယ်လေ။ ယန်အိုနဲ့ ကောင်းရီလုံကိုတော့ ထားပါတော့။ ရှန်းတုကျန်းမင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ မှာ ရောက်နေပြီလေ။ အဲဒါ ကိုတောင်မှ လီဖူချန်းက အားမစိုက်ဘဲ ဒူးထောက်ခိုင်း လိုက်နိုင်တယ်။ ဒါကတစ်ဖက်လူကို အနိုင်ယူ ရတာထက်ကို ခက်ခဲပါတယ်။
လီဖူချန်းက ရယ်ပဲ ရယ်နေခဲ့ပါတယ်။ ပြန်တော့ မဖြေခဲ့ပါဘူး။ အဲဒီ အစား သူကတောင် ပြန်မေးလိုက်ပါသေးတယ်။
“အစ်ကိုရှန်းရှီ … အစ်ကို မကြာခင်မှာ ၃၆ ပြည့်တော့မှာ မဟုတ်လား။ အစ်ကို့ရဲ့ အနာဂတ် အတွက်ကော စီစဉ်ထားပြီလား”
မိုးပြာရောင်ဂိုဏ်းရဲ့ စည်းကမ်းချက် အရ ဆိုရင် အသက် ၃၅ နှစ် ပြည့်တဲ့ အထိ မြေကမ္ဘာ နယ်ပယ်ကို မရောက်သေးရင် တိုက်ရိုက် တပည့် ဖြစ်ဖို့ အခွင့်အရေး မရှိတော့ပါဘူး။ ပြီးတော့ သူတို့ကို အတွင်းစည်း ပညာသင်တပည့်တွေ အဖြစ် အဆင့် လျော့ချ လိုက်မှာပါ။ ဒါမှမဟုတ်ရင် ဂိုဏ်းက ထွက်ပြီး အိမ်ပြန်လို့လည်း ရပါသေးတယ်။ လီရှန်းရှီက အခုဆိုရင် ၃၅နှစ် ပြည့်ပြီးသွားပါပြီ။ နောက်ထပ် လအနည်းငယ်လောက် ဆိုရင်ပဲ ၃၆နှစ် ပြည့်တော့မှာပါ။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်က အခုမှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ မှာပဲ ရှိပါသေးတယ်။
လီရှန်းရှီက 'လူကြီးရှက်တော့ ရယ်' ဆိုသလိုပါဘဲ။
“တိုက်ရိုက် တပည့် ဖြစ်ဖို့ ဆိုတာ အရမ်းကို ခက်ခဲလွန်း ပါတယ်ကွာ။ ကြယ် ၃ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေထဲက ၈၀ ရာခိုင်နှုန်းက ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာမှ မဟုတ်တာ။ ငါကလည်း ထူးမခြားနားပါပဲ။ ငါလည်း အနာဂတ်ကိုတော့ စတွေး နေပါပြီ။
သူ့ရဲ့ ခံစားချက်တွေက ရှုပ်ထွေးနေပြီး ဝေခွဲမရ ဖြစ်နေပါတယ်။ ဒီလောက် နှစ်တွေ အများကြီး ဂိုဏ်းတော်သား ဖြစ်ခဲ့ပြီးမှ ကလန်ကို ပြန်ရမယ် ဆိုရင် သူနေနိုင်ပါ့မလား …။
ဂိုဏ်းတော်က မထွက်ချင်လို့ အတွင်းစည်း ပညာသင် တပည့် လုပ်မယ် ဆိုပြန်တော့လည်း အတွင်းစည်း ပညာသင်သားတွေရဲ့ ဘဝက အရမ်းကို ခက်ခဲလွန်းတယ်လေ။ ဒါတွေကို သူခံနိုင်ပါ့မလား ဆိုတာကိုလည်း တွက်ရပါဦးမယ်။
လီဖူချန်းက လီရှန်းရှီရဲ့ ပုခုံးကို ပုတ်ပြီး အားပေး လိုက်ပါတယ်။
"အစ်ကိုရှန်းရှီ … အချိန်ယူပြီး သေသေချာချာ စဉ်းစားလိုက်ပါလား။ အစ်ကို့မှာ အခက်အခဲ ရှိနေရင်လည်း ကျွန်တော့်ကို ပြောလိုက်ပါ။ ကျွန်တော်က ကူညီနိုင်မှာပါ”
“ကျေးဇူးပါဘဲ… ဖူချန်း”လီရှန်းရှီက လီဖူချန်းရဲ့စကားကြောင့် အားတက်သွားပါတယ်။
လီကလန်သားတွေက သူ့ကို လီကလန် မျိုးဆက်သစ် ခေါင်းဆောင်လို့ သတ်မှတ်ထားတာလေ။ သူဂိုဏ်းတော်ထဲကို ရောက်တုန်းက ဆိုရင် လီဖူချန်းက သေးသေးလေးပဲ ရှိသေးတာပါ။ အခုတော့ ဒီဝမ်းကွဲ ညီလေးက အစ်ကိုကြီး သဖွယ် သူ့ကို ပြန်နှစ်သိမ့် နေပါပြီ။
***
စိတ်ဝိညာဉ်က အပြာနုဘက်ကို တဖြည်းဖြည်း ပြောင်းလာတာနဲ့ အမျှ
သူ့ရဲ့ ပညာရပ်အပေါ် ထိုးထွင်း သိမြင်မှုက ပိုပိုပြီး ကောင်းလာတယ် ဆိုတာကို လီဖူချန်း တစ်ယောက် သတိပြုမိ လိုက်ပါတယ်။
သူ့ရဲ့ လေ့လာထားချက်တွေ အရ ဆိုရင် ဒီလို ပြောင်းလဲ နေတဲ့ အချိန်မှာပေါ့။ အရောင် ပြောင်းလဲမှုက ၁၀ ရာခိုင်နှုန်း လောက်ပဲ ရှိသေးတယ် ဆိုရင် ထိုးထွင်း သိမြင်မှုက သိပ်မသိသာပါဘူး။ အေး ဒါပေမဲ့ အရောင် ပြောင်းလဲမှုက ၂၀ ရာခိုင်နှုန်းလောက် ရှိသွားပြီ ဆိုရင်တော့ သူရဲ့ ထိုးထွင်း သိမြင်မှုက ၁၀ ရာခိူင်နှုန်းလောက် ပိုကောင်း လာပါပြီ။ အခုချိန်မှာတော့ အရောင် ပြောင်းလဲမှုက ၉၀ ရာခိုင်နှုန်းလောက် ရှိနေပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ထိုးထွင်း သိမြင်မှုကလည်း ၄၀ရာခိုင်နှုန်းထက် ကျော်ပြီး ပိုကောင်းနေပါပြီ။
ဒါပေမဲ့ ဒါက သူ့ရဲ့ တွက်ချက်မှု သက်သက်ပါဘဲ။ ထိုးထွင်း သိမြင်နိုင်မှု ဆိုတာက အကောင်လိုက် အထည်လိုက်ကြီး ရှိနေတာမှ မဟုတ်တာလေ။ တစ်ချိန်ချိန်မှာ မင်းရဲ့ ထိုးထွင်းသိမြင်နိုင်မှုတွေ၊ နားလည် သဘောပေါက်လွယ်မှု တွေက ကန့်သတ်ချက်ကို မရောက်သွားနိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။
အခုတော့ ၉၀ ရာခိူင်နှုန်း ပြောင်းနေပြီ။ ဒါပေမဲ့ ငါ့စိတ်ဝိညာဉ် အပြာနုဘက်ကို ၉၀ရာခိုင်နှုန်း ပြောင်းသွားပြီးကတည်းက ဆင့်ကဲ ပြောင်းလဲမှုနှုန်းက အတော်လေး နှေးလာတယ်”
“ကြည့်ရတာ အစိမ်းရောင်ကနေ အပြာနုဘက်ကို တစ်ခါတည်း ပြောင်းတော့မှာ မို့လို့လား”
အစိမ်းနုတုန်းကနေ အစိမ်းကို ပြောင်းတာက အရောင်အနု အရင့်ဘဲ ကွာတာလေ။ အခု အရောင်တစ်ခုလုံး ပြောင်းတော့မှာ ဖြစ်တဲ့အတွက် နည်းနည်း ကြာနေတာ ဖြစ်နိုင်ပါတယ်။
“ငါက အမြဲတမ်းလိုလို ဆေးဝါးတွေရဲ့ အကူအညီနဲ့ င့ါကျင့်ကြံခြင်း နယ်ပယ်ကို အဆင့် တင်နေကျ။ အခုလည်း ဆေးဝါး အကူအညီ ယူပြီး လေ့ကျင့်ရမယ့် အချိန် ရောက်ပြီ ထင်တယ်”
လီဖူချန်းက သူလိုအပ်တာကို အမြဲတမ်း သတိပြု မိတတ်သူပါ။ အခုလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ကို တက်ဖို့ အချိန်တန်ပြီ ဆိုတာကို သတိ ပြုမိလိုက်တယ်လေ။
***
အရင်းအမြစ်ဌာနကို အရောက်မှာတော့ လီဖူချန်းက ထောက်ပံ့ရေး ရမှတ် ၂၀၀၀၀ သုံးပြီး ဆန်းကြယ် အဆင့် တစ်ဝက် ရှိတဲ့ မီးတောက် ဝိညာဉ် ဆေးလုံးကို လဲလှယ် လိုက်ပါတယ်။
ဒီမီးတောက်ဝိညာဉ်ဆေးလုံးက အမှန်ဆို ထောက်ပံ့ရေး ရမှတ် ၄၀၀၀၀ ရှိပါတယ်။ ဒါပေမဲ့ လီဖူချန်းက အတွင်းစည်း ပြိုင်ဘက်ကင်း စာရင်းဝင် ဖြစ်သွားတဲ့ အတွက် ၅၀ ရာခိုင်နှုန်း လျော့ဈေး ရထားတယ်လေ။
သူရဲ့ ခြံဝင်းထဲကို ပြန်အရောက်မှာတော့ လီဖူချန်းက အခန်းထဲကို အမြန်ဝင်ပြီး လေ့ကျင့်ဖို့ ပြင်ဆင်ပါတော့တယ်။ သူက မီးတောက် ဝိညာဉ် ဆေးလုံးကို သောက်သုံးပြီးတာနဲ့ ကြာပန်း ပုံသဏ္ဍာန် ထိုင်လိုက်ပြီး ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို စတင် လေ့ကျင့် လိုက်ပါတော့တယ်။
ဒီဆန်းကြယ်တစ်ဝက် အဆင့်ရှိတဲ့ ဆေးဝါးရဲ့ အကျိုး အာနိသင်က တကယ်ကို ထိရောက်လှပါတယ်။ ဆေးရဲ့ အာနိသင်က ကမ္ဘာ့မြေလွှာ အောက်မှာ စီးဆင်းနေတဲ့ ကျောက်ရည်ပူတွေလို တစ်စိမ့်စိမ့်နဲ့ စိမ့်ထွက်လာပြီး ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားပါတော့တယ်။
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ နှောင်းပိုင်းအဆင့် …
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၆ အထွတ်အထိပ်အဆင့် …
စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၇ အစောပိုင်းအဆင့် …
ညတစ်ညရဲ့ သန်းခေါင်အချိန်မှာတော့ တောက်ပတဲ့ အနီရောင် မီးတောက် တစ်ခုဟာ လီဖူလျန်းရဲ့ နဖူးကနေ ထွက်ပေါ် နေပါတယ်။ အခန်းရဲ့ အပူချိန်ကတော့ တဖြည်းဖြည်း မြင့်တက်လာပြီး တချို့သော အရာဝတ္ထုတွေက အရည်တောင် ပျော်နေပါပြီ။
“နောက်ဆုံးတော့လည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ကို ရောက်ခဲ့ပြီပဲ”
သူ့ရဲ့ အတွင်းအား ပင်လယ်ထဲမှာ ဗလာနေရာ အချို့ ဖြစ်ပေါ်နေတာက လွဲပြီး ဘာပြသနာမှ ရှိမနေပါဘူး။ ဒါပေမဲ့လည်း အဲဒီ ဗလာနေရာတွေကို အတွင်းအား ဖြည့်ဖို့က သိပ်ကြာမှာ မဟုတ်ပါဘူး။ သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်က အဆင့် ၁၄ ကို ရောက်နေပြီလေ။
သူပြန်ရောက်လာပြီး တတိယနေ့မှာတော့ …
“ဒေါင် … ဒေါင် … ဒေါင် …”
အတွင်းစည်း ဂိုဏ်းသားတွေကို စုဝေးဖို့ သတိပေးတဲ့ ခေါင်းလောင်းသံတွေက အတွင်းစည်း ဂိုဏ်းထဲမှာ ပျံ့နှံ့လို့ လာပါတယ်။
ခေါင်းလောင်းသံ ကတော့ ခုနစ်ချက်ပါ။
မိုးပြာရောင် ဂိုဏ်းရဲ့ ခေါင်းလောင်သံတွေကို ၉ ချက်အထိ သတ်မှတ် ထားပါတယ်။ တကယ်လို့ ခေါင်းလောင်းသံက ၉ ချက်အထိ ကြားရရင် မိုးပြာရောင် ဂိုဏ်းတစ်ခုလုံး အတွက် အရေးအကြီးဆုံး အချိန်ပါဘဲ။ ဂိုဏ်းဝင် အားလုံး စုစည်းကျရပါမယ်။
ခေါင်းလောင်းသံ ၇ ချက် ဆိုတာက အရေးကြီးတဲ့ အကြောင်းအရာ တစ်ခုရှိလို့ အတွင်းစည်း ဂိုဏ်းသားတွေကို စုစည်း အချက်ပြ လိုက်တာပါပဲ။
ခေါင်းလောင်းသံကို ကြားတဲ့ အတွင်းစည်းတပည့် မှန်သမျှက အတွင်းစည်း ပင်မဆောင်ရဲ့ အရှေ့မြေ ကွက်လပ်ကို လာနေကြပါတယ်။
နောက်ထပ်၂ နာရီ အကြာမှာတော့ အတွင်းစည်း တပည့် ၂၀၀၀၀ လောက်ကို ရှိလာတယ်လေ။
အတွင်းစည်း ပင်မ ခန်းဆောင်ရဲ့ ဝင်ပေါက်မှာတော့ အတွင်းစည်း အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်းက လက်နှစ်ဖက် နောက်ပစ်ပြီး ရက်နေပါတယ်။ သူ့ရဲ့ ဘေးဘယ်ညာ တစ်ဖက် တစ်ချက်မှာတော့ အတွင်းစည်း အကြီးအကဲတွေ ရှိနေပါတယ်။
အတွင်းစည်း ဂိုဏ်းသားတွေ စုံလောက်ပြီလို့ ထင်တဲ့ အချိန်မှာတော့ ဇောင်ဝူကျင်းက အသံ ကျယ်လောင်စွာဖြင့် …
”မင်းတို့အားလုံးကို ဒီနေ့ ဒီမှာစုဖို့ ခေါ်လိုက် ရတာကတော့ ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေ ကြောင့်ပဲ။ ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေက ငါးနှစ် ပြည့်တိုင်းမှာ တစ်ခါပွင့်တယ်။ အခု လျှို့ဝှက် နယ်မြေပွင့်ဖို့ အချိန်က ၃လလောက်ပဲ လိုတော့တာဖြစ်တယ်။ အဲဒီ နယ်မြေထဲကို စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကလူတွေဘဲ ဝင်ခွင့်ရရှိနိုင်မယ်။ ဒါပေမဲ့ လူဦးရေကို ကန့်သတ် ထားသေးတယ်။ ငါတို့ မိုးပြာရောင်ဂိုဏ်းက နေရာ ၁၀နေရာ ရထားတယ်။ ဒါကြောင့် အတွင်းစည်း ဂိုဏ်းသား ၁၀ ယောက်ကပဲ ဒီနယ်မြေထဲကို ဝင်ခွင့် ရရှိနိုင်လိမ့်မယ်”
ဇောင်ဝူကျင်းရဲ့ စကား ဆုံးသွားတာနဲ့ အတွင်းစည်း ဂိုဏ်းသားတွေက ပွက်လော ရိုက်ကုန်ပါတယ်။
“ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေက နောက်ဆုံးတော့ ပွင့်လာတော့မယ်။ ငါက ဒီအချိန်ကို အကြာကြီး စောင့်နေခဲ့တာကွ”
“ဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ ဆေးပင်တွေ ရှိတယ်တဲ့။ ဆန်းကြယ် အဆင့် ဆေးပင်တွေက ဒီအပြင် လောကမှာတော့ အရမ်း ရှားတယ်။ ဒါပေမဲ့ ဒဏ္ဍာရီတွေ အရ ဆိုရင် ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ မြေကမ္ဘာ အဆင့် ဆေးပင်တွေတောင် ရှိတယ်တဲ့ကွ။
“အရင်တစ်ခေါက် ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေ ပွင့်တုန်းက ဆိုရင် ဂိုဏ်းတူ အစ်ကိုကြီး ဓားအရူးသူတော်က ဆန်းကြယ် အထွတ်အထိပ် အဆင့်ရှိတဲ့ ဒြပ်စင် ကိုးမျိုး ဆေးပင်ကို တွေ့ခဲ့တယ်။ အဲဒီဆေးပင်ကို စားလိုက်တဲ့ နောက်မှာတော့ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ ကနေ မြေကမ္ဘာ နယ်ပယ် အဆင့် ၂ ကို တန်းပြီး ရောက်သွားဖူးတယ်။ အဲဒီနောက်မှာ ဓားအရူး သူတော်က တခြားဂိုဏ်းက ပါရမီရှင်တွေ အတော်များများကို သတ်ပစ်လိုက်နိုင်တယ်တဲ့”
“အစ်ကိုကြီး ကျားဓားရှင်ကလည်း ဆန်းကြယ် အထွတ်အထိပ် ဆေးပင်ဖြစ်တဲ့ ကျားနီ ဆေးပင်ကို ရခဲ့တာဘဲလေ။ ဒါကြောင့် သူက လျှို့ဝှက် နည်းစနစ် တစ်ခု ဖြစ်တဲ့ ဆန်းကြယ်ကျား အသွင်ပြောင်းခြင်းကို အောင်မြင်ခဲ့တာပေါ့"
“ဆေးပင်တွေသာ မကဘူး။ ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေမှာ ရှားပါးတဲ့ သတ္တုရိုင်း တွေလည်း အများကြီး ပဲတဲ့။ အဝါရောင် အဆင့် သတ္တုရိုင်းတွေဆို ပေါထော် နေတာဘဲ။ ဆန်းကြယ် အဆင့် သတ္တုရိုင်းတွေဆိုရင်လည်း အများကြီးပဲ။ တကယ်လို့ ရှားပါး သတ္တုရိုင်းတွေ ပြန်သယ် လာနိုင်ရင်တောင် ထောက်ပံ့ရေး ရမှတ်တွေ အများကြီးနဲ့ လဲလို့ရသေးတယ်။
အတွင်းစည်း ဂိုဏ်းသား အားလုံးကတော့ အကြီးအကျယ် ပြောဆို နေကြပါတယ်။
“ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေ … ဒါ ငါသွားဖို့ လိုအပ်နေတဲ့ နေရာပဲ”လူအုပ်ကြားထဲမှာ ရှိနေတဲ့ လီဖူချန်းရဲ့ မျက်လုံးတွေကလည်း အရောင် တောက်ပနေပါပြီလေ။
ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေ ဆိုတာ ကောင်းကင်နဲ့ မြေကြီးကြားက အလွန်ထူးခြားဆန်းကြယ်တဲ့ ဟင်းလင်းပြင် နယ်မြေတစ်ခုပါ။ ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေထဲမှာ ရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားတွေက ဒီဘက် အပြင်လောကထက် ၁၀ဆ ဒါမှမဟုတ် အဆ၁၀၀ လောက် ပိုသန့်စင်ပါတယ်။ ဒါကြောင့်မို့ အဆင့်မြင့် ဆေးပင်တွေက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူပြီး ဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ ပေါက်ရောက် နေကြတာပါ။
လျှို့ဝှက် နယ်မြေတွေမှာလည်း အဆင့် သတ်မှတ်ထားတာ ရှိပါတယ်။ သူတို့ကို မြေကမ္ဘာအဆင့်နဲ့ ကောင်းကင် အဆင့် ဆိုပြီး နှစ်မျိုး ခွဲထားပါတယ်။
မြေကမ္ဘာအဆင့် လျှို့ဝှက် နယ်မြေတွေက အတော်လေးကို ကျယ်ပါတယ်။ မိုင်တစ်ရာ ဒါမှမဟုတ် မိုင်တစ်ရာထက်ကို ပိုပြီး ကြီးပါတယ်။ ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေကတော့ မြေကမ္ဘာ အမျိုးအစားထဲမှာ ပါပါတယ်။
ကောင်းကင် အဆင့် လျှို့ဝှက် နယ်မြေ တွေကတော့ ပိုပြီး ကြီးပါတယ်လေ။ လူတွေ ပြောကြတာကတော့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ ပိုင်နက်လောက်ကို ရှိပါတယ်တဲ့။
“ငါစောင့်နေတဲ့ အခွင့်အရေးကတော့ ရောက်လာပြီ”
အာဏာရှင်ဓား လျူဝူဟောင်ကတော့ ရယ်နေပါတယ်။
အမှန်ဆိုရင်သူက မြေကမ္ဘာနယ်ပယ်ကို လှမ်းတက်မယ်ဆိုရင် တက်လို့ရနေပါပြီ။ ဒါပေမဲ့သူက ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေ ထဲကို ဝင်ပြီး ကံစမ်းချင်သေးတဲ့ အတွက် အဆင့် မတက်သေးဘဲ ရှိနေတာပါ။
ဆူညံနေတဲ့ အသံတွေ တိတ်သွားအောင် ဇောင်ဝူကျင်းက လက်ကာ ပြလိုက်ပြီး
”ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေက နောက်ထပ် ၃လ အကြာမှာ ဖွင့်မယ်။ အဲဒီအချိန် မတိုင်မှီမှာ အတွင်းစည်းဂိုဏ်းရဲ့ အတော်ဆုံး ၁၀ယောက်ကို ရွေးချယ်ဖို့ အတွက် ပြိုင်ပွဲ တစ်ခု ပြုလုပ်ပေးပါမယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ကို ရောက်ပြီးနေတဲ့ သူတိုင်းက ဒီပြိုင်ပွဲကို ဝင်လို့ရတယ်။ ထိပ်ဆုံး ၁၀ယောက် အဆင့်ကို ဝင်နိုင်တဲ့ သူတွေကို ကြယ်နှစ်ပွင့် လျှို့ဝှက်နည်း စနစ်တစ်ခုကို ရွေးချယ်ခွင့် ပေးဦးမယ်။ ကိုယ်ကြိုက် နှစ်သက်ရာကို ရွေးရမှာနော်”
ဝေး … ဟေး … ဟေး …
အတွင်းစည်း ဂိုဏ်းသားတွေက နောက်ထပ် တစ်ခါ ဆူညံစွာ အော်ဟစ်လိုက်ကျပါတယ်။
ကြယ်တစ်ပွင့် လျှို့ဝှက် နည်းစနစ်ကတောင် သူတို့အတွက် ရရှိဖို့ အရမ်း ခဲယဉ်းလွန်းပါတယ်။ အခုက ကြယ်နှစ်ပွင့်ဆိုတော့ ဆုကြေးက ရူးချင်စရာပါပဲ။
***