← Chapters

ပိုးသားဧကရာဇ်

Vol. 67 Ch. 934

ပိုးသားဧကရာဇ်

Vol. 67 Ch. 934

အခန်း (၉၃၄) ပိုးသားဧကရာဇ်

အသက်အရွယ်ကြီးရင့်ဟန်ရှိသော မြေကမ္ဘာထိပ်တန်းအရှင်သခင်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို လက်နှစ်ဖက်ဆုပ်ဂါရဝပြုရင်း...

““ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါ ၊ ပိုးသားဧကရာဇ် ဒီနေရာကို မကြာခင် သေချာပေါက်ရောက်လာပါလိမ့်မယ်”

“သူက ပြင်ပဗလာနယ်ကိုဖြတ်ပြီး ဒီကိုပြန်လာရလို့ အချိန်နည်းနည်းနောက်ကျသွားတာပါ”

ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းနေသည့်အတွက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ အသွင်သဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရနိုင်ပေ။

သို့သော် သူက ခန္ဓာကိုယ်ကိုအနည်းငယ်လှည့်ပြီး မြေကမ္ဘာထိပ်တန်း အရှင်သခင်ကို ကြည့်လိုက်သည်။

“မင်း ထပ်ပြောနေစရာမလိုဘူး ဝမ်ကျန်းချန် ၊ ဒီနေ့မှာတိုက်ခိုက်ဖို့ မင်းပဲသတ်မှတ်ပေးထားတာလေ ၊ ဖုယွင်ချီမလာလည်း ဘာမှမဖြစ်ဘူး ၊ ဒါပေမဲ့ မလာရင် သူပဲအရှက်ကွဲမှာပေါ့ ၊ ပြီးတော့ ငါကလည်း သူ့ကိုဒီအတိုင်းအလွတ်ပေးမှာမဟုတ်ဘူး”

“ပင်လယ်သမုဒ္ဒရာတွေ အဆုံးမဲ့ကွင်းပြင်တွေက ခေတ်ကာလတစ်လျှောက် မရေမတွက်နိုင်အောင် ပြောင်းလဲသွားခဲ့ပြီ ၊ အရာအတော်များများက အရင်ကနဲ့မတူတော့ဘူး”

“ဒါပေမဲ့ ဒီရက်တွေမှာ ငါအထက်ဘုံကမ္ဘာလက်ရှိအခြေအနေကို တဖြည်းဖြည်း နားလည်လာခဲ့ပေမယ့် ငါ့စိတ်ထဲ မေးခွန်းထုတ်စရာတွေရှိနေတယ် ၊ မင်းငါသိချင်တာတွေကို ဖြေပေးနိုင်မလား”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲကသူ့ဘေးမှ မုကျွင်းကိုလှမ်းကြည့်လိုက်သည်။

မုကျွင်းက...

“ဝမ်ကျန်းချန်ဆိုတာ မြေကမ္ဘာထိပ်တန်းအရှင်သခင်ရဲ့ နာမည်ပဲ”

မြေကမ္ဘာထိပ်တန်းအရှင်သခင်က ကာလရှည်ကြာ နာမည်ကျော်ကြားခဲ့သော တိဟွမ်မြေကမ္ဘာဧကရာဇ်၏ တပည့်ရင်းတစ်ယောက် ဖြစ်သည်။

ဝါစဉ်နှင့်သက်တမ်းအရ တိဟွမ်မြေကမ္ဘာဧကရာဇ်က ပိုးသားဧကရာဇ်၏ဆရာဘိုးဘိုးဖြစ်သော တာအိုဆရာ ရွှမ်ကျုန်းနှင့် မျိုးဆက်အတူတူပင် ဖြစ်၏။

ထို့ကြောင့် မြေကမ္ဘာထိပ်တန်းအရှင်သခင်က ပိုးသားဧကရာဇ်၏ ဖခင်လည်းဖြင့် ၊ ဆရာလည်းဖြစ်သော ဖုယွင်ချူနှင့် မျိုးဆက်တူသည်ဖြစ်ရာ ပိုးသားဧကရာဇ်က သူ့ထက်ဝါစဉ်ငယ်သည်ဟု ဆိုနိုင်သည်။

သို့သော် မတူညီသည့်အဆက်အနွယ်များဖြစ်ကြသဖြင့် သူတို့အတွက် ဝါစဉ်နှင့်အသက်အရွယ်များက အရေးမပါပေ။

ပြီးတော့ ဤသို့ ဆက်နွှယ်နေသည့်တိုင် စည်းမျဉ်းများနှင့်ဥပဒေများက ဧကရာဇ်များနှင့်သက်ဆိုင်ခြင်း မရှိတော့ပေ။

သို့တိုင် မြေကမ္ဘာထိပ်တန်းအရှင်သခင်က ဝမ်ကျန်းချန်သည် ပိုးသားဧကရာဇ်ထက် အမှန်တကယ်ပင် အသက်အရွယ်များစွာကြီးရင့်သူဖြစ်ပြီး ပိုးသားဧကရာဇ် စတင်ကျင့်ကြံသည့်အချိန်တွင် သူက ကမ္ဘာတစ်လွှား ကျော်ကြားမှုရရှိနေပြီ ဖြစ်၏။

သူ၏ဝါစဉ်ငယ်သော ပိုးသားဧကရာဇ်က သူ့ကိုသာလွန်သွားရသည့်အကြောင်းရင်း တစ်ခုရှိသည်။

အရင်တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ယွမ်ကျန်းဖုန်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျင့်ကြံခြင်းအဆင့် မတက်နိုင်သကဲ့သို့ ဝမ်ကျန်းချန်သည်လည်း ထိုအတိုင်းပင် ဖြစ်ခဲ့သည်။

ပြင်းထန်သောဒဏ်ရာကို အချိန်ကြာမြင့်စွာခံစားခဲ့ရပြီး ကျင့်ကြံခြင်းအခြေခံကိုထိုက်ခိုက်သွားသည့်အတွက် သူက သိုင်းသူတော်စင် ဒဿမအဆင့်တွင် ပိတ်မိနေခဲ့ခြင်းပင်။

သူ့အနေဖြင့် ကပ်ဘေးကိုကျော်လွန်နိုင်လျှင် နတ်ဘုရားအဆင့်သို့ ရောက်ရှိမည်ဖြစ်သည်။ သို့သော် မစွမ်းဆောင်နိုင်ပါက ပြာပုံဘဝရောက်ကာ အသက်ဆုံးရပေမည်။

သူက သိုင်းသူတော်စင်အထွတ်ထိပ် အဆင့်တွင် ဒဏ်ရာရရှိခဲ့ပြီး သူ၏အခြေအနေက အရင်တစ်ချိန်က ယွမ်ကျန်းဖုန်းထက်ပင် ဆိုးရွားပြင်းထန်လေရာ ‘ကောင်းကင်ပြောင်းပြန်ဆေးလုံး’ သည်ပင် သူ့ကို ကုသနိုင်ခြင်း မရှိခဲ့ပေ။

တိဟွမ်မြေကမ္ဘာဧကရာဇ်သည်ပင် တပည့်ဖြစ်သူအတွက် ဤပြဿနာကို ဖြေရှင်းမပေးနိုင်ခဲ့ပေ။

သို့သော် ဝမ်ကျန်းချန်က အထက်ဘုံကမ္ဘာတွင် အတွေ့အကြုံအများဆုံး ထိပ်တန်းအရှင်သခင်တစ်ယောက်ဖြစ်ပြီး သူ၏တန်ခိုးစွမ်းအားက ချောင်ကျယ် ၊ ကျွမ်းရှန် ၊ လျိုကျန်းကူနှင့် အခြားသော ထိပ်တန်းအရှင်သခင်များထက် အဆပေါင်းများစွာ သာလွန်သည်။

သူသာ လှုပ်ရှားလိုမည်ဆိုလျှင် အထက်ဘုံကမ္ဘာမှ သိုင်းသူတော်စင်များ၏ ပဋိပက္ခများအားလုံးကို နှိမ်နင်းနိုင်စွမ်း ရှိပေသည်။

ယခင်တစ်ခေါက် ချောင်ကျယ်နှ်င့ ကျွမ်းရှန်၏တိုက်ပွဲမျိုးတွင် သူက အကောင်းဆုံး ဝင်ရောက်စွက်ဖက်နိုင်ပေသည်။

ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာတွင် အုပ်စိုးရှင် (၃)ပါး ၊ ဧကရာဇ် (၅)ပါး ၊ နယ်မြေ (၁၀)ခု အရှင်သခင်များ ထွက်ပေါ်လာခင်အချိန် ၊ တိဟွမ်မြေကမ္ဘာဧကရာဇ်သည်လည်း မြေကမ္ဘာထက်ယံအရှင်သခင်အဖြစ် ရှိစဉ်ကတည်းက ဝမ်ကျန်းချန်က သူ့နောက်လိုက်ခဲ့သူ ဖြစ်၏။

ထို့ကြောင့် သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် အသိအကျွမ်းဟောင်းများအဖြစ် သတ်မှတ်ခံရနိုင်သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကိုကြည့်ရင်း မြေကမ္ဘာထိပ်တန်းအရှင်သခင်က သက်ပြင်းချလိုက်သည်။

“ဆရာ ဒီမှာမရှိပေမယ့် ယင်ဟွမ်ဧကရာဇ်ကတော့ ခွန်လွန်တောင်မှာ ရှိနေပါတယ် ၊ သူက တံခါးပိတ်ကျင့်ကြံနေတယ်ဆိုပေမယ့် မင်းသာ သူ့ဆီသွားမယ်ဆိုရင် ယင်ဟွမ်ဧကရာဇ်က တံခါးပိတ်ကျင့်ကြံရာကထွက်လာပြီး မင်းနဲ့တွေ့ဆုံမှာပါ”

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က...

“ကောင်းပြီလေ... ဒီနေ့တိုက်ပွဲမှာ ငါမသေဘူးဆိုရင် ခွန်လွန်တောင်ကို သွားလည်တာပေါ့”

သူက ဆက်ပြောသည်။

“ဖုယွင်ချီ ရောက်မလာဘူးဆိုရင် ငါ ခွန်လွန်တောင်ကိုသွားဖို့ ပိုလို့တောင်အကြောင်းပြချက်ရှိသွားတာပေါ့”

ဝမ်ကျန်းချန်တိတ်ဆိတ်ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။

အချိန်ကြာလာသည်နှင့်အမျှ ပတ်ဝန်းကျင်လေထုကလည်း ပိုမိုပူလောင်လာသည်။

တိုက်ပွဲကြည့်ရှုရန်အတွက် နောက်ကျမှရောက်လာသူများမှာ တိုက်ပွဲကိုလွတ်သွားမည်ကို စိုးရိမ်ပူပန်ကြသော်လည်း သူတို့ရောက်သည့်အခါ တိုက်ပွဲမစတင်သေးကြောင်း တွေ့မြင်ကြရသည်။

စောင့်ဆိုင်းနေသူများ အကြည့်ချင်းဖလှယ်လိုက်ကြပြီး တီးတိုးစကားပြောဆိုသံများ ထွက်ပေါ်လာသည်။

သို့သော် ပိုးသားဧကရာဇ်ရောက်မလာခြင်းအတွက် ပွင့်ပွင့်လင်းလင်း ပြောဆိုရဲခြင်း မရှိကြပေ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အမုန်းတရားမဲ့တာအိုနန်းတော်ကို ဖျက်ဆီးပြီးသည့်နောက် ပိုးသားဧကရာဇ် ပေါ်မလာခဲ့ခြင်းနှင့် ဆက်စပ်နေနိုင်သော်လည်း လူအချို့ကတော့ ကြာပန်းနီ လေဟုန်စီးကောင်းကင်ရွက်လှေကြီး ဆီသို့ သံသယမျက်ဝန်းများဖြင့် ခိုးကြောင်ခိုးဝှက်လှမ်းကြည့်လိုက်ကြသည်။

ထိုအချိန်...

စကြာဝဠာ၏ဗဟိုချက်ပမာဖြစ်နေသော မီးလျှံနတ်ဘုရားသည် ရုတ်တရက် လှုပ်ရှားသွားသည်။ အစက ဧရာမ မီးနဂါးကြီးထက်တွင် တင်ပျဉ်ခွေထိုင်နေသော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ရုတ်တရက် မတ်တတ်ရပ်လိုက်ခြင်း ဖြစ်၏။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် စောင့်မျှော်ရသည်ကို စိတ်မရှည်ဖြစ်လာသည်ဟု အားလုံးက ထင်မိကြသည်။ သို့သော် မလှုပ်မယှက် အနေအထားရှိသော မီးတောက်မီးလျှံကြီးက အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာရှိ ဗလာနယ်ထဲတွင် ခရမ်းရောင်ချိစွမ်းအားစီးကြောင်းများ ထွက်ပေါ်လာသည်ကို တွေ့ရ၏။

ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားအရှိန်အဟုန်က များပြားလှခြင်းမရှိသည့်တိုင် လူတိုင်း၏စိတ်ထဲတွင် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ရောက်လာစဉ်က ခံစားရသည့်ခံစားချက်အတိုင်း တူညီစွာ ခံစားလိုက်ကြရသည်။

စကြာဝဠာ၏အဆုံးမဲ့ဗလာနယ်ထဲတွင် ဗဟိုချက် (၂)ခု ရှိနေပုံရသည်။

တစ်ခုက မြင်းမြင့်မားမားတောက်လောင်နေသည့် မီးလျှံနတ်ဘုရားဖြစ်ပြီး ကျန်တစ်ခုကတော့ ထူထပ်သိပ်သည်းနေသော ခရမ်းရောင်ချီစွမ်းအားများ အလယ်မှပုဂ္ဂိုလ် ဖြစ်သည်။

ယခုမှ ကြာပန်းနီရွက်လှေထက်မှ ဖုထင်နှင့် တောက်ယွိတို့မှာ စိတ်သက်သာရာရမိကြတော့သည်။ ထို့အတူ ကြည့်ရှုသူများမှာလည်း စိတ်ဓာတ်များတက်ကြွလာကြ၏။

ထူထပ်သော ာခရမ်း‌ရောင်ချီစွမ်းအားစီးကြောင်းများကိုသာ တွေ့မြင်ရသည့်တိုင် ပိုးသားဧကရာဇ်ရောက်ရှိလာကြောင်း လူတိုင်း သိရှိကြသည်။

“အားလုံး စောင့်နေကြတာပဲ”

ကြည်လင်ပြတ်သားပြီး နက်ရှိုင်းသောအသံတစ်သံက ခရမ်းရောင်ချီစွမ်းအားများကြားမှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ခရမ်းရောင် ချီစွမ်းအားစီးကြောင်းများ လွင့်စဉ်သွားပြီး အတွင်းမှ လူရိပ်တစ်ခုကို ယောင်ဝါးဝါး တွေ့မြင်ကြရသည်။

ရန်ကျောက်ကဲ လှမ်းကြည့်လိုက်တော့ အသက် (၄၀)ခန့် လူရွယ်တစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူရွယ်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အနီရောင်ဝတ်ရုံကို ခြုံလွှမ်းထားသည်။ ရှည်လျားသော ဆံပင်များက ထုံးဖွဲ့စည်းနှောင်ထားခြင်းမရှိဘဲ ကျောပြင်ထက်သို့ စီးဆင်းနေသည့်ရေပမာ ကျဆင်းလို့နေသည်။

ထိုသူ၏မျက်ဝန်းများကတော့ အံ့မခန်း တောက်ပထက်ရှလျက် ရှိ၏။

သူ၏အသွင်အပြင်နှင့် ကြန်အင်လက္ခဏာက ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။ အလွန်တရာ ချောမောလှပသည့် ယောကျ်ား တစ်ယောက်ဖြစ်သော်လည်း ရဲရင့်မှုကလွှမ်းခြုံထားသဖြင့် မိန်းကလေးဆန်သည့် အလှတရားမျိုး မဟုတ်ခဲ့ပေ။

သူ၏မျက်ဝန်းအစုံမှာတော့ မရေမတွက်နိုင်သော ခံစားချက်များ မြင့်တက်လျက် ရှိပုံရသည်။ မတူကွဲပြားသော စိတ်သဘောထားများကို သူ့ထံတွင် တစ်ခဏအတွင်း တွေ့မြင်ရသည်။

သူက သိမ်မွေ့သန့်စင်သူဖြစ်ပြီး နောက်တစ်ခါမှာတော့ ခံနိုင်ရည်ရှိပြီး ထက်မြက်သူအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက်မှာတော့ စိတ်ပိုင်းဆိုင်ရာ တက်ကြွသက်ဝင်သူအဖြစ် တွေ့မြင်ရပြန်၏။

ထိုသို့အဆက်မပြတ် ပြောင်းလဲနေသည့်တိုင် သဟဇာတမဖြစ်သည့် ခံစားချက်မျိုးကို မခံစားရပေ။ နဂိုရှိရင်းစွဲ ချောမောလှပသည့် အသွင်အပြင်နှင့် ထိုသို့ပြောင်းလဲနေသည့် စိတ်သဘောဆန္ဒများ ပေါင်းစပ်လိုက်သည့်အခါ ပို၍ပင်ထူးခြားစွာ စွဲဆောင်မှုရှိသွားသည် ဆိုရမည်။

ထိုသူ၏အသွင်သဏ္ဌာန်က ဆန့်ကျင်ဘက်လိင်ဖြစ်သော မိန်းကလေးများကို အထူးစွဲဆောင်နိုင်ရုံသာမက ‌ယောကျ်ားလေး အချင်းချင်းပင် စွဲဆောင်နိုင်စွမ်းရှိပေသည်။ သို့သော် သူ့ကိုမည်သူမှ မနာလိုဖြစ်ဝံ့မည် မဟုတ်ပေ။

ရန်ကျောက်ကဲက နှုတ်ခမ်းတစ်ချက် သပ်လိုက်ရင်း...

“သမိုင်းတစ်လျှောက်မှာ ပိုးသားဧကရာဇ်ကို အချောမောဆုံးလူသားလို့ တင်စားကြတာ ၊ တကယ့်ကိုပဲ ဂုဏ်သတင်းနဲ့ ထိုက်တန်ပါတယ်”

ရန်ကျောက်ကဲအနေဖြင့် အရင်အချိန်ကတည်းက ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ၏ အလင်းပုံရိပ်ကို တွေ့မြင်ဖူးခဲ့ပြီး အလွန်တရာ အံ့သြခဲ့ရသည်။ သို့သော် ယခု လူကိုယ်တိုင်တွေ့ရသည့်အခါ ထိုသူကပိုပြီး ထူခြားစွာ ချောမောခန့်ညားပြီး အနေအထိုင် သေသပ်သူဖြစ်ကြောင်း တွေ့ရ၏။

ခရမ်းရောင်ချီစွမ်းအားများအလယ်မှ ထိုလူရိပ်ကိုကြည့်ရင်း အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အေးဆေးတည်ငြိမ်စွာဖြင့်...

“မင်းရောက်လာပြီဆိုတော့ စလိုက်ကြရအောင်”

တစ်ဖက်လူက သူ၏တာအိုနန်းတော်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည့်တိုင် ပိုးသားဧကရာဇ်၏ မျက်နှာထက်တွင် ဒေါသအရိပ်အယောင် မတွေ့မြင်ရပေ။

“ဆရာကြီး... တိုက်ကြတာပေါ့”

ပိုးသားဧကရာဇ်ရောက်လာသည့်အခါ မြေကမ္ဘာထိပ်တန်းအရှင်သခင် နောက်ဆုတ်သွားသည်။

လက်ရှိအချိန်တွင် သူ့အနေဖြင့် မည်သည့်စကားမှ ပြောစရာမလိုတော့ပေ။

ဤနေရာ ၊ ဤအချိန် ၊ အရာအားလုံးသည် ဧကရာဇ်အဆင့် တန်ခိုးစွမ်းအားရှင် (၂)ယောက်ဖြင့်သာ သက်ဆိုင်တော့၏။

တိုက်ပွဲကြည့်ရှုနေသူအများစု ထင်မှတ်မထားလောက်အောင် ပိုးသားဧကရာဇ် ဖုယွင်ချီက စတင်တိုက်ခိုက်လိုက်သည်။

သူက လက်ဖဝါးကို ပင့်မြှောက်လိုက်သည်နှင့် ယင်နှင့်ယန် ချီစွမမ်းအား (၂)မျိုး ပေါင်းစည်းသွားသည်။

ပိုးသားဧကရာဇ်၏ လက်ဖဝါးအောက်တွင် သူ့အရှေ့မှ ဗလာနယ်တစ်ခုလုံး ပြိုကျအက်ကွဲသွားပြီး အရာအားလုံးက ရှေးကျသော ယင်နှင့်ယန်အဖြစ် ပြန်လည်လှည့်ပတ်သွားပြီး အချိန်နှင့်နေရာက မှုန်ဝါးပျောက်ကွယ်သွားသည်။

ယင်နှင့်ယန်က ကြီးမားသော ထိုက်ကျိကားချပ်ကြီးအဖြစ်ပြောင်းလဲသွားပြီး အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ဆီသို့ ဦးတည်သွားသည်။

ထိုက်ကျိကားချပ် ဖြတ်သန်းသွားရာနေရာတိုင်းက မရှိမှုအဖြစ်ပြောင်းလဲသွားပြီး မူလ ယင်နှင့်ယန်အဖြစ် ပြန်လည်ပြောင်းလဲသွား၏။

ပိုးသားဧကရာဇ်၏ လက်ဝါးရိုက်ချက်ထွက်ပေါ်လာသည်နှင့် ထိုက်ကျိကားချပ်က ကြောက်မက်ဖွယ်ရာအရှိန်အဟုန်ဖြင့် လှည့်ပတ်သွားပြီး မရှိမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

တန်ခိုးစွမ်းအားက အကန့်အသတ်မရှိဖြစ်လေရာ ထိုက်ကျိကားချပ်ကဝေးဝါးသွားသည့်အချိန် အင်အားကပိုမိုမြင့်မားလာသည်။

အထက်ဘုံကမ္ဘာတွင် ပန်းများအလယ်လမ်းလျှောက်ရင်း မိန်းမပျိုများကြား ရေပန်းစားလှသူအဖြစ် ပိုးသားဧကရာဇ်က ကျော်ကြားသူ ဖြစ်သည်။

သို့သော် ပိုးသားဧကရာဇ် သတ်ဖြတ်အနိုင်ယူခဲ့သော ရန်သူများက သူရယူခဲ့သည့် အလှပဂေးမိန်းကလေးများထက် ပိုမိုများပြားသည် မဟုတ်ပါလား။

All Chapters