← Chapters

သိသူများက အရည်အချင်းကိုသိမြင် ၊ မသိသူများကပွဲကြည့်ပရိသတ်

Vol. 67 Ch. 935

သိသူများက အရည်အချင်းကိုသိမြင် ၊ မသိသူများကပွဲကြည့်ပရိသတ်

Vol. 67 Ch. 935

အခန်း (၉၃၅) သိသူများက အရည်အချင်းကိုသိမြင် ၊ မသိသူများကပွဲကြည့်ပရိသတ်

ပိုးသားဧကရာဇ်က ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကိုပင် အသုံးပြုခြင်း ဖြစ်သော်လည်း မတူကွဲပြားသော မြင်းကွင်းတစ်ခု ထွက်ပေါ်လာသည်။

သူ၏လက်ဝါးရိုက်ချက်ထုတ်ဖော်လိုက်သည်နှင့် သူ့အရှေ့မှ စကြဝဠာက ပျက်ပြယ်သွားပြီး ယင်နှင့်ယန် ချီစွမ်းအား (၂)ခု ထွက်ပေါ်လာကာ မြင်ကွင်းများအားလုံး ပြောင်းလဲသွားသည်။

ပိုးသားဧကရာဇ်၏ သိုင်းကွက်ထုတ်‌ဖော်ဟန်ကိုကြည့်ရင်း ထိုက်ကျိယင်ယန်လက်ဝါးသိုင်းနှင့် ပတ်သက်ပြီး အမြင်သစ်တစ်ခု ရရှိလိုက်ကြောင်း ရန်ကျောက်ကဲ ခံစားလိုက်ရသည်။

သို့ပေသိ ပိုးသားဧကရာဇ်၏လှုပ်ရှားမှုက ထူးခြားလွန်းသည့်တိုင် သူ၏ရန်သူကလည်း လွယ်ကူသောပြိုင်ဘက်တစ်ယောက် မဟုတ်ပေ။

ပိုးသားဧကရာဇ်၏ ထိုက်ကျိယန်ယန်လက်ဝါးသိုင်းကို ရင်ဆိုင်လိုက်ရသည်နှင့် မီးလျှံနတ်ဘုရားက သူ့အရှေ့မှ ဗလာနယ်ထဲသို့ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။

ကြီးမားလှသည့်ဖိအားကြောင့် နဂိုကဟန်ချက်ညီနေသော ယင်နှင့်ယန် ရုတ်တရက် ဟန်ချက်ပျက်သွား၏။ ယန်စွမ်းအားကအလွန်တရာအားကောင်းလာပြီး ယင်စွမ်းအားက တဖြည်းဖြည်း လျော့နည်းကာ အားပျော့သွားသည်။

မူလက ကြီးကျယ်ခမ်းနားသော ထိုက်ကျိကားချပ် ပျက်စီးသွားပြီး မီးလျှံများတောက်လောင်လာသည်။

မြင်ကွင်းကိုကြည့်ရင်း ရန်ကျောက်ကဲ သဘောပေါက်သွားသည်။

“ထိုက်ကျိယင်ယန်လက်ဝါးသိုင်းထဲမှာ ယင်နဲ့ယန် ပါဝင်တယ် ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က မီးစွမ်းအားအနှစ်သာရနဲ့တိုက်ခိုက်ပြီး ယန်စွမ်းအားကို မြင့်တက်လာအောင်လုပ်လိုက်တာပဲ ၊ ဒီ မီးလျှံနတ်ဘုရားက အရမ်းစွမ်းအားကြီးမားလွန်းတယ်”

ထိုက်ကျိယင်ယန်လက်ဝါးသိုင်းက အလွန်တရာ စွမ်းအားမြင့်မားသော်လည်း အမတမှော်ဝင်လက်နက် ဖြစ်သည့် အင်္ဂါဂြိုဟ် ပုဆိန်သွားလှံရှည်က ပိုမိုထက်မြက်ပြီး ကြမ်းတမ်းလွန်းသည်။

သူတို့ထိပ်တိုက်ရင်ဆိုင်ခြင်းက စာပေသမားတစ်ယောက်က စစ်သည်တစ်ယောက်နှင့် တိုက်ခိုက်နေသည့် ပုံစံမျိုးသာပင်။

ထိုက်ကျိယင်ယန်လက်ဝါးသိုင်းက အကန့်အသတ်မရှိသော တန်ခိုးစွမ်းအားကို ပေးစွမ်းသည်။ ထိုလက်ဝါးသိုင်း၏ တန်ခိုးစွမ်းအားသာ လုံလောက်အောင် အားကောင်းပါက မီးအနှစ်သာရသည် ထိုက်ကျိယင်ယန် ကားချပ်ကို ဖြတ်ကျော်ပြီး ယန်စွမ်းအားကိုပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်ပေ။

သို့ပေသိ ပိုးသားဧကရာဇ်၏ ကြိုးစားအားထုတ်မှုက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကို အသာစီးမရနိုင်ခဲ့ပေ။

အတိတ်တစ်ချိန်က ခွန်လွန်အထင်ကရ (၉)ပါးထဲမှ တစ်ပါးဖြစ်သည့် မီးလျှံထက်ယံအရှင်သခင်၏ ကိုယ်ပိုင်လက်နက်ဖြစ်သော အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဤလောကတွင်တည်ရှိနေသည်မှာ နှစ်ပေါင်းထောင်ချီ ကြာမြင့်ပြီ ဖြစ်သည်။

ယခင်က ဒဏ်ရာရပြီး စည်းတံဆိပ်ပိတ်ခံရခဲ့ရသော်လည်း ထိုကာလအတွင်း ဒဏ်ရာများကိုကုသရင်း အဆက်မပြတ် ကျင့်ကြံခဲ့သည်။

လက်ရှိ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်သည် စည်းတံဆိပ်ပိတ်မခံရခင်အချိန်ကထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားနေပြီ ဖြစ်သည်။

သူက ထူးခြားသောအခြေအနေတစ်ခုတွင်ရှိနေပြီး သူ၏တန်ခိုးစွမ်းအားက ဧကရာဇ်တစ်ပါးနှင့်ညီမျှသည်။

လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက သူက အထက်ဘုံကမ္ဘာတစ်ခွင်တွင် ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်နေခဲ့ပေပြီ။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တန်ခိုးစွမ်းအားမြင့်မားရုံသာမက ထူးခြားသည့်ကိုယ်ပိုင်သိုင်းစွမ်းကိုလည်း ပိုင်ဆိုင်သည်။

သူ၏တိုက်ခိုက်မှုက ရိုးရှင်းပြင်းထံပြီး လျှို့ဝှက်နက်နဲသောအပြောင်းအလဲများပါဝင်လေရာ ပိုးသားဧကရာဇ်ထက် ညံ့သည်ဟု မဆိုသာပေ။

ပြင်းထန်သောမီးတောက်များ လျှင်မြန်စွာပေါက်ကွဲထွက်လာပြီး ထိုက်ကျိကားချပ်ကိုလောင်ကျွမ်းသွားကာ ပိုးသားဧကရာဇ်ဆီသို့ ဝင်ရောက်သွားသည်။

ပိုးသားဧကရာဇ်က အံ့အားသင့်သွားခြင်း မရှိပေ။

သူကိုယ်တိုင်လည်း ခန့်မှန်းချက်အချို့ ပြုလုပ်ထားပြီးဖြစ်သလို မြေကမ္ဘာဧကရာဇ်တမ်ကျန်းချန်ကလည်း သူ့ကိုသတိပေးထားခဲ့သည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ သိုင်းပညာက မီးလျှံထက်ယံအရှင်သခင်၏ ထူးခြားသောသိုင်းပညာမှဆင်းသက်လာပြီး တစ်ဆက်တည်းမှာပင် သူက စွမ်းအားကြီးမားသော မိစ္ဆာသားရဲဝိညာဉ်ဖြင့် ယာဇ်ပူဇော်ထားသော အမတမှော်ဝင်လက်နက်တစ်ခု ဖြစ်၏။

ထို (၂)ခုပေါင်းစပ်မှုက ထူးခြားသော တန်ခိုးစွမ်းအားကို ဖြစ်ပေါ်စေပြီး ထိုက်ချင်အဆက်အသွယ်မှ ဆင်းသက်လာသော ပိုးသားဧကရာဇ်သည်ပင် သူ့ကိုလျှော့မတွက်ဝံ့ပေ။

တစ်ချိန်က မီးလျှံထက်ယံ အရှင်သခင်နှင့်အတူ ကမ္ဘာတစ်ဝှမ်းလိုက်ပါခဲ့သည့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ပိုးသားဧကရာဇ်ထက်ပင် ကျင့်ကြံခြင်းစုစည်းမှုနှင့် အတွေ့အကြုံအရာတွင် ပိုမိုများပြားနိုင်သေးသည်။

ပိုးသားဧကရာဇ်က ရှောင်တိမ်းခြင်းမရှိဘဲ သူ့ဆီသို့ဝင်ရောက်လာသည့် မီးတောက်များကို စူးစိုက်ကြည့်နေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထက် တိမ်တိုက်များလွှမ်းခြုံသွားပြီး ဗလာနယ်တစ်ခုလုံးအား ဖုံးလွှမ်းသွားသည်။

တိမ်တိုက်များက နေရာအနှံ့ ပျံ့ကျဲသွားသည့်အခါ မီးလျှံများအားလုံး ငြိမ်းသတ်သွားသည်။

ပိုးသားဧကရာဇ်က “အတိုင်းအဆမဲ့ထိုက်စုခန္ဓာ” ကို ထုတ်ဖော်လိုက်ခြင်း ဖြစ်၏။

ရိုးရှင်းသောတိမ်တိုက်ချီက မီးတောက်များကိုဖိနှိပ်လိုက်ပြီး ယန်ချီကို ပြန်လည်သန့်စင်ကာ နဂိုမူလအတိုင်း ပြန်လည်ဖြစ်တည်စေလိုက်သည်။

ယန်စွမ်းအားက ပြန်လည်ပြောင်းလဲသွားပြီး ယင်စွမ်းအားက တဖြည်းဖြည်း းကြီးထွားလာသည်။ ထို့နောက် တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားပြီး ယင်နှင့်ယန် ချိန်ခွင်လျှာ ပြန်လည်ညီမျှသွားကြသည်။

ထိုအခါ ထိုက်ကျိကားချပ်လည်း ပြန်လည်ထွက်ပေါ်လာသည်။

ပိုးသားဧကရာဇ်က ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို လက်တစ်ဖက်မှ ထုတ်ဖော်လိုက်ပြီး အတိုင်းအဆမဲ့ထိုက်စု ခန္ဓာကိုယ်လည်း အသုံပြုထားသည်။ ခံစစ်နှင့်တိုက်စစ်က တစ်ခုနှင့်တစ်ခု အားဖြည့်ပေးသည်။

သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏တိုက်ခိုက်မှုကို တွန်းလှန်လိုက်ပြီး လက်ဦးမှုပြန်လည်ရယူကာ ခံစစ်ကို တိုက်စစ်အဖြစ် ပြောင်းလဲလိုက်သည်။

မီးလျှံနတ်ဘုရားက အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်ပြီး သူ၏အသွင်သဏ္ဌာန်က ပေါက်ကွဲထွက်သွားကာ ကောင်းကင်တစ်ခုလုံး မီးတောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

အဆုံးမရှိသောမီးပင်လယ်ထဲတွင် သွေးနီရောင်လှံရှည်တစ်လက်ထွက်ပေါ်လာပြီး ပိုးသားဧကရာဇ်ရှိရာသို့ တည့်တည့်မတ်မတ် ဝင်ရောက်လာ၏။

လှံရှည်က လေကိုထိုးခွင်းပြီး ထိုက်ကျိကားချပ်ကို ချက်ချင်းပင် ထိုးခွဲပစ်လိုက်သည်။

ဒုတိယအကြိမ်တိုက်ခိုက်မှုမှာတော့ ပိုးသားဧကရာဇ်၏ ရိုးရှင်းသော တိမ်တိုက်ချီစွမ်းအားစီးကြောင်းက အက်ကွဲသွားသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က လူ့အသုံးအဆောင် ပစ္စည်းတစ်ခုမဟုတ်သလို ၊ ခံစစ်ပစ္စည်းတစ်ခုလည်းမဟုတ်ပေ။

ဤသည်က ခမ်းနားသော လှံရှည်တစ်လက် ဖြစ်သည်။

အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသည့် လက်နက်တစ်ခု ဖြစ်သည်။

အထူးသဖြင့် လူသတ်ရန်အတွက် ဖန်တီးထားသည့် လက်နက်တစ်ခု ဖြစ်ပေ၏။

စကြာဝဠာကို ဖြတ်ကျော်ပျံသန်းလာသည့် မီးနဂါးတစ်ကောင်အလား အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ဗလာနယ်ကို ဖြတ်သန်းဝင်ရောက်လာပြီး ထိပ်တန်းအဆင့် ခံစစ်စွမ်းအားဖြစ်သည့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာကို အသုံးပြုထားသော ပိုးသားဧကရာဇ်ကို ထိုးစိုက်ချလိုက်သည်။

ပိုးသားဧကရာဇ်၏ ခံစစ်စွမ်းအားက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏လွှမ်းမိုးနိုင်စွမ်းမြင့်မားသောတိုက်ခိုက်မှုကို ခုခံနိုင်ခြင်း မရှိခဲ့ပေ။

လခြမ်းသဏ္ဌန် လှံသွားရှည်အစွန်းတစ်ဖက်သည် ပိုးသားဧကရာဇ်ဆီသို့ ဝင်ရောက်လာလေရာ မီးတောက်မီးလျှံများက ဧကရာဇ်၏ ချောမောလှပသောမျက်နှာကို နီရဲတောက်ပသွားစေသည်။

ပိုးသားဧကရာဇ်၏မျက်နှာက တည်ကြည်လေးနက်နေပြီး သူ့၏မျက်နှာနှင့် ရုပ်ခန္ဓာက ဖန်သားပမာ ကြည်လင်သွားကာ သဏ္ဌန်မဲ့ပြီး ထိတွေ့နိုင်ခြင်းမရှိ ဖြစ်သွားသည်။

ပိုးသားဧကရာဇ် ထိုနေရာတွင် မရှိတော့ဟု လူတိုင်းထင်မြင်မိလိုက်ကြ၏။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏တိုက်ခိုက်မှုက ချက်ချင်းပင် အလဟဿ ပျက်ပြယ်သွားရသည်။

“ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ...”

ရန်ကျောက်ကဲမျက်ဝန်းများ လက်ခနဲ တောက်ပသွားသည်။

ဤသည်က “ရှန်းထျန်းဝူထိုက်” မှ “ထိုက်ရှီခုန်မင်မရှိမှုခန္ဓာ” ဖြစ်၏။

ပိုးသားဧကရာဇ်က ထိုက်ရှီခုန်မင်မရှိမှုခန္ဓာနှင့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာကို တစ်ချိန်တည်းတွင်အသုံးပြုသဖြင့် သူ၏ ရုပ်ခန္ဓာက မရှိမှုနှင့် တိမ်တိုင်များကြား ပြောင်းလဲနေသည်။

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏တိုက်ခိုက်မှုက သူ၏ခန္ဓာကိုယ်ကို မထိခိုက်နိုင်တော့ဘဲ အမြဲတမ်း ဝေးကွာသွားသကဲ့သို့ ဖြစ်နေသည်။

ဤသည်က အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ညှာနေသောကြောင့် မဟုတ်ပေ။ ပိုးသားဧကရာဇ်က ထိုက်ချင်အဆက်အနွယ်၏ ထိပ်တန်းအဆင့်သိုင်းပညာ (၂)ခုကို အဆက်မပြတ် ထုတ်ဖော်အသုံးပြုနေသောကြောင့် ဖြစ်၏။

ထိုက်ရှီခုန်မင်မရှိမှုခန္ဓာနှင့် အတိုင်းအဆမဲ့ထိုက်စုခန္ဓာ ပေါင်းစပ်မှုသည် သမာဓိမီးတောက် (၅)မျိုးပေါင်းစပ်ခြင်း ကဲ့သို့ပင် ညီမျှသော ခံစစ်စွမ်းအားကို ပေးစွမ်းသည်။

ဤအချက်တစ်ခုတည်းဖြင့်ပင် ဖုယွင်ချီသည် ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားများ အလယ်တွင် ထိပ်တန်းအဆင့် ရပ်တည်နိုင်ခြင်းရှိပြီး ဧကရာဇ်များ အလယ်တွင်လည်း သူနှင့်ယှဉ်နိုင်သူ အနည်းငယ်သာလျှင် ရှိသည်။

ထိပ်တန်းအဆင့် သိုင်းပညာ (၂)ရပ်ကို ပေါင်းစပ်အသုံးပြုပြီးနောက် ပိုးသားဧကရာဇ် တည်ငြိမ်မှု ပြန်လည်ရရှိလာသည်။

ယခုတစ်ကြိမ်မှာတော့ ပိုးသားဧကရာဇ်က ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကိုအသုံးမပြုတော့ဘဲ သူ၏လက်ချောင်းတစ်ချောင်းကို အသာပင့်မြှောက်ကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ထံ ထိုးစိုက်ချလိုက်သည်။

ဤတိုက်ကွက်နှင့်အတူ ထွက်ပေါ်လာသော သိပ်သည်းသည့် ခရမ်းရောင်ချီစွမ်းအားက သဏ္ဌန်မရှိ ၊ ထိတွေ့၍မရ ၊ ရင်ဆိုင်၍မရ ၊ ဥပဒေသမရှိ ၊ နားလည်ရန်ခက်ခဲသလို တိုင်းတာရန်လည်းခက်ခဲသည်။

စကြာဝဠာတစ်ခုလုံး ရုတ်တရက် တုန်ခါသွားသည်။

သူတို့ တိုက်ခိုက်နေသည့်နေရာမှ ကြယ်စင်ပင်လယ်ကြီး တုန်လှုပ်သွားပြီး ကြယ်စင်များ အဝေးသို့ လွင့်စင်ပျံ့နှံ့သွားသည်။

ဗလာနယ်ထဲတွင် ရုတ်ခြည်းပင် အလင်းသင်္ကေတများ ထွက်ပေါ်လာသည်။

အလင်းသင်္ကေတများက တောက်ပခြင်းမရှိသော်လည်း အနန္တလျှို့ဝှက် ဆန်းကြယ်မှုများနှင့် အမှန်တရားများကို သယ်ဆောင်ထားသည်။

ပိုးသားဧကရာဇ်က တည်ငြိမ်စွာပင် သူ့လက်ကို မြှောက်လိုက်၏။

သိုင်းဆရာသခင် အဆင့်ရှိသော ကွမ်းယွိလော်အပါအဝင် တိုက်ပွဲကြည့်ရှုနေကြသူများအားလုံး ပိုးသားဧကရာဇ်၏တိုက်ကွက်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်ကြသည်။

ပိုးသားဧကရာဇ် လက်ချောင်းသိုင်းအသုံးပြုလိုက်သည်နှင့် သူ၏လက်ချောင်းက ဗလာနယ် ၊ အချိန်နှင့် ကြီးမားသော မီးတောက်မီးလျှံပင်လယ်ကြီးကို လျစ်လျူရှုကာ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်၏ သွေးနီရောင်လှံဖျားဆီသို့ ကျရောက်သွားသည်။

တိုက်ပွဲကြည့်နေသူတိုင်း ပိုးသားဧကရာဇ်၏ လက်ချောင်းသိုင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်ကြရသည်။ သို့သော် လူအများစုက ထိုလက်ချောင်းသိုင်း၏ အယူအဆနှင့်အဓိပ္ပါယ်ကို လုံးဝနားမလည်ကြပေ။

လက်တစ်ဆုပ်စာမျှသော လူတစ်စုသာလျှင် မျက်ဝန်းများတောက်ပသွားပြီး ပိုးသားဧကရာဇ်၏လုပ်ရပ်ကို ခန့်မှန်းနိုင်ခဲ့သည်။

“ထိုက်ချူးနတ်လက်ချောင်းသိုင်း”

ရန်ကျောက်ကဲ မျက်ဝန်းများ ကျဉ်းမြောင်းလိုက်ပြီး သူ့အရှေ့မှတိုက်ပွဲကို အာရုံစိုက်လိုက်သည်။ သူက ပိုးသားဧကရာဇ် အသုံးပြုလိုက်သောသိုင်းပညာကို သိရှိသော လူနည်းစုများထဲမှ တစ်ယောက် ဖြစ်သည်။

ရှန်းထျန်းဝူထိုက်မှ ထိုက်ချူးနတ်လက်ချောင်းသိုင်း။

ထိုက်ချူးနတ် လက်ချောင်းသိုင်းဟု လူသိများသော ထိုက်ချူးပညာက သဏ္ဌန်မဲ့ ၊ ထိတွေ့ကိုင်တွယ်မရသော ပညာရပ်တစ်ခု ဖြစ်ပြီး မိုးမြေမဖြစ်တည်မီအချိန်ကာလ၏နက်ရှိုင်းမှုနှင့် ပင်ကိုယ်သဘောချင်းဆင်တူသည်။

ပိုသားဧကရာဇ်က ထိုလက်ချောင်းသိုင်းထုတ်ဖော်လိုက်သည်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် အနည်းငယ် လှုပ်ရှားသွားသည်။

"ကောင်းပြီ"

အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ပထမဆုံးအကြိမ် ခံစစ်အနေအထားပြောင်းလဲလိုက်ပြီး ကြုံးဝါးသံတစ်ချက် ပြုလိုက်သည်။

လှံရှည်အသွားက ပိုးသားဧကရာဇ်၏ လက်ချောင်းကိုထိမှန်သွားသည့်အခါ နှစ်ဖက်လုံး တုန်လှုပ်သွားကြသည်။ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က တစ်ချက်လှည့်ပတ်သွားပြီး ပိုးသားဧကရာဇ်ကို နောက်တစ်ကြိမ် ခုတ်ပိုင်းချလိုက်သည်။

ယခုတိုက်ခိုက်မှုမှာတော့ မီးလျှံများအားလုံးက သူ၏ခန္ဓာကိုယ်ဆီသို့ ပြန်လည်ကြုံ့ဝင်စုစည်းသွားသည်။

လှံရှည်အသွား၏ထက်ရှမှုက ရန်သူကိုခုတ်ပိုင်းချလိုက်ပြီး မိုးကောင်ကင်ကိုဖွင့်လှစ်ကာ မြေပြင်ကို နှစ်ပိုင်းခွဲပစ်လိုက်သည်။

All Chapters