← Chapters

တိမ်ပျံဓားသိုင်း

Vol. 10 Ch. 137

တိမ်ပျံဓားသိုင်း

Vol. 10 Ch. 137

စမ်းသပ်မှု လုပ်မဲ့ ကွင်းပြင်ကတော့ လူတွေနဲ့ ပြည့်နှက်နေပါပြီ။ ဒါပေမဲ့ အတွင်းစည်းတပည့် တော်တော်များများက ပွဲကြည့် ပရိသတ် လုပ်ဖို့ပဲ ဒီကို လာ့ခဲ့တာပါ။ ၂၀ ရာခိုင်နှုန်း လောက်ကပဲ ဒီစမ်းသပ်ချက်ကို ဝင် စမ်းသပ်ခံမှာလေ။

"ငါကြိုးစား ကြည့်ဦးမယ်"

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ ကို ရောက်နေတဲ့ တပည့်တစ်ယောက်က လူအုပ်ထဲက ထွက်လာပြီး စင်ပေါ် တက်လာပါတယ်။

သူက ဓားကို လက်နှစ်ဖက်နဲ့ ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ပြီး သွေးနီ သတ္တုရိုင်းကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ထန် …။

မီးပွင့်လေးတွေက ပွင့်ထွက် လာပါတယ်။ ဒါပေမဲ့ သွေးနီ သတ္တုရိုင်းရဲ့ မျက်နှာပြင်ကတော့ ပွန်းရာလေးပဲ ရှိနေတယ်လေ။

"အဆင့် မမီဘူး။ နောက်တစ်ယောက်"

အတွင်းစည်း ကြီးကြပ်ရေးမှုးက ကြေငြာ လိုက်ပါတယ်။

ဒီသွေးနီ သတ္တုရိုင်းပေါ်မှာ တစ်လက်မ နက်တဲ့ ဓားရာ ချန်ထားဖို့ ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က အတွင်းစည်း ဂိုဏ်းသား တော်တော်များများ တောင်ဓားရာ လက်မ ဝက်လောက်ဘဲ ခုတ်ပိုင်း နိုင်ပါတယ်။

"ဒါကြီးက အရမ်းကို ခက်လွန်းတယ်ကွာ။ ငါထင်တာတော့ ဒီအဆင့်ကို ဖြတ်ကျော်နိုင်တဲ့ အတွင်းစည်း ဂိုဏ်းသားတောင် သိပ်မရှိဘူး ထင်တာပဲ"

“ငါထင်တာတော့ ၂၀၀ က အလွန်ဆုံးဘဲ”

“၂၀၀ ဟုတ်လား။ မင်းရူးနေတာလား။ အများဆုံး ၁၀၀ဘဲကွ”

အတွင်းစည်း ဂိုဏ်းသားတွေ ထဲမှာဆိုရင် ပထမတန်းစား ဂိုဏ်းသားတွေက လွဲပြီး တခြားသူတွေက သတ္တုရိုင်းတွေနဲ့ ဓားသိုင်း လေ့ကျင့်ခွင့် မရှိပါဘူး။

ပထမ တန်းစား ဂိုဏ်းသားတွေ တောင်မှ အလွန်ဆုံး အနေနဲ့ အဝါရောင် အဆင့်မြင့် သတ္တုရိုင်းတွေကိုပဲ ငှားယမ်းပြီး အသုံးပြုနိုင်တာပါ။

ဒီအဝါရောင် အထွတ်အထိပ် အဆင့် သွေးနီသတ္တုရိုင်းတုံးပါ်မှာ ဓားရာ တစ်လက်မ ချန်ခဲ့ဖို့က ဒီလောက်အထိ ခက်ခဲလိမ့်မယ်လို့ ဘယ်သူမှ မထင်ခဲ့မိကြဘူးလေ။

“ငါလည်း တစ်ချက် ဝင်စမ်းကြည့်စမ်းမယ်"

ထိုစကားကို ဆိုလိုက်သူက ဇောင်မင်းယွီပါ။

ဒီစမ်းသပ်မှုအကြောင်းကို သူမက ဟိုးအရင်ကတည်းက ကြိုသိထားတာပါ။ ဒါကြောင့်သူမက လွန်ခဲ့တဲ့ တစ်လ လောက်ကတည်းက ဆန်းကြယ်တစ်ဝက် အဆင့်ရှိတဲ့ ဆေးလုံး တစ်လုံးကို သောက်ပြီး ကျင့်ကြံမှု နယ်ပယ် အဆင့် ၇ ကို တက်လှမ်း ထားပါတယ်။

ထန်မီးပွားလေးတွေ ပွင့်ထွက်လာပါတယ်။ ဒါပေမဲ့ သွေးနီ သတ္တရိုင်း ပေါ်မှာတော့ ဓားရာ တိမ်တိမ်လေးဘဲ ဖြစ်ပေါ် လာခဲ့တယ်လေ။

ဇောင်မင်းယွီက ခေါင်းခါပြီး စင်ပေါ်ကနေ ဆင်းသွားပါတော့တယ်။

သူမရဲ့ ရလဒ်ကို သူမက သိထား ပြီးပါပြီလေ။

အတွင်းစည်း ဂိုဏ်းသားတွေကတော့ တစ်ယောက်ပြီး တစ်ယောက် စင်မြင့်ပေါ်ကို တက်ကာ စမ်းသပ်နေကြပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တစ်ယောက်မှ အဆင့် မမီသေးပါဘူးလေ။

သိပ်မကြာခင်မှာပဲ အတွင်းစည်း တပည့် ၂၀၀၀၀ လောက်က လက်မြှောက် အရှုံးပေးသွားကျပါပြီ။

အပြင်စည်းဂိုဏ်းရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ၁၀ယောက် မှာဆိုရင် ယုဝူရှန်းက လွဲပြီး အားလုံးက ကျရှုံး သွားကျပါပြီလေ။

"ဒီတစ်ခါတော့ ယုဝူရှန်း အလှည့်ဘဲဟေ့။ ဒီကောင်ကတော့ သေချာပေါက် အဆင့်မီမှာပဲ"

"သေချာတာပေါ့ကွာ။ ယုဝူရှန်းက ကြယ် ၅ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်လေ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ မှာကွ"

ပွဲကြည့် ပရိသတ်တွေ ဆွေးနွေး နေတုန်းမှာပဲ ယုဝူရှန်းက သွေးနီ သတ္တုရိုင်းတုံးကြီးရဲ့ အရှေ့ကို ရောက်လာပါပြီ။

သူ့ရဲ့ဓားကို ဆွဲထုတ်လိုက်ပြီး ယုဝူရှန်းက အရှိန် အမြင့်ဆုံးနဲ့ သွေးနီ သတ္တုရိုင်းတုံးကြီးကို ခုတ်ချလိုက်ပါတယ်။

ထန်သတ္တု အပိုင်းအစတွေက ပဲ့ကျ လာပါတယ်။ သတ္တုရိုင်း မျက်နှာပြင်မှာတော့ တစ်လက်မထက် ပိုနက်တဲ့ ဓားရာ ပေါ်လာပါတယ်။

"ယုဝူရှန်း … အဆင့်မီတယ်"

အတွင်းစည်း ကြီးကြပ်ရေးမှုးက ခေါင်းတညိတ်ညိတ်ဖြင့် ကြေငြာလိုက်ပါတယ်။

အခုချိန်အထိ လာစမ်းသပ်တဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ အောက်က တပည့်တွေထဲမှာ ယုဝူရှန်းတစ်ယောက်သာလျင် အောင်မြင်ပါသေးတယ်လေ။ ဒါက ချီးကျူး စရာပါပဲ။

"ဒါက ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ အစွမ်းအစပဲ။ ငါကတော့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်တော့ဘူး "

ဂေါင်ချန်းရှန်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။

ယုဝူရှန်းနဲ့ ခေတ်ပြိုင် အပြင်စည်း ပါရမီရှင် ၁၀ ယောက်ကတော့ ယုဝူရှန်းကို ယှဉ်နိုင်ဖို့ မမြင်တော့ပါဘူးလေ။

"ဟား ဟား … ကျွန်တော်လည်း ဝင်ရောက် စမ်းသပ် ခံပါရစေ”

လူရိပ် တစ်ရိပ်က စင်ပေါ်ကို ခုန်တက် လာပါတယ်။

"အဲဒါ ရှောင်လီဘဲ။ အစ်ကိုရှောင်ကွ …"

"အစ်ကိုရှောင်က လုံးဝ အဆင့်မီဖို့ သေချာတယ်။ ဒါပေမဲ့ သူရဲ့ ဓားချက်က ဘယ်လောက် နက်မလဲ ဆိုတာကို ငါက စိတ်ဝင်စား နေသေးတယ်ကွာ "

ရှောင်လီရဲ့ ကျော်ကြားမှုတွေက အာဏာရှင်ဓား လျူဝူဟောင်ထက် လုံးဝ နိမ့်ကျခြင်း မရှိပါဘူး။ တစ်ချို့က ပြောကျတာတော့ အတွင်းစည်းဂိုဏ်းရဲ့ နံပါတ်၁က ရှောင်လီဘဲတဲ့။

ဒါပေမဲ့ လက်တွေ့မတိုက်ခိုက်သေးဘဲနဲတော့ ဘယ်သူက နံပါတ် ၁ လဲ ဆိုတာကို မသိနိုင်သေးပါဘူး။

ဒါပေမဲ့ ရှောင်လီရဲ့ အရိုး တည်ဆောက်ပုံက ကြယ် ၄ ပွင့်ပဲ ရှိတဲ့ အတွက် ရေရှည် မှာတော့ လျူဝူဟောင်တို့ ယုဝူရှန်းတို့ကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ထန်။

ရှောင်လီက တကယ်ဘဲ အတွင်းစည်း ဂိုဏ်းရဲ့ နံပါတ်၁လို့ ခေါ်ဆိုထိုက်ပါတယ်။ သူ့ရဲ့ ဓားချက်က သွေးနီရောင် သတ္တုရိုင်းတုံးကြီး ပေါ်မှာ ၂လက်မ တိတိ ဓားရာကို ပေးစွမ်း နိုင်ခဲ့ပါတယ်။

"ငါ့အလှည့်ပဲဟေ့ "

ချန်ဖန်းဟွာက သူမရဲ့ ခြေဖျားလေးကို အားယူပြီး ပန်းလေး တစ်ပွင့် ဝဲပျံနေသလို ခုန်တက်သွားပါတယ်။

"ပျက်စီးစမ်း “

ချန်ဖန်းဟွာက ပုံစံ မတူတဲ့ ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်း နှစ်မျိုးကို လေ့ကျင့်ထားပါတယ်။

တစ်မျိုးက လူအများနဲ့ တိုက်ခိုက်တဲ့ နေရာမှာ အသုံးပြုရတဲ့ 'ပန်းပွင့် အသင်္ချေ'' ဓားသိုင်းပါ။ နောက်တစ်မျိုး ကတော့ ပန်းပွင့် လေဝဲ ဓားသိုင်း ဖြစ်ပါတယ်။

ပန်းပွင့်လေဝဲဓားချက်က တိုက်စစ်ဆင်တဲ့ နေရာ အရမ်းကို ပြင်းထန်တယ် လေ။ သူမရဲ့ ဓားချက်က တစ်လက်မ နက်တယ် ဆိုရုံလေး ဖြစ်သွားပါတယ်။

"ချန်ဖန်းဟွာ အဆင့်မီတယ်"

အတွင်းစည်း ကြီးကြပ်ရေးမှုးရဲ့ ကြော်ငြာချက်ကို ကြားလိုက်ရမှ သူမက အသက်ဝဝ ရှူနိုင်ပါတော့တယ်လေ။

"အစ်မတော်ချန် … ဂုဏ်ယူပါတယ်။ ချန်ဖန်းဟွာ ပြန်ရောက်လာတဲ့ အခါမှာတော့ လီဖူချန်းက ဂုဏ်ပြုစကား ဆိုလိုက်ပါတယ်။

ချန်ဖန်းဟွာက

"ငါကံကောင်းသွားတာပါ"

အခုချိန်အထိ စမ်းသပ်မှုကို အောင်မြင်တဲ့ သူက ၃၀ကျော်ပဲ ရှိပါသေးတယ်။ ဒါက ထင်ထားတာထက်ကို နည်းနေ ပါသေးတယ်။

"အစ်ကိုပိုင် တက်သွားပြီဟေ့"

"အစ်ကို လူလည်း တက်သွားပြီကွ"

"အရမ်း အစွမ်း ထက်လွန်းတယ်ကွာ။ သူတို့က တကယ်ကော စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်ကော ဟုတ်ရဲ့လား"

အတွင်းစည်း ဂိုဏ်းသားတွေ အော်ဟစ် အားပေးနေတဲ့ အစ်ကိုပိုင်နဲ့ အစ်ကိုလူတို့က တကယ်လည်း အစွမ်း ထက်ပါတယ်။ နှစ်ယောက်စလုံးရဲ့ ဓားချက်က နှစ်လက်မ နီးပါး နက်တဲ့ ဓားရာတွေကို ခုတ်ပြ နိုင်ခဲ့တယ်လေ။

အခုထိ ပြိုင်သွားတဲ့ သူတွေထဲမှာတော့ ဒီနှစ်ယောက်က ထိပ်တန်း အဆင့်မှာ ရှိပါတယ်။

"ဒီအတွင်းစည်း ဂိုဏ်းထဲမှာက တကယ်ပဲ ကျားတွေ နဂါးတွေ ခိုအောင်း နေတာပဲ”လီဖူချန်း ကိုယ်တိုင်တောင်မှ မျက်ခုံး ပင့်လိုက်ရပါတယ်။

သူက ရှောင်လီ ထံကနေ ဓားဆန္ဒကို ခံစား လိုက်ရပါတယ်။ ဒါပေမဲ့ ရှောင်လီရဲ့ ဓားကွက် ထွက်လာတဲ့ အခါမှာတော့ ဓားဆန္ဒက လုံးဝ ပေါ်မထွက်လာပါဘူး။ သေချာ တာကတော့ ဒီရှောင်လီဆိုတဲ့ ဂိုဏ်းတူ အစ်ကိုက သူ့အရည်အချင်း အစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ ဖြစ်ရပါမယ်။

ပွဲကြည့် ပရိသတ်တွေ အော်ဟစ် အားပေးနေတဲ့ ဂိုဏ်းတူ အစ်ကိုပိုင်နဲ့ လူ ထံကနေတော့ ဓားဆန္ဒကို အာရုံ မခံမိပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ ဓားချက်တွေ အရတော့ ဓားဆန္ဒကို အသုံးပြုနိုင်ဖို့ အလွန် နီးစပ်နေပါပြီ။

မဟုတ်ရင် ဘယ်လိုလုပ် သွေးနီ သတ္တရိုင်း မျက်နှာပြင်ပေါ်မှာ ၂ လက်မ နက်တဲ့ ဓားရာ တွေကို ချန်ထားခဲ့နိုင်မှာလဲ။

ဓားရာအနက် တစ်လက်မနဲ့ နှစ်လက်မ ဆိုတာက ပြောတော့သာ သိပ် မသိသာတာပါ။ တကယ် လက်တွေ့ လုပ်ဆောင်ရတဲ့ အခါမှာတော့ သေလုမတတ် ခဲယဉ်း ပါတယ်လေ။

"ငနူတွေပဲ။ အားလုံးက အသုံးမကျတဲ့ ကောင်တွေ"

အာဏာရှင်ဓား လျူဝူဟောင်က လူကြားထဲကနေ ထွက်လာပါတယ်။

"နောက်ဆုံးတော့ ဂိုဏ်းတူ အစ်ကို အာဏာရှင်ဓား လျူဝူဟောင် ထွက်လာပြီဟေ့"

ရွက်ကြွေဓား၊ အာဏာရှင်ဓား၊ လှိုင်းဖြူဓားနဲ့ တောင်စွယ်ဓား။ ဒီဓားလေးလက်က အတွင်းစည်း ဂိုဏ်းရဲ့ အတော်ဆုံး ဓားသမား လေးယောက်ပါ။ အဲဒီ ဓားလေးလက်ကို ဘယ်သူတွေက ကိုယ်စားပြုသလဲ ဆိုတော့ …

ရွက်ကြွေဓား - ရှောင်လီ

အာဏာရှင်ဓား - လျုဝူဟောင်

လှိုင်းဖြူဓား - ပိုင်ထောင်

တောင်စွယ်ဓား - လူယိရှန် တို့ဖြစ်ပါတယ်။

သူတို့လေးယောက်ရဲ့ စွမ်းရည်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ နာမည်တွေက အပြင် လောကမှာတောင် စတင် ကျော်ကြား နေပါပြီ။

သူတို့ လေးယောက်စလုံးက မြေကမ္ဘာအဆင့် ပညာရှင်တွေကိုတောင် သတ်ဖြတ်ပြီးသွားပါပြီ။

“ညီလေးလျူက အစွမ်းဘယ်လောက် ထက်လာသလဲ ဆိုတာကို စောင်ကြည့်ရမှာပဲ"

ရှောင်လီက လျူဝူဟောင်ကို မျက်တောင်မခတ် လေ့လာနေပါတယ်။

သွေးနီ သတ္တုရိုင်းနဲ့ ခြေလှမ်း သုံးလှမ်း အကွာမှာ လျူဝူဟောင်က ရပ်လိုက်ပြီး သူ့ရဲ့ အနက်ရောင် သံသေဓားကို ဆွဲထုတ်လိုက်ပါတယ်။

"မင်းတို့ အားလုံး သေချာ ကြည့်ထားကြ"

လျူဝူဟောင်က စိတ်ထဲက ကြုံးဝါး လိုက်ပြီး သွေးနီ သတ္တုရိုင်းတုံးကြီးကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ရွှစ် …

သူ့ရဲ့ ဓားနဲ့ သတ္တု ရိုင်းတုံးကြီး ထိပ်တိုက် တွေ့ဆုံတဲ့ အခါမှာ ထွက်လာတဲ့ အသံက တခြား လူတွေနဲ့ မတူပါဘူး။ လျုဝူဟောင်က သူ့ရဲ့ ဓား ဆန္ဒကို အသုံးပြုပြီး သတ္တု ရိုင်းတုံးကြီးကို နှစ်ပိုင်း ခုတ်ပစ်ဖို့ စဉ်းစားထားဟန် တူပါတယ်။

“ဓားဆန္ဒ"

ရှောင်လီက မျက်လုံး ပြူးသွားပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သူကလည်း ဓားဆန္ဒကို နားလည် သဘောပေါက် ထားတာလေ။ ရှောင်လီက လျူဝူဟောင် ဆီကနေ အလွန် လွှမ်းမိုးနိုင်လိုစိတ် ရှိနေတဲ့ ဓားဆန္ဒကို ခံစားလိုက်ရပါတယ်။ သူ့ရဲ့ လမ်းမှာ လာပိတ်တဲ့ မည်သည့် အရာကို မဆို ဖျက်ဆီးပစ်မယ် ဆိုတဲ့ ဓားဆန္ဒပေါ့။

တိမ်ပျံဓားသိုင်း ဓားဆန္ဒ။

တိမ်ပျံဓားသိုင်းက ကြယ်ပျံဓားသိုင်းနဲ့ အနည်းငယ် ဆင်တူပါတယ်။ ဒီဓားသိုင်း နှစ်ခုစလုံးက ပြင်းထန်မှုကို အခြေခံထားတာပါ။ ဒါကြောင့် တိမ်ပျံ ဓားသိုင်းရဲ့ ဓားဆန္ဒကို လွှမ်းမိုးနိုင်စွမ်းအား ကြီးပြီး မိုးကောင်းကင် အောက်မှာ ရှိနေတဲ့ အရာ မှန်သမျှကို ခုတ်ပိုင်းပစ်မယ် ဆိုတဲ့ ခံစားမှုကို ရစေပါတယ်။

"၂.၈ လက်မ။ အဆင့်မီတယ် "

တာဝန်ကျနေတဲ့ အတွင်းစည်း ကြီးကြပ်ရေးမှုးတောင်မှ ထိတ်လန့် တုန်လှုပ် သွားပါတယ်။ သူ့လို မြေကမ္ဘာအဆင့်က ပညာရှင်တောင်မှ ဓားဆန္ဒကို နားမလည်နိုင် သေးဘူးလေ။ အခုတော့ အတွင်းစည်း တပည့် တစ်ယောက်က ဓားဆန္ဒကို အသုံးပြု သွားပါပြီ။

ဒါက လုံးဝကို မယုံကြည်နိုင်စရာ ပါပဲ။

"ငါနားကြားများ မှားသွားတာလား။ ၂.၈ လက်မတဲ့"

"ကြောက်စရာ ကောင်းလိုက်တာ။ ဘယ်သူက အာဏာရှင်ဓားကို ယှဉ်နိုင်ဦးမှာလဲ။ အစ်ကို ရှောင်လီတောင် လျူဝူဟောင်ကို မနိုင် နိုင်တော့ဘူး ထင်တယ်"

ချန်ဖန်းဟွာနဲ့ ဇောင်မင်းယွီ အပါအဝင် တပည့် အားလုံးက မျက်လုံး အပြူးသားဖြင့် ကြောင်ကြည့် နေကြပါတယ်။

ဒါက ဓားဆန္ဒကို အသုံး ပြုနိုင်တဲ့ သူနဲ့ အသုံး မပြုနိုင်တဲ့ သူရဲ့ ကွာဟချက်ပါပဲလေ။

ဓားဆန္ဒကို ထုတ်ဖော် အသုံးပြုလိုက်တဲ့ သူရဲ့ ဓားချက်က ရိုးရိုး သာမန် ဓားချက်ထက်ကို ၂ဆလောက် ပိုအစွမ်းထက် ပါတယ်။ အဲဒီဓားဆန္ဒက တစ်ဖက်လူကို လွှမ်မိုး သွားပြီး အရှုံးပေးချိန်တောင် မရှိလောက်အောင် စွမ်းဆောင်နိုင်တယ်လေ။

"မောင်လေးလီ … နင်တော့ ဒီတစ်ခါ တကယ် ပြဿနာ တက်ပြီ။ နင်က ရန်မစ သင့်တဲ့သူကို စလိုက်မိပြီ”

ချန်ဖန်းဟွာက လီဖူချန်းကို ပြောလိုက်ပါတယ်။

“အခု ကျွန်တော့် အလှည့်ပဲ”လီဖူချန်းက ချန်းဖန်းဟွာကို ပြုံးပြပြီး စင်ပေါ် ခုန်တက်သွားပါတယ်။

မင်းက ဓားဆန္ဒကို နားလည်သွားတေ့ာလည်း ဘာဖြစ်လည်း။ လောကပေါ်မှာ မရေမတွက် နိုင်တဲ့ ဓားဆန္ဒတွေ ရှိတယ်။ ဘယ်သူက ဓားဆန္ဒကို ပိုပြီး နားလည်သလဲ ဆိုတာ ပြရသေးတာပေါ့။

***

All Chapters