← Chapters

အမတကူးပြောင်းခြင်းအဆင့်သို့ သွားရာလမ်း

Vol. 67 Ch. 940

အမတကူးပြောင်းခြင်းအဆင့်သို့ သွားရာလမ်း

Vol. 67 Ch. 940

အခန်း (၉၄၀) အမတကူးပြောင်းခြင်းအဆင့်သို့ သွားရာလမ်း

သမုဒ္ဒရာကမ္ဘာတွင် အချိန်အတန်ကြာအောင် လုံ့လဝီရိယမပြတ် ကျင့်ကြံခဲ့သော ရှီကျွင်းသည် ယခုဆိုလျှင် ကျင့်ကြံခြင်းအဆင့် မြင့်မားသူတစ်ယောက် ဖြစ်နေပေပြီ။

ဝါဒတောင်မှ လူငယ်မျိုးဆက်များကြားတွင် ရှီကျွင်းက အတော်ဆုံးများထဲတွင်ပါဝင်သည်။

ထူးခြားသည်မှာ ရှီကျွင်းလေးက ရွှီဖေး၏တပည့်ဖြစ်သဖြင့် ဝါဒတောင်၏ စတုတ္ထမျိုးဆက်တပည့် ဖြစ်သည်။

ယခု သူက စတုတ္ထမျိုးဆက်တပည့်များကြားတွင် အတော်ဆုံးဖြစ်ရုံသာမက သူ့အရှေ့မှ မျိုးဆက်များစွာကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်၏။

ဝါဒတောင်၏ တတိယမျိုးဆက်များထဲတွင် ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မား‌သော ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ ယွီဖေးနှင့် စစ်ခုန်ချင်းတို့သာလျှင် သူ့ထက်သာလွန်ကြသည်။

ယင်လုန်ထူက ပါရမီမြင့်မားသော်လည်း သူကျင့်ကြံသည့်နှစ်က အနည်းငယ်တိုတောင်းသဖြင့် လက်ရှိတွင် ရှီကျွင်းနှင့် ကျင့်ကြံခြင်းအဆင့် အတူတူပင် ဖြစ်သည်။

အထက်ဘုံကမ္ဘာသို့ ရောက်ရှိပြီးနောက်ပိုင်း ရှီကျွင်းက အနားယူခြင်းမရှိဘဲ ပိုမိုကြိုးစားကျင့်ကြံနေသဖြင့် ရန်ကျောက်ကဲ ၊ ရန်တိ ၊ ယွမ်ကျန်းဖုန်း ၊ ရွှီဖေးနှင့် အခြားသူများအားလုံး အလွန်သဘောကျနှစ်သက်ခြင်းကို ခံရသည်။

ယခု ရန်ကျောက်ကဲလက်ထဲတွင် ရှိနေသည့် ကျိုးပဲ့နေသော ဖူချန်နှင်တံက ရှီကျွင်းလွန်ခဲ့သည့်ရက်က ပြင်ပလောကသို့ ထွက်ခွာစဉ် အမှတ်မထင် ရရှိလာခြင်း ဖြစ်သည်။

“ဟုတ်တယ် ၊ ဆရာဘိုးဘိုးနဲ့ အတခြားသူတွေရဲ့ ဝေဖန်သုံးသပ်ချက်က မှန်ကန်တာပဲ ၊ ဒီပစ္စည်းက တကယ်ပဲ ထိုက်ချင်အဆက်အနွယ် ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုလို့ ခံစားရတယ်”

ဖူချန်နှင်တံကို စစ်ဆေးကြည့်လိုက်တော့ အထဲတွင်ပါဝင်သည့် ချီစွမ်းအားက အလွန်များပြားပြီး အသုံးပြုရန် ခက်ခဲကြောင်းတွေ့ရသည်။

ဖူချန်မျက်နှာပြင်ထက်တွင် အင်းသင်္ကေတအနည်းငယ်ရေးထိုးထားပြီး ထိုအင်းသင်္ကေတများက ဆိုးဆိုးရွားရွား ပျက်စီးနေသည့်တိုင် ရန်ကျောက်ကဲကတော့ အဓိပ္ပာယ်ကို အနည်းငယ် ဆုပ်ကိုင်နိုင်သေးသည်။

ဤ ဖူချန်နှင်တံက တစ်ချိန်က အဆင့်မြင့် အထွတ်ထိပ် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ခဲ့ဟန် ရှိသည်။ သို့သော် ဤသည်က ရှည်လျားသည့် သမိုင်းထဲတွင်ကျန်ရစ်ခဲ့ပြီဖြစ်၏။

ရန်ကျောက်ကဲက က ကျိုးနေသည့်ဖူချန်နှင်တံကို လက်ဖြင့်ပွတ်သပ်ရင်း...

“အချိန်တွေရှိပါသေးတယ် ၊ ငါတို့တွေ နောက်တစ်ကြိမ် အဲဒီကျောက်ဂူအိမ်တော်ကြီး ပေါ်လာတဲ့အထိ စိတ်ရှည်လက်ရှည် စောင့်ကြတာပေါ့”

ဝါဒတောင်သို့ပြန်ရောက်ပြီး အနည်းငယ်အခြေကျသွားပြီးနောက် ရန်ကျောက်ကဲက ဆက်လက်ကျင့်ကြံရန် စတင်လိုက်သည်။

သူက အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်နှင့် ပိုးသားဧကရာဇ်တို့၏တိုက်ပွဲကို တစ်ဝက်သာ ကြည့်ရှုခဲ့သော်လည်း မယုံနိုင်လောက်အောင် အဖိုးတန်သောအတွေ့အကြုံ ရရှိခဲ့သည်။

တိုက်ပွဲလာရောက်ကြည့်ရှုသည့် အခြားသော ပရိသတ်အများစုနှင်နှိုင်းယှဉ်ပါက ရန်ကျောက်ကဲက အကျိုးအမြတ် ပိုမိုရရှိခဲ့သည်။

ယွိချင်အဆက်အနွယ်မှ ကောင်းကင်ဖွင့်ကျမ်းစာသည် ထိုက်ချင်အဆက်အနွယ်၏ ကနဦးကောင်းကင်သိုင်းပညာနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး အချင်းချင်းတန်ပြန်တိုက်စစ်ဆင်ခဲ့သည်။

ထိုက်ချင်အဆက်အနွယ်သိုင်းပညာတွင် ရန်ကျောက်ကဲက ထိုက်ကျိယင်ယန် လက်ဝါးသိုင်းမှလွဲပြီး အခြားမည်သည့်သိုင်းပညာကိုမှ ဆုပ်ကိုင်ထားခြင်း မရှိပေ။

သို့ပေသိ စန်းချင်း (၃)ပါးအဆက်အနွယ်ပညာရပ်များကို တပြိုင်တည်း ကျင့်ကြံသူဖြစ်လေရာ ဤသို့သော အထွတ်ထိပ်တိုက်ပွဲ တစ်ခု ကြည့်မြင်ရခြင်းက သူ့အတွက်များစွာ အကျိုးကျေးဇူးကြီးမားခဲ့သည်။

သူကျင့်ကြံနေသည့်သိုင်းပညာများနှင့်ပတ်သက်ပြီး နားလည်မှုအသစ်များ ထပ်မံရရှိခဲ့သည်။

နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သို့ရောက်ရှိသည့်အခါ သူက စကြဝဠာအတွင်းမှ အစစ်အမှန်ကြယ်စင်များနှင့် ပဲ့တင်ထပ်စေရန်အတွက် သွေးကြောဆုံချက်မြောက်မြားစွာကို သန့်စင်နိုင်ခဲ့သည်။

စုဆောင်းမှုများစွာ ပိုင်ဆိုင်ထားသော ရန်ကျောက်ကဲအတွက် ဤသို့ပြုလုပ်ရသည်က အခက်အခဲမရှိပေ။

***

ဝါဒတောင်သို့ပြန်ရောက်ပြီးနောက် အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီး (၂)ဆိုသောအချိန်က လျှပ်တပြက်အတွင်း ကုန်ဆုံးသွားသည်။

ထိုအချိန် (၂)နှစ်အတွင်း ရန်ကျောက်ကဲ၏ကျင့်ကြံခြင်းကလည်း အလွန်တရာချောမွေ့လျှက် ရှိသည်။

နတ်ဘုရားသိမြင်ခြင်း ပထမဆုံးသွေးကြောဆုံချက်ကို အောင်မြင်စွာသန့်စင်နိုင်သရွေ့ မှန်ကန်သောလမ်းစဉ်သို့ရောက်ရှိသည်ဟု ယူဆနိုင်ပြီး နောက်ပိုင်းအဆင့်များတွင် သဘာဝအတိုင်း အဆင်ပြေချောမွေ့စွာ စီးဆင်းသွားမည်ဖြစ်၏။

ထို့ကြောင့် ရန်ကျောက်ကဲက စိတ်ရှည်သည်းခံစွာဖြင့် တစ်ဆင့်ပြီးတစ်ဆင့်ရှေ့သို့တက်သွားခဲ့ပြီး အချိန်များစွာဖြုန်းတီးခြင်းလည်း မရှိခဲ့ပေ။

သို့သော် မကြာမီ သူရင်ဆိုင်ရမည့် အခက်အခဲတစ်ခု ရှိနေသည်။

ဤသည်က သိုင်းသူတော်စင် ဆဋ္ဌမအဆင့်နှင့် သတ္တမအဆင့်တို့တွင် ရင်ဆိုင်ရသည့် ကျင့်ကြံခြင်း တစ်ဆို့ခြင်း ဖြစ်သည်။

နတ်ဘုရားသိမြင်ခြင်း အဆင့်ကိုကျော်ဖြတ်ပြီး အမတကူးပြောင်းခြင်း အဆင့်သို့ ခြေလှမ်းမည်ဆိုလျှင် ပထမဆုံးတက်လှမ်းရမည်က အမတကူးပြောင်းခြင်း ကနဦးအဆင့် ဖြစ်သည်။

အမတကူးပြောင်းခြင်းအဆင့်သို့ တက်လှမ်းပြီးသည်နှင့် သိုင်းကျင့်ကြံသူတစ်ယောက်သည် နတ်ဘုရားအဆင့်သို့တက်လှမ်းရန်နီးကပ်နေပြီဟု ယူဆနိုင်သည်။

ကြီးမားသည့်ပါရမီ ၊ မလျှော့သောဇွဲလုံ့လ ၊ ကောင်းမွန်သည့်ကံကြမ္မာ ၊ ကိုယ်တိုင် ကြိုးစားအားထုတ်မှုများပေါင်းစည်းပြီး နတ်ဘုရားတံခါးရှေ့သို့ရောက်ရှိလာပြီး ထိုတံခါးကိုတွန်းဖွင့်ဝင်ရောက်နိုင်မည် ဖြစ်သည်။

အမတကူးပြောင်းခြင်းအဆင့်သို့ မရောက်ခင် နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်များအားလုံးသည် ကောင်းကင်ယံ စကြာဝဠာထက် အမှန်တကယ်ရှိသော ကြယ်စင်များနှင့်ပဲ့တင်ထပ်ရန် သူတို့၏ သွေးကြောဆုံချက်များကို လုံ့လစိုက်ထုတ်သန့်စင်ကြရသည်။

သို့သော် ကျင့်ကြံသူတစ်ယောက်သွေးကြောဆုံချက်များသန့်စင်ပြီး နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ရောက်ရှိကာ စကြာဝဠာထဲမှ အစစ်အမှန်ကြယ်စင်များနှင့် ပဲ့တင်ထပ်နိုင်ရုံဖြင့် လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ စကြဝဠာကိုဖွင့်လှစ်ရန် ဝေးကွာနေသေးသည်။

ဤသည်က အမတကူးပြောင်းခြင်းအဆင့်အတွက် ကနဦးအခြေခံလိုအပ်ချက်ပင် ဖြစ်သည်။

ကောင်းကင်ယံထက်မှ နေနှင့်လတည်ရှိရာ ၊ အသင်္ချေသောကြယ်စင်များ းတောက်ပလင်းလက်ရာ တကယ့်စကြာဝဠာက အဆုံးမရှိသော မြစ်တစ်စင်းပမာ လှည့်ပတ်လျှက်ရှိသည်။

စကြဝဠာနှင့်ကာရန်ညီမှု ၊ ကြယ်စင်လမ်းကြောင်းများ ၊ ကောင်းကင်မြစ်များ ၊ ဖန်ဆင်းခြင်းနှင့်ဖျက်ဆီးခြင်းတရားများက အလွန်တရာ နက်ရှိုင်းသည်။ ဤအရာများအားလုံးက ထာဝရ တည်ရှိနေပြီး ဘယ်သောအခါမှပြောင်းလဲခြင်း မရှိပေ။

‘ဘယ်သောအခါမှပြောင်းလဲခြင်းမရှိ’ ဟုဆိုရာတွင် လူသားများအားဖြင့်လင်းလက်နေသည့် ကြယ်စင်များကို ဆိုလိုခြင်းဖြစ်ပြီး ကောင်းကင်ယံထက်မှ တကယ့်ကြယ်စင်အစစ်များ မဟုတ်ပေ။

ထို့ကြောင့် အမတကူးပြောင်းခြင်း ကနဦးအဆင့်သို့ရောက်ရှိလျှင် ခန္ဓာကိုယ်ထဲမှ ကြယ်စင်ကောင်းကင်ယံထက်တွင် လှည့်ပတ်သွားလာနိုင်မည် ဖြစ်သည်။

ထိုသို့လှည့်ပတ်သည်မှာ ကြယ်တာရာချီစွမ်းအားအနှစ်သာရသာလျှင် မဟုတ်ပေ။ သန့်စင်ထားသော သွေးကြောဆုံချက်များမှ နတ်ဘုရားသိမြင်ခြင်းကပါ လှည့်ပတ်သွားခြင်း ဖြစ်၏။

ဤနည်းအားဖြင့် ကိုယ်တွင်းစကြဝဠာက ပြင်ပမှစကြဝဠာ အစစ်ပမာ အသွင်အပြင်ကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

သို့မှသာ သိုင်းကျင့်ကြံသူများသည် သေနိုင်သောလူသားအဆင့်မှ နတ်ဘုရား အဆင့်သို့တက်လှမ်းရန် ပထမခြေလှမ်းကို အမှန်တကယ် တက်လှမ်းနိုင်မည် ဖြစ်၏။

အတိအကျဆိုရသော် သိုင်းသူတော်စင်သတ္တမ အဆင့်နောက်ပိုင်းကို “အမတကူးပြောင်းခြင်း” ဟု ခေါ်သည်။ ဤသည်က နတ်ဘုရားအဖြစ်ကူးပြောင်းသည့် တံတားပင် ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းတစ်ဆို့မှုကို ကျော်ဖြတ်ရန် မလွယ်ကူပေ။

ကျူတောပင်လယ်ဒေသတွင် ကွမ်းမင်ဂိုဏ်းမှ ‌လော့ကျီးထောင် ၊ ယိုးမင်ဂိုဏ်းမှ ကျိုးဟောက်ရှန်း ၊ တာ့ရွှမ်မင်းဆက်မှ ဧကရာဇ်ရွှမ်မုနှင့် ကြေးနီကျွန်းမှ ကုန်းစွန်းမင်တို့သည် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ကြသည်။

သူတို့အားလုံးက အမတကူးပြောင်းခြင်းသို့ တက်ရောက်ရန် ခြေတစ်လှမ်းမျှသာ ဝေးတော့သည်။ သို့တိုင် ဤခြေတစ်လှမ်းသည် မိုးကုတ်စက်ဝိုင်းသို့ တက်လှမ်းရသည့်ပမာ ၊ ကောင်းကင်ပင်လယ်ကွေ့သို့ သွားရောက်ရသည့်ပမာ အဝေးဆုံးခြေတစ်လှမ်းဖြစ်သည်။

အမတကူးပြောင်းခြင်း အဆင့်သို့တက်လှမ်းနိုင်လျှင် ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအားသည် အထက်ဘုံကမ္ဘာတွင် ရပ်တည်ချက်လုံးဝ ပြောင်းလဲသွားမည် ဖြစ်၏။

အဘယ်ကြောင့်ဆိုသော သာမန်အဆက်အနွယ်များ ၊ သာမန်သိုင်းဂိုဏ်းများမှ သိုင်းပညာရပ်များက အမတကူးပြောင်းခြင်းအဆင့်သို့တက်ရောက်ရန် မလုံလောက်သောကြောင့် ဖြစ်သည်။

သာမန်ကျင့်ကြံသူအတန်းအစားမှ အမတကူးပြောင်းခြင်းအဆင့်သို့ ရောက်ရှိနိုင်မည်ဆိုလျှင်လည်း ထိပ်တန်းတန်ခိုးစွမ်းအားရှင်များထံမှ လမ်းညွှန်မှုရရှိရန် လိုအပ်သည်။

မဟုတ်ပါက အလွန်တရာကံကောင်းမှသာ ဖြစ်နိုင်သလို ၊ နှစ်ပေါင်းတစ်ထောင်တွင် တစ်ကြိမ်သာ ထွက်ပေါ်လာသော မိုးကောင်းကင်ကိုစိန်ခေါ်နိုင်သည့် ပါရမီရှင်တစ်ယောက်ထွက်ပေါ်လာရန်လိုအပ်သည်။ သို့မှသာ သူတို့ပိုင်ဆိုင်ထားသော မူလသိုင်းပညာအခြေခံကို ပိုမိုတိုးတက်နိုင်အောင် လုပ်ဆောင်နိုင်ပေမည်။

သို့သော် ဤသို့သောဖြစ်နိုင်ခြေများက တစ်ခုမှ မလွယ်ကူခဲ့ပေ။

ဝါဒတောင်က တာ့ရွှမ်တိုင်းပြည်ကို တွန်းလှန်နိုင်ပြီး ကြယ်ခြေလက်ဝါးသခင် ကွမ်းလီတဲ့ကို သတ်ဖြတ်နိုင်ခဲ့လေရာ ကျူတောပင်လယ်ဒေသတွင် ကြီးမားသောအပြောင်းအလဲများကို ပြုလုပ်နိုင်ခဲ့သဖြင့် အထက်ဘုံကမ္ဘာတွင် အနည်းငယ် ကျော်ကြားလာခဲ့သည်။

သို့ပေသိ သူ့အကြောင်း သတင်းကြားသိသည့်တိုင် အချို့ကတော့ မသိမသာအထင်သေးနေဆဲပင်။

မည်သို့ပင်ဖြစ်စေ ဝါဒတောင်တွင် ယိုးမင်ဧကရာဇ်ချန်ထားခဲ့သော အမတမှော်ဝင်ပစ္စည်းအပြင် ထူးကဲယန်စည်းတံဆိပ် ၊ ထူးကဲယင်သရဖူတို့ပိုင်ဆိုင်ထားသဖြင့် အရမ်းကာရော မလှုပ်ရှားရဲဘဲ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

ဝါဒတောင်က အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ပင် ပိုင်ဆိုင်ထားခြင်းမရှိဘဲ ထိုသို့သောပစ္စည်းများကို ပိုင်ဆိုင်ထားသည် မဟုတ်လား။

သို့ရာတွင် မကြာမီ အခြေအနေများပြောင်းလဲသွားတော့မည်ဟု ရန်ကျောက်ကဲ ယုံကြည်ထားသည်။

တောင်ပေါ်သို့ပြန်ရောက်သည်နှင့် ရန်တိက တံခါးပိတ်ကျင့်ကြံခြင်း စတင်ခဲ့သည်။ အဘယ့်ကြောင့် တံခါးပတ်ကျင့်ကြံရသည်ကို သေးစိတ်ဖော်ပြမထားသော်လည်း ဤအကြောင်းနှင့်ပတ်သက်ပြီး ကိစ္စရပ်တစ်ခုကို ရန်ကျောက်ကဲ ယောင်ဝါးဝါး ခန့်မှန်းမိနေသည်။

ဖခင်ဖြစ်သူက အမတကူးပြောင်းခြင်းအဆင့်သို့ ဖြတ်ကျော်တက်ရောက်ရန် ကံကြမ္မာအခွင့်ကောင်းတစ်ခုနှင့် ကြုံတွေ့ခဲ့ခြင်း ဖြစ်နိုင်သည်။

ရန်ကျောက်ကဲ ကဲ့သို့ပင် ရန်တိသည်လည်း နတ်ဘုရားသိမြင်ခြင်းအဆင့်ပြီးဆုံးသည့်အခါ သူ၏ သွေးကြောဆုံချက်များ အားလုံးကိုသန့်စင်ရန် ခက်ခဲမည်မဟုတ်ပေ။ ထို့ကြောင့် သိုင်းသူတော်စင် ဆဋ္ဌမအဆင့်ကို အခက်အခဲမရှိ တက်ရောက်နိုင်ခဲ့၏။

သိုင်းသူတော်စင် ဆဋ္ဌမအဆင့်သို့ရောက်ရှိပြီးနောက် ရန်တိက အရင်အတိုင်း လျှင်မြန်သောနှုန်းဖြင့် ဆက်လက်တိုးတက်နေဆဲ ဖြစ်သည်။

သူ့အတွက်လိုအပ်နေသည်က အမတကူးပြောင်းခြင်း အဆင့်သို့ တွန်းပို့ပေးနိုင်မည် အခွင့်အ‌ရေးတစ်ခုသာပင်။

ယခုတစ်ကြိမ် တံခါးပိတ်ကျင့်ကြံရာမှာတော့ ရန်တိအနေဖြင့် ကျင့်ကြံခြင်းတစ်ဆို့ခြင်းကို ဖြတ်ကျော်နိုင်မည်ဟု ရန်ကျောက်ကဲ မှန်းဆခဲ့သည်။

ရန်ကျောက်ကဲကတော့ ယွိချင်အဆက်အနွယ်၏ မူလကောင်းကင်ကျမ်းစာများ ကျင့်ကြံထားခြင်းကြောင့် အချိန် (၁)နှစ်မှ (၃)နှစ်အတွင်း အမတကူးပြောင်းခြင်းအဆင့်သို့ သေချာပေါက်တက်ရောက်နိုင်မည် ဖြစ်၏။

သို့သော် အခြားသောရွေးချယ်စရာရှိပါက ရန်ကျောက်ကဲက ထိုနည်းလမ်းကို အသုံမပြုချင်ပေ။

ထိုသို့ပြုလုပ်ခြင်းက သူချမှတ်ခဲ့သော စန်းချင်း (၃)ပါး တပြိုင်တည်းကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို စွန့်လွှတ်ခြင်းနှင့်ညီမျှသည်။

သို့ပေသိ သူက အမတကူးပြောင်းခြင်း းအဆင့်သို့ စန်းချင်း (၃)ပါးအဆက်အနွယ်၏ အမွေအနှစ် ပြည့်စုံစွာဖြင့် တက်ရောက်လိုပါက ထို စန်းချင်း (၃)ပါးနှင့်ပတ်သက်သည့် ထိပ်တန်းအဆင့်သိုင်းပညာရပ်များတစ်ခုစီ ထပ်မံလိုအပ်နေသည်။

ရန်ကျောက်ကဲတွင် ယွိချင်အဆက်အနွယ်၏ မူလကောင်းကင်ကျမ်းစာ (၁၀)စောင်တွင် (၆)စောင်ကို သိရှိထားပြီးဖြစ်သဖြင့် ယွိချင်အဆက်အနွယ်အတွက်က ပူပန်စရာမရှိပေ။

သေခြင်းတရားကိုကျော်လွန်ပြီး သိုင်းသူတော်စင်အဆင့်သို့တက်ရောက်စဉ်က ရန်ကျောက်ကဲ နဂိုကပင်သိရှိထားသော စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကို အသုံးပြုခဲ့ပြီး ထိုက်ချင်အဆက်အနွယ် သိုင်းပညာကိုတော့ ရိုးရှင်းစွာပင် သူကျင့်ကြံခဲ့သည့် သာမန်သိုင်းပညာများအားလုံးကို ပေါင်းစပ်အသုံးပြုခဲ့သည်။

နတ်ဘုရားသိမြင်ခြင်းအဆင့်သို့တက်ရောက်သည့်အခါမှာတော့ စန့်ချင်အဆက်အနွယ်မှ နတ်ဘုရားထောင်ချောက် ဓားသိုင်းကို ရရှိခဲ့ပြီး ထိုက်ချင်အဆက်အနွယ်မှ ထိုက်ကျိယင်ယန်လက်ဝါးသိုင်းကို အသုံးပြုခဲ့သည်။

သို့ရာတွင် ယခု အမတကူးပြောင်းခြင်းအဆင့်သို့ တက်ရောက်မည်ဆိုသောအခါ သူ့တွင် စန့်ချင်အဆက်အနွယ်နှင့် ထိုက်ချင်အဆက်အနွယ်သိုင်းပညာရပ် (၁)ခုစီလိုအပ်နေပြီ ဖြစ်သည်။

ယင်းကိုဖြေရှင်းရန် နည်းလမ်းမရှိလျှင် သူကျင့်ကြံနေသည့် စန်းချင်း (၃)ပါး သိုင်းပညာများ တပြိုင်တည်းကျင့်ကြံသည့် လမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းရန် နည်းလမ်းမရှိတော့ပေ။

“ကျောက်ဂူအိမ်တော်ဖွင့်တော့မယ့် အရိပ်အယောင်တွေရှိတယ်”

ရန်ကျောက်ကဲက သူ့လက်ထဲမှ ဖူချန်နှင်တံအကျိုးကိုကြည့်ရင်းဆိုသည်။

လွန်ခဲ့သော (၂)နှစ်တာကာလအတွင်း မလှုပ်မယှက်ရှိခဲ့သော ဖူချန်နှင်တံသည် ယခုတော့ အလင်းရောင်ခပ်မှိန်မှိန်လေး တောက်ပလာလေသည်။

“ဒါက ထိုက်ချင်အဆက်အနွယ်တွေရဲ့ အိမ်တော်တစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ် ၊ တကယ်လို့ အဲ့ဒီမှာ ထိုက်ချင်အဆက်အနွယ်သိုင်းပညာအမွေအနှစ်တွေရှိမယ်ဆိုရင် ငါ့အတွက် ကောင်းကောင်းအထောက်အကူဖြစ်မှာပဲ”

All Chapters