← Chapters

သုတ်သင်ခံလိုက်ရသည့်’ရှ’အိမ်တော်

Vol. 67 Ch. 942

သုတ်သင်ခံလိုက်ရသည့်’ရှ’အိမ်တော်

Vol. 67 Ch. 942

အခန်း (၉၄၂) သုတ်သင်ခံလိုက်ရသည့်’ရှ’အိမ်တော်

ရန်ကျောက်ကဲ အားဟူလက်ထဲမှ ဖူချန်နှင်တံ လေးကိုကြည့်လိုက်သည်။

အားဟူလည်း ဖူချန်ကို အံ့အားသင့်စွာကြည့်နေရင်း ခေါင်းမော့ပြီး ရန်‌ကျောက်ကဲကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

“အခုပဲ ဒီဖူချန် အခုပဲ လှုပ်ရှားသွားတယ်မဟုတ်လား”

ရန်ကျောက်ကဲ မေးလိုက်သည်။

အားဟူက ခေါင်းညိတ်ရင်း...

“ဟုတ်တယ် သခင်လေး”

သူက အရှေ့ဘက်သို့လက်ညှိုးညွှန်ပြရင်း...

“ဖူချန်နှင်တံရဲ့လှုပ်သွားတာတင်မဟုတ်ဘူး အဖြူရောင် အလင်းတန်းလမ်းကြောင်းလည်း လှုပ်ရှားသွားတယ် ၊ ဒါပေမဲ့ ချက်ချင်း ပြန်တည်ငြိမ်သွားတယ်”

အားဟူကပြုံးရင်း...

“သခင်လေး ... အဲဒါ ဖူချန်နှင်တံရဲ့ တခြားတစ်ဝက် ဖြစ်နိုင်မလား”

ရန်ကျောက်ကဲက...

“ဖြစ်နိုင်ပါတယ် ၊ ဒါပေမဲ့ နှင်တံတစ်ခုတည်းတော့မဟုတ်နိုင်ဘူး ၊ တခြားလမ်းကြောင်းနဲ့သဲလွန်စတွေ ရှိရဦးမယ်”

အကယ်၍ ထိုအရာက ဖူချန်နှင်တံ၏အခြားတစ်ဝက်သာလျှင် ဖြစ်ခဲ့ပါက သူတို့လက်ထဲတွင်ရှိနေသော နှင်တံတစ်ဝက်က ပိုပြီးပြင်းထန်စွာ တုံ့ပြန်သင့်သည်။

ရန်ကျောက်ကဲက ခဏမျှစဉ်းစားရင်း...

“ဒီလင်ကူ‌တောင်တန်းမှ ခဏရပ်ပြီး ပတ်ဝန်းကျင်ကိုလေ့လာကြတာပေါ့ ၊ ငါတို့မှာ ဓားသွေးဖို့အချိန်တွေရှိနေသေးတာပဲ”

လင်ကူတောင်တန်းဆိုသည်က ကျူတောပင်လယ်ဒေသ ၊ ကျောက်စိမ်းနေဝန်းတောင်တန်းနှင့် ဆည်းဆာကျွန်းစုတို့ကဲ့သို့ အရှေ့တောင်နေဝန်းထက်ယံပြည်နယ်အတွင်းတည်ရှိသည့် နယ်မြေတစ်ခု ဖြစ်သည်။

ထိုဒေသက ကျူတောပင်လယ်ဒေသထက် သေးငယ်သော်လည်း အာဏာချဲ့ထွင်ရန် ကြိုးပမ်းနေကြသည့် ဒေသတွင်းစွမ်းအားစုအချို့လည်း ရှိနေသည်။

ရန်ကျောက်ကဲက ဤနယ်မြေသို့ရောက်လာသည့်တိုင် သူ၏လှုပ်ရှားမှုများကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် ဒေသတွင်းစွမ်းအားစုများက မကြာခင် သူ့ကိုသတိထားမိသွားကြသည်။

သို့သော် ရန်ကျောက်ကဲက ဤသည်ကိုစိတ်မပူပဲ သူတို့နှင့် ပွင့်ပွင့်လင်းလင်းပင်အဆက်အသွယ်ပြုလုပ်ပြီး ဤနေရာနှင့်ပတ်သက်ပြီး သတင်းအချက်အလက်များကိုပင် မေးမြန်းစုံစမ်းခဲ့သည်။

အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တွင် သူက လောလောဆယ် ကျော်ကြားသူတစ်ယောက်ဟု ယူဆနိုင်သည်။ ပြီးတော့ သူက ခဏမျှဖြတ်သွားခြင်းဖြစ်ပြီး အချိန်ကြာမြင့်စွာနေထိုင်ရန် ရည်ရွယ်ချက် မရှိပေ။

ရန်ကျောက်ကဲ၏ ကျော်ကြားမှုနှင့် ကျင်းထင်တောင်နှင့် ရင်းနှီးသော ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားသည့်အခါ လင်ကူတောင်တန်းမှ စွမ်းအားစုများက သူနှင့် ကောင်းမွန်သောအပြန်အလှန်ဆက်ဆံရေးကို ဝမ်းမြောက်ဝမ်းသာ တည်ဆောက်ခဲ့ကြသည်။

အချို့ကတော့ ရန်ကျောက်ကဲ၏ရတနာပစ္စည်းများကို လိုချင်တပ်မက်ကြပေမည်။ သို့သော် မိမိတို့၏ အခြေအနေနှင့် အစွမ်းအစကို သိရှိရမည်ဖြစ်၏။

အထက်ဘုံကမ္ဘာ အခြားနေရာများတွင် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်သာရှိသေးသော ရန်ကျောက်ကဲအား ကိုယ်တိုင်ရင်ဆိုင်ဖူးခြင်းမရှိပါက လျှော့တွက်ကြမည်ဖြစ်သည်။

သို့သော် အရှေ့တောင် နေဝန်းကောင်းကင် ပြည်နယ်မှာတော့ ရန်ကျောက်ကဲကို လျှော့တွက်ရဲသူ ခပ်ရှားရှားပင်။

ဝါဒတောင်၏ ကနဦးကျော်ကြားမှုများမှာ ဤလူငယ်လေး ရန်ကျောက်ကဲကြောင့် ဖြစ်ကြောင်း သူတို့အားလုံး သိရှိကြသည် မဟုတ်ပါလား။

သူ၏အသက်အရွယ်နှင့် ရောက်ရှိနေသည့်ကျင့်ကြံခြင်း အဆင့်ကြောင့် ရန်ကျောက်ကဲကို လျှော့တွက်၍ မရနိုင်ပေ။

သို့သော် ရန်ကျောက်ကဲက ခရီးထွက်လာစဉ် ယိုးမင်ဂမ္ဘီရစက်ဝန်းကဲ့သို့ အမတမှော်ဝင်ပစ္စည်းကို သူနှင့်အတူ ယူဆောင်လာမည်မဟုတ်ဘဲ ဝါဒတောင်တွင်သာ သိမ်းဆည်းထားမည်ဟု တွေးတောမိကြ၏။

သို့ဖြစ်ရာ မည်မျှသတ္တိကောင်းပါစေ ရန်ကျောက်ကဲကို တိုင်ခိုက်ရန်မသင့်ဟု တွေးထင်ခဲ့ကြသည်။

ရန်ကျောက်ကဲနှင့်အားဟူတို့ လင်ကူတောင်တန်းဒေသသို့ရောက်ရှိလာသည်နှင့် ဒေသတွင်းအင်အားစုများထံမှ သတင်းအချက်အလက်များစွာ ရရှိခဲ့ကြသည်။

သတင်းအချက်အလက်များကို စိစစ်လိုက်သည့်အခါ ရန်ကျောက်ကဲ၏ စိတ်အာရုံကိုစွဲဆောင်နိုင်သည့် ကိစ္စတစ်ခုရှိလာသည်။

ရန်ကျောက်ကဲတို့ လင်ကူတောင်တန်းသို့ ရောက်မလာခင် မကြာသေးမီအချိန်မှာပင် ဤနေရာမှ အဆက်အနွယ်တစ်ခု ကပ်ဘေးကျရောက်ခဲ့သည်။

ကပ်ဘေးကျရောက်ပြီး ဖျက်ဆီးခံခဲ့ရသော အင်အားစုမှာ လင်ကူတောင်တန်း၏ တောင်ပိုင်းသစ်တောများထဲတွင် တည်ဆောက်ထားသော ‘ရှ’ အိမ်တော်ဖြစ်၏။

မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်ဟူ၍လည်း လူသိများသည်။

မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်က အထက်ဘုံကမ္ဘာတွင် မူလမြစ်ဖျားခံသော စွမ်းအားစုတစ်ခုမဟုတ်ပေ။

အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ဝါဒတောင် ၊ ယွမ်ဖူကမ္ဘာမှ ချုန်းယန်နေမင်းဂိုဏ်းတို့ကဲ့သို့ အောက်ဘုံကမ္ဘာမှ မြစ်ဖျားခံလာသည့် အိမ်တော်တစ်ခု ဖြစ်သည်။

‘ရှ’ အိမ်တော်သခင်က အောက်ဘုံကမ္ဘာတွင် သိုင်းတာအိုကို စွဲစွဲလန်းလန်း ကျင့်ကြံခဲ့ပြီး ပိုမိုမြင့်မားသည့် အဆင့်သို့တက်လှမ်းရန် ဆန္ဒရှိခဲ့သည်။

သူက အောက်ဘုံကမ္ဘာနေရာဒေသများကို လှည့်လည်သွားလာခြင်းဖြင့် မကျေနပ်နိုင်ခဲ့ပေ။ ထို့ကြောင့် အဆက်မပြတ် ကျင့်ကြံရင်း နောက်ဆုံးတွင် နတ်ဘုရားသိမြင်ခြင်း အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။

နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ရောက်ရှိပြီးနောက် ‘ရှ’ အိမ်တော်သခင် အထက်ဘုံကမ္ဘာသို့တက်ရောက်လာပြီး ဤနေရာတွင် သူ၏အိမ်တော်ကိုတည်ဆောက်ခဲ့သည်။

ထို့နောက်မှာတော့ သူက လင်ကူတောင်တန်းဒေသရှိ ကြီးမားသောအင်အားစုတစ်ခုမှ အကြီးအကဲတစ်ယောက်၏သမီးနှင့် လက်ထပ်ပြီး ထိုအင်အားစုအကူအညီဖြင့် မိုးကြိုးသံတောင်ထွတ်တွင် အခြေစိုက်ကာ ‘ရှ’အိမ်တော်ကို တည်ထောင်ခဲ့သည်။

လက်ရှိမှာတော့ သူ၏မျိုးနွယ်များ အများအပြားရှိနေပြီ ဖြစ်၏။

သို့သော် လွန်ခဲ့သည့်နှစ် အနည်းငယ်က မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်ကို ကျောထောက်နောက်ခံ ပြုထားပေးသည့် အင်အားကြီးအုပ်စုမှာ လင်ကူတောင်တန်း၏ စွမ်းအားစုများအားပြိုင်ခြင်းတွင် ကျရှုံးသွားခဲ့သည်။

ထိုတိုက်ပွဲတွင် ‘ရှ’ အိမ်တော်သည်လည်း အသေအပျောက်များစွာ ခံစားခဲ့ရပြီး ပထမမျိုးဆက် ‘ရှ’ အိမ်တော်သခင်သည်လည်း ကျဆုံးသွားခဲ့သည်။ ထို့နောက် ‘ရှ’ အိမ်တော် တဖြည်းဖြည်းယိုယွင်းလာသည်။

‘ရှ’ အိမ်တော်က သူတို့ကိုထောက်ပံ့ကူညီပေးနိုင်မည် ကျောထောက်နောက်ခံအသစ်ရရှိရင် ကြိုးစားခဲ့သော်လည်း ထိုသို့မလုပ်ဆောင်နိုင်ခင်မှာပင် ကပ်ဘေးတစ်ခု ကျရောက်လာသည်။

ထိုကပ်ဘေးက သူတို့အားလုံကို သုတ်သင်ပစ်လိုက်လေသည်။

‘ရှ’ အိမ်တော်ကို သုတ်သင်ပစ်လိုက်သည့် အင်အားစုအမည်က ‘သုံးပေတောင်’ ဟု ခေါ်သည်။ ထိုအင်အားစုက လင်ကူတောင်တန်းဒေသမှ သိုင်းဂိုဏ်းတစ်ခုမဟုတ်ပေ။

လင်ကူတောင်တန်းဒေသ၏ အိမ်နီးချင်းဒေသတစ်ခုဖြစ်သော ကျောက်စိမ်းလွင်ပြင်ဒေသတွင် ကျက်စားသည့် အင်အားစုတစ်ခု ဖြစ်၏။

ယခု ရန်ကျောက်ကဲ ကဲ့သို့ပင် ဤဒေသအတွက် ဧည့်သည်မျှသာ ဖြစ်သည်။

လင်ကူတောင်တန်းမှအင်အားစုများက အဘယ့်ကြောင့် ‘ရှ’ အိမ်တော်ကို သုတ်သင်ရကြောင်း မေးမြန်းသည့်အခါ ‘ရှ’ အိမ်‌တော်မှတပည့်များက သူတို့ သုံးပေတောင်မှတပည့်များကို သတ်ဖြတ်ခဲ့သည့်အတွက် လက်စားချေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သုံးပေတောင်တန်းက ‘ရှ’ အိမ်တော်ကိုသုတ်သင်ခဲ့သည့်တိုင် လင်ကူတောင်တန်းဒေသသို့ ကျူးကျော်ဝင်ရောက်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

သူတို့က ‘ရှ’ အိမ်တော်ကို သုတ်သင်ပြီးသည်နှင့် အခြားကိစ္စများကို ဝင်ရောက်စွက်ဖက်ခြင်းမပြုသလို လင်ကူတောင်တန်းမှ အခြားအင်အားစုများကိုလည်း အနှောင့်အယှက် မပေးဘဲ ထွက်ခွာသွားခဲ့သည်။

လင်ကူတောင်းတန်းဒေသမှာလည်း အတွင်းပိုင်းပဋိပက္ခများဖြစ်ပွားနေလေရာ ထိုကိစ္စကို လိုက်လံစုံစမ်းနိုင်ခဲ့ခြင်း မရှိပေ။

သို့သော် ‘ရှ’ အိမ်‌တော်ကို သုတ်သင်ပြီးနောက် သုံးပေတောင်မှလူများက သူတို့နေထိုင်သည့် ကျောက်စိမ်းလွင်ပြင် ဒေသတည်ရှိရာ မြောက်ဘက်သို့ ပြန်မသွားကြဘဲ အရှေ့ဘက်သို့ဦးတည်ထွက်ခွာသွားကြောင်း ရန်ကျောက်ကဲ သတင်းရရှိသည်။

သူတို့က အရှေ့ဘက်တွင်ရှိသော တောရိုင်းပင်လယ်ဒေသသို့ ဦးတည်သွားခြင်း ဖြစ်၏။

“ကျောက်စိမ်းလွင်ပြင်ဒေသ ၊ သုံးပေတောင်...”

ရန်ကျောက်ကဲက မျက်နှာထက်တွင် မည်သည့်စိတ်ခံစားချက်မှ လှစ်ဟမပြဘဲ ထိုနာမည်များကို မှတ်သားထားလိုက်သည်။

အရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ်တွင် ဤစွမ်းအားစုက အနည်းငယ်ထူးခြားသော်လည်း ရန်ကျောက်ကဲအနေဖြင့် သုံးပေတောင်ဆိုသည့်နာမည်ကို တစ်ခါမှမကြားခဲ့ဖူးပေ။

ထိုသိုင်းဂိုဏ်း၏အနေအထားက တာ့ရွှမ်တိုင်းပြည်နှင့် အနည်းငယ်ဆင်တူသယောင်ရှိသော်လည်း တကယ်တမ်းတွင် လုံးဝတူညီခြင်း မရှိပေ။

သုံးပေတောင်၏နောက်ကွယ်တွင် တန်ခိုးစွမ်းအားရှင်များရှိသည်မှန်သော်လည်း တာ့ရွှမ်တိုင်းပြည်နောက်ကွယ်တွင်ရှိသည့် တန်ခိုးစွမ်းအားရှင်များနှင့်တော့ ပုံစံတူညီခြင်း မရှိပေ။

အရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ်ကို ဖြတ်သန်းသွားလာသည့် အခြားသော တန်ခိုးစွမ်းအားရှင်များ၏ ပြောစကားအရဆိုလျှင် ယခင်တစ်ချိန်က သုံးပေတောင်မှာ ကျောက်စိမ်းလွင်ပြင်ဒေသတွင် သာမန်သိုင်းဂိုဏ်းတစ်ခုသာ ဖြစ်သည်။

နောက်ပိုင်းမှ အတော်လေးနာမည်ရလာပြီး အင်အားကြီးသိုင်းဂိုဏ်းကြီးတစ်ခု ဖြစ်လာခြင်းပင်။

သို့သော် ရှေးယခင်အချိန်ကတည်းက အရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ်တွင် အစဉ်အမြဲတည်ရှိခဲ့သော သုံးပေတောင်သည် အခြားနေရာမှဝင်ရောက်လာသည့် တာ့ရွှမ်တိုင်းပြည်နှင့် ကွဲပြားနေသည်ကတော့ အမှန်ပင်။

ကျင်းထင်တောင်ကလည်း တာ့ရွှမ်မင်းဆက်ကို သတိထားသကဲ့သို့ သုံးပေတောင်ကို သတိထားခြင်း မရှိခဲ့ပေ။

ရန်ကျောက်ကဲက မိုးကြိုးသံတောင်ထွတ်ကို မသိသလိုပင်ဖြတ်ကျော်သွားသည်။ သူက လှည့်ပတ်မနေဘဲ ပုံမှန်ပင် လမ်းလျှောက်သွား၏။

သူတို့ ဖြတ်သွားစဉ် မိုးကြိုးသံတောင်ထွတ် တစ်နေရာရောက်သည်နှင့် ဖူချန်နှင်တံတစ်ဝက်က အနည်းငယ်တုန်ခါသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ရန်ကျောက်ကဲနှင့်အားဟူတို့ အဓိပ္ပါယ်ပါပါဖြင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။

“သခင်လေး... ကြည့်ရတာ တခြားနှင်တံတစ်ဝက်က အရင်တုန်းက မိုးကြိုးသံတောင်ထွတ်က ‘ရှ’ အိမ်တော်မှာ ရှိတာဖြစ်ရမယ်”

အားဟူက ဆိုသည်။

“ကျောက်စိမ်းလွင်ပြင်ဒေသရဲ့ သုံးပေတောင်က ဒီအကြောင်းကိုသိသွားလို့ ‘ရှ’ အိမ်တော်ကိုသုတ်သင်ပြီး အဲဒီနှင်တံတစ်ဝက်ကို ခိုးသွားတာပဲ”

“သူတို့လည်း ကျောက်ဂူအိမ်တော်ကို ဖွင့်တဲ့အချိန်မီဖို့အတွက် အရှေ့ဘက်က တောရိုင်းပင်လယ်ဒေသကို အမြန်သွားကြတာ ဖြစ်နိုင်တယ်”

မိုးကြိုးသံတောင်ထွတ်တွင် နှင်တံနှင့်ပတ်သက်ပြီး ခြေရာများထင်ကျန်ရစ်နေသည်မှာ ‘ရှ’ အိမ်တော်က အခြားသော နှင်တံတစ်ဝက်ကို သန့်စင်ထားသောကြောင့် ဖြစ်နိုင်သည်။

ရန်ကျောက်ကဲက...

"ဟုတ်တယ်၊ အဲဒါဖြစ်နိုင်တယ်"

ထို့နောက် သူတို့ (၂)ယောက် စကားဆက်မပြောတော့ဘဲ ပန်ပန်ကိုစီးနှင်ပြီး အရှေ့ဘက်သို့ဆက်လက်ထွက်ခွာလာကြသည်။

ရန်ကျောက်ကဲက ‘ရှ’ အိမ်‌တော်နှင့် သုံးပေတောင်ကြားမှ ပြဿနာကို မမေးမြန်းခဲ့သော်လည်း ပြင်ပမှဝင်လာသည့် အုပ်စု (၂)စုက ဆက်တိုက်ဆိုသလို လင်ဟူတောင်တန်းမှ အရှေ့အရပ်သို့ သွားရောက်ကြခြင်းကြောင့် ဒေသတွင်း အင်အားစုများ စိတ်ဝင်စားလျက် ရှိကြသည်။

ရန်ကျောက်ကဲကတော့ သူတို့ကို စိတ်မဝင်စားပေ။

သူက အရှေ့ဘက် တောရိုင်းပင်လယ်ဒေသအတွက်သာ ပိုပြီးစိုးရိမ်ပူပန်လျက် ရှိလေ၏။

All Chapters