Chapters

ကြက်သွေးရောင်မီးဆန္ဒ

Vol. 11 Ch. 142

ကြက်သွေးရောင်မီးဆန္ဒ

Vol. 11 Ch. 142

နတ်ဘုရားတို့ရဲ့ ခြေလှမ်းကို စတင် အသုံးပြုလိုက်ပြီ ဆိုတာနဲ့ ခြေထောက်တွေမှာ ရှိနေတဲ့ ချီတွေက ပတ်ဝန်းကျင်က စွမ်းအင်တွေနဲ့ သဟဇာတ ဖြစ်အောင် ညှိပေးလိုက်ပါတယ်။ အဲသည်အခါမှာ လေထုဖိအား အလွှာတစ်ခုက ဖြစ်ပေါ်လာပြီး အသုံးပြုသူရဲ့ ခြေထောက်တွေကို ပိုမြန်လာအောင် အထောက်အကူ ပေးတယ်လေ။ လီဖူလျန်းက ဘာဆွဲငင်အားကိုမှ မခံစားရတော့ဘဲ ပျံသန်း နေသလိုပါဘဲ။ လေဟုန်စီးကာ ပျော်ပါး နေပါတယ်လေ။

ဒီနည်းစနစ်မှာ အားနည်းချက်ဆိုလို့ ကိုယ်လိုချင်တဲ့ နေရာ ဦးတည်ချက်တွေကို အမြန် ပြောင်းလဲပစ်လိုက်လို့ မရတာပါဘဲ။ အရိပ်မဲ့ ခြေလှမ်းလိုတော့ တစ္ဆေတစ်ကောင်လို သွားချင်တဲ့ နေရာသွားပြီး ပေါ်ချင်တဲ့ နေရာမှာ ပေါ်လာလို့တော့ မရဘူးပေါ့လေ။

နတ်ဘုရားတို့ရဲ့ ခြေလှမ်း ပထအဆင့်ကို ကောင်းကောင်း ကျွမ်းကျင် ပြီးသွားပြီ ဆိုတာနဲ့ လီဖူချန်းက အချိန်မဆိုင်းဘဲ ဒုတိယအဆင့်ကို စတင် လေ့ကျင့်ပါတော့တယ်။

ဒီဒုတိယ အဆင့်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ အောင်မြင်ဖို့က ပထမအဆင့်ထက်တော့ အတော်လေး ခက်ခဲတာပေါ့။

ဒီအဆင့်မှာတော့ ခြေထောက်မှာရှိတဲ့ အတွင်းအားတွေကို ပတ်ဝန်းကျင်က စွမ်းအင် စီးဆင်းနှုန်းနဲ့ သဟဇာတ ဖြစ်လာအောင်တင် မကပါဘူး။ ခြေထောက် လှုပ်ရှားလိုက်တာနဲ့ လေနက္ခက်တွေ ပေါ်လာဖို့ လိုပါသေးတယ်။ ဒါမှ ဆန်းကြယ် နတ်ဘုရား လေထုကို ပုံဖော်နိုင်မှာလေ။

ဒီလို လေနက္ခက်တွေ ပေါ်လာပြီ ဆိုတာနဲ့ လီဖူချန်းက မြေပေါ်ကို မကြာခဏ ခြေချစရာ မလိုတော့ဘဲ အချိန်အကြာကြီး လေထဲမှာ ပျံသန်းနေနိုင်မှာပါ။

လီဖူချန်းက ဒုတိယအဆင့်ကိုတော့ လဝက်လောက် အချိန်ယူပြီး လေ့ကျင့်လိုက်ရပါတယ်။

***

တောင်ထွတ်တစ်ခုရဲ့ အပေါ်မှာတော့ လူရိပ်တစ်ရိပ်ဟာ မြေပြင်ပေါ်ကနေ အတော်ဝေးဝေးမှာ ရှိနေပြီး ပျံသန်းနေပါတယ်။ သူ့ရဲ့အမြန်နှုန်းက မြန်လွန်းတဲ့အတွက် အရိပ်ခြေရာတွေဘဲ ကျန်နေခဲ့ပါတယ်။ ကြည့်ရတာတော့ ဒီလူရိပ်က လေတွေကို စီးနင်း နေသလိုပါဘဲ။ ဒါက တကယ်ကို မယုံနိုင်စရာ ကောင်းတဲ့ မြင်ကွင်းတစ်ခုပင် မဟုတ်ပါလား။

“လခွီး …  ပြဿနာပဲ။ ငါအရမ်းကို မြန်လွန်းနေပြီ”

လီဖူချန်းက ပြဿနာ တက်နေပါပြီလေ။ အရင်တုန်းက သူဘယ်လောက်ပဲ မြန်မြန် ပတ်ဝန်းကျင်က ဖြစ်ပျက်နေသမျှကို အကုန် မြင်ရပါတယ်။ ဒါပေမဲ့ အခုတော့ သူ့မျက်လုံးတွေက ဘာမှကို သဲသဲကွဲကွဲ မမြင်ရတော့ပါဘူး။

အရိပ်မဲ့ ခြေလှမ်းတုန်း ကတော့ သူ့အမြင်အာရုံက အရာအားလုံးကို တိတျကျကျ မြင်ခဲ့ရပြီး ဒီနည်းစနစ်ကျမှ ဘာဖြစ်ရတာပါလိမ့်။

“ငါတော့ ဂွကျပါပြီကွာ။ ဒီလောက် မြန်နေမှတော့ ငါက သူများနဲ့ တိုက်တဲ့ အခါကျရင် ဘယ်လို ရှောင်နိုင်တော့မှာတုန်း"

လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ သူက နည်းလမ်းတစ်ခုကို စဉ်းစားလိုက်မိပါတယ်။ လေအရိပ် ကိုယ်ဖော့ပညာနဲ့ ပေါင်းပြီး စမ်းသပ် ကြည့်ရမယ်လေ။ လေအရိပ် ကိုယ်ဖော့ပညာနဲ့ ဒီနတ်ဘုရားတို့ရဲ့ ခြေလှမ်းကိုသာ ပေါင်းစပ်လိုက်လို့ ကတော့ မည်မျှတောင် မြန်သွားလိုက် မလဲလေ။

သိမ်မွေ့ညင်သာတဲ့ လှုပ်ရှားမှု တစ်ခုကို လုပ်လိုက်ပြီး လီဖူချန်းက ပျောက်ကွယ် သွားပါတော့တယ်။ လူရိပ်တစ်ရိပ် ကတော့ လေထဲမှာ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်ပေါ်လာပါပြီ။

“အသံကတော့ ကြားနိုင်သေးတယ်။ ဒါပေမဲ့ အမြန်နှုန်းကတော့ လုံးဝ ခန့်မှန်းလို့တောင် မရတော့ဘူး။ ကြည့်ရတာ ဒီလေအရိပ် ကိုယ်ဖော့ပညာနဲ့ နတ်ဘုရား ခြေလှမ်းက လေထုရဲ့ ခုခံအားကိုတော့ မလျော့ကျစေဘူးဘဲ” လီဖူချန်းက ရေရွတ်လိုက်ပါတယ်။

သူက ဘေးဘီကို ကြည့်လိုက်တဲ့ အခါမှာတော့ အိုးထိန်းစက် တစ်လုံးထဲ ရောက်နေတဲ့ အလားကို ချာချာလည် လာပါတော့တယ်။ သူက ဘာကိုမှ သေချာ မမြင်ရတော့ပါဘူူး။

လီဖူချန်းက ခေါင်းတွေ မူးလာတဲ့အတွက် မျက်လုံးကို မှိတ်ထားလိုက်ပါတယ်။ အဲဒီအခါမှာတော့ သူ့အတွက် ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကို သိလိုက်ရပါတယ်။ အပြာရောင်နဲ့ အစိမ်းရောင် ရောယှက်နေတဲ့ အလင်းတန်းတစ်ခုက သူ့ရဲ့မျက်လုံးကနေ ထွက်ပေါ်လာပါတယ်။ ဒီအလင်းတန်းက သူ့ရဲ့ စိတ်ဝိညာဉ်ကနေ ပေါ်လာတာပါ။ နောက်ဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့ပတ်ဝန်းကျင်က အရာတွေကို သဲသဲကွဲကွဲ မြင်လာရပါပြီလေ။

***