အခန်း (၃၄၇)
Vol. 24 Ch. 347
နောက်တစ်နေ့ နံနက် လင်းရီ မျက်လုံးဖွင့်လာသည့် အချိန်တွင်တော့ ကိုးနာရီကျော်နေပြီး ဝီချက်ထဲတွင်လည်း ကျီချင်းရန်ပို့သည့် စာတိုများ ရှိနေလေသည်။
ကျီချင်းရန် : နင် မနေ့ညက အိပ်တာ အရမ်းနောက်ကျသွားတာလား...နင်က ပိုက်ဆံလည်း အဲ့လောက် ရှားနေတာလည်း မဟုတ်ပဲနဲ့ ဘာလို့ အဲ့လောက်ထိ ပင်ပန်းအောင် လုပ်တာ..နင် နိုးလာတဲ့အချိန်ကျရင် ငါ့ဆီဖုန်းဆက်နော်...
သူမ အလုပ်သွားသည့် အချိန် လာမကြိုသောကြောင့် သူအအိပ်လွန်နေသည်ဟု ကျီချင်းရန် ထင်မှတ်သွားခြင်း ဖြစ်လောက်၏။
သို့သော်လည်း စာထဲရှိ စိတ်ပူနေသည့် လေသံကို ခန့်မှန်းကြည့်ပါက သူ့နေ့လည်သို့ ရောက်သည့် တိုင်အောင် ဖုန်းမဆက်ပါက သူမ ရဲခေါ်လောက်သည်အထိ ဖြစ်သွားနိုင်သည်။
သို့နှင့် လင်းရီလည်း သူမစိတ်ပူနေတာ သက်သာသွားအောင် မက်ဆေ့ခ်ျများ ဖတ်ပြီးနောက် ဖုန်ုးပြန်ခေါ်လိုက်၏။ ပေါက်တတ်ကရများ လျှောက်ပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။
ဖုန်းထဲတွင်တော့ ကျီချင်းရန်မှာ လင်းရီ အလုပ်နားစေရန် 'ငါနင့်ကို ရှာကျွေးမယ်'ဟု မပြောရုံတမယ် စကားများကို ဆိုခဲ့၏။
မျက်နှာသစ်ပြီးသည့်နောက် လင်းရီ ရိုးရှင်းသည့် နံနက်စာကို သုံးဆောင်ကာ တက္ကစီ ပြေးသည့် လုပ်ငန်းစဉ်ကို စတင်လေသည်။
အချိန်အကြာကြီးမောင်းနှင်လာခဲ့ပြီးနောက် လင်းရီ လက်ရှိ အသက်မွေး၀မ်းကျောင်းအလုပ်နှင့် အတော်လေး နေသားကျလာခဲ့၏။
သူ၏ ယာဉ်မောင်းစကေးမှာလည်း တစထက်တစ တိုးတက်လာပြီး နေ့တိုင်းနီးပါး လူပေါင်းစုံတို့နှင့် ပြောဆိုဆက်ဆံလာနိုင်ခဲ့သည်။
ဤအလုပ်မှာ မဆိုးဟုတောင် လင်းရီ ခံစားမိလာခဲ့၏။ ခန္တီပါရမီကို ဖြည့်ဆည်းရာလည်း ရောက်လေသည်။
နေ့လည်တစ်နာရီ ထိုးသည့် အချိန်တွင်တော့ လင်းရီ အော်ဒါခုနစ်ခု ပြီးမြောက်သွားပြီး ကီလို တစ်ရာကျော်မျှ မောင်းနှင်ကာ မစ်ရှင်ပြီးမြောက်ရန် နောက်ထပ် ခြေတစ်လှမ်းနီးကပ်လို့လာခဲ့၏။
ကလင် ကလင် ကလင်
နောက်ထပ် အော်ဒါတစ်ခု လက်ခံတော့မည့် အခ်ျန်တွင် ၀မ်ရန်မှ ဖုန်းခေါ်လာခဲ့သည်။
"တီချယ်...ကျွန်မတီချယ့်ကို တင်ပြစရာလေးတွေရှိလို့..."
"အင်း ပြောလေ..."လင်းရီ ကားကို လမ်းဘေး၌ ထိုးရပ်လိုက်ပြီး ၀မ်ရန် အစီရင်ခံတင်ပြသည်ကို နားထောင်ရန် အသင့်ဖြစ်နေလေသည်။
သူမ၏ စီးပွားရေးနှင့် ပတ်သက်၍ အရည်အချင်းတို့မှာ လိုအပ်ချက်တစ်ချို့ ရှိနေသော်လည်း အလုပ်အပေါ် စီမံခန့်ခွဲမှုကတော့ အပြစ်ဆိုစရာ မရှိလောက်အောင် ကောင်းမွန်ပေသည်။ နေ့စဉ်ရက်ဆက် ကုမ္ပဏီသို့ ရောက်ရှိလာသည့် စာဖိုင်များကို အဓိကနှင့် သာမည ခွဲခြားပြီးမှ သူ့ထံသို့ ပို့လေ့ရှိ၏။
အကယ်၍ အရေးကြီးကိစ္စ ရှိလာပြီဆိုလျှင်လည်း ယခုကဲ့သို့ ချက်ချင်း ဖုန်းခေါ်တတ်ပေသည်။
"Cisco နဲ့ ကျွန်မတို့ သဘောတူထားတဲ့ ချစ်ပ်ပမာဏ အကန့်အသတ်က ပြည့်သွားခဲ့ပြီ...ဒါပေမယ့် ဒီနေ့ နောက်ထပ် ကွန်တိန်နာ နှစ်စီး ၀င်လာခဲ့တယ်...ပြီးတော့ နှစ်စီးလုံးကလည်း ကုန်ကြမ်းတွေနဲ့ ပြည့်နှက်နေတာ...ကြည့်ရတာတော့ သူတို့ဘက်က စာချုပ်ထဲ ရေးထားတာထက် ပိုပြီး ထုတ်ဖို့ ပြင်ဆင်နေပုံပဲ..."
လင်းရီ ခေါင်းညိမ့်လိုက်သည်။ ၀မ်ရန်၏ ယခင် တင်ပြချက်များမှ တစ်ဆင့် ယခုလို နေ့ရက်မျိုး အနှေးနှင့် အမြန်ရောက်ရှိလာတော့မည်ကို ကြိုတွေးထားပြီးဖြစ်၏။ အချိန်စာရင်းအရဆိုပါက သူမျှော်လင့်ထားသည်နှင့် လေးငါးရက်ခန့်သာ ကွာခြားပေသည်။
"အဲ့တာထက် ..ချောင်ရှန့်ယွီကကော ဘာတွေ လုပ်နေလဲ...."လင်းရီ မေးမြန်းလိုက်သည်။
"ကျွန်မ ဖုန်းထဲက တစ်ဆင့် ကြားထားတာတော့ Cisco က ချစ်ပ်တွေကို နောက်တစ်သုတ် ထပ်ထုတ်ဖို့ ရှိတယ်လို့တော့ ကြားထားတာပဲ..ဒါပေမယ့် ဘယ်အချိန်လဲဆိုတာတော့ ကျွန်မလည်း သေချာမသိဘူး..."
"အင်း...နားလည်ပြီ..."လင်းရီ ပြောလိုက်ပြီး "ငါ့ကို စက်ရုံမှာ စောင့်နေ..ခုလာနေပြီ..အိုး..ပြီးတော့ ငါ့ကိုတစ်ခုလုပ်ထားပေးဦး...မြေတူးစက်နှစ်ခုလောက် စက်ရုံကို ကြိုခေါ်ထားလိုက်...မြန်မြန်လေးရဖို့ လိုတယ်နော်..ငါ သူတို့ကို နောက်ကျ သုံးမှာ..."
"ဟုတ်ကဲ့..နားလည်ပါပြီတီချယ်"
လင်းရီ အဘယ်ကြောင့် မြေတူးစက်များ လိုချင်နေသည်ကို နားမလည်သော်လည်း ပြန်မေးဝံ့သည့် သတ္တိတို့ မရှိချေ။ ထို့ကြောင့် ရိုးရှင်းစွာ ခေါင်းညိမ့်၍ သဘောတူလိုက်လေသည်။
လင်းရီ ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်ပြီး ပါကင်ထိုးလို့ရသည့် နေရာကို မြင်တော့ ပါကင်၀င်ထိုးလိုက်၏။ ထို့နောက် တက္ကစီငှားပြီး ရှန်းယွီစက်မှုဇုန်သို့ ထွက်လာခဲ့လိုက်၏။
လွိုင်ကန်မှာ ဂုဏ်ရှိန်၀င့်ဝါလွန်းသည်။ အကယ်၍ သူသာ လွိုင်ကန်ကြီး စီးလာက တစ်ဖက်လူကို ရှင်းပြ၍ ရမည်မဟုတ်သလို ငွေလိမ်လည်လို့လည်း ရတော့မည် မဟုတ်ချေ။
သရုပ်ဆောင်တစ်ဦးအနေနှင့် သူပိုပြီး ပရော်ဖက်ရှင်နယ် ဆန်ရပေမည်။
မိနစ်လေးဆယ်ကြာပြီးနောက် လင်းရီစီးလာသည့်တက္ကစီမှာ ရှန်းယွီ စက်မှုဇုန်အတွင်းသို့ ၀င်ရောက်လာခဲ့၏။
ထုံးစံအတိုင်း လင်းရီ Cisco ၏ အ၀င်၀၌ အချိန်အနည်းငယ်ကြာအောင် စောင့်ဆိုင်းလိုက်သည်။
သို့သော်လည်း ယနေ့တွင်တော့ သူ မတူညီတာ တစ်ခုက်ု ရှာဖွေတွေ့ရှိသွားသည်။
တိုရိုတာကိုစတာ ကားနှစ်စင်းမှာ Cisco စက်ရုံမှ ထွင်လာခဲ့ပြီး အဝေးသို့ မောင်းနှင်သွားသည်က်ု မြင်တွေ့လိုက်ရ၏။
ယင်းက လင်းရီကို သံသယစိတ်များ ဖြစ်ပေါ်လာစေသည်။
သာမန်ဆိုလျှင် အရာရှိကြီး များသာ ထိုကဲ့သို့ ကားမျိုးကို မောင်းနှင်ကြပေသည်။ ဖြစ်နိုင်သည်က အထက်ကြီးပိုင်းများမှ စက်ရုံကို လာရောက် စူးစမ်းနေသည်လော။
ထိုအချက်ကိုတွေးကြည့်လိုက်သည့်အချိန်တွင်တော့ ဖြစ်နိုင်ချေများပေသည်။
Cisco ၏ ချစ်ပ်ဗားရှင်း ၁.၀ မှာ ချစ်ပ်နယ်ပယ်၏ အသိမှတ်ပြုခြင်းကို ခံထားရ၏။ ကျိုးဟိုင်ကို အဆင့်မြင့် နည်းပညာမြို့တော်အဖြစ်သို့ တိုးမြင့်ပေးနိုင်သည့် ချစ်ပ်ဖြစ်သည့်အလျှောက် အထက်ကြီးပိုင်းတစ်ချို့မှ လာရောက်စူးစမ်းသည်ကို နားလည်းပေး၍ရသည်။
လင်းရီ မေးစေ့ပွတ်ပြီး စဉ်းစားလိုက်၏။ အကယ်၍ ထိုအထက်ကြီးပိုင်းများသာ တရား၀င် လာရောက် စူးစမ်းသည်ဆိုပါက ချောင်ရှန့်ယွီတွင် ရှိုးပြရန် အခွင့်အရေးတစ်ချို့ ရှိလေသည်။
Cisco စက်ရုံသို့ ရောက်လာသည့် အချိန်တွင်တော့ မြေတူးစက်နှစ်ခုမှာ အပေါက်၀၌ ထိုးရပ်ထားသည်ကို မြင် တွေ့လိုက်ရ၏။ ၎င်းကို မြင်တော့ လင်းရီ ၀မ်ရန်ကို တိတ်တဆိတ် ချီးကျုးမိလိုက်လေသည်။
စက်ရုံအနီးသို့ ရောက်လာလေလေ ဝေါ့ရှော့ထဲရှိ စက်သံများ ဆူညံနေသည်ကို ကြားနေရလေလေဖြစ်ပြီး လူအများအပြားမှာလည်း အလျင်စလိုနှင့် ၀င်ထွက်သွားလာနေသည်ကို မြင်နေရသည်။
အချို့ဆိုလျင် လက်ထဲတွင် ပန်ကိတ်ကိုင်ပြီး ပြေးလွှားနေကြ၏။ စားချိန်ပင် မရလောက်သည်အထိ အလုပ်များနေကြပုံပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က တိတ်ဆိတ်ခြောက်ကပ်နေသည့် စက်ရုံဟု ပြောလျှင်တောင် မည်သူမျှ ယုံကြလိမ့်မည် မဟုတ်။
ရုံးခန်းသို့ ရောက်သည့် အချိန်တွင်တော့ ၀မ်ရန်မှာ သူမ၏ ကွန်ပျူတာနှင့် အလုပ်ရှုပ်နေလေသည်။ သူမပုံစံမှာ လုံး၀က်ု အဆင့်မြင့် ရုံး၀န်ထမ်း အမျိုးသမီးတစ်ယောက်၏အသွင်ဖြစ်နေတော့၏။
"တီချယ်လင်း ရောက်လာပြီလားရှင့်..."၀မ်ရန် မတ်တပ်ရပ်ပြီး ပြုံးပြနှုတ်ဆက်လိုက်သည်။
"မြေတူးစက်ကတော့ ဒီရောက်နေပြီ..တီချယ်လင်း ပြန်ပြုပြင်ချင်တာများ ရှိနေလို့လားဟင်..."
"ငါက ပြုပြင်မွမ်းမံဖို့ မဟုတ်ဘူး..ဖြိုချဖျက်ဆီးဖို့..."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "မြေတူးစက် မောင်းတဲ့ သူတွေကို ပြောလိုက်ကွာ ...ကုန်လှောင်ရုံတွေကို အကုန် ဖြိုချပစ်လိုက်လို့...."
"အမ်....ကုန်လှောင်ရုံတွေကို ဖြိုချပစ်မယ်...."
၀မ်ရန်၏ အမူအရာမှာ ရုတ်ချည်း အေးခဲသွားခဲ့သည်။ လင်းရီ ဘာကို ဆိုလိုချင်နေလဲဆိုတာ သူမ နားမလည်နိုင်သလို ခံစားလိုက်ရ၏။
"ငါပြောတဲ့ အတိုင်းသာ လုပ်ခိုင်းလိုက်..အဲ့လိုလုပ်ရင် တစ်ယောက်ယောက် လာတားလိမ့်မယ်..."
"အွန်း...အိုကေလေ...."
၀မ်ရန် မည်သိူ့မျှ နားမလည်နိုင်တော့ချေ။ ကုန်လှောင်ရုံများမှာ သူတို့ရှေ့နားတွင် ရှိနေပြီး မြေတူးစက်တို့မှာလည်း စက်ရုံအ၀င်၀နားလေးတွင်ပင်။ သူတို့သာ ဖြိုချချင်ပါက ချက်ချင်း ဖြိုချစ်၍ရ၏။အကယ်၍ တစ်စုံတစ်ယောက်မှ တားမြစ်ချင်လျင်တောင် နောက်ကျသွားချေပြီ။
နှစ်ယောက်သားရုံးခန်းထဲမှ ထွက်လာခဲ့ကြပြီး မြေတူးစက်နှစ်စီးမှာ အသင့်အနေအထား ဖြစ်နေလေသည်။ လင်းရီအမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူတို့တာ၀န်ထမ်းဆောင်ရန် အဆင်သင့်ပင်။
"ရှီးဖော်...မြန်မြန်လေး..ကျုပ်လုပ်စရာတွေ ရှိသေးတယ်..ကျုပ်တို့နောက်က ကုန်လှောင်ရုံလေးခုလုံးကို ဖြိုချပစ်လိုက်..ပြီးရင် နှစ်မီတာလောက်နက်တဲ့ ကန်ကြီးတစ်ကန်ကို တူးကြမယ်..."
"သူဌေး..ဒီလောက်ကောင်းတဲ့ ကုန်လှောင်ရုံတွေကို ဖျက်ပစ်မယ်ဆိုတော့ နှမြောစရာမကောင်းဘူးလားဗျာ...."ရိုးသားသည့် ရှီးဖော်မှ ပြောလိုက်၏။
"ဘာနှမြောနေစရာလိုလို့လဲ...ကျုပ်က ကန်အကြီးကြီး တူးပြီးတော့ ခိုအီငါးတွေ မွေးတော့မှာ..ကျုပ်ရဲ့ ဖုန်းရွှေ ပြောင်းလဲလာတဲ့အချိန်ကျ သေချာပေါက် ငွေတွေ အများကြီး ၀င်လာတော့မှာ..ဘာလို့ ဒီသောက်သုံးမကျတဲ့ ကုန်လှောင်ရုံတွေကို ဘာကိစ္စ ဂရုစိုက်နေရမှာလဲ..."
"မဖြစ်နိုင်တာ...ခင်များ က ကုန်လှောင်ရုံတွေ ဖြိုချပြီးတော့ ခိုအီငါး မွေးချင်နေတယ်...."
မြေတူးစက်မောင်းဆရာမှ အံ့အားသင့်သွားခဲ့သည်။ ဒါကြီးက ဖြုန်းတီးရာ မကျလွန်းဘူးလားဟ...
ခင်များရဲ့ အပြုအမူတွေနဲ့ဆိုရင် ခိုအီငါးတောင်မှ ကောင်းကောင်းမွေးနိုင်မယ့်ပုံမပေါ်ဘူး...
"အမှန်ပဲ..ခုပဲ ဖြိုချပစ်လိုက်တော့..တကယ်လို့ အကျိုးသက်ရောက်မှုက ကောင်းတယ်ဆိုရင် အနာဂတ်ကျ စက်ရုံကြီးမှာ ဖြိုချပစ်လိုက်မယ်...ကျုပ်သာ အများကြီး မွေးထားလိုက်မယ်ဆိုရင် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ဖြစ်မသွားနိုင်ဘူးလား...."
မြေတူးစက်မောင်းနှင်သူများမှာတော့ လုံး၀ ဆွံ့အနေကြသည်။
သူတိူ့ ထမင်းသားလာတာ နှစ်ပေါင်းမနည်းပြီဖြစ်သော်လည်း ခိုအီငါးမွေးပြီး ချမ်းသာလာသူကိုတော့ သူတို့ မမြင်ဖူးသေးပေ။
"ကောင်းပြီ..ပြောနေတာကြာတယ်..မြန်မြန် အလုပ်စကြတော့...."
လင်းရီပြောလိုက်ပြီး "ကျုပ် အတွင်းရေးမှူးပြောတာတော့ ခင်များတို့ တစ်ရက်ကို ၁,၅၀၀ ရတယ်ဆို...တကယ်လို့ မြန်မြန်ဖြိုချပေးမယ်ဆိုရင် ကျုပ်က ၂,၀၀၀ပေးမယ်..."
"အာဟား...ဘော့စ်ကို မြင်လိုက်ပြီဆိုကတည်းက ခိုအီငါးမွေးတဲ့ လုပ်ငန်းက အကြီးအကျယ်အောင်မြင်တော့မယ်ဆိုတာ ကျုပ်တို့ ကြိုမြင်ယောင်ပြီးသား...နောင်ငါးနှစ်အတွင်း ဘော့စ်က ကမ္ဘာ့အချမ်းသာဆုံး စာရင်း၀င်ဖြစ်လာမယ်ဆိုတာ လုံး၀ကို အသေအချာပဲ...."
"ကြားရတာတော့ နားအရသာရှိသားပဲ..မြန်မြန်အလုပ်စတော့.. ဂိုဒေါင်လေးခုလုံး ဖြိုချပစ်လိုက်ကွာ..."
"အိုကေဘော့စ်...."
ဒရိုင်ဘာနှစ်ယောက်မှာ မြေတူးစက်များထဲသို့ ၀င်သွားခဲ့ကြသည်။ သူတို့နှစ်ယောက်လုံး အာရုံစူးစိုက်မှုအပြည့်ရှိနေကြပြီး ကုန်လှောင်ရုံလေးခုကို မဆိုထားဘိ၊ လေယာဉ်တင် သင်္ဘောကြီးများကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည်အထိ ယုံကြည်ချက်များ ပြည့်၀နေကြတော့၏။
လင်းရီ ၀မ်ရန်ကို ဘေးသိူ့ ခေါ်လာခဲ့ပြီး သူနှင့် အတူ အဝေးမှ ကြည့်ခိုင်းလိုက်သည်။
၀မ်ရန်၏ နှလုံးသားလေးမှာတော့ တဆစ်ဆစ်နာကျင်ကိုက်ခဲနေလေသည်။
ကုန်လှောင်ရုံများကို ယခုလို ဖျက်ဆီးပစ်ပါက နှမြောစရာကောင်းလွန်းလှ၏။
'ဘော့စ်ပြောတော့ တစ်ယောက်ယောက်က လာတားပါမယ်ဆို...ခု ဘယ်သူက လာတားနေလို့လဲ...
မဟုတ်မှလွဲရော ချောင်ရှန့်ယွီများလား...
ဒါပေမယ့် သူက Cisco မှာလေ..ဒီလိုဖြစ်နေတာတောင်မှ သိလောက်သေးမှာ မဟုတ်ဘူး..ဘယ်လိုလုပ်ပြီး အချိန်မှီ လာတားလို့ ရမှာလဲ...'
ကလင် ကလင် ကလင်
ထိုအချိန်တွင် လင်းရီ၏ ဖုန်းသံ မြည်လာခဲ့ပြီး မျှော်လင့်ထားသည့် အတိုင်း ချောင်ရှန့်ယွီမှ ဖုန်းဆက်လာခဲ့ခြင်းပင်။
၀မ်ရန် အံ့အားသင့်သွားခဲ့ပြီး
"တီချယ်...ချောင်ရှန့်ယွီ ဖုန်းဆက်လာတယ်ကော...."