အခန်း (၃၄၈)
Vol. 24 Ch. 348
"ဘာလို့ အဲ့လောက်ထိ စိတ်လှုပ်ရှားနေတာ..."လင်းရီ ပြုံးလိုက်ပြီး "စိတ်အေးအေးထား..."
"သူက တီချယ် ဂိုဒေါင်တွေ ဖြိုချတာကို တားမလို့ပေါ့နော်..."
"ဒါပေါ့..မဟုတ်ရင် ဒီငနဲက ဒီချိန် ဖုန်းဆက်ဖို့ အားမယ်များ ထင်နေတာလား..."
"ဒါပေမယ့် ကျွန်မတို့ ဂိုဒေါင်တွေကို ဖျက်ဆီးတော့မယ်ဆိုတာ သူက ဘယ်လိုလုပ်ပြီး သိသွားတာ.."
"တွေးကြည့်ကြည့်လေ...."
၀မ်ရန် တခဏမျှ အတွေးနက်သွားပြီး နောက်ဆုံးတွင် ပြူးကျယ်နေသည့် မျက်၀န်းတို့ဖြင့် "သူက ကျွန်မတို့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားတယ်လို့တော့ မပြောနဲ့နော်...."
"တော်တယ်...."လင်းရီ ပြုံးလိုက်ပြီး
"ခု တံခါးနားမှာ စောင့်နေတဲ့ ဂိတ်မှူးတောင် သူ့လူယုံ ဖြစ်နေလောက်ပြီ...မင်းနဲ့ငါ ဘာပဲလုပ်လုပ် သူ့ဆီ သတင်းတွေ အမြဲတမ်း ရောက်နေတော့မှာ..."
လင်းရီ ဖုန်းကို မကိုင်ဘဲ တန်းချပစ်လိုက်၏။
"တီချယ်...ဘာလို့ ဖုန်းမကိုင်လိုက်တာလဲလို့...ကိုင်လိုက်လေ...."၀မ်ရန် မနေနိုင်ပဲ ၀င်ပြောမိလိုက်သည်။
သူမ ယခုလို တစ်ယောက်ယောက်မှ ဖုန်းခေါ်လာမည်ကို ရင်တမမနှင့် စောင့်ဆိုင်းနေခဲ့ရ၏။အကယ်၍ လင်းရီသာ ဖုန်းမဖြေပါက သူမ မျှော်လင့်ထားခဲ့ရသမျှ သဲထဲရေသွန် ဖြစ်သွားပေတော့မည်။
"ဘာတွေ လောနေတာလဲ...မင်းဒီလောက်ထိ ဂနာမငြိမ် ဖြစ်နေတယ်ဆိုရင် အနာဂတ်ကျ ကိစ္စကြီးတွေဆိုရင် ဘယ်လိုလုပ်တော့မှာ...."
"ဟုတ်ကဲ့ပါ...."၀မ်ရင်း စိတ်ပျက်အားလျော့သွားပြီး တိုးညင်းသည့် လေသံလေးဖြင့် ပြောလိုက်သည်။
ကလင် ကလင် ကလင်
တစ်ချိန်တည်းတွင် ချောင်ရှန့်ယွီမှ နောက်တစ်ကြိမ် ခေါ်ဆိုလာခဲ့ပြန်သည်။
သိူ့သော်လည်း ဤတစ်ကြိမ်တွင်တော့ လင်းရီဖုန်းမချလိုက်တော့ပဲ ဆက်မြည်နေစေလိုက်၏။
သုံးကြိမ်ဆက်တိုက် ဖုန်းခေါ်ဆိုလာခဲ့သော်လည်း လင်းရီ တစ်ကြိမ်မျှ ဖုန်းမဖြေခဲ့ပေ။
မိနစ်အနည်းငယ်ကြာပြီးနောက် မြေတူးစက်နှစ်ခုမှာ ဂိုဒေါင်နားသို့ ရောက်ရှိသွားပြီး သင့်တော်သည့် နေရာကို တွေ့တော့ ထိုနေရာမှတစ်ဆင့် စတင်ဖြိုဖျက်ရန် ဟန်ပြင်လိုက်သည်။
တစ်နေ့ ယွမ်နှစ်ထောင်ရသည့် အလုပ်မှာ တစ်နှစ်နေ၍တစ်ကြိမ်ပင် ရှာတွေ့ရန် ခက်ခဲလှ၏။ ထို့ကြောင့် ယနေ့ သိကြားမင်းကြီး ဆင်းတားလျှင်တောင် သူတို့ ဖြိုကို ဖြိုချပစ်မည်ဟု ကြိမ်းဝါးထားကြသည်။
"ဟိတ် ဟိတ် ...နေဦး...မလုပ်ကြနဲ့..."
မြေတူးစက်မှ သူ၏ လက်သည်းကို ဆန့်ထုတ်တော့မည့်အချိန်တွင် ထိတ်လန့်တကြားဖြင့် အသည်းအသန် အော်ဟစ်သံ တစ်သံကို ကြားလိုက်ရသည်။
ချောင်ရှန့်ယွီနှင့် သူ၏ အတွင်းရေးမှူးမလေးတို့ နှစ်ယောက်သား ၀င်ပေါက်၀မှ သွေးရူးသွေးနှမ်းဖြင့် ပြေး၀င်လာကြခြင်းပင်။
သို့သော်လည်း သူတို့၏ အ၀တ်အစားတို့မှာတော့ အနည်းငယ် ဖရိုဖရဲ ဖြစ်နေလေသည်။
ချောင်ရှန့်ယွီ၏ ခါးပတ်မှာတော့ တန်းလန်းဖြစ်နေပြီး
ဘောင်းဘီဇစ်ကလည်း ပွင့်နေ၏။ အတွင်းရေးမှူးမလေးကတော့ အင်္ကျီ၀တ်ရင်း ပြေးလွှားနေသည်။
ယခု မတိုင်ခင် သူတို့ ဘာလုပ်နေကြလဲဆိုတာကတော့ သူတို့သာလျှင် သိပေလိမ့်မည်။
"ဟောဗျာ...ချောင်အစ်ကိုကြီးပါလား...ရေးကြီးသုတ်ပျာနဲ့ ဘာများတုန်းဗျ..."လင်းရီ အပြုံးလေးဖြင့် မေးလိုက်၏။
"လင်းညီလေး..မင်း..မင်းဘာတွေလုပ်နေတာတုန်းဟ..ငါ ဖုန်းလေးငါးခေါက်လောက် ခေါ်နေတာကို ဘာလို့ မကိုင်တာ..."
လင်းရီ သူ၏ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အံအားတကြီး ဖြစ်နေသည့် ပုံစံဖြင့် "အမ် ကျုပ် အတွင်းရေးမှူးနဲ့ စကားပြောနေတော့ သတိမထားမိလိုက်ဘူး..ကြည့်ရတာ ဖုန်းအသံပိတ်ထားမိလို့နဲ့တူတယ်...ဘာကိစ္စရှိလို့လဲ...."
"လင်းညီလေး မင်းက မြေတူးစက်ကြီး နှစ်ခုနဲ့ ဘာလုပ်မလို့တုန်းဟ..."
"ချောင်အစ်ကိုကြီးက အသက်ကြီးတော့ မှတ်ဉာဏ်တွေ မကောင်းတော့ဘူးနဲ့တူတယ်...ကျုပ်တို့ ညစာအတူစားတုန်းက မပြောဖူးဘူးလား...ကျုပ် ဒီရဲ့ ကုန်လှောင်ရုံတွေကို ဖြိုချပြီးတော့ ခိုအီငါး မွေးမယ်လို့ ပြောထားတယ်လေ...ခုတလော ကျုပ် ကံက အတော်လေးကို ခေနေတာ...မကာအိုလေးတစ်ခေါက်လောက် သွားလိုက်ပါရဲ့ဗျာ...နှစ်ရက်ထဲနဲ့ ငါးသိန်းလုံးပလုံသွားတယ်...ကျုပ်သာ ပိုက်ဆံပြန်ရအောင် တစ်ခုခုပြန်မလုပ်ရင် ငတ်ရုံပဲ ကျန်တော့တယ်..."
ချောင်ရှန့်ယွီ၏ နှုတ်ခမ်းထောင့်စွန်းများကွေးညွှတ်သွားခဲ့သည်။
မင်းက တကယ့်ကို ဆန်ကုန်မြေလေးအကြီးစားပဲကွ....
နှစ်ရက်ထဲနဲ့ ယွမ်ငါးသိန်း ပြုတ်သွားတယ်ပေါ့လေ...
ငါ့အဖေက သောက်ရမ်းချမ်းသာနေတာတောင်မှ ငွေကို အဲ့လို မဖြုန်းတီးဖူးဘူး...
"လင်းညီလေး...မင်းမေ့နေတာ ဖြစ်မှာပါ...ညစာစားတုန်းက မင်းပဲ အဲ့ဒီ ကုန်လှောင်ရုံတွေကို ငါ့စိတ်ကြိုက်သုံးဆိုပြီးတော့ ပေးသွားခဲ့တာ မဟုတ်ဘူးလား..."
"အမ်...ကျုပ်အဲ့လိုပြောခဲ့တာလား..."လင်းရီ ရူးချင်ယောင်ဆောင်လိုက်ပြီး "ကျုပ်ဘာလို့ မမှတ်မိတာပါလိမ့်...."
"ဒါပေါ့ ပြောခဲ့တာပေါ့...သည်အစ်ကိုကြီးက လိမ်မယ်လို့ ထင်နေတာလား..."
ချောင်ရှန့်ယွီ ပြုံး၍ ဆိုလိုက်သော်လည်း စိတ်ထဲတွင်တော့ လင်းရီကို မိုးမွှန်အောင် ကျိန်ဆဲနေတော့သည်။
ငါလိုးမလူ...ကိုယ့်ကတိကို မတည်တဲ့ကောင်...
"အာ...မှတ်မိပြီ..ကျုပ်အဲ့လို ပြောခဲ့တာပဲ...."
သိူ့သော်လည်း လင်းရီ အခက်တွေ့နေဟန်ဖြင့် "ဒါပေမယ့် ညီကိုချောင်..ခင်များလည်း ကျုပ်ရဲ့ အခက်အခဲတွေကို နားလည်ပါတယ်...ကျုပ်ခု အိတ်ကပ်ထဲမှာ ခြူးတစ်ပြားတောင် မကျန်တော့ဘူး.. ဒီချိန်သူတောင်းစားတောင်မှ ကျုပ်ထက် ချမ်းသာရင် ချမ်းသာနေဦးမှာ....တကယ်လို့ ဒီရဲ့ ကုန်လှောင်ရုံတွေကို ဖြိုချပြီး ခိုအီငါးမမွေးနိုင်ဘူးဆိုရင် ကျုပ်တော့ ဘ၀ပျက်တော့မှာဗျ..."
"ဒါပေမယ့် မပူနဲ့..ကျုပ်ရဲ့ ဖုန်းရွှေ ပြောင်းလဲသွားတာနဲ့ ညီကိုချောင် စိတ်ကြိုက်သုံးဖို့ ကုန်လှောင်ရုံတွေ ကျုပ်ဆောက်ပေးမယ်..."
၎င်းကိုကြားတော့ ချောင်ရှန့်ယွီ အားပါးတရ ကျိန်ဆဲလုနီးပါးဖြစ်သွားခဲ့သည်။
'မင်းလိုစရိုက်မျိုးနဲ့ နောက်ဘ၀ရောက်တောင် ချမ်းသာလာမယ့်ကောင် မဟုတ်ဘူးကွ...မင်းနေရာမှာ ငါသာဆိုလို့ကတော့ လဲသေလိုက်ပြီးပြီ...'
"လင်းညီလေး ... တကယ်လို့ မင်းသာ ပိုက်ဆံအပေါ်ပဲ အာရုံစိုက်နေမယ်ဆိုရင် မင်းရဲ့ အမြင်တွေက အကန့်အသတ်ရှိသွားတော့မှာနော .. "ချောင်ရှန့်ယွီ စီးကရက်တစ်လိပ်ထုတ်လိုက်ပြီး လင်းရီကို အာရုံ လွှဲလို့လွှဲငြား ကမ်းပေးလိုက်၏။
"တော်ပြီ...သိပ္ပံနည်းကျဆိုရင် ဆေးလိုက်သောက်တာက ပန်းသေတတ်တယ်တဲ့...ဒါကြောင့်မို့ ကျုပ်အစောကြီးကတည်းကနေ ဖြတ်ထားတာ..."လင်းရီ လက်ဝှေ့ယမ်းပြီး ပြောလိုက်၏။
"အာ...."
ချောင်ရှန့်ယွီ၏ အမူအရာမှာ သဘာ၀မကျ ဖြစ်သွားခဲ့ပြီး အနည်းငယ်ပင် ကိုးရို့ကားယားနိုင်သွားခဲ့သည်။
ကြည့်ရသည်မှာတော့ လင်းရီ၏ စကားလုံးများက သူ၏ အရှိုက်ကို ထိသွားဟန်ပင်။
"ဒီတော့...အဲ့လို...အဲ့လိုကိစ္စမျိုးကလည်း ရှိသေးတာလားဟ...ဟာ..ဟားဟား...."
"ဒါပေါ့ဗျ..မယုံရင် ကျုပ်ရဲ့ အတွင်းရေးမှူးကို မေးကြည့်လိုက်လေ.. ကျုပ် သူ့ကို နေ့ကောညပါ ဘယ်လိုတွေကြမ်းပြထားလဲဆိုတာ သိလိမ့်မယ်"
၀မ်ရန် မျက်နှာလေး ရဲသွားခဲ့၏။ သို့သော်လည်း ဘာမျှ ပြန်ပြောခြင်း မပြုပေ။
သူမ၏ ရှက်ရွံ့နေသည့် အမူအရာက ချောင်ရှန့်ယွီ၏ မျက်လုံးထဲတွင်တော့ ၀န်ခံသည့်သဘော ဖြစ်နေခဲ့၏။
တစ်ချိန်တည်းတွင် သူ လင်းရီကို ပိုလို့တောင် ကျိန်ဆဲသွားတော့သည်။
'ငိုးပဲ... ဒီလောက် ငယ်ငယ်လေးတောင် မချန်ဘူးဆိုတော့ မင်းက လုံး၀ကို လူ့အမှိုက်ပဲကွ....'
"အာဟားဟား..."
ချောင်ရှန့်ယွီ ကိုးရို့ကားယားဖြစ်စွာ ရယ်မောလိုက်ပြီး စီးကရက်ကို ဆေးလိပ်ဗူးထဲသို့ ပြန်ထည့်လိုက်သည်။
"ဒီအကြောင်းတွေကို အသာထားလိုက်ဦး..ငါတို့ စောနက ခေါင်းစဉ်ကို ပြန်ဆက်ကြရအောင်.."
"အင်း....ပြန်ဆက်ကြတာပေါ့..."
လင်းရီ ပြောလိုက်ပြီး "ကျုပ်က ဒီတိုင်း.. ငွေ နည်းနည်းလေးပဲ မက်မိလိုက်တာပါဗျာ...ဘာလို့ အဲ့လောက် ပါသွားမှန်းတောင် မသိလိုက်ဘူး..."
" ညီလေးလင်း... ငါလည်းမင်းရဲ့ အခက်ခဲတွေကို နားလည်တယ်..ဒါပေမယ့် မင်း ဒီလိုမျိုးကြီး ကုန်လှောင်ရုံတွေကို ဖြိုချပစ်လိုက်လို့တော့ မရဘူးလေကွာ...ပုစ္ဆာရှိရင် အဖြေရှိပါတယ်ကွ...."
"အဲ့တာဆိုလည်း ကျုပ်ကိုပြောလေ..ကျုပ် ဘယ်လို တွေလုပ်မှ ဒီသောက်ဆံရမှာ..."လင်းဂီ စိတ်တိုနေသည့် အမူအရာဖြင့် ပြောလိုက်ပြီး "ကျုပ် ခင်များရဲ့ သောက်ရေးမပါတဲ့ ဒဿနတွေကို နားထောင်ဖို့ အချိန်မရှိဘူး..ပိုက်ဆံ ဘယ်လိုရမလဲဆိုတာပဲ သိချင်တယ်..."
"ဒါလား လွယ်လွယ်လေးပါ...အစ်ကိုကြီးချောင်လို့ခေါ်နေမှတော့...သည်အစ်ကိုကြီးကလည်း ကူညီပေးရမှာပေါ့..."
ချောင်ရှန့်ယွီ ချက်ခ်လက်မှတ်စာအုပ်ကို ထုတ်လိုက်ပြီး လင်းရီအတွက် ယွမ်တစ်သိန်းတန် ချက်ခ်လက်မှတ်ကို ရေးပေးလိုက်သည်။
"ညီလေးလင်း...ရော့ ဒီပိုက်ဆံတွေယူပြီးတော့ သုံးထား...တကယ်လို့ မကျန်တော့ဘူး ဆိုရင်လည်း အစ်ကိုကြီးကို ပြောနော် .. ငါ့ညီ ဘယ်တော့မှ ဘိုင် မပြတ်စေရဘူး..."
"မလောက်သေးဘူး.. ဒီလိုမျိုး နောက်တစ်ရွက်လောက်...."
ချောင်ရှန့်ယွီ : "......."
'ငိုးပဲ'
"ယွမ်တစ်သိန်းက မလောက်သေးဘူးလားဟ..."
"ကျုပ် အခုလေးတင်ပြောပြီးပြီလေ...ကျုပ်လွန်ခဲ့တဲ့ နှစ်ရက်တုန်းက မကာအို သွားပြီးတော့ ယွမ်ငါးသိန်းပြုတ်ရုံတင်မကသေးဘူး...အတိုးကြီးကြီးနဲ့ ယွမ်နှစ်သိန်းပါ အကြွေးတင်ခဲ့သေးတယ်...ဒီလောက်လေးနဲ့ကတော့ ကျုပ်အကြွေးဆပ်ဖို့တောင် မလောက်သေးဘူး."
လင်းရီ ချက်ခ်လက်မှတ်ကို ချောင်ရှန့်ယွီထံ ပြန်ပေးလိုက်ပြီး "ယူလိုက်ပါဗျာ...ကျုပ်ဟာကျုပ် ခိုအီငါးမွေးတာကတောင် ပိုမြန်ဦးမယ်...ကျုပ် ပိုက်ဆံ အရေးတကြီး လိုနေတာ..ဒီတော့ အစ်ကိုကြီးချောင်က နားလည်ပေးမယ်လို့ မျှော်လင့်တယ်...."
ထို့နောက် လင်းရီ မြေတူးစက် မောင်းသူ နှစ်ယောက်ကို ကြည့်လိုက်ပြီး "ရှီးဖော်တို့ ဘာလို့ ရပ်နေကြတာ...မြန်မြန်လုပ်လေ...ပြီးတာနဲ့ ယွမ်နှစ်ထောင်နော...."
"အိုကေဗျာ...."
မြေတူးစက်မောင်းသူနှစ်ဦးမှာ လင်းရီ၏ အမိန့်ပေးသံကြားသည်နှင့်တစ်ပြိုင်နက် အလွန်အမင်းစိတ်လှုပ်ရှားသွားခဲ့ကြသည်။ တစ်ချိန်တည်းတွင် ချောင်ရှန့်ယွီ၏ ဘိုးဘေး ဆယ့်ရှစ်ဆက်ကိုလည်း ရင်ထဲ၌ ကျိန်ဆဲနေလေသည်။
'ဒီဖက်တီးက ဘယ်ဂျောင်က ထွက်လာတဲ့ကောင်လဲကွ...ငါတို့ရဲ့ စားပေါက်ကို လာပြီးဖျက်လိုဖျက်ဆီးလုပ်နေတာပဲ...လစ်စမ်းဟျောင့်...'
"မ...မလုပ်ပါနဲ့...ညီလေးလင်းရယ်....ငါတို့က ညီကိုတွေ မဟုတ်ဘူးလား..အကြွေးလေးနှစ်သိန်းတည်းပဲမလား...ငါ ရှင်းပေးပါ့မယ်"
ချောင်ရှန့်ယွီမှ ရုပ်ဆိုးလွန်း၍ သူနှင့် ညီကိုဖြစ်ရန် မထိုက်တန်ဟု ပြောချင်နေသော်လည်း လင်းရီ ငွေမျက်နှာကြောင့် ထိုစကားလုံးများကို ရင်ထဲ၌သာ သိမ်းထားလိုက်သည်။
"အဲ့တာဆိုလည်း ကျုပ် ညီကိုချောင်ကိုပဲ ကျေးဇူးတင်ရတော့မယ်....ခင်များပေးတဲ့ ယွမ်နှစ်သိန်းကြောင့်သာမဟုတ်ရင် ကျုပ်တော့ အဆုံးသတ်ပြီထင်တယ်..."
လင်းရီ ပြောလိုက်၏။
"ဒါ ဒါပေါ့...ပါးပါးလေးပါဟ...."
ချောင်ရှန့်ယွီ ချက်ခ်လက်မှတ်စာအုပ်ကို တစ်ဖန်ပြန်ထုတ်လိုက်ပြီး နောက်ထပ်ယွမ်တစ်သိန်းတန် ချက်ခ်လက်မှတ်ရေးကာ စောနက တစ်ခုနှင့်အတူ ပြန်ပေးလိုက်၏။
သို့သော်လည်း လင်းရီ ယူတော့မည့် အချိန်တွင် ချောင်ရှန့်ယွီမှ သူ၏ လက်ကို ရုတ်တရက် ပြန်ရုတ်လိုက်၏။
"ညိကိုချောင် ..ဒါကဘာသဘောလဲ..ကျုပ်ကို မပေးချင်တာလား...အဲ့လိုဆိုရင်တော့ ကျုပ် ကုန်လှောင်ရုံတွေကို ဖြိုချရုံပဲ ရှိတော့တယ်နော်...."
ချောင်ရှန့်ယွီ လင်းရီကို ပြုံးပြလိုက်ပြီး "အဲ့လို သဘောမျိုး မဟုတ်ဘူးပါဘူးကွ...ငါ ဒီငွေတွေကို ညီကိုလင်းဆီပေးဖို့ ဆုံးဖြတ်ပြီးသား..ဒါပေမယ့် ငါ့မှာ အခြေနေတစ်ခုတော့ ရှိတယ်...ညီကိုလင်း သဘောတူမယ်လို့ မျှော်လင့်တယ်...."