← Chapters

အခန်း(၃၄၉)

Vol. 24 Ch. 349

အခန်း(၃၄၉)

Vol. 24 Ch. 349

"ဘယ်လိုအခြေနေမျိုးလဲ..ညီကိုချောင်..ပြောသာပြောချလိုက်..ကျုပ်တတ်နိုင်တာဆို အကုန် သဘောတူတယ်..."

ချောင်ရှန့်ယွီ၏ နှုတ်ခမ်းထောင့်စွန်းများကွေးညွှတ်သွားခဲ့ပြီး အထင်သေးသည့် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။

မျှော်လင့်ထားသည့် အတိုင်းပင်။ လင်းရီတို့လို လူမျိုးတို့မှာ ငွေမှတပါး အခြား ဘာကိုမျှ အထူးတလှယ် ဂရုစိုက်ခြင်းမရှိချေ။

သူသာ ပိုက်ဆံ ထုတ်ပြနေသရွေ့တော့ အခြေနေတစ်ခုကို မဆိုးထားဘိ၊ တစ်ရာဆိုလျှင်တောင် မဆိုင်းမတွ သဘောတူပေလိမ့်မည်။

"ဒီနေ့လို အဖြစ်မျိုး ထပ်မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ကုန်လှောင်ရုံရဲ့ စီမံခန့်ခွဲခွင့်အာဏာကို ညီကိုလင်းက ငါ့လက်ထဲ လွှဲပေးမယ်လို့ မျှော်လင့်တယ်"

"မဖြစ်နိုင်ဘူး...ဒါကတော့ နည်းနည်း များသွားပြီ..တကယ်လို့ ကျုပ်သာ စီမံခန့်ခွဲခွင့်အာဏာကို လွှဲပေးလိုက်ရင် ခင်များက စက်ရုံဒါရိုက်တာ ဖြစ်သွားပြီလေ..."

"ညီကိုလင်းကတော့ မစဉ်းစားပဲ ပြောနေပြန်ပါပြီ..ကျုပ်က ဒီတိုင်း ကုန်လှောင်ရုံကို ကူပြီး စီမံပေးချင်ရုံ သပ်သပ်လေးပါ...ဘာပဲဆိုဆို ကုန်လှောင်ရုံထဲက ပစ္စည်းတွေ အကုန်လုံးကလည်း Cisco ရဲ့ဟာတွေပဲလေ...မတော်လို့ တစ်ခုခု ဖြစ်သွားခဲ့ရင် ညီကိုလင်း ခေါင်းခံနေရမယ် ...ဒါတွေ ကြိုမြင်လို့ ငါက စေတနာနဲ့ ကမ်းလှမ်းနေတာ ညီကိုရ..."

လင်းရီ မေးစေ့ပွတ်၍ တစ်ခဏမျှ စဉ်းစားလိုက်ပြီး "ညီကိုချောင် ပြောတာ အဓိပ္ပာယ်တော့ရှိတယ်...အထဲက ပစ္စည်းတွေ အကုန်လုံးက Cisco ရဲ့ ဟာတွေ..တကယ်လို့ တစ်ခုခုဖြစ်သွားခဲ့ရင် ကျုပ်လည်း ဘယ်လိုရှင်းပြရမလဲ သိမှာ မဟုတ်ဘူး....ကျုပ် တရား၀င် တာ၀န်ခံမှုတွေတောင် လုပ်ဆောင်ခံရကိန်းရှိတယ်..."

"အမှန်ပဲလေ....ကျုပ်က ညီကိုလင်း နေရာကနေ ၀င်ပြီးတော့ တွေးပေးနေတာ...မဟုတ်ရင် ကျုပ်က ဒီလိုမျိုး အကျိုးမရှိတဲ့ ကိစ္စကို အားယားပြီး လုပ်မယ်လို့ ထင်လား..."ချောင်ရှန့်ယွီ ပြောလိုက်ပြီး "ညီကိုလင်းအတွက် ကျုပ် အဲ့တာ၀န်တွေကို ပခုံးထမ်းပေးမယ်...အဲ့လ်ုဆို ညီကိုလင်းအတွက် ပိုပြီး မသက်သာသွားဘူးလား..."

"အဲ့လိုဆိုရင်တော့ ကျုပ် ညီကိုချောင်ရဲ့ စေတနာတွေကိုပဲ ကျေးဇူးတင်ရတော့မှာပေါ့..."

"ရတယ် ရတယ်...ကျုပ်တို့က ညီကိုတွေလေ..."

"အဲ့လိုဆိုလည်း မြန်မြန် လွှဲပြောင်းတဲ့ စာချုပ် ချုပ်ကြမယ်လေ...ခုကစပြီးတော့ ဒီရဲ့ ကုန်လှောင်ရုံက ညီကိုချောင်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီ...ဘာပြဿနာတွေပဲ ဖြစ်လာဖြစ်လာ ကျုပ်တို့ Sci-tech ကုမ္ပဏီက လူတွေနဲ့ မသက်ဆိုင်တော့ဘူး...."

ချောင်ရှန့်ယွီ မျက်နှာ ၀င်းလက်သွားခဲ့သည်။

သူထိုကောင့်ကို သောက်ရူးဟု ခေါ်သည်မှာ လုံး၀ မလွန်ချေ။

ယွမ်နှစ်သိန်းတည်းနှင့် ကုန်လှောင်ရုံ လေးခုလုံးကို ရလိုက်သည်ဟု ဆိုနိာင်သည်။

ဒီကောင့်ကို သောက်ရူးလို့ ခေါ်ရင်တောင်မှ အရူးကြားသွားရင် အရူးသိက္ခာကျတယ်ဆိုပြီး ငါ့လာဆဲနေဦးမယ် ...

"သွားစို့...ခုပဲ စချုပ်လက်မှတ် သွားထိုးကြမယ်...."

လေးယောက်သား အုပ်စုမှာ ၀မ်ရန်၏ ရုံးခန်းထဲသို့ ရောက်ရှိလာခဲ့ကြ၏။ စာချုပ်မူကြမ်း ရေးဆွဲသည့် တာ၀န်မှာတော့ ၀မ်ရန်၏ လက်ထဲသိူ့ ကျရောက်လာလေသည်။

လင်းရီကတော့ နောက်ထပ် အကြံပြုချက်များ ဆယ်ခု လောက် ထပ်ပေါင်းကာ တာ၀န်ယူမှု တာ၀န်ခံမှု အားလုံးကို သူနှင့် မိုင်တစ်ရာလောက်ဝေးအောင် ပြုလုပ်လိုက်၏။

ချောင်ရှန့်ယွီ ‌စီးကရက် မီးညှိလိုက်ပြီး လင်းရီကို သောက်ရူး ကျပ်မပြည့်သည့်အလား အထင်သေးသည့် မျက်၀န်းတို့ဖြင့် ကြည့်နေလေသည်။

၀မ်ထျန်းလုံက ဒီလိုလူမျိုးကို တာ၀န်ခံရာထူး ပေးထားတယ်တဲ့လား... ဒိလိုလုပ်မယ့်အသား သူများကို ပိုက်ဆံ အလကားပေးလိုက်ရင်တောင် ကျေးဇူး အတင်ခံရဦးမယ်

"ဥက္ကဌချောင်...ဆေးလိပ်လျှော့သောက်ဦးလေ..."အတွင်းရေးမှူးမလေးမှ အသံတိုးတိူးလေးဖြင့် သတိပေးလိုက်၏။

ချောင်ရှန့်ယွီ ရုတ်ချည်း မျက်နှာ နီရဲလာခဲ့ပြီး နှုတ်မှ အားပါးတရ ကျိန်ဆဲလုနီးပါး ဖြစ်သွားခဲ့၏။ "သောက်ကောင်မ အဲ့တာ မင်းသောက်ကြောင်းလားကွ..."

သို့သော်လည်း လင်းရီ စောနလေးတင် ပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်အမှတ်ရသွားခဲ့၏။ ထို့ကြောင့် ဆေးလိပ်ကို ခြေထောက်ဖြင့် နင်းခြေပြီး မီးညိမ်းသတ်လိုက်သည်။

နာရီ၀က်ကြာပြီးနောက် လင်းရီမှ စာမျက်နှာ လေးမျက်နှာ ပါ၀င်သည့် စာချုပ်ကို ချောင်ရှန့်ယွီထံ ကမ်းပေးလိုက်၏။

"ကျုပ်ကတော့ လက်မှတ်ထိုးပြီးသွားပြီ..ညီကိုချောင်ရဲ့ လက်မှဝ်ပဲ လိုတော့တယ်...ပြီးတာနဲ့ ဒီစာချုပ်က ချက်ချင်းအကျုံး၀င်မှာ ကုန်လှောင်ရုံကိစ္စကို ဘာမှ စိတ်ပူစရာ မလိုတော့ဘူး..."

"အိုကေ အိုကေ ကျုပ်ခုပဲ ထိုးလိုက်မယ်..."

ချောင်ရှန့်ယွီ ဖောင်တိန်ယူပြီး သူ၏ နာမည်ကို ဆိုင်းထိုးလိုက်သည်။

သူအလွန်အမင်း စိတ်လှုပ်ရှားနေခဲ့၏။

ယခု Sci-tech စက်ရုံ၏ ကုတ်ထုတ်လုပ်မှုမှာ သူ့လက်ထဲတွင်ရှိပြီး ကုန်လှောင်ရုံများမှာလည်း သူ့အပိုင် ဖြစ်လာခဲ့ချေပြီ။

လက်ရှိ အခြေနေအရဆိုပါက စက်ရုံ၏ ၈၀% လောက်ကို သူ့ဘက်မှ ထိန်းချုပ်နိုင်သွားပြီဟု ဆို၍ရ၏။

ထိန်းချုပ်ရန် ကျန်ရှိနေသည်မှာတော့ ကန်သင်းနှင့် အိမ်သာတို့လျှင် ကျန်တော့သည်။

ထိုအကြောင်းကို စဉ်းစားမိတော့ ချောင်ရှန့်ယွီ မနေနိုင်ပဲ မျက်နှာထက်၌ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့၏။ သူ့အဖေ ချောင်ကျားတူံကို သွားပြောပြရန် ဆုံးဖြတ်လိုက်သည်။ သားရွှေအိုးထမ်းလာချေပြီ။

လင်းရီကတော့ မေးစေ့ပွတ်ပြီး လက်ရှိ အခြေ‌အနေကို တိတ်တဆိတ် ဆင်ခြင်နေ၏။ ယခုအနေအထားတွင်တော့ ကန်သင်းနှင့် အိမ်သာတို့မှလွဲ၍ ကျန်သည့်ကိစ္စအလုံးစုံတို့မှာ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိ‌မနေတော့ချေ။ သို့သော်လည်း ထိုကန်သင်း၊အိမ်သာများကို ချောင်ရှန့်ယွီ လက်ထဲသို့ ရောက်ရန် ဇာတ်လမ်းတစ်ပုဒ်သာ လိုအပ်၏။ ထိုမျှလောက်မှ မစွမ်းပါက လင်းရီဟု မခေါ်ထိုက်ပေ။

"ညီကိုချောင် ..စာချုပ်ကိစ္စကလည်း ပြီးသွားခဲ့ပြီ..ဆိုတော့ ခုကစပြီး Sci-tech ရဲ့ ကုန်ထုတ်လုပ်ရေးနဲ့ ကုန်လှောင်ရုံတွေက ညီကိုချောင် လက်ထဲမှာပဲ..သင့်တော်သလိုသာတာလုပ်..ဒါပေမယ့် အနာဂတ်ကျ ကြီးပွားခဲ့ရင်တော့ ကျုပ်ကို မေ့လို့မရဘူးနော.."

"ဒါပေါ့ ဒါပေါ့....ကျုပ်က မေ့မယ့် လူစားမျိုးမှ မဟုတ်တာ..ခုကစပြီးတော့ ညီကိုလင်းရဲ့ စားပွဲပေါ်မှာ စားစရာ ဘယ်တော့မှ မပြတ်စေရဘူး...ကျုပ်တို့က ညီကိုတွေလေ..ပြီးတော့ ကျုပ် ချောင်ရှန့်ယွီကလည်း သစ္စာရှိတဲ့ လူစားမျိုးပဲ...."

"ကောင်းပြီ...ကျုပ် ဒါကို မှတ်ထားတယ်...နောင်ကျ ကျုပ်အကူညီ တောင်းတဲ့ အချိန်သာမသိချင်ယောင် မဆောင်နဲ့..."

"ပြဿနာ မရှိဘူး...."

ချောင်ရှန့်ယွီ မတ်တပ်ရပ်လိုက်ပြီး အပြုံးလေးဖြင့် "ကျုပ်မှာ လုပ်စရာလေးရှိသေးလို့ နောက်မှ စကားဆက်ပြောကြတာပေါ့ညီကိုလင်း..."

"အိုကေလေ....ကျုပ် ညီကိုချောင် သူဌေးဖြစ်မယ့် လမ်းကို မတားတော့ဘူး..."

ချောင်ရှန့်ယွီနှင့် သူ့အတွင်းရေးမှူးတို့ ထွက်သွားကြောင်း အတည်ပြုပြီးနောက် ၀မ်ရန် လင်းရီအနားသို့ ချဉ်းကပ်လာခဲ့သည်။

"တီချယ်...ကုန်လှောင်ရုံတွေက ကျွန်မတို့ အပိုင်လေ..ဘာလို့ သူတို့ကို ပေးပစ်လိုက်တာ..."၀မ်ရန်မှ ထူးဆန်းနေဟန်ဖြင့် မေးလိုက်သည်။

"ငါမင်းကို ခုလေးတင်ပြောပြီးမဟုတ်လား...ကုန်လှောင်ရုံတွေက သူတို့ဟာ...တကယ်လို့ တစ်ခုခု ဖြစ်လာပါပြီရဲ့...အဲ့ချိန်ကျ မင်း‌ခေါင်းခံမှာလား..ငါခေါင်းခံရမှာလား..."

၀မ်ရန် သူမပါးနှစ်ဖက်ကို ဖောင်းဖောင်းလေးပြုလုပ်လိုက်သည်။ ထိုကဲ့သို့ ဖြစ်နိုင်ချေများ ရှိသော်လည်းသူမသိသလောက်တော့ ကုန်လှောင်ရုံ ဧရိယာကို သူတို့ Cisco ၏ လူများသာ စောင့်ကြပ်လေသည်။ သူတို့ ပစ္စည်းကိုသူတို့ ထိခိုက်အောင် လုပ်မည်လို့တော့ သူမ မထင်ချေ။

"အဲ့လို ဖြစ်နိုင်ချေတွေ ရှိတယ်ဆိုပေမယ့် ကျွန်မတို့ဘက်က သေချာလေးကြပ်မှတ်ရင် ရတယ် မဟုတ်လား..."

လင်းရီ ရယ်မောလိုက်ပြီး "အဲ့လို တသတ်မှတ်ကြီးတော့ ဘယ်ပြောလို့ရမှာ...ကုန်လှောင်ရုံတွေက အကြီးကြီးတွေလေ...ပြီးတော့ Cisco ရဲ့ ပစ္စည်းတွေနဲ့ပဲ ပြည့်နှက်နေတာ ..ဘယ်သူက လုံခြုံတယ်လို့ အာမခံရဲမှာလဲ ဟုတ်တယ်မလား...."

"အာ...."

ထိုကုန်လှောင်ရုံများ တစ်ခုခု ဖြစ်တော့မည်ဟု ၀မ်ရန်၏ မသိစိတ်မှ ပြောပြနေလေသည်။

"ကောင်းပြီ..ငါသွားတော့မယ်...မင်းဘက်က ငါ့ကို ပုံမှန်အတိုင်း ဆက်ပြီး အစီရင်ခံသွားပေး... "

"ဟုတ်ကဲ့ရှင့်...."

ထို့နောက် လင်းရီ ချောင်ရှန့်ယွီကို အကြောင်ရိုက်ထားသည့် ပိုက်ဆံ နှစ်သိန်းကို ယူဆောင်၍ ပျော်ရွှင်စွာဖြင့်ထွက်လာခဲ့လိုက်သည်။

သူ့လက်ထဲတွင် ပိုက်ဆံပမာဏ အများအပြား ရှိနေသော်လည်း စက်ရုံအပြင်ရောက်သည့် အချိန်တွင်တော့ လင်းရီ ကမ္ဘာကြီးတစ်ခုလုံး၏ ဖယ်ကြဉ်ခြင်း ခံလိုက်ရသလို ခံစားနေရသည်။

လမ်းမပေါ်တွင်တော့ ကားတစ်မျှ မရှိချေ။ ယုတ်စွအဆူံး ငှားစီးစရာတက္ကစီ တစ်စီးတစ်လေကိုမျှ လင်းရီ ရှာ‌မတွေ့ခဲ့။

ပုံမှန်ဆိုလျှင်တော့ လင်းရီ Didi ထက် တက္ကစီစီးရသည်ကို ပို၍ ခုံမင် နှစ်သက်လေသည်။

လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ကားငှား၍ရမည်ဖြစ်ပြီး ရီဗျူးကိစ္စများနှင့်လည်း အလုပ်ရှုပ်ခံစရာ မလိုချေ။ အလွန်အမင်း သက်တောင့်သက်သာ ရှိလှ၏။

လင်းရီ စိတ်ပျက်လက်ပျက်ဖြင့် ရှေ့ဆက်လမ်းလျှောက်လာခဲ့ပြီး Cisco စက်ရုံ ၀င်ပေါက်၀သို့ ရောက်လာခဲ့လေသည်။

ထိုအချိန်တွင်ပဲ ရေငတ်နေသူတစ်ဦး အိုအေစစ်ကို လှမ်းမြင်တွေ့လိုက်ရသကဲ့သို့ အနက်ရောင် အော်ဒီ တစ်စီး အဝေးမှ ဦးတည်လာသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။

သူ ၀မ်းပန်းတသာနှင့် လက်ဝှေ့ယမ်းလိုက်သောအခါ အော်ဒီမှာ သူ့ရှေ့၌ ရပ်တန့်လာခဲ့သည်။

ကားမှန်ပြတင်းပေါက်မှာ ‌ဖြည်းညင်းစွာ ကျဆင်းလာပြီး ဒရိုင်ဘာထိုင်ခုံ၌ မှင်တက်ဖွယ် လှပနိုင်‌လွန်းသည့် အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို တွေ့လိုက်ရသည်။

အမျိူသမီးမှာ အဖြူရောင် ယူနီဖောင်းကို ၀တ်ဆင်ထားပြီး လှိုင်းတွန့်များကဲ့သိူ့ ဆံပင်ပုံစံနှင့် ရင့်ကျက်ပြီး ဆွဲဆောင်မှု ရှိလှ၏။ သိူ့သော်လည်း သူမ၏ အရှိန်အဝါနှင့် ကိုယ်နေဟန်ထားကိုတော့ တစ်သားမှတ်တည်း ထိန်းသိမ်းထားသည်။

တစ်ချက်ကြည့်လိုက်သည်နှင့် ဤအမျိုးသမီးမှာ မရိုးရှင်းကြောင်း လင်းရီ ပြောနိုင်လေသည်။

"အလှလေး..လမ်းကြုံလိုက်လို့ရမလား..."

"ရှင်က လမ်းကြုံလိုက်ချင်နေတယ်...."အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားခဲ့ပြီး သူမရှေ့ရှိ မောင်လူချောလေးမှာ ယခုလို တောင်းဆိုလာလိမ့်မည်လို့ ထင်မထားခဲ့ချေ။

"ဟုတ်တယ်...ငါ ငှားဖို့ရာ တက္ကစီတွေကလည်း တစ်စီးမှကို မရှိတော့တာ... မပူနဲ့ လမ်းကြုံလိုက်စီးတယ်ဆိုပေမယ့် ပိုက်ဆံပေးမှာ....ဒါပေမယ့် မိန်းကလေးရဲ့ပုံစံကို ကြည့်ရသလောက်ဆိုရင်တော့ ပိုက်ဆံ လိုနေတဲ့သူပုံလည်း မပေါ်ဘူး....ဒီတော့ ကျုပ်ခု တောင်းစီးရမှာ အားနာနေတာ..."လင်းရီ ခေါင်းကုတ်ရင်း စပ်ဖြီးဖြီးလုပ်၍ ပြောလိုက်သည်။

All Chapters