← Chapters

အခန်း(၃၅၁)

Vol. 24 Ch. 351

အခန်း(၃၅၁)

Vol. 24 Ch. 351

နေရောင်ထဲ၌ တလက်လက်တောက်ပနေသည့် လွိုင်ကန်ကားသော့များကို မြင်တော့ နေကာမျက်မှန်နှင့် အမျိုးသမီးမှာ အေးခဲသွားခဲ့သည်။

သူမ ရှေ့ရှိ မြင်ကွင်းမှာ ထင်ယောင်ထားမှားလောဟုတောင် ပြန်မေးယူရ၏။

လင်းရီ ကားသော့ကို နှိပ်လိုက်ပြီး ဇင်ယော်ငှက်တောင်ပံကဲ့သို့ လွိုင်ကန်၏ ကားတံခါးများကို ပွင့်လာစေကာ သူပြောသည်မှာ အမှန်‌ဖြစ်ကြောင်း သက်သေပြလိုက်သည်။

"လိုက်စီးဦးမလား..ကျုပ် မိန်းကလေးကို မြို့တစ်ပတ် ခေါ်သွားပေးမယ်....."

"ရှင်...ရှင်ပြောတော့ Didi ဒရိုင်ဘာဆို...."

အမျိုးသမီးမှာ ပစ္စည်းအကောင်းစားများနှင့် လက်ရင်းတနှီး ရှိနေသော်လည်း လင်းရီမှာ လွိုင်ကန်ကားပိုင်ရှင် ဖြစ်သည်ဆိုတာကိုတော့ သူမ အချိန်တိုအတွင်း လက်ခံနိုင်ရန် ခက်ခဲနေလေသည်။

"ဟုတ်တယ်လေ...ကျုပ်က ဒီရဲ့ လွိုင်ကန်နဲ့ Didi မောင်းတာ...ဒါလည်း ကိုယ့်အားကိုယ်ကိုးပြီး ပိုက်ဆံရှာတာပဲ မဟုတ်ဘူးလား"လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

" ကျွန်မကိုက ဘာမှမပြောသင့်တာ....."

"ဒါပေါ့...လောကကြီးမှာ တကယ်လို့ မိန်းကလေး မခုခံနိုင်တော့ဘူးဆိုရင် ပေါင်ကားပြီးတော့မှာ မျက်စိစုံမှိတ် အံတင်းတင်းကြိတ်ပြီး တိတ်တိတ်လေးသာ ခံစားကြည့်လိုက်..."ထိုသို့ပြောပြီးနောက် လင်းရီ ကားသော့ကို ဝှေ့ယမ်းပြကာ "မလိုက်ဘူးလား...."

"ကျွန်မက ဘယ်လိုလိုက်စီးရမှာ..."

"ဒီတိုင်း အော်ဒါတင်လိုက်...ကျုပ်က Didi ဒရိုင်ဘာဖြစ်နေတုန်းပဲ..."

"တော်ပါပြီ...ကျွန်မမှာ နေ့လည်ကျ လုပ်စရာလေးတွေ ရှိလို့ မလိုက်တော့ဘူး...ရေစက်ရှိရင်တော့ နောက်တစ်ခေါက်ပြန်ဆုံကြတာပေါ့..."

လင်းရီ လည်း ခေါင်းအသာငြိမ့်ပြီး ကားထဲမှ ထွက်ကာ လူအုပ်ကြီး၏ မနာလိုသော အကြည့်များအောက်တွင် လွိုင်ကန်ထဲသို့ ၀င်သွားသည်။

နေကာမျက်မှန်နှင့် အမျိုးသမီးကတော့ လင်းရီ ကားထဲ၀င်သွားသည်ကို ဆိတ်တဆိတ် စောင့်ကြည့်ရင်း သူမစိတ်ထဲတွင်တော့ မေးခွန်း သင်္ကေတများ ပြည့်နှက်နေလေသည်။

သူ့မှာ ကားရှိတာတောင်မှ ဘာလို့ဒီမှာ ထိုးထားပြီး ရှန်းယွီ စက်မှုဇုန်ကို လာရအောင် သူဘာတွေများ သွားလုပ်ပါလိမ့်။ .

......

ချောင်ရှန့်ယွီ Cisco အဆောက်အအုံ၏ ဧရိယာထဲတွင် ကားပါကင်ထိုးပြီး စိတ်ဓာတ်တက်ကြွစွာဖြင့် အဆောက်အဦးထဲသို့ ၀င်လာခဲ့၏။

"ဟော ဥက္ကချောင်ပါလား...မတွေ့ရတာတောင် ကြာပြီ..."

ပုံမှန်အ၀တ်စားများသာ ၀တ်ဆင်ထားသည့် လျိုချူးမှ ချောင်ရှန့်ယွီကို နှုတ်ဆက်လိုက်သည်။

လျိုချူးမှာ သုတေသနစင်တာ၏ ဒါရိုက်တာဖြစ်နေသော်လည်း ကုမ္ပဏီတွင်တော့ စစ်မှန်သည့် ဩဇာအာဏာမှာ သိပ်မရှိချေ။

"ဟားဟား...ဥက္ငဌလျို...မတွေ့တာတောင် အတော်ကြာပြီ...ဘာတွေ လှုပ်ရှားနေတာ...သုတေသန စင်တာမှာပဲ အလုပ်များနေတုန်းလား..."

လျိုချူးကို မြင်သည့် အချိန်တွင်‌တြော ချောင်ရှန့်ယွီ ပို၍ပင် စိတ်အားထက်သန်လာခဲ့သည်။

လျိူချူးမှာ သုတေသနစင်တာ၏ ဥက္ကဌဖြစ်ပြီး ချစ်ပ်ဗားရှင်း ၁.၀ ၏ ပရောဂျက်တွင် ပါ၀င်သည့်သူတစ်ဦးပင်။ လက်ရှိ Cisco ၏ အခြေနေ၍ လျိုချူးမှာ အဓိက ကိန်းရှင်ဟုတောင် ပြော၍ရသည်။

ထို့ကြောင့် ချောင်ရှန့်ယွီ သူ့ကို အပိုင်ကပ်ထားရန် လို‌အပ်လေသည်။

"ဒါပေါ့...ကျုပ်တို့ရဲ့ Ciscoနဲ့ ပြိုင်ဘက် ကုမ္ပဏီတွေကြားထဲက ကွာခြားမှု ကြီးအောင်လို့ ခြေလှမ်းကျဲကျဲ လှမ်းနေတာလေ...ဒါမှ ချစ်ပ်နယ်ပယ်မှာ အခိုင်အမာ ခြေကုန်ယူနိုင်မှာ..."

"Cisco ကတော့ ဒါရိုက်တာလျိုလိုလူမျိုးရှိတာ အရမ်းကံကောင်းတာပဲ..."

ချောင်ရှန့်ယွီ မြှောက်ပင့်ပြောဆိုလိုက်သည်။

"ဒါနဲ့ ဒါရိုက်တာလျို ခုတလော အချိန်ရလား...ကျုပ်ကျိုးဟိုင်နားမှာ တံငါရွာလေးတစ်ရွာ ရှိတယ်လို့ ပြောသံကြားတယ် ...ပြီးတော့ အဲ့ဒီကအစားအသောက်တွေက အတော်လေးကောင်းတယ်လို့တော့ လူပြောများနေတာပဲ...အချိန်ရရင် တစ်ခေါက်လောက် သွားဆွဲကြရအောင်လား..."

"ကောင်းတာပေါ့..ဒါရိုက်တာချောင်က ဖိတ်ခေါ်နေမှတော့ ကျုပ်ကလည်း ဘယ်ငြင်းလို့ကောင်းမှာ ..."

"အဲ့တာဆို အတည်ဖြစ်သွားပြီ..ကျုပ်လက်ထဲရောက်နေတဲ့ ပြဿနာလေးတွေ ဖြေရှင်းပြီးရင် တစ်ခေါက်လောက် သွားစားကြည့်ကြတာပေါ့ .."

"ဒါပေါ့..."

တခဏမျှ စကားရပ်ပြောပြီးနောက် ချောင်ရှန့်ယွီ ဓာတ်လှေကားထဲသိူ့ ၀င်ရောက်ကာ ချောင်ကျားတုံး၏ ရုံးခန်းထဲသို့ ဦးတည်လာခဲ့သည်။

"အဖေ...ကျွန်တော့်မှာ သတင်းကောင်း‌ပါလာ....."

တံခါးဖွင့်ပြီး ၀မ်းသားအားရ ပြောဖို့ကာ စကားစရုံရှိသေး၊ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ချောင်ရှန့်ယွီ စကား တစ်၀က်တစ်ပျက် ဖြစ်သွားခဲ့၏။

အဘယ်ကြောင့်ဆိူသော် ချောင်ကျင်းချိုးလည်း ရုံးခန်းထဲ၌ ရောက်နေသောကြောင့်ပင်။

ချောင်းကျင်းချိုးမှာ အနက်ရောင် ပွယောင်းယောင်း ဘောင်းဘီနှင့် အဖြူရောင် ကြိုးသိုင်းပါသည့် အင်္ကျီကို ၀တ်ဆင်ကာ ဖောက်ထွင်းမြင်နေရသည်ဘ ပိုးထည်အပါးလေးတစ်ခုကို အပေါ်မှ လွှမ်းခြုံထား၏။

မို့မောက်တင်းကားနေသည့် ကိုယ်လုံးကိုယ်ပေါက်တို့ကြောင့် ဆက်ဆီဆန်နေသော်လည်း ၀တ်ထားသည့် အ၀တ်စားတို့ကြောင့် အနည်းငယ် ကလေးဆန်သည်ဟူသော ခံစားချက်ကိုလည်း ရရှိစေသည်။

"အိုး...ကျင်းချိုးလည်း ဒီရောက်နေတာလား..."ချောင်ရှန့်ယွီ အပြုံးလေးဖြင့် ပြောလိုက်ပြီး "လာမယ်ဆိုရင်လည်း စောကတည်းကပြောရောပေါ့..အတူလာလို့ရတာကိုပဲ...."

"စက်ရုံက ခုရက်ပိုင်း အလုပ်တွေ တအားရှုပ်နေတာလေ..ကျွန်မက အစ်ကို့ကို ဘယ်လိုလုပ် အနှောက်ယှက် ပေးရဲမှာ...."

"နင်က အစ်ကို့ညီမပဲလေ...အစ်ကို့ လာရှာတာကို ဘယ်လိုလုပ်ပြီး ‌အနှောင့်ယှက်ပေးတယ်လို့ ခေါ်မှာ..."ချောင်ရှန့်ယွီ ရင်ဘက်ကို တဘုန်းဘုန်း ပုတ်လိုက်ပြီး "နောက်ကျ ဘာမှလုပ်စရာမရှိဘူးဆိုရင် အစ်ကို့ဆီ လာခဲ့လိုက်...ညီမလေးကို လျှောက်လည်ပေးမယ်...အလုပ်စပါပြီ ဆိုကတည်းက အစ်ကိုတို့ မောင်နှမတွေ အချိန်အတူမဖြုန်းဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ...မိသားစုရဲ့ သံယောဇဉ်တွေက အလုပ်ကြောင့် ဝေးကွာသွားလို့ မရဘူးလေ..."

"ဟုတ်ကဲ့..ကျေးဇူးပါအစ်ကို...."

"ရပါတယ်..."

ချောင်ရှန့်ယွီ အပြုံးလေးဖြင့် ပြောလိုက်သည်။

သို့တိုင်အောင် သူ့ရင်ထဲတွင်တော့ သံသယများ၊ ဝေခွဲမရမှုများ နှင့် မေးခွန်းပေါင်းများစွာ ရှိနေသေးသည်။

သူ၏ ဖခင်မှ ကျင်းချိုးကို လာဖို့ ပြောလိုက်‌သည်လော၊ သို့မဟုတ် သူမဘာ သူမ လာလည်သည်လော။ အကယ်၍ ဒုတိယတစ်ခုဆိုလျှင်တော့ ဘာပြဿနာမှ မရှိပေ။ သို့သော်လည်း ပထမတစ်ခု ဆိုလျှင်တော့

ကွိုင်အကြီးကြီး တက်ပေတော့မည်။

အဖေက ကျင်းချိုးကို အကုန်လွှဲပေးပစ်တော့မလို့လား...

အဲ့လိုဆို ငါကျတော့ကော....

ကြည့်ရသည်မှာတော့ သူသည်ကနေ့ ရောက်လာခဲ့သည်မှာ အချိန်မှန်သွားပုံပင်။ မဟုတ်ပါက နောက်တစ်ရက်နှစ်ရက်ဆိုလျှင်တော့ အခါနှောင်းသွားပေတော့မည်။

"ရှန့်ယွီ...ခုနက မင်းစကားလေး ဆက်စမ်းပါဦး....ဘာသတင်းကောင်းတွေလဲ..."

ချောင်ကျားတုံး အပြုံးလေးဖြင့် မေးလိုက်သည်။

"အဖေ...ဒီလိုပါ..."ချောင်ရှန့်ယွီ ဟန်အမူရာ အပြည့်နှင့် "ကျုပ်ခု Sci-tech ရဲ့ ထုတ်လုပ်ရေးပစ္စည်းတွေအားလုံးကို ထိန်းချုပ်နိုင်သွားပြီ......"

"တကယ်..."

ချောင်ကျားတုံ အံ့အားသင့်သွားခဲ့ပြီး "သူတို့ဘက် လုပ်ငန်းတောင်တာတွေကို စီမံခန့်ခွဲဖို့ တစ်ယောက်ယောက် မလွှတ်ထားဘူးလားဟ..."

"အစကတော့ ရှိတယ်..ဒါပေမယ့် ကျွန်တော်ကအကြောင်းမျိုးမျိုးပြပြီး ပထုတ်ပစ်လိုက်ပြီ...ပြီးတော့ နည်းပညာရှင်တစ်ချို့‌ကိုတောင်မှ Ciscoဘက် မဲဆွယ်ထားသေးတယ်..."

"ခု Sci-tech ရဲ့ စက်ရုံတစ်ခုလုံးက ကျွန်တော်တို့ ချောင်မိသားစု အပိုင်လို့တောင် ပြောလို့ရနေပြီ....ကျွန်တော်သာ အမိန့်တစ်ချက်ပေးလိုက်ရင် သူတို့ဘက်က တစ်သွေမတိမ်း လိုက်နာတော့မှာ...."

"ဒါ တကယ်ကြီး သတင်းကောင်းပဲကွ..ရှန့်ယွီ..မင်းတော်တယ်..."ချောင်ကျားတုံး ကျေနပ်အားရမှု အပြည့်ဖြင့် ပြောလိုက်သည်။

"အဖေ...အပျော်မစောသေးနဲ့ဦး...နောက်ထပ်သတင်းကောင်း တစ်ခု ပြောဖို့ ကျန်နေသေးတယ်...."

"ဟုတ်လား...အဲ့တာ‌ဆို ဖြည်းဖြည်းပြော..."ချောင်ကျားတုံး စီးကရက်တစ်လိပ်ကို မီးညှိလိုက်ပြီး စိတ်၀င်စားမှုအပြည့်ဖြင့် နားစွင့်လိုက်သည်။

သူမ အဖေ၏ အမူအရာကို မြင်တော့ ချောင်ကျင်းချိုး မျက်မှောင်ကြုတ်သွားခဲ့၏။ သို့သော်လည်း ဘာမျှ ၀င်မပြောပေ။

"ကျွန်တော် Sci-tech ရဲ့ စက်ပစ္စည်းတွေတင်မကသေးဘူး..သူတို့ရဲ့ ကုန်လှောင်ရုံတွေပါ ရထားပြီးပြီ...အဲ့တာတွေ အားလုံးက်ု ကျုပ်တို့လူတွေကပဲ ထိန်းချုပ်တော့မှာ သူတိူ့ ၀င်စွက်ဖက်ပိုင်ခွင့် မရှိတော့ဘူး...."

"ဟမ်... Sci-techကကောင်တွေက အဲ့လောက် ရက်ရောသလားဟ..."

"ဒီကိစ္စက လွယ်တော့ မလွယ်ဘူး...ကျွန်တော့်ဘက်က အချိန်တွေ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်ပြီးတော့မှ ကုန်လှောင်ရုံတွေကို ထိန်းချုပ်ခွင့် ရလာခဲ့တာ...."

ချောင်ရှန့်ယွီ သက်ပြင်းချလိုက်ပြီး

"ရက်တွေအကြာကြီး ပင်ပန်းပြီးတဲ့နောက်မှာတော့ ဒီည စိတ်ချလက်ချနဲ့ အိပ်လို့ရသွားပြီ...."

"အထူးသဖြင့်တော့ အဲ့ဘက်က စက်ရုံဒါရိုက်တာပဲ အဖေ...အရမ်းပါးနပ်တာ...ကံကောင်းလို့ ကျွန်တော့်ဘက်က ပြင်ဆင်မှုတွေ အများကြီး လုပ်ထားခဲ့လိုတာပေါ့...မဟုတ်ရင်တော့ ဒီကိစ္စကို ကိုင်တွယ်နိုင်မှာ မဟုတ်လောက်ဘူး..."

"မင်းလုပ်တာ သိပ်ကောင်းတယ်..ဒီတိုင်းပဲ ဆက်ပြီးတော့ ကြိုးစား"

"ဟုတ်ကဲ့ပါအဖေ...ဘာမှ စိတ်မပူနဲ့..ကျွန်တော့်ဘက်က ချစ်ပ်တွေရဲ့ အရည်အသွေးနဲ့ အရည်အတွက်ကို တစ်ပြားမှ မလျော့ကျစေရဘူး....အဖေမျှော်လင့်ထားတဲ့ အတိုင်းအတာထပ်ကို ကျော်လွန်ပြီးတော့ကို လုပ်ပြမယ်....လုံး၀ စိတ်မပျက်စေရဘူး..."

ချောင်ကျားတုံး ကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်ပြီး "မင်းလည်း ဒီခုတလော အတော်လေး ခက်ခဲနေရောပေါ့...Didi ရဲ့ ပရောဂျက်ကို ပြီးပြီဆိုတာနဲ့ မင်းကုမ္ပဏီမှာ အလုပ်စ၀င်လိုက်တော့...."

ချောင်ရှန့်ယွီ ၀မ်းသာပီတိ ဖြစ်သွားခဲ့ပြီး ချောင်ကျားတုံးကိုပင် ဖက်နမ်းချင်စိတ် ပေါက်လာခဲ့သည်။

သူအချိန်မှီလေး ရောက်လာခဲ့၍ တော်သေး၏။ မဟုတ်ပါက နောက်တစ်ခေါက် အလုပ်ခရီး ထွက်ရပေတော့မည်။

ထိုအကြောင်း စဉ်းစားရင်း ချောင်ရှန့်ယွီ ချောင်ကျင်းချိုးကို ဂုဏ်ယူစွာဖြင့် ကြည့်လိုက်ပြီး ရင်ထဲတွင်တော့ "ခွေးမစုတ်လေး...မင်းက ငါနဲ့ ယှဉ်နိုင်မယ် ထင်နေတယ်ပေါ့လေ...နုပါသေးတယ်ကွ...."

"ခု Sci-tech ရဲ့ ပိုင်ရှင်က ဘယ်သူကြီးလဲ...၀မ်ထျန်းလုံလို့ ခေါ်တဲ့ တစ်ယောက်လား..."

"ဘာလို့ ဒါတွေ လာမေးနေတာ...ဘာအကြံတွေ ပေးချင်လို့လဲ..."

ချောင်ကျင်းချိုး မသိမသာ ခေါင်းလေးစောင်းလိုက်ပြီး ‌"တခြားတော့မဟုတ်ပါဘူး..ဒီတိုင်း နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားနေရလို့ပါ..."

All Chapters