← Chapters

အခန်း (၃၅၂)

Vol. 24 Ch. 352

အခန်း (၃၅၂)

Vol. 24 Ch. 352

"မင်းက ဘာကို ထူးဆန်းနေတာ...ခု အားလုံးက သူ့ဟာနဲ့သူ အဆင်ပြေနေတာပဲ မဟုတ်လား.."ချောင်ရှန့်ယွီ၏ လေသံမှာ အနည်းငယ် မာရေကြောရေ နိုင်လာခဲ့သည်။

"မင်းအစ်ကိုက ဒီကိစ္စအပေါ်မှာ ဘယ်လောက်တောင် အားသွန်ခွန်စိုက်ကြိုးပမ်းထားရလဲဆိုတာ မင်းသိလား...ငါ့ဆံပင်တွေ ဖြူနေတာပဲ ကြည့်လိုက်...ကိုယ့်ကျန်းမာရေးကို အထိခိုက်ခံပြီးတော့မှတောင် Sci-techကို ဖြုတ်ချဖို့ ကြိုးပမ်းနေတာကွ...မင်းမသိဘဲ လာမဝေဖန်နဲ့..."

ယခင်တစ်ချိန်ကသာ ယခုလိုပြောလာခဲ့မည်ဆိုပါက ချောင်ရှန့်ယွီ အချိုသာဆုံးပြုံးပြ၍ ချောင်ကျင်းချိုးကို အကြံဉာဏ်များ တောင်းခံပေလိမ့်မည်။ သို့သော်လည်း အခြေနေများမှာ အရင်လိုမဟုတ်တော့။ သူ့ဘက်မှ အသာစီး ရှိနေလေပြီ။ ထို့ကြောင့် သူမကို ယခုလိုလေသံမာမာဖြင့် ပြန်ပြောနိုင်လေသည်။

အစ်ကိုကြီးဖြစ်သော်လည်း အတိတ်တွင် အငယ်ဖြစ်သူလောက် အရေးပေးခြင်းမခံရသည်မှာ လွန်စွာ ခံစားရခက်ခဲလှ၏။ ယခုလို ပြောလိုက်နိုင်သည့်အချိန်တွင်တော့ သူ့ပခုံးထက်၌ အချိန်အကြာကြီး ထမ်းပိုးထားရသည့် ၀န်တစ်ခု ပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

မည်မျှ စိတ်ကျေနပ်ဖွယ် ကောင်းလိုက်သနည်း။

တစ်ဖက်မှ မျက်နှာထားတင်းတင်းဖြင့် ပြောနေသော်လည်း ချောင်ကျင်းချိုး၏ အမူအရာကတော့ ဒုံရင်းက ဒုံရင်းပင်။ တစိုးတစိမျှ ပြောင်းလဲခြင်း အလျှင်းမရှိပဲ "အစ်ကိုနဲ့ စာချုပ်လက်မှတ်ထိုးလိုက်တဲ့သူက ဘယ်သူလဲ..သူက ဘာလို့ ဒီလောက်တောင် ရူးမိုက်တဲ့ လုပ်ရပ်ကို လုပ်တာလဲ...."

ယခုအအခြေနေတွင် ချောင်ရှန့်ယွီ သူမကို မည်သည့် လေသံဖြင် ပြောနေလဲဆိုတာကို ဂရုမစိုက်နိုင်တော့ပါ။ အကယ်၍ ပြဿနာ မရှိပါက လူတိုင်း ပျော်ရွှင်နိုင်မည့် ပရောဂျက်ကြီးဖြစ်၏။ သို့သော် ပြဿနာ တစ်စုံတစ်ရာသာ ရှိလာပြီဆိုပါက အကျိုးဆက်များမှာ Cisco ပင် မကိုင်တွယ်နိုင်လောက်သည်အထိ ပြင်းထန်လာနိုင်သည်။

"ကျင်းချိုး...မင်းက ခုလေးတင်မှ ဘွဲ့ရထားပြီးတာ...ပြီးတော့ ဒီအကြောင်းလည်း မင်းဘာမှ သိတာမဟုတ်ဘူး..လာပြီ ၀င်မစွက်ဖက်နဲ့...."

ချောင်ရှန့်ယွီပြောလိုက်ပြီး "ဒါက ငါအသေအလဲ ကြိုးစားပြီးတော့မှ ရလာခဲ့တဲ့ရလဒ်...လက်မှတ်ထိုးတဲ့ကောင်က ရူးတာ မရူးတာ မင်းနဲ့မဆိုင်ဘူး... "

ချောင်ရှန့်ယွီ လင်းရီ၏ နာမည်ကို ထုတ်မပြောသလို ထုတ်ပြောရန် ရည်ရွယ်ချက်လည်း မရှိပေ။ သူ လင်းရီ၏ အကျင့်စရိုက်ကို ကောင်းစွာ နားလည်သည်။ ထိုကောင့်ကို သောက်ရူးဟု ခေါ်သည်ကပင် သက်ညှာပေးလွန်းရာကျ၏။

အကယ်၍ လင်းရီ၏ အချက်အလက်များသာ ချောင်ကျင်းချိုးထံ ပေါက်ကြားသွားမည်ဆိုပါက သူမ လင်းရီကို နောက်ကွယ်မှ တိတ်တဆိတ် ဆက်သွယ်ပြီး အဖျက်အမှောင့် ပြုလိမ့်ပေမည်။ ထိုအခါ သူ၏ အသာစီးရနေမှုများနှင့် အကြံစည်များလည်း ပျက်စီးသွားပေလိမ့်မည်။

ထို့ကြောင့် သူ ချောင်ကျင်းချိုးကို Sci-tech နှင့် စပ်လျဉ်း၍ မည်သည့်သတင်းအချက်အလက်ကိုမျှ ပေးမသိချေ။

အကယ်၍ ‌သူသာ ဖော်ထုတ်ခဲ့မည်ဆိုပါက လင်းရီ၏ အကြံအစည်တို့မှာ ပျက်သုဉ်းသွားပေလိမ့်မည်။

သို့သော်လည်း ချောင်ရှန့်ယွီ၏ မတော်လောဘကြောင့် ကျရောက်လာမည့် ကပ်ဘေးမှာ ရှောင်ဖယ်သွားခဲ့၏။ လင်းရီ၏ ကံကောင်းခြင်းကတ်မှာ မသုံးဘဲနှင့် အကျိုးသက်ရောက်မှု ရှိနေသည်လောတော့ မပြောတတ်ပေ။

"ကျင်းချိုး...သမီးက ဘာလို့ အဲ့လောက်တောင် စိတ်တွေပူနေတာ..."ချောင်ကျားတုံးပြောလိုက်ပြီး "အခု အဖေတို့လက်ထဲမှာက ထုတ်လုပ်ရေးပစ္သည်းတွေကော သိုလှောင်ရုံတွေကော ရှိနေပြီလေ...ဒုတိယ Cisco ဖြစ်နေပြီလို့တောင် ပြောလို့ရတယ်...ဘယ်လို ပြဿနာမျိုးက ရှိလာနိုင်မှာမို့လို့လဲကွဲ့..."

ချောင်ကျင်းချိုး ဘာမျှ ပြန်မပြောပေ။ သူမ၏ ဆဠမအာရုံမှ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားနေရခြင်းကြောင့်ပင်။

အိုအီးအမ်(OEM) စာချုပ်လေးမျှသာ ဖြစ်သော်လည်း တစ်ဖက်လူမှ စက်ရုံတစ်ခုလုံးကို လွှဲပြောင်းပေးလိုက်၏။

ကမ္ဘာပေါ်တွင် အတုံးအဆုံး လူဆိုလျှင်တောင်မှ ထိုသို့ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

အပေါ်ယံတွင်တော့ ကိစ္စများမှာ အဆင်ပြေ‌သည်ဟု ထင်နေရသော်လည်း ဇစ်မြစ်ကိုသာ မီးခိုးကြွက်လျှောက် လိုက်လာပါက သူမ မကြာမီ ယိုပေါက်များက်ု တွေ့လိမ့်မည်မှာ အမှန်ပင်။

"ထားလိုက်ပါ...သမီး ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်တော့...ဒါပေမယ့် သမီး အဖေတို့ဘက်က ရပ်တည်မှာ မဟုတ်ဘူးနော်..ပြဿနာဖြစ်လာရင်တော့ ကိုယ့်ကိစ္စကိုယ် ဖြေရှင်းကြ...."

ထိုသိူ့ပြောပြီးနောက် စားပွဲပေါ်တွက် တင်ထားသည့် သူမ၏ အိတ်ကို ကောက်လွယ်ကာ "သမီးသွားနှင့်ပြီ...အဖေတို့ သားအဖနှစ်ယောက်ပဲ အေးဆေးစကား ပြောနေကြတော့..."

"ဒီ ထိန်းမနိုင်လေးကတော့..." ချောင်ကျားတုံး ခေါင်းအသာရမ်းလိုက်ပြီး "ဘာလို့သွားတော့မှာ...အဖေ့မှာ ပြောစရာတွေအများကြီး ကျန်နေသေးတယ်လေ..."

"သမီးခုလောလောဆယ် စိတ်မကြည်သေးဘူး...ပြန်လာမှ ပြောကြတာပေါ့..."

ရုံးခန်းတံခါးကိုဖွင့်ပြီး သားအဖနှစ်ယောက်ကို ချန်ရစ်ခဲ့ကာ ကျော့မော့စွာဖြင့် ထွက်လာခဲ့လိုက်၏။

သိူ့သော်လည်း ထိုအချိန် သူမ အတွေးထဲတွင်တော့ Cisco နှင့် Sci-tech ကုမ္ပဏီအကြောင်းတို့သာ တဝဲဝဲလည်နေသည်။ မည်သို့ပင်ဆိုစေ Cisco မှာ သူမ မိသားစု၏ စီးပွားရေးလုပ်ငန်းဖြစ်၏။ သူမဘက်မှ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု တည်ထောင်ချင်သော်လည်း မိသားစုကို လုံး၀ လျစ်လျူရှု၍တော့ မဖြစ်ပေ။

ကားထဲသို့ ပြန်ရောက်သည့် အချိန်တွင်တော့ ချောင်ကျင်းချိုး သက်ပြင်းမောကြီး တစ်ချက်ချလိုက်ပြီး ခေါင်းကိုက်စွာဖြင့် နားထင်ကို ပွတ်မိလိုက်သည်။

"ဟင်း...ဘာလို့ တစ်ယောက်ကမှ သေချာ မစဉ်းစားတတ်ကြတာလဲဟာ..."

.....

‌နေ့လည်ခင်းတစ်ခင်းလုံး ကားပတ်မောင်းပြီး ညနေ လေးနာရီခွဲသည့် အချိန်တွင်တော့ လင်းရီ ကျီချင်းရန်ကို ကြိုရန် ချောင်ရန်အုပ်စုသို့ ဦးတည်လာခဲ့သည်။

"နင် ရောက်မလာသေးဘူးလား...."

"အင်း...ငါခုပဲရောက်လာ‌တော့မှာ..."

အချိန်မှာ‌တော့ အလုပ်ဆင်းရန် နီးကပ်လို့ လာချေပြီ။ ထိုအချိန်တွင် ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး အမျိုးသမီးတစ်ယောက် ထိုအထဲမှ ရေးကြီးသုတ်ပျာဖြင့် ပြေးထွက်လာခဲ့၏။ ထိုသူကတော့ ၀မ်ရင်းပင်။

"ရို...ဘာတွေအဲ့လောက် လောနေတာ....ချိန်းထားတဲ့လူရှိလို့လားအစ်မရင်းရဲ့...."

တစ်စုံတစ်ယောက်မှ စကားပြောနေသည့်အသံကိုကြားတော့ ၀မ်းရင်း ဘေးသို့လှည့်လိုက်သောအခါ လင်းရီ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။

"ဘာလဲ မောင်လေးရီက အစ်မကို ဟာသလုပ်နေတယ်ပေါ့... "၀မ်ရင်းအပြုံးလေးဖြင့် ပြောလိုက်ပြီး

"အစ်မမှာ လုပ်စရာလေးတွေ ရှိနေသေးလို့...နင်နဲ့စကားဆက်မပြောတော့ဘူးနော်..နောက်မှပြောစရာရှိရင် ဖုန်းလှမ်းဆက်လိုက်..."

"ခဏလေး...ကျွန်တော့်ကားရပ်ထားတာတောင် မမြင်နိုင်လောက်အောင် ဘာတွေအဲ့လောက်ထိ အလျင်လိုနေတာ..."

"ဒီတိုင်း အလျင်လိုနေလို့ ဘေးကို မကြည့်မိတာလေ...နင်က ဘာလို့ အရမ်းတွေ ကတ်ပ်တွက်နေတာလဲ..."

၀မ်ရင်း အနည်းငယ် စိတ်မရှည်ဖြစ်သွားခဲ့သည်။

"အမ်...အစ်မရင်းကို ဒီလောက်ထိ ဒေါသထွက်အောင်လို့ ဘယ်သူကလုပ်လိုက်တာ"

"ဘာမှ ထွေထူးကြီးမဟုတ်ပါဘူး..အစ်မဘာအစ်မ ဖြေရှင်းလို့ရတယ်..နင်သာ ဒီမှာနေပြီးတော့ ဘော့စ်ကျီအလာကို စောင့်နေလိုက်..."

"ဘာတွေဖြစ်နေလဲဆိုတာသာ ပြောစမ်းပါဗျာ....ကျွန်တော်ကူညီနိုင်သာရှိရင် ကူညီမှာပေါ့..."

"လုလုပေါ့...သူအရင်တုန်းက ထရိန်နင်အတန်းတက်ချင်တယ်လို့ နင့်ကို ပြောဖူးတယ်မလား...အဲ့တာနဲ့ သူလည်း အတန်းအတွက်ဆိုပြီးတော့ စရံငွေနှစ်ထောင်သွင်းလိုက်တယ်.....သူ(မ) စာရင်းသွင်းပြီးတဲ့ အချိန်ကျတော့ သူတို့ဆရာမက နောက်ထပ် ယွမ် ငါးထောင် ထပ်ပေးရမယ်တဲ့ ....စာရင်းသွင်းပြီးတော့ အခြေခံအတန်းတွက်က ယွမ်ခုနစ်ထောင်ဖြစ်နေလိမ့်မယ်လို့ လုလုလည်း ဘယ်ထင်ထားမှာ...ဒါတောင်မှ အတန်းချိန်က နှစ်ခုတည်းရှိတာနော်..တစ်ချိန်ကို သင်တာကမှ တစ်နာရီတည်းရယ်....နောက်ပြီး ကျန်တဲ့အတန်းတွေပါ တက်ချင်တယ်ဆိုရင် အဆင့်မြင့်အတန်းကို စာရင်းပေးသွင်းမှ တက်လို့ရမှာ.."

"ပြီးတော့ အဆင့်မြင့်အတန်းအတွက် သင်တန်းကြေးကလည်း နည်းနည်းနောနောတောင် မဟုတ်ဘူး…..ယွမ် ၈၇,၀၀၀ တောင်….အစ်မတို့လိုမိသားစုက အဲ့လောက်ပမာဏကြီးကျတော့လည်း ဘယ်တတ်နိုင်မှာ….လုလုလည်း မတက်တော့ဘူးဆိုပြီး စရန်ငွေပြန်တောင်းတော့ ဟိုဘက်က ပြန်မပေးဘူး...အဲ့ဒါနဲ့ လုလုလည်း တစ်နေ့လည်ခင်းလုံး သူတိူ့နဲ့ အငြင်းအခုန်လုပ်နေတာ ခုထိ ဘာမှန်းတောင် မသိရသေးဘူး...အဲ့တာကြောင့်မို့ အစ်မရင်း တစ်ချက်သွားကြည့်မလို့...."

"ဒီလိုကိစ္စမျိုးတွေဖြစ်သွားတယ်ပေါ့...ဘယ်လို ဆရာမမျိုးက အဲ့လောက် မတန်တဆကြီးတောင်းတာ"

"ပြောသံကြားတာတော့ ဒရာမာ အကယ်ဒမီက နည်းပြလို့တော့ ပြောကြတာပဲ...."

"တက္ကသိုလ် ဆရာမတစ်ဦးက အဲ့လိုလုပ်နေတယ်...ဒါသေချာပေါက် လိမ်ညာနေတာပဲ မဟုတ်လား...လုလုနဲ့ သူ့သူငယ်ချင်းတွေက ရဲမခေါ်ကြဘူးတဲ့လား..."

"ရဲကိုလည်း ခေါ်ပြီးပြီ.. ဒါပေမယ့် သူတို့ပြောတာတော့ ဒီတိုင်းအချက်းချင်း အငြင်းပွားကြတဲ့ ကိစ္စမို့ ကိုယ့်ဘာကိုယ်ရှင်း....တရားဥပဒေနဲ့ မငြှိစွန်းရင် ဘာမှ လုပ်ပေးလို့ မရဘူးတဲ့...ကဲ..ဘယ်လိုလုပ်ကြမှာ.."

"ဒါ ဆရာမက ကျောင်းသားကို အမြတ်ထုတ်တဲ့ အမှုပဲလေ ..."လင်းရီ ပြုံးလိုက်ပြီး "ကျွန်တော်သိပြီ...နှစ်နာရီတန်းအတွက် ယွမ် ၇ထောင် တောင်းတယ်..နောက်ပြီး ဘာမှ လည်း ကြိုတင်မပြောထားဘူးဆို‌တော့ သေချာပေါက် လုပ်စားနေတာပဲဖြစ်ရမယ်..."

လင်းရီ ၀မ်ရင်းကို ကြည့်လိုက်ပြီး "အဲ့တာဆို အစ်မရင်းက အဲ့ဒီကို ရောက်သွားပါပြီရဲ့..ဘာလည်းလုပ်မှာ...."

"ဘာလုပ်ရမှာ...စကားပြောမှာပေါ့..သူများချွေးနှဲစာကို အဲ့လောက် လွယ်လွယ်နဲ့ ရလိမ့်မယ်လို့ ထင်နေတာလား...."

၀မ်ရင်း ပြောလိုက်ပြီး သူမ၏ လေသံမှာ အနည်းငယ် ဒေါသထွက်နေသည်။

"အဲ့လို စကားပြောပြီး ဖြေရှင်းလို့ရမယ့် ကိစ္စလို့ အစ်မရင်းထင်နေတာလား..."

၀မ်ရင်း ပြောစရာစကားများပျောက်ရှသွားခဲ့သည်။ သူမအလုပ်မဖြစ်မှန်းသိသော်လည်း လင်းရီကို ဒုက္ခမပေးချင်ပေ။

"မောင်လေးရီနဲ့သွားတာက ကိစ္စတော့မရှိပါဘူး....ဒါပေမယ့် နင်က ဘော့စ်ကျီကို လာကြိုတာ မဟုတ်ဘူးလား...မောင်လေးရီရဲ့ ကိစ္စတွေ နှောင့်နှေးကုန်မှာပေါ့..."

"ဘာမှ မဖြစ်ဘူး..."လင်းရီ ပြောလိုက်ပြီး "အစ်ရင်း ရှေ့ကသွားလှည့်...ကျွန်တော်နောက်ကနေ ကပ်လိုက်လာခဲ့မယ်..."

"ရရဲ့လားဟယ်..တော်ကြာ ဘော့စ်ကျီ နင့်ကို စိတ်ဆိုးနေပါဦးမယ်...."

"ဘာဆိုင်လို့ စိတ်ဆိုးရမှာ...ကျွန်တော့်အကြောင်းသိအောင် ပညာပြလိုက်မှာပေါ့..."

"အဲ့တာဆိုလည်း ပြီးတာပဲလေ..နင့်ဇာတ်နင်နိုင်ရင် ပြီးတာပဲ..."

၀မ်ရင်း သူမ၏ BMW ထဲ ၀င်သွားပြီး လင်းရီ နောက်မှ လိုက်လာခဲ့ကာ ကျီချင်းရန်ထံ ဖုန်းဆက်လိုက်၏။

"အေး ချင်းရန်..ငါခုလေးတင် အရေးကြီးကိစ္စပေါ်လာလို့ လာမကြိုပေးနိုင်တော့ဘူးကွာ...အဲ့တာမင်း ကိုယ့်ဘာကိုယ်ပဲ မောင်းပြီး အိမ်ပြန်လိုက်တော့..."

"ကြာမှာလား..."

"သိပ်တော့ မကြာပါဘူး..ခဏလောက်ပါပဲ...."

"အဲ့တာဆိုလည်းငါ အချိန်ပိုဆင်းရင်းနဲ့ စောင့်နေလိုက်မယ်လေ...နင်ပြီးတဲ့ချိန် လာကြိုလိုက်ပေါ့...."

"အဲ့လောက်တောင်အလုပ်များလားဟ...အချိန်ပိုတောင် ဆင်းနေရတယ်ဆိုတော့...."

"အင်း...ငါနင့်ကို မြေလေလံပစ်တဲ့ကိစ္စ ပြောဖူးတယ်မလား..ငါခုတလော အဲ့ကိစ္စနဲ့ အလုပ်များနေတာ... "ကျီချင်းရန် ပြောလိုက်ပြီး "အဲ့ဈေးပေးတာကလည်း နောက်တစ်လနေရင် ပိတ်တော့မှာ... အချိန်က သိပ်မရတော့ဘူး...ငါမြန်မြန်လေး လုပ်မှဖြစ်မှာဟ...."

"အေးဆေးလုပ်ပါဟ..ကုမ္ပဏီမှာ လူဒီလောက်များတာ သူများကို ခိုင်းလိုက်ပေါ့..."

"မရဘူး...ပရောဂျက်က အရမ်းအရေးကြီးတယ်....ငါသူများနဲ့ လွှတ်ထားလို့ စိတ်မချဘူး...အဲ့တာကြောင့် ကိုယ်တိုင် အပင်ပန်းခံနေရတာ...."

ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်ပြီး "တကယ်လို့များ ဥက္ကဌလင်းသာ ကျွန်မကို ပရောဂျက်တွေ မပေးတော့လို့ကတော့ ဟော့ဒီက ငတ်ပြီး သေရမယ်နဲ့တူပါတယ်လေ...."

"ဟမ့်...အဲ့လိုတွေ ပြောပြီးတော့ ငါ့နား ပရောဂျက်တွေ ရမာ်လို့တော့ မထင်လိုက်နဲ့...ငါက အဲ့လောက်လွယ်တဲ့ကောင်မဟုတ်ဘူး...."

"ဟီးဟီး...."

ကျီချင်းရန် ‌ရယ်မောလိုက်ပြီး "ငါ လမ်းကြားလေးထဲက ဥထမင်းကြော်စားချင်လို့...နင်ငါ့ကို လာကြိုတဲ့အချိန်ကျ ၀ယ်ခဲ့ပေးပါလား....နောက်ပြီး ကြက်ဥမွှေကြော်လေးကောနော်...."

"ကြက်ဥမွှေကြော် တစ်လုံးကို နှစ်ယွမ်တောင် ပေးရတယ်...ထည့်လည်း အပိုပဲကို...ဘာမှ မထည့်ဘူး...ဒါပဲ"

All Chapters