← Chapters

အခန်း(၃၅၃)

Vol. 24 Ch. 353

အခန်း(၃၅၃)

Vol. 24 Ch. 353

လင်းရီ ဖုန်းချလိုက်၏။ သူတို့နှစ်ယောက် အချိန်မည်မျှကြာအောင် ဆက်ပြောနေရမှန်း မသိ၍ လင်းရီမှ စကားဖြတ်ပြီး ဖုန်းချလိုက်လေသည်။

ထို့နောက် ရန်ရွှေထံ ဖုန်းခေါ်လိုက်၏။

သူမမှာ ရန်ဒရာမာ အကယ်ဒမီမှ နည်းပြတစ်ဦးဖြစ်သောကြောင့် ယခုကိစ္စကို ကိုင်တွယ်ရန် ပိုမိုသင့်လျော်လေသည်။

၀မ်ရင်း၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား ရပ်ကွက်လေးတစ်ခုထဲသို့ ရောက်လာခဲ့ကြ၏။

၀မ်လုနှင့် သူမ အတန်းဖော်သူငယ်ချင်းတို့မှာ ဆိုင်တစ်ဆိုင်ရှေ့တွင် လက်မှိုင်ချ၍ စိတ်ပျက်လက်ပျက် ဖြစ်နေသည့် ပုံစံတို့ဖြင့် ထိုင်နေကြ၏။

သို့သော်လည်း လင်းရီ ယခင်က တွေ့ဖူးခဲ့သည့် လျိုဟိုင်နင်တော့ ထိုအုပ်စုထဲတွင် မပါ၀င်ချေ။

"အစ်ကိုလင်း...ရောက်လာပြီပေါ့..."

၀မ်လု သူမ အစ်မရင်းနှင့် လင်းရီတို့ကြား ပတ်သက်ဆက်နွယ်မှုကို ရှင်းလင်းစွာ နားလည်သွားပြီး‌နောက်ခဲအိုဟု ဆက်မခေါ်တော့ပဲ အစ်ကိုလင်းဟုသာ ခေါင်းစဉ်တပ်လိုက်တော့သည်။

လင်းရီ ၀မ်လု၊ တူးယွီရှင်းနှင့် ကျန်သူများကို ပြုံးပြလိုက်ပြီး "မင်းတို့ပဲ လူကြီးဖြစ်ပြီ ပြောပြီးတော့မှ နိုက်ကလပ်တောင် သွားပြီး အတွေ့ကြုံယူလိုက်သေးတယ် မဟုတ်လား...ခုကျတော့ကော ဘယ်လိုဖြစ်နေကြတာ.."

"အစ်ကိုလင်းကလည်း...လုလုတို့ကဖြင့် ခုမှ ဆယ်ကျော်‌သက်လေးပဲဟာကို..ဘယ်လိုလုပ်ပြီး ဖြေရှင်းနိုင်မှာလဲလို့.. "

"ဟုတ်တယ် ဦးလေးကြီး...နာတို့က ကောလိပ်တောင် မတက်ရသေးတဲ့ ကျောင်းသူလေးတွေလေ..ဘယ်လိုလုပ် ဒီလိုကိစ္စမျိုးကို ဖြေရှင်းနိုင်မှာ... "တူယွီရွှမ်းမှ ပြောလိုက်၏။

လင်းရီ ပြုံးပြီး ပတ်၀န်းကျင်ကို တစ်ချက်ရှိုးလိုက်သောအခါ ဆိုင်ရှေ့၌ 'တယ်ရိ့ ၀င်ခွင့်စာမေးပွဲ ထရိန်နင် သင်တန်းကျောင်း'ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို မြင်‌တွေ့လိုက်ရသည်။ သို့သော်လည်း တံခါးမှာ သော့ခတ်ထားပြီး အထဲတွင်လည်း ၀န်ထမ်းတစ်ယောက်မျှ မရှိသည့်ပုံပင်။

"လူတွေကော..."

"သူတို့လား...ခုလေးတင် ပြန်သွားကြပြီလေ .. လုလုတို့လည်း မတားလိုက်တော့ဘူး..."

"ရတယ်... ဘာမှစိတ်မပူနဲ့...ခု ငါ့သူငယ်ချင်း ဆရာမတစ်ယောက် လာနေပြီ...သူ မင်းတို့ စိတ်ကျေနပ်အောင် ကိုင်တွယ်ပေးလိမ့်မယ်"

"တကယ်...."

အကယ်၍ ၀မ်ရင်းသာ ယခုလိုစကားမျိုး ပြောလာမည်ဆိုပါက သူမတို့ အရမ်းယုံကြည်မိလိမ့်မည် မဟုတ်သော်လည်း မတူကွဲပြားစွာဖြင့် လင်းရီဖြစ်နေခဲ့သည်။

လင်းရီမှာ မည်သူနည်း။ ချင်းဟန်နှင့် အဆင့်တန်းချင်းကိုက်ညီသည့် ပုဂ္ဂိုလ်ကြီးပင်။ သူ့အတွက်တော့ ယခုလို အသေးမွှားကိစ္စလေးကို ဖြေရှင်းဖို့ရာမှာ ကိတ်မုန့်လှီးစားသလို လွယ်ကူပေလိမ့်မည်။

ဆယ်မိနစ်ကြာပြီးနောက် အဖြူရောင် မာစီးတီးတစ်င်း ရပ်ကွက်ထဲသို့ ‌မောင်းနှင်လာခဲ့၏။

ကားပါကင်ထိုးပြီးနောက် ရန်ရွှေ နေကာမျက်မှန်ကိုချွတ်ကာ ကားထဲမှ ထွက်လာခဲ့လေသည်။

၀မ်ရန်၏ ၀တ်စုံမှာတော့ ထုံးစံအတိုင်း ရင့်ကျက်ပြီး ကျက်သရေရှိစွာ ၀တ်ဆင်ထားလေသည်။ သူမ အနက်ရောင် တစ်ဆက်တည်း၀တ်စုံကို ၀တ်ဆင်ထားပြီး အသားရောင်စတော်ကင်နှင့် ဒေါင်မြင့်ဖိနပ်တို့ကို ဆင်ယင်ထားသည့်ပုံမှာ မြင်သူတိုင်းကို စင်ကြယ်ပြီး လှပသည်ဟူသော ခံစားချက်ကို ရရှိစေ၏။

ရန်ရွှေမှာ အသက်အနည်းငယ် ရနေပြီဖြစ်သော်လည်း သူမ၏ ထိန်းသိမ်းနိုင်မှုတို့မှာတော့ ၀မ်လုနှင့် ကျန်သူများ၏ လေးစားမှုကြိ သိမ်းပိုက်သွားခဲ့သည်။

သူမတို့အားလုံး ရန်ရွှေကို မျက်လုံးအပြူးသားလေးများဖြင့် ကြည့်နေကြ၏။

"နင်ဘာလို့ ဒီလောက် အလျင်စလိုကြီး ခေါ်လိုက်တာလဲ..."ရန်ရွှေ အပြုံးလေးဖြင့် မေးမြန်းလိုက်လေသည်။

"ဒီရဲ့ ထရိန်နင် သင်တန်းကျောင်းကို အစ်မတို့ကျောင်းက ဆရာမတစ်ယောက် ဦးစီးနေတာ...ပြီးတော့ ပိုဆိုးတာက တက်ရောက်တဲ့သူတွေကို လိမ်စား‌ေိတာပဲ...အဲ့ကိစ္စကို အစ်မရန် ဘယ်လို ကိုင်တွယ်ပေးသင့်လဲ..."

ရန်ရွှေ ဘယ်သူလဲဆိုတာသိတော့ ၀မ်လုနှင့် ကျန်သူများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။

'အစ်ကိုကြီးလင်းက ကျိုးဟိုင်ဒရာမ အကယ်ဒမီက ဆရာမနဲ့တောင် သိတယ်ပေါ့လေ...ဝါး...အထင်ကြီးစရာကောင်းလိုက်တာ..."

"ဟိုးနားလေးမှာ သွားပြောရအောင် .."

ရန်ရွှေ လင်းရီကို ဘေးတစ်နေရာသို့ ခေါ်ဆောင်သွားခဲ့၏။ ကျောင်းမှ ဆရာမများကို အပြင်၌သင်ကြားခြင်းကို တားမြစ်ထားသော်လည်း ယခုလိုအဖြစ်ပျက်မျိုးတို့ကတော့ ပညာရေးလောကတွင် ဖြစ်ပျက်သည်မှာ သာမန်လိုပင် ဖြစ်နေလေသည်။

အကယ်၍ ယခုလိုဖြသ်လာပါကလည်း ကျောင်း၏ နာမည်ဂုဏ်သတင်းကို ကာကွယ်ရန်အလို့ငှာ တိုးတိုးတိတ်တိတ်သာ ဖြေရှင်းလေးရှိကြ၏။

"ခုတော့ ဒါကို လျှို့ဝှက်ထားကြတာပေါ့ ....ဘာဖြသ်လဲတိုတာ အရင် ကြည့်ကြည့်ရအောင်..."

ရန်ရွှေပြောလိုက်ပြီး "ရှေးနှစ်တွေ တုန်ူကတည်းကရင် ကျောင်ူက အပြင်တန်းတွေ သင်တာကို တင်းကြပ်ထားတာ...ဒီလိုကိစ္စတွေကြောင့်လဲ ဆရာမတွေ ထုတ်ပစ်ခံရတာ မနည်းတော့ဘူး...ဒါကြောင့်မို့ လောဂျစ်ကျကျ ပြောရမယ်ဆိုရင် ဒီလို ကိစ္စမျိုးကြီးက လုံး၀ကို မဖြစ်သင့်တာ... "

"ဒါဆို အပြင်လူကပဲ လိမ်နေတာ ဖြစ်လောက်လား...."

"ဖြစ်နိုင်တယ်..."ရန်ရွှေ ပြောလိုက်ပြီး "ဒါပေမယ့် အတည်မပြုခင် ဘာတွေဖြသ်နေလဲဆိုတာ‌ောတ့ သေချာသိအောင် လုပ်ရမယ်လေ...."

"အင်း...ကိစ္စတွေက ပိုပြီးတောင် စိတ်၀င်စားဖို့ ကောင်းလာပြီ..."

"နင်ဆို့တွေ ဒီမှာ ဘာလာလုပ်နေကြတာလဲ...."

လင်းရီ စကား‌စပြောတော့မည့်အချိန်တွင် နောက်မှ အော်ကြီးဟစ်ကျယ်နှင့် အသံတစ်သံကို ကြားလိုက်ရသည်။

"အစ်ပိုလင်း..သူပေါ့..လုလုတို့နားက ငွေတွေ ညစ်သွားခဲ့တဲ့ ပြိဿာမကြီး...."

ထိုအမျိုးသမီးမှာတော့ သာမန် ဂျင်းအတိုနှင့် ပေါ့ပျက်ပျက် အ၀တ်စားတို့ကိုသာ ၀တ်ဆင်ထားဟ။ မည်သည့်ရှုထောင့်မှကြည့်ကြည့် သူမ ဆင်ယင်ထားသည့် ဒီဇိုင်း၌ အနုပညာကို ခံစား၍မရချေ။ ရန်ရွှေနှင့် နှိုင်းယှဉ်မည်ဆိုပါက ကောင်းပင်နှက့်မြေကြီးပမာ ကွာခြားလွန်းလှပေသည်။

သူမဘေးတွင်တော့ အသားမည်းသည့် လူငာ်နှစ်ယောက်လည်း ရှိနေသေး၏။ ကြည့်ရသလောက်တော့ သူမ နှင့် တစ်နည်းတစ်ဖုံ ပတ်သက်နေကြသူများ ဖြစ်လောက်ပေသည်။

"ဒီတောသူမက မင်းတို့ရဲ့ ပိုက်ဆံကို လိမ်ထားတဲ့သူလား...."

"ဟုတ်တယ် ဟုတ်တယ်..သူပဲ..."၀မ်လုပြောလိုက်ပြီး "သူ့(မ) နာမည်က ကျန်းရွှယ်မေ...လုလုတို့ စကားပြောတုန်ူက အတန်းတွေအားလုံးကို ယွမ် ၇ထောင်တည်ူကျယမ်ပြောပြီးတော့မှ ခုကျ တစ်နာရီသင်တဲ့ အတန်းနှစ်တန်းလေးပဲ တတ်ခိုင်းတယ်...ငွေလိမ်နေတယ်ဆိုတာ အသိအသာကြီးပဲကို..."

"တစ်နာရီတည်းသင်တာကကော ဘာဖြသ်နေလြိ့လဲ..."ကျန်းရွှယ်မေ အော်ဟစ်ရန်တွေ့လိုက်၏။

"နင်တို့ကို ပြောလိုက်မယ်...နင်တို့အားလုံး စာချုပ်မှာ သဘောတူညီမှုလက်မှန် ရေးထိုးပြီးသားနော်...နင်တို့ အတန်းတွေ ဆက်တက်ချင်တယ်ဆိုရင် ကျန်တဲ့ ပိုက်ဆံကို ပေးလိုက်...မတက်ဘူးဆိုရင်လည်း ဒီကနေ အမြန်ထွက်သွားလိုက်တော့ ..ငါ့စီးပွားရေးကို လာမနှောင့်ယှက်နဲ့...."

"ကျွန်မတို့လည်း ရှင့်အတန်းတွေညမတက်ချင်ပါဘူး...ကျွန်မတို့ ပေးထားတဲ့ စရန်ငွေတွေပဲ ပြန်လိုချင်တယ်...."

"နင်တို့က ငတုံးတွေလား....ငါပြောနေတယကို နားမလည်တယလား..." ကျန်းရွှယ်မေ ပြောလိုက်ပြီး "ငါတို့ စာချုပ်ချုပ်ထားတယ်....နင်တို့ အဲ့လိုပြောလိုက်တာနဲ့ပဲ ငါက လွယ်လွယ်နဲ့ ပိုက်ဆံပြန်ထုတ်ပေးမယ်လို့ ထင်နေတယ်ပေါ့လေ.....ယောနိပဲရမယ်"

ကျန်းရွှယ်မေ ယခုလို ပြဿနာအကြီးကြီး ရှာဝံ့နေသည်မှာ ၀မ်လုတို့က တတိယအဆင့်သာရှိသည့် သေးငယ်သော မြို့လေးတစ်မြို့မှ ပြောင်းလာသူများဖြစ်ကြောင်း သိထားသောကြောင့်ပင်။ ထို့ကြောင့် သာ ယခုလို အကြောက်အလန့် ကင်း‌ပြနေခြင်းဖြစ်လေသည်။

လင်းရီ ရန်ရွှေကို ကြည့်လိုက်ပြီး "ကျွန်တော်တို့ ဒီကိစ္စကို ဘယ်လိုလုပ်သင့်တယ်လို့ထင်လဲ .."

ရန်ရွှေ ပခုံးတွန့်လိုက်ပြီး "ဘယ်သိမှာ..သူတို့က သာချုပ်မှာ လက်မှတ်ထိုးထားပြီးကြပြီလေ..ဥပဒေအရဆို ပိုက်ဆံမှ ပြန်မရနိုင်တော့တာ...."

"ဟမ့်..ကြည့်ရတာ နင်တို့ကမှ သဘောပေါက်လွယ်သေးသားပဲ...ငါရှင်းရှင်းလေးပဲ ပြောလိုက်မယ်...မြန်မြန် တံခါးဖွင့်ပေးပြီး လမ်းဖယ်ပေးစမ်း...လမ်းကို ပိတ်မရပ်ထားရဘူးဆိုတာ နင်တို့ နားမလည်ကြဘူးလား..."

ကျန်းရွှယ်မေ စိတ်မရှည်စွာဖြင့် ပြောလိုက်၏။

"ဘာတွေလောနေတာ..ကျွန်မတို့က ရှင့်ကို စရံငွေတွေ ပြန်မတောင်းပါဘူး..ဒါပေမယ့် လုပ်ဖော်ကိုင်ဖက်‌တွေအနေနဲ့ ကျွန်မတို့ အချင်းချင်း အရင်မိတ်မဆက်သင့်ဘူးလား...."

"ဟမ်...နင်ဘာပြောလိုက်တယ်....လုပ်ဖော်ကိုင်ဖက်တွေ...."

ရန်ရွှေ အပြုံးလေးဖြင့် ခေါင်းညိမ့်လိုက်ပြီး "ကျွန်မကိုယ့်ကိုယ်ကို အရင် မိတ်‌ဆက်ပေးမယ်..ကျွန်မက ကျိုးဟိုင် ဒရာမာ အကယ်ဒမီရဲ့ ပရော်ဖက်ဆာ ရန်ရွှေ...ရှင်ကလည်း သရုပ်တောင်ဌာနက ပရော်ဖက်ဆာဆိုတော့....မိတ်ဆက်ပေးပါဦး...."

"နင်...နင်က ဒရာမာ အကယ်ဒမီက ပရော်ဖက်ဆာ...."

ရန်ရွှေ ဘယ်သူလဲဆိုတာကို သိတော့ ကျန်းရွှယ်မေ မျက်နှာထက်ရှိ မောက်မာသည့် အပြုံးတို့မှာ ရုတ်ချည်း ပျောက်ကွယ်သွားရသည်။ သူမအမူအရာမှာ ကိုးရို့ကားယားဖြစ်သွားခဲ့ပြီး မည်သို့ တုန်ပြန်ရင်ကောင်းမလဲဆိုတာကို စဉ်းစားရခက်နေလေသည်။

"ဒါ...ဒါ အတော်လေးတိုက်ဆိုင်တာပဲ...တစ်ကျောင်းတည်းကလူတွေ ဒီမှာလာဆုံနေတယ်ကြည့်စမ်း...."

"အတော်လေးကို တိုက်ဆိုင်တာ..."ရန်ရွှေ ပြောလိုက်ပြီး "ဒါပေမယ့် အခု ကျောင်းက အပြင်မှာ အတန်းတွေ လက်ခံတာကို ရှင်လဲ သိတယ်မဟုတ်ဘူးလား...."

"ဒါ....."

ကျန်းရွှယ်မေ တုန်လှုပ်နေပြီး ပျောက်စရာစကားများ ပျောက်ရှနေခဲ့သည်။

တတိယအဆင့်လောက်ပဲ ရှိ‌တဲ့ မြို့ငယ်လေးရဲ့ ကျောင်းသား‌တွေက ဒရာမာ အကယ်ဒမီက ‌ပရောက်ဖက်ဆာနဲ့ တကယ်ကြီး ရင်းနှီးနေတယ်တဲ့လား....

ဒါက သာမန်မှဟုတ်လို့လားဟဲ့....

"ရှင်ဘယ်သူလဲဆိုတာ ကျွန်မ သိပြီးပြီ..လိမ်ညာဖို့ မကြိုးစားနဲ့...ဒီကိစ္စကို ကိုင်တွယ်ပေးဖို့ ရဲကို ဖုန်းဆက်လိုက်တော့မယ်"

"ဆရာမရန်...ရှင် ရဲကိုခေါ်လည်းအလကားပဲ...ကျွန်မတို့ ရဲကို ခေါ်ကြည့်ပြီးသွားပြီ..."၀မ်လုမှ ပြောလိုက်၏။

"ရတယ်...ငါခေါ်ရင် သူတို့ သေချာပေါက်ကို ကိုင်တွယ်ပေးစေရမယ်...."

ကောင်မလေးများမှာ တိတ်တဆိတ် အံ့အားသင့်သွားခဲ့ကြသည်။

သူမတို့ ရဲကိုခေါ်စဉ်က လျစ်လျူရှုခြင်း ခံရသော်လည်း ယခု မစ်ရန်ခေါ်ချိန်တွင်တော့ ချက်ချင်း ဆောင်ရွက်ပေးမည်ဆိုပင်။

မြို့ကြီးပြကြီးတွင် မတူညီသည့် အဆင့်အတန်းတို့က မတူကွဲပြားသည့် အကျိုးသက်ရောက်မှုတို့ ရှိလေသည်။

လင်းရီကတော့ ဘေးတွင် ရပ်နေပြီး ရန်ရွှေလုပ်သမျှကို ပြုံးလျက် ကြည့်နေ၏။

သူမ တက္ကသိုလ် ပါမောက္ခ ဖြစ်လာသည်မှာ မထူးတော့ပါ။ သူမကဲ့သို့ သိမ်မွေ့သည့် စိတ်နေသဘောထားဖြင့် ပြတ်သားသည့် ဆုံးဖြတ်ချက်တို့မှာ လူတကာမှ အတုမခိုးနိုင်သည့် စရိုက်များပင်တည်း။

"နင်...နင်တို့ လွန်မလာနဲ့နော်...."ကျန်းရွှယ်မေ ပြောလိုက်ပြီး "ငါ ဒီသင်တန်းကျောင်းကို တည်ထောင်လာတာဖြင့် ကြာလှပြီ..ငါ့မှာလည်း အဆက်သွယ်‌တွေ ရှိတယ်...."

"ကျွန်မက ကိုယ့်အလုပ်ကိုယ် လုပ်နေတာ...."ရန်ရွှေ ပြောလိုက်ပြီး "ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းတဲ့သူက ကျွန်မဖြစ်နေတာကိုပဲ ရှင်၀မ်းသာသင့်တယ်..ကျွန်မဘေူနားက ကောင်လေးသာ ကိုင်တွယ်မယ်ဆိုလို့ကတော့ ရှင် ဒီ‌ထက်တောင် အခြေနေဆိုးသွားနိုင်တယ်...."

"ငါ...ငါဂရုမစိုက်ဘူး....ဘာပဲဖြစ်ဖြစ် နင်တို့ လွန်မလာနဲ့...မဟုတ်ရင် နင်တို့ကို ကိုင်တွယ်ဖို့ ငါတစ်ယောက်ယောက် လွှတ်လိုက်တော့မှာ...."

ထိုအခါ ရန်ရွှေ သူမနောက်ဘက်ရှိ လွိုင်ကန်ကို လက်ညှိုးထိုးပြလိုက်ပြီး "ရှင် အားကိုးနေတဲ့ အဆက်အသွယ်မှာ သန်း၆၀ ကျော်တန်တဲ့ စူပါကားကြီး ရှိလို့လား...."

" ဘာ...ဘာပြောတယ်...ဒီကားကြီးက နင်တို့ဟာ...."

"အမှန်ပဲ..."

ကျန်းရွှယ်မေ မြေပြင်ပေါ်သို့ ပုံလဲကျသွားကာ ချုံးပွဲချ ငိုကြွေးတော့၏။

သို့သော်လည်း ထိုသို့ပြုလုပ်ခြင်းက သူမ၏ ပြစ်ဒဏ်ကို လျော့ကျမသွားစေခဲ့။ အဆုံးတွင်တော့ ရဲကားများရောက်လာပြီး သူမကို ဖမ်းဆီးခေါ်ဆောင်သွားလေသည်။

၀မ်လုနှင့် သူမသူငယ်ချင်းတို့လည်း ကြိုပေးထားကြသည့် စရံငွေများကို ပြန်ရသွားခဲ့ကြသည်။

ယင်းက အထက်တန်းလွှာအသိာင်းအ၀ိုင်း၏ အသိုင်းဝိုင်း ဩဇာလွှမ်းမိုးမှုကို ၀မ်လုတို့ နောက်တစ်ကြိမ် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းပင်။

သာမန် ဘော့စ်တစ်ဦး၏ နာမည်မှာ ယခုလိုနေရာမျိုးတွင် အကျုံးမ၀င်ချေ။

All Chapters