← Chapters

အခန်း (၃၅၄)

Vol. 24 Ch. 354

အခန်း (၃၅၄)

Vol. 24 Ch. 354

"ကူညီပေးတဲ့အတွက် ကျေးဇူးပါ ပရောက်ဖက်‌ဆာရန်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။

"လာပြီး နောက်မနေနဲ့..."ရန်ရွှေ ပြုံးလိုက်ပြီး "နင့်ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် တစ်မိနစ်ထဲနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စလေးကိုများ....ငါက ဒီတိုင်း အချိန်ဖြုန်းနေတာပဲ ရှိတယ်..."

"ဒါနဲ့ ကျွန်တော်တစ်ခုလောက် အကူညီ တောင်းလို့ရမလား..."လင်းရီ ၀မ်လုတို့ကို ကြည့်ရင်း ပြောလိုက်ပြီး "သူတို့ အားလုံးက အထက်တန်း ပြီးထားတဲ့ သူတွေ..ပြီးတော့ ၀င်ခွင့်စာမေးပွဲပြီးတာနဲ့ ပရော်ဖက်ဆာရန်ရဲ့ ကျောင်းကို ၀င်ချက်နေကြတာ...သူတို့ကို တစ်ချက်လောက် ကူညီပေးလို့ရမလား...."

"နင်က တောင်းဆိုလာမှာ‌တော့ သူတို့ကို မျက်နှာတစ်ချို့ ပေးလိုက်ပါမယ်လေ..."ရန်ရွှေ အပြုံးလေးဖြင့် ပြောလိုက်သည်။

မိန်းကလေးများအားလုံး စိတ်လှုပ်ရှားသွားခဲ့ကြ၏။ ပရော်ဖက်ဆာရန်မှ ယခုလိုပြောလာပြီ ဖြစ်သောကြောင့် သူမတို့တို့တွင် သေချာပေါက် အခွင့်ရေး ရှိသည်မှယ မလွဲမသွေပင်။

မည်သို့ပင်ဆိုစေ သူမမှာ ကျောင်းမှ ပရော်ဖက်ဆာတစ်ယောက်ဖြစ်၏။

ထို့ပြင် ပရော်ဖက်ဆာရန်ကို ထိုသို့ ပြောလာ‌အောငါ ပြုလုပ်နိုင်သည့် အစ်ကိုကြီးလင်းမှာလည်း အံ့ဩဖို့ကောင်းသည်ဟု ပြောရပေမည်။

"ငါ့မှာ ထရိန်နင် သင်တန်းကျောင်းဖွင့်နေတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ်..သူမက အရမ်းတော်တာ..ငါသူတို့ကို မိတ်ဆက်ပေးလိုက်မယ်လေ...."

ရန်ရွှေ ပြောလိုက်ပြီး ၀မ်လုတို့ဘက်လှည့်ကာ "နင်တို့ အမှတ်တွေ ထွက်လာလို့ အဆင့်တွေနဲ့ ပတ်သက်ပြီး ယုံကြည်ချက်မရှိဘူးဆိုရင် ချူးရီအကယ်ဒမီကို လျှောက်လိုက်....အချိန်ကျလာရင် နင်တို့ကို ဌာနပြောင်းဖို့ ကူညီပေးမယ်..နင်တို့ရဲ့ ပထမဦးစားပေးက ကျောင်းထဲ၀င်နိုင်ဖို့ပဲ..နောက်ဆက်တွဲတွေက ကိုင်တွယ်ရတာ လွယ်လွယ်လေးပါ...."

"တကယ်...အဲ့လိုဆို သမီးတို့‌ ကျောင်းရောက်တာနဲ့ ဌာနတွေ စိတ်တိုင်းကျ ရွေ့လို့ရတာပေါ့နော်...."

"ဘယ်ရမှာ..ဒါပေမယ့် နင်တို့အစ်ကိုကြီးလင်းရဲ့ ဂုဏ်သတင်းတွေနဲ့ဆိုရင်တော့ အလွယ်လေးပဲ..."

"အစ်ကိုကြီးလင်းက အရမမူအံ့ဩဖို့ကောင်းတာပဲ...."

"ဦးလေးကြီးကို အရမ်းချစ်တယ်...."

"လက်မှတ်ထိုးပေးပါဦးဗျို့...လက်မှတ်ကလေးထိုးပေးပါဦး....."

"ဟဲ့..နင်တို့ရဲ့ အနာဂတ်ဆရာမက နင်တို့ရှေ့ရောက်နေတာနော်..အမူရာလေးဘာလေးလည်း ထိန်းကြဦး...."

"ဟီးဟီး...."

"အဲ့တာဆို အစ်မ ကလေးသွားကြိုလိုက်ဦးမယ်နော်. သူတို့ကိုတော့ ဆက်သွယ်ဖို့ အစ်မဖုန်းနံပါတ် ပေးထားခဲ့လိုက်...ကျန်တာ ဘာမှ စိတ်ပူစရာမလိုဘူးသိလား..."

"ကောင်ူပါပြီဗျ..."

၀မ်ရန်ထွက်သွားသည်ကိုကြည့်ရင်း ၀မ်လု စိတ်ထဲတွက်တော့ 'အစ်ကိုကြီးလင်းက အံဩဖို့ကောင်းတယ်...အစ်ကိုကြီးလင်းက အံ့ဩဖို့ကောင်းတယ်...'ဟု အကြိမ်တစ်ရာလောက် ထပ်ခါတစ်လဲလဲ ရွတ်ဆိုနေတော့၏။

အဘယ်ကြောင့်ဆိုသော် လင်းရီမှာ အရမ်းလှပသည့် ကလေးတစ်ယောက် အမေကိုပင် သိမ်းပိုင်နိုင်သောကြောင့်ပင်တည်း။

လုံး၀ကိုအမေးဇင်းပဲ...

"မမ...အစ်ကိုကြီးလင်းက ဆရာမရန်နဲ့လည်း ဘာညာဘာညာတွေ ဖြစ်ထားပုံပဲနော်... "၀မ်လု အနားနားကပ်ပြီး လေသံတိုးတိုးလေးဖြင့် ပြောလိုက်၏။

"ဘာဆန်းလို့လဲ...ဘာမှ မဟုတ်တဲ့ ကိစ္စလေးကိုများ..."

"အွန်း..ဟုတ်တယ်..အစ်ကိုလင်းက အရမ်းတော်တဲ့သူတွေလေ..ဒီတော့ မိန်းကလေးတွေ အများကြီး ရှိတာ မဆန်းပါဘူး...."

လင်းရီ ၀မ်ရင်းနှင့် စကားခဏတဖြုတ် ပြောဆိုပြီးနောက် ရန်ရွှေ၏ ဖုန်းနံပါတ်ထားခဲ့ကာ ကျီချင်းရန်အတွက် ဥထမင်းကြော်၀ယ်ရန် လမ်းကြားလေးထဲသို့ ထွက်လာခဲ့လိုက်သည်။

"ဦးလေးကုန်း...ဥထမင်းကြော်နှစ်ပွဲ...ကောင်းကောင်းလေးနော်...ပြီးတော့ ကြက်ဥကြော်လည်း နှစ်လုံးထည့်ပေး"လင်းရီ ပြောလိုက်၏။

"အစ်ကိုရီ..."

စားပွဲ သုတ်နေသည့် ကျင်းကျင်းမှာ လင်းရီကို မြင်တော့ အပြေးလေးလာခဲ့ပြီး "အစ်ကိုရီက အခုတလော လာတောင် မလည်ဘူးနော်...."

"အင်း..ခုတလော အလုပ်တွေ ရှုပ်နေတာနဲ့ မလာဖြစ်လိုက်ဘူး...ဒါနဲ့ ကောလိပ်၀င်ခွင့်စာမေးပွဲက ပြီးသွားပြီမလား ...အမှတ်စာရင်းတွေကော ထွက်လာပြီလား...."

"အမှတ်စာရင်းတွေကတော့ မထွက်လာသေးဘူး..ဒါပေမယ့် ညီမက အမှတ် ၆၈၀ လောက်ထိ ရမယ်လို့တော့ အာမခံရဲတယ်.....ဆရာမကူကတော့ ဒီအမှတ်နဲ့ဆို စင်ဟွာနဲ့ ကန်တက္ကသိုလ် တက်ဖို့တောင် ပူစရာမလိုဘူးလို့တော့ ပြောတာပဲ...ဒါပေမယ့် ညီမကတော့ အိမ်နဲ့ နီးတဲ့ ဖူတန်ကိုပဲ သွားချင်တာ..."

"အင်း...ဖူတန်လည်း မဆိုးပါဘူး...ဘာပဲဖြစ်ဖြစ် ကျင်းကျင်း ဝါသနာပါတဲ့ လမ်းကိုပဲရွေးပေါ့...အနာဂတ်ကျ အဲ့ဒီလမ်းကိုပဲ ဆက်လျှောက်ရမှာလေ...."

"အွန်း အွန်း..အစ်ကိုကြီးလင်းက အကောင်းဆုံးပဲ...မေမေတို့က ညီမကို စင်ဟွာနဲ့ ရန်တက္ကသိုလ်ကိုပဲ ပို့ချင်နေကြတာ...ဒါပေမယ့် ညီမမှ မသွားချင်တာကို...."

"ဦးလေးကုန်း...အန်တီလျို...အန်တီတို့က စာအုပ်ဟောင်းကြီးသမားတွေ...ဖူတန်လည်း မဆိုးတဲ့ထဲမှာ ပါပါတယ်ဗျ...ပြီးတော့ တစ်ချို့ အတန်းတွေဆိုရင် စင်ဟွာတို့ ရန်တက္ကသိုလ်တို့လို ကျောင်းအကောင်းသားကြီးတွေကတောင် မသင်ပေးနိုင်တဲ့ အတန်းတွေ ရှိတယ်...."

လင်းရီ ကူပြီး ဖြောင်းဖြပေးလိုက်၏။

"အင်းပါ..ရီလေးပြောတာကိုပဲ နားထောင်လိုက်တာပေါ့..."ကျင်ူကျင်း၏ မိခင်မှ ပြောလိုက်ပြီး "အန်တီတို့လည်း မနေခဲ့ဖူးတော့ ဘာမှ မသိဘူး...ရီလေးကိုပဲ အကြံပေးဖို့ အနှောင့်ယှက်ပေးရတော့မယ်..."

"အသေးမွှားလေးပါ..."

လင်းရီ ကျင်းကျင်း၏ ဦးခေါင်းကို ခပ်ဖွဖွ ပွတ်သပ်လိုက်ပြီး "ကျောင်းက လက်ခံတဲ့စာ ရောက်ရင် အသိပေး ကြားလား..."

"ဟုတ်ကဲ့ပါ..."

ထို့နောက် လင်းရီ ကျင်းကျင်းတို့ မိသားစုနှင့် စကားပြောကာ ဥထမင်းကြော်နှစ်ပွဲကိုယူ၍ ကျီချင်းရန်ထံသို့ ရောက်လာခဲ့၏။

လင်းရီ မှ သူမအတွက် ဥထမင်းကြော် နှစ်ပွဲနှင့် ကြက်ဥကြော်နှစ်လူံး ထည့်လာခဲ့ပေးသည်ကို မြင်တော့ ကျီချင်းရန် အပျော်လွန်သွားခဲ့ပြီး "လင်းရီ..နင်က အကောင်းဆုံးပဲ...ငါက တစ်လူံးတည်းမှာတာကို တောင်မှ နင်က နှစ်လုံးတောင် ထည့်ခဲ့ပေးတယ်ပေါ့လေ..မဆိုးဘူး မဆိုးဘူး...."

လင်းရီ ဆွံ့အသွားခဲ့ပြီး " ဘယ်သူက နှစ်ခု ယူခဲ့ပေးလို့လဲ...တစ်ခုက ငါ့ဟာ..."

......

နောက်လေးငါးရက်ခန့်အထိ လင်းရီ Didi မောင်းသည့် အချိန်မှတပါး ချောင်ရှန့်ယွီကို မည်သို့ တစ်ပတ်ရိုက်ရမလဲဆိုတာကို အကြံထုတ်နေလေသည်။

ထွက်လာသည့် အကြံဉာဏ်များကတော့ လုံး၀ကို အထင်ကြီး လေးစားဖို့ကောင်း၏။ လင်းရီပင် စာအုပ်ထဲ ချရေးရင်း ဘ၀င်မြင့်ချင်သလို ဖြစ်သွားခဲ့သည်။

သို့သော်လည်း လင်းရီကို ရင်ထဲမအေး ဖြစ်အောင် ပြုလုပ်နေသည့် ကိစ္စတစ်ရပ်ကလည်း ရှိသေး၏။

ချောင်ကျင်းချိုးမှာ Cisco ၏ကိစ္စရပ်များကို တဖြည်းဖြည်းနှင့် ပါ၀င်ပတ်သက်လာနေကြောင်း ၀မ်ရန်ထံမှ သူသိလိုက်ရသောကြောင့်ပင်။

ထို့ပြင် Cisco၌ သူမ၏ အာဏာမည်မျှရှိနေလဲဆိုတာလည်း လင်းရီ မသိချေ။

ချောင်ရှန့်ယွီ၏ အပြုအမူတို့မှာလည်း ချောင်ကျင်းချိုးကို ယှဉ်နိုင်ရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း တွေ့နေရလေသည်။

ထိုငပိန်းမှာ စက်ရုံတစ်ဝိုက်တွင် လှည့်ကင်း အများအပြား ချထားရုံသာမက စောင့်ကြည့်ရေးကင်မရာ အလုံးတစ်ရာလောက်ကို တပ်ဆင်ထား၏။

ထိုမှတစ်ဆင့် ချောင်ရှန့်ယွီ၏ ချောင်ကျင်းချိုးအပေါ် နာကျည်းမုန်းတီးမှုတို့မှာ လယ်ဗယ်တစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း မြင်သာလေသည်။

ထိုသောက်ရူးမှာ သူ၏ ထူးချွန်မှုကို သက်သေပြရန် ညီမအရင်းကိုပင် ပြန်သ-တ်မည်လောဟု လင်းရီ သံသယပင် ၀င်မိသွားခဲ့၏။

ပန်နီဆူလာဟိုတယ်၌ ညစားပြီးနောက် လင်းရီ ချောင်ရှန့်ယွီထံ ဖုန်းဆက်လိုက်ပြီး

"ညီကိုချောင် စက်ရုံကို ကြီးကြပ်ရတာ အခြေနေဘယ်လိုရှိလဲ...ကျုပ် အတွင်းရေးမှူး တင်ပြတာတော့ ကောင်မတစ်ယောက်က နေ့တိုင်းစက်ရုံကို လာပြီး‌ တော့မှ ပေါင်တတ်ကရတွေ လိုက်လုပ်နေတယ်ဆို..ခု ညီကိုချောင်တို့ ထုတ်ထားတဲ့ ချစ်နည်းပညက အရမ်းလျို့ဝှက်တာ‌နော..မတော်လို့ သူများတွေ ခိုးသွားမှဖြင့် ....."

ချောင်ရှန့်ယွီမှာ တုံးအနေသော်လည်း လင်းရီပြောနေသည့်သူမှာ မည်သူဖြစ်နေလဲဆိုတာကိုတော့ သဘောပေါက်သင့်ပေသည်။

"ညီကိုလင်း..ဒီကိစ္စအတွက် ဘာမှစိတ်မပူနဲ့..ကျုပ် ဖြေရှင်းချက်တစ်ခု စဉ်စစားထားပြီးသား..နောင်ကျ အလုပ်ပါမစ်ရှိမှ စက်ရုံထဲ လွတ်လွတ်လပ်လပ် လျှောက်သွားလို့ရတော့မှာ..."

"ကျုပ် ညီကိုချောင်ရဲ့ နည်းလမ်းတွေကို ယုံပြီးသားပါ...မဟုတ်ရင် ဘယ်ဘိုလုပ် စက်ရုံကြီး တစ်ခုလုံးကိုထောက်ပံ့ပေးနိုင်မှာလဲ ဟုတ်တယ်မလား...ကျုပ်က ဒိတိုင်း စိတ်ပူလို့ သတိပေးရုံလေးတင်ပါ...."

"ကျေးဇူးပါပဲ ညီကိုရာ..ဒီကိစ္စတွေ ပြီးရင် ကျုပ် ထမင်းတစ်နပ်လောက် လိုက်ကျွေးဦးမယ်...."

"ပြဿနာမရှိဘူ...."

လင်းရီ ဖုန်းချပြီးနောက် ဟော်ယွမ်ယွမ်ထံ ခေါ်လိုက်သည်။

"ဘော့စ်..ဘာကိစ္စလဲ..."

"မင်းငါ့ကို ဟိုတယ်ခန်း တစ်ခန်း ယူဖို့ ပြင်ထားပေး"

"လင်းရီ နင်ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာ..."

"ဟမ်..."

အသံကြားသောအခါ လင်းရီ တခဏမျှ ကြောင်အသွားခဲ့ပြီး

အဲ့တာ ကျီချင်းရန်အသံမဟုတ်လား...

"မင်းက ခု ချောင်ရန်အုပ်စုရောက်နေတာလား..."

"ဒါပေါ့...ကျွန်မက အစ်မကျီကို နားမလည်တာလေးတွေ မေးဖို့ ရောက်လာခဲ့တာ...ဒါတောင်မှ ရှင်က ဟိုတယ်ခန်းယူထားဖို့ ပြောရဲသေးတယ်နော်....ကျွတ် ကျွတ်...ဘယ်လိုတောင် တုံးအတာလဲ"

"တစ်လောကလုံးမှာ သူမတစ်ယောက်တည်းပဲ ငါ့ကို ငတုံးလို့ ခေါ်လို့ရတယ်...ဒါပေမယ့် မင်းတော့ မရဘူး....ဖြူစင်ပြီး ဘာမှမသိတဲ့ကောင်မလေးပုံစံ ဖမ်းမနေစမ်းနဲ့...."

"ချီး ချီး ချီးပဲ....တော်ပြီ ‌မပြောတော့ဘူးဟာ...."

"ကဲ တော်ပြီ နင်တို့နှစ်ယောက်လည်း တွေ့တိုင်း ကိုက်နေတာလေးတွေ ရပ်လိုက်ကြတော့...."ကျီချင်းရန် ကြား၀င်နှောင့်ယှက်လိုက်ပြီး "ဘော့သ်နဲ့ ၀န်ထမ်းက ဒီလိုမျိုး ရန်ဖြစ်နေကြတာကို ငါတော့ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ...နင်တို့နှစ်ယောက်က ထူးကို ထူးဆန်းတယ်..."

"ဟွန့်...တစ်နှစ်လစာ ငါးသန်းကြောင့်သာ မဟုတ်ရင် ကျွန်မ စောကြီးကတည်းကနေ ထွက်သွားပြီးပြီ....ဘော့စ်က လူယုတ်မာကြီး..."

"ဟုတ်လား....ငါက နှစ်သစ်ကူးကျရင် မင်းကို နောက်ထပ် ယွမ်တစ်သန်းလောက် ဘောနပ်စ်ပေးဖို့ စဉ်းစားထားတာနော....."

"ဘယ်နားကသာ..ဘော့စ်က ဥစ္စာပေါရုပ်ချောပြီး သဘောမနောလာ်း အရမ်းကောင်းတဲ့ ဘော့စ်ပဲကို....တကယ်လို့ ခိုင်းစရာတစ်ခုခု ရှိရင် ကျွန်မကိုသာပြောလိုက်..ကျွန်မ ရင်ဘက်ကြီးနဲ့ကို လုပ်ဆောင်ပေးမယ်...."

ကျီချင်းရန် :"......."

ယွမ်ယွမ် ..နင်က ရန်တက္ကသိုလ်က လူတွေကို သိက္ခာချနေတာပဲ....

"ဖုန်းလန် ကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ ကြားထားသေးလဲ...."

"အဲ့ကုမ္ပဏီက ကျွန်မတို့ ရင်းနှီးမြုပ်နှံမယ့် ကုမ္ပဏီ အသေးစားလေးမလား....သူတိူ့ကို အာရုံထားဖို့ အချိန်သိပ်မပေးနိုင်သေးဘူး"

"အဲ့တာဆိုလည်း အချိန်ရအောင် လုပ်ပြီး စုံစမ်းလေကွာ...များများသိလေ ပိုကောင်းလေပဲ..သူတို့ကို အေးဆေးပေး‌မနေသင့်တော့ဘူး....."

"ဘော့စ်..ရှင့်မှာ လှည့်ကွက်အသစ်တွေ ရှိလာပြန်ပြီလား..."

"ဒါက သာမန် စီးပွားရေးနည်းပညာလေးပါကွာ...မင်းလှည့်ကွက်လို့ခေါ်လိုက်တာက ငါ့ရဲ့ ရိုးသားတဲ့ စိတ်နေစိတ်ထားကို စော်ကားလိုက်သလိုပဲ..."

"ဟွန့်..." ဟော်ယွမ်ယွမ် မသိမသာ နှာခေါင်းရှုံ့လိုက်ပြီး "ရှင့်ကို အဲ့လိုစော်ကားဖို့ စိတ်နေစိတ်ထားတောင် မရှိတာကိုများ...."

"နှစ်ကုန်ဘောနပ်စ်က နှစ်သန်းနော်..."

"ဘော့စ်..ရှင်က တော်၀င်ဆန်တဲ့ စိတ်နေသဘောထားနဲ့ အရမ်းရိုးသားဖြောင့်မတ်တာလေ..ပြီးတော့ သာမန်လူတွေ တုနှိုင်းမမှီရလောက်အောင် ထူးကဲပြီး ကြီးမြတ်တဲ့ ပုဂ္ဂိုလ်ကြီးပဲဟာကို...."

All Chapters