← Chapters

အခန်း (၃၅၅)

Vol. 24 Ch. 355

အခန်း (၃၅၅)

Vol. 24 Ch. 355

"အင်း...အလျှောက်ကောင်းသွားလို့ မင်းကို အာဖရိက ပို့မယ့်အကြံ ပယ်ဖျက်လိုက်တော့မယ်...."လင်းရီ ပြောလိုက်ပြီး "ကောင်းပြီ ..ငါမင်းကို ပြောဖို့ လိုအပ်တာတွေတော့ ပြောပြီးသွားပြီ....မင်းဘက်က တာ၀န်ကျေပြီဆိုတာနဲ့ တစ်ခါတည်း ဆုချပေးမယ်....ချောင်းကျင်းချိုးကိုသာ အေးဆေး‌မနေစေနဲ့... "

"ပြဿနာမရှိဘူး...ကျွန်မ အကျွမ်းကျင်ဆုံးကလည်း လူတွေကို စိတ်ဒုက္ခပေးတာပဲလေ...."

အမိန့်များပေးပြီးနောက် လင်းရီ ဖုန်းတန်းချလိုက်ပြီးအရာအားလုံးမှာ သူ့လမ်းကြောင်းနှင့်သူ အဆင်ပြေနေသည်ဟု ခံစားနေရ၏။

Sci-tech စက်ရုံနှင့် စပ်လျဉ်း၍ ချောင်ရှန့်ယွီနှင့် ချောင်ကျင်းချင်းတို့ အချင်းပွားအောင်လည်း သူ့ဘက်မှ လုပ်ဆောင်ပြီးပြီ။

ဟော်ယွမ်ယွမ်ကိုလည်း ဖုန်းလန်မီဒီယာကို ဒုက္ခ‌ပေးရန် စီစဉ်ခိုင်းထား၏။

အရာအားလုံးမှာ အကွက်ကျကျနှင့် အဆင်ပြေနေလေရာ လင်းရီ ထိုအကြောင်းများ စဉ်းစားရင်း ချောင်ကျင်းချိုးအတွက် တစ်မိနစ်မျှ ငြိမ်သက်ပေးလိုက်သည်။

ထိုင်ခုံနောက်သို့ မှီလိုက်ရင်း လင်းရီ အခ်ျန်အတာ်ကြာသည်အထိတော့ ဘာကိုမျှ စိတ်ပူရန် လိုအပ်လိမ့်မည်မဟုတ်ချေ။ သူ၏ စပိုင်များမှာ နေရာအနှံတွင် ဖြန့်ကျက်နေပြီးဖြစ်၏။ ချောင်ကျင်းချိုးမှာလည်း သူမ ကုမ္ပဏီ ပြဿများနှင့် ဗြာများနေပြီး အချိန်တစ်ခုလောက်အထိ သူ့အတွက် ခြိမ်းခြောက်နိုင်ခြင်းမရှိမည်မှာ အသေအချာပင်။

ထိုအကြောင်းတွေးရင်း လင်းရီ စိတ်ကျေနပ်အားရစွာဖြင့် ပြုံးလိုက်ပြီး စနစ်၏ စာမျက်နှာကို စိတ်မှ အာရုံပြုလိုက်၏။

ဤလ၀က်အတွင်း သူမောင်းနှင်ထားသည့် ကီလိုမီတာမှာ ပျှမ်းမျှ ၃ ထောင်ခန့်ရှိ၏။ အရင်အကြိမ်များမှ မောင်းနှင်ထားသည့် ကီလိုမီတာများကိုပါ ထည့်ပေါင်းပါက သူ ကီလို ၄,၇၈၉ အထိ မောင်းနှင်ထားပြီးဖြစ်သည်။

အကယ်၍ ထင်မှတ်မထားသည့် ကိစ္စများသာ ဖြစ်ပေါ်မလာပါက သူတစ်ရက်နှစ်ရက်အတွင်း မစ်ရှင်ပြီးမြောက်လိမ့်မည်မှာ အသေအချာပင်။

ဆရာ၀န်လုပ်ရတော့မည့် အကြောင်းကို တွေးတောရင်း လင်းရီ စိတ်လှုပ်ရှားစွာဖြင့် လက်ကို ပွတ်ဆွဲလိုက်၏။

'နာ့စ် ချောချောလေးတွေ ငါလင်းရီ လာနေပြီနော်...'

ထိုအချိန်တွင်ပဲ လင်းရီ ဖုန်းသံ မြည်လာခဲ့၏။

နံပါတ်ကို ကြည့်လိုက်သည်တွင် လင်းရီ နှလုံးခုန်နှုန်း မြန်ဆန်သွားခဲ့သည်။

သူ သည်နေ့လိုနေ့မျိုးရောက်လာခဲ့ရန် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရလေသည်။

ဒါရိုက်တာရှန်းမှာ နောက်ဆုံးတော့ ပြန်လာခဲ့ချေပြီ။

"ဘယ်လိုလဲ မစ္စတာလင်း....စောင့်နေရင်းနဲ့ အတော်လေး စိတ်မရှည် ဖြစ်နေပြီလား.."

သူဖုန်း ကိုင်ကိုင်ချင်းပဲ တစ်ဖက်မှ ရှန်းထျန်းကျိုး၏ အသံကို ကြားလိုက်ရသည်။

"မလောပါဘူး မလောပါဘူး...ပစ္စည်းကောင်းလိုချင်ရင် အချိန်ပေးရမှာပဲလေ...."

"အင်း..ငါလည်း အသင်းကို ဒီသုံးလေးရက်အတွင်း စကားပြောနေတာ...ကံကောင်းချင်တော့ အားလုံးအဆင်ပြေသွားခဲ့ပြီ..ငါတို့ လေယာဉ်လက်မှတ်တောင်မှ ကြိုပြီး ဘွတ်ကင်လုပ်ပြီး သွားပြီ...မနက်ဖြန် ညနေတစ်နာရီလောက် ကျိုးဟိုင်ကို လာခဲ့တော့မှာ...."

"ဘယ်နှစ်ယောက်လောက် ပါလာခဲ့မှာ..."

"ငါအပါအ၀င်ဆိုရင်တော့ ၁၂ ယောက်ပေါ့..ဒါပေမယ့် တစ်ချို့တစ်လေကျတော့လည်း ဟွာရှမှာပဲ အခြေ‌ချတော့မယ်ဆိုပြီး သူတို့ ကလေးတွေ ဇနီးတွေကော ခေါ်လာကြသေးတယ်...ဆို‌တော့ လူက ၂၂ယောက်လောက် ဖြစ်သွားမှာ..."

"အိုကေလေ...ကျုပ်မနက်ဖြန် လာကြိုပေးမယ်...."လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။

"ကောင်းပြီ...ဒါဆို မနက်ဖြန် လေဆိပ်မှာ တွေ့ကြတာပေါ့...."

ရှန်ထျန်းကျိုး ပြောလိုက်၏။

သူမွေးရပ်မြေသို့ ပြန်လာခါစ ဖြစ်သောကြောင့် အကူညီတစ်ချို့ လိုအပ်မည်မှာ မလွဲမသွေပင်။

လင်းရီဖုန်းချလိုက်ပြီး သူ၏ နဂိုအကြံအစည်ကို အကောင်ထည်ဖော်ရန် စတင်ပြင်ဆင်တော့သည်။

သူ ကျန်သူများကို လျစ်လျူရှုထား၍ ရသော်လည်း ရှန်းထျန်းကျိုးအတွက်တော့ ဗီလာတစ်လုံးနှင့် ကားတစ်စီး စီစဉ်ပေးသင့်လေသည်။ ချောင်ရန်အုပ်စုမှ ဗီလာများ မဆောက်လုပ်သည်မှာ အနည်းငယ် နှမြောဖို့ကောင်းလှ၏။ မဟုတ်ပါက အကျိုးအမြတ်များမှာ ကိုယ့်အချင်းချင်း၏ အိတ်ကပ်ထဲသို့ ရောက်သွားပေလိမ့်မည်။

လင်းရီ အင်တာနက်ပေါ်တွင် ဗီလာနေရာကောင်းလေးများ လိုက်ရှာကြည့်လိုက်ပြီး လုံကျင်းဗီလာကို အတော်လေး မျက်စိကျသွားခဲ့သည်။ သို့နှင့် ကားထုတ်၍ ထိုနေရာသို့ ဦးတည်လိုက်လေသည်။

လုံကျင်းဗီလာမှာလည်း ကျိုးဟိုင်ရှိ ဈေးကြီးသည့် ဗီလာများထဲမှ တစ်ခုပင်။

ယွင်ရွှေ ဗီလာထက်ပင် မဆိုသလောက်လေး ဈေးသာပြီး ကျိုကျုံးဗီလာနှင့် ယှဥ်လျင်တော့ အကွာအဝေးမှာ လိုအပ်နေဆဲပင်။ မဟုတ်ပါက ကျိုးဟိုင်ရှ် နံပါတ်၀မ်း ဗီလာဟူသည့် ဂုဏ်ဒြပ်မှာ လုံကျင်းဗီလာထံသို့ ရောက်သွားပေလိမ့်မည်။

ကားပါကင်ထိုးပြီးနောက် လင်းရီ ရုံးခန်းထဲသို့ ဦးတည်လာခဲ့လိုက်၏။

"ဟိတ် ဟိတ်...ဟိုနားက အဆင်လေးက ဆင်လိုက်တာဟယ်...."

"ဆယ်လီလေးများလား မသိဘူး...ဖက် ဖက် ဆယ်လီဆိုရင်တောင်မှ သူ့လောက်ချောမှာ မဟုတ်ဘူး...."

"အမှန်ပဲ..ဆယ်လီတွေတောင် သူ့လောက် ချောမှာ မဟုတ်ဘူး...အမယ်လေး...ငါ့ရင်တွေ ခုန်လိုက်တာနော်...."

လင်းရီ ၀င်လာသည်နှင့် တစ်ပြိုင်နက် အရောင်းသမလေးများမှာ ငြို့ဆေးမိနေသကဲ့သို့ လင်းရီအားတပ်မက်မှုအပြည့်ဖြင့် ကြည့်နေကြတော့သည်။ အသက်သုံးဆယ် အရွယ်ဟုထင်ရသည့် အမျိုးသမီးကြီးတောင်မှ လင်းရီကို အထာတွေ ပေးနေလေသည်။

"ကောင်မတွေ ..နင်တို့ ဘာတွေဖြစ်နေကြတာလဲ...ကောင်ချောလေး မြင်တာနဲ့ပဲ ဖြစ်ပျက်နေလိုက်ကြတာများ မြင်လို့တောင် မကောင်းဘူး...."

အနည်းငယ် နွဲနှောင်းသည့် အသံဖြင့် အမျိုးသားတစ်ဦးမှ ပြောလိုက်သည်။

"သူချော‌လို့ ငါတို့ ခန္ဓာကိုယ်က သဘာ၀အတိုင်း တုန့်ပြန်နေတာလေ...အဲ့တာကို နင်က ဘာဖြစ်ချင်နေတာ..."

"၀မ်ရှန်းထောင်..နင်သူ့ကို မနာလိုဖြစ်နေတာမလား...နင်လိုမျိုး မိန်းမလိုမိန်မရ စရိုက်နဲ့ကောင်ကများ ငါတို့ကို လာပြီး ဝေဖန်ချင်နေသေးတယ်ပေါ့...."ဆံပင်အရှည်နှင့် အရောင်းသမတစ်ဦးမှ ပြောလိုက်သည်။

"ဟမ့်...တို့က သူ့လိုကောင်မျိုးကို ဘယ်တော့မှ မနာလိုမဖြစ်ဘူး..." ၀မ်ရှန်းထောင် ပြောလိုက်ပြီး "များသောအားဖြင့် သူတို့ကောင်တွေက သူတို့ကိုယ်သူတို့ ရေပြင်တစ်ခွင်ကို စိုးမိုးတဲ့ ပင်လယ်ဘုရင်တွေလိုမျိုး အိုက်တင်ထုတ်နေကြတာ...အားလုံးက မကောင်းတဲ့ကောင်တွေချည်းပဲ... "

"အဲ့တော့ကော ဘာဖြစ်လဲ...ရုပ်ချောတာနဲ့တင် တစ်ညတာ အတူပျော်ပါးခွင့်ရလည်း အဆင်ပြေတယ်...သူ့ဘာသူ မကောင်းတဲ့ကောင်ကြီး မ‌ကလို့ ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ဂရုမစိုက်ဘူး..."

၀မ်ရှန်းထောင် ဆွံ့အသွားခဲ့သည်။ "နင်တို့ကတော့ ဆေးမမှီတော့တဲ့ ဟာမတွေ...."

"ကောင်းပြီ..၀မ်ကြီး မင်း ဧည့်ကြိုရမယ့် အလှည့်ရောက်ပြီလေ..."အမျိုးသားတစ်ဦးမှ လှမ်းသတိပေးလိုက်၏။

အချို့အရောင်းဌာနများမှာ ဧည့်ကြိုသည့် ကိစ္စနှင့်စပ်လျဉ်း၍ အလွန်အမင်း တင်းကြပ်ထားပြီး အလှည့်ကျစနစ်ဖြင့် သွားရလေသည်။ မဟုတ်ပါက ဧည့်သည်အပြိုင်အဆိုင် လုရင်းဖြင့် အားလုံး ၀ရုန်းသုန်းကား ဖြစ်သွားပေမည်။

"မသွားဘူး...နင်တို့ သွားချင်ရင် သွားကြ..."

၀မ်ရှန်းထောင် အထင်တသေးဖြင့် ရင်ကော့ပြီးပြောလိုက်၏။

"မင်းမန်နေဂျာ ပြောထားတာကို မေ့သွားပြီလား...ဧည့်သည်တိုင်းက အလားအလာရှိတဲ့ ဖောက်သည်တွေ ဖြစ်လာနိုင်တယ်...တကယ်လို့ သူသာ တကယ်ကြီး အိမ်လာ၀ယ်တယ်ဆိုရင် မင်းဘယ်လိုလုပ်မှာ.....ကော်မရှင်ခ မလိုချင်တော့ဘူးလားကွ...."၀မ်ရှန်းထောင်ဘေးရှိ လုပ်ဖော်ကိုင်ဖက် တစ်ဦးမှ ပြောလိုက်သည်။

"သူ့ပုံစံကိုလဲကြည့်လိုက်ဦး...အပျော်လင် ရုပ်ကလေးနဲ့...သေချာပေါက် ဝယ်မယ့်လူစားမျိုးမဟုတ်ဘူး...ငါစကားသွားပြောလည်း အချိန်ပုပ်တာပဲ ရှိမယ်...."

"ရှန်းထောင်...နင်မသွားတော့ဘူးဆိုရင် ငါသွားပြီနော်..."ဆံပင်အရှည်နှင့် အရောင်းသမလေးမှ ပြောလိုက်၏။

"ချန်းချန်း...နင်ငါပြောတာကို နားထောင်သင့်တယ်...သူနဲ့စကားပြောပြီး အချိန်ပေးရတာက တန်မှာမဟုတ်ဘူး..."

"ဟမ့်...ငါတော့ နင်နဲ့ပြောရတာပဲ အချိန်ဖြုန်းတယ်လို့ ထင်တယ်...သူများရုပ်ချော‌တိုင်း မနာလိုဖြစ်နေကြတဲ့ကောင်တွေ..."

ထို့နောက် ဖုန်းချန်းချန်း သူမ အင်္ကျီအ၀တ်စားများကိုသန့်ပြန့်နေအောင် ပြုလုပ်လိုက်ပြီး လင်းရီထံသို့ လျှောက်လာခဲ့၏။

"လူကြီးမင်းရှင့်..အိမ်လာကြည့်တာလားရှင်...."

"အင်း...ဟုတ်တယ်...၀ယ်ဖို့ စဉ်းစားနေတာ...."

"ကျွန်မတို့ လုံကျင်းမှာ ရှိတဲ့ အိမ်တွေအကုန်လုံးက အရည်သွေးမြင့်တွေချည်းပဲ...တခြား‌ နေရာက အိမ်တွေထက် ဈေးမဆိုသလောက်လေး များတယ်ဆိုပေမယ့် ပေးရတဲ့ ဈေးနဲ့ တန်စေရမယ်ဆိုတာ အာမခံတယ်...."

လင်းရီ ပုံစံတူ အိမ်အသေးစားလေးများကိုကြည့်ရင်း ရှက်ကိုးရှက်ကန်းလေးဖြင့် "အာ...ကျုပ်တော့ နေရာမှားလာပြီတူတယ်..."

"ငါဘာပြောခဲ့လဲ....ခု အိမ်တွေရဲ့ ဈေးကို ပြောပြလိုက်တဲ့ နေရာမှားလာပြီထင်တယ်တဲ့...ဒါသူ ၀ယ်ဖို့ မတတ်နိုင်ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ မဟုတ်လား...."

"၀မ်ကြီး..မင်းက မျက်လုံးမဆိုးဘူးပဲကွ...တစ်ချက်ကြည့်လိုက်တာနဲ့ ငွေရှိတဲ့ တန်းစားလား မရှိတဲ့တန်းစားလားဆိုတာ ဒက်ကနဲသိတယ်..."

"ရုပ်ချောတဲ့လူ ၉၉ % လောက်က ‌လက်ကြောတင်းတင်းနဲ့ သောက်လုပ်မလုပ်စားချင်ကြဘူးလေ...သူတိူ့ရဲ့ ရည်းစားတွေနား ခြူစားကြတာက ခပ်များများရယ်...ဒါကြောင့်မို့ အဲ့ကောင် အိမ်မ၀ယ်နိုင်ဘူးဆိုတာ ကြိုသိနေတာ...သူ့ကို သွားပြီး ရှင်းပြနေရင်တောင်မှ အချိန်ကုန်တာပဲ ရှိမယ်...အကျိုးတော့ ရှိလာမှာ မဟုတ်ဘူး...ငါတော့ ချန်းချန်း ဘာတွေစဉ်းစားနေလဲ‌ဆိုတာတော့ နားမလည်ပါဘူးဟယ်....ရုပ်ချောတာလေး သူ့ကို ထမင်းကျွေးမယ်များ မှတ်နေလားမသိဘူး...."

လင်းရီ ၀မ်ရှန်းထောင်ကို တစ်ချက်ကြည့်လိုက်ပြီး လျစ်လျူရှုလိုက်၏။

သူ မတူသည့် သူနှင့် မတုပေ။

"လူကြီးမင်း..ရှင်သူတိူ့ကို အာရုံထားမနေနဲ့...ဒီနားက အိမ်တွေက ဈေးကြီးနေတယ်ဆိုရင် ကျွန်မ နည်းနည်းသေးတာလေးတွေ လိုက်ပြပေးမယ်...ပြီးတော့ ဒစ်စကောင့်တွေလည်း ရှိတယ်ဆိုတော့ လုံး၀ တန်တယ်လို့ ပြောလို့ရတယ်...."

"မိန်းကလေးပြတဲ့ အိမ်တွေက ဈေးကြီးတယ်ရယ်လို့တော့ မဟုတ်ပါဘူး...ကျုပ် လိုချင်တဲ့ အိမ်အမျိုးအစားက မတွေ့မိလို့"

"ဖူး...."

၀မ်ရှန်းထောင်နှင့် လုပ်ဖော်ကိုင်ဖက်များ ရေသောက်ရင်း သီးသွားကြသည်။

"ကြွားလိုက်တာကတော့ မိုးလောက်ကြီးဟ...ငါတို့ လုံကျင်းအိမ်ယာက အမျိုးအစားစုံလို့ နာမည်ကြီးတာ...ဘယ်လိုအမျိုးအစားမျိုးပဲဖြစ်ဖြစ် ရှိတယ်...ဒါကို သူလိုချင်တဲ့ ပုံစံ မရှိဘူးလို့ ပြောနေတယ်တဲ့လားဟ...ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်တဲ့ ပြက်လုံးပါလိမ့်..."

"ဒီကောင် မတတ်နိုင်လို့ လျှောက်ပြောနေတာဖြစ်မယ်...ပါးစပ်က ၀ယ်ဖို့ မတတ်နိုင်ဘူးလို့ ပြောရမှာ ရှက်နေလို့ နေမှာပေါ့ကွ...."

"အမှန်ပဲ...အရင်က အိမ်လာကြည့်တဲ့သူတွေ တော်တော်များများလည်း ဒီလိုဆင်ခြေပေးပြီး ပြန်သွားကြတာပဲ...."

"ဘယ်တတ်နိုင်မှာ..ငါတို့ရောင်းတဲ့ အိမ်တွေကိုက သောက်ရမ်းဈေးကြီးနေတာကိုးဟ...ကျိုးဟိုင်က တော်ရုံလစာမြင့်တဲ့ ရုံး၀န်ထမ်းတွေတောင် ၀ယ်ဖို့ မတတ်နိုင်တာကို သူ့လို အပျော်လင်လေးဆိုလို့ကတော့ မေးမနေ‌နဲ့တော့...."

သူမ လုပ်ဖော်ကိုင်ဖက်များမှ လင်းရီကို တိုက်ခိုက်နေကြသည်ကို မြင်တော့ ဖုန်းချန်းချန်း သူ့ကို ကူညီပေးရန် ကြိုစားလာခဲ့၏။

"လူကြီးမင်း..ရှင်သူတို့ပြောတာတွေကို ခေါင်းထဲထည့်မနေနဲ့...တကယ်လို့ ရှင် စိတ်တိုင်မကျဘူးဆိုရင်လည်း နောက်ထပ် အိမ်တွေ လိုက်ကြည့်လို့ရသေးတယ်...မ၀ယ်လည်းကိစ္စမရှိဘူး..."

လင်းရီပြုံးလိုက်ပြီး

"မင်းတို့က ဗီလာတွေ ရောင်းတာမဟုတ်လား...ဘာလို့ ဒီပုံစံသေးသေးလေးတွေက ဒီမှာလာချထားတာ...."

All Chapters