← Chapters

အခန်း (၃၅၆)

Vol. 24 Ch. 356

အခန်း (၃၅၆)

Vol. 24 Ch. 356

ဖုန်းချန်းချန်းနှင့် ကျန်သူများ နောက်သို့ ခြေတစ်လှမ်း ခန့် ဆုတ်မိသွားကြသည်။

လင်းရီထိုသို့ ပြောလာလိမ့်မည်လို့ မည်သူကမျှ ထင်မထားခဲ့ကြချေ။

"လူကြီးမင်း...ရှင်ဘာပြောလိုက်တယ်...ရှင်က ဗီလာကို ၀ယ်ချင်နေတယ်...."

"ဟုတ်တယ်..."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ကျုပ်လိုင်းပေါ်မှာ ရှာတွေ့တာတော့ ခင်များတို့လုံကျင်းက ဗီလာတွေလည်း ရှိတယ်မဟုတ်လား....ဒါပေမယ့် ဒီမှာပြထားတာတွေကျတော့ အကုန်လုံးက ပုံစံသေးသေးနဲ့တိုက်ခန်းလေးတွေချည်းပဲ‌..ကျုပ်ပဲ အမြင်မှားသွားတာလားတော့ မသိဘူး....."

"ဟားဟား...."

၀မ်ရှန်းထောင်နှင့် လုပ်ဖော်ကိုင်ဖက်များသာမက အရောင်းဌာနရှိလူတိုင်း၏ လှောင်ပြောင်ရယ်မောသံများ ဆူညံသွားခဲ့သည်။

"ဒီကောင်က လေတော့ အတော်ကြီးသားကွ....အိမ်သေးသေးလေးတောင် မ၀ယ်နိုင်တာကိုများ ဗီလာ လာရှာတယ်လို့ပြောလိုက်သေးတယ်...လာနောက်နေတာလားဟျောင့် .."

"ဒီကောင်ကိုက မာနကြီးလွန်းတာပါကွာ...ရောင်းတဲ့ကောင်မလေးက သူ့အတွက် ဒီလောက် ဂယ်ပေါက်တွေ လုပ်ပေးနေတာကို အေးဆေးလေးနဲ့ မယူချင်ဘူး.....ငါတော့ အဲ့ကောင်ဘာတွေတွေးနေလဲဆိုတာ တကယ်ကို မစဉ်းစားတတ်တော့ဘူး.."

ထိုအချိန်တွင် ၀မ်ရှန်းထောင် ရောက်လို့လာပြီး အသံသေးအသံကြောင်ဖြင့် "လူကြီးမင်း...တကယ်လို့ လူကြီးမင်းသာ ခုနတုန်းက ထွက်သွားလိုက်မယ်ဆိုရင် ကျုပ်ဘာမှ ပြောနေမှာမဟုတ်ဘူး...ဒါပေမယ့် ဗီလာ၀ယ်မယ်ဆိုရင်တော့ ကျုပ်မှာ ပြောစရာတစ်ခု တော့ ရှိလာပြီ..."

လင်ူရီ မျက်ခုံးပင့်၍ ၀မ်ရှန်းထောင်ပို ကြည့်လိုက်ပြီး "မင်းက ဘာပြောချင်တာလဲ...."

"လူကြီးမင်းပြောတာမှန်တယ်လို့ ပြောမလို့ပါ...ကျုပ်တို့ လုံကျင်းက ဗီလာတွေကိုလည်း ရောင်းချပေးတယ်...ဒါပေမယ့် အကုန်လုံးက ဒုတိယထပ်မှာပဲ ရောင်းတာ...တကာ်လို့ လူကြီးမင်းက ၀ယ်ချင်သပဆိုရင်တော့ ကျုပ် ခေါ်သွားပေးမယ်..."၀မ်ရှန်းထောင် အပြုံးဖြင့် ပြောလိုက်၏။

သူ၏ အကြည့်များကတော့ 'မင်းကစားနိုင်ရင် ကစားစမ်း ' ဟူသည့် အရိပ်အမြွက်တို့ ပေါ်လွင်နေလေသည်။

"ဟားဟား....."

ဘေးတွင်ရပ်ကြည့်နေသူများမှ ရယ်မောလိုက်ကြသည်။ ဇာတ်လမ်းမှာ စိတ်၀င်စားဖို့တော့ ကောင်းလာချေပြီ။ သူတို့ နောက်ဘာဆက်ဖြစ်မလဲဆိုတာကို မျှော်တလင့်တလင့်နှင့် စောင့်စားနေကြတော့၏။

"အဲ့တာဆိုလည်း သွားမယ်... အဲ့ဒီကို ကြည့်ဖို့ ခေါ်သွားပေး..."လင်းရီ ဖုန်းချန်းချန်းကို ကြည့်၍ ပြောလိုက်သည်။

ဖုန်းချန်းချန်း မသိမသာ မျက်မှောင်ကြုတ်လိုက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့၏။

ဒုတိယထပ်ရှိ ဈေးအပေါဆုံး ‌ဗီလာကပင်လျှင် သန်း၂၀၀ ပေါက်ဈေးရှိပြီး လင်းရီကိုသာ ခေါ်သွားမည်ဆိုပါက အလကားသပ်သပ် အချိန်းဖြုန်းရုံသာ ရှိပေလိမ့်မည်။ သူမ ထိုအချောလေးအတွက် အချိန်အလကားပေးလိုက်ရမည်ကို စိတ်မရှိသော်လည်း အကယ်၍ သူမသာ ခေါ်သွားလိုက်မည်ဆိုပါက ၀မ်ရှန်းထောင် ဖြစ်ချင်သည့် အတိုင်း ဖြစ်လာပေလိမ့်မည်။

'ငါဘာလုပ်သင့်လဲ...သူ့ကို ခေါ်သွားပေးသင့်လား ...'

သူမလင်းရီကို လူရှေ့သူရှေ့တွင် အရှက်မရ‌စေချင်ပေ။

"ဘာလို့ မရွေ့သေးတာ...လမ်းပြလေ..."ဖုန်းချန်းချန်းမှာ ကျောက်ရုပ်ကြီးလို ရပ်နေသောကြောင့် လင်းရီ ပြန်လှည့်ပြီး ပြောလိုက်၏။

"ကောင်း ကောင်းပါပြီရှင်....ခေါ်သွားပေးပါ့မယ်...."

လင်းရီမှ ဒုတိယထပ်သို့ သွားရန် ဆုံးဖြတ်ထားသည့်အတွက် ဖုန်းချန်းချန်းလည်း ကူကယ်ရာမဲ့စွာဖြင့် ဒုတိယထပ်သို့ လိုက်ပို့လိုက်ရတော့သည်။

လမ်းတွင်တော့ သူမလင်းရီကို မည်သိူ့ ကူညီလျှင်ကောင်းမလဲဆိုတာ စဉ်းစားနေခဲ့၏။

၀မ်ရှန်းထောင်နှင့် စပ်စုချင်သည့် လူအုပ်ကြီးတို့မှာလည်း လင်းရီတို့နောက်မှ လိုက်လာခဲ့ကြသည်။

ဒုတိယထပ်တွင် ပြင်ဆင်ထားသည့် ဒီဇိုင်းတို့မှာတော့ ပွဲကြည့်ရန်လိုက်လာကြသည့် လူအုပ်ကြီးကို အံ့အားသင့်သွားစေခဲ့သည်။

"အပြင်အဆင်တွေကတော့ လုံး၀ကို အကောင်းစားတွေချည်း ချထားတာဟ..."

"ဒါပေါ့ကွ...ဗီလာတွေ ရောင်းတယ်ဆိုမှတော့ အပြင်အဆင်ကလည်း အောက်ထပ်ကတိုက်ခန်းတွေ ရောင်းတဲ့နေရာနဲ့ မတူညီတာ သဘာ၀ပဲလေ...ဒါကပိုပြီးတော့ အဆင့်အတန်းမြင့်တယ်လို့ ခံစားရတယ်..."

"ငါသိသလောက်ဆိုရင်တော့ ဒီမှာရှိတဲ့ ‌ဗီလာတွေထဲက ဈေးအပေါဆုံးကတောင် ယွမ် သန်း ၂၀၀ တန်ကြေးရှိတယ်....ဒီအထပ်က သူဌေးတွေအတွက်ပဲ...ငါတို့လို သာမန်လူတန်းစားတွေကတော့ လျှောက်ကြည့်ခွင့်ရရင်ကို ကံကောင်းနေပြီ...."

"ငါလောင်းရဲတယ်...ဟိုသောက်ကလေးကတော့ လုံကျင်းက ဗီလာတွေ ဒီလောက်ဈေးကြီးလိမ့်မယ်လို့ ထင်ထားမှာ မဟုတ်လောက်ဘူးကွ..."

"ကြွားချင်တဲ့ ရလဒ်ပဲလေ...အမှန်တိုင်း၀န်ခံလိုက်ရင် ပြီးနေတာကို ခေါင်းမာနေမှတော့ ခံပေါ့..."

တစ်ယောက်တစ်ပေါက် ဆွေးနွေးနေကြသည့် အသံများကို ကြားတော့ ၀မ်ရှန်းထောင်၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွှတ်သွားခဲ့သည်။

"လူကြီးမင်း...ခင်များပဲ ဗီလာတွေ မြင်ချင်နေတာ မဟုတ်လား...ဒီမှာ ကျုပ်တို့ လုံကျင်းက ဗီလာရှစ်ခုပဲ ...ဘယ်တစ်ခုကြိုက်လဲ...လူကြီးမင်း ကြိုက်တဲ့ဟာကို ကျုပ်ရှင်းပြပေးမယ်...."

"မင်းရှင်းပြစရာမလိုဘူး..."

လင်းရီ ဖုန်းချန်းချန်းကို လက်ညှိုးထိုးလိုက်ပြီး "သူလုပ်လိမ့်မယ်....."

ဖုန်းချန်းချန်း ခါးသီးစွာပြုံး၍ ရှင်းပြလိုက်၏။

"လူကြီးမင်းရှင့်...ကျွန်မတို့ လုံကျင်းမှာက ဗီလာတွေ စုစုပေါင်း ရှစ်လုံးရှိပါတယ်...အဲ့ဒီထဲက ဈေးအကြီးဆုံးကတော့ သန်း ၃၆၀ တန်ကြေးရှိတဲ့........."

"ရပြီ...ဆက်ပြီး ရှင်းပြစရာမလိုတော့ဘူး...."

၀မ်ရှန်းထောင် ‌အနိုင်နိုင်ထိန်းရယ်လိုက်ရင်း "ဘာလို့ ဆက်ရှင်းမပြခိုင်းတော့တာ...နောက်ထပ် ဗီလာခုနစ်ခုတောငမ ကျန်သေးတယ်လေ...လူကြီးမင်းက..သန်း ၃၆၀ ဆိုတဲ့ ဈေးကိုကြားပြီးတော့ သွေးတက်သွားတာလား...အဲ့တာကြောင့် ကျန်တဲ့ဗီလာတွေရဲ့ ဈေးနှုန်းတွေက်ုပါ ဆက်မကြားချင်တော့ဘူးဆိုတဲ့ သဘောလား...."

"ဘာလို့လဲဆိုတော့ ငါက အဲ့ဒီဗီလာကို ၀ယ်မှာမို့ပဲ...."

ပြောပြီးနောက် လင်းရီ သူ၏ဘဏ်ကတ်ကို ထုတ်လိုက်ကာ "ကတ်ဖြတ်မယ်...လျှို့ဝှက်နံပါတ်က သုညခုနစ်လုံး....ပြီးတော့ စာရွက်စာတမ်းတွေပါ တစ်ခါတည်းပြင်ဆင်လာခဲ့...."

"ရှန်...လူကြီးမင်း..ရှင်ဘာပြောလိုက်တယ်...ရှင်က ဗီလာနံပါတ်တစ်ကို ၀ယ်ချင်နေတယ်...."

"ငါက ဒီကို ဗီလာ ၀ယ်ဖို့လာခဲ့တာ...ကြိုက်တာတွေ့လို့ယူမယ်လုပ်ပြန်တော့လည်း တကယ်ကြီးလားတဲ့ .. ငါက မင်းတို့ နားလည်အောင် ဘယ်လိုရှင်းပြပေးရမှာ..."

"တောင်း တောင်းပန်ပါတယ်ရှင်..ကျွန်မခုပဲ ကတ်ဖြတ်ပြီးတော့ လုပ်ရိုးလုပ်စဉ်တွေ အားလုံးကို တစ်ခါတည်း ဆောင်ရွက်ပေးလိုက်ပါ့မယ်...."

ဖုန်းချန်းချန်း ထွက်ခွာသွားသည်ကို ကြည့်ရင်း လူတိုင်း နေရာမှာတင် ကြက်သေသေနေကြ၏။

သူတို့အားလုံး အိပ်မက်မက်နေသည့်အလား ခံစားနေကြရသည်။

အနှီ အပျော်လင်ရုပ်နှင့် ကောင်လေးမှာ သန်းရာကျော်သည့် ဈေးအကြီးဆုံးဗီလာကို မျက်တောင်တသ်ချက်ပင်မခတ်ပဲ ၀ယ်ချပစ်လိုက်၏။ သူတို့အားလုံး ဤဖြစ်ရပ်က လက်တွေ့ဆိုတာကို လက်ခံနိုင်ဖို့ရာ တွန့်ဆုတ်နေခဲ့ကြသည်။

'သူ့ကတ်ထဲမှာ အဲ့လောက် ပိုက်ဆံတွေ အများကြီး ရှိဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားဟ...'

မိနှစ် ၂၀ ခန့်ကြာပြီးနောက် ဖုန်းချန်းချန်း လက်ခံရရှိကြောင်း ပြေစာစာရွက်နှင့် ဘဏ်ကတ်ကို ယူဆောင်လာခဲ့ပြီး ပိုင်ဆိုင်မှု လွှဲပြောင်းသည့် စာရွက်စာတမ်းများကိုပါ သူမနှင့် တစ်ပါတည်း ယူဆောင်လာခဲ့၏။

တစ်ချိန်တည်းတွင် သူမဘေး၌ အမျိုးသမီးတစ်ဦး လိုက်ပါလာခဲ့သေးသည်။

"ဟယ်လို လူကြီးမင်း...ကျွန်မက လုံကျင်းဥယျာဉ်ရဲ့ မန်နေဂျာပါ...ကျွန်မတို့ရဲ့ ဗီလာနံပါတ်တစ်ကို ၀ယ်ယူအားပေးသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်...ကျွန်မကိုယ်တိုင် လာပြီး မကြိုဆိုနိုင်ခဲ့တာကိုတော့ ဗွေမယူပါနဲ့နော်..."

"ရပါတယ်..အသေးမွှားလေးပါ..."

အမျိုးသမီး မန်နေဂျာမှ အစွမ်းကုန် တတ်နိုင်သမျှ အချိုသာဆုံး ပြုံးလိုက်ပြီး "ဒီမှာ လူကြီးမင်းရဲ့ ကတ်ပါ...စာချုပ်က ပရင့်ထုတ်ပြီးသွားပါပြီ...လက်မှတ်ထိုးရုံလေးပါပဲရှင့်..."

ဟစ်....

၎င်းကိုကြားတော့ လူတိုင်း ယုံကြည်နိုင်ရန် ခက်ခဲသွားကြသည်။

သူမက စာချုပ်တောင် ပြင်ဆင်လာခဲ့ပြီးပြီဆိုတော့ ငွေချေပြီးသွားပြီဆိုတဲ့ သဘောပဲမဟုတ်လား...

ငိုးပဲ...

ဒါကြီးက သန်း၃၆၀ ကျော်တန်ကြေးရှိတဲ့ ဗီလာလေကွာ....

မင်းက ဘာလို့ ဟင်းရွက်ကန်စွန်း၀ယ်သလို ဝယ်နေသလိုမျိုး လုပ်နေရတာလဲဟ...

အကယ်၍ တစ်စုံတစ်ယောက်မှ ကန်းစွန်းရွက် ၀ယ်လျှင်တောင် ကိုင်ကြည့်ပြီး မတန်ဟု ခံစားရပါက ပြန်ချထားပေလိမ့်မည်။

လင်းရီ သန်း ၃၀၀ ကျော်တန်ကြေးရှိသည့် ဗီလာ၀ယ်လိုက်သည်ကို မြင်တော့ အမျိုးသမီးများမှာ သူမတို့ဘေးရှိ ခင်ပွန်းနှင့် ကလေးများကိုပင် ဂရုမစိုက်နိုင်တော့ပဲ အထာပေးသည့် အကြည့်တို့ဖြင့် ကြည့်လာခဲ့ကြ၏။

လင်းဂီ ဖောင်တိန်တစ်ချောင်း ယူလိုက်ပြီး စာချုပ်တွင် သူ့နာမည်ကို လက်မှတ်ရေးထိုးလိုက်သည်။

ယခုတော့ ဗီလာမှာ သူ၏ ပိုင်ဆိုင်မှုပင်။

သို့သော်လည်း ဒါရိုက်တာရှန်းရောက်လာသည့် အချိန်တွင်တော့ သူ၏ လေးနက်မှုကို ‌ဖော်ပြရန် အမည်လွှဲပြောင်းပေးရမည်။

"၀မ်ရှန်းထောင်.. နင်ခုတော့မြင်ပြီမလား...မစ္စတာလင်းက ရုပ်ချောရုံတင်မကသေးဘူး..ကျိကျိတက်လည်းချမ်းသာသေးတယ်...နင် ဒီတစ်သက်မပြောနဲ့ နောက်ဆယ်သက် အလုပ်ကြိုးစားရင်တောင် မစ္စတာလင်းနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး...."

"မင်းက ခုလေးတင် မစ္စတာလင်းကို ဆင်းရဲတယ်ဆိုပြီးတော့ ပြောလိုက်တယ်ပေါ့...ဘယ်သူက မင်းကို အဲ့လိုပြောဖို့ သတ္တိတွေ ပေးလိုက်တာလဲကွ...."

"ဟမ့်...နင်တို့လိုလူတွေက သူများကို မနာလိုတိုင်းနဲ့ ဆင်ခြေတွေပေးပြီးတော့ လိုက်ပုတ်ခတ်နေကြတာ... "

တစ်ခွန်းအပြောခံရတိုင်း ၀မ်ရှန်းထောင်၏ မျက်နှာမှာ တစ်ချက်ဖြတ်ရိုက်ခံရသကဲ့သို့ ရဲရဲနီလာခဲ့သည်။ သူပြောမိသမျှကို ‌အကြီးအကျယ်နောင်တရနေပြီး သေချင်နေခဲ့တော့၏။

၀မ်ရှန်းထောင်...မင်းဘာလို့ မိမိုက်သလိုလုပ်ပြီးတော့ သူ့ကို လှောင်ပြောင်ခဲ့တာလဲတဲ့ကွာ...

လင်းရီမှာ အလွန်အမင်း ကြွယ်၀ချမ်းသာလှပြီး သူကတော့ ကော်မရှင်စား၀န်ထမ်းလေးတစ်ဦးသာမျှပင်။

လင်းရီနှင့် ယှဉ်မည်ဆိုပါက ဖိနပ်လိုက်ကိုင်ပေးရန် အဆင့်တောင်မမှီပေ။

အကယ်၍ သူသာ လင်းရီကို အထင်မသေးပဲ သည်းခံပြီး ရှင်းပြလိုက်မည်ဆိုပါက ယခုရမည့် ကော်မရှင်ခ ယွမ်လေးငါးသိန်းမှာ သူ၏ အပိုင်များ ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း သူတစ်ပါးလက်ထဲ ရောက်နေသည်ကို နာကြင်စွာဖြင့် ကြည့်နေရ၏။

သူလုပ်ခဲ့သည့်အတိုင်း သူပြန်ရသည်ပင်။

"၀မ်ရှန်းထောင်...နင်က မစ္စတာလင်းကို ပုတ်ခတ် ပြောဆိုတယ်ပေါ့လေ..."အမျိုးသမီးမန်နေဂျာကြားသိသည့် အချိန်တွင်တော့ ၀မ်ရှန်းထောင်ကို စူးရဲစွာ ကြည့်လိုက်ပြီး "နင် ဒီမှာ အလုပ်ဆက်လုပ်စရာ မလိုအပ်တော့ဘူးနဲ့တူတယ်..."

"မန်နေဂျာ...ကျေး...ကျေး ဇူးပြုပြီး...ကျုပ် မှားသွားပါတယ်...နောက်တစ်ကြိမ် အခွင့်ရေး နောက်တစ်ကြိမ်လေူတည်းပဲ ထပ်ပေးပါဗျာ...နောက်မဖြစ်စေရပါဘူး...."

"နင့်မှာ အခွင့်အရေးဆိုတာ မရှိတော့ဘူး... ပစ္စည်းတွေ သိမ်းပြီး တစ်ခါတည်း ထွက်သွားလိုက်တော့..."

"ကျုပ်....."

၀မ်ရှန်းထောင် စိတ်ပျက်အားလျော့စွာဖြင့် ထိုနေရာမှ ထွက်သွားခဲ့သည်။

သူလင်းရီကို အပြစ်မတင်ပေ။ သောက်သုံးမကျသည့် သူ့ကိုယ်သူသာ ဆဲရေးတိုင်းထွာလိုက်သည်။

လင်းရီကတော့ အသာပြုံးလိုက်၏။

မန်နေဂျာမှ သူနှင့် မိတ်မပျက်စေရန် ယခုလိုလုပ်လိုက်သည်မှာ အသိအသာကြီးပင်။

ထို့နောက် သူ့ကိုယ်သူပြန်စဉ်းစားလိုက်သည်။

'ငါ ဗီလာလည်း ၀ယ်ပြီးသွားပြီဆို‌တော့ ခု ကား၀ယ်ဖို့ အချိန်ပဲမလား...'

All Chapters