အခန်း (၃၅၇)
Vol. 24 Ch. 357
လင်းရီ စာချုပ်ကို လက်မှကိုင်ပြီး လူတိုင်း၏ မနာလိုအားကျသည့် အကြည့်များအောက်တွင် အပြင်သို့ ထွက်လာခဲ့လိုက်၏။
အနီရောင်လွိုင်ကန်ကို မြင်သည့် အချိန်တွင်တော့ လူအုပ်ကြီးမှာ သူတို့နှင့် လင်းရီကြား ကွာခြားမှုမှာ မည်မျှကြီးမားနေကြောင်း သဘောပေါက်သွားလေသည်။
ယွမ်သန်း ၃၀၀ တန်ကြေးရှိသည့် ဗီလာနှင့် သန်း ၆၀ ကျော်တန်ကြေးရှိသည့် ကားတစ်စင်း...
သူတို့လို သူမန်လူတို့ ဘ၀တစ်သက်လုံး အသေအကြေ အလုပ်လုပ်လျင်တောင်မှ လင်းရီ၏ အဆင့်သို့ ရောက်လိမ့်မည် မဟုတ်မှာ အသေအချာပင်။
အပြန်လမ်းတွင်တော့ လင်းရီ ရှန်ထျန်းကျိုးတို့ လာမည့် လူအရေအတွက်နှင့် လိုအပ်သည်များကိုတွေးတောနေခဲ့သည်။ ဤတစ်ကြိမ်တွင် နိုင်ငံသို့ ပြန်လာမည့် လူဦးရေမှာ ၂၂ ယောက်ပင်။ ထို့ကြောင့် သူ ဝေယျာ၀စ္စများကို ကြိုတင် ပြင်ဆင်ထားကာမှ တော်ရာကျပေလိမ့်မည်။
ထိုအကြောင်း စဉ်းစားရင် လင်းရီ လုရင်းထံ ဖုန်းခေါ်ဆိုလိုက်၏။
ရှန်းထျန်းကျိုး ပြန်ရောက်လာတော့ မည့်အကြောင်း သူမကို အသေးစိတ်ပြောပြရပေမည်။
ပရောဂျက် အကြီးစားကြီးမှာ မကြာခင်စတင်တော့မည်ဖြစ်ပြီး လုရင်းတို့ဘက်မှလည်း ပြင်ဆင်စရာရှိတာများကို ရယ်ဒီဖြစ်အောင် ပြုလုပ်ထားသင့်၏။
ဖုန်းဆက်၍ မှာကြားပြီးနောက် လင်းရီ ဂျီပီအက်စ်ဖွင့်ကာ Mercedes Benz 4Sဆိုင်သို့ ဦးတည်မောင်းနှင်လိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ ဖုန်းမှာ အသံမြည်လာခဲ့၏။
"သင့်မှာ အော်ဒါအသစ်ရှိပါတယ်...ကျေးဇူးပြုပြီး အာရုံစိုက်ပေးပါ..."
လင်းရီ အံ့အားသင့်သွားခဲ့သည်။ ယခုအချိန်ကျမှ အော်ဒါ ရောက်လာလေသည်လော။
အော်ဒါ၏ တည်နေရာကို ကြည့်လိုက်သောအခါ လျောင်ဟိုင်လမ်းပေါ်ရှိ Mercedes Benz 4S မှ ကျုံးချိုင်ဥယျာဉ်သို့ဟု ရေးသားထား၏။
'ဟမ်...ဒီနေရာက ငါခု သွားမယ့် နေရာမဟုတ်ဘူးလားကွ..'
လင်းရီ အော်ဒါကို မဆိုင်းမတွ လက်ခံလိုက်ပြီး မိနစ်အနည်းငယ်အတွင်း လျောင်ဟိုင်လမ်းပေါ်ရှိ Mercedes Benz 4Sဆိုင်သို့ ရောက်ရှိလာခဲ့သည်။
4S ဆိုင်ရှေ့တွက်တော့ လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦး မတ်တပ်ရပ်နေကြ၏။
အမျိုးသားမှာ ဘောင်းဘီအတိုနှင့် ရှပ်အင်္ကျီလက်ပြတ်ကို ၀တ်ဆင်ထားပြီး အမျိုးသမီးမှာတော့ ဂါ၀န်ရှည်တစ်ထည်ကို ၀တ်ဆင်ကာ လက်ဆွဲအိတ်ကို လွယ်ထားသည်။
"လောင်ကုန်း...နင်ကြည့်လိုက်...ဟိုမှာ စူပါကားတစ်စင်း ငါတို့ဘက် လာနေတယ်ကော..."
အမျိုးသမီးမှ လင်းရီ၏ လွိုင်ကန်အနီရောင်ကို လက်ညှိုးထိုးလျက် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"သောက်ကျိုးနည်းကြီး...အဲ့တာ လွိုင်ကန် ၇ ကြီး မဟုတ်လားဟ..."အမျိုးသားမှ ပြောလိုက်ပြီး "ဒါကြီးက တစ်ကမ္ဘာလုံးမှာမှ ၇ စီးတည်းရှိတဲ့ လွိုင်ကန်လေကွာ...ဒီကားဆို တ-ရုတ်တစ်ပြည်လုံးမှာမှ တစ်စီးတည်းရှိမယ်နဲ့တူတယ်...."
"အွန်း...ငါတို့သာ အဲ့လိုကားမျိုးစီးလို့ရရင် ဘယ်လောက် ကောင်းလိုက်မလဲနော်..."အမျိုးသမီးမှ တောင့်တစွာဖြင့် ပြောဆိုလိုက်၏။
"တော်စမ်းပါ...အဲ့လို စူပါကားကြီးတွေ စီးဖို့ အိပ်မက်မက်မနေစမ်းနဲ့... Didi ပဲ အေးဆေးစီးစမ်းပါ...."
"ဒါပေမယ့် ဝေ့ပေါ်(Weibo)မှာ လတ်တလော ဟစ်ထနေတာတော့ ချမ်းသာတဲ့ ဒုတိယမျိုးဆက်က စူပါကားကြီးနဲ့ Didi ပြေးနေတယ်ဆိုပဲ...ငါတို့လည်း သူနဲ့ လာဆုံတာ မဖြစ်နိုင်ဘူးလား...."
"အင်း ငါလည်း အဲ့သတင်း တွေ့မိလိုက်တယ်...ဒါပေမယ့် Didi ရဲ့ လုပ်ဇတ်ကြီးနေမှာပါကွာ...အဲ့လို အခြေအမြစ်မရှိတာကိုတောင်မှ နင်က ယုံနေတယ်ဆိုတော့ ငါအံ့ဩလို့ကို မဆုံးဘူး...."
အမျိုးသားမှ အထင်သေးစွာဖြင့် ပြောလိုက်ပြီး "တကယ်လို့ သူသာ တကယ်ကြီး Didi မောင်းတယ်ဆိုရင် နင့်ကို သူနဲ့ အဲ့ကားထဲမှာ ထားခဲ့ပေးလိုက်မယ်..."
"ဟွန့်...အဲ့လို ချမ်းသာတဲ့ ဒုတိယမျိုးဆက်က Didi မမောင်းနိုင်ဘူးဆိုတာ သေချာလို့ နင်က ဒီလိုစကားတွေ ပြောထွက်နေတာမလား...."
"ဟားဟား..တော်တယ်..."
အမျိုးသားမှ ရယ်မောလိုက်၏။
ခရိခ်...
လင်းရီ၏ လွိုင်ကန်မှ ထိုစုံတွဲရှေ့တွက် ရပ်တန့်သွားခဲ့ပြီး "မိန်းကလေးက ဖုန်းနံပါတ် နောက်ဆုံးဂဏန်း ၄၇၁၁ နဲ့ဆုံးတဲ့ မစ်ဟွမ်လား...."
ဟွမ်လီနှင့် သူ့ခင်ပွန်းဖြစ်သူဆို့မှာ ၎င်းကိုကြားတော့ ကြက်သေသေသွားခဲ့ပြီး "နင်....နင်က ငါ့ဖုန်းနံပါတ်ကို ဘယ်လိုလုပ်ပြီး သိနေတာလဲ...."
"ကျွန်တော်က Didi ဒရိုင်ဘာလေ..."
"နင်...နင်က Didi ဒရိုင်ဘာ..."
ဟွမ်လိ အံ့အားသင့်သွားခဲ့သည်။ စူပါကားကြီးနှင့် Didi မောင်းသူ တကယ်ကြီး ရှိပါသည်လော။
ဟွမ်လိ၏ အမျိုးသားမှာတော့ အသက်ပြင်းပြင်း ရှူလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်၏။ သူ၏ ဘ၀မှာ အရမ်းပြဇာတ်ဆန်နေသလို ခံစားလိုက်ရသည်။
သာမန်ကာမျှသာ ပြောလိုက်သော်လည်း အတည်ကြီးဖြစ်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပေ။ ဟွမ်လိ အတည်ကြီးမမှတ်ကောင်းပါရဲ့ဟုသာ တွေးပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်လိုက်တော့သည်။
"ကျွန်တော်ကသာ Didi ဒရိုင်ဘာမဟုတ်ဘူးဆိုရင် မိန်းကလေးရဲ့ ဖုန်းနံပါတ်ကို သိမှာတဲ့လားဗျ...."လင်းရီပြုံးလျက် ဆိုလိုက်၏။
ထို့နောက် စုံတွဲနှစ်ယောက်လုံးကို ကြည့်လိုက်ပြီး "နှစ်ယောက်လုံးက အတူစီးမှာလား...အဲ့လိုဆိုရင်တော့ အော်ဒါပြန်ဖျက်ရတော့မယ်နဲ့တူတယ်...ကျွန်တော့်ကားက ထိုင်ခုံနှစ်ခုတည်းပါတာလေ...."
"မလိုဘူး...ရတယ်...."
"ကျွန်မ အမျိူသားက တက္ကစီစီးပြီး လိုက်လာခဲ့မှာလေ...."
"အာ...မကောင်းဘူ ထင်တယ်နော...."
လင်းရီ ကိုးရို့ကားယားဖြစ်သွားခဲ့၏။ ယခုမြင်ကွင်းမှာ သူများမိန်းမကို သူ့ယောက်ျားရှေ့တွင် ပေါ်တင်လုနေသည့် ပုံစံမျိုး ပေါက်နေလေသည်။
"ဟွမ်လိ....နင်က ကိုယ့်ယောက်ျားကို ထားပစ်ခဲ့တော့မယ်ပေါ့..."ဟွမ်လီ၏ ခင်ပွန်းဖြစ်သူမှ မပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
"နင်ပဲ ဒီကားက ငါတို့ခေါ်တဲ့ Didi သာဆိုရင် လိုက်စီးခွင့်ပေးမယ်လို့ ပြောထားတယ်မဟုတ်လား.......ငါက နင်ပြောတဲ့အတိုင်း လိုက်နာနေနေတာလေ...."
လင်းရီ :"..???.."
ဘာလားဟ....မသိရင် တစ်ယောက်ယောက်နဲ့ ဖောက်ပြန်လို့ ရန်ဖြစ်နေကြတဲ့အတိုင်းပဲ...
"လျှောက်စဉ်းစားမနေနဲ့...သူက Didiရဲ့ ဇိမ်ခံကား ၀န်ဆောင်မှုမောင်းတဲ့ ဒရိုင်ဘာပဲ...နင်ထင်နေသလိုမျိုး ဘာမှ ချမ်းသာတဲ့ကောင်မဟုတ်ဘူး..."
"မဖြစ်နိုင်တာ...သူက ဒီလောက် ခန့်ညားနေတာကို ဘယ်လိုလုပ်ပြီး အချိန်ပြည့်မောင်းတဲ့ ဒရိုင်ဘာ ဖြစ်နိုင်မှာလဲ...သူ့မှာ ဘာမှ လုပ်စရာမရှိလို့ ဒီတိုင်း အတွေ့ကြုံရအောင် လုပ်နေတာကော မဖြစ်နိုင်ဘူးလား...."
"ငါအစက နင့်ကို ဒီတိုင်း'အ'တယ်လို့ပဲ ထင်နေတာ...ခုတော့ တုံးအတာကြီးက ဟိုဘက်ကမ်းတောင် ရောက်နေပါရောလားဟ... "ဟွမ်လိ၏ ခင်ပွန်းဖြစ်သူမှ ပြောလိုက်ပြီး "သူဌေးသားက ဘာမှ လုပ်စရာမရှိဘူး...မင်းအတည်ကြီးလားကွ..."
ဟွန်လိ နှုတ်ခမ်း ဖိကိုက်လိုက်ပြီး ရင်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲလိုက်၏။ 'ဘာလို့ မဖြစ်နိုင်ရမှာ..ကလပ်က ကောင်မလေးတွေနဲ့ ကစားရတာ၀လို့ အပြင်ထွက်ပြီး လတ်လတ်ဆတ်ဆတ်လေးတွေ ရှာဖွေတာကော မဖြစ်နိုင်ဘူးလား...'
"အဟမွး..အဟမွး..."
လင်းရီ အကြိမ်အနည်းငယ် ချောင်းဟန့်လိုက်ပြီး "ကျွန်တော်က ဘာချမ်းသာတဲ့ ဒုတိယမျိုးဆက် မဟုတ်ဘူး..."
"ဟင်...."
ဟွမ်လိ အံ့အားသင့်ရမည့် အလှည့်ပင်။
"ရှင်က ချမ်းသာတဲ့ ဒုတိယမျိုးဆက် မဟုတ်ဘူး...ဒါဆို အချိန်ပြည့် ကားမောင်းတဲ့ Didi ဒရိုင်ဘာကြီးပေါ့နော်..."
"အမ်...မိန်းကလေးက ဘာတွေ ပြောချင်နေတာ...မချမ်းသာရင် ဘယ်သူက ယွမ် သန်း၆၀ ကျော်တန်ကြေးရှိတဲ့ ကားကို မောင်းနိုင်မှာလဲတဲ့..."
"ကျုပ်က ချမ်းသာတဲ့ ဒုတိယမျိုးဆက်မဟုတ်ဘူး...ချမ်းသာတဲ့ ပထမမျိုးဆက်ပဲ..."
ဟွမ်လိနှင့် ခင်ပွန်းဖြစ်သူတို့မှာ ၎င်းကိုကြားသည်တွက် ကြက်ဥ၀င်ဆံ့လောက်သည်အထိ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။
ချမ်းသာသည်မှာ တူညီသော်လည်း ပထမမျိုးဆက်နှင့် ဒုတိယမျိုဆးက်တို့မှာ လွန်စွာခြားနားသည်။ သို့သော်လည်း လင်းရီ၏ အသက်အရွယ် ဖြင့် ပထမမျိုးဆက် ချမ်းသာသူ ဖြစ်နေသည်ကတော့ ကြောက်ခမန်းလိလိပင်။
"နင်မြင်လား...သူက အချိန်ပြည့် Didi မောင်းတဲ့သူ မဟုတ်ပါဘူးဆို...ခုတော့ ယုံသွားပြီမလား... "
ဟွမ်လိ၏ အမျိုးသားမှာတော့ မျက်ရည်လေးကလယ်ကလယ်နှင့် ဖြစ်သွားခဲ့သည်။
'မင်း ဒီလိုတွေဖြစ်အောင် တမင်လုပ်နေတာလားကွ..'
"လောင်ကုန်း..ကျွန်မတော့ သူ့ကားနဲ့ လိုက်စီးသွားပြီနော်...ရှင်ကတော့ ကိုယ့်ဘာကိုယ် တက္ကစီစီးပြီး လာခဲ့လိုက်တော့..."
"မစ်ဟွမ်...ကျုပ်ကို ခဏလောက် စောင့်ပေးလို့ရလား...တစ်ခုခု ၀ယ်စရာရှိလို့ပါ..မကြာပါဘူး..တစ်မိနစ် နှစ်မိနစ်လောက်ပါပဲ .. "
"ရတယ်လေ...အဲ့လောက်ကတော့ အဆင်ပြေပါတယ်..."
တစ်ချိန်တည်းတွင် 4S ဆိုင်ထဲတွင် လွိုင်ကန်တစ်စီး ပါကင်ထိုးလာသည်ကိုမြင်တော့ အရောင်းသမလေးများမှာ စိတ်လှုပ်ရှားသွားခဲ့ကြသည်။
"ငါပြောထားတာတွေကို မေ့လိုက်တော့ဟာ...ငါအပြင်ထွက်ပြီးပဲ ရှောင်ကောကောကို ကြည့်ချင်တယ်..."
"ချန်လေး..နင်သေချာလို့လား...မစ္စတာ၀မ်က သန့်စင်ခန်းက ပြန်လာခဲ့ရင် ကား၀ယ်ချင်၀ယ်မှာနော်...နင်က ကော်မရှင်ခ မယူချင်တော့ဘူးလား..."
"ဒီတိုင်း Mercedes Benz E-class လေးပဲမလား...ရှောင်ကောကောလောက် အရေးမကြီးသေးဘူး..."
"ပြီးတော့ Mercedes Benz E-class ဆိုတာက နေ့တိုင်းနီးပါးလောက် ရောင်းနေရတာ...ဒါပေမယ့် ဒီလို အရမ်းချောတဲ့ ရှောင်ကောကောကတော့ မြင်ရခဲတယ်... "
ကျန်းယွီချန်မှ ပြောလိုက်၏။
ထိုစကားကို ကြားသည်တွင် ကျန်းယွီချန်၏ လုပ်ဖော်ကိုင်ဖက်မှာ မျက်နှာ၀င်းလက်သွားခဲ့ပြီး "အဲ့တာဆို ငါပဲ နင့်ရဲ့ ကတ်စတန်မာကို တာ၀န်ယူလိုက်မယ်နော်..."
"ရတယ် သဘော...ကြိုက်သလိုသာလုပ်..."
"ပြီးတာပဲလေ..ဒါပေမယ့် ကြိုပြောထားဦးမယ်...တကယ်လို့ မစ္စတာ၀မ်တာ ကား၀ယ်သွားမယ်ဆိုလို့ကတော့ ကော်မရှင်ခကို ငါပဲ ယူမှာနော်... "
"ဒါပေါ့...နင်ယူရမှာပဲလေ..."ကျန်းယွီချန်မှ ပြောလိုက်ပြီး "ငါကတော့ ရှောင်ကောကောလေးကို သွားကြည့်တော့မယ်...."
ကျန်းယွီချန် ထွက်သွားသည်ကိုကြည့်ရင်း သူမလုပ်ဖော်ကိုင်ဖက်ကတော့ ခေါင်းခါရမ်းလိုက်သည်။
"ဒီကောင်မလေးကတော့ .... အဆင်ငမ်းချင်တာနဲ့ပဲ သူ့ပိုက်ဆံတွေကို သူများပေးပစ်တယ်ပေါ့လေ....ဘာပဲဆိုဆို တစ်စီးရောင်းထွက်သွားလည်းတစ်စီးပေါ့... ကော်မရှင်ခ သောင်းဂဏန်းလောက်ကတော့ လာထားပဲ...အဲ့လိုဆို ငါမျက်စိကျနေတဲ့ နှုတ်ခမ်းနီတောင့်လေး သွား၀ယ်လို့ရပြီလေ..."
ဟွမ်လိနှင့် စကားပြောပြီးနောက် လင်းရီ ကားထဲမှ ထွက်ကာ 4S ဆိုင်ထဲသို့ ၀င်လာခဲ့၏။ သူ ရှန်းထျန်းကျိုးတို့အတွက် ကား၀ယ်မည့် ကိစ္စကို လျင်မြန်စွာ အဆုံးသတ်ချင်နေလေသည်။
သို့သော်လည်း သူကားထဲမှ ထွက်ထွက်ချင်းတွင် အဝရှိ ကျန်းယွီချန်ကို မြင်တွေ့လိုက်ရ၏။
"မေးနွီ(အလှလေး) မင်းက 4S ကားစတိုးဆိုင်က ဟုတ်တယ်ဟုတ်..."
ကျန်ယွီချန် ကြက်သေသေသွားခဲ့၏။
သူမက အဆင်လေး မသိအောင် လာချောင်းပါတယ်ဆိုနေမှ သူက ဘာလို့ မြင်ပြီး စကားလာပြောနေတာလဲဟ...
"အမ်...ကျ...ကျွန်မကို ပြောနေတာလားဟင်..."
"ငါတော့ မင်းဘေးမှာ တစ်ခြားတစ်ယောက် ရှိတယ်လို့လည်း မထင်ဘူးနော..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်၏။
"အာ...ဟုတ်သားပဲ.."
ကျန်းယွီချန်၏ နှလုံးသားလေးမှာတော့ ကဆုန်ဆိုင်းနေပြီး စိတ်လှုပ်ရှားပြီး ကတုန်ကရင်နှင့် လင်းရီထံ လျှောက်လာခဲ့တော့၏။
သူမ လင်းရီနှင့် အနား ရောက်လာသည့် အချိန်တွင်တော့ လင်းရီမှာ အနီးကပ်ကြည့်လျှင် ပို၍ပင်ခန့်ညားကြောင်း မြင်တွေ့လိုက်ရတော့သည်။
"ရှောင်ကောကော...ကျွန်မ ဘာများ ကူညီပေးရမလဲ..."
"ကျုပ် ကားတစ်ချို့ ၀ယ်ချင်လို့...."
"ဟင်....ကား တစ် ချို့ ...."
ကျန်းယွီချန် ကြက်သေသေသွားခဲ့သည်။ တစ်ချို့ဆိုသည်က ဘာအဓိပ္ပာယ်နည်း။ ဆိုလိုသည်မှာတော့ လင်းရီ တစ်စီးထက်ပိုပြီး ၀ယ်တော့မည့်ပုံပင်။
လင်းရီ ခေါင်းညိမ့်လိုက်ပြီး ဘဏ်ကတ်ကို ကမ်းလိုက်ကာ "ကျုပ် Mercedes Maybach လိုချင်တယ်..အကောင်းဆုံး မော်ဒယ်နော်..ပြီးတော့ အရည်အသွေးမြင့် Mercedes Benz S-class ငါးစီး...အားလုံး အနက်ရောင်တွေထဲကပဲ...လျှို့ဝှက်နံပါတ်က သုည ခုနစ်လုံး...ဒီတိုင်း ကတ်ဖြတ်လိုက်တော့..."