← Chapters

အခန်း (၃၅၈)

Vol. 24 Ch. 358

အခန်း (၃၅၈)

Vol. 24 Ch. 358

"ရှင်..ရှင်က Mercedes Maybach နဲ့ S-class ကားတွေကို လိုချင်နေတယ်..."

ကျန်းယွီချန်း သူမ နှလုံးခုန်သံများ အေးခဲသွားသည့်အလား ခံစားလိုက်ရသည်။

တစ်စုံတစ်ယောက်မှ ကားကို ယခုလိုပုံစံနှင့် လာ၀ယ်သည်ကို သူမပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

"ဟုတ်တယ်...မိန်းကလေးနားကြားမမှားဘူး...."လင်းရီ ပြုံးလျက် ဆိုလိုက်၏။

သူ Mercedes Maybach ၀ယ်ချင်သည့် ရည်ရွယ်ချက်ကတော့ မိုက်ခရိုဆော့ဖ်၌ ဒါရိုက်တာရှန်းစီးသည့် ကားဘရန်းမှာလည်း မာစီးတီး ဖြစ်နေသောကြောင့်ပင်။

ထို့ကြောင့် သူနှင့်ရင်းနှီးသည့် ကားဘရန်းကိုသာ ၀ယ်ရန်ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်၏။

ကျန်သည့် S - class ကားများကိုတော့ သူ စွန်းဖုယွီနှင့် လုရင်းတို့ကို တစ်ယောက်တစ်စီးစီ ပေးမည်။ကျန်သည့် သုံးစီးကိုတော့ သုတေသနစင်တာရှိ လိုအပ်သူများ မောင်းနှင်နိုင်ရန် ထားထားလိုက်မည်။ အသုံးပြုရန် လိုအပ်သူ မည်သူမဆို ယူမောင်း၍ရပေသည်။ ယင်းက အလုပ်ကိစ္စများ သွားရေးလာရေးတွင် ပို၍ ခရီးတာသွားစေလိမ့်မည်။

"ရှောင်ကော .. အဟမ်း...လူကြီးမင်းရှင့် အရင်ဆုံးအနေနဲ့ Mercedes Maybach က ယွမ် ၃.၆ သန်းလောက် တန်ကြေးရှိတယ်...ပြီးတော့ Mercedes Benz S-class ကျပြန်တော့လည်း တစ်စီးကို ယွမ် ၁.၈ မီလီယမ်ရှိတယ်...အားလုံးပေါင်းလိုက်မယ်ဆိုရင် ၁၂.၆ မီလီယမ် ကျသင့်မှာနော်..."

"ဟမ်....၁၂.၆ မီလီယမ်...."

"လူကြီးမင်း...ဒီဈေးက နည်းနည်း များနေတယ်မလား..."ကျန်းယွီချန်း မေးလိုက်ပြီး "ကျွန်မ ကိုယ်ပိုင်အမြင်အရဆိုရင်တော့ Mercedes S-classတွေ ၀ယ်စရာမလိုပါဘူး... Middle-spec လောက်ဆိုရင်ကို တော်တော်ကောင်းနေပြီ...."

"ကျုပ် ဆိုလိုချင်နေတာက အဲ့သဘောမျိုးမဟုတ်ဘူး..."လင်းရီ လက်ကို ဝှေ့ယမ်းလိုက်ပြီး "ကျုပ် မှတ်မိသလောက်ဆိုရင် Mercedes S-class တစ်စီးကို ယွမ် ၃ သန်းလောက် ပေါက်တယ်မဟုတ်ဘူးလား..ဘာလို့ ၁.၈ သန်းလောက်နဲ့ ရောင်းပေးနေတာ...ဘာလဲ...ကျုပ် ကစောက်ချောကြီးမို့ ဈေးတွေ တအားလျှော့ပေးလိုက်တာလား...."

"မဟုတ်ရပါဘူးရှင်...လူကြီးမင်းပြောနေတဲ့ S-class ကားက AMG model လေ..."

"အဲ့တာဆို ကျုပ် AMG မော်ဒယ် ငါးစီးယူမယ်..."လင်းရီပြောလိုက်ပြီး "သာမန် မော်ဒယ်ဆို မောင်းရတာ တစ်မျိုးကြီး ဖြစ်နေသလိုပဲ..."

"ရှင်..ရှင်က S-class AMG မော်ဒယ် ငါးစီးယူမယ်...."

ကျန်းယွီချန်း အံ့အားသင့်လွန်း၍ စကားပင် ထစ်အ သွားခဲ့သည်။

သူမပထမဆုံးအကြိမ် စူပါသူဌေးကြီးများနှင့် သာမန်လူတို့ ပိုက်ဆံဖြုန်းသည့်ပုံစံ မတူညီမှုကို ပထမဆုံးအကြိမ် နဖူးတွေ့ဒူးတွေ့ ကြုံလိုက်ရ၏။

စောနတုန်းက ကားလာ၀ယ်သည့် လူကြီးမှာ သာမန် Mercedes E-class မျှသာ ၀ယ်ယူသွားပြီး သူမနား ဝီချက်တောင်းရန်ပင် အကြောင်ရိုက်လာခဲ့သေးသည်။

တစ်ဖက်တွင်တော့ သူမရှေ့ရှိ အချောလေးမှာ ဆိုင်ထဲပင် မ၀င်လာသေးပဲ လိုချင်သည့် ကားများကို တန်းစီရွတ်ပြသွားခဲ့၏။

'ငွေကို ရေလိုသုံးတယ်ဆိုတာက ဘာလဲ...ဒါကိုပြောတာပဲလေ..'

လိုချင်သည့် ပစ္စည်းများကို ဈေးနှုန်းပင် တစ်ချက်မကြည့်ပဲ ၀ယ်ယူသွားခဲ့၏။

ထိုဟန်ပန်မှာ မြင်ရသူ မိန်းမပျိုလေးအဖို့ သူမ၏ ငြိမ်သက်နေသည့် နှလုံးသားလေးကို အားပါးတရ လှုပ်ခါသွားစေခဲ့သည်။

"Mercedes S-class AMG မော်ဒယ်ရဲ့ ဈေးနှုန်းက တစ်စီးကို ၂.၈၆ မီလီယမ်...ငါးစီးဆို‌တော့ ၁၄.၃ မီလီယမ်... Mercedes Maybach ကိုပါ ထည့်တွက်မယ်ဆိုရင် ဈေးက ၁၇.၉ မီလီယမ် ကျသင့်ပါမယ်ရှင့်..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဈေးဆိုတာမျိုးက ဒီလိုမျိုး ဖြစ်နေရမှာ...ရော့ ဒီမှာ ကတ်ဖြတ်လိုက်တော့..."

"ဟုတ် ဟုတ်ကဲ့ပါရှင်..."

သူမ လင်းရီ၏ ကတ်ကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေလှမ်းယူလိုက်သည်။ သူမ လက်ရှိခံစားနေရသည်များမှာ အိပ်မက်ပင်လောဟု ထင်ယောင်မိနေတော့၏။

သူမလက်ကို ဆွဲဆိတ်ကြည့်လိုက်သည်။ နာကျင်မှုကို ခံစားမိသည့် အချိန်တွင်တော့ အိပ်မက်မဟုတ်ကြောင်း သေချာ‌သွားတော့၏။

'ဟီးဟီး..ဒါဆို ကော်မရှင်ခတွေ အများကြီး ရတော့မှာပေါ့နော်...'

သူမ အထဲသို့ ၀င်လာသည့်အချိန်တွင်တော့ သက်လတ်ပိုင်းအမျိုးသားမှ နှာခေါင်းရှုံ့လျက် "မစ်ကျန်း...ကျုပ်က ခင်များရောင်းပေးတဲ့ကားကို လိုချင်နေတာ...ဒါပေမယ့် ခင်များက ကျုပ်ကို ၀န်တောင်မှု မပေးချင်ဘူးဆိုနေမှတော့ စိတ်မကောင်းပါဘူး...ကျုပ်ခု Mercedes Benz E-class ကို ၀ယ်လိုက်ပြီ...ကော်မရှင်ခက မင်းလက်ထဲရောက်တော့ မဟုတ်ဘူး...."

"ချန်းချန်း‌....ငါတို့ သဘောတူထားတယ်နော်...နင်က မစ္စတာ၀မ်ကို အရင်ဆုံး ၀န်ဆောင်မှုပေးထားတယ်ဆိုပေမယ့် စာချုပ်ချုပ်တဲ့သူက ငါနဲ့လေ..ဒီတော့ နင်ငါ့နား ကော်မရှင်ခ လာမလုရဘူးနော်...."

ကျန်းယွီချန်း၏ လုပ်ဖော်ကိုင်ဖက်မှ ပြောလိုက်၏။

"ယူလေ...ဒီတိုင်း Mercedes Benz E-class လေးကိုများ...ဘာများ ကောင်းနေလို့လဲ...."

"ဟားဟား....."

မစ္စတာ၀မ်ဆိုသူမှ မောက်မာစွာ ရယ်လိုက်ပြီး

"ဒီကားက ယွမ် ၅သိန်းကျော်ပေးရတဲ့ကား....ကျိုးဟိုင်မှာဆိုရင်တောင်မှ ကားအကောင်းစားတွေထဲက တစ်စီးလို့ ဆိုလို့ရတယ်...."

ကျန်းယွီချန်း၏ လုပ်ဖော်ကိုင်ဖက်ကတော့ တိတ်တဆိတ် ခေါင်းခါရမ်းနေလိုက်၏။

ယခုအချိန်ဆိုလျင်တော့ ချန်းချန်းမှာ နောင်တတွေ တစ်သီတစ်သန်းကြီး ရနေလောက်ချေပြီ။

ကုမ္ပဏီ၏ စည်းမျဉ်းအရဆိုပါက စာချုပ်ချုပ်ပေးသည့်သူကသာလျှင် ကော်မရှင်ခ ရပေလိမ့်မည်။ သူမ ထိုစည်းမျဉ်းကိုတော့ ဆန့်ကျင်ဝံ့လိမ့်မည် မဟုတ်။

"ဒီတိုင်း E-class ကားလေးကိုများဟယ်...တင်စားနေလိုက်တာများ အံ့ဩပါ့...."

ကျန်းယွီချန်း လင်းရီ၏ ဘဏ်ကတ်ကို ထောင်ပြလိုက်ပြီး "နင်တို့ ဒီကတ်ကို မြင်လား...."

နှစ်ယောက်လုံး ကြောင်အသွားကြပြီး "ဒီကတ်က ဘာလဲဖြစ်နေလို့...."

"အပြင်‌က ရှောင်ကောကောက Mercedes Maybach နဲ့ Mercedes S-class AMG မော်ဒယ် ၅စီးတောင် ၀ယ်သွားတယ်လေ....စုစုပေါင်းတန်ဖိုးက ယွမ် ၁၈ သန်းနီးပါးလောက်ရှိတယ်.... Mercedes Benz E-class ရောင်းလို့ရတဲ့ ကော်မရှင်ခလေးလောက်ကတော့ ဒီက ဂရုကိုမစိုက်တာ...."

"ဘာပြောလိုက်တယ်....နင်သွားကြည့်တဲ့ ရှောင်ကောကောက ကားအကောင်းစားတွေ ခြောက်စီးကြီးများတောင် ၀ယ်လိုက်တယ်....."

"အမှန်ပဲ...သူ၀ယ်လိုက်တာများ အချိန်ငါးမိနစ်တောင် မပြည့်လိုက်ဘူး... ပြီးတော့ Mercedes Benz E-class လေး၀ယ်တာကို တစ်နာရီလောက် ပတ်ကြည့်နေတာမျိုးလည်း မဟုတ်ဘူး..."

ကျန်းယွီချန်း၏ လုပ်ဖော်ကိုင်ဖက်မှာ အံအားသင့်သွားခဲ့ပြီး တစ်ချိန်တည်းတွင် နောင်တရနေခဲ့၏။

‌ရောင်းရသည့်ငွေထဲမှ 1% အကျိုးခံစားခွင့်ရှိသည့်အလျောက် ရမည့် ကော်မရှင်ခမှာ ယွမ် ၁၇၉,၀၀၀ ပင်။

အကယ်၍ သူမသာ ကြားမဖြတ်လိုက်ပါက ထိုကော်မရှင်ခများမှာ သူမရမည့် ပိုက်ဆံများဖြစ်၏။

ယခုတော့ အားလုံး သွားချေပြီ။

အကယ်၍များ....

ကံဆိုးစွာဖြင့် ဤလောကကြီးတွင် အကယ်၍ဆိုတာ မရှိချေ။

ထိုအချိန်တွင်တော့ Mercedes Benz E-class ၀ယ်ယူထားသည့် မစ္စတာ၀မ်ဆိုသူမှာ နဖူးပေါ်ရှိ ချွေးအေးများသုတ်လိုက်ပြီး 4S စတိုးဆိုင်မှ ထွက်ခွာသွားခဲ့သည်။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ကျန်းယွီချန်း ကားခြောက်စင်းအတွက် စာချုပ်များ ပြင်ဆင်လာခဲ့ကာ လင်းရီထံ ကမ်းပေးလိုက်၏။

ဖောင်တိန် တစ်ချက် ရေးခြစ်လိုက်ပြီး လင်းရီ သူ၏ အမည်ကို ဆိုင်းထိုးကာ ကျန်းယွီချန်ကို ပြောလိုက်သည်။

"ဒီကားခြောက်စီးကို ကျုပ်အစား ကျိုးဟိုင်နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကို ပို့ပေးဖို့ ဒုက္ခပေးရတော့မယ်...အဲ့ဒီကိုရောက်ရင် ကျိုးဟိုင်ထောင်လို့ ခေါ်တဲ့သူကို ရှာလိုက်...ကျုပ်နာမည်ပြောလိုက်ရင် ရပြီ...ဒါပေမယ့် မနက် ၁၀ နာရီမကျော်ခင်တော့ ရောက်ပါစေနော်...."

"ကောင်းပါပြီရှင်...ကျွန်မတို့ ဂိုဒေါင်ထဲမှာ ထရပ်က အသင့်ရှိပြီးသားပါ... မနက်ဖြန်ထိတောင် စောင့်ဖို့မလိုပါဘူး...ကျွန်မတို့ ဒီနေ့ပဲ အရောက်ပို့ပေးပါ့မယ်...."

"ကောင်းပြီ...ဒါဆို ကားပို့ဖို့ မိန်းကလေးလက်ထဲပဲ အပ်ခဲ့လိုက်တော့မယ်...."

လင်းရီ အပြင်သို့ ထွက်လာခဲ့ပြီး လက်ထဲတွင် ကားခြောက်စီး၏ စာချုပ်များ ကိုင်ထားကာ ဟွမ်လိကိုကြည့်လိုက်ပြီး

"ပြီးပြီ..သွားကြစို့...."

"အိုကေ...."

ဟွမ်လိနှင့် သူမအမျိုးသားတို့မှာ ဖြစ်စဉ်တစ်ခုလုံးကို မြင်တွေ့ပြီးဖြစ်သည်။ လင်းရီ၏ လုပ်ရပ်များက သူတိူ့၏ အမြင်ကို တစ်ခေတ်ဆန်းသွားစေသည်။

ချမ်းသာသည့် သူကြွယ်များနှင့် သာမန်လူတန်းစားတို့မှာ မတူညီသည့် ကမ္ဘာနှစ်ခုတွင် နေထိုင်ကြပြီး ‌ရှုမြင်ပုံခြင်းလည်း မတူညီကြချေ။ သူတို့အဖို့တော့ မာစီးတီးဆိုလျှင် ဈေးအနိမ့်ဆုံးကိုသာ ရှာစီးနေရလေသည်။

သို့တိုင်အောင် တစ်ဖက်မှ ဈေးနည်းနေသေး၍ ပိုများသည့် ကားကို ရွေးချယ်လိုက်သေး၏။

တစ်ဖက်တွင်တော့ သူတို့တစ်ဘ၀လုံး ကြိုးစားလျှင်တောင် ပိုက်ဆံကို ထိုကဲ့သို့ သုံးနိုင်လိမ့်မည် မဟုတ်ပေ။

သူ၏ ဇနီးသည်တစ်ယောက် လင်းရီကားထဲသို့ လိုက်ပါသွားသည်ကိုကြည့်ရင်း စိတ်ထဲတွင်တော့ အသင်္ချေအနန္တ များပြားသည့် ခံစားချက်အတွေးတို့ ရောပြွမ်းနေခဲ့သည်။ ရုတ်ချည်းဆိုသလို ကောင်းကင်ထက်၌ အစိမ်းရောင် အလင်းတစ်ချက်လက်သွားသလို ခံစားလိုက်ရ၏။

ကောင်းကင်ထက်သို့ မော့ကြည့်ရင်း ကျဆင်းတော့မည့် မျက်ရည်များကို ပြန်ဆည်ကာ ကားတား၍ နောက်မှ လိုက်လာခဲ့တော့သည်။

"ရှောင်ကောကော...ကျွန်မတို့ ဝီချက်အပ်ကြမလားဟင်...."သူမ သွားချင်သည့် နေရာရောက်တော့ ဟွမ်လိမှ စကားဟလာခဲ့၏။

"နောက်မှပေါ့..ခုတော့ ကျွန်တော့်မှာ တခြားလုပ်စရာလေးတွေ ရှိသေးလို့ပါ..."

"အိုး...အိုကေလေ...."ဟွမ်လိပြောလိုက်သည်။ သိူ့သော်လည်း သူမမျက်၀န်းထဲတွင်တော့ လက်အလျော့မည့် ရည်ရွယ်ချက်တို့က အထင်းသားပင်။

လင်းရီ သူ၏ စိတ်ထဲတွင် တွက်ချက်မှု တစ်ချို့ပြုလုပ်လိုက်သည်။ အိမ်နှင့်ကား၀ယ်ပြီးနောက် အရာအားလုံးမှာ စီစဉ်ပြီးဖြစ်၏။

နောက်ဆုံးကျန်သည့်အရာမှာတော့ ရှန်းထျန်းကျိုးလာသည်ကို စောင့်ပြီး လေဆိပ်၌ သွားကြိုရုံပင်။

ထို့နောက် လင်းရီ ကျီချင်းရန်ကို သွားကြိုရန် ချောင်ရန်အုပ်စုသို့ ထွက်လာခဲ့၏။

ကလင် ကလင် ကလင်

ကျီချင်းရန် ဆင်းအလာကို စောင့်နေတခိုက် သူမထံမှ ဖုန်း၀င်လာခဲ့၏။

"နင်ဒီည အလုပ်များဖို့ရှိလား..."

"မရှိပါဘူး..ဘာလဲဖြစ်လို့ .."

"ငါခုလောလောဆယ် အိမ်မပြန်ချင်သေးဘူး...ကုမ္ပဏီမှာ အချိန်ပိုဆင်းချင်သေးလို့...နင်အားရင် အဖော်လာလုပ်ပေးမလားလို့ပါ..."

"အိုကေလေ...ငါခုလာနေပြီ...."

"အွန်း..."ကျီချင်းရန် ခေါင်းညိမ့်လိုက်၏။

လင်းရီ ကျီချင်းရန်၏ ရုံးခန်းသို့ ရောက်လာခဲ့သည့် အချိန်တွင်တော့ သူမမှာ ကွန်ပျူတာရှေ့တွင် အာရုံစိုက်နေပြီး သူမ၏ သွယ်လျသော လက်ချောင်းများကလည်း ပီယာနိုတီးနေသည့်အလား ကီးဘုတ်ပေါ်တွင် ပြေးလွှားနေလေသည်။

"နင် ကြိုက်တဲ့နေရာမှာ ထိုင်နေလေ...ငါကတော့ နည်းနည်းအလုပ်ရှုပ်နေလို့ နင်နဲ့ စကားမပြောနိုင်သေးဘူး..."

"ရတယ်...မင်းလုပ်စရာရှိတာသာလုပ်...."

လင်းရီ မီးဖိုချောင် တံခါးကို ဖွင့်လိုက်ပြီး "အဆာပြေဘာစားမလဲ...ငါလုပ်ပေးမယ်...."

"ဥထမင်းကြော် စားချင်တယ်...."

ကျီချင်းရန် လင်းရီကို ရွှန်းစိုနေသည့် မျက်လုံးတို့ဖြင့် ကြည့်လိုက်ပြီး "တကယ်လို့ နင်သာ ကြက်သွန်မြိတ် များများလေးရယ်...ကြက်သွန်နီလေးရယ်...ကြက်ဥပြုတ်တစ်လုံးရယ်..နောက်ပြီး ၀က်အူချောင်းလေးတွေပါ ထည့်ပေးရင် ပိုတောင်ကောင်းဦးမယ် ဟီးဟီး...."

"ဟားဟား...မနည်းလွန်းဘူးလား...ရတယ် ခဏလေးပဲစောင့်...."

ကျီချင်းရန်မှာ သူ၏ လက်ရာကို မြည်းစမ်းပြီးနောက်ပိုင်းတွင် ပိုပို၍ အစားပုတ်လာလေသည်။ စားပြီးလျှင်တော့ သူမဗိုက်ကို ပုတ်ရင်း ဝိတ်ချတော့မယ်ဟု အော်ဟစ်နေတော့မယ့်အသံကို ကြားယောင်ရင်း လင်းရီ ပြုံး၍ ခေါင်းအသာ ခါရမ်းကာ စတင်ကြော်လှော်ရန် ပြင်ဆင်လိုက်သည်။

မိနစ်နှစ်ဆယ် ကြာပြီးနောက် ဥထမင်းကြော်နှစ်ပွဲမှာ စားပွဲပေါ်တွင် သုံးဆောင်ရန် အသင့်ပင်။ လင်းရီလည်း အနည်းငယ် ဆာလောင်နေသောကြောင့် သူ့အတွက်ပါ တစ်ပွဲ ပြုလုပ်လိုက်၏။

"ရပြီ.. ပူတုန်းလာစားလေ.."

"ငါက စားပွဲပေါ်မှာ စားချင်တာ..."ကျီချင်းရန် ချစ်စဖွယ် တောင်းဆိုနေသည့် ပုံစံလေးဖြင့် ဆိုလိုက်၏။

"မရဘူး...စားတဲ့ချိန် အစားပဲ‌စား..တခြား အလုပ်တွေ မလုပ်ရဘူး...."

"ကောင်းပြီလေ.." စိတ်ကောက်နေသည့် ပုံစံဖြင့် ကျီချင်းရန် သူမ၏ ခုံမှ ထလာခဲ့သည်။

လင်းရီ ပြုလုပ်ထားသည့် ရွှေ‌ဝါရောင်သန်းနေသော ဥထမင်းကြော်ကို မြင်သည့်အချိန်တွင်တော့ သူမမျက်နှာထက်တွင် ပျော်ရွှင်နေသည့် အပြုံးတို့က အစားထိုးလာခဲ့၏။

"လင်းရီ...နင်က အရမ်းတော်တာပဲ... နင်လုပ်တဲ့ ဥထမင်းကြော်ကတောင် အရမ်းစားကောင်းနေတယ်ကော...."

"ကောင်းရင် အများကြီးစား...ဒါပေမယ့် အပျော်လွန်ပြီးတော့ ငါ့လာမနမ်းနဲ့နော်.....မင်းနှုတ်ခမ်းက ကြက်သွန်အနံတွေ နံနေမှာ.. "

"ဘာလဲ...နင်က မကြိုက်တာလား...အဲ့တာဆို ငါနင့်ကို နမ်းလိုက်ရမလား..."

" လာလေ...ရတယ်လေ...ဒီနားမှာ ဘယ်သူမှမှ မရှိတာ....ကိုယ့်ကိုယ်ကို ထိန်းချုပ်မထားနဲ့..."

All Chapters