← Chapters

အခန်း (၃၅၉)

Vol. 24 Ch. 359

အခန်း (၃၅၉)

Vol. 24 Ch. 359

ကျီချင်းရန် တစ်ခဏမျှ ကြောင်အနေသည့် အမူအရာလေးဖြစ်သွားခဲ့ပြီး အချိန်အတော်ကြာမှသာ သူမ လင်းရီ၏ လှည့်ကွက်ထဲသို့ ကျရောက်သွားပြန်ပြီဖြစ်ကြောင်း သတိထားမိသွားသည်။

"နင်... လူယုတ်မာကြီး..ငါကလည်း နင့်ကို မနမ်းချင်ပါဘူးနော်...."

လင်းရီ ကျီချင်းရန်၏ ပလုပ်ပလောင်းနှင့် စားသောက်နေသည့် ချစ်စဖွယ်မျက်နှာလေးကို ကြည့်ရင်းအနည်းငယ် စိတ်၀င်စရားကောင်းသလို ခံစားလိုက်ရသည်။

"မင်းက ရုံးမှာကော အိမ်မှာပါ မနားတမ်း လုပ်နေတယ်ဆို‌တော့ ဘယ်လိုပရောဂျက်ကြီးမို့ အဲ့လောက်တောင်လုပ်နေရတာ...."

"ငါနင့်ကို ပြောပြထားတဲ့ မြေကွက်လေ .. အဲ့မြေကွက်က နောက်သုံးရက်နေရင် လေလံဆွဲလို့ရတော့မှာ..."ကျီချင်းရန် ပြောလိုက်ပြီး

"ဒါတောင်မှ လုပ်ထုံးလုပ်နည်းတွေ၊ သတ်မှတ်ချက်ဘောင်တွေက ရှိသေးတာနော်...ငါတို့မှာ အချိန်တောင် သိပ်မရှိတော့ဘူး..."

"အဲ့လောက်ကြီးတော့ လုပ်စရာမလိုဘူးထင်တာပဲ...အဲ့ လေလံပစ်ဖို့အတွက် စာရွက်စာတမ်းတွေ လုပ်နေရတာက ရှင်းဟွား အဘိဓာန်တစ်အုပ်ကြီးလောက်တောင် ထူတယ်...ဘယ်သူက ပြီးပြည့်စုံအောင် လုပ်နိုင်မှာလဲဟ...အမှားအနည်းငယ်တော့ ရှိမှာပဲလေ...ကြည့်ကောင်းအောင် အစပိုင်းလေးပဲ ကောင်းအောင် လုပ်လို့မရဘူးလား..."

"အင်း အရင်တုန်းကတော့ အဲ့လိုလုပ်လို့ရတယ်...ဒါပေမယ့် ခုတော့ မရတော့ဘူး...."ကျီချင်းရန် သူမဆံပင်ကို နောက်သို့ သပ်လိုက်ပြီး "ဘာလို့လဲဆိုတော့ မြို့တော်၀န်အသစ် ရောက်နေတာလေ... ပြီးတော့ သူမကပဲ ဒီပရောဂျက်ကို စိစစ်မှာ..ဒါကြောင့်မို့ အဲ့လောက်ထိ ဂရုစိုက်နေရတာ..မဟုတ်ရင် ငါတို့တွေက ဖြတ်ချခံရနိုင်တယ်...."

လင်းရီ မရုတ်မလွန် ခေါင်းညိမ့်လိုက်သည်။ အရာရှိသစ်များ ရောက်ရှိလာပါက မည်သိူ့အာဏာပြကြလဲဆိုတာ သူနား‌လည်ပေသည်။

ကျီချင်းရန်မှာ အလကားသပ်သပ် အပိုလုပ်နေခြင်း မဟုတ်ပေ။

"ဘယ်သူတွေပါမှာလဲကော သိလား..."

ကျီချင်းရန် ခေါင်းညိမ့်လိုက်ပြီး "ချောင်ရန်အုပ်စုလောက် မကြီးတဲ့ ကုမ္ပဏီအသေးစားလေးတွေ ပါမယ်လို့တော့ သတင်းရထားတယ်...သူတို့နဲ့ယှဉ်ပြိုင်ဖို့ရာကတော့ အသာလေးပဲ..ဒါပေမယ့် ဒီပရောဂျက်ကြီးက နယ်နယ်ရရမဟုတ်ဘူးဆိူတော့ တခြားစီရင်စုက ကုမ္ပဏီတွေပါ ပါ၀င်လာလောက်တယ်...ဒါကြောင့်မို့ တတ်နိုင်သမျှ အပြည့်စုံဆုံး ဖြစ်အောင်လို့တော့ လုပ်ရမှာပဲ ..မဟုတ်လို့ကတော့ အမှားသေးသေးလေးပါရင်တောင် သူများက ကျော်တက်သွားတော့မှာ...."

"ငါ ဟော်ယွမ်ယွမ်ကို ခေါ်ပေးရဦးမလား...."

"ရတယ်...ဒါက ငါ့ကုမ္ပဏီလေ...ငါ့ဟာငါ အဆင်ပြေအောင်လုပ်မယ်...ငါ့မှာ နောက်ထပ် ကွန်ပျူတာတစ်လုံး အပိုရှိသေးတယ်..တကယ်လို့ နင်လုပ်စရာ မရှိဘူးဆိုရင် ကိုယ့်ဘာကိုယ် ဇာတ်ကားကြည့်နေလိုက်လေ...ငါ့ကို ဘာမှ စိတ်ပူမနေနဲ့..."

"အင်း...အဲ့တာဆိုလည်း မနှောင့်ယှက်တော့ဘူး...."

"အိုကေပါ...."

ထိုညတွင်တော့ ကျီချင်းရန် ည ၁၀ နာရီကျော်အထိ အလုပ်လုပ်နေခဲ့ပြီးမှ နှစ်ယောက်အတူ အိမ်ပြန်လာခဲ့ကြ၏။

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ လင်းရီ ထုံးစံအတိုင်း သူမကို ရုံးသို့ လိုက်ပို့ပေးလိုက်သည်။

သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ပြိုင်ကားနှင့် မဟုတ်တော့ပဲ Rolls-Royce phantom ကို ထုတ်လာခဲ့သည်။

ပြိုင်ကားမှာ ထိုင်ခုံနှစ်ခုသာလျှင် ပါသောကြောင့် ခရီးသည်တင်ဆောင်ရာ၌ အဆင်မပြေဖြစ်လှ၏။ ကျီချင်းရန်ကတော့ လင်းရီ အဘယ်ကြောင့် Rolls-Royce ထုတ်လာခဲ့လဲဆိုတာကို လုံး၀ မမေးချေ။

မည်သိူ့ပင်ဆိုစေ သူ့တွင် ကားအမြောက်အများ ရှိသောကြောင့် အစင်းတိုင်းကို တစ်ကြိမ်လောက်တော့ စီးပေးသင့်လေသည်။

ကျီချင်းရန်ကို လိုက်ပို့ပြီးနောက် လင်းရီ Rolls-Royce phantom နှင့် Didi ဆက်ပြေးသည်။

မစ်ရှင်ပြီးဆုံးရန် ကီလို ၂၀၀ ကျော်မျှ သွားရန် လိုအပ်သော်လည်း ယနေ့တွင် လုပ်စရာပေါင်း သောင်းခြောက်ထောင်ရှိနေသောကြောင့် ပြီးဆုံးရန် မဖြစ်နိုင်ခဲ့ပေ။

စနစ်၏ အန္တိမမစ်ရှင်ပြုလုပ်သည့် အချိန်တိုင်း ပြီးဆုံးခါနီးတွင် အဖုအထစ်လေးများ အမြဲတစေကြုံတွေ့ရတတ်သောကြောင့် သာမန်ဟုတောင် ဆို၍ ‌ရနေချေပြီ။

သို့သော်လည်း ပြဿနာတော့ မရှိပေ။ တစ်ရက်နှစ်ရက်မျှ ကြန့်ကြာသွားသည်မှလွဲ၍ မစ်ရှင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သေးသည်။

ကျပန်းခရီးသည်များကို တင်ဆောင်ပြီးနောက် လင်းရီ ကျိူးဟိုင်နိုင်ငံတကာ ကားပြိုင်ပွဲကွင်းသို့ ရောက်လာခဲ့သည်။

သူဂိတ်ပေါက်၀သို့ ၀င်ရောက်လျှင် ရောက်ခြင်း သားရဲဟိန်းသံကဲ့သိူ့ စူပါကားအင်ဂျင်သံများကို ကြားလိုက်ရသည်။

ပြေးလမ်းတစ်ဝိုက်သို့ ဝေ့ကြည့်လိုက်သောအခါ ချင်းဟန်နှင့် ကျန်သူများ ရောက်ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။

"ဘာလားပဲ..ငါတို့က ဒီရဲ့ပြေးလမ်း တစ်ကွင်းလုံးကို ငှားထားတာ မဟုတ်ဘူးလား..ဘာလို့ အပြင်လူတွေ ရောက်လာတာလဲတဲ့..."

အားပေးသည့် ထိုင်ခုံနေရာမှ ဆက်ဆီကျနစွာ ၀တ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှ ပြောလိုက်သည်။

"မဟုတ်မှလွဲရော ခိုး၀င်လာတဲ့ စထွင်မာများလား...သခင်လေးချင်း ကားမောင်းလေ့ကျင့်နေတဲ့ ပုံရိပ်တွေကို လာခိုးရိုက်တာနေမှာ..."

သူမဘေးရှိ ချပ်ပေါ်အင်္ကျီခါးတိုကို ၀တ်ဆင်ထားသည့် အမျိုးသမီးမှ ပြောလိုက်၏။

"ဖြစ်နိုင်လောက်တယ်... ခုခေတ် စထွင်မာတွေက ကျင့်၀တ်ဆိုတာ ဘာမှန်းတောင် မသိကြတော့ဘူး...ကြည့်ရှုသူတိုးလာဖို့ဆိုရင် ဘာပဲဖြစ်ဖြစ် မလုပ်ရဲတာကို မရှိကြတာ.."

"ဘဒို ... မင်းဘယ်လို၀င်လာတာလဲကွ..."

ဆံပင်အဝါရောင် ဆိုးထားသည့် လူငယ်တစ်ဦးမှ မေးလိုက်သည်။

"ဘယ်လို၀င်လာရမှာ...လမ်းလျှောက်ပြီး ၀င်လာတာပေါ့ကွ..."

"မင်း လမ်းလျှောက်လာတာကို ငါက မမြင်ဘူးလို့ ထင်နေတာလား..."

ဆံပင်အဝါရောင် ဆိုးထားသည့် လူငယ်မှာ လူရီ၏ အရွဲ့တိုက်ခြင်းကို ခံလိုက်ရသည့်အတွက် မကျေမနပ်ဖြစ်သွားခဲ့ပြီး "ဒီနေရာက မင်း ၀င်ချင်သလို ၀င်လို့ရတဲ့ နေရာ မဟုတ်ဘူးကွ...ငါတို့ စူပါကား ကလပ်ရဲ့ အဖွဲ့၀င်တွေ လေ့ကျင့်တဲ့နေရာ ... အပြင်လူတွေ ၀င်လာလို့မရဘူး..."

"ငါလည်း လာလည်တာမဟုတ်ပါဘူးဟ...ဒီတိုင်း ဖြတ်သွားရုံလေးတင်ပါ...."လင်းရီ ပြုံးလိုက်ပြီး "ပြီးတော့ ဒီနေရာက ငါ့ရဲ့ ပိုင်နက်လေ...အဲ့တာတောင်မှ ငါ့ကို အပြင်လူလို့လာခေါ်နေတယ်ဆိုတော့ နည်းနည်းလေး လွန်ရာ မကျဘူးလား ညီလေးရာ...."

"ဘာပြောလိုက်တယ်...ဒီနေရာက မင်းရဲ့ ပိုင်နက်...."

ဆံပင်အဝါရောင် ဆိုးထားသည့် လူငယ်မှာ ပြုံးလိုက်ပြီး "လာနောက်မနေနဲ့......မင်း သူများကို ရှိုးပြချင်တယ်ဆိုရင်လည်း လေ့ကျင့်လိုက်ဦး...ဒါမှမဟုတ် ယုံဖို့ကောင်းတာလေးတွေ ပြောတတ်အောင် လေ့ကျင့်ပေါ့ကွာ...."

"လင်းကြီး ..."

နှစ်ယောက်သား စကားပြောနေစဉ် ရုတ်တရက် ချင်းဟန်၏ အသံကို ကြားလိုက်ရသည်။

ထိုအခါ လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့လည်း လင်းရီကို မြင်သွားခဲ့ကြ၏။

"အစ်ကိုကြီးလင်း...."

ချင်းဟန်နှင့် ကျန်သည့်နှစ်ယောက် လမ်းလျှောက်လာသည်ကိုမြင်တော့ ကလပ်မန်ဘာများမှာ လုပ်လက်စများကို ပစ်ချလိုက်ကြပြီး ကားပါကင်အ၀င်၀သိူ့ လှမ်းကြည့်လိုက်ကြသည်။

သူတို့အားလုံး ခပ်ချောချောနှင့် ကောင်လေးတစ်ယောက် ထိုနေရာ၌ ရပ်‌တန့်နေသည်ကို မြင်လိုက်သည့် အချိန်တွင်တော့ အားလုံး သိချင်စိတ်ပြင်းပြသွားခဲ့ကြသည်။

သခင်လေးချင်းမှ လက်ဦးမှုရယူပြီး စတင်နှုတ်ဆက်ရသည့်သူမှာ သာမန်တော့ မဖြစ်နိုင်ချေ။

"အစ်ကိုကြီးချင်း ... သူက ဘယ်သူကြီးလဲ...."

ဆံပင်အဝါရောင်ဆိုးထားသည့် လူငယ်လေးမှ အသံနိမ့်၍ မေးမြန်းလိုက်သည်။

"ဒါ ငါမင်းကို ပြေပြဖူးတဲ့ လင်းရီဆိုတာ သူပဲလေ....ဒီရဲ့ ပြေးလမ်းကိုလည်း သူပဲပိုင်တာ...."

ဟစ်....

ဆံပင်အဝါရောင်ဆိုးထားသည့် လူငယ်လေးနှင့် အမျိုးသမီးနှစ်ဦးတို့မှာ အလွန်အမင်းအံ့ဩဘနန်းဖြစ်သွားခဲ့ကြပြီး အဆုတ်ထဲသို့ လေအေးများ ရှုရှိုက်လိုက်ကြရသည်။

သောက်ကျိုးနည်း...

ဒီပြေးလမ်းက တကယ်ကြီး သူပိုင်တာလားဟ...

ဒါဆို သူက သခင်လေးချင်းနဲ့ တစ်တန်းတည်း ရှိတယ်လို့တောင် ပြောလို့ရတယ်...အဲ့တာဆို ယီးမို့လို့ တန်းမပြောဘဲ ခပ်လျိုလျို နေနေတာလားကွ....

"လင်းကြီး မင်းကဘာလာလုပ်တာ...လက်ယားလာလို့ လာခဲ့တာလား...."ချင်းဟန်မှ ပြုံးလျက် မေးမြန်းလိုက်၏။

"ငါယူစရာလေးရှိလို့ လာခဲ့တာ...မင်းတို့ ကားပတ်မောင်းနေတာ မြင်တော့ ခဏတဖြုတ် ၀င်လာခဲ့လိုက်တာပါကွာ...."

"မင်းကတော့ နေ့တိုင်း အလုပ်ရှုပ်နေတော့တာပဲ...အနားလေးဘာလေး ယူရင်းနဲ့ တစ်ပတ်နှစ်‌ပတ်လောက် လာမောင်းစမ်းပါဦးဟ..."ချင်းဟန်ပြောလိုက်ပြီး သူ့နောက်ရှိ လူအုပ်ကြီးကို ညွှန်ပြကာ "ဒီကောင်တွေက သူတို့စကေး ဘယ်လောက်ကြွယ်ကြောင်းပဲ နေ့တိုင်း ကြွားနေကြတာ...လာပြီး ပြိုင်ကောင်းဘယ်လိုမောင်းရတယ်ဆိုတာ သင်ပြပေးလိုက်...."

"အိုကေ...ငါအချိန်အားရင် သင်ပေးလိုက်မယ်..."လင်းရီ ပြုံးလိုက်ပြီး သု့လက်ထဲရှိ ကားသော့များကို ဝှေ့ယမ်းကာ "ငါခု Rolls-Royce phantom နဲ့ ထွက်လာခဲ့တာလေ...တစ်ယောက်ယောက်ကို သွားကြိုမလို့....ဒါကြောင့်မို့ မင်းတို့နဲ့‌ ယောက်ခြောက်ဆယ် လုပ်နေလို့ မရတော့ဘူး.... "

"ငိုးပဲ..ဘယ်သူက မင်းကို ကိုယ်တိုင် လာကြိုခိုင်းလောက်ရတဲ့ အထိ မောက်မာနေတာလဲကွ...အဲ့ကောင်က သောက်ရမ်းတွေ အံ့အားသင့်ဖို့ ကောင်းနေလို့လား...."

"ဒါပေါ့ကွ...စူပါ့စူပါ အံ့ဩဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပဲ...မင်းသာ မြင်ရင် ကုန်း၀ပ်ချပြီး ကိုးကွယ်ချင်သွားမှာ...."

"ငိုးပဲ အဲ့လောက်ကြီးလည်း မချဲ့ကားစမ်းပါနဲ့ကွာ... အတော်လေးထူးချွန်တဲ့လူလို့ ပြောလိုက်လည်း လူနားလည်ပါတယ်...."

"ဒါနဲ့ အဲ့ဒီသူက ဘယ်သူများလဲ...." ချင်းဟန် စူးစမ်းသည့် လေသံဖြင့် မေးလိုက်ပြီး "ငါ‌တော့ ဂိုဒေါင်ထဲမှာ Maybach နဲ့ S-class Mercedes တွေ ထိုးထားတာတွေ့တယ်....သူတို့ကို သွားကြိုဖို့ မင်းအဲ့ကားတွေ ၀ယ်လာခဲ့တယ်လို့တော့ မပြောနဲ့...."

လင်းရီအကြောင်း ကောင်းကောင်းမသိသေးသည့်သူများကတော့ ၎င်းကိုကြားသည့်အခါ အကြီးအကျယ် ဆွံ့အသွားခဲ့ကြသည်။

ဒီလောက်ကားတွေ အများကြီး ၀ယ်ထားတာက လူသွားကြိုဖို့တဲ့လား...

ထိုကားများမှာ ဈေးမကြီးလှသော်လည်း အရေအတွက်နှင့် တွက်ကြည့်မည်ဆိုပါက ကျသင့်မည့် ပမာဏမှာတော့ သူတို့လို သူဌေးသားလေးများကိုပင် သုံးရန် လက်တွန့်သွားစေလိမ့်မည်။

ဒါကြီးကတော့ သောက်ရမ်းကြမ်းလွန်းသွားပြီ...

"တော်တယ်..."လင်းရီ ပြုံးလိုက်ပြီး "ကောင်းပြီ မင်းတို့ကောင်တွေ ဒီမှာ ‌ဆက်ကစားနေနှင့်ကြ..တစ်ခုခုလိုအပ်ရင် ကျိုးဟိုင်ထောင်ကိုသာ ခေါ်လိုက်ကွာ...ငါကတော့ အားတဲ့တစ်နေ့မှပဲ မင်းတို့နဲ့ လာကစားပေးမယ်...."

"နေဦးဟ .. လင်းကြီး... ငါမင်းကို ပြောစရာတစ်ခုရှိသေးတယ်...."

ချင်းဟန် ပြောလိုက်ပြီး "နောက်လေးငါးရက်လောက်နေရင် ရန်ကျင်း CCS စူပါကားကလပ်ကကောင်တွေ ရောက်လာတော့မှာ...အဲ့ခါကျ ငါတို့ ပြိုင်ပွဲတစ်ပွဲလုပ်ဖို့ ချိန်းထားတာရှိတယ် ....အဲ့ပွဲကို ငါကိုယ်တိုင်လည်း နိုင်မယ်လို့ မသေချာဘူးကွာ...ဒါကြောင့်မို့ မင်းအားရင် လာပြီး အားဖြည့်ပေးဦးဟ..."

"မင်းတို့ ပြိုင်မယ့်နေ့ သတ်မှတ်ပြီးသွားပြီလား..."လင်းရီ မေးမြန်းလိုက်၏။

"မလုပ်ရသေးဘူး...ဒါပေမယ့် ငါတို့ ကနေဦး လုပ်မယ်လို့ ဆုံးဖြတ်ထားတာကတော့ နောက်လထဲလောက်ဖြစ်မယ်..."

"ကောင်းပြီလေ...မင်းက ဖိတ်ခေါ်နေမှတော့ ငါလည်း လာရမှာပေါ့ကွ..."

"အေး... အဲ့တာဆို အတည်ဖြစ်ပြီနော်ဟျောင့်..."

ချင်းဟန်နှင့် စကားပြောပြီးနောက် လင်းရီ ကျိုးဟိုင်ထောင်ထံသို့ ထွက်လာခဲ့လိုက်သည်။

ရုံးခန်းထဲတွင်။

လင်းရီ ရောက်လာသည်ကိုမြင်တော့ ကျိုးဟိုင်ထောင် မတ်တပ်ရပ်ပြီး အရိုသေပေးလိုက်၏။

"ဘော့စ်လင်း...ရောက်လာပြီလားခင်ဗျ...."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဒရိုင်ဘာတွေ အဆင်သင့်ဖြစ်ပြီလား...."

"အားလုံးစီစဉ်ပြီးသွားပါပြီခင်ဗျ...ကျွန်တော်တို့ အချိန်မရွေး ထွက်ခွာ‌လို့ရပါပြီ...ဒရိုင်ဘာတွေအကုန်လုံးကလည်း အရင်တုန်းက အစိုးရ အရာရှိကြီး‌တွေကို မောင်းပေးခဲ့တဲ့သူတွေဆိုတော့ စကေးပိုင်းနဲ့ ပတ်သက်လာရင် လုံး၀ လှည့်ကြည့်စရာ မလိုတဲ့သူတွေပါခင်ဗျ...."

"ကောင်းပြီ..အဲ့တာဆို အခုပဲ စထွက်ကြမယ်..."

လင်းရီ၏ စီစဉ်မှုများအောက်တွင် Rolls-Royce phantom မှာ ရှေ့မှ ဦးဆောင်လာခဲ့ပြီး နောက်မှ အနက်ရောင် Mercedes တို့က တစ်သီတစ်တန်းကြီး လိုက်လာခဲ့ကြ၏။

မောင်းနှင်လာသည့် လမ်းတစ်လျှောက် လူအများကို အံ့အားတကြီး ဖြစ်သွားစေခဲ့ပြီး နောက်ဆုံးတွင် ကျိုးဟိုင် ဟုန်ချောင်လေဆိပ်သို့ ရောက်လာခဲ့ကြသည်။

လင်းရီ လေဆိပ်သို့ ၀င်၀င်ချင်း ရင်းနှီးနေသည့် ပုံရိပ်တစ်ခုမှာ သူ့မြင်ကွင်းရှေ့၌ ထွက်ပေါ်လာခဲ့သည်။

သူ့ရှေ့၌ ရပ်နေသည့် အမျိုးသမီးမှာ အနင်ရောင် ရင်ပြတ်လက်တိုအင်္ကျီနှင့် Swarovski puzzle လက်၀တ်တန်ဆာကို လက်ကောက်၀တ်၌ ဆင်ယင်ထား၏။ လူအများအပြား ပျံ့ကျဲနေသည့် လေဆိပ်ထဲတွင်တော့ သူမ၏ လှပဆန်းကြယ်နေမှုဆို့မှာ ပုရိသယောက်ျားတို့ အကြည့်မလွှဲနိုင်သူတစ်ဦး ဖြစ်လာခဲ့ပေသည်။

လင်းရီ သူမ၏ နောက်ကျောဘက်ခြမ်းကိုသာ မြင်နေရသော်လည်း သူ့ရှေ့၌ ရပ်နေသူမှာ ထိုနေ့က အော်ဒီအနက်ရောင်မောင်းသည့် အမျိုးသမီးဖြစ်ကြောင်း သေချာလေသည်။

"အလှလေး... မင်းကော တစ်ယောက်ယောက်ကို လာကြိုတာပဲလား...."

All Chapters