← Chapters

အခန်း (၃၆၀)

Vol. 24 Ch. 360

အခန်း (၃၆၀)

Vol. 24 Ch. 360

သူမ၏ ပခုံးကို တစ်ယောက်ယောက်မှ လာပုတ်သည်ကို ခံစားမိတော့ လျန်ရူရွှယ်၏ အမူအရာမှာ အေးစက်သွားခဲ့သည်။

စိတ်တိုစွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်သောအခါ လွိုင်ကန်ထဲသို့ ၀င်သွားသည့် ထိုနေ့က အချောလေးဖြစ်ကြောင်း သူမမှတ်မိသွားလေသည်။

"ရှင်က ဒီကိုဘာလာလုပ်တာ..."

လျန်ရူရွှယ် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး လောက၀တ်အရ မေးမြန်းလိုက်၏။

"ငါလည်း လူလာကြိုတာလေ...."

"လာကြိုတယ်..."လျန်ရူရွှယ် လင်းရီကိုကြည့်လိုက်ပြီး "ရှင့်ကောင်မလေးကို လာကြိုတာလား...ဘယ်လို မိန်းကလေးမျိူးကများ ရှင်ကိုယ်တိုင် လာကြိုရလောက်တဲ့အထိ ထိုက်တန်လဲဆိုတာ မြင်ချင်စမ်းပါဘိ...."

"ဘာဆိုင်လို့တုန်းဟ...ငါက ယောက်ျားလေးတစ်ယောက်ယောက်ကို လာကြိုလို့ကော မရဘူးလား..."

လင်းရီ မေးလိုက်သည်။

"ဖြစ်နိုင်ပါတယ်..ဒါပေမယ့် ကျွန်မကတော့ အမျိုးသမီးဖြစ်ဖို့ များတယ်လို့ အာရုံရနေတယ်..."

"မိန်းကလေးကကော...Ex ကို လာကြိုတာလား..."

"ဟမ့်...ရှင့်ပါးစပ်က ထွက်လာလိုက်တဲ့ စကားတွေဆိုရင် တစ်ခုမှ သာမန်ဆန်တာကို မကြားဖူးသေးဘူး..."လျန်ရူရွှယ်ပြောလိုက်ပြီး "ကျွန်မက နိုင်ငံခြားက ပြန်လာတဲ့ သူငယ်ချင်းကို လာကြိုတာ...."

"ကောင်းတာပေါ့...အဲ့တာဆိုလည်း အတူစောင့်ကြမယ်လေ...ကျုပ်လည်း မပျင်းရတော့ဘူးပေါ့..."

လင်းရီ အညောင်းဆန့်ရင်း ပြောလိုက်သည်။

လျန်ရူရွှယ် ပြုံးရုံသာပြုံးပြီး ဘာမျှ ပြန်ပြောခြင်းမပြုဘဲ သူမ၏ maskနှင့် နေကာမျက်မှန်ကို ပြန်တပ်ကာ လေဆိပ်တွင် လာရောက်လုပ်ကြံသူတစ်ယောက်ကဲ့သို့ ဖြစ်နေတော့၏။

လင်းရီ လျန်ရူရွှယ်ကို ငေးကြည့်ရင်း သူ၏ မေးစေ့ကိုပွတ်သပ်လိုက်သည်။

အနှီအမျိုးသမီးမှာ အေးတိအေးစက်နိုင်လှပြီး သူ၏ ခန့်ညားချောမောမှုအောက်တွင် ကျရှုံးသွားခြင်းမရှိချေ။

'မဟုတ်မှလွဲရော ကွေးနေတာများလားဟ...'

သို့သော်လည်း သူမပုံစံ ကြည့်ရသလောက်‌တော့ မိန်းမစစ်စစ် ဖြစ်မည့်ပုံပင်။

လင်းရီ သူမ၏ ခန္ဓာကိုယ်ကို နေရာမလပ်အောင် စူးရဲစွာ ကြည့်ရှုနေသည့်ကို မြင်တော့ လျန်ရူရွှယ်၏ မျက်နှာအမူအရာမှာ အေးစက်သွားခဲ့ပြီး "ရှင်အဲ့လို ဆက်‌ကြည့်နေမယ်ဆိုရင် သေချာပေါက် နောင်တရလိမ့်မယ်နော...."

"ဟီးဟီး...."

လင်းရီ ကိုးရို့ကားယားဖြစ်စွာ ‌ခေါင်းကုတ်လိုက်ပြီး "ဆောတီး ဆောတီး မျက်လုံး အကျင့်ပါနေတာ...မျက်လုံးကိုက အကျင့်ပါနေလို့ပါ...."

လျန်ရူရွှယ် ဘေးသို့ ခြေတစ်လှမ်းရွေ့လိုက်ပြီး လင်းရီနှင့် တစ်မီတာလောက် ခွာနေလိုက်၏။

သူမ၏ မျက်နှာကို ဖုံးအုပ်ထားသော်လည်း မျက်လုံးထဲရှိ ပကတိအေးစက်မှုကိုတော့ အထင်းသား မြင်တွေ့နေရ၏။ ယင်းက တစ်မီတာလောက်သာ ခြားနေသော်လည်း မီတာတစ်ရာလောက် ကွာဝေးနေသည့်အလား ခံစားရစေသည်။

အကယ်၍ မသိပါက သူတို့နှစ်ယောက်မှာ သူစိမ်းများ ဖြစ်နေသည့်အလားပင်။

ထိုအချိန်တွင် လေဆိပ်မှ မိုက်ခရိုဖုန်းအသံကြီးစူးရဲစွာ ထွက်ပေါ်လာခဲ့၏။

"ဝါရှင်တန်လေဆိပ်မှ ကျိုးဟိုင် ဟွာရှသို့ ပြေးဆွဲနေသည့် လေယာဉ် CU2344မှာ လေဆိပ်သို့ ဆင်းသက်လာပါပြီ....ကျေးဇူးပြုပြီး သက်ဆိုင်သူများကို ကြိုဆိုရန် အသင့်ပြင်ဆင်ထားပေးပါ...."

ထိုအသံကိုကြားတော့ လင်းရီ အသက်ပြင်းပြင်း ရှိုက်လိုက်သည်။

အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပြီးနောက် ဒါရိုက်တာရှန်းမှာ ပြန်ရောက်လာခဲ့ချေပြီ။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် ရှန်းထျန်းကျိုး လူအယောက် နှစ်ဆယ်ကျော်နှင့်အတူ ထွက်လာခဲ့သည်ကို မြင်တွေ့လိုက်ရ၏။

အရောင်မျိုးစုံကို တွေ့မြင်နေရသော်လည်း အများစုမှာတော့ တရုတ်လူမျိုးများပင်။

သို့သော်လည်း လေယာဉ်အကြာကြီး စီးနင်းလာခဲ့၍လားတော့မသိ။ ရှန်းထျန်းကျိုး၏ မျက်နှာထက်၌ ပင်ပမ်းနေသည့် အရိပ်အယောင်တို့ကို မြင်တွေ့နေရသည်။ သိူ့သော်လည်း သူ တစ်ချိန်တည်းတွင် ပျော်ရွှင်နေလေသည်။ လေယာဉ်ပေါ်မှ ဆင်းလျှင်ဆင်းခြင်း လေထုကို အားပါးတရ ရှူရှိုက်လိုက်၏။ အမိမြေ၏ လေထုမှာ လွန်စွာလတ်ဆတ်ပြီး စိတ်ဘ၀င်ကို နွေးထွေးသွားစေသည်။

လင်းရီ ခြေလှမ်း လှမ်းတော့မည့် အချိန်တွင် လျန်ရူရွှယ်လည်း VIP ၀င်ပေါက်သို့ သူနှင့် အတူ ဦးတည်နေသည်ကို မြင်တွေလိုက်ရ၏။

သူတို့ အတော်လေး တိုက်ဆိုင်သွားသည့်ပုံပင်။

"ရှင်ဘာလို့ ကျွန်မနောက် လိုက်နေတာ..."

လေး ငါး ဆယ်လှမ်းခန့် လမ်းလျှောက်ပြီးသည့် အချိန်တွင်တော့ လျန်ရူရွှယ်မှ နောက်သို့လှည့်ပြီး အေးစက်နေသည့်လေသံဖြင့် မေးလိုက်သည်။

"ငါလည်း လူသွားကြိုမလို့လေ..."လင်းရီပြောလိုက်ပြီး "မယုံလည်း ကျုပ်ရှေ့ကသွားမယ်..မိန်းကလေးနောက်ကလိုက်ခဲ့..."

လျန်ရူရွှယ် ဘာမျှ ပြန်မပြောပေ။ သူမ အနည်းငယ်စိတ်မရှည် ဖြစ်လာခဲ့ပြီး VIP ၀င်ပေါက်သို့ ဆက်လျှောက်သွားလိုက်၏။

တစ်ချိန်တည်းတွင် သူမစိတ်ထဲတွင်တော့ 'ဟွန့်..ငါ့ကိုများ အညှာလွယ်တဲ့ မိန်းမသားလို့ ထင်နေတာလား...'

VIP ၀င်ပေါက်၀သို့ ရောက်ရှိလာသည့် အချိန်တွင်တော့ လင်းရီ ဘေးကပ်နေလိုက်ပြီး ရှန်းထျန်းကျိုးနှင့် ကျန်သူများ ရောက်အလာကို စောင့်ဆိုင်းနေလိုက်သည်။

သို့သော်လည်း သူ့ကို အံ့အားသင့်သွားစေသည်ကတော့ လျန်ရူရွှယ်မှာ သူမ အိတ်ထဲရှိ အနီရောင် အိုင်ဒီကတ်‌ကို ‌လုံခြုံရေး၀န်ထမ်းရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။

ထိုကတ်ကို မြင်သည့်အချိန်တွင်တော့ ၀န်ထမ်း၏ အမူအရာမှာ ချက်ချင်းလေးနက်သွားပြီး ဂိတ်တံခါးကို ဖွင့်ကာ သူမကို ကြိုဆိုလိုက်၏။

လင်းရီ "????"

ဒီမိန်းကလေးက ဘယ်သူလဲဟ...

တစ်ခုခုတော့ တစ်ခုခုပဲ...

ထိုအချိန်တွင် လျန်ရူရွှယ်မှ နောက်သို့တစ်ချက်လှည့်လိုက်ပြီး လင်းရီကို လှောင်ပြောင်နေသည့် မျက်၀န်းတို့ဖြင့် ကြည့်လိုက်သည်။

သဘောထားပြည့်၀သည့် လင်းရီကတော့ ထို မဒီလေး၏ လှောင်ပြောင်သည့် အကြည့်ကို ရင်ထဲ ထားမနေပေ။ မည်သိူ့ပင်ဆိုစေ ရှန်းထျန်းကျိုးကို ကြိုဆိုရမည့်ကိစ္စကသာလျှင် အရေးကြီးဆုံးဖြစ်၏။

သို့သော်လည်း ထိုအချိန်တွင် လင်းရီကို အံ့အားသင့်သွားစေသည်မှာတော့ ရှန်းထျန်းကျိုးမှာ သူ၏ ခရီးဆောင်အိတ်နှင့်အတူ လျန်ရူရွှယ်ထံ လျှောက်သွားခြင်းပင်။

ငါလခွမ်းတဲ့မှပဲ...ဘာတွေဖြစ်နေတုန်းဟ...

သူမ လာကြိုတဲ့သူက တကယ်ကြီး ရှန်းထျန်းကျိုးကြီးလားဟ..

"မြို့တော်၀န်လျန် ..မအားလပ်တဲ့ကြားကနေ ကျုပ်ကို လာကြိုပေးတာ ကျေးဇူးပါပဲ..."ရှန်ထျန်းကျိူး သူ၏ လက်ကို ဆန့်တန်း၍ ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။

မလှမ်းမကမ်းတွင် ရပ်နေသည့် လင်းရီကတော့ ထိုစကားလုံးများကို ကြားသည့်အခါတွင်တော့ တခဏမျှ ကြက်သေသေသွားခဲ့၏။

သူမက မြို့တော်၀န်လားဟ..

ငိုးပဲ....ငါ့လာနောက်နေတာလားကွ...

ထိုအကြောင်းကို စဉ်းစားမိတော့ လင်းရီ ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

ငါလခွမ်း... ဒါဆို ငါ ခုနတုန်းက လျှောက်ကမျဉ်းနေတာတွေကို သူမ ဖွန်ကြောင်နေတယ်လို့တော့ မထင်သွားလောက်ပါဘူးနော...

မြို့တော်၀န်ကို ဖွန်ကြောင်သလိုမျိုး လုပ်မိရင် အဖမ်းခံရနိုင်လောက်လား...

သောက်ကျိုးတွေတော့ နည်းကုန်ပြီထင်ပါရဲ့ကွာ...

လျန်ရူရွှယ်လည်း သူမ၏ mask နှင့် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး လက်ဆန့်တန်းကာ "ဒါရိုက်တာရှန်းကတော့ ကြင်နာလွန်းနေပါပြီ...ဒါရိုက်တာရှန်း ပြန်လာတယ်ဆိုတာက ကျွန်မတို့ ဟွာရှရဲ့ အဆင့်မြင့် နည်းပညာစက်မှုဇုန်တိုးတက်မှုအပေါ် အရမ်းအရာရောက်တယ်လေ...ကျွန်မ လာကြိုသင့်တာက သဘာ၀ပါပဲ... "လျန်ရူရွှယ် ပြောလိုက်သည်။

"ကျုပ်က ဘာမှဟုတ်တဲ့ကောင်မဟုတ်ပါဘူး.... တကယ်လို့ ကျုပ်ပြန်ရောက်လာတာက နိုင်ငံအတွက်သာ တစ်ခုခု အကျိုးမပြုနိုင်ဘူးဆိုရင် ပြန်လာတာ အချည်းနှီးဖြစ်သွားမှာပေါ့..."

ထိုစကားပြောရင်း ရှန်းချန်းကျိူး၏ မျက်လုံးများထဲတွင် မျိုးချစ်စိတ်ပြင်းပြသည့် အငွေ့အသက်တို့ ပေါ်ပေါက်လာခဲ့သည်။ သူမသေခင် အချိန်လေးတွင် မိမိနိုင်ငံ၏ နောင်လာနောက်သားတို့အတွက် အသုံး၀င်သည့်အရာတစ်ခုခုကို ချန်ထားရစ်ခဲ့ချင်လေသည်။ ထိုအခါမှသာ သူအသက်ရှင်နေခဲ့ရသည်မှာ အလကားဖြစ်လိမ့်မည် မဟုတ်ချေ။

"ဒါရိုက်တာရှန်းက နိမ့်ချလွန်းနေပါပြီ..."လျန်ရူရွှယ် ပြုံးလိုက်ပြီး

"ကျွန်မ ဒါရိုက်ရှန်းနဲ့ အသင်းအတွက် ညစာစားပွဲ လုပ်ပေးဖို့တောင် ပြင်ဆင်ပြီးသွားပြီ...ဒီမှာက လူအရမ်းများတော့ စကားပြောဖို့ အဆင်မပြေဘူး...."

"ကျုပ် ဒီနေ့ မလိုက်နိုင်မှာကိုတော့ စိုးရွံ့မိပါတယ်...တစ်ယောက်ယောက်နဲ့ ကြိုချိန်းထားပြီး မို့လို့ပါ...အဲ့တာကြောင့် မြို့တော်၀န်လျန်ရဲ့ ညစာစားပွဲကို မတက်ရောက်နိုင်မှာကို စိတ်မရှိပါနဲ့...."ရှန်းထျန်းကျိုး ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

"တစ်ယောက်ယောက်နဲ့ ချိန်းထားတယ်...."

ရှန်းထျန်းကျိုး ဂိတ်ပေါက်၀ အပြင်ဘက်ရှိ လင်းရီကို လက်ညိုးညွှန်လိုက်ပြီး "သူပဲလေ...ကျုပ်ကသူနဲ့ အစောကြီးကတည်းကနေ အချိန်းအချက်ပြုပြီးသားမို့ပါ..."

"အဲ့ဒီသူ....."လျန်ရူရွှယ်၏ လှပရွှန်းဆိုသော မျက်လုံးလေးများ ပြူးကျယ်သွားခဲ့ပြီး သူမ၏ မျက်နှာထက်တွင်တော့ မယုံကြည်နိုင်မှုတို့က အထင်းသား ရေးထိုးထားသည်။

သူမ၏ အဆိုးရွား‌ဆုံးသော အိပ်မက်ထဲတွင်တောင်မှ ဤ ကပျက်ကချော် နိုင်သည့်သူမှာ ရှန်းထျန်းကျိုးနှင့် အချိန်းအချက်ပြုထားသည့်သူ ဖြစ်နေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။

'သူတို့နှစ်ယောက်က ပတ်သက်မှု တစ်ချို့ ရှိနေတာများလား...'

"ဟီးဟီး..."

"မိန်းကလေး.....စိတ်တော့မရှိပါနဲ့..ဒါရိုက်တာရှန်းက ဒီကနေ့ ကျုပ်နဲ့ လိုက်ခဲ့မှာမို့လို့ပါ..."

ကိုးရို့ကားယားဖြစ်သည့် ဟန်ပန်အမူအရာမှာ လျန်ရူရွှယ်မျက်နှာထက်၌ ပေါ်ပေါက်လာခဲ့၏။

'ဒီကောင် တမင်သပ်သပ် လက်စားချေနေတာလား...'

"မြို့တော်၀န်လျန်..ဒီနေရာက စကားပြောလို့ကောင်းတဲ့‌နေရာ မဟုတ်ဘူး...ကျုပ်တို့ အရင်ဆုံး သွားကြရအောင်..."

"ကောင်းပါပြီ..."

လေဆိပ်မှ ထွက်လာခဲ့ပြီးနောက် အုပ်စုမှာ မြေအောက်ကားပါကင်သို့ ရောက်ရှိလာခဲ့သည်။ ထိုနေရာ၌ တိုရိုတာကိုစတာ ကားနှစ်စင်းထိုးရပ်ထားလေသည်။

"ပရော်ဖက်တာရှန်း... ကားထဲအရင်၀င်လိုက်လေ...ကျွန်မဘက်က ပရောက်ဆာရှန်းတို့သွားမယ့်နေရာကို လိုက်ပို့ပေးမယ်...."

"မိန်းကလေး...မလိုတော့ဘူးထင်တယ်နော...ကျုပ်က ဒါရိုက်တာရှန်းနဲ့ သူ့အသင်းအတွက် ကားတွေ အဆင်သင့်ပြင်လာပြီးသွားပြီ...."

လျန်ရူရွှယ် လှမ်းကြည့်လိုက်သောအခါ အလှမ်းသိပ်မဝေးသည့် နေရာ၌ Mercedes-Benz ခြောက်စင်းနှင့်နှင့် Rolls-Royce phantom တို့ ထိုးရပ်ထားကြောင်း မြင်တွေ့လိုက်ရသည်။

ထိုကားများ၏ စုစု‌ပေါင်းတန်ဖိုးမှာ ယွမ်သန်း ၂၀ ကျော်လောက် ရှိပေသည်။

'ဟမ့်..ချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေကတော့ ဘယ်လိုရှိုးပြရမလဲဆိုတာ ကောင်းကောင်းသိတာပဲ...'

"ကြည့်ရတာတော့ ကျွန်မ လိုက်ပို့ပေးဖို့ မလိုတော့ဘူးထင်တယ်..."လျန်ရူရွှယ် ဆံပင်ကို နောက်သို့ ပို့လိုက်ရင်း သိမ်ငယ်နေသည့် လေသံဖြင့် ဆိုလိုက်သည်။

"မိန်းကလေးလျန်လည်း တစ်ခါတည်း လိုက်ခဲ့လိုက်လေ...ကြုံတုန်း လက်ဆုံစားကြတာပေါ့...."လင်းရီ သူမကို ဖိတ်မန္တက ပြုလိုက်၏။

"အဲ့တာ‌ဆိုလည်း ကျွန်မက ဘယ်ငြင်းနိုင်တော့မှာ...."

လျန်ရူရွှယ် လင်းရီ၏ ဖိတ်ကြားချက်ကို လက်ခံလိုက်ရခြင်းမှာ ရှန်းထျန်းကျိုးကြောင့်ပင်။

ရှန်းထျန်းကျိုးမှာ ဟွာရှ၏ သိပ္ပံနှင့် သုတေသနနယ်ပယ် ဖွံ့ဖြိုးတိုးတက်မှုအတွက် လွန်စွာအရေးပါလေသည်။ သူ၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုပါက သူမဘက်မှ ထိုက်သင့်သလောက် အလေးထားမှုနှင့် နွေးထွေးမှုတို့ ပေးရပေမည်။

ယင်းက သိပ္ပံပညာရှင်တို့အပေါ် ပေးရသည့် အခြေခံ လေးစားမှုပင်တည်း။

အစီအစဉ်၏ နောက်ထပ်ခြေလှမ်းကို ဆုံးဖြတ်ကြပြီးနောက် လင်းရီ ရှန်းထျန်းကျိုး၊ လျန်ရူရွှယ်နှင့် သူ၏ အသင်းကို ကားအသီးသီးထဲသို့ ဖိတ်ခေါ်လိုက်၏။

ပိုင်ရှင်ဖြစ်သည့် လင်းရီမှာတော့ သဘာ၀အတိုင်း ယာဉ်မောင်းပင်။

"ငါဘာလို့ မင်းတို့နှစ်ယောက်က ရင်းနှီးနေတယ်လို့ ခံစားနေရပါလိမ့်..."ရှန်းထျန်းကျိုး လင်းရီကို ပြုံးလျက် မေးမြန်းလိုက်၏။

"ကျွန်မတို့ တစ်ခေါက် ဆုံဖူးလို့လေ..."လျန်ရူရွှယ် အပြုံးလေးဖြင့် ၀င်ဖြေလိုက်ပြီး "ကျွန်မလည်း မစ္စတာလင်းနဲ့ ပရော်ဖက်ဆာရှန်းက ဒီလောက်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေလိမ့်မယ်လို့တောင် မထင်ထားဘူး..."

ရှန်းထျန်းကျိုး လင်းရီကို ကြည့်လိုက်ပြီး "မင်းက မြို့တော်၀န်လျန်ကို မင်းဘယ်သူလဲဆိုတာ မပြောပြထားဘူးလားဟ...."

စာစဉ် (၂၄)ပြီး၏။

All Chapters