← Chapters

အပိုင်း(၅၇၅)

Vol. 39 Ch. 575

အပိုင်း(၅၇၅)

Vol. 39 Ch. 575

ပိုင်ကျွင်းရွှမ်းမှာ အနက်ရောင်ဝတ်ရုံနှင့်ဆန်းကြယ်သောလူငယ်တစ်ဦး၏သတ်ဖြတ်ခြင်းကိုခံရပြီး  စင်မြင့်အောက်ဘက်၌ အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။

အားလုံးကစင်မြင့်ထက်ရှိ အနက်ရောင်ဝတ်ရုံနှင့် လူငယ်အား စိုက်ကြည့်နေကြပြီး   ကြမ်းခင်းပြင်ပေါ်၌  ပိုင်ကျွင်းရွှမ်း၏ အသက်မဲ့ခန္ဓာကိုယ်ရှိနေသည်။

ဤအခိုက်အတန့်တွင်   စင်မြင့်နံပါတ်တစ်ဆယ်၏လေထုထဲရှိ ဒိုင်ဖြစ်သူ၏ အမူအယာက ပြောင်းလဲသွားသည်။

လူငယ်က ပိုင်ကျွင်းရွှမ်းအားစိန်ခေါ်လိုက်ချိန်တွင် ပွဲကောင်းတစ်ခုအားသူစောင့်ကြည့်ရလိမ့်မည်ဟု ထင်ခဲ့သည်။  သို့သော် လူငယ်က အရမ်းစွမ်းအားကြီးမားနေပြီး   တကယ်ပိုင်ကျွင်းရွှမ်းအားသတ်လိမ့်မည်

ဟုတော့ မမျှော်လင့်ထားခဲ့ပေ။

ဤတစ်ကြိမ်တွင် လူငယ်ပိုင်ကျွင်းရွှမ်းအား စိန်ခေါ်လိုက်ခြင်းက စင်မြင့်အတွင်းရှိ စည်းမျဉ်းစည်းကမ်းများအတွင်းမှမဟုတ်ပေ။  အကယ်၍ သာမန်လူတစ်ယောက်သာဖြစ်ပါက   သူတို့သေသွားလျှင်တောင် ကိစ္စကြီးတစ်ခုဖြစ်လိမ့်မည်မဟုတ်ပေ။

သို့သော် ပိုင်ကျွင်းရွှမ်းကတော့   မြင့်မြတ်ကုန်းမြေသုံးခုထဲမှတစ်ခုဖြစ်သော ယွဲ့ဟူဂိုဏ်းမှ  ဖြစ်သည်။

အကယ်၍ ယွဲ့ဟူဂိုဏ်းက သာ ဤကိစ္စအားလွှတ်မပေးဘဲ ဤကိစ္စကို ဆက်လက်လိုက်နေမည်ဆိုလျှင်  ဒိုင်တစ်ဦးအနေဖြင့် သူသေချာပေါက် ငြိစွန်းလိမ့်မည်ဖြစ်သည်။

ဒိုင်ဖြစ်သူမှာ စိတ်မသက်မသာဖြစ်မှုအားခံစားရ၏။ သူ၏ခေါင်းအားမော့၍ အလယ်ဗဟိုဧရိယာရှိ ကောင်းကင်ထဲ၌ဝင့်ကြွားစွာရပ်နေသော ရွှေရောင်ပုံရိပ်အား  ကြည့်လိုက်သည်။  ဤကိစ္စအား မင်းသားကြီးမှာဆုံးဖြတ်ရမည်ဖြစ်သည်။

ထို့နောက်မင်းသားကွမ်း၏ အသံက စင်မြင့်နံပါတ်တစ်ဆယ်အထက်တွင်  ရိုက်ခတ်ထွက်ပေါ်လာသည်။

“စင်မြင့်နံပါတ်တစ်ဆယ်..ပြိုင်ပွဲဝင်အမှတ်စဉ်တစ်ဆယ်က အမှတ်စဉ်ရှစ်ဆယ့်ခုနှစ်ကို စိန်ခေါ်ခဲ့တယ်..အမှတ်စဉ်ရှစ်ဆယ့်ခုနှစ်

ကလည်း စိန်ခေါ်မှုကိုလက်သင့်ခံခဲ့တယ်.. အမှတ်စဉ်တစ်ဆယ်အနိုင်ရရှိတယ်”

မင်းသားကွမ်းက ဒိုင်အတွက် ရလဒ်အား တိုက်ရိုက်ပင် ကြေညာလိုက်သည်။  ကြေညာချက်အားကြားပြီးနောက် ဒိုင်ဖြစ်သူမှာ တိတ်တဆိတ်စိတ်သက်သာရာရစွာဖြင့် သက်မချလိုက်၏။  မင်းသားကွမ်းကသူ့အတွက်ရလဒ်အား

ကြေညာပေးသည်ဖြစ်သောကြောင့်  တိုက်ခိုက်မှုအားသူခွင့်ပြုသည်ဟူသော အဓိပ္ပါယ်ပင်ဖြစ်သည်။အနာဂတ်၌ ပိုင်ကျွင်းရွှမ်းသေဆုံးမှုအတွက် ယွဲ့ဟူဂိုဏ်းကသာ ဤကိစ္စအားဆက်လက်လိုက်နေလျှင် မင်းသားကွမ်းကသာဤကိစ္စအား

တာဝန်ယူရလိမ့်မည်ဖြစ်သည်။

ထို့နောက်  ဒိုင်ဖြစ်သူ၏အမူအယာက  ပုံမှန်အတိုင်း ဂရုမစိုက်သည့်အသွင်အဖြစ်ပြန်ပြောင်းသွားပြီး ရလဒ်အားထပ်မံကြေညာလိုက်သည်။

“ဒီတိုက်ပွဲမှာ အမှတ်စဉ်ရှစ်ဆယ့်ခုနှစ်ရော ရှစ်ဆယ့်ရှစ်ရောချွင်းချက်မရှိ ဖယ်ရှားခံရမယ်.. အလောင်းကို ဒီနေရာကနေဖယ်လိုက်ကြ”

သို့သော် ဒိုင်ဖြစ်သူ၏ စကားဆုံးပြီးပြီးချင်း ငယ်ရွယ်သောအသံတစ်ခုက ရုတ်တရက်ထွက်ပေါ်လာသည်။

“ခင်ဗျားတို့ဒုက္ခခံနေဖို့မလိုပါဘူး”

စကားပြောလိုက်သောသူက ရှစ်ဖုန့်ပင်ဖြစ်သည်။ဤအလောင်းက   ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ်တစ်ဦး၏အ

လောင်းဖြစ်သည်။  ဤကဲသို့ သောတစ်စုံတစ်ယောက်အား  မည်ကဲ့သို့ အဝေးကိုဖယ်ရှားခွင့်ပြုနိုင်ပါမည်နည်း။

ရှစ်ဖုန့်စကားပြောပြီးသကဲ့သို့ ပြင်းထန်သောသွေးနီရောင်မီးတောက်တစ်ခုက ရှစ်ဖုန့်၏ကိုယ်ပေါ်မှထွက်ပေါ်လာပြီး   သူ့ရှေ့ရှိအလောင်းအား လွှမ်းခြုံသွားသည်။ ထို့နောက်  သွေးနီရောင်မီးတောက်တို့ကအလောင်းအား လျှင်မြန်စွာဝါးမျိုသွားပြီး  လျှင်မြန်စွာဖြင့်ပင်ရှစ်ဖုန့်ထံပြန်လာသည်။

သွေးနီရောင်မီးတောက် ရှစ်ဖုန့်၏ကိုယ်ပေါ်သို့ ပြန်လည်ရောက်ရှိလာသောအခါတွင်   လူငယ်ပါရမီရှင် ပိုင်ကျွင်းရွှမ်း၏အလောင်းမှာ   သွေးနီရောင်မီးတောက်တို့လောင်

ကျွမ်းခြင်းခံရပြီးနောက်  လုံးဝပျောက်ကွယ်သွားသည်ကို လူများတွေ့လိုက်ကြရသည်။  ဖုန်မှုန်တစ်မှုန်စာပင်   ကျန်ရစ်နေခြင်းမရှိပေ။

သို့သော် သွေးနီရောင်မီးတောက်က ပျောက်ကွယ်သွားပြီး  လူငယ်က သူ၏လက်အတွင်း၌ အဖြူရောင်သိုလှောင်လက်စွပ်တစ်ကွင်းအား ကိုင်ထားသည်ကိုတွေ့ရသောအခါတွင်   ပွဲကြည့်နေကြသော သူများ၏ မျက်လုံးတို့ ကအရောင်လတ်သွားသည်။ဤသိုလှောင်လက်စွပ်က ပိုင်ကျွင်းရွှမ်းဝတ်ဆင်ခဲ့သော သိုလှောင်လက်စွပ်ပင်ဖြစ်သည်။

ယွဲ့ဟူဂိုဏ်း၏ပါရမီရှင်  ပို်ငကျွင်းရွှမ်း၏ သိုလှောင်လက်စွပ်က လွန်စွာ စွဲဆောင်နိုင်စွမ်းရှိသည်ဖြစ်သည်။  ၎င်း၌ သေချာပေါက် မရေတွက်နိုင်သော   ဆေးဝါးများနှင့်   ကမ္ဘာဦးကျောက်တုံးများ   ပါရှိလိမ့်မည်ဖြစ်သည်။

အားလုံး၏ အကြည့်များအောက်၌ပင်  ရှစ်ဖုန့်က အဖြူရောင်သိုလှောင်လက်စွပ်အား သူ၏သိုလှောင်လက်စွပ်အတွင်းသို့ သာမန်ကာလျှံကာပစ်ထည့်လိုက်သည်။

ဤအရာများအားလုပ်ပြီးနောက်   ရှစ်ဖုန့်က လှုပ်ရှားလိုက်ပြီး   ဖရိုဖရဲဖိုသီဖတ်သီဖြစ်နေသော   ရွှေရောင်ပုံရိပ်ဘေးသို့   ဖျက်ခနဲရောက်သွားသည်။ ကြမ်းပြင်ထက် ခွေးသေကောင်ကဲ့သို့လဲနေသော ရှစ်ကျင်းရွှိုက်အားကြည့်လိုက်ပြီး   ရှစ်ဖုန့်၏ ညာလက်က လက်သည်းတစ်ခုအဖြစ်ပုံပေါ်သွားကာ ရှစ်ကျင်းရွှိုက်၏  ကိုယ်အား သူ၏လက်အတွင်းသို့ စုပ်ယူလိုက်သည်။

ထို့နောက် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အား ကြက်ပေါက်လေးကဲ့သို့ သယ်ဆောင်ပြီး သူ၏ ပုံရိပ်က  ဖျက်ခနဲ ကောင်းကင်အားထိုးခွင်းကာ စင်မြင့်အတွင်းမှထွက်ခွာလိုက်သည်။ဩ

လူအုပ်ကြီး၏မျက်လုံးတို့ကသာ အနက်ရောင်ပုံရိပ်၏နောက်သို့လိုက်ပါလာ၏။  ဤလူငယ် ဘယ်နေရာကလာသည်လဲဆိုသည်

အားသူတို့ခန့်မှန်းနေကြသည်။

သူ၌မည်ကဲ့သို့အင်အားစုမျိုးရှိနေပါသနည်း။  ဤသတို့သားရွေးချယ်ပြိုင်ပွဲ၌   တကယ့်ကို ပါရမီရှင်များစုဝေးနေသည်ဖြစ်သည်။  ၎င်းက ပို၍ပို၍ စိတ်ဝင်စားဖို့ကောင်းလာနေ၏။

ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အားသယ်ဆောင်လာပြီးနောက် ရတနာတစ်ထောင်စံအိမ်သို့လျှင်မြန်စွာပြန်လာခဲ့သည်။  ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်အား ဤကဲ့သို့ ဖရိုဖရဲအခြေအနေမျိုးဖြင့်

သယ်ဆောင်လာသည်အား ရတနာတစ်ထောင်စံအိမ်မှ

လူများတွေ့သောအခါတွင် သူတို့၏မျက်နှာများရုတ်ခြည်း

ပြောင်းလဲသွား၏။

ထို့နောက် အဖိုးတန် ပြန်လည်ကုသရေးဆေးဝါးများအား ဝါးမျိုနိုင်ရန်အတွကရှစ်ကျင်းရွှိုက်ထံသို့ ပေးပို့လိုက်သည်။ ဖြည်းဖြည်းချင်း ရှစ်ကျင်းရွှိုက်၏ အသားအရောင်ကတိုးတက်လာသည်။

ကုတင်ပေါ်၌ ခန္ဓာကိုယ်တစ်ဝက်ကိုလှဲမှီထားပြီးရှစ်ကျင်းရွှိုက်၏မျက်နှာက ဖြူဖျော့နေသေးဆဲဖြစ်သည်။  ကုတင်ရှေ့၌ရပ်နေသော ရှစ်ဖုန့်အားကြည့်၍ သူခါးသက်စွာပြုံးလိုက်၏။

“ဒီနေ့ငါ့အသက်ကို ညီလေးရှစ်ထပ်ပြီးကယ်တင်ရလိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး”

ရှစ်ကျင်းရွှိုက်အားကြည့်၍ ရှစ်ဖုန့်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးပြောလိုက်သည်။

“မင်းရဲ့ဒဏ်ရာတွေက တော်တော်လေးဆိုးဝါးတာပဲ.. အစောကမင်းသောက်လိုက်တဲ့ဆေးက အနည်းဆုံး အဆင့်ခုနှစ်သူတော်စင်နယ်ပယ်

အဆင့်မှာရှိတယ်ဆိုတာကို မြင်လိုက်တယ်”

“အာ”

ရှစ်ဖုန့်၏ကျီစယ်မှုအား ကြားရသောအခါတွင် ရှစ်ကျင်းရွှိုက်က ပြောလိုက်သည်။

“ငါဒီအခြေအနေတောင်ဖြစ်ပြီးနေပြီ.. ညီလေးရှစ်ကငါ့ကိုကျီစယ်နိုင်သေးတယ်ပေါ့”

ထို့နောက်ရှစ်ဖုန့်က ခေါင်းစဉ်ကိုပြောင်းလဲလိုက်ပြီး ရှစ်ကျင်းရွှိုက်ကိုပြောလိုက်သည်။

“ဒီသခင်လေးအရမ်းသိချင်မိတယ်.. မင်းဒီနေ့ဝတ်လာတဲ့ရွှေရောင်ချပ်ဝတ်ရဲ့ မူလဇစ်မြစ်ကဘာလဲ.. ဒီသခင်လေးသာမမှားဘူးဆိုရင်..

အဲ့ချပ်ဝတ်က အဆင့်ကိုး ဧကရာဇ်နယ်ပယ်ကိုရောက်နေလောက်ပြီ”

ရှစ်ဖုန့်၏စကားများအားကြားပြီးနောက်   ရှစ်ကျင်းရွှိုက်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“မင်းက ပြောတောင်ပြောနိုင်နေပြီပဲ..

ဟုတ်တယ်.အဲ့တာက ဧကရာဇ်နယ်ပယ်ပဲ”

ရှစ်ဖုန့်က သူ၏အသက်အားများစွာကယ်

တင်ခဲ့သည်ဖြစ်သည်။  ဤအရာနှင့်ပက်သက်ပြီးဖုံးကွယ်

ဖို့မလိုအပ်ဟု ရှစ်ကျင်းရွှိုက်ခံစားရ၏။

ထိုထက်ပိုသည်ကားပိုင်ကျွင်းရွှမ်း

မှာသူ့အားရိုက်နှက်ပြီးအရှက်ခွဲခဲ့သည်။  ရှစ်ဖုန့်သာသူ့အစားဒေါသကို မဖွင့်ထုတ်ခဲ့လျှင်  သူသည်လည်းပိုင်ကျွင်းရွှမ်း၏သတ်ခြင်းအားခံရလိမ့်မည်ဖြစ်သည်။

ပိုင်ကျွင်းရွှမ်းကမည်သူနည်း။ သူက မြင့်မြတ်ကုန်းမြေသုံးခုထဲမှတစ်ခုဖြစ်သော   ယွဲ့ဟူဂိုဏ်းမှ ပါရမီရှင်တစ်ဦးဖြစ်သည်။ရှစ်ဖုန့်က သူ့အတွက်မြင့်မြတ်ကုန်းမြေသုံး

ခုကိုပင်ထိပါးစော်ကားရဲသည်ဖြစ်သည်။ သူကမြင့်မြတ်ကုန်းမြေသုံးခုမှ

တစ်စုံတစ်ယောက်ကိုပင်သတ်ဖြတ်ရဲ၏။

ရှစ်ကျင်းရွှိုက်မှာ ရှစ်ဖုန့်အားကြီးစွာကျေးဇူးတင်

မှုခံစားရချိန်တွင် ပြောလိုက်သည်။

“အဲ့ရွှေရောင်ချပ်ဝတ်ကို နတ်ဘုရားအဆင်တန်ဆာလို့ခေါ်တယ်”

“အိုး..နတ်ဘုရားအဆင်တန်ဆာလား”

ရှစ်ကျင်းရွှိုက်၏ စကားအားကြားပြီးနောက်   ရှစ်ဖုန့်က “အိုး” ဟု အသံထွက်သွားသည်။ ထို့နောက်သူကပြောလိုက်၏။

“အဲ့တာကို အဆင်တန်ဆာလို့ခေါ်တာဆိုတော့.. ဒီအဆင်တန်ဆာက တစ်ခုတည်းမဟုတ်ဘူးပေါ့”

“အမှန်ပဲ”

ရှစ်ကျင်းရွှိုက်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒီရွှေရောင်ချပ်ဝတ်ကို ရပြီးတဲ့နောက်မှာ ငါရှေးဟောင်းမှတ်တမ်းစာအုပ်တွေထဲ ကို စစ်ကြည့်ခဲ့တယ်..ရှေးခေတ်အချိန်တုံးက ကြီးမြတ်တဲ့နတ်ဘုရားတစ်ယောက်က ဒီချပ်ဝတ်ကိုဖန်တီးခဲ့တယ်..အဲ့တာကိုနတ်ဘုရားအဆင်တန်ဆာလို့ခေါ်တယ်”

“စုစုပေါင်းနတ်ဘုရားအဆင်တန်ဆာအစိတ်အပိုင်းဆယ်ခုရှိတယ်.ဒဏ္ဍာရီအရဆိုတာကတော့ မင်းသာ နတ်ဘုရားအဆင်တန်ဆာရဲ့ အပိုင်းအစဆယ်ခုလုံးကိုစုဆောင်းနိုင်ရင် နတ်ဘုရားအဆင့်စွမ်းအားကို

ထုတ်လွှတ်နိုင်စွမ်းရှိလိမ့်မယ်တဲ့”

“နတ်ဘုရားအဆင်တန်ဆာ မှာ ရွှေရောင်ဓား.ရွှေရောင်ဒိုင်း ရွှေရောင်ချပ်ဝတ် ..ရွှေရောင်ခေါင်းဆောင်း ရွှေရောင်လည်ဆွဲ ရွှေရောင်လက်စွပ်..ရွှေရောင်လက်အိပ်နှစ်ဖက်နဲ့ ရွှေရောင်ခြေစွပ်နှစ်ဖက် တို့ပါတယ်”

“ဒီနတ်ဘုရားလက်နက်တစ်ခုစီတိုင်းက တစ်ခုတဲ့သုံးတဲ့အခါမှတောင် အံ့ဖွယ်စွမ်းအားတစ်ခုကိုပိုင်ဆိုင်တယ်.. ငါ့ရဲ့ရွှေရောင်ချပ်ဝတ်လိုပေါ့ အဲ့တာက အကြွင်းမဲ့ခုခံစွမ်းအားကို ထုတ်လွှတ်ပေးနိုင်တယ်… ငါ့မှာလုံလောက်တဲ့စွမ်းအားမရှိလို့သာ အစစ်အမှန်စွမ်းအားကိုမထုတ်လွှတ်နိုင်တာ”

“ဒဏ္ဍာရီအရ  ရှေးခေတ်နတ်ဘုရားက နတ်ဘုရားအဆင်တန်ဆာကိုဖန်တီးခဲ့ပြီးတော့ သူ့ရဲ့သစ္စာရှိ ကျင့်ကြံသူဆယ်ဦးကို လက်ဆင့်ကမ်းပေးခဲ့တယ်တဲ့. အဲ့နောက် ကျင့်ကြံသူဆယ်ယောက်က မျိုးဆက်အဆင့်ဆင့်လက်ဆင့်ကမ်း

အမွေပေးခဲ့ကြတယ်.. ဒါပေမဲ့အခု  နတ်ဘုရားအဆင်တန်ဆာတွေက ထျန်းဟန်တိုက်ကြီးအနှံ့မှာ  ပြန့်ကျဲနေရောက်ရှိနေတယ်”

“ငါ့ရဲ့ဒီရွှေရောင်ချပ်ဝတ်ကိုက ငါ့အဖေ အခွင့်အရေးရလို့ရခဲ့တာ”

“နတ်ဘုရားအဆင်တန်ဆာ..နတ်ဘုရား အဆင့်စွမ်းအား.. “

ရှစ်ကျင်းရွှိုက်၏ စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်က တီးတိုးရေရွတ်လိုက်သည်။  ထို့နောက် ရှစ်ဖုန့်က ခေါင်းအားတိတ်တဆိတ်ခါယမ်းလိုက်သည်။ ဤကဲ့သို့ ရှေးဟောင်းလက်နက်တစ်ခုအား  စုဆောင်းခြင်းက အလုပ်ထက်အပြောကပိုလွယ်သည်ဖြစ်သည်။

ရှစ်ကျင်းရွှိုက်ဖခင်က လွန်စွာကံကောင်းခဲ့၍သာ ဤကဲ့သို့  နတ်ဘုရားလက်နက်တစ်ခုကို

ရရှိခဲ့ခြင်းဖြစ်သည်။

ဆက်ရန်…………

ဘာသာပြန်သူ-ARISE

All Chapters