တုန်လှုပ်ခြင်း
Vol. 13 Ch. 182
အခန်း (၁၈၂) တုန်လှုပ်ခြင်း
ရန်ဒန်သည် ကိတ်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ စိတ်ရှုပ်သွားပြီး “မစ္စတာ ကိတ်၊ မင်း ငါတို့ကို ရှာနေတာလား။"
ကိတ်က စိုးရိမ်တကြီးနဲ့ အသံထွက်လာတယ်။ “ဓားပြတစ်ယောက်က သေခြင်းဗိုင်းရပ်စ်အတွက် ဖိနှိပ်နိုင်တဲ့ဆေး အပါအဝင် သုတေသနအဖွဲ့အစည်းရဲ့ ထုတ်ကုန်တွေကို လုယူသွားတယ်။ အဲ့ဒါတွေကို ကျွန်တော်တို့ ပြန်မယူနိုင်ရင် ကျွန်တော်တို့ရဲ့ ရလဒ်တွေ ဆုံးရှုံးသွားလိမ့်မယ်။ စစ်တပ်က အချိန်မီ မဆောင်ရွက်နိုင်တော့ မင်းတို့ကိုပဲ အားကိုးရမယ်။”
နှစ်ယောက်သား လေးနက်သွား၏။ "ကျွန်တော်တို့သေချာပေါက် ကူညီပါ့မယ်။"
"အဲဒါအရမ်းကောင်းတယ်။ မင်းက ငါတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ငါမင်းကို ကိုသြဒိနိတ် ပို့ပေးမယ်။ ရန်သူက အနက်ရောင် ယန္တရားဝတ်စုံ ဝတ်ထားတဲ့ လူတစ်ယောက်”
အနက်ရောင် ယန္တရားဝတ်စုံ ‽
ရန်ဒန်နှင့် နက်တို့၏ အမူအရာများ ပြောင်းလဲသွားသည်။
"သူများလား"
…
ယန္တရားဝတ်စုံ ဝတ်ထားပြီး လမ်းပေါ်တွင် ပြေးခြင်းသည် မျက်စိနောက်စရာ ကောင်းလွန်းလှသည်။ ဟန်ရှောင်းသည် သုတေသနအဖွဲ့မှ ထွက်သွားသည်နှင့် တပြိုင်နက် သူသည် အဆောက်အဦးတစ်ခု၏ ခေါင်မိုးပေါ်သို့ တက်ကာ ခေါင်မိုးများပေါ်မှ ဖြတ်၍ ဆက်ပြေးသွား၏။ ထိုနည်းအားဖြင့် တစ်စုံတစ်ယောက်သည် သူ့ကိုမြင်လျှင်ပင် ကြီးကြီးမားမား သက်ရောက်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ပေ။ ယန္တရားဝတ်စုံကို ချွတ်ပြီး အခြားမျက်နှာတစ်ခုသို့ ပြောင်းလဲရန် လျှို့ဝှက်နေရာတစ်ခုကို ရှာဖွေရန် စီစဉ်နေပါသည်။
သောက်ဆေးတွေက အများကြီးဆိုတော့ ရေလိုသောက်ဖို့ လုံလောက်တယ်။ ဟန်ရှောင်းရယ်မောလိုက်သည်။
လမ်းအနည်းငယ်သို့ ကွေ့ပြီးနောက် ဟန်ရှောင်းသည် လမ်းကြားအလွတ်ထဲသို့ ခုန်ဆင်းသွားသည်။ ထိုအချိန်တွင် ရေဒါပေါ်တွင် ပြင်းထန်သော အသက်စွမ်းအား လက္ခဏာနှစ်ခု ပေါ်လာသည်။ ဒေတာဘေ့စ်က အလိုအလျောက် ရှာဖွေပြီးနောက်တွင် အံ့အားသင့်ဖွယ် ကိုက်ညီမှု ရှိခဲ့၏။ သူ နှစ်ကြိမ်တွေ့ဖူးတဲ့ စူပါဟီးရိုးနှစ်ယောက် ဖြစ်နေသည်။
ငါ့ကိုလိုက်နေကြတာလား? ဟန်ရှောင်းခဏလောက်စဉ်းစားပြီး လူးဝစ်သုတေသနဌာနက သူတို့ကို နောက်တစ်ကြိမ် ထပ်ကစားလိုက်မှန်း သိသွားသည်။
အင်တာဖေ့စ်ပေါ်တွင် သတိပေးချက်တစ်ခု ပေါ်လာ၏။
_____________________
သင်သည် မစ်ရှင်ကို စတင်လိုက်ပါပြီ [သူရဲကောင်းစမ်းသပ်မှု]
မစ်ရှင်နိဒါန်း - တရားမျှတမှု သူရဲကောင်းများသည် ဘယ်သောအခါမှ မတိမ်ကောသော်လည်း မှန်ကန်သောနည်းလမ်းများမှာ ရှားပါးနေ၏။ လူအချို့သည် အကျင့်စာရိတ္တပြီး ၎င်းတို့၏ ကနဦးပန်းတိုင်များကို စွန့်လွှတ်လိုက်ကြသည်။ အချို့သော သူတို့သည် ထိန်းသိမ်းလိုက်နာမှု ပျက်ပြားကုန်ပြီး၊ သူတို့ဆန့်ကျင်တိုက်ခိုက်ပါမည်ဟု ကျိန်ဆိုထားသောသူများ ဖြစ်လာကြသည်။ တစ်ချို့က လိမ်ညာပြီး အသုံးချခံရ၏။ တရားမျှတမှုကို ရွေးချယ်ခြင်းသည် ခက်ခဲသောလမ်းကြောင်းဖြစ်ပြီး၊ သူတို့အတွက် စစ်မှန်သောသူရဲကောင်းတစ်ဦး ဖြစ်လာရန်အတွက် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေရန် သင်သည် သူတို့အတွက် စမ်းသပ်မှု ဖြစ်နိုင်သည်။
မစ်ရှင်လိုအပ်ချက်များ - ရန်ဒန် နှင့် နက်ကို အနိုင်ယူပြီး လူးဝစ်သုတေသနဌာန၏ အမှန်တရားကို ဖော်ထုတ်ပါ။
ဆုလာဘ်များ- ကျပန်း
_____________________
ဟန်ရှောင်း မျက်လုံးများ မှေးသွားသည်။
သူက ဒီမစ်ရှင်ကို တော်တော်စိတ်ဝင်စား၏။ အဆုံးစွန်သော မကောင်းဆိုးဝါးသည် မည်ကဲ့သို့ဆိုသည်ကို သူခံစားရရန် အခွင့်အရေးတစ်ခု ဖြစ်သည်။
ဟန်ရှောင်းသည် အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာလိုက်သည်။
ငါ သူတို့နဲ့ ကစားဖို့ အချိန်ခဏဖြုန်းလို့ ရသေးတယ်။
ဟန်ရှောင်းက နေရာတွင် ရပ်ပြီး စောင့်နေလိုက်သည်။ ရန်ဒန် နှင့် နက်တို့၏ ပုံရိပ်များသည် မကြာမီ လမ်းကြားဝင်ပေါက်ကိုဖြတ်၍ ပြေးသွားကြသည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် နှစ်ယောက်သား သဘောပေါက်သွားကာ ချက်ချင်းပြန်လှည့်လာသည်။ ထိပ်တိုက်ရင်ဆိုင်သည့် အနေအထားဖြင့် လမ်းကြားဝင်ပေါက်တွင် ရပ်နေကြသည်။
"တကယ်ကို မင်းပဲ!" ရန်ဒန် ၏ မျက်နှာသည် တင်းမာနေ၏။ ယန္တရားဝတ်စုံထဲရှိ ဤလျှို့ဝှက်ဆန်းကြယ်သော စစ်သည်တော်၏ စွမ်းအားကို သူ့မျက်စိဖြင့် မြင်ဖူးသည်။ သူ့၏ အထွတ်အထိပ်အခြေအနေမှာတောင် လက်သီးချက်အနည်းငယ်ဖြင့်ပင် အရိုက်ခံရဖွယ်ရှိပြီး၊ သူက အခုချိန်တွင် ဒဏ်ရာရနေသည်။ ဒါပေမယ့် သေမင်းဗိုင်းရပ်ရဲ့ ကုသနည်းကို ဟန်ရှောင်း လုယက်သည်ဆိုသည့် အတွေးက သူ့ကို အနိုင်မယူနိုင်ရင်တောင် နောက်မဆုတ်ဖို့ တွန်းအားပေးနေသည်။
နက်သည် သူ့လက်များကို ပွတ်သပ်ကာ တိုက်ခိုက်ရန် အသင့်ဖြစ်နေ၏။ သူက “မင်း ငါတို့ကို အရင်က ကယ်ခဲ့ပေမဲ့၊ ကုသဆေးကို မပေးလိုက်နိုင်ဘူး။”
ကုသဆေးလား? ဒီကောင်တွေက သူတို့ကို လှည့်စားတဲ့သူကို ကူညီနေတဲ့ မိုက်မဲတဲ့ အမျိုးအစားတွေပဲ။
နက်က ပထမဆုံး တိုက်ခိုက်လိုက်၏။ သူ့လက်နှစ်ဖက်ကို ရှေ့သို့ ပုတ်လိုက်သည်နှင့် လှိုင်းလုံးကြီးက လမ်းကြားကို လွှမ်းသွားသည်။ နံရံပေါ်ရှိ ဆေးများ ကွာသွားပြိး မြေပြင်ပေါ်တွင် အက်ကြောင်းများ ပေါ်လာသည်။
ချက်ခြင်းတွင် ဟန်ရှောင်းခုန်တက်လာပြီး ဒုံးပျံကဲ့သို့ ရန်သူဆီ တိုးဝင်သွားသည်။
ရန်ဒန် က အံကြိတ်ပြီး ရှေ့တက်ကာ လက်သီးဖြင့် လှမ်းထိုးသည်။
ဘန်း
ယန္တရားဝတ်စုံ ဖုံးအုပ်ထားသော လက်သီးသည် လျှပ်စီးလက်သလို ပေါ်လာပြီး တခဏချင်း ပျောက်ကွယ်သွားသည်။ ရန်ဒန်၏ လက်သီးသည် အပြည့်အ၀ မလှုပ်ရှားနိုင်မီ ရန်ဒန်၏ ရင်ဘတ်ကို ပြင်းထန်စွာ ထိုးမိသွားပြီးဖြစ်သည်။ ရန်ဒန်၏ အမြင်အာရုံသည် မှုန်မှိုင်းလာသည်။ အနောက်သို့ လွင့်စင်သွားစဉ် မြင်နေရသမျှ အရာအားလုံးသည် လျင်မြန်စွာ ဝေးကွာသွားပုံရသည်။ ထို့နောက် သူသည် ကျယ်လောင်သော အသံနှင့်အတူ နံရံကို ဝင်တိုက်ကာ ခန္ဓာကိုယ်ရှိ အရိုးများ ကွဲလုမတတ် ဖြစ်သွားသည်။
လက်သီးတစ်ချက်တည်းနှင့် အနိုင်ရသွား၏
သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာစွမ်းအားက ငါ့ကို ဒဏ်ရာအကြီးအကျယ်ရစေတဲ့ ခြင်္သေ့ထက်တောင် ပိုသန်မာတယ်။ ရန်ဒန် က သူ့ကိုယ်သူ နံရံကနေ ဆွဲထုတ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ ရုတ်တရက် သူ့နားတစ်ဝိုက်မှာ လေပြင်းတိုက်သံကို ကြားလိုက်ရပြီး နက်သည်လည်း သူ့ဆီသို့ လွင့်စင်လာသည်။ ဦးခေါင်းပေါ်တွင် ကြီးမားသော အဖုအထစ်တစ်ခုနှင့် သူ့ခြေထောက်ဘေးတွင် လဲကျသွားသည်။ ဟန်ရှောင်း၏ ရိုးရိုးလေး ခေါင်းပုတ်မှုကြောင့် သူ မူးဝေသွားသည် ။
သူတို့ သုံးစက္ကန့်တောင် မခံနိုင်ကြပေ။ ပြန်လည်တိုက်ခိုက်ရန် လုံးဝအခွင့်အရေးမရှိသော ရန်ဒန် သည် ဝမ်းနည်းမှုနှင့် မုန်းတီးမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ပြိုင်ဘက်ကို ဘယ်လိုတားရမလဲ။
အကူအညီမဲ့ခြင်းများသည် သူတို့၏နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
ဟန်ရှောင်းသည် အချိန်ကိုကြည့်ရင်း နှစ်ယောက်သား ပြန်ထရန် ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။ သူသည် ဤစူပါဟီးရိုးနှစ်ကောင်ကို ကိုင်တွယ်ရန် ငါးမိနစ်ခန့် အချိန်ပေးခဲ့သော်လည်း အခြေအနေမှာ ပိုမိုလွယ်ကူလာခဲ့သည်။ ဆယ်စက္ကန့်အောက်သာ အချိန်ယူပြီး သူတို့ကို လုံးလုံး အနိုင်ယူလိုက်သည်။
သူတို့နှစ်ဦးစလုံးသည် အဆင့်သုံးဆယ်ပတ်လည် စူပါလူသားများဖြစ်သည်။ ဟန်ရှောင်း၏ ခွန်အားဖြင့်၊ ဒါက အလွန်လွယ်ကူသော အလုပ်ဖြစ်သည်။
ဟန်ရှောင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်။ သူ တစ်ခုခုပြောမည့် အချိန်တွင် ရန်ဒန် ဟာ သူ့ခြေထောက်ပေါ်ကို ပြန်ရပ်နိုင်သွား၏။ မခံမရပ်နိုင်သော ဒေါသနှင့် ပြည့်နှက်နေသော မျက်နှာဖြင့် သွားများကို တင်းတင်းကြပ်ကြပ် ကြိတ်ထားရင်း “မင်းဟာ ဗိုင်းရပ်စ်ကုသဆေးကို သိမ်းသွားပြီ။ အဲဒီ့ကြောင့် လူတွေအများကြီးသေလိမ့်မယ်။ ငါ့အသက်ကို ပေးရမယ်ဆိုရင်တောင် မင်းကို ဒီနေ့ တားရမယ်!”
ဟန်ရှောင်းနေရာတွင် ရပ်လိုက်သည်။ သူက ရန်ဒန် ကို လှောင်ပြောင်သော အပြုံးဖြင့် ကြည့်နေသည်။ "ဟီးရိုးတစ်ယောက်အနေနဲ့ သေသွားတော့ ပန်းစည်းတွေ၊ အနှစ်မပါတဲ့စကားတွေနဲ့ ကြောင်သူတော်မျက်ရည်တချို့ကလွဲလို့ တခြားဘာတွေရနိုင်လို့လဲ။"
ရန်ဒန် သည် ပို၍ပင် အံကိုတင်းတင်းကြိတ်ထားသည်။ "ငါလုပ်နေတာကို ငါပျော်နေသရွေ့ တခြားသူတွေ ငါ့ကို ဘယ်လိုကြည့်လဲ အရေးမကြီးဘူး!"
ရုတ်တရက် ရန်ဒန် မျက်တောင်ခတ်လိုက်သည် ။ အနက်ရောင် လက်ကြီးတစ်ချောင်းက သူ့မျက်လုံးရှေ့တွင် ပေါ်လာကာ သူ့ခေါင်းကို လှမ်းကိုင်လိုက်၏။ နံရံတစ်ခုထဲသို့ ထိုးဝင်သွားပြီး ကျောက်တုံးများ ကွဲအက်သွားသည်။
သူ့ဦးခေါင်းမှာ သွေးထွက်နေပြီး ရန်ဒန် သည် မြေပြင်ပေါ်တွင် ဆန့်ဆန့်ကြီး လဲနေ၏။ ဦးခေါင်းမှာ ချာချာလည်နေသည်။ မတ်တပ်ရပ်ဖို့တောင် ခွန်အားမရှိတော့ပေ။
ဟန်ရှောင်းက သူ့သေနတ်ကို ထုတ်ပြီး ရန်ဒန် နဖူးကို ဖိလိုက်သည်။
အနက်ရောင် ပြောင်းဝက ရန်ဒန် ကို အသိပြန်ဝင်သွားစေသည်။ သူရုန်းကန်ချင်ပေမယ့် ဟန်ရှောင်းက သူ့ခြေထောက်တွေကို နင်းထားလိုက်ပြီး ခလုတ်ကို ဖြည်းဖြည်းချင်း ညှစ်လိုက်သည်။
ရန်ဒန် မျက်လုံးပြူးသွား၏။ ထိုအချိန်တွင် နောင်တသည် သူ့စိတ်ထဲတွင် ထိန်းမနိုင်သိမ်းမရ လွှမ်းခြုံသွားသည်။
ငါ ဒီလောက် ဝင်မရှုပ်ရင် ဒီနေ့ ငါမသေဘူး။ သန်မာတဲ့ရန်သူရှေ့မှာ ငါ့အသက်ကို လောင်းကြေးထားရင်တောင် သူ့ကို ခဏလောက်တောင် တားလို့ မရဘူး။ ဒီကို လာရတာ ငါ့အသက်ကို စွန့်လိုက်တာ။ ငါတောင်းဆိုတာကို လက်မခံသင့်ဘူး။ ငါစိတ်လိုက်မာန်ပါ လုပ်လွန်းတယ်...
ကလစ်
ခလုတ်သည် အဆုံးသို့ ရောက်သွားသည်။ ရန်ဒန် ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး နာကျင်မှုတစ်စုံတစ်ရာ မခံစားရကြောင်း သိလိုက်ရသည်။ ဟန်ရှောင်းနောက်ပြန်ဆုတ်နေတာကို သူ အံ့အားသင့်သွား၏။ နောက်တော့ သူ့အဝတ်တွေ တစ်ခုလုံး ချွေးတွေ စိုရွှဲနေမှန်း သိသွားသည်။ သူ့မျက်နှာသူ မမြင်ရသော်လည်း ၎င်းသည် ကြောက်ရွံ့မှု၊ နောင်တရမှုနှင့် မလိုလားမှုတို့ ရောထွေးနေမည်ဖြစ်ကြောင်း သူသိသည်။
"အခု မင်းဘာတွေတွေးနေတာလဲ" ဟန်ရှောင်းက ပြောသည်။
ရန်ဒန်မှာ နေရာတွင် ကြောင်အနေသော်လည်း တိတ်ဆိတ်နေသည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရသောအခါတွင် သူသည် တစ်ကြိမ်တစ်ခါမျှ ဖျက်ဆီးနိုင်မည်မဟုတ်ဟု တွေးခဲ့ဖူးသော ယုံကြည်ချက်သည် ယိမ်းယိုင်သွားသည်။ သူက ပြောသလောက် သဘောထားကြီးပြီး ခက်ထန်သူမဟုတ်ပေ။ အဲဒီအစား၊ အဲဒီ့အချိန်မှာ သူခံစားရတာက နောင်တရပြီး တခြားသူတွေဆီက တောင်းဆိုမှုအတွက် သူ့ဘဝကို စွန့်လွှတ်လိုက်တာဟာ အလွန်မိုက်မဲတယ်လို့တောင် ထင်ခဲ့၏။ ဒီအဖြစ်အပျက် မတိုင်ခင်က သူသည် စူပါဟီးရိုးတစ်ယောက်ဖြစ်ဖို့ အမြဲကြိုးစားနေသည် - သူက နောက်ထပ် လူတွေကို ကယ်တင်ချင်နေ၏။ အရပ်သားတွေကို ပိုကာကွယ်ပေးချင်၏။ သူတပါးအတွက် သူ့ကိုယ်သူ စတေးချင်သည်။
သို့သော် ယခုအချိန်တွင် ရန်ဒန်သည် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။
ဟန်ရှောင်းက ကျည်ကပ်အလွတ်ဖြင့် သေနတ်ကို အိတ်ထဲပြန်ထည့်လိုက်သည်။ လက်တော့ပ်ကို ထုတ်ကာ ဒေတာအချို့ကို မန်မိုရီစတစ်တစ်ခုသို့ လွှဲပြောင်းပြီး ရန်ဒန်ဆီသို့ ပစ်ပေးလိုက်သည်။
ရန်ဒန်နှင့် နက်နေရာတွင် ကြက်သေ သေနေသည်။
ရန်သူက ဒီအတိုင်း ထားခဲ့တာလား။
"ဘာလို့ ငါတို့ကို မသတ်တာလဲ" ရန်ဒန်က ကြောင်တက်တက်ဖြင့် မန်မိုရီစတစ်ကို ကိုင်လိုက်သည်။
"ငါတို့က သူ့အတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ သူ့ဆီသွားပြီး အသေမခံနဲ့။ ငါတို့ ဒီကို အရင်ထွက်သွားရမယ်။” ရန်ဒန်က နက်ကို ကိုင်လိုက်ပြီး ထော့နဲ့ထော့နဲ့ ထွက်သွားတော့သည်။
နောက်ထပ် မစ်ရှင်တစ်ခု ကျရှုံးသွားသဖြင့် သူတို့နှစ်ယောက်၏ နှလုံးသားတွင် ရှက်စရာများနှင့် ပြည့်နှက်နေ၏။ ကိတ်ကို ရင်မဆိုင်နိုင်ပေ။ လူးဝစ်သုတေသနဌာန၏ တံခါးကို သူတို့ရောက်သောအခါတွင် စစ်တပ်သည် ထိုနေရာ၌ ရှိနေပြီဖြစ်ပြီး ဧရိယာကို ပိတ်ဆို့ထားသည်။ သူတို့နှစ်ယောက်သည် မေပယ်လ် စစ်ဘက်နဲ့ မဆက်ဆံချင်သောကြောင့် သူတို့ အနားယူပြီး ဒဏ်ရာများကုသသည့် နေရာသို့ ပြန်သွားကြသည်။
ရန်ဒန်က ဟန်ရှောင်းပြောခဲ့တာတွေကို ဆက်တွေးနေ၏။ သူ စိတ်ရှုပ်နေပြီး လုံးဝအာရုံမစိုက်နိုင်ပေ။ ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း အတွေးများက သူ့စိတ်ထဲတွင် အဆက်မပြတ် တောက်လောင်နေ၏။ စူပါဟီးရိုးတစ်ဦးဖြစ်ခြင်းအပေါ် သူ၏ယုံကြည်ချက်နှင့် ရှုထောင့်သည် ယိမ်းယိုင်သွားသည်ဟု သူခံစားနိုင်သည်၊ သူ့စိတ်ထဲတွင် တိုက်ပွဲများ ဖြစ်နေ၏။
ထိုအချိန်တွင်၊ နက်သည် မန်မိုရီစတစ် အတွင်း၌ရှိသောအရာကို သိချင်စိတ်ကို မထိန်းထားနိုင်ပေ။ သူက လက်တော့ပ်ကို ထိုးလိုက်ပြီး စက္ကန့်အနည်းငယ်မျှ ကြည့်ပြီးနောက် ချွေးစေးများ ထွက်လာ၏။
"ရန် ဒီကို လာကြည့်စမ်း!"
အခန်း (၁၈၂) ပြီး၏။
လင်းဆက်
+++++