← Chapters

ကာရီမိုချီ

Vol. 13 Ch. 184

ကာရီမိုချီ

Vol. 13 Ch. 184

အခန်း (၁၈၄) ကာရီမိုချီ

၎င်းသည် ခုခံနိုင်မှုကို အသားပေးသော စွမ်းရည်တစ်ခုဖြစ်ပြီး၊ ပုံသွင်းခြင်းစွမ်းရည်၏ စံချိန်ကိုတော့ မမှီပေ။ ၎င်းသည် ဟန်ရှောင်းကို ခုခံနိုင်စွမ်း ပိုမြင့်စေ၏။

{TL Note : ဂိမ်းသမားတွေဆို ပိုသိလိမ့်မယ်။ Tank အသားပေး စွမ်းရည်ရလာတာကို ပြောချင်တာပါ။)

ဟီလာတွင် ပြန်လည်ကောင်းမွန်နိုင်မှု Passive စွမ်းရည်လည်း ရှိတာကို ပြန်သတိရမိသည်။ [ထူးကဲသော ကိုယ်ခန္ဓာ]

သည် အလားတူ အကျိုးသက်ရောက်မှုများရှိခဲ့ပြီး သူ့အား သွေးအမှတ်မြှင့်တင်မှုမှ နောက်ထပ် သွေးအမှတ် ၃၀၀ ကို ပေးနိုင်၏။

ယန္တရားပညာရှင် တစ်ယောက်အနေနဲ့ ဒီလို (Tank)တင့်ပုံစံကြီး ဖြစ်လာတာ တကယ်ကောင်းတာလား။ ဟန်ရှောင်းသည် ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ ဒါက လူတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ တွန်းအားဖြစ်စေ၏။ ဒီအတိုင်းဆက်သွားရင် သူ့ပုံစံက လုံးဝကွဲထွက်သွားသလို ခံစားရသည်။

ငါက နည်းပညာရှင်အမျိုးအစား ယန္တရားပညာရှင်ပဲ ဖြစ်ချင်တာလေ။ အနီးကပ်တိုက်ခိုက်တယ်ဆိုတာ လူရိုင်းတွေ အတွက်ပဲ။

ငါ ထိုးစစ်ဆင်နိုင်တဲ့ အရည်အချင်း ဒါမှမဟုတ် ထုတ်လုပ်မှုစွမ်းရည်ကို ရှာဖို့လိုတယ်၊ ဒါပေမယ့် ဒီလိုပုံသွင်းခြင်းစွမ်းရည်မျိုးက အရမ်းရှားတယ်။ အများစုက ခံစစ်ပိုင်းနဲ့ တိုးမြှင့်ပေးတဲ့ အရည်အချင်းတွေပဲ။

ယန္တရားပညာရှင်တစ်ယောက်အနေဖြင့် သူ့လက်နက်မျာစနှင့် လိုက်ဖက်နိုင်သည့် အရည်အချင်းများငည် သူအလိုအပ်ဆုံးအရာဖြစ်သည်။ သူသည် [အသေသတ်ပစ်ချက်] စွမ်းရည်ကို ဖွင့်လှစ်ရန် မျှော်လင့်နေ၏။ ပုံသွင်းခြင်းစွမ်းရည်မဟုတ်သော်လည်း၊ ၎င်းသည် ကောင်းမွန်သောအကျိုးသက်ရောက်မှုများရှိသည်။ လိုအပ်ချက်မှာ သူနှင့် အဆင့်တူ ပစ်မှတ်များကို သူ့လက်နက်ကို အသုံးပြုကာ အလွန်မြင့်မားသော ထိခိုက်နိုင်မှုဖြင့် အနည်းဆုံး အကြိမ်ငါးဆယ် ပစ်ခတ်ရန် ဖြစ်သည်။ သူက အကြိမ်လေးဆယ်နီးပါး လုပ်ခဲ့ပြီးပြီ၊ ဒါပေမယ့် သူနှင့်အဆင့် ရန်သူများက ရှာဖို့ ပိုခက်လာသည်။ အဲဒါကိုလုပ်ဖို့ အချိန်နည်းနည်း ယူရလိမ့်မည်။

ယာယီမြှင့်တင်ပေးသည့်ဆေးဝါးများအတွက်မူ ၎င်းတို့ထဲမှအချို့ကို ယန္တရားဝတ်စုံ၏ လျင်မြန်သောထိုးဆေး မော်ဂျူးတွင် ထည့်ရန်စီစဉ်ထားပြီး ကျန်ဆေးဝါးများကို အခြားလူများ၊ အထူးသဖြင့် ကစားသမားများထံ ရောင်းချရန် အခွင့်အလမ်းရှာရမည်။ ထိုသို့ဖြင့် နောက်ထပ်ငွေကြေးများဖြစ်လာမည်ဖြစ်သည်။

ဆေးဝါးတွေထဲတွင်၊ အံ့သြစရာကောင်းတာက မပြည့်စုံတဲ့ ဆေးဝါးတစ်ခုရှိနေပြီး ဆေးထိုးဆေးတစ်ချောင်းသာ ရှိသည်။

_____________________

အမည်မသိဆေးဝါး - အချို့သောဆေးများ၏ တစ်စိတ်တစ်ပိုင်းအပြီးသတ်အဆင့်၊ အမည်မသိအကျိုးသက်ရောက်မှုများ။

_____________________

၎င်း၏ အရောင်သည် ရေကဲ့သို့ ကြည်လင်သည်။ အများအားဖြင့်၊ မသိသောအရာများသည် အံ့သြစရာကောင်းသော အကျိုးသက်ရောက်မှုများ ရှိလိမ့်မည်။ ဟန်ရှောင်းသည် ဤအရာသည် ရိုးရှင်းသည်မဟုတ်ကြောင်း အရိပ်အမြွက်သိသော်လည်း အကျိုးသက်ရောက်မှုများက မရှင်းလင်းသောအခါတွင် ၎င်းကို အသုံးပြုမည်မဟုတ်ပေ။

လူးဝစ်သုတေသနဌာနသည် အနာဂတ်တွင် ၎င်းတို့၏ သုတေသနကို အပြီးသတ်နိုင်မည်ဖြစ်သည်။ တစ်ချိန်ချိန်မှာ အဲဒီကို ထပ်သွားရမှာပဲ။ အဲဒါပြီးသွားတဲ့အခါ သူ့ရဲ့အကျိုးသက်ရောက်မှုကို သိလိမ့်မယ်။ ဟန်ရှောင်းက မျက်ခုံးပင့်တယ်။

ဆေးဝါးပြုလုပ်ရန် သို့မဟုတ် မှော်ဆေးများအကြောင်း လေ့လာရန်၊ [ဆေးဝါးကျွမ်းကျင်] အတန်းအစားကို ရယူရမည်ဖြစ်သည်။ ဟန်ရှောင်းသည် ဆေးဝါးပြုလုပ်ခြင်းနှင့် အတန်းအစား အကွက်များကို ဖြုန်းတီးခြင်းတို့ကို စိတ်မဝင်စားပေ။ ဆေးဝါးပြုလုပ်ခြင်းသည် စက်များပြုလုပ်ခြင်းနှင့် အလွန်ကွာခြားသည်ဟု ခံစားရသည်။ ဆေးဝါးပြုလုပ်ရာတွင် တင်းကျပ်သော ပစ္စည်းအချိုးအစားများနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ လိုအပ်သောကြောင့် သေးငယ်သောအမှားတစ်ခုသည် ကျရှုံးမှုဖြစ်စေနိုင်ပြီး၊ စက်များပြုလုပ်ခြင်းသည် လမ်းကြောင်းပြောင်းသည့်လုပ်ငန်းစဉ်မျှသာဖြစ်သည်။

ဟန်ရှောင်းသည် နေ့ခင်းဘက်တွင် ကေလော့စ်မှ ထွက်သွားသည်။ သူအတွက် မေပယ်လ်တွင် နောက်ထပ် ခြိမ်းခြောက်မှုမစ်ရှင်တစ်ခု ရှိနေသည်။ Bennett သည် မေပယ်လ်၏ မြို့တော်တွင် နေထိုင်သော အစိုးရအရာရှိအချို့ကို ခြောက်လှန့်စေချင်သည်။ အခြေအနေကို စစ်ဆေးရန် ထိုနေရာသို့ ဦးစွာသွားခဲ့သော လူနှစ်ဦးသည် မေပယ်လ်သစ်ရွက်မြို့တွင် အသင့်အနေအထားရှိနေပြီဖြစ်သည်။

မေပယ်လ်၏မြို့တော်ကို Karimochi ကာရီမိုချီ ဟုခေါ်ပြီး မေပယ်လ်သစ်ရွက်မြို့တော်ဟု အဓိပ္ပာယ်ရသည်။

…

လူးဝစ်သုတေသနဌာန၏ နောက်ကွယ်မှဘဏ္ဍာရေးအဖွဲ့အစည်းများသည် Dark Net တွင် အလွန်လျင်မြန်စွာ ဆုကြေး ထုတ်လိုက်သည်။ ပစ်မှတ်မှာ 'ဟိုက်ဆင်ဘာ့ဂ်' မှ လွဲ၍ အခြားသူမဟုတ်ပေ။ သုတေသနဌာနတွင် ဟန်ရှောင်းအသုံးပြုခဲ့သည့် မျက်နှာအပြင် ယန္တရားဝတ်စုံ ဝတ်ထားပြီး သုတေသနအဖွဲ့အစည်းမှ ပြေးထွက်လာသည့် သူ့အကြောင်းကို မှတ်တမ်းတင်ထားသည်။

ဂျာမီနယ်အဖွဲ့အစည်းက ဒီအချက်အလက်ကို မကြာခင် တွေ့ရှိသွား၏။

"ငါတို့အဖွဲ့အစည်းမှာ ဒီလိုလူမရှိဘူး"

ခေါင်းဆောင်သည် အလန့်တကြားဖြစ်သွား၏။ အဖွဲ့အစည်းတွင် အခြားနိုင်ငံများတွင် လျှို့ဝှက် ထောက်လှမ်းရေးနှင့် သူလျှိုအနည်းငယ်သာ ရှိပြီး အရပ်ဘက် သုတေသန အဖွဲ့အစည်းကို လုယက်ရန် မည်သူကိုမျှ အမိန့်ပေးခဲ့ခြင်း မရှိပေ။ ဖြစ်နိုင်ခြေတစ်ခုပဲ ရှိခဲ့၏။ ဤ 'ဟိုက်ဆင်ဘာ့ဂ်' သည် ဂျာမီနယ်အဖွဲ့အစည်းကို မျက်နှာဖုံးအဖြစ် အသုံးပြုခဲ့သော အတုဖြစ်သည်။

သူက ဒါသည် မတရားအမှုဆင်ခြင်းဖြစ်သည်ဟုပင် မတွေးတော့ပေ။ ဂျာမီနယ်အဖွဲ့အစည်းကို အမှုဆင်ခြင်းသည် လုံးဝ မလိုအပ်သောကြောင့် ဖြစ်သည်။ တစ်ကမ္ဘာလုံးက သူတို့ကို ဆန့်ကျင်နေသောကြောင့် နောက်ထပ်ရန်သူတစ်ယောက်ကို ဂရုမစိုက်ကြတော့ပေ။

ဂျာမီနယ်အဖွဲ့အစည်းက နှိမ်နင်းခံရပြီးကတည်းက လူတိုင်းက အစွယ်မပါသော ကျားတစ်ကောင်လို ပေါ့ပေါ့တန်တန် မှတ်ယူကာ စော်ကားနေကြသည်။ ဒီဟိုက်ဆင်ဘာ့ဂ်က ဘယ်လိုလူလဲ။

ခေါင်းဆောင် အဓိက အာရုံစိုက်နေသည်မှာ ယန္တရားဝတ်စုံရဲ့ စွမ်းဆောင်ရည်ပင်။ သူအံ့သြရလောက်အောင်၊ ဤယန္တရားဝတ်စုံသည် အဖွဲ့အစည်း လက်ရှိလုပ်ဆောင်နေသည်ထက် ပိုမိုအဆင့်မြင့်သည့် နည်းပညာကို အသုံးပြုနေကြောင်း သူသဘောပေါက်၏။ အောင်မြင်မှုများ ဆက်လက်ရရှိနေသည့် စူပါစစ်သည် ပရောဂျက်ပင်လျှင် ဤကဲ့သို့ လက်တွေ့အသုံးချနိုင်သည့် အဆင့်တွင် မရှိပေ။

ဒီယန္တရားဝတ်စုံကို ရထားနိုင်ရင် ငါတို့ရဲ့ ယူနစ်တစ်ခုတည်း တိုက်ခိုက်ရေးစွမ်းအားက တဟုန်ထိုး တက်လာလိမ့်မယ်။ ဒီယန္တရားဝတ်စုံကို ဘယ်အဖွဲ့အစည်းက တီထွင်ခဲ့တာလဲ။ ငါတို့ရဲ့ ရန်သူဆိုရင်...

ခေါင်းဆောင်၏ လက်များသည် စားပွဲအစွန်းပေါ်သို့ ပိုမိုပြင်းထန်စွာ ဆုပ်ကိုင်ထားပြီး သတ္တုစားပွဲပေါ်တွင် ထင်ရှားသော အမှတ်အသားတစ်ခု ကျန်ရစ်ခဲ့သည်။ လေးနက်သောလေသံဖြင့် သူက "ဒီယန္တရားဝတ်စုံ အသုံးပြုသူတွေကို လျှို့ဝှက်အာရုံစိုက်ဖို့ ငါတို့ထောက်လှမ်းရေးကွန်ရက်ကို ပြောလိုက် - သူလုပ်နေသမျှကို ငါသိချင်တယ်"

သို့သော် ဝမ်းနည်းစရာမှာ ဟန်ရှောင်း၏ ယန္တရားဝတ်စုံ အသုံးပြုခြင်းကို သတိပြုမိခဲ့သည်မှာ ထိုတစ်ချိန်တည်းဖြစ်သည်။ ဂျာမီနယ်အဖွဲ့အစည်း၏ ထောက်လှမ်းရေးအေးဂျင့်များသည် နောက်ထပ်အချက်အလက်များကို မစုဆောင်းနိုင်တော့ပေ။ အားလုံးက အလွန် လျှို့ဝှက်ဆန်းကြယ်နေ၏။

ထိုသို့သော ယန္တရားဝတ်စုံကို တီထွင်နိုင်သော အဖွဲ့အစည်းတစ်ခုသည် အလွန်ခိုင်မာသော ကျောထောက်နောက်ခံရှိလိမ့်မည်။

ခေါင်းဆောင်သည် လျှို့ဝှက်အဖွဲ့အစည်းအချို့၏ တစ်စွန်းတစ်စကို ရှာဖွေတွေ့ရှိထားသကဲ့သို့ ခံစားခဲ့ရသော်လည်း ၎င်းတို့တွင် အခြားသဲလွန်စများ မရှိသည့်အတွက် ယခုအချိန်တွင် ဘာမှလုပ်နိုင်ခြင်း မရှိပေ။

သူက စိတ်ငြိမ်အောင် ထားလိုက်ပြီး မေးလိုက်သည်။ “ဂြိုလ်သားတွေကို ဖမ်းဆီးတာ ဘယ်လိုလဲ”

လက်ထောက်က စာရွက်စာတမ်းများကို ထုတ်လိုက်သည်။ “ဂြိုလ်သား ၂,၁၀၃ ဦးကို ကျွန်တော်တို့ ဖမ်းဆီးထားပါတယ်။ အစက၊ သူတို့ဟာ သတ်မှတ်ထားသောနေရာအနည်းငယ်တွင် စုဝေးခဲ့ကြပေမယ့်၊ နောက်ပိုင်းမှာ သူတို့ဟာ ဖမ်းဆီးခံရာကနေ နိုးနိုးကြားကြားနဲ့ လွတ်မြောက်လာပြီး အခြားနေရာတွေကို ပျံ့နှံ့သွားပါတယ်။ ဖမ်းဆီးတာကို လူတွေပိုပိုပြီး ဆန့်ကျင်ခဲ့ကြပြီး ကျွန်တော်တို့ရဲ့ မစ်ရှင်က အတားအဆီးအချို့နဲ့ ရင်ဆိုင်နေရတယ်။”

“ဆိုင်ဘာလော့စ်က စမ်းသပ်မှုတွေကို လေ့လာပြီးတော့ သီအိုရီအသစ်တစ်ခု ထွက်ပေါ်လာတယ်။ ဒီဂြိုလ်သားတွေက ဦးနှောက်ဆေးကြောခြင်း မခံရပေမယ့်၊ တောင်းဆိုမှုအမျိုးမျိုးကို လက်ခံဆဲဖြစ်ပြီး အလွန်ရှင်းလင်းသော ရည်ရွယ်ချက်နဲ့ ဆောင်ရွက်ကြတယ်။ သူတို့မှာ သာမန်အသိဥာဏ် များများစားစားမရှိဘူး၊ ထူးထူးခြားခြား ပြောတတ်ကြပြီး အချင်းချင်းကြား အထူးပြောဆိုဆက်ဆံပုံမျိုး ရှိပုံပေါ်ပါတယ်။ ဂြိုလ်သားတချို့က တစ်ယောက်နဲ့တစ်ယောက် သိကြတယ်။ အဲဒါတွေ အားလုံးရဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲ ဖြစ်ပေမယ့် ရလဒ်တွေ မရသေးပါဘူး။ ဆိုင်ဘာလော့စ် ကပြောခဲ့သလိုပဲ ဒီဂြိုလ်သားတွေဟာ အတိတ်ကလာခဲ့တဲ့ အချိန်ခရီးသွားတွေလိုပါပဲ။”

"ဂြိုလ်သားတွေအပေါ် နိုင်ငံ၆နိုင်ငံရဲ့ ရပ်တည်ချက်က ဘယ်လိုလဲ။" ခေါင်းဆောင်က မေးသည်။

"ကျွန်တော်တို့ရဲ့ ထောက်လှမ်းရေးကွန်ရက်က ဂြိုလ်သားတွေကို ဆက်သွယ်ဖို့ နိုင်ငံ၆နိုင်ငံက သူတို့ရဲ့ ကိုယ်ပိုင်အဖွဲ့တွေ စေလွှတ်ထားကြောင်း တွေ့ရတယ်။ သဘောထားတွေကတော့ ခင်မင်ရင်းနှီးမှုကနေ အတင်းအကြပ်အထိ မတူကြဘူး။”

ခေါင်းဆောင်က ခေါင်းညိတ်တယ်။ ခဏလောက် စဉ်းစားပြီးနောက် သူက “သူတို့ရဲ့ စစ်ပြင်ဆင်မှုကို ရပ်တန့်လိုက်ပေမယ့် ထာဝရ ရပ်တန့်သွားမှာ မဟုတ်ဘူး။ နိုင်ငံတိုင်းက အေးဂျင့်တွေ အန်ဒရီရာကို စိမ့်ဝင်နေပြီ။ သူတို့ကိုရှာ။ သူတို့ရဲ့ လှုပ်ရှားမှုတိုင်းကို ငါတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ ရှိနေစေချင်တယ်။ ဒီစစ်ပွဲမှာ ဂြိုလ်သားတွေက ငါတို့အတွက် သော့ချက်ဖြစ်လာမယ်လို့ ခံစားမိတယ်”

…

နေကာမျက်မှန်ပေါ်မှ ရောင်ပြန်ဟပ်မှုများက ဇိမ်ခံအိမ်ကြီး၏ အပြင်ပန်းအသွင်အပြင်ကို ပြသသည်။ ပုံမှန်အ၀တ်အစားများဖြင့် လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်များသည် နယ်မြေအနှံ့ အဆက်မပြတ်ကင်းလှည့်နေကြသည်။ သူတောင်းစားနဲ့တူတဲ့ လူဖြူအဘိုးကြီးတစ်ယောက်က သူ့နေကာမျက်မှန်ကို တွန်းတင်လိုက်ပြီး ခေါင်းပြောင်ပြောင်ကို ဖုံးအုပ်ထားသော ဦးထုပ်ကို ထိလိုက်သာ်။ ဦးထုပ်အောက်မှာ ဝှက်ထားသော သူ့နားထဲရှိ နားကြပ်အသေးစားကို ထိလိုက်သည်။

"နှစ်ဆောင်ပြိုင် လေးထပ်အိမ်ကြီး။ အိမ်တံခါးက အတွင်းပိုင်းစနစ်က ဖွင့်ဖို့လိုတယ်။ အိမ်အပြင်ဘက်မှာ ကင်းလှည့်နေတဲ့ ပုံမှန်လျှို့ဝှက်အဖွဲ့နှစ်ဖွဲ့၊ အတွင်းတစ်ဖွဲ့၊ စုစုပေါင်း လျှို့ဝှက်အေးဂျင့် ဆယ့်ရှစ်ယောက်ရှိတယ်။ မနက်တိုင်း ၈ နာရီမှာ အိမ်ကထွက်ပြီး ကျည်ကာကားနဲ့ သွားတယ်။ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့နှစ်ဖွဲ့ လိုက်တယ်။ အစိုးရအဆောက်အဦး အတွင်းပိုင်း စားသောက်ဆိုင်မှာ နေ့လယ်စာ စားကြပြီး၊ အဲဒီအဖွဲ့ကပဲ လိုက်ပြီး အကာအကွယ် ပေးကြတယ်။

ဟန်းနက်စ်သည် နေကာမျက်မှန်ကို တွန်းတင်ရင်း နားကြပ်ထဲသို့ တိုးတိုးလေးပြောလိုက်သည်။ “ပစ်မှတ်ဟာ မေပယ်လ်ရဲ့ နိုင်ငံရေးနယ်ပယ်မှာ နေထိုင်ပါတယ်။ လမ်းတစ်လျှောက်တွင် ကင်းလှည့်ရဲများနှင့် ကင်းစောင့်များ ပြည့်ကျပ်နေသည်။ လမ်းမှာလုပ်မယ်ဆိုရင် မြန်မြန်လုပ်ရင် ပိုကောင်းမယ်။”

ဗာနီနာခေါ်သော အမျိုးသမီးတစ်ဦး၏ တည်ငြိမ်သော အသံကို နားကြပ်မှတစ်ဆင့် ကြားရသည်။ “ဒါဆို လမ်းပေါ်မှာ လုပ်ကြရအောင်။ ဒါက ငါ့ကို အတိတ်ကနေ့ရက်တွေကို သတိရစေတယ်။"

“ကျွန်တော် ရူးမှာပဲ” ဟု ဟန်းနက်စ်က မကျေမနပ်ဖြင့် ပြောသည်။ “ကျွန်တော် အနားယူပြီးတဲ့ နောက်မှာတောင် မင်းတို့နဲ့ လုပ်နေရတုန်းပဲ၊ မေပယ်လ်ရဲ့ အဆင့်မြင့် အရာရှိကို ပြန်ပေးဆွဲဖို့။ အဲ့ဒီသောက်ရူး ဂါရီရန်၊ ဘာလို့ ငါ့ကို လာရှာတာလဲ။ Bennett ကို ဘာလို့ မပြောတာလဲ။ သူက ရှေ့တန်းမှာ တိုက်ပွဲဝင်နေတုန်းပဲ။ ဒီအငြိမ်းစားအဘိုးကြီးကို ရှာမှ ဖြစ်မှာလား။ ငါ့ကို နှစ်နည်းနည်းလောက် အပန်းဖြေခွင့် မပြုနိုင်ဘူးလား!”

"ဟမ့်၊ မင်းငါ့ကို အကြွေးတင်သွားပြီ၊ Bennett ကို ငါမကြိုက်ဘူး။ လွန်ခဲ့တဲ့ ၃၃ နှစ်က ကျည်ဆန်သုံးချက် ပေးခဲ့တယ်” နားကြပ်ထဲတွင် နောက်ထပ်အသံတစ်ခု ပေါ်လာသည်။ ဂါရီရန်သည် ကြမ်းတမ်းသော လူတစ်ယောက်ဖြစ်သည်။ သူ့အသံက အမြောက်သံနှင့် တူ၏။ “ဘာပဲဖြစ်ဖြစ် မိန်းမလို ညည်းညူတာကို ရပ်လိုက်တော့။ ဘာမှ မလုပ်ဘဲနဲ့ အသီးအရွက်တွေ စိုက်ခဲ့တဲ့ နေ့ရက်တွေက မင်းရဲ့ မာကျောမှုကို ပျော့ပျောင်းသွားစေတာလား”

“လူကြီးမင်းတို့၊ ဒီမှာ အမျိုးသမီးတစ်ယောက်ရှိတယ်ဆိုတာ မမေ့ပါနဲ့” ဗာနီနာက တည်ငြိမ်စွာပြောသည်။

"ကျွန်တော်က အသက်ခြောက်ဆယ်ကျော်နေပြီ၊ မင်းက ငါ့ထက်တစ်နှစ်ကြီးတယ်။ တစ်နေ့လုံး တိုက်ခိုက်သတ်ဖြတ်ဖို့ တွေးနေတာက ပုံမှန်မဟုတ်ဘူး” ဟန်းနက်စ်သည် ဘာပြောရမှန်းမသိ ဖြစ်နေသည်။

“ဟမ်၊ ငါ ခုနစ်ဆယ်တောင် မပြည့်သေးဘူး။ အသက်ကြီးတာလား?" ဂါရီရန်သည် ခဏတာ ညည်းတွားပြီးနောက်၊ အလေးအနက် ပြန်ပြောသည်။ “ကိုးစက္ကန့်အတွင်းမှာ ကင်းလှည့်အရာရှိတွေ ထောင့်ကနေ ပေါ်လာလိမ့်မယ်။ ဖုံးကွယ်နေဖို့ သတိပြုပါ။"

ဟန်းစ်သည် ရှေ့သို့ ငုံ့ကာ သူ၏ ရောင်ဝါသည် ချက်ချင်းပင် သတိမပြုမိတော့ပေ။ ကိုးစက္ကန့်အကြာတွင် ကင်းလှည့်ရဲအရာရှိတစ်ဦးသည် လမ်းထောင့်တစ်ဝိုက်တွင် လျှောက်လာကာ ဟန်းနက်စ်ကို တွေ့လိုက်ရသည်။

သူက ရှေ့ကို လှမ်းပြီး အော်သည်။ “မှတ်ပုံတင် စစ်ဆေးမယ်!”

ဟန်းနက်စ်သည် တကယ့်အစစ်နှင့်တူသော ID အတုကို ထုတ်ပြလိုက်သည်။ အရာရှိက တစ်ချက်ကြည့်လိုက်ပြီး “ဒီမှာ မနေနဲ့။ သွားတော့။"

ဟန်းနက်စ်သည် အဘိုးကြီးတစ်ယောက်လို ဖြည်းဖြည်းချင်း သွားပြီး ထောင့်ချိုးသို့ ကွေ့ပြီးသောအခါ အရှိန်မြှင့်လိုက်သည်။ သူက “ဒီမှာ ကင်းလှည့်ရဲတွေနဲ့ အစောင့်တွေ အရမ်းများနေတယ်။ ဘယ်သူကမှ သတိမထားမိဘဲ ပစ်မှတ်ကို တိတ်တဆိတ် ပြန်ပေးဆွဲဖို့က၊ ညဘက်မှာ လုပ်တာက အကောင်းဆုံးပါပဲ။”

“ဒီကို အရင်ပြန်လာလိုက်။ အစီအစဉ်ကိုတိုင်ပင်ရအောင်” ဟု ဂါရီရန်က လေးလံသော အသံဖြင့် ပြောလိုက်သည်။

အခန်း (၁၈၄) ပြီး၏။

လင်းဆက်

+++++

All Chapters