← Chapters

စစ်ကူတွေ

Vol. 11 Ch. 151

စစ်ကူတွေ

Vol. 11 Ch. 151

သူတို့နှစ်ယောက်စလုံးက မြေကမ္ဘာအဆင့် ၁ ချင်း တူနေရင်တောင်မှ ချန်းဖန်းဟွာက အဆင့်တူတန်းတွေမှာ အောက်ဆုံးက အဆင့်ပဲ ရှိပါတယ်။ သူမက ဓားဆန္ဒကို နားမလည်သေးသရွေ့ ကတော့ လင်းဟောင်ကို ယှဉ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ချန်ဖန်းဟွာရဲ့ အကြံက သူမသေဖို့ လမ်းကို ရွေးလိုက်သလိုပါပဲ။

“ဒါပေမဲ့လည်းလေ"

ချန်ဖန်းဟွာက အပြစ်ရှိသလို ခံစားနေရပါတယ်။ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇မှာသာ ရှိသေးတဲ့အတွက် သွေးဆေဘာ လင်းဟောင်နဲ့ အတော်ကြီး ကွာဟနေတယ်လေ။

“ဒါပေမဲ့လည်းတွေ ဘာတွေ လုပ်မနေနဲ့တော့ အစ်မတော်။ ကျွန်တော့်ရဲ့ အစွမ်းတွေ အကုန်ထုတ်ပြထား ပြီးပြီလို့ အစ်မက ထင်နေတာလား” လီဖူချန်းက စကားစကို အမြန်ဖြတ်လိုက်ပါတယ်။

တစ္ဆေလက်သည်းကျ န်းရှန်နဲ့ တိုက်ခိုက်တုန်းကပဲ ဖြစ်ဖြစ်၊ သွေးနီကြေးခွံ သားရဲကြီးနဲ့ တိုက်ခိုက်တုန်းကပဲ ဖြစ်ဖြစ် သူက အစွမ်းကုန် မတိုက်ခိုက်ခဲ့ရပါဘူး။

လီဖူချန်း ကိုယ်တိုင်တောင်မှ သူ့ရဲ့အစွမ်းတွေကို အပြည့်အဝ ထုတ်သုံးရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို သေချာ မသိသေးဘူးလေ။ ဘာဖြစ်လို့လည်း ဆိုတော့ သူက အခုထက်ထိ ထိုက်တန်တဲ့ ပြိုင်ဘက်နဲ့ မတွေ့ရသေးလို့ပါဘဲ။

သွေးဆေဘာ လင်းဟောင်က သူ့ရဲ့အစွမ်းအစတွေကို အပြည့်အဝ ထုတ်သုံးပြီး တိုက်ခိုက်ရလောက်အောင် အစွမ်းထက်ရဲ့လား ဆိုတာကိုလည်း သူဝေခွဲ မရသေးပါဘူး။

လီဖူချန်းရဲ့ ပြောစကားကို ကြားပြီး နောက်မှာတော့ ချန်ဖန်းဟွာက လီဖူချန်းကို ယုံကြည်လိုက်ပါတယ်။

“ဒီဒိုင်းကိုပါ ယူထားလိုက်ဦး”

လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ ဒိုင်းတစ်ခု ထုတ်ပြီး ချန်ဖန်းဟွာကို ပေးလိုက်ပါသေးတယ်။ ဒီဒိုင်းကတော့ တစ္ဆေလက်သည်း ကျန်းရှန်ကို သတ်ပြီး ရယူထားတဲ့ ဒိုင်းပါဘဲ။ ဆန်းကြယ် အဆင့်နိမ့်ဒိုင်းပါ။

ဒီဒိုင်းမရှိရင်တော့ ချန်ဖန်းဟွာက သွေးဆေဘာ လင်းဟောင်ရဲ့ တစ်ချက်တည်းနဲ့ သတ်ဖြတ်မှုကို ခံလိုက်ရနိုင်ပါတယ်။

ချန်ဖန်းဟွာက စကားတစ်ခွန်းမှ မဆိုတော့ဘဲ ဒိုင်းကို လက်ခံယူထား လိုက်ပါတယ်။ သူမက ဒီတစ်ကြိမ်မှာ သေသွားမယ် ဆိုရင်တောင် ရဲဝံ့စွာနဲ့ အသေခံသွားဖို့ ဆုံးဖြတ်ပြီးသွားပါပြီ။ အရင်လို သူရဲဘောကြောင် နေတော့မှာ မဟုတ်ပါဘူး။

“ပုရွက်ဆိတ်လေး နှစ်ကောင်က တောင်ကြီးကိုဖြိုဖို့ ကြံစည်နေကျတာပဲ။ တကယ့်ဟာသကွာ”

သွေးဆေဘာ လင်းဟောင်က သူတို့ကို ထိုင်ကြည့်ပြီး ကောင်းကောင်းကြီး ဟားနေပါတယ်။

သူ့ရဲ့ မျက်လုံးထဲမှာတော့ မြေကမ္ဘာ အဆင့် ၁ ကို ရောက်နေတဲ့ ချန်ဖန်းဟွာပဲ ဖြစ်ဖြစ်၊ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၇ မှာ ရောက်နေတဲ့ လီဖူချန်းပဲဖြစ်ဖြစ် နှစ်ယောက်စလုံးဟာ ဘယ်အချိန် နင်းသတ်သတ်ရတဲ့ ပုရွက်ဆိတ်လေးတွေပါပဲ။ အထူးသဖြင့် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ က ကောင်လေးတစ်ယောက်က ဆရာကြီးတစ်ပါးလို ပြုမူနေတာကို ကြည့်ပြီး အတော်လေးကို ရယ်ချင်နေမိတယ်လေ။ ဒီကောင်လေးကတော့ ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီးကတည်းက သွေးလေ ချောက်ချားသွားပုံပါပဲ။

“ငါက မင်းတို့နှစ်ယောက်နဲ့ ဆော့ကစားနေဖို့ အချိန်မရှိဘူး။ ငရဲပြည်ရောက်မှ မင်းတို့နှစ်ယောက် ဆုကြေးတွေ ခွဲယူနေလိုက်တော့”

လင်းဟောင်က သူ့ရဲ့ခါးကြားက ဓားကို ဆွဲထုတ်လိုက်ပါပြီ။

အဲဒါကတော့ သွေးရောင်တွေ တောက်ပနေတဲ့ ဓားရှည်တစ်ချောင်းပဲ ဖြစ်ပါတယ်။ ဒီဓားကို သွေးဆာနေတဲ့ ဆေဘာလို့ ခေါ်ပါတယ်။ ဒါက ဆန်းကြယ် အလယ်အလတ်အဆင့် ဓားတစ်လက်ဖြစ်ပြီး ခရမ်းရောင် ဆေဘာဂိုဏ်းက သူ့ကို ချီးမြှင့်ထားတာပါ။ ဒီဓားရဲ့ ဂုဏ်သတင်းက အရူးဆေဘာသောင်းဟိုင်ရဲ့ တိုက်ပွဲတစ်ရာ ဆေဘာထက် ဘယ်လိုမှ နိမ့်မကျပါဘူး။

တခြား ဂိုဏ်းသားတွေကိုလည်း ခရမ်းရောင် ဆေဘာဂိုဏ်းက ဆန်းကြယ် အလယ်အလတ်အဆင့် ဆေဘာအတော်မျာများ တပ်ဆင် ပေးထားပါတယ်။

သွေးဆာနေတဲ့ ဆေဘာက ထွက်ပေါ်လာတာနဲ့ လီဖူချန်းတို့ကို ဓားရိပ်တွေက လွှမ်းခြုံသွားပါတယ်။

ရွှမ်း … ရွှမ်း …

လေထုထဲမှာတော့ သွေးရောင်ဆေဘာ အလင်းတန်းတစ်ခုက လှုပ်ရှား သွားလာနေတယ်လေ။ ကြောက်မယ်ဖွယ် ကောင်းလှတဲ့ ဓားအလင်းတန်းက ကောင်းကင်ဘုံကိုတောင် နှစ်ပိုင်းဖြတ် သွားတော့မဲ့ပုံနဲ့ လီဖူချန်းတို့ဆီကို ဆင်းသက်လာပါပြီ။

“ငါဒီဓားချက်ကို ခုခံနိုင်မှာ မဟုတ်ဘူး”

ဒီအတွေးက ချန်ဖန်းဟွာရဲ့ စိတ်ထဲမှာ ပေါ်လာတဲ့ တစ်ခုတည်းသော အကြောင်းအရာပါပဲ။

လီဖူချန်းပေးထားတဲ့ ဒိုင်းကိုမပြီး ချန်ဖန်းဟွာက သူမရဲ့ ရှေ့မှာ ခံထားလိုက်ပါတယ်။

ထန် …

ဆေဘာချီက ဒိုင်းနဲ့ထိမိသွားတဲ့ အချိန်မှာတော့ ချန်ဖန်းဟွာက ကြီးမားတဲ့ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရပါတယ်။ သူမကို မိုးကြိုးတစ်စင်း ပစ်ချလိုက်သလိုပါပဲ။ သွေးတစ်လုတ်ကိုတောင် အန်ထုတ်လိုက် ရတယ်လေ။

ထိုမျှနဲ့တင် မပြီးသေးပါဘူး။ ချန်ဖန်းဟွာက အနောက်ကို မီတာအနည်းငယ်မျှ ဆုတ်လိုက် ရပါသေးတယ်။

လင်းဟောင်ကတော့ သူမကို ဆက်ပြီး အာရုံမစိုက်နိုင်တော့ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူက လီဖူချန်းနဲ့ ထိပ်တိုက် ရင်ဆိုင်နေရပြီလေ။

အစောပိုင်းတုန်းက လင်းဟောင်ရဲ့ ဓားချက်က လီဖူချန်းက ဒုက္ခမပေးနိုင်ခဲ့ပါဘူး။ အဲဒီအပြင် လီဖူချန်းက ရိပ်ခနဲ ပျောက်သွားပြီး သူ့နားကို ကပ်လာသေးတယ်လေ။

"ကြယ်ကြွေ”

လီဖူချန်းက မီးနဂါးလျှို့ဝှက် နည်းစနစ်ကို အသုံးပြုလိုက်ပါတယ်။ ကြက်သွေးရောင် မီးအတွင်းအားတွေက မီးနဂါးချီတွေနဲ့ ပေါင်းစပ်သွားခဲ့ပါပြီ။

ကြက်သွေးရောင်မီးတောက် အတွင်းအားတွေကနဲ့တင် အတော်လေးကို ကြောက်ဖို့ကောင်းနေပါပြီ။ အခုချိန်မှာတော့ မီးတောက်ချီတွေက မီးနဂါးချီတွေနဲ့ ရောစပ် သွားခဲ့တယ်လေ။ ကျောက်ရည်ပူတွေလို ပူလောင်နေတဲ့ စွမ်းအားတွေကလည်း လီဖူချန်းရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေခဲ့ပါပြီ။

လီဖူချန်းက သူ့ရဲ့အတွင်းအားတွေ အကုန်လုံးကို နက်ရွှေမှော်ဓားထဲကို စီးဝင် ခိုင်းလိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ဓားဆန္ဒရယ် ကြက်သွေးရောင် မီးတောက်ဆန္ဒရယ်ကိုပါ ပေါင်းထည့်ပြီး သူ့ဓားရဲ့ အရှိန်အဝါကို မြှင့်တင် လိုက်ပါသေးတယ်။

“အခြေအနေ မကောင်းတော့ဘူး။”

လီဖူချန်းရဲ့ ဓားသွားကို ကြည့်ပြီး လင်းဟောင်က အန္တရာယ် အငွေ့အသက်ကို ရလိုက်တယ်လေ။

ဓားချက်က သူထင်ထားတာထက်ကို မြန်နေပါတယ်။

“နှလုံးသိမ့်တုန် လက်ချောင်းသိုင်း”

သူ့ရဲ့ ဆေဘာနဲ့ ကာကွယ်ဖို့ အချိန်မရတော့တဲ့ လင်းဟောင်ဟာ သူ့ရဲ့ ဘယ်ဘက်လက်ကို မြှောက်ပြီ ချီအကာအကွယ် တစ်ခုကို ဖန်ဆင်းလိုက်ပါတယ်။ ပြီးတာနဲ့ သူ့ရဲ့လက်ညှိုးနဲ့ လက်ခလယ်ကို အသုံးပြုပြီး လီဖူချန်းရဲ့ ဓားကို ညှပ်မိဖို့ ကြိုးစားလိုက်ပါတယ်။

နှင်းငွေ့သတ္တုရိုင်း တွေကိုတောင် ညှပ်ချိုးပစ်လိုက်နိုင်တဲ့ လင်းဟောင်ရဲ့ လက်ချောင်းတွေက နက်ရွှေမှော်ဓားကနေ ထွက်လာတဲ့ ဓားချီတွေနဲ့ အတွေ့မှာပဲ နာကျင်သွားခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ လက်ချောင်းတွေက လီဖူချန်းရဲ့ ဓားအရှိန်ကို ၃၀ ရာခိုင်နှုန်း လျော့နည်း သွားစေခဲ့တဲ့အတွက် တန်တယ်လို့တော့ ပြောရမှာပါဘဲ။

ဟား …

လင်းဟောင်က တစ်ချက် မာန်သွင်းလိုက်ပြီး နက်ရွှေမှော်ဓားကို ပြန်ပက်ထုတ် လိုက်ပေမဲ့လည်း အနည်းငယ်လေး နောက်ကျသွားခဲ့ပါတယ်။

မြေပြင်တစ်ခုလုံး ကတော့ ဆေဘာချီတွေ ဓားချီတွေကြောင့် ရစရမရှိအောင် မွစာကျဲနေခဲ့ပါပြီ။

လီဖူချန်းက လင်းဟောင်ရဲ့ တန်ပြန် တိုက်ခိုက်မှုကြောင့် မီတာ အတော်များများကို လွင့်ထွက်သွားရသလို လင်းဟောင်ကလည်း ခြေလှမ်း ၈ လှမ်းလောက် ဆုတ်လိုက်ရပါတယ်။

“ပန်းပွင့်အသင်္ချေဓားသိုင်း”

ချန်ဖန်းဟွာ တစ်ယောက်ကတော့ ဘယ်အချိန်ကတည်းက လင်းဟောင်ရဲ့ အနောက်ဘက်မှာ ရောက်နေသလည်း မသိပါဘူး။

သူမဆီကနေ မရေမတွက်နိုင်တဲ့ ဓားချက်တွေက ထွက်ပေါ်လာပြီး လင်းဟောင်ကို တိုက်ခိုက်လိုက်ပါတယ်။ သူမရဲ့ ဓားချက်တွေက ပန်းပွင့်မိုးတွေ ရွာချလိုက်သလိုပါပဲ။

“သွားစမ်းပါ”

လင်းဟောင်က လှည့်တောင် မကြည့်ဘဲနဲ့ သူ့ရဲ့ ဆေဘာကို နောက်ပြန် ဝှေ့ယမ်းလိုက်ပါတယ်။ ထူထပ်တဲ့ သွေးနီရောင် အလင်းတန်းကြီးက   ထွက်ပေါ်လာပြီး ချန်ဖန်းဟွာရဲ့ ပန်းပွင့် အသင်္ချေဓားသိုင်းကို ဖျက်ဆီး ပစ်လိုက်ပါတယ်။ သူ့ရဲ့ဓားချက်က ချန်ဖန်းဟွာကို နောက်ဆုတ် သွားစေဖို့အတွက် လုံလောက်တာထက်ကို ပိုနေပါသေးတယ်။

ရွှမ်း … ရွှမ်း … ရွှမ်း …

ချန်ဖန်းဟွာက နောက်ဆုတ် မသွားခင်မှာဘဲ လင်းဟောင်ရဲ့ နောက်ကျောမှာ ပန်းပွင့်ဓား၃ချက်ကို လက်ဆောင်အဖြစ် ချန်ထားခဲ့နိုင်လိုက်တယ်လေ။

အစောပိုင်းတုန်းက လီဖူချန်းရဲ့ လက်ချက်ကြောင့် ဒဏ်ရာအနည်းငယ် ရသွားတဲ့ လင်းဟောင်က အခု တစ်ကြိမ်မှာလည်း ဓားချက် ၃ ချက် ထပ်ရသွားပြန် ပါသေးတယ်။ ဒါတွေက တစ်ဖက်လူကို အထင်သေးတဲ့ သူ့ရဲ့စရိုက်ကြောင့် ပြန်ပေးဆပ်လိုက် ရတာပါ။

“ကြယ်လည်းကြွေ နင်လည်းသေ”

ချန်ဖန်းဟွာက လင်းဟောင်ကို တိုက်လိုက်လိုက်တဲ့ အချိန်မှာပဲ လီဖူချန်းကလည်း အချိန်ကိုက် ခုန်ဝင်လာပြီး သူ့ရဲ့ဓားကို လှုပ်ရှားလိုက်ပါ သေးတယ်။ မီးတောက်မီးလျှံတွေနဲ့ ဓားချီတွေ ပေါင်းထားတဲ့ လီဖူချန်းရဲ့ ဓားကွက်က အင်မတန်မှကို ကြောက်စရာ ကောင်းလွန်းလှပါတယ်။

မျက်စိတွေကို ကျိန်းစပ် သွားလောက်အောင်ကို တောက်ပလွန်းပါတယ်။ တကယ်ကို စူးရှတောက်ပလွန်း နေတာပါ။

ကောင်းကင်ပေါ်မှာ ထွန်းလင်းနေတဲ့ ကြယ်တွေ အကုန်လုံးက တစ်စုတစ်စည်းတည်း ကြွေကျလာသလိုပါပဲ။

ဒီဓားကွက်က လီဖူချန်းကိုယ်တိုင် တီထွင်ထားတဲ့ ဓားကွက် ဖြစ်ပါတယ်။ မြောက်များလှတဲ့ ဓားတာအို အဆီအနှစ်တွေကို နားလည်ဆင်ခြင်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ကြယ်ပျံဓားဆန္ဒက ဆင့်ကဲ ပြောင်းလဲ လာတယ်လေ။ ထို့နောက်မှာတော့ လီဖူချန်းက ကြယ်ပျံဓားသိုင်းရဲ့ ဒုတိယမြောက် ဓားသိုင်းကို ကိုယ်တိုင် တီထွင်နိုင်ခဲ့တာပါ။

ဒီဓားကွက်က ထိရောက်မှု ဧရိယာ တော်တော်ကြီးတဲ့ ဓားကွက်တစ်ခုပါ။ ဒါပေမဲ့ ဓားချက်တိုင်း ဓားချက်တိုင်းမှာ ပါတဲ့ ဓားချီတွေကတော့ လုံးဝကို ယုတ်လျော့သွားခြင်း မရှိပါဘူး။

ဒီဓားကွက်က ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတစ်ခုကို အမြင့်ဆုံးသော အခြေအနေ တစ်ခုအထိ ဆွဲခေါ်သွားနိုင်ပါတယ်။

ပြောရမယ်ဆိုရင် ဆန်းကြယ်အဆင့်နိမ့် ဓားသိုင်းတစ်ခုရဲ့ ကန့်သတ်ချက်ကိုတောင် ကျော်လွန်သွားခဲ့ပါပြီ။

လင်းဟောင်က သတိပြုမိလိုက်တဲ့ အချိန်မှာတော့ အတော်လေးကို နောက်ကျ သွားခဲ့တယ်လေ။ လီဖူချန်းရဲ့ ဓားချက်တွေက သူ့ခန္ဓာကိုယ်နဲ့တောင် အတော်လေး နီးကပ်နေခဲ့ပါပြီ။

ဘုန်း …

မြေကမ္ဘာနယ်ပယ် အဆင့်က ပညာရှင်တစ်ယောက်ရဲ့ အတွင်းအားတွေကို ထုတ်ဖော်ပြီး ခုခံဖို့ ကြိုးစားသေးပေမဲ့လည်း လီဖူချန်းရဲ့ အဓိက ဓားချက်တွေက လင်းဟောင်ရဲ့ ချီအကာအကွယ်ကို ဖျက်ဆီး ပစ်လိုက်ပါတယ်။ ချီအကာအကွယ် ဆိုတာမျိုးက ဖျက်ဆီးလို့ မရတဲ့ အရာမျိုးမှ မဟုတ်တာလေ။

လီဖူချန်းရဲ့ ဓားချက်တွေက ချီအကာအကွယ်ကို ဖောက်ထွက်လာပြီး လင်းဟောင်ရဲ့ ကာကွယ်မှု အားနည်းတဲ့ အပိုင်းတွေကို တိုက်ခိုက်ပြီး ဒဏ်ရာငယ်လေးတွေ အများအပြား ဖြစ်ပေါ် သွားစေပါတယ်။

“ဒီနေ့ မင်းတို့နှစ်ယောက် သေရမယ် … သေကို သေရစေမယ်”

လင်းဟောင်ရဲ့ မျက်လုံးတွေက သွေးတွေနဲ့ ပြည့်နှက်လာပါတယ်။ အရူးဆေဘာ သောင်းဟိုင်နဲ့ တိုက်ခိုက်တုန်းကတောင်မှ သောင်းဟိုင်က သူ့ကို ပြောပလောက်အောင် မတိုက်ခိုက်နိုင်ခဲ့ပါဘူး။ အခုတော့ ပုရွက်ဆိတ်လေး နှစ်ကောင်လို့ သူတွေးထင်ထားတဲ့ နှစ်ယောက်က သူ့ကို ဒဏ်ရာ ဗရပွ ရစေခဲ့ပြီလေ။

သူက မာနကြီးတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ဒီကိစ္စကို လုံးဝ လက်သင့်မခံနိုင်ဘူးလေ။

“ငါဘယ်လောက်ဘဲ အစွမ်းထက်ပါစေလေ … ဒီကောင်ကလည်း မြေကမ္ဘာအဆင့် ၁ က ပညာရှင်ပဲ”

လီဖူချန်းက သူ့ဓားချက်တွေကို နှမြောတသ ဖြစ်နေပါတယ်။

“ဟား… ဟား…  ဟား …  လင်းဟောင်ရေ … ဘယ်လိုဖြစ်ရတာလဲဟ … ဒီကောင်လေးက မင်းကို တကယ်ပဲ ဒဏ်ရာရစေခဲ့တာလား …”

မီတာ တစ်ထောင်လောက်က နေပြီးတော့ လူရိပ်တစ်ရိပ်က သူတို့သုံးယောက်ရှိတဲ့ နေရာကို ပြေးလာနေပါတယ်။ ထိုလူကတော့ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ နာမည်ကြီး ပါရမီရှင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ရှန်ဖေးဟီပါဘဲ။ သူက ဒဏ်ရာရနေတဲ့ လင်းဟောင်ကို ကြည့်ပြီး အတော်လေး အားရနေပုံပါပဲ။

“ညီလေးလီ …  ဘာမှစိတ်မပူနဲ့။ အစ်ကိုတို့ ရောက်လာပြီ"

ကံကောင်းထောက် မစွာနဲ့ဘဲ မိုးပြာရောင်ဂိုဏ်းက စစ်ကူတွေလည်း ရောက်လာခဲ့ကျပါတယ်။ သူတို့ကတော့ ရှောင်လီနဲ့ ယုဝူရှန်းတို့ပါပဲ။

မြေကမ္ဘာအဆင့်က ပညာရှင်တွေဟာ ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်ကို အာရုံခံနိုင်စွမ်း အရမ်းမြင့်ကျပါတယ်။ အကွာအဝေးက သိပ်မဝေးနေရင် သူတို့က တိုက်ပွဲဖြစ်နေတဲ့ နေရာ အတိအကျကိုတောင် ရှာဖွေနိုင်တယ်လေ။

“အစ်ကိုရှောင်” ချန်ဖန်းဟွာက ဝမ်းသားအားရနဲ့ လှမ်းခေါ်လိုက်ပါတယ်။

အခုဆိုရင် ရှောင်လီပါ ရောက်လာပြီ ဖြစ်တဲ့အတွက် သူတို့က သက်ပြင်းအနည်းငယ် ချလို့ရပြီလေ။ အနည်းဆုံးတော့ သူတို့က တစ်ဖက်သတ် တိုက်ခိုက်တာကို မခံရနိုင်တော့ပါဘူး။

နောက်ထပ် သိပ်မကြာခင်မှာပဲ ဂိုဏ်းနှစ်ဂိုဏ်းစလုံးရဲ့ စစ်ကူတွေက အလျိုလျို ရောက်လာခဲ့ကျပါပြီ။

မိုးပြာရောင် ဂိုဏ်းဘက်မှာတော့ လီဖူချန်း ၊ရှောင်လီ၊ ချန်ဖန်းဟွာနဲ့ ယုဝူရှန်းတို့ ရှိနေပြီး   ခရမ်းရောင် ဆေဘာဂိုဏ်းမှာတော့ လင်းဟောင်နဲ့ ရှန်ဖေးဟီတို့ အတွဲပါပဲ။

နှစ်ဖက်စလုံးက လူတွေကတော့ မာန်ဖီနေတဲ့ ကျား၊နဂါးတွေလိုပါဘဲ။ တစ်ဖက်နဲ့ တစ်ဖက် တိုက်ခိုက်ဖို့ကို တာစူ နေကြပါပြီ။

ရှောင်လီက လီဖူချန်းရဲ့ အရည်အချင်းကို တော်တော်လေး အံ့အားသင့် နေပါတယ်။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ က ကောင်ငယ်လေးက မြေကမ္ဘာနယ်ပယ် အဆင့် ၁ က သွေးဆေဘာ လင်းဟောင်ကို ဒဏ်ရာရစေခဲ့တယ် ဆိုတာကြီးက လုံးဝကို ထင်မှတ် မထားစရာဘဲလေ။ တကယ်လို့သာ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ ဒါမှမဟုတ် အဆင့် ၉ ကို ရောက်သွားပြီ ဆိုရင်တော့ မြေကမ္ဘာအဆင့် ၁ က ဘယ်ဂိုဏ်းသားကမှ လီဖူချန်းကို ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး။

***

All Chapters