← Chapters

အပိုင်း(၅၇၆)

Vol. 39 Ch. 576

အပိုင်း(၅၇၆)

Vol. 39 Ch. 576

ရှစ်ကျင်းရွှိုက်၏ အခန်းထဲမှ  ရှစ်ဖုန့် ထွက်ခွာလာပြီးနောက်   သူ၏အခန်းသို့ပြန်လာခဲ့သည်။  ထို့နောက်   ရှစ်ဖုန့်က  ကုတင်ပေါ်၌ ထိုင်လိုက်ပြီး သူ၏ခြေထောက်တို့ကို တစ်ဖက်ပေါ်တစ်ဖက်ယှက်ကာ တင်ပျဉ်ခွေအနေအထားဖြင့်   ကျင့်ကြံခြင်းအခြေအနေသို့  ဝင်ရောက်သွားသည်။

ကျင့်ကြံခြင်းအချိန်က မျက်စိတစ်

မှိတ်အတွင်း ကုန်ဆုံးသွား၏။  ရှစ်ဖုန့်သူ၏အသိပြန်လည်ဝင်ရောက်လာသောအခါတွင်   အာရုံဏ်ချိန်သို့ရောက်ရှိနေပြီဖြစ်သည်။ သူကမီးခိုးမည်းရောင် ညစ်နွမ်းသည့် နောက်ကျိသော အမျှင်စုတို့အားလေထဲသို့ ဖြည်းဖြည်းချင်း  မှုတ်ထုတ်လိုက်၏။  ထို့နောက်  ရှစ်ဖုန့်က လှုပ်ရှားလိုက်ပြီး အဖြူရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။  သူကအခန်း၏သစ်သားပြတင်းတံခါး

ကိုထိုးခွင်းဖြတ်သန်းပြီး ရတနာတစ်ထောင်စံအိမ်၏ ပြင်ပသို့ ထွက်လာခဲ့သည်။

ရှစ်ကျင်းရွှိုက်မှာ အထုတ်ခံလိုက်ရပြီး သူ၏ဒဏ်ရာများက ပြန်လည်မကောင်းမွန်လာသေးပေ။  ယနေ့ သိုင်းပြိုင်ပွဲ၌ ရှစ်ဖုန့်တစ်ယောက်တည်းပါဝင်ရမည်ဖြစ်သည်။

ရှစ်ဖုန့်ပေါ်လာသောအခါတွင် အောက်ရှိတစ်စုံတစ်ယောက်က သူ့အားမြင်တွေ့လိုက်ပြီး  ရုတ်ခြည်းသူ့ကို မှတ်မိလိုက်သည်။

“ကြည့်လိုက်.. အဲ့တာသူပဲ.. သူပဲ.. မနေ့က တုံးက ပိုင်ကျွင်းရွှမ်းကိုစက္ကန့်ပိုင်းအတွင်း သတ်ပစ်ခဲ့တဲ့လူငယ်.ယွဲ့ဟူဂိုဏ်းက

ပိုင်ကျွင်းရွှမ်းကိုသတ်ပစ်ခဲ့တာ”

“အာ..အဲ့တာသူပဲ. သူကအရမ်းငယ်သေးပြီး ပိုင်ကျွင်းရွှမ်းကို  တစ်စက္ကန့်အတွင်းသတ်ပစ်ခဲ့တာ”

“ဒီလူက တိုက်ပွဲလေးတစ်ခုတည်းနဲ့ကျော်ကြား

လာခဲ့တယ်”

ရှစ်ဖုန့်မှာအောက်ဘက်မှ သူ့အကြောင်းနှင့်ပက်သက်ပြီး  တော်တော်များများဆွေးနွေးပြောဆို

နေကြသည်ကိုကြားရသည်ဖြစ်သည်။  သို့သော် ယခုဘဝ၌ဖြစ်စေ ယခင်ဘဝ၌ဖြစ်စေ ရှစ်ဖုန့်အနေဖြင့် ဤကဲ့သို့သောစကားလုံးများနှင့်နေသား

ကျနေပြီဖြစ်၏။  သူ၏ပုံရိပ်က ထပ်မံလှုပ်ရှားလိုက်ပြီးအကွာအဝေးတစ်ခုအတွင်းရှိ သိုင်းပြိုင်ပွဲ ကွင်းပြင်သို့ လျှင်မြန်စွာပျံသန်းသွားလိုက်သည်။

“မင်း.အဲ့မှာရပ်လိုက်စမ်း.ရှစ်ဖုန့်..”

ဤအချိန်တွင် အေးစက်သော အသံတစ်ခုကရှစ်ဖုန့်၏နောက်ဘက်

မှထွက်ပေါ်လာသည်။

သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများဖြင့်   အေးစက်သောအသံနှင့်ရှစ်ဖုန့်၏နမည်

အားကြားလိုက်ရသောအခါတွင် ရှစ်ဖုန့်က မျက်မှောင်ကြုတ်လိုက်ပြီး  ရပ်တန့်လိုက်သည်။  သူကလှည့်လိုက်ပြီး  လိမ္မော်ရောင်ပုံရိပ်တစ်ခုအားမြင်တွေ့လိုက်ရ၏။

လိမ္မော်ရောင်ဝတ်ရုံအားဝတ်ဆင်ထား

သောသူမှာ   လုံဟူဂိုဏ်း၏သခင်လေးဖြစ်သူ မဟာသူတော်စင်နယ်ပယ်ကျွမ်းကျင်သူ ဝမ့်ကုန်းပင်ဖြစ်သည်။

ရှစ်ဖုန့်က ဝမ့်ကုန်းအားစိုက်ကြည့်နေ၏။  သူတို့၏မျက်လုံးများက ဆုံတွေ့သွားပြီး သူကပြောလိုက်သည်။

“အရည်မရအဖတ်မရတွေမပြောကြရအောင်…စင်မြင့်ထက်မှာတို့တွေတွေ့ရင် ဘယ်သူကပိုပြီးစွမ်းအားကြီးလဲဆိုတာကို ကြည့်ကြတာပေါ့”

သိပ်မကြာခင် ရှစ်ဖုန့်က ပျံသန်းထွက်သွားပြီး ဝမ့်ကုန်း၏အေးစက်သောအသံက

ထပ်မံထွက်ပေါ်လာသည်။

“မင်းငါ့ညီကိုသတ်ခဲ့တယ်.ဒီအမုန်းတရားက မကျေအေးနိုင်ဘူး..ငါ့ညီအတွက်လက်စားချေဖို့ ငါကိုယ်တိုင်မင်းကိုသတ်မယ်”

ဝမ့်ကုန်း၏ အေးစက်သောအသံက ဧရိယာတစ်ဝိုက်အတွင်းရိုက်ခတ်

ထွက်ပေါ်လာသည်။  အောက်တွင်ရှိနေသောလူအုပ်ထဲမှများစွာသောလူများမှာ ဝမ့်ကုန်း၏ အေးစက်သောအသံအားကြားရပြီး  သူ့ထံမှသတ်ဖြတ်ခြင်းအရှိန်အဝါကိုခံစားကြရ၏။  ရုတ်ခြည်းဆိုသလို  သူတို့၏တစ်ကိုယ်လုံး စိမ့်တက်သွားမှုကိုခံစားလိုက်ကြရသည်။

ကောင်းကင်ထဲသို့မော့ကြည့်နေပြီးလေထုအလယ်ရှိ ဝမ့်ကုန်းအားမြင်ရသောသူများလည်းရှိ၏။  အနက်ရောင်ပုံရိပ်အားဤကဲ့သို့အေးစက်သောစကားများကို သူပြောသောအခါတွင်  သူတို့အားလုံးချက်ချင်းတုန်လှုပ်အံ့အားသင့်သွားကြသည်။

“ဒီလူငယ်ကပိုင်ကျွင်းရွှမ်းကိုတစ်ချက်တည်းနဲ့သတ်ပစ်လိုက်တဲ့လူငယ်မလား..”

လွန်ခဲ့တဲ့အချိန်အချို့က ဝမ့်ပိုင်၏ဝိညာဉ်ကျောက်တုံးကွဲသွားပြီး  သူသေသွားပြီဟုအတည်ပြုထားသည်။

ထျန်းလျန်အင်ပါယာတစ်ခွင်သူ့ရဲ့သေဆုံးခြင်းက ပျံ့နှံ့နေပြီးဖြစ်၏။

သို့သော် လုံဟူဂိုဏ်း၏ ဒုတိယသခင်လေးအားသတ်ပစ်ခဲ့သည့် တကယ့်လူသတ်သမားက   ဤလူပဲဖြစ်နေလိမ့်မည်ဟုတော့

သူတို့မမျှော်လင့်ထားခဲ့ကြပေ။

“ရှစ်ဖုန့်တဲ့လား.သူ့နမည်က ရှစ်ဖုန့်တဲ့”

အချို့သောလူများမှာ ဝမ့်ကုန်းအော်ပြောလိုက်သောသူ၏နမည်အားတိတ်တဆိတ်အမှတ်ရလိုက်ကြသည်။ သူ၏နမည်က ရှစ်ဖုန့်ဖြစ်၏။

ရှစ်ဖုန့် စင်မြင့်တစ်ရာရှိရာသို့ရောက်လာသောအခါတွင် စင်မြင့်တစ်ရာလုံး၌ ကျင့်ကြံသူများတိုက်ခိုက်နေကြပြီဖြစ်သည်။

စင်မြင့်နံပါတ်တစ်ဆယ်ပေါ်တွင်  အမှတ်စဉ်နှစ်နှင့် သုံးတို့က တိုက်ခိုက်နေကြပြီဖြစ်၏။

သို့သော်မကြာခင်တွင် အမှတ်စဉ်သုံးက အမှတ်စဉ်နှစ်အား  အနိုင်ယူလိုက်သည်။

ထို့နောက် အမှတ်စဉ်ငါးနှင့်အမှတ်စဉ်ခုနှစ်တို့

အလှည့်ရောက်လာသည်။ အမှတ်စဉ်ငါးက တိုက်ပွဲတိုတစ်ခုဖြစ်ပြီးနောက် အနိုင်ရသွား၏။

ထို့နောက်ချက်ချင်း   စာပေသမားဒိုင်ဖြစ်သူ၏ အသံက စင်မြင့်နံပါတ်တစ်ဆယ်၌  ပဲ့တင်ထွက်ပေါ်လာသည်။

“အမှတ်စဉ်တစ်ဆယ်နဲ့ဆယ့်နှစ်တို့  ကျေးဇူးပြုပြီး စင်မြင့်ထက်ကိုလာပေးပါ”

ဒိုင်ဖြစ်သူ၏ အသံအားကြားပြီးနောက်  ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားသွားပြီးလေကိုရွှတ်ခနဲထိုးခွင်း၍   စင်မြင့်နံပါတ်တစ်ဆယ်သို့  ဦးတည်လိုက်သည်။ “ဘန်း”  ဟူသောအသံနှင့်အတူ   စင်မြင့်နံပါတ်တစ်ဆယ်ပေါ်သို့ သူ၏ပုံရိပ်က  ကြော့ကြော့မော့မော့ ဆင်းသက်လိုက်၏။

“ပြိင်ပွဲဝင် အမှတ်စဉ်တစ်ဆယ်က စင်မြင့်ထက်ကိုရောက်နေပြီ  အမှတ်စဉ်ဆယ့်နှစ် ကျေးဇူးပြုပြီးစင်မြင့်ထက်ကို မြန်မြန်လာပေးပါ”

ရှစ်ဖုန့်စင်မြင့်နံပါတ်တစ်ဆယ်သို့ရောက်ရှိ

လာပြီးနောက်   အမှတ်စဉ်ဆယ့်နှစ်ရောက်မလာခင် ဒိုင်ဖြစ်သူ၏ တိုက်တွန်းနှိုးဆော်သောအသံက   လေထဲ၌ထပ်မံပဲ့တင်ထွက်ပေါ်လာသည်။

သို့သော် ခဏကြာပြီးနောက်  ကျင့်ကြံသူအမှတ်စဉ်ဆယ့်နှစ်က ပေါ်လာခြင်းမရှိချေ။

ဤအခိုက်အတန့်တွင်   လူငယ်ပုံရိပ်တစ်ခုက လူအုပ်ထဲမှပျံသန်းထွက်လာပြီး  လူအုပ်အထက်၌ ရပ်တန့်လိုက်သည်။ သူကလက်သီးတို့ကိုဆုပ်၍ စင်မြင့်နံပါတ်တစ်ဆယ်ရှိ ဒိုင်ဖြစ်သူအားပြောလိုက်၏။

“ဒိုင်လူကြီးမင်း.ကျွန်တော်က အမှတ်စဉ်ဆယ့်နှစ်ရဲ့ သူငယ်ချင်းပါ.. အမှတ်စဉ်ဆယ့်နှစ်က သူ့အနေနဲ့ ဒီပြိုင်ပွဲကို လက်လွှတ်တယ်လို့ ဒိုင်လူကြီးမင်းကို သတင်းပို့ခိုင်းလိုက်လို့ပါ”

“လက်လွှတ်တာလား”

လူငယ်၏စကားအားကြားပြီးနောက်   ဒို်ငဖြစ်သူက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ခဏကြာလျှင်ပြန်ဖြေလျော့လိုက်သည်။  သူက အေးအေးလူလူပင်ခေါင်းညိမ့်လိုက်ပြီး လူငယ်အားပြောလိုက်၏။

“ငါနားလည်ပြီ”

လူငယ်၏စကားများအားကြားပြီးနောက်   လူများက အဘယ့်ကြောင့်အမှတ်စဉ်ဆယ့်

နှစ်နှုတ်ထွက်သည်ကိုနားလည်လိုက်သည်။  စင်မြင့်ထက်ရှိ အနက်ရောင်ဝတ်ရုံနှင့်လူငယ်က  မနေ့က ပိုင်ကျွင်းရွှမ်းကိုပင်တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့သူဖြစ်သည်။  ဘယ်လိုဖြစ်ပြီး အမှတ်စဉ်ဆယ့်နှစ်က လာပြီးသူနှင့်ယှဉ်ပြိုင်ရဲပါမည်နည်း။

သာမန်နောက်ခံသာရှိသော အမှတ်စဉ်ဆယ့်နှစ်ကိုအသာထား သူက ယွဲ့ဟူဂိုဏ်း၏ ပါရမီရှင် ပိုင်ကျွင်းရွှမ်းကိုပင်  သတ်ဖြတ်ရဲသည်ဖြစ်သည်။

ထို့နောက်ချက်ချင်း ဒိုင်ဖြစ်သူ၏ အသံက စင်မြင့်နံပါတ်တစ်ဆယ်၌ ထပ်မံထွက်ပေါ်လာသည်။

“အမှတ်စဉ်ဆယ့်နှစ်က နှုတ်ထွက်လို့ .အမှတ်စဉ်တစ်ဆယ်အနိုင်ရတယ်”

ထို့နောက် ဒိုင်ဖြစ်သူ၏အသံကထပ်မံထွက်ပေါ်လာပြန်၏။

“အမှတ်စဉ်ဆယ့်သုံးနဲ့ ဆယ့်ခြောက်တို့စင်မြင့်ပေါ်ကိုလာပေး….”

“ခဏလေး”

သို့သော် ဒိုင်ဖြစ်သူ၏ စကားသံမဆုံးခင်   ငယ်ရွယ်သောအသံတစ်ခုကိုရုတ်

တရက်ကြားလိုက်ရပြီး   ဒိုင်ဖြစ်သူ၏စကားအားကြား

ဖြတ်ဟန့်တားလိုက်၏။

ဒိုင်ဖြစ်သူအားကြားဖြတ်ဟန့်တားလိုက်သောသူက  ရှစ်ဖုန့်ပင်ဖြစ်သည်။  ဤအချိန်တွင်   ရှစ်ဖုန့်က အနိုင်ရရှိသူအားကြေညာပြီးနောက် စင်မြင့်နံပါတ်တစ်ဆယ်ပေါ်၌ရပ်နေဆဲဖြစ်ပြီး  ဒိုင်ဖြစ်သူအားမော့ကြည့်နေ၏။

“အိုး”

ရှစ်ဖုန့်က စင်မြင့်အတွင်း၌ ရပ်နေဆဲဖြစ်သည်ကိုတွေ့ရသောအခါတွင်   နားလည်ရခက်နေသော အမူအယာတစ်ခုက ဒိုင်ဖြစ်သူ၏မျက်နှာထက်၌ပေါ်လာ၏။

သူကမေးလိုက်သည်။

“တိုက်ခိုက်သူအမှတ်စဉ်တစ်ဆယ် တစ်ခုခုများရှိသေးလို့လား”

ရှစ်ဖုန့်ကပြောလိုက်သည်။

“ဒီသခင်လေးတို့ဒီလိုမျိုးသာ ဆက်ပြီးသွားနေမယ်ဆိုရင် တကယ်ပဲ အရမ်းကိုနှေးလိမ့်မယ်.. ရလဒ်က ဘယ်အချိန်ကြမှထွက်လာမလဲဆိုတာကို ဒီသခင်လေးမသိဘူး.. ဒီလိုလုပ်ရအောင်. ဆယ်ယောက်ဆီလုပ်လိုက်. ဒီသခင်လေးတစ်ယောက်တည်းနဲ့ ဆယ်ယောက်ကိုတိုက်မယ်”

“ဘာ.. သူက ကျင့်ကြံသူဆယ်ယောက်ကိုတစ်ယောက်တည်းတိုက်ချင်နေတယ်.. ဒါကစင်မြင်နံပါတ်တစ်ဆယ်မှာပါဝင်တဲ့ ကျင့်ကြံသူတွေအားလုံးကို လုံးဝအလေးမထားတာပဲ..”

“ဒီကောင်…သူကတကယ်ကိုမောက်မာလွန်းတယ်.. အရမ်းကိုမာန်တက်လွန်းတယ်”

“မောက်မာတာလား..မာန်တက်တာလား. မနေ့ကတုံးက အဲ့လူက ပိုင်ကျွင်းရွှမ်းကိုတစ်ချက်တည်း

နဲ့သတ်ပစ်ခဲ့တာကိုသိလား.. သူ့အတွက် ကျင့်ကြံသူဆယ်ယောက်ကိုစိန်ခေါ်တာက အရမ်းလွယ်တယ်လို့ငါခံစားရတယ်.. အဲ့ ညံ့ဖျင်းတဲ့ ကျင့်ကြံသူတွေက ဖြစ်နိုင်သမျှအမြန်ဆုံး  ဖယ်ထုတ်ခံကြရလိမ့်မယ်”

ရှစ်ဖုန့်၏စကားအားကြားပြီးနောက် အောက်တွင်ရှိနေသောလူအုပ်က စတင်၍ စိတ်ပါလက်ပါထပ်မံဆွေးနွေးကြသည်။

ရှစ်ဖုန့်က အောက်တွင်ရှိနေသောလူအုပ်အား

လျစ်လျူရှုထားပြီး  ဒိုင်ဖြစ်သူအားဆက်လက်စိုက်ကြည့်နေသည်။ ဒိုင်ဖြစ်သူက အဖြေမပေးသောအခါတွင်  သူကထပ်မံမေးလိုက်သည်။

“ခင်ဗျားဘယ်လိုထင်လဲ”

ထို့နောက် ဒိုင်ဖြစ်သူက ပြောလိုက်၏။

“ဒီသိုင်းပြိုင်ပွဲက သတို့သားရွေးချယ်ဖို့အတွက်ပြုလုပ်တာ. ဒီလိုပဲလုပ်ကြတာပေါ့.. မင်းကဒီလိုအကြံပေးတော့လည်း မင်းစည်းမျဉ်းအတိုင်းစိန်ခေါ်နိုင်တယ်”

“မင်းကဆန္ဒရှိနေမှတော့ စင်မြင့်နံပါတ်တစ်ဆယ်မှာရှိတဲ့ ပါဝင်သူကျင့်ကြံသူအားလုံ အဆင့်တိုးပြီး ဆန္ဒရှိသလို မင်းစိန်ခေါ်နိုင်တယ်. လူဦးရေအကန့်အသတ်က ဆယ်ယောက်ပဲ မင်းဘယ်လိုထင်လဲ”

မ‌နေ့က အမှတ်စဉ်ရှစ်ဆယ့်ခုနှစ် ပိုင်ကျွင်းရွှမ်းက အသတ်ခံရပြီး အမှတ်စဉ်ရှစ်ဆယ့်ရှစ် ရှစ်ကျင်းရွှိုက် က ဖယ်ထုတ်ခံရသည်။ ထို့ကြောင့် စင်မြင့်နံပါတ်တစ်ဆယ်၌ အဆင်တိုးထားသော ရှစ်ဖုန့်အပါအဝင် ကျင့်ကြံသူ လေးဆယ့်ကိုးယောက် ရှိနေ၏။

သို့သော် ဤမနက်တိုက်ပွဲတွင် ကျင့်ကြံသူသုံးဦး ဖယ်ထုတ်ခံလိုက်ရသည်။ ထို့ကြောင့်ရှစ်ဖုန့်အပါအဝင် အဆင့်တိုးသူ လေးဆယ့်ခြောက်ယောက်ရှိနေ၏။

အဆင့်သစ်တိုးထားသောကျင့်ကြံသူ လေးဆယ့်ငါးယောက်က ရှစ်ဖုန့်အားအဖွဲ့တစ်ခုဖွဲ့၍ တိုက်နိုင်သည်ဟု ဒိုင်ဖြစ်သူကဆိုလိုခြင်းဖြစ်သည်။  သို့သော် အဖွဲ့အတွင်းလူဦးရေအကန့်အ

သတ်ကတော့ဆယ်ဦးသာဖြစ်၏။

ဒိုင်ဖြစ်သူ၏စကားတို့အားကြားပြီးနောက်   ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒါက ဒီသခင်လေးလိုချင်နေတာအတိအကျပဲ”

ဆက်ရန်……..

ဘာသာပြန်သူ-ARISE

All Chapters