← Chapters

အရူးဆေဘာနှင့် ဓားနတ်ဆိုး

Vol. 11 Ch. 153

အရူးဆေဘာနှင့် ဓားနတ်ဆိုး

Vol. 11 Ch. 153

“သေစမ်း”

ဝါးလုံးတစ်လုံးကို နှစ်ခြမ်းခွဲလိုက် သလိုပါပဲ။ ခရမ်းရောင်ဆေဘာ ဂိုဏ်းသားတစ်ယောက်က နှစ်ခြမ်းကွဲကာ သေဆုံးသွားပါတယ်။

အာဏာရှင်ဓား လျူဝူဟောင်ဆိုတာက ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ရောက်နေတဲ့ သူတွေထဲမှာ ထိပ်သီး တစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါတယ်။ သူ့ထက် အစွမ်းထက်တဲ့ လူဆိုလို့ လက်ချိုး ရေတွက်လို့တောင် ရတယ်လေ။

လျူဝူဟောင်က သေသွားတဲ့သူရဲ့ သိုလှောင်အိတ်ကို ကောက်ယူဖို့ လက်လှမ်း လိုက်စဉ်မှာပဲ သူ့ကို တစ်စုံတစ်ယောက်က စိုက်ကြည့်နေသလို ခံစားလိုက်ရပါတယ်။

သူ့ရဲ့အနောက် ဆယ်မီတာလောက်မှာ ရှိတဲ့ သစ်ပင်တစ်ပင်ရဲ့ ထိပ်ဖျားမှာတော့ လူတစ်ယောက်က မတ်တတ်ရပ် နေပါတယ်။

ထိုလူက လုံးဝကို မလှုပ်မယှက် ရှိနေတာပါ။ သူ့ရဲ့ တိတ်ဆိတ်နေမှုက မုန်တိုင်းမလာခင် ငြိမ်သက်နေတဲ့ သဘောမျိုးပါဘဲ။

ထိုလူကတော့ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ ကြောက်စရာ အကောင်းဆုံး အတွင်းစည်း တပည့် အရူးဆေဘာသောင်းဟိုင်ပါ။

သူကလည်း မြေကမ္ဘာနယ်ပယ် အဆင့် ၁ ပါပဲ။

သောင်းဟိုင် သာမန်ရုပ်ရည်ပဲ ရှိပါတယ်။ သူ့ကို ကြည့်လိုက်ရင် တကယ့်ကို သာမန်လူ တစ်ယောက်ပါပဲ။ ဘာမှ ထူးထူးထွေထွေကို ပြောစရာ မရှိပါဘူး။ သောင်းဟိုင်ကတော့ လျူဝူဟောင်ကို ကြည့်မနေဘဲ သူ့လက်ထဲက တိုက်ပွဲ ၁၀၀ ဆေဘာကိုသာ တသသ စိုက်ကြည့်နေပါတယ်။

လျုဝူဟောင်က သိုလှောင်အိတ်ကို မယူရဲတော့ဘဲ နောက်ကို ချာခနဲ လှည့်လိုက်ပါတယ်လေ။

“အရူးဆေဘာသောင်းဟိုင်” လျူဝူဟောင်က နာမည်တစ်ခုကို ရွတ်လိုက်ပါတယ်။

“မင်းရဲ့ ခန္ဓာကိုယ်ကို ၁၈ ပိုင်း ပိုင်းရင် အဆင်ပြေပါ့မလား" သောင်းဟိုင် စကားတစ်လုံးချင်း ပြောပြီး မေးလိုက်ပါတယ်။

“မင်းမှာ ပြောသလို လုပ်နိုင်တဲ့ အရည်အချင်းကော ရှိရဲ့လား"

လျူဝူဟောင်က သောင်းဟိုင်နဲ့ ထိပ်တိုက် မတွေ့ချင်ပေမဲ့လည်း ထိပ်တိုက် တွေ့နေပြီ ဆိုမှတော့ ဘာမှ မတတ်နိုင်တော့ဘူး။ ဒါပေမဲ့ သူကလည်း ထိပ်တန်းအဆင့် ပါရမီရှင် တစ်ယောက်ပဲလေ။ သောင်းဟိုင်က လွယ်လွယ်ကူကူနဲ့ သူ့ယုံကြည်မှုကို နင်းချေဖို့ မဖြစ်နိုင်ပါဘူး။

“ဒါဆိုလည်း ၁၉ ပိုင်း လုပ်ပေး လိုက်တာပေါ့လေ” သောင်းဟိုင်က စတင် လှုပ်ရှားလိုက်ပါပြီ။

သစ်သားရုပ်သေးရုပ် တစ်ရုပ်လိုပါပဲ။ သောင်းဟိုင်ရဲ့ လှုပ်ရှားမှုတွေက တာင့်တောင့်ကြီး ဖြစ်နေပါတယ်။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ အတော်လေး မြန်တယ် ဆိုတာပါပဲ။ သူ့ရဲ့ခန္ဓာကိုယ်ကြီးက ယိမ်းထိုးပြီး လျူဝူရှန်းဆီကို တစ်မုဟုတ်ချင်း ရောက်လာပါတယ်။

လုံးဝ အရိုးတွေထိအောင် အေးစိမ့်သွားစေတဲ့ လျင်မြန်မှုပါပဲ။

ထန် ...

လျူဝူဟောင်က သောင်းဟိုင်တစ်ယောက် ဘယ်လိုလုပ်ရှားမလဲ ဆိုတာကို လုံးဝ မခန့်မှန်းနိုင်တဲ့အတွက် သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ရေပက်မဝင် ခုခံထားလိုက်ပါတယ်။

ဓားနဲ့ဆေဘာ အတွေ့မှာတော့ မီးပွားလေးတွေ ပွင့်ထွက်လာခဲ့ပါပြီ။

ထို့နောက်မှာတော့ သောင်းဟိုင်ရဲ့ ဓားချက်တွေက အဆက်မပြတ် ထွက်ပေါ်လာခဲ့ ပြန်ပါတယ်။

“အရမ်းမြန်တယ်ဟ”

လျူဝူဟောင်က ခက်ခဲတဲ့ အခြေအနေတစ်ရပ်နဲ့ ကြုံတွေ့နေရပါပြီ။ သောင်းဟိုင်ရဲ့ ဆေဘာက အရမ်းကို မြန်လွန်းနေပါတယ်။ ဘယ်လောက်ထိ မြန်သလဲ ဆိုရင် တန်ပြန်တိုက်စစ်စဖို့ အခွင့်အရေးကို မရှိသလောက်ပါဘဲ။ သူက ခုခံပြီးရင်း ခုခံနေရတယ်လေ။

“ဒီအတိုင်းဆို မဖြစ်တော့ဘူး။ ငါတစ်ခုခု ပြန်လုပ်မှ ရတော့မယ်”

လျူဝူဟောင်က မာန်တစ်ချက် သွင်းလိုက်ပြီး သူ့ရဲ့ အတွင်အားတွေကို ထုတ်လိုက်ပါတော့တယ်။ ချီအရှိန်အဝါ တစ်ခုက ကောင်းကင်သို့ ထောင်တက်သွားပြီး အရူးဆေဘာသောင်းဟိုင်ကို ပိတ်လှောင် ထားလိုက်ပါပြီ။

ဝုန်း …

ပိုပြီး အားကောင်းတဲ့ ချီအရှိန်အဝါ တစ်ခုက ထွက်ပေါ်လာပြီး လျူဝူဟောင်ရဲ့ ချီအရှိန်အဝါကို ဖျက်ဆီး ပစ်လိုက်ပါတယိ။

ရွှမ်း ...

လျူဝူဟောင်ရဲ့ ပခုံးကို ဓားချက်တစ်ချက်က ဆွဲဖြဲသွားပါတယ်။

ရွှမ်း ...

ပေါင်ပေါ်မှာ ဓားဒဏ်ရာ တစ်ချက် ပြန်ပေါ်လာ ပြန်ပါတယ်။ ထို့နောက်မှာတော့ ညာဘက်ရင်အုံနဲ့ ဝမ်းဗိုက်ပေါ်မှာပါ ဓားဒဏ်ရာတွေ ပေါ်လာခဲ့ပြန်ပါတယ်။

အသက်ရှူချိန် အနည်းငယ်လေး အတွင်းမှာပဲ လျူဝူဟောင်က သောင်းဟိုင်ရဲ့ ဓားချက် ၈ ချက် ထိသွားခဲ့ပါပြီ။

တကယ်လို့ လျူဝူဟောင်သာ သူ့ရဲ့ ကြယ်နှစ်ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ လျှို့ဝှက်အမှတ်အသား နည်းစနစ်ကိုသာ အသုံးမပြုခဲ့ဘူး ဆိုရင်တော့ ဓားဒဏ်ရာလေးတွေပဲ ပေါ်နေမှာ မဟုတ်ပါဘူး။ ခြေပြတ်လက်ပြတ် ဖြစ်နေပြီး ဗိုက်လည်း ပေါက်နေလောက်ပါပြီ။

' လခွီးဘဲကွာ ... ငါဆိုတဲ့ လျူဝူဟောင်က ဘာလို့ဒီလောက် ပျော့ညံ့ နေရတာလဲ'

လျူဝူဟောင်ရဲ့ နှလုံးသားထဲမှာတော့ ဟစ်ကြွေးနေပါပြီ။ ပျော့ညံ့လှတဲ့ သူ့ကိုယ်သူလည်း မုန်းမိပါတယ်။

အဲသည် အချိန်လေးမှာပဲ သူက လီဖူချန်းကို ရုတ်တရက်ကြီး သတိရလိုက်မိပါတယ်။

သူ့နေရာမှာသာ လီဖူချန်း ဆိုရင် ဒီအရူးဆေဘာသောင်းဟိုင် ဘယ်လို ရင်ဆိုင်မလဲလို့ပေါ့။

သိပ်မကြာခင်မှာပဲ လျူဝူဟောင်က သူ့ရဲ့ ရယ်စရာ အတွေးကို မောင်းထုတ်ပစ် လိုက်ပါတယ်။ ကျင့်ကြံခြင်းနယ်ပယ် အတူတူပဲ ဆိုရင်တော့ လီဖူချန်းက အစွမ်းထက်ရင် ထက်ပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ ကျင့်ကြံမှုအဆင့်က မြေကမ္ဘာအဆင့် ၁ ကို ရောက်နေတဲ့ အရူးဆေဘာသောင်းဟိုင်နဲ့ အဆမတန်ကို ကွာဟ နေတယ်လေ။

ဒဏ်ရာတွေက အချိန် ကြာလာတာနဲ့အမျှ များသထက် များလာခဲ့ပါပြီ။

လျုဝူဟောင်က ထွက်ပြေးဖို့ လမ်းကြောင်း ရှာနေပါတယ်။

သူ့ခန္ဓာကိုယ် တစ်ခုလုံးကလည်း ရစရာကို မရှိတော့ပါဘူး။

ဒီအတိုင်းသာ ဆက်သွားနေမယ် ဆိုရင်တော့ သူက သောင်းဟိုင်ကြောင့် အပိုင်းပိုင်း အစစစီဖြစ်ပြီး သေတော့မှာပါပဲ။

တစ်ယောက်က ထွက်ပြေးနေစဉ်မှာ နောက်တစ်ယောက်က ထက်ကြပ်မကွာ လိုက်နေပါတယ်။

“အစ်ကိုလျူ ... ကျွန်တော်တို့ ကူညီမယ်"

ရေလှိုင်းဖြူဓား ပိုင်ထောင်နဲ့ လင်းဝမ်ကျင်းက ရုတ်တရက် ပေါ်လာပြီး သောင်းဟိုင်ကို တစ်ဖက် တစ်ချက်ကနေ ဝင်တိုက်လိုက်ပါတယ်။

စစ်ကူ ရောက်လာတဲ့အတွက် လျူဝူဟောင်ရဲ့ စိတ်ဓာတ်တွေကလည်း ပြန်လည် တက်ကြွလာပြီး ပြေးနေတာကို ရပ်ကာ သောင်းဟိုင်ကို ပြန်တိုက်ခိုက် ပါတော့တယ်။

သူတို့သုံးယောက်ရဲ့ တိုက်ခိုက်မှုက ပိုက်ကွန်တစ်ခုလို အချိတ်အဆက်မိမိနဲ့ သောင်းဟိုင်ကို ဖိနှိပ် ထားလိုက်တယ်လေ။

ဒီနေရာမှာ တခြားဂိုဏ်းက ထိပ်သီးပါရမီရှင် တစ်ယောက် ဆိုရင်တော့ တစ်ခါတည်းကို သေသွားမှာပါ။

ဒါပေမဲ့ အရူးဆေဘာသောင်းဟိုင်က သူတို့ ထင်ထားတာထက်ကို ပိုစွမ်း နေပါသေးတယ်။ သူတို့သုံးယောက်ပေါင်း တိုက်ခိုက် နေတာတောင်မှ သောင်းဟိုင်ရဲ့ အင်္ကျီတစ်စကို မထိနိုင်သေးပါဘူး။ သူတို့ အတတ်နိုင်ဆုံး လုပ်နိုင်တာကတော့ သောင်းဟိုင်ကို ဓားကွက်ထဲက လွှတ်ထွက် မသွားအောင် ဖိနှိပ်ထားတာပါပဲ။

“ဒီကောင်က တကယ် အစွမ်းထက်လွန်းတယ်”

တိုက်ပွဲက အချိန် ကြာလာတာနဲ့အမျှ ပိုင်ထောင်နဲ့ လင်းဝမ်ကျင်းတို့က ကြောက်ရွံ့စိတ်တွေ ဝင်လာပါတယ်။

ဒီတစ်ခေါက် ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေမှာတော့ တခြားဂိုဏ်းက ဂိုဏ်းသားတွေက သူတို့ထက် အစွမ်းထက်တယ် ဆိုတာ လုံးဝကို သိသာနေပါပြီ။ လျူဝူဟောင် ကိုယ်တိုင်တောင်မှ ဒါကို အငြင်းပွားဖွယ်မရှိ လက်ခံထားလိုက်ပြီလေ။

“အစ်ကိုသောင်း ... ကျွန်တော်တို့လည်း ဝင်ကူညီပါရစေ”

ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ အဖွဲ့သား ၃ ယောက်ကလည်း တိုက်ပွဲဖြစ်နေတဲ့ နေရာကို ရောက်လာခဲ့ပါပြီ။ နှစ်ယောက်က မြေကမ္ဘာအဆင့် ၁ ဖြစ်ပြီး တစ်ယောက်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ပါ။

လျုဝူဟောင်တို့ဘက် ကတော့ အခြေအနေ မလှတော့ပါဘူး။

“မင်းတို့အားလုံး ထွက်သွားစမ်း”

သောင်းဟိုင်က သူ့ဘက်က ဝင်ကူညီမဲ့သူ အားလုံးကို မောင်းထုတ်ပစ် လိုက်ပါတယ်။ သောင်းဟိုင်က သူတစ်ယောက်တည်းနဲ့ လျူဝူဟောင်တို့ကို အနိုင်ယူဖို့ ဆုံးဖြတ်ထား ပြီးပါပြီ။

သောင်းဟိုင်ကိုတော့ အကုန်လုံးက ကြောက်ကျသည့် ပုံပါပဲ။ သူ့ရဲ့ စကားတစ်ခွန်း ထွက်လာတာနဲ့ ဘေးကနေ ဝင်မည် တကဲကဲ လုပ်နေတဲ့ ခရမ်းရောင်ဆေဘာ ဂိုဏ်းသားတွေက   တစ်ခါတည်း ငြိမ်ကျသွားပါတယ်။

“ထားလိုက်ပါတော့ ... ငါတို့ ဘေးကနေပဲ ရပ်ကြည့်ကြရအောင်"

မြေကမ္ဘာအဆင့် ၁ ကို ရောက်နေတဲ့ ခရမ်းရောင်ဆေဘာ ဂိုဏ်းသား တစ်ယောက်က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

“ငါတို့လုပ်နိုင်တာ ဒါပဲရှိတယ်”

သူတို့သုံးယောက်က အနောက်ကို ဆုတ်သွားပြီး အဝေးကနေပဲ တိုက်ပွဲကို လှမ်းကြည့် နေပါတော့တယ်။

***

မိုင်ပေါင်း အနည်းငယ် အကွာမှာတော့ လီဖူချန်းတို့အဖွဲ့က ဆေးပင်တွေကို သဲကြီးမဲကြီး ရှာနေ ပါတော့တယ်။

စိတ်ဝိညာဉ် ဆေးပင်ကို လိုအပ်နေတဲ့သူက လီဖူချန်းသာ မကပါဘူး။ ယုဝူရှန်းကလည်း လိုအပ် နေပါသေးတယ်။

ဒါပေမဲ့ သေချာတာ တစ်ခုကတော့ ပထမဆုံးတွေ့တဲ့ စိတ်ဝိညာဉ် ဆေးပင်က လီဖူချန်းအတွက် ဆိုတာပါဘဲ။ ယုဝူရှန်းကတော့ သူ့အလှည့်ကို စောင့်ရဦးမှာပါ။

ယုဝူရှန်းက ရင်နာနာနဲ့ပဲ ထိုအချက်ကို သဘောတူလိုက် ရပါတယ်။

သူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ လီဖူချန်းက အခုချိန်မှာတေ့ာ အားလုံးအတွက် မျှော်လင့်ချက် တစ်ခုပါပဲ။ လီဖူချန်းရဲ့ အစွမ်းတွေ တိုးတက်လာမှ သူက   ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ် ဆိုတာကိုလည်း ယုဝူရှန်းက ကောင်းကောင်းကြီး နားလည်ထားပါတယ်။

“အနာဂတ်မှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်လေ"

ယုဝူရှန်းက လက်သီးကို ကျစ်ကျစ် ပါနေအောင် ဆုပ်ထားပါတယ်။ အရင်တုန်းကတော့ သူ့ရဲ့အမြင်တွေက မိုးပြာရောင်ဂိုဏ်း တစ်ခုကိုပဲ သိထားတဲ့အတွက် ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတာ ရှားမှရှားတဲ့ ပါရမီရှင်တွေလို့ ထင်ထားခဲ့တာပါ။ ဒါပေမဲ့ အခြားဂိုဏ်းတွေက ထိပ်သီး ပါရမီရှင်တွေနဲ့ တွေဆုံပြီး နောက်မှာတော့ သူ့ရဲ့ အသိအမြင်တွေက ပိုကျယ်လာသလို သူ့ရဲ့ ရည်မှန်းချက်တွေကလည်း ပိုမြင့်လာပါပြီ။

အခုချိန်မှာတော့ လီဖူချန်းနဲ့ မိုးပြာရောင်ဂိုဏ်းက အခြား ပါရမီရှင်တွေကတင် သူ့ပြိုင်ဘက် မဟုတ်တော့ပါဘူး အခြားဂိုဏ်း ၃ ဂိုဏ်းက ပါရမီရှင်တွေကလည်း သူ့ပြိုင်ဘက်ပါပဲ။ တစ်နေ့ကျရင်တော့ ဒီကောင်တွေ အားလုံးကို သူ့ရဲခြေထောက်နဲ့ နင်းချေပစ်မှာပါ။

များစွာသော ဆန်းကြယ်အဆင့် ဆေးပင်တွေကို တွေ့ခဲ့ရပေမဲ့လည်း   နှမြောစရာပါပဲ။ အဲသည်အထဲမှာ စိတ်ဝိညာဉ်ဆေးပင် တစ်ပင်မှ မပါခဲ့ပါဘူး။ အခုချိန်ထိလည်း မြေကွဲသစ်သီးကို အရိပ်အယောင်တောင် မမြင်ရသေးပါဘူး။

ဒီစိတ်ဝိညာဉ် ဆေးပင်နဲ့ မြေကွဲသစ်သီးက အပြင်လောကမှာ လုံးဝ မတွေ့ရတဲ့ အရာတွေပါပဲ။ ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာတောင် အတော်လေး ရှားနေပါသေးတယ်။

“အရှေ့ကလူက လျူဝူဟောင်နဲ့ အတော်လေး တူတာပဲ။ သူ့ကို ကြည့်ရတာ တစ်ယောက်ယောက်က အနောက်နေ လိုက်နေသလိုပဲ”

ဆန်းကြယ်ဆေးပင် တစ်ပင်ကို သိမ်းဆည်းရင်းနဲ့ ခေါင်းမော့လိုက်တဲ့ အခါမှာတော့ ရှောင်လီက လူတစ်ယောက်ကို လှမ်းမြင်လိုက်ပါတယ်။

မီတာတစ်ထောင်လောက် အကွာမှာတော့ ခန္ဓာကိုယ် တစ်ခုလုံးမှာ သွေးတွေနဲ့ စိုရွှဲနေတဲ့ လျူဝူဟောင်ကို စိုးရိမ်စဖွယ် တွေ့နေရပါတယ်။

သူ့ရဲ့နောက်မှာတော့ အရူးဆေဘာ ခေါင်းဆောင်တဲ့ ခရမ်းရောင် ဆေဘာဂိုဏ်းသား ၄ ယောက်။ ထို့နောက်မှာတော့ လီဝူရှုခေါင်းဆောင်တဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်သား ၃ ယောက်က ထက်ကြပ်မကွာ လိုက်လာနေပါတယ်။

လူ ၇ ယောက်က လျူဝူဟောင်ကို အမဲဖျက်ဖို့ လိုက်နေတာပါ။

ဒီလောက်အထိ ထွက်ပြေးနိုင်တယ် ဆိုတာ နည်းတဲ့ အရည်အချင်း မဟုတ်ပါဘူး။

အမှန်တကယ်တော့ လျူဝူဟောင်တို့ သုံးယောက်ရဲ့ စုပေါင်း တိုက်ခိုက်မှုက သောင်းဟိုင်ကို အတော်လေး ဖိနှိပ်ထားနေပါပြီ။ ခရမ်းရောင်ဆေဘာ ဂိုဏ်းသားတွေကလည်း သောင်းဟိုင်ဘက်ကနေ ဝင်မကူရဲပါဘူး။

ဒါပေမဲ့ လျူဝူဟောင်တို့ ကံဆိုး သွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လီဝူရှုတို့အဖွဲ့ကလည်း အနီးအနားမှာ ရှိနေတဲ့ အတွက်ကြောင့်ပါ။ တိုက်ပွဲဖြစ်နေတဲ့ အသံတွေကို နားစွင့်ပြီး  လီဝူရှုတို့က ရောက်လာတယ်လေ။

တခြားသူတွေကသာ သောင်းဟိုင်ကို ကြောက်ရင် ကြောက်မယ်။ လီဝူရှုကတော့ မကြောက်ပါဘူး။ လီဝူရှုက သောင်းဟိုင်ကို မတိုက်ခိုက်ဘဲ မိုးပြာရောင်ဂိုဏ်းကို အလစ်ဝင်တိုက်ပါတယ်။

သူ့ရဲ့ အလစ် တိုက်ခိုက်မှုကြောင့် ပိုင်ထောင်နဲ့ လင်းဝမ်ကျင်းက နေရာမှာတင်ကို ပွဲချင်းပြီး သေသွားခဲ့ပါတယ်။

လျူဝူဟောင်က ဘာမှ မတတ်နိုင်တော့ဘဲ အကောင်းဆုံး ကြိုးစားပြီး ထွက်ပြေးခဲ့တယ်လေ။

ဒါပေမဲ့ သူက ဆက်ပြီး ပြေးနိုင်တော့မဲ့ ပုံမပေါ်ပါဘူး။ သူ့ရဲ့ သွေးတွေက ကုန်ခန်းလုလု ဖြစ်နေပါပြီ။

“အမြန် သွားကယ်ရအောင်”

ရှောင်လီက ဓားကို ဆွဲထုတ်လိုက်ပြီး လျူဝူဟောင်ဆီကို အလျင်အမြန် ပြေးထွက်သွားပါတယ်။

လျူဝူဟောင်ကလည်း ရှောင်လီတို့ကို သတိထားမိသွားတဲ့ အတွက် အသည်းအသန် ပြေးလာနေပါတယ်။

“တိုက်ပွဲ စပြီဟေ့”

လီဖူချန်းကလည်း မီးနဂါးလျှို့ဝှက် နည်းစနစ်နဲ့ နတ်ဘုရား ခြေလှမ်းကို အသုံးပြုပြီး ပြေးထွက်သွားပါပြီ။ သူ့ရဲ့ ပြေးနှုန်းက ရှောင်လီထက်ကို အဆမတန် မြန်လွန်းနေပါတယ်။

“လျူဝူဟောင် … သူတို့က မင်းကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ သေလိုက်တော့”

လီဝူရှုရဲ့ လက်နက်က အနီရောင် လှံတစ်ချောင်းပါ။ သူက လှံကို ထုတ်ပြီး လျူဝူဟောင်ကို လှမ်းထိုးလိုက်ပါတယ်။

လျူဝူဟောင်က ရှောင်တိမ်းဖို့ ကြိုးစားပေမဲ့လည်း သူ့မှာ အားအင် အလုံအလောက် မရှိတော့ပါဘူးလေ။ သူက ဘာမှ မတတ်နိုင်တော့ဘဲ သူ့ဆီကို တိုးဝင်လာတဲ့ လှံတံအနီကို ကြည့်ရင်း သေဖို့ကိုသာ ပြင်ထားလိုက် ပါတော့တယ်။

ထန် ...

နက်ရွှေမှော်ဓားတစ်လက် သူ့ရှေ့မှာ ပေါ်လာပြီး လှံတံကို ရိုက်ထုတ်ပစ် လိုက်ပါတယ်။

“ပြန်သွားစမ်း”

လီဖူချန်းက သူ့ရဲ့ လက်မောင်းအားနဲ့ လီဝူရှုရဲ့ လှံကို ရိုက်ထုတ်လိုက်တာပါ။

***

All Chapters