မတော်တဆ - ၁
Vol. 13 Ch. 186
အခန်း (၁၈၆) မတော်တဆ - ၁
ဟန်ရှောင်းသည် ရဲအရာရှိကို အိပ်ဆေးဖြင့်ထိုးကာ လမ်းကြားရှိ အမှိုက်ပုံးထဲတွင် ဝှက်ထားသည်။ နောက်နေ့မနက်အထိ သူ့ကို ရှာတွေ့မှာ မဟုတ်ပေ။
အားကောင်းသည့် အိပ်ဆေးသည် စျေးကွက်တွင် ရှာတွေ့နိုင်သည့် သာမန် အမျိုးအစား မဟုတ်ဘဲ ရွှေမြေခွေးက ပြုလုပ်ထားသော လျှို့ဝှက်နည်းဖြစ်သည်။ အမြင့် သုံးမီတာရှိတဲ့ ဆင်တစ်ကောင်ကို ဆယ်စက္ကန့်အတွင်း အိပ်ပျော်သွားစေနိုင်တယ်ဟု သူမက ဆိုသည်။ သူမ စမ်းသပ်ဖို့ ဆင်ကို ဘာကြောင့် အသုံးပြုခဲ့သလဲ ဆိုတာကိုတော့ ဟန်ရှောင်းလည်း စိတ်ရှုပ်သွားသည် ။
ရွှေမြေခွေးသည် ဟန်ရှောင်အား အိပ်ဆေးပေးခြင်းဖြင့် သူ့ကိုယ်သူ ချစ်ခင်စေရန် ရည်ရွယ်ချက်ရှိခဲ့သော်လည်း ဟန်ရှောင်းသည် သူနှင့် ရွှေမြေခွေးကြားတွင် အလွန်ထူးဆန်းသည်ဟု ခံစားခဲ့ရသည်။ သူတို့ မျက်လုံးချင်းဆုံတိုင်း လေထဲမှာ မီးပွားတွေ လင်းနေသလို ခံစားရတယ်။ ရွှေမြေခွေးသည် ဒဏ်ရာရနေသော သားရဲတစ်ကောင်လို နောက်ပြန်ဆုတ်သွားကာ ဟန်ရှောင်း၏ မျက်လုံးကို မကြည့်ဝံ့ဘဲ အခြားတစ်နေရာကို လှည့်ကြည့်နေသည်။
အကယ်၍ ဟန်ရှောင်းသည် သူအလွန်ပျင်းရိနေချိန်တွင် ရွှေမြေခွေးအား ထူးဆန်းသောအထင်အမြင်မျိုး ပြန်ပေးသည်ကို မမှတ်မိပါက၊ ရွှေမြေခွေးသည် ငယ်ရွယ်သော မိန်းကလေးကဲ့သို့ ချစ်စဖွယ် ပြုမူနေပါက၊ သူမသည် သူ့ကို မသင့်တော်သော တစ်ခုခုကို လုပ်ချင်သည်ဟု သူထင်လိမ့်မည်။ သို့သော် သူမသည် အမှန်တကယ်ပင် သူ့ကိုကြောက်နေမှန်း သူသိ၏။
ဟန်ရှောင်းသည် ဆေးကို ထိုမျှမပြင်းထန်စေရန် ဖျော်စပ်လိုက်သည်။ သာမန်လူများသည် ဆယ်နာရီခန့်အကြာတွင် နိုးလာကြသည်။ သူကိုယ်တိုင် စမ်းသပ်ပြီး ခံနိုင်ရည် ၄၅မှတ် ထက် ပိုမြင့်တဲ့သူက ခုခံအား ခံနိုင်ရည်ရှိမည်ဟု သိရှိသွား၏။ သူ့မှာ ခံနိုင်ရည်အမှတ်မှာ ၈၀ ကျော် ၉၀ နီးပါး ရှိသည်။
အဆင့် ၅၅ ယန္တရားပညာရှင်၏ ပျမ်းမျှခံနိုင်ရည်မှာ ၇၀ ဝန်းကျင်ဖြစ်သည်။ ဟန်ရှောင်းသည် ထိုပမာဏထက် များစွာမကျော်လွန်သော်လည်း သူ၏ သွေးအမှတ်သည် တူညီသောအဆင့် ယန္တရားပညာရှင်ထက် ၁.၅ ဆ ပိုများ၏။
ပုံသွင်းခြင်းစွမ်းရည် [အသက်အားဖြည့်ခြင်း] နှင့် မကြာသေးမီက နိုးထလာသော [ထူးကဲသောကိုယ်ခန္ဓာ] နှင့်အတူ ဟန်ရှောင်း၏ သွေးအမှတ်သည် အံ့ဩစရာကောင်းသော ပမာဏ ၃,၄၀၀ ခန့်ရှိသည်။ ယန္တရားပညာရှင်တစ်ဦးတွင်သာရှိမည့် သံလိုက်ချပ်ဝတ်၊ Viper တို့နှင့်အတူ၊ သူသည် တူညီသောအဆင့် ဘော့စ်၏ စံနှုန်းနှင့် အတူတူပင် ဖြစ်သည်။
သို့သော်၊ ဤနေရာသည် မေပယ်လ်၏ မြို့တော်ဖြစ်သည်။ အကယ်၍ သူသည် အလွန်လူသိများပါက၊ အခြေအနေကောင်းမည် မဟုတ်ပေ။ ထို့ကြောင့် Hitman 47 ကဲ့သို့ သာမန် ထိုးဖောက်ဝင်ရောက်မှုတစ်ခုကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
ရဲယူနီဖောင်းကို ဝတ်ဆင်ထားကာ ပထမပစ်မှတ် ဆန်နင်မီလာ၏ ဗီလာဆီသို့ ဟန်ရှောင်း လျှောက်သွားသည်။ လမ်းဘေးရှိ ဥယျာဉ်ခြံမြေများသည် သစ်ပင်များနှင့် အသီးအရွက်များ ပြည့်နှက်နေပြီး သစ်ကိုင်းများက လမ်းမီးတိုင်များမှ အလင်းရောင်ကို တစ်ပိုင်းတစ်စ ကာရန်ထားကြသည်။
Night Stalker ၏ စွမ်းရည်ကို အသုံးပြု၍ ဟန်ရှောင်းသည် [ကိုယ်ယောင်ဖျောက်ခြင်း] သို့ ဝင်ရောက်လိုက်သည်။ သူက ဗီလာကို လှည့်ပတ်ပြီး လမ်းတွေပေါ်ရှိ ကင်မရာများကို လေ့လာသည်။
စုစုပေါင်း ထောက်လှမ်းရေးကင်မရာသုံးလုံးသည် ဗီလာ၏ မတူညီသော လမ်းကြောင်းသုံးခုကို ကြည့်ရှုနေသည်။ တူညီတဲ့ အရှိန်နဲ့ အလိုအလျောက် လှည့်နေကြ၏… ဟမ်? မျက်ကွယ်နေရာအတွက် အခိုက်အတန့်တစ်ခု ရှိပုံရသည်။
ဟန်ရှောင်းက အခွင့်အရေးကို ရှာတွေ့ခဲ့သော်လည်း အချက်အလက်ထဲတွင် မရေးထားပေ။ တစ္ဆေဓါးက အဲဒါကို သဘောမပေါက်တာလား ဒါမှမဟုတ် ရည်ရွယ်ပြီး မရေးတာလားလို့ သူ တွေးမိသည်။
ခိုးဝင်ဖို့အတွက် ကင်မရာတွေကို အရင်ကိုင်တွယ်ရမှာပေါ့။
ငါးမိနစ်တိုင်း၊ ကင်မရာများ၏ မြင်ကွင်းနယ်ပယ်သည် နှစ်စက္ကန့်ခန့် မျက်ကွယ်နေရာတစ်ခု ချန်ထားခဲ့မည်ဖြစ်သည်။ ဒါက လုပ်ရကိုင်ရ ပိုမိုလွယ်ကူစေသည်။ ကင်မရာ၏ ဆားကစ်များကို ဝင်ရောက်ရန်နှင့် စောင့်ကြည့်ရေးကွန်ရက်ကို ကျူးကျော်ဝင်ရောက်ရန် အခက်အခဲကို ဖြတ်သန်းရန် မလိုအပ်တော့ပေ။ ဗီလာထဲကို မြန်မြန်ဝင်နိုင်သရွေ့ ကင်မရာတွေ ဖမ်းမိနိုင်တာကို ရှောင်နိုင်မည်ဖြစ်သည်။
မြို့ကို အချိန်တိုင်း စောင့်ကြည့်ခြင်းဟူသည် လူတိုင်းကို ၂၄နာရီလုံး စိုက်ကြည့်နေခြင်း မဟုတ်သောကြောင့် ကင်းလှည့် အရာရှိတစ်ဦး ပျောက်ဆုံးသွားသည်ကို စောင့်ကြည့်ရေးမော်နီတာမှ စောင့်ကြည့်သူက မတွေ့လျှင် ချက်ချင်း သတိမပြုမိနိုင်ပေ။
သဲလွန်စမကျန်ဘဲ အပြည့်အ၀ ထိုးဖောက်ဝင်နိုင်ဖို့ သူ မမျှော်လင့်ထားပေ - သူလုပ်ချင်တာ အားလုံးက ဒီညက မစ်ရှင်ကို ပြီးမြောက်ဖို့သာဖြစ်သည်။
ဗီလာ၏ အတွင်းရော အပြင်မှာပါ လျှို့ဝှက်အေးဂျင့်များ ရပ်နေကြပြီး၊ တံခါးနားတွင် ထောက်လှမ်းကိရိယာများနှင့် နံရံမှာ လျှပ်စစ်သံရန်းများရှိသည်။ ဒါပေမယ့် ဒါတွေကလွဲရင် အပြင်က သာမန်အိမ်နှင့် အတူတူပင်။ ပြင်ပမှ အေးဂျင့်များသည် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည်။ သူက သူတို့၏ အာရုံကို လွှဲရန်သာ လိုအပ်သည်။ သို့သော် အိမ်ကြီးထဲတွင် လူများလည်းရှိသဖြင့် သူတို့၏ နေရာကို သာမန်မျက်လုံးဖြင့် မခွဲခြားနိုင်ပေ။
ဟန်ရှောင်းက သူ့နည်းလမ်းနဲ့သူ ရှိ၏။ သူက နေကာမျက်မှန်တစ်လက်ကို ၀တ်ဆင်လိုက်သည်။ ၎င်းသည် သာမန်နေကာမျက်မှန်နှင့် တူသော်လည်း ၎င်းတွင် လျှပ်စစ်သံလိုက်စကင်နာ၏ သယ်ဆောင်ရလွယ်ကူသော ဗားရှင်းတစ်ခု ရှိနေသည်။ ၎င်း၏ ဘေးဘက်ရှိ အသေးစားခလုတ်ကို နှိပ်ခြင်းဖြင့်၊ အိမ်အတွင်းရှိ ဇီဝဗေဒဆိုင်ရာတုံ့ပြန်မှုကြောင့် မှုန်ဝါးသောလူသားပုံသဏ္ဍာန်ပုံများအဖြစ် ပေါ်လာမည်ဖြစ်ပြီး၊ ၎င်းတို့၏ တည်နေရာကို သိရှိနိုင်လောက်အောင် လုံလောက်သည်။
ဒါပေမယ့် ညဘက် နေကာမျက်မှန်တပ်တာက ထူးဆန်း၏။ ၎င်းသည် 'Kung Fu Hustle' တွင် ရှိသော မြင်ကွင်းကို အမှတ်ရစေသည်။
မေပယ်လ်၏ အရာရှိများသည် လမ်းမများပေါ်တွင်ပင် တိုက်ခိုက်ခံရမည်ကို ကြောက်ရွံ့နေသကဲ့သို့ ၎င်းတို့ပတ်ဝန်းကျင်တွင် အစောင့်အကြပ်များ အချိန်ပြည့် ရှိနေပြီး အရပ်သားများက မည်မျှ မနှစ်သက်ကြောင်း ညွှန်ပြနေပါသည်။ ဤကဲ့သို့ အခြေအနေမျိုးမရှိသော အခြားငါးနိုင်ငံနှင့် မတူဘဲ မေပယ်ရှိ လေထုသည်ပင် ဖိအားများကို ခံစားခဲ့ရသည်။
နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုများသည် ကွဲပြားကြပြီး၊ မေပယ်လ်တွင် အစိုးရအရာရှိများ၏ အကာအကွယ်ပေးမှု စီမံချက်သည် အစပိုင်းတွင် မရှိခဲ့ပေ။ ထိုသို့ဖြစ်ရသည်မှာ အစိုးရက ဦးဆောင်ပြီး မြို့တော်ရှိ လူတန်းစားနိမ့်ကျသော အရပ်သားများကို နှင်ထုတ်သည့် မူဝါဒ 'Ulrich Assault' ‘အယ်လ်ရစ်ချ် ချေမှုန်းရေး’ ကို ဖန်တီးခဲ့သောကြောင့် ဖြစ်သည်။ မေပယ်လ်တွင် လူတိုင်းသိကြသော်လည်း ပြောဆိုရန် ကြောက်ရွံ့နေကြသည့် အစိုးရ ချေမှုန်းရေး ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ထိုဖြစ်ရပ်သည် နိုင်ငံ၆နိုင်ငံ ခေတ်သစ်၏ ၁၁ နှစ်တွင် ဖြစ်ပျက်ခဲ့သည်။ ဟန်ရှောင်းသည် Dark Net သမိုင်းဖြစ်ရပ်များတွင် ဤသမိုင်းအပိုင်းကို မြင်ဖူး၏။
Galaxy ရှိ ယဉ်ကျေးမှုတိုင်းသည် တူးဖော်ရကျိုးနပ်တဲ့ သမိုင်းကြောင်းတွေ ရှိနေသည်။ သို့သော်၊ မေပယ်လ်၏ အခြေအနေတွင်၊ သူ၏ယခင်ဘဝကဖြစ်စေ၊ လက်ရှိဘဝတွင်ဖြစ်စေ ဟန်ရှောင်းသည် ၎င်းအကြောင်းကို အများကြီး မသိထားပေ။
မစ်ရှင်ရဲ့အလယ်မှာ ရှိနေစဉ်မှာ ဒီအတွေးတွေ တဖျပ်ဖျပ် ဝင်လာပြီး ထိုးဖောက်ဝင်ရောက်မှု အစီအစဥ်အကြောင်း ဆက်တွေးနေ၏။
ဗီလာကို လှည့်ပတ်နေတဲ့ လျှို့ဝှက်ထောက်လှမ်းရေး အေးဂျင့်တွေကို ကြည့်လျှင် သူတို့နဲ့ သွားမရှုပ်သင့်ပုံပေါ်၏။ ဟန်ရှောင်းက ထောက်လှမ်းရေးပင့်ကူကို ချလိုက်ပြီး လျှို့ဝှက်ထောင့်တစ်နေရာကနေ စောင့်ကြည့်၏။ အကယ်၍ သူကိုယ်တိုင် ဗီလာကို အကြိမ်များစွာ ဖြတ်သွားပါက သံသယများ တိုးလာလိမ့်မည်။
မကြာခင်မှာ အခွင့်အရေးတစ်ခုကို သူရှာတွေ့သွား၏။ လျှို့ဝှက်အေးဂျင့်များနှင့် ကင်မရာများ၏ မြင်ကွင်းနယ်ပယ်များကြားတွင် ဒုတိယ မျက်ကွယ်နေရာတစ်ခု ပေါ်လာသည်။ သူက လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ်ကို အသက်သွင်းပြီး အသံမထွက်ဘဲ နံရံပေါ်မှလျှောကျကာ အိမ်ဝင်းထဲရှိ သစ်ပင်နောက်သို့ ချောမွေ့စွာ ဆင်းသက်လာသည်။
သူ့လှုပ်ရှားမှုတွေကို တတ်နိုင်သမျှ ထိန်းထားသော်လည်း သစ်ရွက်များက အနည်းငယ်လှုပ်ခတ်သွားသည်။ သစ်ပင်အောက်တွင် ပုန်းအောင်းနေသော အလွန်သတိရှိလှသော လျှို့ဝှက်အေးဂျင့်သည် လှုပ်ရှားမှုကို သတိပြုမိပြီး ချက်ချင်းပင် မော့ကြည့်လိုက်သည်။
ဟန်ရှောင်းက သူခုန်ချလိုက်သည့် အခိုက်အတန့်တွင် အစီအစဥ်တစ်ခုရှိထား၏။ မဆိုင်းမတွဘဲ၊ လျှို့ဝှက်အေးဂျင့်က မျက်လုံးလေးလှည့်ပြီး ဂရုတစိုက်ကြည့်လိုက်သောအခါ၊ ဟန်ရှောင်းဟာ အမှတ် ၁၀၀ ကျော်ရှိသော သူ့ရဲ့လက်စွမ်းဖြင့် တစ္ဆေတစ်ကောင်လို ရွေ့လျားသွားပြီး သစ်ပင်၏အနောက်မှ ပေါ်လာသည်။ သူသည် လျှို့ဝှက်အေးဂျင့်၏ ပါးစပ်ကိုပိတ်ကာ ဆေးထိုးအပ်ကို ထိုးသွင်းလိုက်သည်။ လျှို့ဝှက်အေးဂျင့်က မရုန်းကန်နိုင်ခင်မှာပင် တိတ်ဆိတ်သွား၏။
ကျယ်လောင်သော ဆူညံသံမျိုး မကြားရသော်လည်း၊ မနီးမဝေးရှိ အခြားအေးဂျင့်တစ်ဦးက သူ့သူငယ်ချင်း နေရာမှ ထွက်ခွာသွားသည်ကို မြင်လိုက်ရသည်။ ကံကောင်းထောက်မစွာဖြင့်၊ ဟန်ရှောင်းသည် သူ့မြင်နိုင်သည်ထက် မြန်ဆန်လွန်းနေသည်။
"စီးလေး?" အေးဂျင့်က သူ့သူငယ်ချင်းနာမည်ကို တိတ်တိတ်လေး ခေါ်ပြီး လမ်းလျှောက်လာသည်။
ချီးပဲ၊ ဟန်ရှောင်းတွေးလိုက်တယ်။ သမားရိုးကျ စိမ့်ဝင်မှုသည် အချိန်ကိုက်မှု ဖြစ်သည်။ သူသည် တစ်ချိန်လုံး အာရုံကြောများကို တင်းကြပ်ထားကာ မကြာမီ အဖြေတစ်ခုထွက်လာခဲ့သည်။ သူတိုက်ခိုက်ခဲ့သော အေးဂျင့်၏ မျက်နှာကို အမြန်စကင်န်ဖတ်ပြီး သူ့မျက်နှာအဖြစ် ပြောင်းလဲလိုက်သည်။ သူသည် သစ်ပင်အနောက်ကနေ ထွက်သွားပြီး အားလုံး အဆင်ပြေကြောင်း အချက်ပြပြီး ခေါင်းကိုခါလိုက်သည်။
"မင်း သစ်ပင်နောက်မှာ ဘာလုပ်နေတာလဲ" လမ်းလျှောက်လာသော အေးဂျင့်က သူ့သူငယ်ချင်းကိုတွေ့တော့ သတိလျော့သွား၏။ သစ်ပင်၏ နောက်ကွယ်တွင် ဖြစ်ပျက်ခဲ့သည်ကို သိလိုသဖြင့် အထဲသို့ ဆက်ဝင်သွားခဲ့သည်။
ဟန်ရှောင်းသည် သူ့လက်ကို လှန်လိုက်ပြီး သေနတ်သေးသေးလေး ပေါ်လာသည်။ တိတ်တဆိတ်ဖြင့် လျှို့ဝှက်အေးဂျင့်ရဲ့ လည်ပင်းကို ဆေးပြွန်တစ်ချောင်းကို ပစ်လွှတ်လိုက်သည်။ အေးဂျင့်၏ ခြေလှမ်းများသည် မတည်မငြိမ်ဖြစ်လာပြီး အိပ်ပျော်သွားသည်။ ဟန်ရှောင်းသည် ချက်ချင်းပင် ရှေ့သို့တိုးကာ သူ့ကို ထိန်းထားလိုက်သည်။ ထို့နောက် ထိုလူကို သစ်ပင်နောက်သို့ ဂရုတစိုက် ဆွဲခေါ်သွား၏။
ခြံထဲတွင် ကင်းလှည့်သူ လေးဦးရှိသည်။ ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး စကားပြောစက်ဖြင့် အဆက်မပြတ် ဆက်သွယ်နေသောကြောင့် စက္ကန့်အနည်းငယ်အတွင်း ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်နှစ်ဦး အဆက်အသွယ်ပြတ်သွားသည်ကို အခြားသူများက သိရှိသွားကြလိမ့်မည်။
‘ငါ ကင်းလှည့်တွေအားလုံးကို ဖယ်ထုတ်ရတော့မယ်’ ဟန်ရှောင်းတွေးလိုက်၏။ အတွင်းနှင့် အပြင်ရှိ လျှို့ဝှက်အေးဂျင့်များသည် မတူညီသော အဖွဲ့နှစ်ဖွဲ့ဖြစ်ပြီး တခါတရံသာ ဆက်သွယ်ကြသည်။ ပြင်ပ အေးဂျင့်များကို ဖယ်ရှားခြင်းသည် သူ့အတွက် နာရီဝက်ခန့် အချိန်ပေးမည် ဖြစ်ပြီး ၎င်းသည် လုပ်ဆောင်ရန် လုံလောက်သော အချိန်ဖြစ်သည်။
ဟန်ရှောင်းသည် ကြောင်တစ်ကောင်လို လျင်မြန်စွာ ငြိမ်သက်စွာ လှုပ်ရှားသွားသည်။ အခြား ကင်းလှည့်ရဲ နှစ်ဦးကို အချိန်မီ မေ့အောင်လုပ်လိုက်၏။ သူတို့သည် သာမန်လက်ရွေးစင်များသာဖြစ်သောကြောင့် ဟန်ရှောင်းကို လုံးဝမခုခံနိုင်ပေ။
ကင်းလှည့်မှုများကို သေချာရှင်းလင်းပြီးနောက်၊ ဟန်ရှောင်းသည် ပြတင်းပေါက်မှ ဗီလာထဲသို့ ဝင်သွားသည်။ သူသည် လျှပ်စစ်သံလိုက် နေကာမျက်မှန်ကို ဖွင့်လိုက်ပြီး၊ ဗီလာ၏ ဖွဲ့စည်းပုံကို သူ့မျက်စိရှေ့တွင် ရှင်းရှင်းလင်းလင်း မြင်နေရသည်။ ထိပ်ပြောင်သော အရာရှိသည် အိပ်ခန်းထဲတွင် ငယ်ရွယ်ပြီး ချောမောလှပသော ဇနီးမယားကို ပွေ့ဖက်ကာ အိပ်ပျော်နေပြီး အခြားအခန်းတွင် အိမ်အကူတစ်ဦး အိပ်နေသည်။ ဒီလိုအိမ်ကြီးထဲမှာ လူသုံးယောက်ပဲရှိ၏။
ဟန်ရှောင်းသည် စာကြည့်ခန်းသို့ သွားလိုက်သည်။ Dark Net က စုဆောင်းထားသည့် အထောက်အထားများပါသော စာရွက်စာတမ်းကို ထုတ်ယူပြီး စားပွဲပေါ် မြင်သာသည့် အနေအထားမှာ ထားလိုက်သည်။ ရည်မှန်းချက်တစ်ခု ပြီးမြောက်သွားသည်။
“နှောင့်နှေးလို့မရဘူး။ မေပယ်လ်က တစ်စုံတစ်ယောက် ခိုးဝင်သွားတာကို မတွေ့ခင်အထိ အချိန်တစ်ခုရှိပါသေးတယ်။ ငါ အမြန်လုပ်ရမယ်။" ဟန်ရှောင်းသည် အိမ်ကြီးထဲမှ လျင်မြန်စွာ ပြေးထွက်လာသည်။ အပြင်မှာ စောင့်နေသော လျှို့ဝှက်အေးဂျင့်များသည် အထဲမှာ ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ မသိလိုက်ကြသေးပေ။
ဟန်ရှောင်းသည် နောက်ထပ် ပစ်မှတ် ၃ ခု၏ အိမ်ကြီးကို ထိုးဖောက်ဝင်ရောက်သွားသည်။ အစောင့်များသည် တစ်ယောက်နှင့်တစ်ယောက် ကွဲပြားသော်လည်း သူ၏ အဆင့် ၅၅ အာရုံများ၊ ရွှေမြေခွေးနှင့် Ghost Blade မှ ပံ့ပိုးပေးသော သတင်းအချက်အလက်၊ သူ၏ အရေပြားမျက်နှာဖုံးနှင့် လျှပ်စစ်သံလိုက်လျပ်ပြေးဖိနပ်တို့နှင့်အတူ လုပ်ဆောင်ချက်ကို ကြန့်ကြာခြင်းမရှိဘဲ ချောမွေ့စွာ လုပ်ဆောင်နိုင်ခဲ့သည်။
တတိယပစ်မှတ်တွင် အသေးစားမတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့သည်။ ဟန်ရှောင်းသည် စာကြည့်ခန်းတွင် စာရွက်စာတမ်းကို ထားနေချိန်တွင် ပစ်မှတ်သည် အသက်ကြီးလွန်းသောကြောင့် တုန်တုန်ယင်ယင် နိုးလာပြီး စာကြည့်ခန်းအား ဖြတ်သွားချင်သည်။ ဟန်ရှောင်းသည် ထောင့်စွန်းရှိ ကြမ်းပြင်မီးအိမ်နောက်တွင် အလျင်အမြန် ပုန်းနေလိုက်သည်။
အနီးကပ် မကြည့်လျှင်၊ ကြမ်းပြင် မီးချောင်းများသည် အများအားဖြင့် လူတစ်ဦးအဖြစ် ထင်ယောင်ထင်မှား ဖြစ်စေပြီး မသိစိတ်မှ လျစ်လျူရှုခံရတတ်သည်။ ပုန်းအောင်းရန် အလွန်ရဲရင့်သော နေရာတစ်ခုဖြစ်သော်လည်း ဟန်ရှောင်းသည် ထက်မြက်သော အကြံအစည်တစ်ခုဟု ထင်ခဲ့သည်။ သို့သော် ရလဒ်သည် သူမျှော်လင့်ထားသည်နှင့် လုံးဝမတူပေ။
ညဉ့်နက်သန်းခေါင်ကြီး၊ အိပ်ရာကနိုးလာကာ အိမ်သာသို့သွားချင်ပြီး၊ အဘိုးအိုမှာ မှောင်မဲနေသော စင်္ကြန်လမ်းမှာ လမ်းလျှောက်ရင်း ကြောက်လန့်နေပြီးဖြစ်သည်။ စာကြည့်ခန်းကို ဖြတ်သွားစဉ် ကြမ်းပြင်မီးအိမ်ကို လူတစ်ယောက်အဖြစ် ထင်ယောင်ထင်မှားဖြစ်သောကြောင့် သူ့ကို ပိုလို့တောင် တုန်လှုပ်သွားစေသည်။ သူသေချာ အနီးကပ်ကြည့်ချင်ပြီး ဘာမှမဟုတ်တာကို ကြောက်လန့်နေတယ်ဆိုတာ သေချာချင်၏။ သူကြည့်လိုက်ပြီး သတိထားမိလိုက်သည်… သေစမ်း! တကယ်ကို မီးအိမ်နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေတယ်။
ပစ်မှတ်မှာ သက်ကြီးရွယ်အိုတစ်ဦး ဖြစ်သည်။ သူ့ရင်ဘတ်ကို အုပ်ပြီး တစ်ခါတည်း လဲကျသွားသည် ။
_________________________________
သင် ဒစ်ခ်ဘန်ဗန်စီးတီး (အဆင့် ၅) ကိုသတ်လိုက်ပါပြီ။ သင်သည် အတွေ့အကြုံအမှတ် ၁မှတ် လက်ခံရရှိပြီးဖြစ်သည်။
_________________________________
ပစ်မှတ်က ကြောက်လန့်ပြီး သေသွား၏။
-ီး ! တကယ်ကြီးလား ‽
ဟန်ရှောင်းလုံးဝ အံ့အားသင့်သွားသည်။
ငါဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး! မင်းဖာသာ နှလုံးသွေးကြော ရုတ်တရတ်ပိတ်ပြီး သေသွားတာလေ။ ငါက အပြစ်ကင်းတယ်။
“ဟေ့ အဘိုး ထပါဦး။ မင်းမှာ စောင့်မျှော်ရမယ့် လူငယ်တွေအများကြီးရှိပါသေးတယ်။ မင်းဘယ်လိုလုပ် ဒီလိုသေရမှာလဲ" ဟန်ရှောင်းသည် အဖိုးအို၏ ပခုံးများကို အဆက်မပြတ် လှုပ်ခါကာ အရိုးများ ကျိုးကြေလုနီးပါး ဖြစ်နေသည်။
ပစ်မှတ်ကို မတော်တဆ သတ်လိုက်တယ်၊ အခု ဘာလုပ်မလဲ။
ဟန်ရှောင်း ခေါင်းကိုက်လာသည်။
ရုတ်တရက် သူ့မှာ ထိုးထွင်းသိမြင်မှုတစ်ခုရပြီး အကြံသစ်တစ်ခု ရလာ၏။
နေပါဦး၊ ဒီမစ်ရှင်ရဲ့ အခြေခံရည်ရွယ်ချက်က စီမံကိန်းကို ဆန့်ကျင်တဲ့ အရာရှိအရေအတွက်ကို လျှော့ချဖို့ ဖြစ်ပါတယ်။ အားလုံးသေရင် ဘယ်သူကမှ ကန့်ကွက်မှာ မဟုတ်ဘူး။
…
"ဟပ်ချိုး!"
ဝေးကွာသော တောင်ပိုင်းတိုက်ကြီးရှိ Bennett သည် ရုတ်တရက် နှာချေသည်။ သူ့မှာ ဆိုးဆိုးရွားရွား စိတ်ထင့်နေ၏။
"တုပ်ကွေးလား?"
အခန်း (၁၈၆) ပြီး၏။
လင်းဆက်
+++++