← Chapters

မတော်တဆ - ၂

Vol. 13 Ch. 187

မတော်တဆ - ၂

Vol. 13 Ch. 187

အခန်း (၁၈၇) မတော်တဆ - ၂

ပစ်မှတ်များထဲမှ တစ်ယောက် သေဆုံးသွားသော်လည်း၊ မစ်ရှင်မှာ မကျရှုံးသေပေ။ အဓိပ္ပါယ်မှာ သတ်ဖြတ်ခြင်းကို နည်းပညာအရ ခွင့်ပြုထားသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဒီလို အကျင့်ပျက်မစ်ရှင်။ ဟန်ရှောင်းခေါင်းခါလိုက်သည်။ အဘိုးအို၏ အလောင်းကို ယူဆောင်ကာ ဗီရိုထဲသို့ ထည့်လိုက်သည်။ ကြာကြာ ဖုံးကွယ်ထားနိုင်လေလေ ပိုကောင်းလေလေဖြစ်သည်။

သူက မသတ်ချင်ပေ။ ပစ်မှတ်များ အားလုံးသည် ရာထူးကြီးသော အရာရှိများ ဖြစ်ကြပြီး ၎င်းတို့ကို သတ်ဖြတ်ခြင်းသည် မေပယ်လ်တွင် မုန်တိုင်းတစ်ခု ဖြစ်စေလိမ့်မည်။ ထို့ကြောင့် အကျိုးမရှိဘဲ၊ အန္တရာယ်များသာ ရှိနိုင်သည်။

အရာရှိတစ်ဦး သေဆုံးခဲ့သော်လည်း မတော်တဆမှုဖြစ်သည်။ သူ့မှာ တာဝန်ရှိတယ်လို့ မယူဆနိုင်ကြပေ။

ပစ်မှတ်တစ်ခုသာ ကျန်တော့သည် - ဒိုရာစီ ဖာရာမီ ။ သူသည် ပစ်မှတ်ငါးခုစလုံးတွင် အမြင့်ဆုံးအဆင့်ရှိသည်။ သူ့အိမ်က ပိုကြီး၏၊ အစောင့်အကြပ်က ပိုအားကောင်းသည်။

ဟန်ရှောင်းသည် အရင်အတိုင်း ဆောင်ရွက်သည်။ သူက မျက်ကွယ်နေရာကိုဖြတ်၍ အိမ်ထဲသို့ ခိုးဝင်ကာ အရိပ်များထဲတွင် ပုန်းနေလိုက်သည်။ ကင်းလှည့်သူ မည်သူမျှ သူ့မြင်ကွင်းမှ မလွတ်ကင်းနိုင်ပေ။

အေးဂျင့်နောက်ကွယ်မှ ခိုးဝင်ကာ ၎င်း၏လည်ပင်းသို့ ဆေးထိုးအပ်ကို ထိုးသွင်းပြီးနောက် ဥယျာဉ်ထဲသို့ ဆွဲခေါ်ကာ အဝတ်အစားနှင့် မျက်နှာကို ပြောင်းလဲလိုက်သည်။ ID ကို ကြည့်လိုက်ပြီး၊ ဒီကံမကောင်းတဲ့လူက ဩဂတ်စတန်ဟုခေါ်သည်။

ဒိုရာစီ ၏ အိမ်သည် အတော်လေး ကြီးမားသည်။ ဟန်ရှောင်းသည် ဗီလာနောက်ဖေးမှ ပြတင်းပေါက်မှ ဝင်သွားသောအခါ ဗီလာ၏ မီးများပွင့်သွားသည် ။ အထက်လူကြီးတစ်ဦးထံမှ အမိန့်ပေးသံတစ်ခုသည် စကားပြောစက်မှ ထွက်ပေါ်လာသည်။

“ယူနစ်အားလုံး စုစည်းထားပါ။ ပစ်မှတ်ကို အစိုးရအဆောက်အဦးဆီ ခေါ်သွားပါ။”

လျှို့ဝှက်အေးဂျင့်များ အားလုံး စုရုံးကြသည်။ ယခုတော့ ဟန်ရှောင်းသည် အချည်းနှီးသော အနေအထားတွင် ရှိနေသည်။ သူသည် ဩဂတ်စတန်ကို အစားထိုးထားပြီး မပေါ်သွားစေချင်လျှင် ဇာတ်ကောင်အတိုင်း ဆက်လက်သရုပ်ဆောင်ရမည် ဖြစ်သည်။ ရွေးချယ်စရာမရှိပဲ လျှို့ဝှက်အဖွဲ့နောက်သို့ လိုက်ကာ ဗီလာတံခါးရှေ့တွင် စုရုံးလိုက်သည်။

အဖွဲ့ခေါင်းဆောင်က တံခါးခေါက်ပြီး “မစ္စတာ ဒိုရာစီ၊ မေ့မျောနေတဲ့ အေးဂျင့်တွေကို အခြားအရာရှိများ၏ နေအိမ်တွေမှာ တွေ့ရှိခဲ့တယ်။ ရန်သူက သူတို့အိမ်တွေကို ထိုးဖောက်ဝင်ရောက်သွားတယ်။ မင်းဒီမှာမလုံခြုံဘူး။ ကျေးဇူးပြုပြီး အစိုးရ အဆောက်အဦးကို လိုက်သွားပြီး ခိုလှုံပါ။”

အရင်အိမ်တွေမှာ သူမေ့အောင်လုပ်ခဲ့တဲ့လူတွေကို ရှာတွေ့သွားပြီ။ မေပယ်လ်က တုံ့ပြန်မယ့် အချိန်ရောက်ပြီလို့ ဟန်ရှောင်းက သဘောပေါက်သွားတယ်။

တော်တော်ဆိုးတာပဲ၊ ခဏလေးပဲ စောင့်လိုက်ရင် ငါနောက်ဆုံးတစ်ခု ပြီးသွားမှာ။ ဟန်ရှောင်း သက်ပြင်းချလိုက်သည်။ ရုတ်တရတ် အခြေအနေ အပြောင်းအလဲကြောင့် သူ့အစီအစဉ်ကို ပြောင်းရတော့သည်။ ဗီဒိုထဲသို့ အထည့်ခံခဲ့ရသော အဘိုးအိုအကြောင်း နောက်ပိုင်းတွင် သိရှိနိုင်လိမ့်မည်ဟု သူမျှော်လင့်မိသည်။

စဉ့်ကူးသစ်သားတံခါးသည် ကျွီခနဲ ပွင့်လာသည်။ အနက်ရောင်ဝတ်စုံ ၀တ်ဆင်ထားသော အဘိုးအိုတစ်ယောက် တံခါးမှ ထွက်လာ၏။ သူ့မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် ဓားဒဏ်ရာများကဲ့သို့ ဖြစ်နေပြီ၊ မျက်နှာက အေးစက်နေသည်။ ဆံပင်ဖြူများကို သပ်သပ်ရပ်ရပ် ဖြီးထား၏။

လျှို့ဝှက်အေးဂျင့်တွေက ဒိုရာစီကို ဝိုင်းရံပြီး တံခါးဝမှာ ရပ်ထားတဲ့ ကားဆီသို့ လျှောက်သွားသည်။ ကားလေးစီးရှိ၏။ ဒိုရာစီ ထိုင်မည့်ကားကို အလယ်တွင်ထားကာ အခြားကားသုံးစီးက တြိဂံပုံသဏ္ဍာန် စောင့်ကြပ်ထားသည်။ ဟန်ရှောင်းသည် ကား၏ ညာနောက်ဘက်တွင် ထိုင်နေသည်။

သူတို့ ထွက်ခွာသွားသောအခါတွင် ဟန်ရှောင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သော စောင့်ကြည့်ရန်သာ ဆုံးဖြတ်ခဲ့သည်။

ခရီးအလယ်မှာ ခိုးထွက်ပြီး လမ်းမှာ နောက်ဆုံးမစ်ရှင်ကို ပြီးအောင်လုပ်နိုင်တယ်။

သူတွေးနေစဉ်တွင် လက်သီးအရွယ် အရိပ်အချို့သည် ယာဉ်တန်းဆီသို့ ပျံသန်းသွားခဲ့သည်။ ဟန်ရှောင်းသည် ဤအရာများကို အကြည့်တစ်ချက်မှ howitzers ဟောင်ဝစ်ဇာများဖြစ်ကြောင်း သိလိုက်သည်။

ဗုန်း!

ဟောင်ဝစ်ဇာများသည် ယာဉ်တန်း၏ ကိုယ်ထည်ပေါ်သို့ တိကျစွာဆင်းသက်ပြီး ပေါက်ကွဲသွားသည်။ စွမ်းအားကည် ပုံမှန်စံနှုန်းထက် ကျော်လွန်ပြီး မီနီဒုံးပျံလောင်ချာကဲ့သို့ပင်။

ကောင်းကင်ယံမှာ မီးတောက်များ လင်းထိန်နေသည်။ အစောင့်ယာဉ်သုံးစီးသည် လေထဲ၌ လည်ပတ်သွားပြီး မီးတောက်များဖြင့် အောက်ထပ်သို့ ပြုတ်ကျလာသည်။

"တစ်စုံတစ်ယောက်က ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်!" ဒိုရာစီ၏ ကားမောင်းသူသည် အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်ချင်သော်လည်း အမှောင်ထဲမှ ကျည်ဆန်များ ထွက်လာပြီး ဘီးများကို ထိမှန်သွားသည်။

ကားက ချာလပတ်လည်သွားပြီး လမ်းဘေးမှာ ရပ်သွားသည်။ လျှို့ဝှက်အေးဂျင့်လေးဦး ကားထဲမှ အမြန်ထွက်လာခဲ့သော်လည်း သေနတ်များကိုပင် မမြှောက်နိုင်မီ အမြင့်နေရာမှ ပစ်ခတ်သည့် စနိုက်ပါကျည်ဆန်များက လွဲချော်မှုမရှိဘဲ ၎င်းတို့၏ ရင်ဘတ်ကို ထိမှန်သွား၏။ သူတို့ ချက်ချင်း မြေပြင်ပေါ် လဲကျသွားပြီး ပြင်းထန်စွာ ဒဏ်ရာရသွားသည်။

“အစောင့်တွေအားလုံးကို ကိုင်တွယ်ပြီးပြီ။ မေပယ်လ်က စစ်ကူတွေရောက်ဖို့ အနည်းဆုံး သုံးမိနစ်ခန့် ကြာမယ်။ ငါတို့မှာ အချိန်ပို၍ လုံလောက်တယ်။ ဗာနီနာ၊ ပစ်မှတ်ကို ဖယ်ထုတ်ပါ” ဟန်းနက်စ်က စကားပြောစက်မှတဆင့် ပြောလိုက်သည်။

လမ်းမီးတိုင်များနှင့် အမှောင်ထုတွင် အမျိုးသမီးတစ်ဦး၏ ကောက်ကြောင်းသည် ပိုမိုရှင်းလင်းလာသည်။ ဗာနီနာသည် လက်ပစ်ဗုံးလောင်ချာကို ကိုင်ဆောင်၍ ပေါ်လာသည်။ သူမသည် ရွှေရောင်ဆံပင်တိုတို ရှိသည်။ သူမရဲ့ မျက်လုံးတစ်ဖက်ခြမ်းက အရေးအကြောင်းများက သူမက သိပ်မငယ်တော့ကြောင်း ပြသနေသော်လည်း သူမ၏ ငယ်ငယ်တုန်းက လှပသည့် အရိပ်အယောင်များ ရှိနေဆဲပင်။ သူမ၏ လှုပ်ရှားမှုတိုင်းသည် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ တေးသွားကို တီးခတ်ထားသည်။

ဒိုရာစီ ကားထဲမှ ထွက်လာခဲ့သည်။ သူက တည်ငြိမ်နေပြီး ကြမ်းပြင်ပေါ်တွင် ရုန်းကန်နေသော အစောင့်တွေကို ကြည့်၏။ "မင်းတို့က ဘယ်သူတွေလဲ"

ဗာနီနာသည် ဒိုရာစီ ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားရင်း သူမ၏လက်ကိုင်သေနတ်ကို ထုတ်ကာ လမ်းတွင် အစောင့်များကို သတ်ဖြတ်သွားသည်။ သူမခါးပေါ်ရှိ စစ်သုံးအိတ်ထဲမှ စိတ်ငြိမ်ဆေးပြွန်တစ်ချောင်းကို ထုတ်လိုက်ပြီး "သေနတ်ကို ချလိုက်ပါ၊ ဒါမှမဟုတ် မင်းရဲ့နှလုံးသားမှာ အပေါက်တစ်ပေါက် ရှိသွားလိမ့်မယ်"

ဒိုရာစီ ၏ အမူအရာ ပြောင်းသွားသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ သူ့ရင်ဘတ်မှာ အနီရောင်အစက်တစ်စက်ကို တွေ့လိုက်ရတယ်။ သူ့နောက်ကျောဘက်က ကိုင်ထားသည့် သေနတ်ကို ချက်ချင်း လွှတ်ချလိုက်သည်။ အပေါ်ကိုမော့ကြည့်လိုက်တော့ အထပ်မြင့်အဆောက်အအုံတစ်ခုပေါ်ရှိ စနိုက်ပါမြင်ကွင်းမှ အနီရောင် အစက်တစ်စက်ကို သူမြင်နေရသည်။

အဆောက်အဦးရှိ ပြတင်းပေါက်တစ်ခုတွင် ဟန်းနက်စ်သည် စနိုက်ပါရိုင်ဖယ်တစ်လက်ကို ကိုင်ဆောင်ထားပြီး အပေါ်စီးမှ အခြေအနေကို ထိန်းချုပ်ထားသည်။

"ကြည့်ရတာ ငါ့မှာ ရွေးချယ်စရာမရှိသလိုပဲ။" ဒိုရာစီ သည် မျက်နှာရှည်ကြီးဖြင့် လက်များကို မြှောက်ကာ ဗာနီနာဆီသို့ လျှောက်သွားသည်။

ဒုန်း!

ရုတ်တရက် မီးလောင်ပြီး မှောက်နေသော ကားတံခါးက ပွင့်ထွက်သွား၏။ လက်တစ်စုံက တံခါးဘောင်ကို ဆွဲကိုင်လိုက်ပြီး စူးစူးရှရှ အသံနဲ့ ဆုတ်ဖြဲပစ်လိုက်သည်။ ဟန်ရှောင်းလည်ပင်းကို ဘယ်ညာဆန့်ရင်း ထွက်လာသည်။ ယာဉ်တိုက်မှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေ၏။

မည်သည့်နေရာမှ ထွက်လာမှန်းမသိသော ဟောင်ဝစ်ဇာကြောင့် ပေါက်ကွဲလွင့်ထွက်သွားပြီး၊ သူ၏ စိတ်အခြေအနေမှာ မကောင်းပေ။

"တစ်ယောက်ယောက် အသက်ရှင်နေသေးတာလား" ဗာနီနာလှည့်ကြည့်ကာ အမူအရာ မပြောင်းလဲဘဲ ဟန်ရှောင်းကို ပစ်ခတ်လိုက်သည်။ ဟန်ရှောင်းက အမြန်တုံ့ပြန်လိုက်၏။ သံလိုက်ချပ်ဝတ်သည် သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ဟောင်ဝစ်ဇာ ထိမှန်သွားသဖြင့် သူ့ကို မီးတောက်များ လွှမ်းခြုံသွားသည်။

ဗာနီနာက ဒါသည် ပိုက်ထဲမှ ချော်ထွက်လာသော ငါးသေးသေးလေးကို ကိုင်တွယ်ဖြေရှင်းရန် လုံလောက်သည်ထက် ပိုသည်ဟု ထင်ခဲ့သော်လည်း၊ မီးခိုးများ ပျောက်သွားပြီးနောက် ဟန်ရှောင်းက သူမကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲက အမူအရာက သူမကို ထိတ်လန့်စေသည်။

ခေတ်ကာလတစ်လျှောက်လုံး တိုက်ပွဲဝင်သည့် အသက်မွေးဝမ်းကြောင်းတွင် သူမသည် သန်မာသော ရန်သူအမျိုးမျိုးကို တိုက်ခိုက်ခဲ့ပြီး၊ ရန်သူ၏အင်အားကို လျင်မြန်စွာဖော်ထုတ်နိုင်သည့် ထက်မြက်သော ထိုးထွင်းဉာဏ်ကို ရရှိခဲ့သည်။ ဤအရာများသည် သားရဲ၏ မျက်လုံးများဖြစ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သူမ ပြောပြနိုင်သည် ။

ဟန်ရှောင်းသည် အင်တာဖေ့စ်ပေါ်ရှိ အချက်အလက်များကို မြင်သောအခါတွင် သူ့မျက်နှာပေါ်တွင် အလွန်ဆိုးရွားသော အမူအရာ ရှိနေသည်။ ရန်သူကို ဗာနီနာဟုခေါ်သည်။ သူမသည် အံ့ဩလောက်စရာပင် ဗားရှင်း ၁.၀ ၏ ကန့်သတ်ချက်ဖြစ်သော အဆင့် ၆၀ အမြောက်မာစတာ ဖြစ်ပြီး၊ ရေပင်လယ်ဂြိုလ်ရှိ ပိရမစ်ထိပ်တွင် ရှိနေသူတစ်ဦးဖြစ်သည်။

သူမသည် ရေပင်လယ်ဂြိုလ်တွင် အမြင့်ဆုံးအဆင့်တွင်ရှိသော Bennett ပြီးနောက် ဒုတိယလူဖြစ်သည်။ သို့သော် သူမတွင် Bennett လောက် ပုံသွင်းခြင်းစွမ်းရည်တွေ အများကြီး မရှိပေ။

ဗာနီနာ... နာမည်က ရင်းနှီးသလိုပဲ ဟန်ရှောင်းတွေးမိသည်။

ထိုကဲ့သို့သော အဆင့်မြင့်ပုဂ္ဂိုလ်အတွက် မေပယ်လ်၏ အရာရှိတစ်ဦးကို တိုက်ခိုက်ရန်မှာ၊ လျှို့ဝှက်အစီအစဉ်အချို့ ရှိသည်မှာ သေချာသည်။ ဟန်ရှောင်းသည် မတော်တဆ ပါဝင်ပတ်သက်ခဲ့သော်လည်း နှောင့်ယှက်ရန် မလိုလားသောကြောင့် သူ့ကံမကောင်းကြောင်း ဝန်ခံရပေမည်။

ဟန်ရှောင်းလှည့်လိုက်ပြီး သူ့လျပ်ပြေးဖိနပ်ဖြင့် ထွက်သွားချင်သော်လည်း ဗာနီနာက နောက်တစ်ကြိမ် ပစ်ခတ်လိုက်တယ်။

ဒုန်း!

ဟောင်ဝစ်ဇာသည် ဟန်ရှောင်း၏ ဦးခေါင်းနောက်ဘက်တွင် ထိမှန်ကာ ချပ်ဝတ်တန်ဆာပေါ်တွင် ပေါက်ကွဲသွားပြီး ရှေ့သို့ တွန်းထုတ်လိုက်သည်။

ဟန်ရှောင်း ချက်ချင်းရပ်လိုက်သည်။

နောက်အခိုက်အတန့်တွင် ချပ်ဝတ်တန်ဆာက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ပတ်လိုက်သည်။ ဟန်ရှောင်းက ပြန်လှည့်လိုက်ပြီး ဗာနီနာဆီသို့ တဟုန်ထိုး ပြေးသွား၏။ ပြန်သိမ်းနိုင်တဲ့ဓားကို ဆွဲထုတ်ပြီး အမြန်ထိုးချလိုက်သည်။

လျပ်စစ်သံလိုက်လျပ်ပြေးဖိနပ်များသည် စွမ်းအားအပြည့်ရှိသောကြောင့် သူ၏အရှိန်သည် ကျည်ဆန်တစ်ခုလိုပင်။

ဗာနီနာသည် ဒိုင်းတစ်ခုအဖြစ် သူမ၏ လက်ပစ်ဗုံးလောင်ချာကို အလျင်အမြန် ကိုင်ဆောင်လိုက်ရသည်။

ချွင်!

အနက်ရောင်ဓားသည် လက်ပစ်ဗုံးလောင်ချာကို ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်းသည် ရှုပ်ထွေးသော အတွင်းပိုင်း စက်ပိုင်းဆိုင်ရာ ဖွဲ့စည်းပုံကို ဖြတ်တောက်ပြီး ဗာနီနာ၏ ဝမ်းဗိုက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ကာ သွေးများမြေပြင်ပေါ်သို့ ယိုစီးစေသည်။

ဟန်ရှောင်း၏ လက်များက ဓားကိုလွှတ်လိုက်ပြီး ဗာနီနာ၏ နားထင်ဆီသို့ လက်သီးဖြင့်ထိုးလိုက်သည်။ သူမက ပိတ်ဆို့ရန် လက်နှစ်ဖက်ကို အလျင်အမြန် မြှောက်လိုက်သည်။ လက်သီးနှင့် သူမ၏လက်များ ထိပ်တိုက်တွေ့ချိန်တွင် သူမသည် ခုခံနိုင်စွမ်းမရှိသော ခွန်အားတစ်ခုက သူမ၏အရိုးများတစ်လျှောက် ဖြတ်သန်းပြီး ခေါင်းကိုထိသွားသလို ခံစားလိုက်ရသည်။ ထို့နောက် ဟန်ရှောင်းကန်လိုက်သောကြောင့် သူမ၏ ဝမ်းဗိုက်အောက်ပိုင်း နာကျင်မှုကို ခံစားလိုက်ရသည်။

"မင်း ငါ့ကို ဒီလိုလုပ်ခိုင်းလိုက်တာ!" ဟန်ရှောင်းက အံကြိတ်လိုက်သည်။

“ငါ မင်းကို အနှောက်အယှက် မပေးချင်ဘူး၊ အခု မင်း အဲဒါကို အလေးမထားဘူး။”

ရက်စက်သော ပစ်ချက်အနည်းငယ်ကို ခံရပြီးနောက် သူ ဒေါသထွက်သွားသည်။

နှစ်ကြိမ်ဆက်တိုက် အရိုက်ခံရပြီးနောက် ဗာနီနာအလွန်တုန်လှုပ်သွားသည်။ သူမသည် ဤအေးဂျင့်သည် ပိုက်ထဲမှ ချော်ထွက်လာသော ငါးသေးသေးလေးမျှသာဖြစ်သည်ဟု သူမထင်ခဲ့သော်လည်း အလွန်ကြီးမားသော ငါးမန်းတစ်ကောင်ဖြစ်နေသည်။

သူမသည် ရှေးခေတ်က ဒဏ္ဍာရီလာတစ်ဦးဖြစ်ပြီး ယခု သူမ မကြားဖူးသောရန်သူ၏ ဖိနှိပ်ခြင်းကို ခံနေရသည်။

ပြိုင်ဘက်သည် လွန်ခဲ့သည့်အခိုက်အတန့်က ထွက်ပြေးရန် ကြံရွယ်ထားပုံရပြီး မပါဝင်ချင်သော်လည်း သူမ၏ ပစ်ချက်နှစ်ချက်ကြောင့် ဒေါသထွက်နေပုံရသည်။ ဗာနီနာသည် တိတ်တဆိတ် နောင်တရနေ၏။ သူမ၏ လက်ချော်မှုကြောင့် အစွမ်းထက်သောရန်သူနှင့် ထိပ်တိုက်ရင်ဆိုင်နေရသည်။ သူမအပြစ်တော့ မဟုတ်ပေ။ ဒိုရာစီ ၏ အစောင့်များအားလုံးသည် သာမန်အရပ်သားဖြစ်ကြောင်း ထောက်လှမ်းရေးက ပြသခဲ့ရာ။ ၎င်းတို့ထဲမှ တစ်ဦးကို ဟန်ရှောင်းက အစားထိုးခဲ့ကြောင်း သူမ မှန်းဆနိုင်ခြင်းမရှိပေ။ သူမ တကယ်ကံမကောင်းခဲ့ပေ။

သူက ‘တိုက်ခိုက်သူ’မဟုတ်သလို ‘အက်စ်ပါ’လည်း မဟုတ်ဘူး။ သူက ယန္တရားပညာရှင်လား? ဗာနီနာအံ့အားသင့်သွားပြီး သူမသည် အလျင်အမြန် အကွာအဝေးကို ချဲ့လိုက်သည်။ သူမလက်ထဲရှိ သေနတ်များသည် အလွန်အစွမ်းထက်သည်။ အရင်က ဟန်ရှောင်းတိုက်ခိုက်ခဲ့ဖူးသည့် မဂ်ဂျ်သည်ပင် သူ၏ရှုံးနိမ့်မှုကို ဝန်ခံရမည်ဖြစ်သည်။

ဟန်ရှောင်းက ယှဉ်ပြိုင်ပစ်ခတ်ရန် မရည်ရွယ်ပေ။ သူက ဤမစ်ရှင်အတွက် စနိုက်ပါကို မယူလာပေ။ Berserk Eagles နှစ်လက်နှင့် အသေးစား စက်ကိရိယာအချို့ကိုသာ ယူဆောင်လာခဲ့သည်။ ထို့ကြောင့်၊ သူသည် လျပ်ပြေးဖိနပ်များကို အသုံးပြုကာ အနီးကပ်တိုက်ခိုက်ခြင်းကို ရွေးချယ်ခဲ့ပြီး ပြိုင်ဘက်ကို သူ၏ ခွန်အားဖြင့် ဖိနှိပ်ခဲ့သည်။ ဗာနီနာ၏ လက်စွမ်းသည် မြင့်မားသော်လည်း ဟန်ရှောင်းသည် ခွန်အားတွင် အားသာချက်ရှိသည်။

ထို့အပြင်၊ ဗာနီနာနှင့် အနီးကပ်တိုက်ခိုက်ခြင်းသည် စနိုက်ပါကို သတိထားစေပြီး ပစ်ခတ်ရန် တွေဝေစေသည်။

အခန်း (၁၈၇) ပြီး၏။

လင်းဆက်

+++++

All Chapters