လျှို့ဝှက်ပင်မဇာတ်ကြောင်း - ၂
Vol. 13 Ch. 191
အခန်း (၁၉၁) လျှို့ဝှက်ပင်မဇာတ်ကြောင်း - ၂
“ကျေးဇူးပြန်ဆပ်ဖို့ အလျင်မလိုပါဘူး။ မေ့သာမေ့မသွားနဲ့” ဟန်ရှောင်းက အရွှန်းဖောက်သည်။
Bennett သည် သူ့အား မျက်နှာသာပေးသည့်အခါတိုင်း၊ သူတို့၏ ဆက်ဆံရေး အမှတ်များ တိုးလာသည်။ ကမ္ဘာပေါ်ရှိ အဓိကဇာတ်ကောင်တစ်ဦးနှင့် ကောင်းမွန်သောဆက်ဆံရေးရှိခြင်းသည် အလွန်အကျိုးရှိမည်မှာ သေချာပါသည်။
တက်တက်ကြွကြွ မရှာဖွေဘဲ လျှို့ဝှက်ဇာတ်လမ်းတစ်ပုဒ်ကို အစပျိုးခြင်းသည် ရရှိလာသည့် အကျိုးကျေးဇူးများထဲမှ တစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ Bennett ၏ ဆက်ဆံရေးကွန်ရက်သည် အလွန်ကျယ်ပြန့်သောကြောင့် အခြားသူများနှင့် အဆက်အသွယ်ရရန် Bennett မှတဆင့် သွားနိုင်ပြီး၊ အများစုမှာ အစပျိုးနိုင်သည့် အခွင့်အရေးရှိသော မစ်ရှင်များရှိသည့် သန်မာသူများဖြစ်သည်။
အချိန်အတော်ကြာအောင် စောင့်ပြီးနောက်၊ Bennett သည် ဟန်းနက်စ်၏ ခေါ်ဆိုမှုကို လွှဲပြောင်းပေးလိုက်သည်။
ကလင်
ခေါ်ဆိုမှု ချိတ်ဆက်ပြီးနောက် နှစ်ယောက်စလုံး နှုတ်ဆိတ်နေ၏။ တစ်ယောက်နဲ့တစ်ယောက် အသက်ရှုသံတွေသာ ကြားနေရတယ်။
အဆုံးမှာတော့ ဟန်းနက်စ်က အရင် စပြောသည်။ "ငါ ဟန်းနက်စ်ပါ၊ ငါတို့ မနေ့ညက တွေ့ခဲ့တယ်။"
“Bennett က ကျွန်တော့်ကို ပြောဖူးတယ်။ ကျွန်တော့်အကူအညီလိုတယ်လို့ ကြားတယ်။ ဘာအကြောင်းလဲ?" ဟန်ရှောင်းက လိုရင်းကို တိုက်ရိုက်ပြောလိုက်၏
“ဒါဟာ သမိုင်းမှာ မြှုပ်နှံထားတဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ ငါတို့ သဲလွန်စတချို့ကို တွေ့ထားပြီး ဒီလျှို့ဝှက်ချက်အကြောင်း သိချင်နေတယ်။
ဟန်ရှောင်း အရမ်းစိတ်ရှုပ်သွားသည်။ သူပြောနေတာက ဘာလျှို့ဝှက်ချက်မှန်း မသိပေ။
သို့သော်လည်း အင်တာဖေ့စ်တွင် အကြောင်းကြားချက်တစ်ခု ပေါ်လာသည်။ ဟန်ရှောင်းသည် သူမြင်လိုက်သည့်အခိုက်တွင် သူ့မျက်လုံးများမှ အဝေးသို့ မရွေ့နိုင်တော့ပေ။ သူ လုံးဝ ထိတ်လန့်သွား၏။
_____________________
ရေပင်လယ်ဂြိုလ်၏ လျှို့ဝှက်ထားသော ပင်မ ဇာတ်ကြောင်း အဆင့် A မစ်ရှင် [ခေတ်သစ်—မူလအစ] ကို သင် အစပျိုးခဲ့သည်။
မှတ်ချက်။ ဤမစ်ရှင်သည် အချို့သောဖြစ်ရပ်များနှင့် အဖွဲ့အစည်းများအတွက် မသိနိုင်သော၊ နောက်ပြန်လှည့်၍မရသော အကျိုးသက်ရောက်မှုများကို ဖြစ်စေသည်။ လက်ခံရန် သို့မဟုတ် ငြင်းပယ်ရန် မရွေးချယ်မီ သေချာစွာ စဉ်းစားပါ။
_____________________
ဟန်ရှောင်း၏ မျက်လုံးများသည် ချက်ချင်းပင် ပြူးကျယ်သွားသည်။
ဘယ်သူကမှ အစပျိုးလို့မရတဲ့ ပင်မဇာတ်ကြောင်းမစ်ရှင်။
ရေပင်လယ်ဂြိုလ်တွင် အဓိက ဇာတ်ကြောင်း သုံးခု ပါ၀င်သည် - ၎င်းတို့ထဲမှ နှစ်ခုမှာ နိုင်ငံ၆နိုင်ငံနှင့် ဂျာမီနယ်အဖွဲ့ကြား စစ်ပွဲ နှင့် ဒုက္ခသည် စခန်းကို ဖန်တီးခြင်း ဖြစ်ပြီး၊ အခြား လျှို့ဝှက် ပင်မ ဇတ်လမ်းကို ကစားသမားများက အစပျိုးခဲ့ခြင်း ဖြစ်သော်လည်း ဒါတော့ မဟုတ်ပေ။
သူ အဲဒါကို လုံးလုံးမမှတ်မိဘူးလို့ ဆိုလိုတာက ဒီမစ်ရှင်ကို သူ့ယခင်ဘဝက ကစားသမားတွေက အစပျိုးခဲ့တာ မဟုတ်ပေ။
လျှို့ဝှက်ထားသော ပင်မဇာတ်ကြောင်းများသည် အထူးမစ်ရှင်အမျိုးအစားဖြစ်သည်။ ၎င်းတို့သည် အစပျိုးရန် အခွင့်အလမ်းတစ်ခု လိုအပ်ပြီး၊ ၎င်းတို့သည် အခြားအဓိက ဇာတ်ကြောင်းများကို ရိုက်ခတ်မှုရှိကာ ဇာတ်ကွက်ကို တစ်နည်းမဟုတ်တစ်နည်း ပြောင်းလဲသွားစေနိုင်သည်။ ဟန်ရှောင်းသည် သူ၏ယခင်ဘဝတွင် ဗားရှင်းများစွာကို ကစားခဲ့ပြီး ယခင်က ဖိုရမ်တွင် ဝှက်ထားသော ပင်မဇာတ်ကြောင်းများအကြောင်း ဖတ်ခဲ့ဖူးသည်။
ခြွင်းချက်မရှိပင်၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ လူမှုအဖွဲ့အစည်း သို့မဟုတ် ကမ္ဘာဂြိုဟ်၏ ပင်မဇာတ်ကြောင်းဆိုင်ရာ မစ်ရှင်များကို လေးနက်သောနည်းလမ်းဖြင့် သက်ရောက်မှုရှိသည်။
ကစားသမားတွေရှေ့မှာ ပထမဆုံးအကြိမ် ပေါ်လာသောအခါ ဟန်းနက်စ်နဲ့ သူ့လူတွေက သေပြီးသား ဖြစ်နေ၏။ ဘယ်သူကမှ အစမပျိုးခဲ့တာ အံ့သြစရာမရှိပေ။
ဟန်ရှောင်းသည် ဤမစ်ရှင် မည်မျှ အန္တရာယ်ရှိသည်ကို ရုတ်တရက် သဘောပေါက်လိုက်သည်။ ရေပင်လယ်ဂြိုလ်အတွက် အမြင့်ဆုံးအဆင့်ရှိ လူနှစ်ဦးပင် သေဆုံးခဲ့သည်။ သူထင်ထားတာထက် အများကြီး ပိုခက်လိမ့်မည်။
ဟန်ရှောင်း၏ အဆင့် A မစ်ရှင် ဂျာမီနယ်အဖွဲ့အစည်း[ဂျာမီနယ်ကျဆင်းခြင်း] သည် ပင်မဇာတ်ကြောင်းမစ်ရှင်၏ အခွဲတစ်ခုဖြစ်သည်။ အဖွဲ့အစည်းအသီးသီးရှိ ကစားသမားများသည် မတူညီသော အဓိကဇာတ်ကြောင်းမစ်ရှင်များကို လက်ခံရရှိမည်ဖြစ်သည်။ နိုင်ငံ၆နိုင်ငံအတွက်၊ ဂျာမီနယ်အဖွဲ့အစည်းကို ဖျက်ဆီးပစ်ရန်မှာ သေချာပေါက်ဖြစ်သော်လည်း ဂျာမီနယ်အဖွဲ့အစည်းအတွက်မူ အခြားတစ်ခုဖြစ်သည်။
သို့သော်လည်း၊ သူသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ မသက်ဆိုင်သောကြောင့် ဟန်ရှောင်း၏ မစ်ရှင်မှာ ထူးခြား၏။ သို့သော် ဂျာမီနယ်အဖွဲ့အစည်း၏ ရန်သူဖြစ်ခြင်းကြောင့် လိုအပ်ချက်များနှင့် အသေးစိတ်အချက်များ ကွဲပြားသော်လည်း အဓိက ပန်းတိုင်မှာ အတူတူပင်ဖြစ်သည်။
သို့သော်လည်း သူသည် ဤလျှို့ဝှက်ထားသော ပင်မဇာတ်ကြောင်းမစ်ရှင်အကြောင်း ဘာမှမသိခဲ့ပေ။
မူလ? ဂြိုလ်သမိုင်းကို တူးဆွဖို့ ဆိုလိုတာလား။ အဲဒီအခါမှာ ဒီဖြစ်ရပ်ရဲ့ ဇာစ်မြစ်က ဘာလဲ။
မသိခြင်းသည် ကြောက်လန့်ဖွယ်ကောင်းသော်လည်း လူများက သိချင်နေကြသည်။ ဟန်ရှောင်းသည် သူ၏အရိုးများတွင် ယားယံခြင်းကို ခံစားနေရသည် - ၎င်းသည် စိတ်လှုပ်ရှားခြင်းနှင့် မျှော်လင့်ခြင်း၏ ခံစားချက်ဖြစ်သည်။
သူသည် 'Galaxy' တွင် အရေးကြီးသောအချက်များကို တူးဆွလိုသော အလွန်ကြာရှည်စွာ ကစားသူတစ်ဦးဖြစ်ပြီး၊ ၎င်းသည် မည်သည့်ကစားသမားမှ မသိခဲ့သော လျှို့ဝှက်ချက်တစ်ခုဖြစ်သည်။
“လက်ခံမည်။”
_________________________________
[ခေတ်သစ်—မူလအစ] ကို သင်လက်ခံပြီးဖြစ်သည်။
+၁၀ ဟန်းနက်စ်၊ ဗာနီနာ၊ ဂါရီရန်နှင့် ကျန်းယွမ်တို့နှင့် ဆက်ဆံရေး။
_________________________________
ဟမ်? ဟန်ရှောင်းတစ်ခုခုကို သတိပြုမိသည်။
ကျန်းယွမ်သည် သင်္ချိုင်းတွင်း နောက်ဆုံးမြှုပ်နှံထားသူဖြစ်ကြောင်း သူသိသော်လည်း ဂါရီရန်သည် မည်သူနည်း။
_________________________________
ဟန်းနက်စ်နဲ့ စကားပြောပါ။ သူ့ရဲ့ နိဒါန်းကို နားထောင်ပါ။
_________________________________
ယခုအချိန်တွင် မစ်ရှင်လိုအပ်ချက်မှာ ဤမျှသာဖြစ်သည်။ ဟန်ရှောင်းက ဒါကို ကျင့်သားရနေသည်။ ဒါက ရုပ်ရှင်အဖွင့်နှင့် တူသည်။
“မနေ့ညက ဒိုရာစီကို ပြန်ပေးဆွဲဖို့ ကြိုးပမ်းတာ ငါတို့နဲ့ သက်ဆိုင်တယ်။ လွန်ခဲ့သည့် နှစ်အနည်းငယ်က သူက လျှို့ဝှက်အစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး မေပယ်လ်ရဲ့ ဒီလျှို့ဝှက်အစီအစဉ်က သဲလွန်စတွေထဲက တစ်ခုဖြစ်တယ်။ မေပယ်လ်နိုင်ငံမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။
"မင်း အစိုးရ အရာရှိတွေရဲ့ အိမ်တွေကို ထိုးဖောက်ဝင်ရောက်တဲ့အခါ ဒီအရာရှိတွေကို တစ်ချိန်လုံး ကာကွယ်ထားနေတာ ထူးဆန်းတယ်လို့ မခံစားမိဘူးလား၊ တခြားနိုင်ငံတွေမှာ ဒီလိုမဖြစ်ဘူး"
ဟန်ရှောင်းခေါင်းညိတ်လိုက်သည်။ "လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက 'အယ်လ်ရစ်ချ် ချေမှုန်းရေး' အကြောင်း ငါသိတယ်။
“ဟုတ်တယ်၊ အယ်လ်ရစ်ချ် ချေမှုန်းရေး…”
ဟန်းနက်စ်က အဖြစ်အပျက်ကို အသေးစိတ်ပြောပြခဲ့သည်။
ထိုအချိန်က မေပယ်လ်တွင် အယ်လ်ရစ်ချ်၏ ရာထူးသည် ၀န်ကြီးချုပ်တစ်ဦးနှင့် ဆင်တူသည်။ သူသည် နေအိမ်တွင် တိုက်ခိုက်ခြင်းခံခဲ့ရသည်။ တိုက်ခိုက်သူများမှာ လူအနည်းငယ်မှမဟုတ်ဘဲ အရပ်သားအုပ်စု အများအပြားပါဝင်သည်။ ထိုသူတို့က အမည်မသိ ထောက်ပံ့သူတစ်ဦးထံမှ ရရှိသော လက်နက်များကို ကိုင်ဆောင်ထားကြသည်။ သူတို့သည် ယမ်းမှုန့်များကို အသုံးပြုကာ အယ်လ်ရစ်ချ်၏ တန်ဖိုးကြီးအိမ်ကြီးကို မြေကြီးပေါ်သို့ ပြာကျအောင် မီးရှို့ခဲ့ကြသည်။ အယ်လ်ရစ်ချ်၊ သူ၏ဇနီးနှင့် သူတို့၏ အသက် ဆယ်နှစ်ဝန်းကျင် ကလေးသုံးဦးမှာ တိုက်ခိုက်သူများ၏ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဖြစ်စဉ်တစ်ခုလုံးကို မှတ်တမ်းတင်ပြီး အွန်လိုင်းတွင် အပ်လုဒ်လုပ်ထားသည်။ နိုင်ငံနဲ့ ကမ္ဘာတစ်ခုလုံးကိုတောင် တုန်လှုပ်သွားစေခဲ့၏။
အကြောင်းအရင်းမှာ၊ အယ်လ်ရစ်ချ်သည် အခြေခံအားဖြင့်၊ အရပ်သားများထံမှ အာဏာနှင့် နိုင်ငံသားအကျိုးခံစားခွင့်များကို ဖယ်ရှားကာ၊ ရယ်စရာကောင်းသော ပရောဂျက်တစ်ခု၏ ရင်းနှီးမြုပ်နှံမှုအဖြစ် အသုံးပြုရန်အတွက် အယ်လ်ရစ်ချ်၏ မူဝါဒကို အတည်ပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ထိုအရာက အယ်လ်ရစ်ချ်က သူ၏အိပ်ကပ်ထဲသို့ ပိုက်ဆံဝင်စေမည့် နည်းလမ်းတစ်ခုဖြစ်သည်။
မေပယ်လ်တွင် အစိုးရအရာရှိများ၏ အကျင့်ပျက်ခြစားမှုကို တစ်ကမ္ဘာလုံးသိကြသော်လည်း ခေတ်ဟောင်းစစ်ပွဲမဖြစ်ပွားမီတွင် မေပယ်လ်သည် ၎င်းတို့၏ နူးညံ့သိမ်မွေ့သောအစိုးရအတွက် နာမည်ကြီးခဲ့သည်။ သူတို့သည် သာမန်သာဖြစ်ပြီး သန်မာသောလူမျိုး မဟုတ်ကြပေ။
ခေတ်ဟောင်း စစ်ပွဲကြီးဖြစ်ပွားသောအခါ အစိုးရက အရပ်သားတွေအတွက် အလွန် ဖိအားပေးသည့် မူဝါဒများ ချမှတ်ခဲ့တယ်။ လူအများစုသည် ဖိအားများအောက်တွင် မူဝါဒများကို နားလည်သဘောပေါက်ပြီး လက်ခံပြသခဲ့ကြပြီး အချို့ကပင် တက်ကြွစွာ ပါဝင်ကူညီခဲ့ကြသည်။ မေပယ်လ်၏ အစိုးရအရာရှိများသည် မကောင်းဆိုးဝါး၏ အရသာရှိသော အသီးကို မြည်းစမ်းခဲ့ကြသည် ။ စစ်ပြီးသွားသောအခါ တိုင်းပြည်အာဏာဆုံးရှုံးသွားရတဲ့ ဖိအားများကြောင့် သူတို့သည် လွယ်ကူတဲ့မူဝါဒဟောင်းကို ပြန်မလှည့်ခဲ့ကြပေ။ ယင်းအစား ၎င်းတို့သည် နိုင်ငံတော်၏ အာဏာကို ပြန်လည်ရယူရန် အခွန်နှင့် လုပ်အားဖြင့် အရပ်သားများကို ဆက်လက်ဖိအားပေးခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ တိုင်းပြည်အတွင်း ပဋိပက္ခများ ပိုမိုဆိုးရွားလာကာ နူးညံ့သိမ်မွေ့သော လူ့ဘောင်ပတ်ဝန်းကျင်သည် ပျောက်ကွယ်သွားကာ ဘယ်တော့မှ ပြန်မရနိုင်တော့ပေ။
သူတို့လိုချင်တဲ့ဘဝနဲ့ မနေထိုင်တဲ့သူတွေဟာ ကန့်သတ်ချက်အထိ ဖိထားတဲ့ စပရိန်လိုပင် - အယ်လ်ရစ်ချ်အတည်ပြုခဲ့သော မူဝါဒက နောက်ဆုံးကောက်ရိုးမျှင်ဖြစ်သည်။
ထို့နောက် အယ်လ်ရစ်ချ်တိုက်ခိုက်ခံရပြီး နာရီဝက်အကြာတွင်၊ အထူးတပ်ဖွဲ့သည် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူအားလုံးကို သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ သူတို့က သနားကရုဏာ မပြခဲ့ကြပေ။ နိုင်ငံသည် ထိတ်လန့်တုန်လှုပ်သွားကာ ၎င်းသည် မေပယ်လ်၏ ခေတ်အပြောင်းအလဲ၏ အဖွင့်လက္ခဏာဖြစ်သည်။
ခေတ်ဟောင်းစစ်ပွဲ မတိုင်ခင်က ဖြစ်ခဲ့ရင် ဒါဟာ အစိုးရ ပြုတ်ကျ သွားစေနိုင်တဲ့ အရှုပ်အရှင်းတစ်ခု ဖြစ်ခဲ့ပေမယ့် အာဏာဖြုတ်သိမ်းထားသော ခေတ်သစ်မှာတော့ ကျန်တဲ့ ငါးနိုင်ငံက ပါဝင်ဖို့ ရည်ရွယ်ချက် မရှိကြပေ။
စစ်ပွဲပြီးရင် ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ လူတိုင်းအတွက် ခက်ခဲနေပြီ။ လူ့အခွင့်အရေးနှင့် အာဏာကို အကာအကွယ်ပေးသော မဟာမိတ်အဖွဲ့များ မရှိတော့ပေ။
ကမ္ဘာကြီး၏ ဖွဲ့စည်းပုံက ပြောင်းလဲသွားသည်။ ဟန်ချက်ပျက်သွား၏၊ စီးပွားရေးတွေ ပြိုလဲလုနီးနီး ဖြစ်နေပြီး၊ သယံဇာတနှင့် စစ်အင်အားသည် နိုင်ငံတစ်နိုင်ငံ၏ အာဏာကို တိုင်းတာရန် တစ်ခုတည်းသော စံဖြစ်လာသည်။ အရပ်သားတွေ၏ ခံစားချက်တွေက အရေးမကြီးတော့ဘူးလို့ မေပယ်လ်က ခံစားမိသောကြောင့် အရင်ကလို နိုင်ငံသားတွေကို အလုပ်အကျွေး မပြုတော့ပေ။ သူတို့အမြင်မှာတော့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ရမယ့် အချိန်ဖြစ်သည်။
ခေတ်ဟောင်းကုန်သွား၏။ အရာအားလုံး ပျက်စီးနေပြီး ပြန်လည်တည်ဆောက်ရန် စောင့်ဆိုင်းနေခြင်းဖြင့် တိုင်းပြည်ကို ပြန်လည်ပုံဖော်ရန် အခွင့်အလမ်းတစ်ခု ဖြစ်ခဲ့သောကြောင့် ၎င်းတို့သည် အစွန်းရောက်နည်းလမ်းကို ရွေးချယ်ခဲ့ကြသည်။
နိုင်ငံကို ထိတ်လန့်စေသော တိုက်ခိုက်မှုသည် မေပယ်လ်၏ အစိုးရအရာရှိများကို သတိပေးခဲ့သည်။ အရပ်သားတွေဆီကနေ 'လက်နက်' တွေ ပြန်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ အစိုးရတာဝန်ရှိသူများသည် ယခင်က ဤကဲ့သို့ စည်းလုံးမှုမရှိခဲ့ဘဲ၊ ၎င်းတို့သည် နှစ်ရက်အတွင်း ကြီးကြီးမားမား ထိရောက်မှုရှိသည့် တင်းကျပ်သောမူဝါဒ နှစ်ဆယ့်လေးခုကို အတည်ပြုခဲ့သည်။ အရာရှိများကို နှစ်ဆယ့်လေးနာရီလုံး အကာအကွယ်ပေးခြင်းသည် အခြေခံအကျဆုံးမူဝါဒဖြစ်ပြီး အရပ်သားများကို အဆင့်သတ်မှတ်ပေးသည့် ရူးသွပ်သူများပင် ရှိခဲ့သည်။ မြို့ကြီးပြကြီးများမှ မကြာခဏ နှင်ထုတ်ခံရသည့် 'အသားပုပ်များ' မကြာခဏဆိုသလို ရှိလာသည်။ 'အသားပုပ်များ' ဆိုသည်မှာ အသုံးမဝင်သည့် နိုင်ငံသားများကို သတ်မှတ်ထားခြင်းဖြစ်သည်။
ထို့ကြောင့် တိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုသည် ထူးဆန်းသောလမ်းကြောင်းသို့ ကျဆင်းသွားသည်။ တိုက်ခိုက်သူများသည် သာမန်ပြည်သူများမဟုတ်ကြောင်း မေပယ်လ်အစိုးရက ကြေညာခဲ့သည်။ တိုက်ခိုက်မှုကို စီစဉ်သည့် နိုင်ငံအတွင်း ဖောက်ပြန်သောအုပ်စုတစ်ခုရှိနေသည်။ သူတို့ရဲ့ လက်နက်တွေက အကောင်းဆုံး သက်သေဖြစ်၏။
မေပယ်လ်အစိုးရက ဒါဇင်နဲ့ချီတဲ့ သက်သေအထောက်အထားတွေကို စာရင်းပြုစုထားပါတယ်။ ဖောက်ပြန်ရေးအဖွဲ့ကို သိမ်းပိုက်ရန် အကြောင်းပြချက်ဖြင့် အရပ်ဘက်သို့ ပေးအပ်ထားသော အာဏာကို ပြန်လည်ရယူရန် အင်အားသုံး၍ 'ဖောက်ပြန်ရေးအဖွဲ့' ကို ဖိအားပေးရန်၊ 'နိုင်ငံတော်အတွက် ခြိမ်းခြောက်မှုဖြစ်နိုင်သည့်' မည်သူ့ကိုမဆို ကိုင်တွယ်ဖြေရှင်းရန် စတင်ခဲ့သည်။ ထို့နောက် သတင်းများကို အမှောင်ချလိုက်သည်။ အရပ်သားများကို လုံးဝထိန်းချုပ်ထားသော အလုပ်သမားအင်အားစုအဖြစ်သို့ ပြောင်းလဲလိုကြသည်။
အခန်း (၁၉၁) ပြီး၏။
လင်းဆက်
+++++