← Chapters

မျက်နှာတစ်ထောင်သူတော်စင်၏ရည်မှန်းချက်

Vol. 21 Ch. 281

မျက်နှာတစ်ထောင်သူတော်စင်၏ရည်မှန်းချက်

Vol. 21 Ch. 281

ထို့အပြင် ထိုကျင့်ကြံသူ၏အခြေခံအုတ်မြစ်သည် ပြင်ပဘုံမိစ္ဆာများ၏ ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။

ဝိညာဉ်နက်တောင်ကြား၏လူများက ပြင်ပလောကရှိလူများနှင့် တစ်ခါတလေမှ အဆက်အသွယ်ပြုလုပ်တတ်သောကြောင့် ထိုကိစ္စအား အံ့အားသင့်နေစရာမလိုတော့ပေ။

သူတို့သည် ပြင်ပဘုံကျင့်ကြံသူများ၏ အကြွင်းအကျန်များ ဖြစ်ကြသည်။

အငြိုးအတေးစွမ်းအင်နှင့် အဖြူရောင်အရိုးများ ရစ်ပတ်ကာ ပေါက်ကွဲသွားကြသည်။

သူ့ရှေ့မှာ ဝိညာဉ်နက်တောင်ကြား၏ မရေမတွက်နိုင်လောက်သောကျင့်ကြံသူများ ထွက်ပေါ်လာကြ၏။

အငြိုးကြီးဝိညာဉ်များက ဟိန်းဟောက်နေကြသည်။

ဝိညာဉ်နက်တောင်ကြား၏ကျင့်ကြံသူများသည် အနောက်ဘက်နယ်စပ်ကုန်းမြေက သက်ရှိများ၏သွေးများဖြင့် စွန်းထင်းနေကြသည်။

ကောင်းကင်ထက်တွင် ရှိနေသော လှုပ်ရှားနေသည့်တစ္ဆေများကိုကြည့်လိုက်ပြီး ဟန်မူယဲ့၏မျက်လုံးထဲတွင် ရွှေအလင်းများ ဖြစ်ပေါ်လာသည်။

‘ဓားကျင့်ကြံခြင်းက လောကရဲ့မတရားမှုနဲ့ အမှောင်ထုကို ပုန်းကွယ်စရာနေရာမရှိအောင် အလင်းပေးဖို့ပဲမဟုတ်လား’

‘မိစ္ဆာကျင့်ကြံသူတွေကိုမသတ်ရင် ဓားကျင့်ကြံသူရဲ့ဓားဆိုတာဟာ သတ္တုအစိတ်အပိုင်းတစ်ခုထက် မပိုဘူး’

‘ဒီနေ့မှာ ဝိညာဉ်နက်တောင်ကြား ပျက်စီးရမယ်’

ဟန်မူယဲ့၏ကိုယ်ထဲမှ ဓားဆန္ဒများ ပေါ်ထွက်လာကြသည်။

သူ့နောက်မှာ တာအိုဆရာတယန်က ရှုပ်ထွေးသောမျက်နှာထားဖြင့် သူ့ကိုကြည့်နေသည်။

ယခုအချိန်တွင် ဟန်မူယဲ့သည် နှလုံးသားထဲတွင် ဓားတာအိုနှင့် ဓားလမ်းစဉ်ကိုသာ ဂရုစိုက်သော ဓားဘုရင်ယွမ်ထျန်းနှင့် တူနေသည်။

ပေါက်ကွဲနေသော အနက်ရောင်မိစ္ဆာအငွေ့အသက်များသည် ဓားမော့တစ်လက်အဖြစ် စုစည်းသွားသည်။

ဓားမော့ပေါ်ထွက်လာသည်တွင် ဟန်မူယဲ့ကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားလိုက်သည်။

ထိုဓားမော့သည် ဝိညာဉ်နှင့် အငြိုးအတေးများကို စုစည်းထားခြင်းဖြစ်သည်။

ထိုအရာက ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူ၏ ခွန်အားဖြစ်သည်။

ထိုဓားမော့သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်အောက်တွင် ရှိနေသော လူတိုင်းကို တစ်ချက်တည်းဖြင့် သတ်ပစ်နိုင်သည်။

ဟူး…

ဓားမော့အလင်းသည် တစ္ဆေများနှင့်အတူ ဘီးလုံးတစ်လုံးသဖွယ် ကျဆင်းလာသည်။

ဓားမော့သည် ဟန်မူယဲ့၏ရှေ့တွင် ရှိနေသော မရေမတွက်နိုင်လောက်သည့် ဝိညာဉ်များကို ဖျက်ဆီးပစ်လိုက်သည်။

ထိုဝိညာဉ်များမှာ လွင့်မျောနေပြီး ထပ်မံမစုစည်းနိုင်တော့ပါ။

ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူက ရယ်မောလိုက်၏။

သန့်စင်သောဝိညာဉ်များက အလွန်အားပြည့်စေသည်။

“ဒီပစ္စည်းကောင်းတွေကို ပို့ပေးတဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်”

လေတိုးသံတစ်ခုနှင့်အတူ မိစ္ဆာပုံရိပ်တစ်ခုသည် မြွေကြီးတစ်ကောင်အသွင်သို့ ပြောင်းသွားပြီး ပါးစပ်ကြီးအား ဟလိုက်သည်။ ဆွဲငင်အားလှိုင်းများ ဖြစ်ပေါ်ထွက်လာပြီး ဟန်မူယဲ့နှင့် ဝိညာဉ်များကိုဝါးမျိုရန် ကြိုးစားလိုက်သည်။

ဝိညာဉ်နက်တောင်ကြား၏ မိစ္ဆာပုံရိပ်သည် ကောင်းကင်ဘုံတစ်ဝက်အဆင့်ထက် သန်မာသည်။

မိစ္ဆာပုံရိပ်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင်ရှိပြီး ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများကို ကြောက်နေသောကြောင့်မဟုတ်လျှင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပေလိမ့်မည်။

မိစ္ဆာပုံရိပ်မြွေကြီးက ဟိန်းဟောက်လိုက်သည်။ မြွေ၏အငွေ့အသက်က ကောင်းကင်ဘုံကို ဝါးမျိုနေသကဲ့သို့ ပြင်းထန်လာသည်။

စွန့်ပစ်မြေတစ်ခုလုံး တုန်ခါသွား၏။ စွန့်ပစ်မြေ၏အပြင်ဘက်မှကြည့်ပါက ကောင်းကင်ကိုထောက်ပံ့ပေးထားသော မိစ္ဆာပုံရိပ်ကို မြင်နိုင်သည်။

အပြင်ဘက်တွင်ရှိသော ကျွမ်းကျင်သူလူငယ်များ၏ တိုက်ခိုက်ရေးအားမာန်များမှာ ပျောက်ကွယ်သွားကြသည်။

ကံကောင်းစွာဖြင့် သူတို့က စိတ်လိုက်မာန်ပါဖြင့် ဟန်မူယဲ့နောက်သို့ လိုက်မသွားခဲ့ပေ။

ကြောက်စရာ ထိုမိစ္ဆာ၏အရှေ့တွင် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူမဟုတ်လျှင် ရှင်သန်နိုင်မည် မဟုတ်ပေ။

စွန့်ပစ်မြေထဲတွင် ဟန်မူယဲ့က ကောင်းကင်ကိုလွှမ်းခြုံထားသော မိစ္ဆာပုံရိပ်ကို ကြည့်သည်။

သည်မိစ္ဆာကား အလွန်သန်မာ၏။

၎င်းသည် သူ စိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။

ယနေ့တိုက်ပွဲတွင် သူ ရှင်သန်နိုင်ရန် မသေချာပါ။

ထို့ကြောင့်ပင် သူ့သွေးကြောများထဲတွင် စိတ်အားထက်သန်မှုများက ပိုမိုစီးဆင်းအားကောင်းလာသည်။

တိုက်မယ်…

ထိုအချိန်၌ ဟန်မူယဲ့၏ခေါင်းထက်တွင် ဓားအလင်းတစ်ခုပေါ်ထွက်လာသည်။

“ကောင်လေးဟန်၊ ငါက မင်းနဲ့အတူ ရူးသွပ်လိုက်မယ်’

“ဓားဆေးလုံးကိုသုံး”

တာအိုဆရာတယန်၏အသံ ပေါ်ထွက်လာသည်။ ထို့နောက် ဓားဆေးလုံးလေးလုံးထဲက တစ်လုံးသည် အပြင်သို့ ပျံထွက်လာ၏။

တယန် ဓားဆေးလုံး…

ဟန်မူယဲ့က ခပ်ဟဟရယ်ပြီး လက်မြှောက်သည်။ သူ့ချီပင်လယ်ထဲတွင်ရှိသောဓားဆန္ဒသည် ဓားဆေးလုံးထဲသို့ တိုးဝင်သွားသည်။

“သောက်ကျိုးနည်း”

“မြေအမျိုးအစားဓားမာန်ဟုန်ကို ဘယ်အချိန်က ပျိုးထောင်လိုက်တာလဲ”

“ကျေနပ်စရာကောင်းလိုက်တာ ....”

“ငါက ပြိုင်ဘက်ကင်းနေတယ်လို့ ခံစားရတယ်”

ဓားဆေးလုံးထဲမှ တာအိုဆရာတယန်၏အသံကို ကြားရသည်။

ကြယ်တစ်စင်းနှင့်တူသော အဝါရောင်အလင်းတစ်ခုသည် အလင်းလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားသည်။

ထိုအလင်းရောင်သည် ကောင်းကင်ကိုလွှမ်းခြုံထားသော မိစ္ဆာပုံရိပ်အား နောက်ဆုတ်သွားစေသည်။

“ကြယ်အမှတ်”

တာအိုဆရာတယန်က အော်ဟစ်သည်။

ဟန်မူယဲ့က ခေါင်းညိတ်ပြီး လက်မြှောက်သည်။

ကြယ်…

ပေတစ်သောင်းရှိသောကြယ်တစ်စင်းသည် ‌ကောင်းကင်ထက်၌ ပျံသန်းလာသည်။ ထို့နောက် အောက်သို့ ကျဆင်းလာသည်။

ဧရာမမြွေကြီးတစ်ကောင်အဖြစ်သို့ ပြောင်းထားသော ပေတစ်ရာမြင့်သည့်မိစ္ဆာက ခေါင်းမော့လိုက်ပြီး ကျဆင်းလာသော ပေတစ်သောင်းကြယ်အလင်းလုံးကို ကြောင်အစွာကြည့်နေသည်။

“မင်းရူးနေတာ…”

ဝုန်း...

ကြယ်တစ်စင်း ကျဆင်းလာသည်။

ထိုအချိန်၌ စွန့်ပစ်မြေတစ်ခုလုံး ဗြောင်းဆန်သွားသည်။

တိုက်ကွက်တစ်ခု‌ကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ခုလုံး တုန်ခါသွားသည်။

ဓားအလင်းများ ပေါက်ကွဲသွားသည်။

ဥက္ကာခဲမှာ ကွဲကြေသွားသည်။

မြေလွှာများ လှိုင်းထသွားသည်။

ကောင်းကင်နှင့် မြေကြီး၏စွမ်းအားကိုအသုံးပြုထားသော ကြယ်အမှတ်သည် ကြယ်တစ်စင်းကြွေကျလာခြင်းနှင့် ဆင်တူသည်။ တိုက်ကွက်တစ်ကွက်ကြောင့်‌ မြေပြင်များ အက်ကွဲသွားသည်။

ကမ္ဘာမြေအဆင့်ကျွမ်းကျင်သူများက ထိုစွမ်းအားမျိုး မရှိနိုင်ပေ။

ဝိညာဉ်သူငယ်ဒုတိယအဆင့်၏အောက်တွင်ရှိသော ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူများသည်ပင် မိုင်တစ်သောင်းပတ်လည်ကို တိုက်ကွက်တစ်ကွက်တည်းဖြင့် မဖျက်ဆီးနိုင်ပေ။

ကောင်းကင်နှင့် မြေကြီးကြားတွင် ဖုန်မှုန့်နှင့် မီးခိုးများရှိနေသည်။

မည်းမှောင်နေသော ပျက်စီးဝိညာဉ်စွန့်ပစ်မြေမှာ အဝါရောင်သန်းသွားသည်။

မြေသင်းနံ့များ ရနေသည်။

ပျက်စီးဝိညာဉ်စွန့်ပစ်မြေတွင် ထိုရနံ့မျိုးကို နှစ်ပေါင်းများစွာကြာအောင် မရခဲ့ပေ။

ထိုရနံ့က ရှင်သန်ခြင်းအဓိပ္ပာယ်ကို သယ်ဆောင်ထားသော ကမ္ဘာမြေ၏ ရနံ့ဖြစ်သည်။

တိုက်ကွက်တစ်ကွက်တည်းဖြင့် ဝိညာဉ်နက်တောင်ကြားတစ်ခုလုံး ပျက်စီးသွားသည်။

သူတို့တွင် ကျွမ်းကျင်သူအများအပြားရှိသော်လည်း အမှုန့်ဖြစ်သွားကြသည်။

အငြိုးအတေးကိုကျင့်ကြံသော မိစ္ဆာကျင့်ကြံသူများအနေဖြင့် ထိုသို့သောအကျိုးဆက်မျိုးကို ခံယူသင့်သည်။

တိမ်များရွေ့လျားသွားပြီး အဆုံးမရှိသောတုန်ခါမှုများက စွန့်ပစ်မြေမှ ထွက်ပေါ်လာသည်။

စွန့်ပစ်မြေ၏အပြင်တွင် စောင့်ကြည့်နေသောကျင့်ကြံသူများက မျက်နှာအမူအရာများ ပြောင်းလဲသွားပြီး လျင်မြန်စွာနောက်ဆုတ်ကြသည်။

စွမ်းအားလှိုင်းသက်ရောက်မှုက အလွန်အားကောင်းပြီး မြေဓာတ်စွမ်းအားကို ပြောင်းလဲသွားစေသည်။ ကမ္ဘောမြေဝိညာဉ်နိုးထခြင်းနှင့် သွေးကြောဖွင့်အဆင့် ကျွမ်းကျင်သူများက လောကဓာတ်၏ဖိနှိပ်မှုကို ခံလိုက်ရသည်။

စွန့်ပစ်မြေသည် လှိုင်းထနေပြီး အနောက်ဘက်နယ်စပ်ကုန်းမြေမှာ တုန်ခါသွားသည်။

…

အနောက်ဘက်နယ်စပ်ကုန်းမြေ၊ လင်တောက်တာအိုဂိုဏ်း…

စိမ်းလန်းနေသောတောင်များကို အင်မော်တယ်စွမ်းအင်များဖြင့် လွှမ်းခြုံထားသည်။

ဒေါင်…

ကောင်းကင်ထက်တွင် ခမ်းနားလှသော ခေါင်းလောင်းမြည်သံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် တောင်ထိပ်မှ ရွှေအလင်းများကျဆင်းလာပြီး မိုင်တစ်ရာပတ်လည်တွင်ရှိသော ဂိုဏ်းတစ်ဂိုဏ်းလုံးကို လွှမ်းခြုံလိုက်သည်။

ထိုသို့ လွှမ်းခြုံလိုက်သောအချိန်၌ ကမ္ဘာမြေကြီးအက်ကွဲသွားသကဲ့သို့ ငလျင်တစ်ခု လှုပ်လာသည်။

အလင်းလွှာထဲမှ ခမ်းနားသောခန်းဆောင်တစ်ခု၏ရှေ့တွင် အစိမ်းရောင်ဝတ်စုံနှင့် လူအိုကြီးများ တန်းစီရပ်နေကြသည်။

ရှေ့ဆုံးတွင်ရှိသော မုတ်ဆိတ်ဖြူနှင့် လူအိုကြီးက အဝေးတွင် ရှိနေသော ဖုန်မှုန့်များကိုလှမ်းကြည့်ပြီး လေးနက်စွာပြောသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေက တုန်ခါနေတယ်။ ဒီတိုက်ပွဲမျိုးနဲ့ဆိုရင် သူက အနည်းဆုံးတော့ ကောင်းကင်ဘုံအဆင့်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်ထားတယ်”

အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ရှိနေသော လူတိုင်းက ဝိညာဉ်နက်တောင်ကြား၏တိုက်ပွဲကို အာရုံစိုက်ထားသည်။

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းဖြစ်သော လင်တောက်တာအိုဂိုဏ်းက ဖြစ်ရပ်များအားလုံးကို ရှင်းလင်းစွာသိနေကြသည်။

ထို့ကြောင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်သို့ရောက်နေသောအကြီးအကဲများက ထိတ်လန့်သွားကြခြင်းဖြစ်သည်။

တစ်ဖက်တွင် ခရမ်းရောင်တာအိုသရဖူနှင့် သက်လတ်ပိုင်းအရွယ်လူကြီးက အပြုံးတစ်ခုနှင့်အတူ ပြောသည်။

“လွန်ခဲ့တဲ့နှစ်ထောင်ချီအတွင်းမှာ ငါတို့လင်တောက်ဂိုဏ်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ဖိနှိပ်နိုင်ခဲ့တယ်”

“ဒါပေမဲ့ ဓားစံအိမ်ရဲ့အမွေအနှစ်က ကျင့်ကြံခြင်းလောကရဲ့စည်းမျဉ်းတွေကို တကယ်ကိုချိုးဖောက်နိုင်တယ်”

“ဓားတစ်လက်ကိုစုစည်းပြီး ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူကိုတိုက်ခိုက်ဖို့ နှစ်ပေါင်းခြောက်ဆယ်ပဲလိုအပ်တယ်”

“အဲဒီလိုအမွေအနှစ်မျိုးက တကယ်ဖွံ့ဖြိုးလာရင် တခြားမိသားစုတွေက ဘယ်လိုရှင်သန်ရတော့မှာလဲ”

သူ့စကားများကို ကြားလိုက်ရသောအခါတွင် လူအများအပြားက ခေါင်းညိတ်သည်။

လင်တောက်တာအိုဂိုဏ်း၊ ထိုက်ရီဓားဂိုဏ်းနဲ့ ရှန့်ယန်မိစ္ဆာဂိုဏ်းတို့က ဓားစံအိမ်ကိုဖိနှိပ်ရန်အတွက် အချင်းချင်းနားလည်မှုယူထားကြသည်။

ဓားစံအိမ်၏အမွေအနှစ်က ထင်ပေါ်လာခြင်းမရှိခဲ့ပေ။

ယနေ့တွင်တော့ မတူတော့ပေ။

ဟန်မူယဲ့သည် ဓားစံအိမ်မှာ ကြာမြင့်စွာမနေရသေးသော်လည်း ထိုသို့သော တိုက်ခိုက်နိုင်စွမ်းမျိုးကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

ဟန်မူယဲ့သာ ပိုမိုသန်မာရန် အချိန်အနည်းငယ်ထပ်ရနိုင်ပါက အနောက်ဘက်နယ်စပ်ကုန်းမြေ၌ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အရာရာကို စိုးမိုးနိုင်ပေလိမ့်မည်။

“ဟင်း… ကံကောင်းလို့ ဟန်မူယဲ့က တစ်ယောက်တည်းပဲရှိတယ်”

ရှေ့ဆုံးတွင် ရှိနေသော တာအိုတန်ခိုးရှင်က ပြုံးလိုက်ပြီး ညင်သာစွာပြောသည်။

“ပြီးတော့ ဒီနေ့တိုက်ပွဲပြီးသွားတဲ့အချိန်မှာ တိုက်ခိုက်နိုင်စွမ်း ဘယ်လောက်ကျန်ဦးမှာလဲ”

ဓားစံအိမ်တွင် ကျင့်ကြံခြင်းသည် ဝိညာဉ်လိပ်ပြာဓားချီကို စုစည်းခြင်းလည်း ဖြစ်သည်။

တိမ်မြုံကမ်းပါးတိုက်ပွဲမှာ ဟန်မူယဲ့ နာမည်ကြီးလာခြင်းမှာ ဓားတာအို၊ ဓားလမ်းစဉ်၏ ပြိုင်ဘက်ကင်းပါရမီကို ထုတ်ပြခဲ့သည့်အပြင် ဝိညာဉ်လိပ်ပြာဓားချီကိုမှီခို၍ ထူစွန်းရှစ်နှင့် ပူးပေါင်းပြီး မိစ္ဆာကျွမ်းကျင်သူကို တိုက်ခိုက်ခဲ့သောကြောင့်ဖြစ်သည်။

ဟန်မူယဲ့၏ကျင့်ကြံဆင့်က ထည့်တွက်စရာမဟုတ်ပေ။

ဝိညာဉ်လိပ်ပြာဓားချီသာ ကုန်ခမ်းသွားပါက ဓားတာအို၊ ဓားလမ်းစဉ်၏ ပြိုင်ဘက်ကင်းပါရမီနှင့် အဆင့်မြင့်ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်လျှင်ပင် အလွန်ဆုံး ကမ္ဘာမြေ သွေးကြောဖွင့်အဆင့် တိုက်ခိုက်နိုင်စွမ်းကိုသာ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

ထိုခွန်အားက ရွယ်တူများကြားတွင် မဆိုးပေ။

သို့သော်လည်း အနောက်ဘက်နယ်စပ်ကုန်းမြေတွင် သူ့ကိုအနိုင်ယူနိုင်သောလူများ မရေမတွက်နိုင်အောင် ရှိနေသည်။

ဟန်မူယဲ့သည် ယနေ့တိုက်ပွဲ၌ အသက်ရှင်နိုင်ခဲ့လျှင်ပင် သာမန်လူသားတစ်ယောက်အဆင့်ထက် မပိုတော့ပါ။

တာအိုတန်ခိုးရှင်တစ်ယောက်က ပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ငါတို့လင်တောက်တာအိုဂိုဏ်းကို စိတ်အေးသွားအောင်လို့ ဟန်မူယဲ့ရဲ့ကျင့်ကြံခြင်းကို တမင်ဖျက်ဆီးခဲ့တာလား”

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထိုသို့သော အပြုအမူမျိုး အများအပြားလုပ်ခဲ့သည်။

လင်တောက်တာအိုဂိုဏ်း၏အမြင်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အမြီးဖြုတ်ထားခဲ့သော တောက်တဲ့တစ်ကောင်နှင့် တူသည်။ ထိုတောက်တဲ့သည် ကိုယ့်ကိုယ်ကိုယ်ထိခိုက်ခံပြီး လွတ်မြောက်နိုင်လိမ့်မည်ဟု ထင်နေသည်။

အမှန်အတိုင်းပြောရလျှင် ဤနှစ်များအတွင်းမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ထင်ပေါ်မလာခဲ့ပေ။

“ပထမအကြီးအကဲရဲ့ဆုံးဖြတ်ချက်ကို စောင့်ကြတာပေါ့”

တစ်ယောက်က တည်ငြိမ်စွာပြောသည်။

ပထမအကြီးအကဲ…

မျက်နှာတစ်ထောင်သူတော်စင်…

သူသည် လက်ရှိတွင် တံခါးပိတ်ကျင့်ကြံနေသည်။

ထိုအချိန်၌ လင်တောက်တာအိုဂိုဏ်း၏နောက်တွင်ရှိသော လျှို့ဝှက်အခန်းထဲတွင် ဝိညာဉ်စွမ်းအားများနှင့် လွှမ်းခြုံနေသော မျက်နှာတစ်ထောင်သူတော်စင်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။

သူ့မျက်လုံးထဲတွင် အစိမ်းရောင်ဝိညာဉ်အလင်းများ ဖြတ်ပြေးသွားသည်။

“ဓားတာအို၊ ဓားလမ်းစဉ်ရဲ့ အင်မော်တယ်ဟန်မူယဲ့”

“စပါးစိမ်းတောင်ကုန်းမှာ ငါ့ကိုယ်ပွားသေသွားတာက ဒီလူနဲ့ဆိုင်တယ်လို့ ဘာဖြစ်လို့ခံစားမိနေတာလဲ”

“ငါ့ကိုယ်ပွားဆီက သတင်းအချက်အလက်တွေပြန်မရနိုင်တာ ကံဆိုးတာပဲ”

မျက်နှာတစ်ထောင်သူတော်စင်က ဒေါသထွက်နေသကဲ့သို့ သူ့ကိုယ်ပေါ်တွင်လည်း ချီစွမ်းအားများ သွယ်ယှက်လာသည်။

ကိုယ်ပွားသေဆုံးသွားသည့်အတွက် သူသည်လည်း အတော်လေးထိခိုက်သွားသည်။

“အနောက်ဘက်နယ်စပ်ကုန်းမြေ၊ ကောင်းကင်အံ့ဖွယ်ကမ္ဘာ။ ငါ့ရဲ့ လင်တောက်တာအိုဂိုဏ်းက ဒီကမ္ဘာကနေ ထွက်သွားမယ်ဆိုရင်တောင် လက်ဗလာနဲ့ ထွက်သွားမှာမဟုတ်ဘူး”

“ယူသင့်တာကိုယူပြီး သတ်သင့်တာကို သတ်ရမယ်”

မျက်နှာတစ်ထောင်သူတော်စင်က လက်မြှောက်လိုက်သောအခါတွင် သူ့ရှေ့တွင် ရှိနေသောလေဟာနယ်ကို အစိမ်းရောင်ချီစွမ်းအင်များ လွှမ်းခြုံသွားသည်။

အလျင်လိုစရာမလိုပေ။

တံခါးပိတ်ကျင့်ကြံခြင်းမှ သူထွက်လာလျှင် အနောက်ဘက်နယ်စပ်ကုန်းမြေကို မြေလှန်ပြီး အရင်းအမြစ်များ လုယူရမည်။

…

အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ချောက်ကမ်းပါးတစ်ခုပေါ်မှာဖြစ်သည်။

အနက်‌ရောင်ဝတ်စုံဖြင့်လူအိုကြီးတစ်ဦးသည် အဝေးကို ကြည့်နေသည်။

ထိုနေရာတွင် မီးခိုးနှင့် ဖုန်မှုန့်များရှိနေပြီး ကောင်းကင်တစ်ဝက်ခန့်ကို လွှမ်းခြုံရန်ကြိုးစားနေသည်။

All Chapters