ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာဖေး
Vol. 21 Ch. 282
ဤနေရာသည် ဝိညာဉ်နက်တောင်ကြားနှင့် ဝေးကွာသောကြောင့် သူက တုန်ခါမှုအနည်းငယ်နှင့် အဝေးတွင် ဖြစ်ပေါ်လာသော ဖုန်မှုန့်များကိုသာ မြင်နိုင်သည်။ တခြားအရာကို မခံစားနိုင်ပေ။
ထိုလူအိုကြီး၏မျက်လုံးများက နက်ရှိုင်းနေပြီး သူက တီးတိုးပြောသည်။
“တယန်လား”
“အဲဒီကလေးက တစ်ခါတလေမှာ ကြမ်းတမ်းတယ်”
“တယန်ကို ဘယ်လိုမျိုးဆက်သစ်က ထိန်းချုပ်ထားနိုင်သလဲဆိုတာ သိချင်မိတယ်”
“သူက သခင်ကလွဲပြီး တခြားလူတွေအားလုံးကို အထင်သေးတယ်…”
လူအိုကြီးက အဝေးတွင် ရှိနေသော ဖုန်မှုန့်နှင့် မီးခိုးများကိုကြည့်လိုက်ပြီး သူ့နောက်တွင် ရှိနေသော တောင်တန်းများကို လှည့်ကြည့်သည်။
သူ့ခန္ဓာကိုယ်ပေါ်တွင် လေးနက်သောဓားအလင်းတစ်ခုထွက်လာပြီး ပျောက်ကွယ်သွားသည်။
“သခင်က အနောက်ဘက်နယ်စပ်ကုန်းမြေကို ကာကွယ်ဖို့အတွက် ငါ့ကို တာဝန်ပေးခဲ့တယ်။ အနောက်ဘက်နယ်စပ်ကုန်းမြေကို ထိန်းချုပ်နိုင်တဲ့လူပေါ်လာရင် ငါက အင်မော်တယ်ဝိညာဉ်ကမ္ဘာကိုသွားပြီး သခင့်ကိုရှာမယ်”
“နှစ်ပေါင်းခြောက်ထောင်ရှိနေပြီ။ ဓားတာအိုရဲ့အင်မော်တယ်၊ မင်းက ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
....
ပျက်စီးဝိညာဉ်စွန့်ပစ်မြေထဲတွင် ဟန်မူယဲ့၏တိုက်ခိုက်မှုက ဝိညာဉ်နက်တောင်ကြားတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်သည်။
ဟန်မူယဲ့သည် လေထုထဲတွင် ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ရပ်နေသည်။
သူသည် အချိန်အတော်ကြာအောင်ပျိုးထောင်ခဲ့သော ဓားမာန်ဟုန်ကို ကုန်ဆုံးသွားစေပြီး ကောင်းကင်နှင့် မြေကြီးကို ကွဲကြေသွားစေနိုင်သော ဓားချက်အား ထုတ်ဖော်ခဲ့သည်။
၎င်းသည်ပင် ဓားကျင့်ကြံသူတစ်ဦး၏ အဓိပ္ပာယ်ဖြစ်သည်။
‘ပျော်စရာကောင်းလိုက်တာ ....’
ဓားဆေးလုံးတစ်လုံးသည် သူ့ထံသို့ ပျံသန်းလာသည်။
တာအိုဆရာတယန်၏လူအသွင် ပေါ်ထွက်လာသည်။ သူ့မျက်နှာက နီရဲနေပြီး သူ့ခြေထောက်များက အားနည်းနေသည်။
“ပြင်ပဘုံကျင့်ကြံသူတစ်ယောက်ကို တစ်ချက်တည်းနဲ့မသတ်ရတာ နှစ်ပေါင်းရှစ်ထောင်ရှိပြီ”
တာအိုဆရာတယန်က ရှုပ်ထွေးသောမျက်နှာထားဖြင့် ဟန်မူယဲ့ကို ကြည့်သည်။
“မင်းအတွက် အခွင့်အရေးရှိတယ်”
အခွင့်အရေး…
‘ဓားဘုရင်ယွမ်ထျန်းနောက်တစ်ယောက်ဖြစ်လာဖို့ ဒါမှမဟုတ် သူ့ကိုကျော်ဖြတ်သွားနိုင်ဖို့ အခွင့်အရေးရှိတာလား’
‘ဒါမှမဟုတ် တာအိုဆရာတယန်ရဲ့ သခင်ဖြစ်လာဖို့ အခွင့်အရေးရှိတာလား’
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ဓားဆေးလုံးကို ဆုပ်ကိုင်လိုက်သည်။
သူထုတ်ဖော်ခဲ့သောဓားချက်က လောကစွမ်းအားများပါနေသည်။
ထိုဓားနည်းစနစ်မျိုးကို အသုံးပြုလိုက်ခြင်းက သူ့အတွက် စိတ်ကူးမယဉ်နိုင်လောက်သော အတွေ့အကြုံမျိုးဖြစ်သည်။
‘ကျင့်ကြံခြင်းက ဒီလိုမျိုးပဲမဟုတ်လား’
ပတ်ဝန်းကျင်တွင် ရှိနေသောဖုန်မှုန့်များ ငြိမ်သက်သွားကြောင်းမြင်လိုက်ရသောအခါတွင် ဟန်မူယဲ့က ပြန်လည်ဆင်းသက်လာသည်။
သူက ဝိညာဉ်နက်တောင်ကြားကို ဖိနှိပ်လိုက်ပြီဖြစ်သောကြောင့် ဆက်နေစရာမလိုတော့ပေ။
ဤတိုက်ပွဲပြီးသွားသောအခါတွင် သူသည် တခြားကျင့်ကြံသူများကိုတိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။
ဓားအလင်းသည် လေထုကို ထိုးခွဲသွားသည်။
ထိုအချိန်၌ ပေထောင်ချီအကွာတွင် ရှိနေသော မရေမတွက်နိုင်လောက်သည့်ကျင့်ကြံသူများက သည်းမခံနိုင်တော့ဘဲ စွန့်ပစ်မြေထံသို့ ပျံသန်းလာနေကြသည်။
သူတို့အားလုံးက တိုက်ပွဲရလဒ်ကို တွေ့မြင်လိုကြသည်။
‘အင်မော်တယ်ဟန်က ဝိညာဉ်နက်တောင်ကြားကို နှိမ်နင်းလိုက်ပြီလား ဒါမှမဟုတ် ဝိညာဉ်နက်တောင်ကြားက အကောင်းအတိုင်းရှိနေတုန်းပဲလား’
ကောင်းကင်ထက်တွင် အလင်းတန်းတစ်ခု ရှိသည်။
စွန့်ပစ်မြေတွင် အဝါရောင်ဖုန်မှုန့်များသည် ငြိမ်သက်သွားပြီးဖြစ်ကာ အပြာရောင်ကောင်းကင်ကို ဖြည်းဖြည်းချင်းဖော်ပြနေသည်။
‘အင်မော်တယ်ဟန်က ဓားတာအိုလမ်းစဉ်မှာ အနိုင်ရသွားတာလား’
“ဓားအလင်းပဲ”
ရုတ်တရက်ဆိုသလိုပဲ လူတစ်ယောက်က အော်ဟစ်လိုက်သည်။
ဓားအလင်းတစ်ခု ဖြစ်သည်။
ရှေ့တွင် ဓားအလင်းတစ်ခုသည် တိမ်တိုက်များကိုထိုးခွဲလျက် ကောင်းကင်၌ ပျံသန်းနေသည်။
ဓားကျင့်ကြံသူ…
ဤနေရာတွင် ရှိနေသော ဓားကျင့်ကြံသူဆိုပါက ဓားတာအိုလမ်းစဉ်၏ အင်မော်တယ်ဟန်ဖြစ်ပေလိမ့်မည်။
သူ အနိုင်ရခဲ့သည်။
ဝိညာဉ်နက်တောင်ကြား ဖျက်ဆီးခံလိုက်ရသည်။
“အဲဒါက ဟန်မူယဲ့ပဲ”
“ဘုရားရေ… ဒီလောကမှာ ဝိညာဉ်နက်တောင်ကြားကို တစ်ယောက်တည်းဖျက်ဆီးနိုင်တဲ့ ဓားတာအိုလမ်းစဉ် ကျွမ်းကျင်သူတစ်ယောက် ရှိသေးတာလား”
“ဓားကျင့်ကြံသူတွေဖြစ်တဲ့ငါတို့က မိုင်ထောင်ချီကိုလွှမ်မိုးပြီး နတ်ဆိုးမိစ္ဆာတွေကို သတ်ဖြတ်သင့်တယ်”
မရေမတွက်နိုင်သောလူများက အော်ဟစ်အားပေးကြသည်။
ထိုအချိန်၌ ဓားကျင့်ကြံသူများအားလုံးက ပျော်ရွှင်မှုကို မဖိနှိပ်နိုင်ကြတော့ပါ။
“ဒီကလေးက ဝိညာဉ်နက်တောင်ကြားကို တစ်ယောက်တည်းနဲ့ ပြားကပ်သွားအောင်လုပ်နိုင်မယ်လို့ ထင်မထားခဲ့ဘူး”
လေထုထဲတွင်ရပ်နေသော မူမိသားစုခေါင်းဆောင်က မုတ်ဆိတ်မွေးကိုပွတ်သပ်လိုက်ပြီး ညင်သာစွာပြောသည်။
“သူက ငါတို့ရဲ့မူဝမ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိပုံပဲ ....”
သူ့ဘေးတွင် နတ်မိမယ်ပီအိုနေး၏မျက်လုံးများက တောက်ပသွားသည်။ သူမက လက်ကိုဆန့်ထုတ်ပြီး ခေါင်းဆောင်မူ၏ခါးကို ဆွဲလိမ်သည်။
“လူအိုကြီး၊ ဒါကို စောစောစီးစီး စီစဉ်ထားရမှာ”
ထန်ယွမ်ဟောင်နှင့် ကျိုးယွင်လုံတို့သည် အတူတူရပ်လျှက် အဝေးတစ်နေရာတွင် ပျံသန်းနေသောဓားအလင်းကို အံ့အားသင့်စွာကြည့်သည်။
“ဒါက ဓားတာအို၊ ဓားလမ်းစဉ်ပဲ”
“ဓားကျင့်ကြံသူတွေအားလုံးက ဒီလိုပဲဖြစ်သင့်တယ်”
ကျိုးယွင်လုံက ထန်ယွမ်ဟောင်ကို လှည့်ကြည့်ပြီး တီးတိုးပြောသည်။
‘မင်းက အမှောင်ထဲမှာရောက်နေပေမဲ့ နှလုံးသားထဲမှာ အလင်းရောင်ရှိတယ်။ သခင်က ကောင်းကင်ဘုံအထိရောက်သွားနိုင်မယ့်လမ်းကို ပြပေးလိမ့်မယ်”
ထန်ယွမ်ဟောင်က ခေါင်းညိတ်လိုက်ပြီး လက်သီးဆုပ်သည်။
လူတစ်ယောက်နှင့် ဓားတစ်လက်က ဂိုဏ်းကြီးတစ်ဂိုဏ်းကို ဖျက်ဆီးခဲ့သည်။
တခြားလူများမလုပ်ရဲသော၊ တခြားလူများမသတ်ရဲသော၊ တခြားလူများမတွေးရဲသော အရာမျိုးကို ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးသွားသည်။
ထိုအရာက ဓားကျင့်ကြံသူဖြစ်သည်။
ဟန်မူယဲ့ပြောခဲ့သောစကားကို သူမှတ်မိနေသည်။
ဓားကျင့်ကြံသူတစ်ယောက်သည် နှလုံးသားထဲတွင် ဓားရှိသင့်သည်။
ကောင်းကင်ထက်တွင် ရှိနေသော ဓားအလင်းအဖြစ်ပြောင်းလဲသွားသည့် ဟန်မူယဲ့၏အမူအရာမှာ ထူးခြားသွားခြင်း မရှိပါ။
သူက မတူညီသောလူနှစ်ယောက် ဖြစ်သွားပုံပေါ်သည်။
ဓားအလင်းကိုစီးနင်းရင်း ဘုံကိုးပါးထက်တွင် လွင့်မျောလျက် အောက်တွင်ရှိသောလောကကို ငုံ့ကြည့်နေပုံ ပေါ်သည်။
ထိုအရာသည် ကောင်းကင်တာအိုကို သုံ့သပ်နေခြင်းဖြစ်သည်။
သူက မိုင်ငါးသောင်းအတွင်းတွင်ရှိသော စွမ်းအားများကိုစုစည်းပြီး မိစ္ဆာကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။
ထိုတိုက်ကွက်ပြီးသွားသောအခါတွင် သူ့တာအိုက ပြီးပြည့်စုံခြင်းနှင့် နီးကပ်လာသည်။
ထို့ကြောင့် ယခုအချိန်တွင် တာအိုကို ဆင်ခြင်သုံးသပ်နေခြင်း ဖြစ်သည်။
သို့သော်လည်း ဤလောကထဲရှိ မဟာတာအိုက တစ်ခုခုလိုအပ်နေကြောင်း သူခံစားရသည်။
‘ဘာလိုနေတာလဲ’
ဟန်မူယဲ့က အောက်တွင် ရှိနေသော အဝါရောင်ဖုန်မှုန့်များဖြင့် ပြည့်နေသည့် စွန့်ပစ်မြေကို ငုံ့ကြည့်သည်။
တူညီသော စွန့်ပစ်မြေပင်ဖြစ်သည်။
‘ဟုတ်တယ်။ စွန့်ပစ်မြေက တူညီနေတုန်းပဲ’
‘မဟုတ်သေးဘူး”
ဟန်မူယဲ့၏ဓားအလင်းက ရပ်တန့်သွားသည်။
ဝိညာဉ်နက်တောင်ကြားကို ဖျက်ဆီးလိုက်သောအခါတွင် စွန့်ပစ်မြေတစ်ခုလုံးက ပျက်စီးသွားသည်။ ထို့ကြောင့် စွန့်ပစ်မြေ မဖြစ်နိုင်တော့ပေ။
ဤနေရာက အနောက်ဘက်နယ်စပ်ကုန်းမြေ၏ တခြားနေရာများနှင့် အတူတူပင်ဖြစ်သည်။ ဤနေရာတွင် သဘာဝစွမ်းအင်၊ အသက်စွမ်းအားနှင့် သက်ရှိများ ရှိနေသင့်သည်။
သို့သော်လည်း စွန့်ပစ်မြေက စွန့်ပစ်မြေသာ ဖြစ်နေသည်။
ပြင်ပဘုံမိစ္ဆာက ကောင်းကင်တာအိုကို ဝါးမျိုသွားခဲ့သည်။
ဤနေရာတွင်ရှိသော အဓိကဇာတ်ကောင်က ဝိညာဉ်နက်တောင်ကြားမဟုတ်ဘဲ စွန့်ပစ်မြေ၏အောက်မှာပုန်းနေသော မိစ္ဆာဖြစ်သည်။
ဟန်မူယဲ့၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။
သူ့နောက်မှာ ဓားအလင်းက ဖြည်းဖြည်းချင်းပြန်ပေါ်လာသည်။
အစိမ်းရောင်ဓားအလင်းက ကမ္ဘာတုန်သွားစေနိုင်လောက်အောင် တောက်ပနေသည်။
ဓားအလင်းက တောက်ပလွန်းသောကြောင့် နေတစ်စင်းအဖြစ်ပြောင်းသွားသည်။
“သူ .... သူဘာဖြစ်နေတာလဲ”
ဟန်မူယဲ့က နေရာမှာတင်ရပ်နေပြီး တောက်ပနေသောဓားအလင်းကို မြင်လိုက်ရသောအခါတွင် လူတိုင်းက အံ့အားသင့်သွားသည်။
‘သူက ဝိညာဉ်တောင်ကြားကို ဖျက်ဆီးလိုက်ပြီလေ။ ဓားသုံးဖို့ မလိုတော့ဘူးမဟုတ်လား’
‘ဝိညာဉ်နက်တောင်ကြားကို ဖျက်ဆီးရုံနဲ့မလုံလောက်ဘဲ တခြားဂိုဏ်းတွေကိုပါ ဖျက်ဆီးချင်တာလား’
“မကောင်းတော့ဘူး။ သူ့စိတ်နယ်ပယ်ထဲမှာရှိနေတဲ့ ဓားအလင်းကြောင့် သူ့စိတ်က လှည့်စားခံလိုက်ရတာလား”
လူတစ်ယောက်က အော်ဟစ်ပြီး နောက်ဆုတ်သည်။
“ဖြစ်နိုင်တယ်။ ဓားဆန္ဒက အရမ်းသန်မာတယ်။ စိတ်ကိုလှည့်စားပြီး ဓားမိစ္ဆာအဖြစ်ပြောင်းသွားနိုင်တယ်။ ဒါမျိုးက မဖြစ်ဖူးတာမဟုတ်ဘူး”
လူတစ်ယောက်က ပြောလိုက်ပြီး လျင်မြန်စွာနောက်ဆုတ်သည်။
ဓားတာအို၊ ဓားလမ်းစဉ်၏ ဓားအင်မော်တယ်က ပူးကပ်ခံရလျှင် အလွန်ကြောက်စရာကောင်းလိမ့်မည်။
ထိုဓားမိစ္ဆာမျိုးက ဓားတစ်လက်ဖြင့် လူသတ်ချင်စိတ်သာ ရှိနေပေမည်။ ခန္ဓာကိုယ်ကို ဓားက ထိန်းချုပ်သွားပြီး မသေဆုံးနိုင်တော့ပေ။
“ငါ မှတ်မိပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်းငါးရာတုန်းက ဓားစံအိမ်မှာ ဓားထိန်းချုပ်ခံလိုက်ရတဲ့ ကျွမ်းကျင်သူတစ်ယောက်ရှိတယ်”
လူတစ်ယောက်က အော်ဟစ်လိုက်သည်။
“ဟုတ်တယ်။ လွန်ခဲ့တဲ့နှစ်ငါးရာတုန်းက ဓားစံအိမ်အကြီးအကဲ ယုရှန်ချင်းက ဓားစစ်သည်နည်းစနစ်ကို လေ့ကျင့်ခဲ့တယ်။ နောက်ဆုံးမှာ သူ့ကို ဓားကထိန်းချုပ်သွားပြီး ဓားမိစ္ဆာအဖြစ်ပြောင်းသွားတယ်။ သူက တစ်ရက်အတွင်းမှာပဲ ဓားထိန်းသုံးဆယ်ကျော်ကို သတ်ခဲ့တယ်”
“ဓားအင်မော်တယ်ဟန်က မိစ္ဆာဖြစ်သွားပြီ”
လူတိုင်းက အော်ဟစ်ပြီး နောက်ဆုတ်ကြသည်။
သို့သော်လည်း သူတို့က ထိန်းချုပ်မရတော့ပုံပေါ်သည်။
တစ်ခုခုမှားယွင်းနေကြောင်း အရင်ဆုံးသတိထားမိသွားသောလူများက ခေါင်းဆောင်မူနှင့် နတ်မိမယ်ပီအိုနေးဖြစ်သည်။
“ဒါက ကောင်းကင်တာအိုရဲ့ ဖိနှိပ်ခြင်းပဲ”
မူမိသားစုခေါင်းဆောင်က လေးနက်သောမျက်နှာထားဖြင့် အောက်ငုံ့ကြည့်လိုက်ပြီး မျက်လုံးထဲတွင် ကြောက်ရွံ့စိတ်များဖြင့် ပြည့်နေသည်။
“ပျက်စီးဝိညာဉ်စွန့်ပစ်မြေမှာ ကောင်းကင်နဲ့မြေကြီးက ပိုင်းဖြတ်ခံထားရတယ်။ ဒဏ္ဍာရီတွေက အမှန်ပဲ”
သူ့စကားများကြောင့် ပတ်ဝန်းကျင်တွင် ရှိနေသော ကျင့်ကြံသူများက ဆူညံသွားသည်။
သူတို့တွေ ဆက်မပြောနိုင်ခင်မှာပဲ မြေအောက်မှ တုန်လှုပ်ဖွယ်ကောင်းသောခွန်အားတစ်ခု ပေါ်ထွက်လာသည်။
မြေကြီးက ထိုးခွဲခံလိုက်ရပြီး ပေတစ်သောင်းရှိသော ခြေလေးချောင်းနှင့် အရိုးစုမိစ္ဆာတစ်ကောင် ပေါ်လာသည်။
“ဟီးဟီး၊ ဒီကမ္ဘာမှာ ငါပုန်းကွယ်နေတာကို မြင်နိုင်တဲ့လူရှိသေးသားပဲ”
“ဒီလိုလူမျိုးက ရှားပါးတယ်”
အရိုးစုသားရဲက ပြောလိုက်သည်။
ထိုအသံကြောင့် ကောင်းကင်တွင်ရှိသောလူများက တုန်ခါသွားပြီး ဓားအလင်းနှင့် ချီစွမ်းအင်များကို ထိန်းချုပ်ရန် ခက်ခဲလာသည်။
ထိုအရာက ဝိညာဉ်နှင့် မဟာတာအိုကို ဖိနှိပ်လိုက်ခြင်းဖြစ်သည်။
ဧရာမအရိုးစုသားရဲ၏စွမ်းအားက လူတိုင်း၏စိတ်ကူးထက် ကျော်လွန်နေသည်။
ဖုန်မှုန့်များပြန့်ကျဲသွားပြီး အရိုးစုတစ်ခုလုံး ပေါ်ထွက်လာသည်။
အရိုးစုက ပေတစ်သိန်းရှည်လျားပြီး ပြန့်ကျဲနေသောကြေးခွံများရှိသည်။
အရိုးစု၏ မျက်လုံးနှစ်ဖက်ကြားမှာ ထိုးဖောက်နေသော ဓားအမှတ်အသားတစ်ခု ရှိသည်။
အရိုးစု၏မျက်လုံးထဲတွင် အစိမ်းရောင်မီးတောက်များရှိနေသည်။
“အမှန်အတိုင်းပြောရရင် မင်းထွက်သွားလို့ရတယ်”
သားရဲ၏သွားစွယ်များက အစိမ်းရောင်တောက်နေသည်။
မျက်လုံးထဲတွင်ရှိသောမီးတောက်များက ဟန်မူယဲ့ဆီသို့ တိုးဝင်လာသည်။
“ငါက ဒီလူသားတွေရဲ့ဝိညာဉ်ကိုပဲ လိုချင်တယ်။ မင်းကိုတားဖို့ စိတ်ကူးမရှိဘူး”
ယခုအချိန်တွင် ဟန်မူယဲ့က သားရဲမထိန်းချုပ်နိုင်သော လေဟာနယ်ထဲသို့ရောက်နေသည်။
သူထွက်သွားချင်လျှင် ထွက်သွားနိုင်သည်။
သားရဲက စကားပြောနေစဉ်မှာ ခန္ဓာကိုယ်ပေါ်မှ အစိမ်းရောင်ပုံရိပ်များထွက်လာသည်။ ထိုပုံရိပ်များက ပတ်ဝန်းကျင်မှာ ပြေးလွှားနေသည်။
“ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာ၊ ဖေး၊ မိစ္ဆာဝိညာဉ်တွေ”
လူတစ်ယောက်က ထိတ်လန့်စွာအော်ဟစ်လိုက်သည်။
ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာ ဖေးနှင့် မိစ္ဆာဝိညာဉ်များက ဝိညာဉ်ဝါးမျိုပြီး ပူးကပ်ခြင်းကို ပြုလုပ်နိုင်သည်။
ထိုမိစ္ဆာဝိညာဉ်များက မသန်မာသော်လည်း ဝိညာဉ်တိုက်ခိုက်မှုကို အထူးပြုသည်။
ကျင့်ကြံသူတစ်ယောက်က ကမ္ဘာမြေဝိညာဉ်နိုးထခြင်း နောက်ပိုင်းအဆင့်သို့မရောက်ခင်မှာ ဝိညာဉ်ကိုကာကွယ်ရန်အတွက် အလွန်ခက်သည်။
ထို့အပြင် ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာဖေးဆီမှ ထွက်ပေါ်လာသော မိစ္ဆာဝိညာဉ်များက တစ်ကောင်တည်းမဟုတ်ပေ။ ကျင့်ကြံသူများ၏ စိတ်နယ်ပယ်ထဲသို့တိုးဝင်လာသော မိစ္ဆာဝိညာဉ်များ ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ၏ဝိညာဉ်သည်ပင် ထောင်ချီနေသော ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာများ၏ ကိုက်စားခြင်းကို ခံနိုင်မည် မဟုတ်ပေ။
“ဒါက ဝိညာဉ်ဝါးမျိုခြင်းမိစ္ဆာဖေးပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်တုန်းက အနောက်ဘက်နယ်စပ်ကုန်းမြေမှာ သောင်းကျန်းခဲ့တယ်”