← Chapters

အပိုင်း ၁၆၁

Vol. 12 Ch. 161

အပိုင်း ၁၆၁

Vol. 12 Ch. 161

ဥယျာဉ်ထဲကို ဝင်လာတဲ့ လူစုကတော့ လီဝူရှု၊ သောင်းဟိုင်နဲ့ ရှောင်မုတို့ ဦးဆောင်လာတဲ့ ဂိုဏ်းကြီး ၃ဂိုဏ်းက တပည့်တွေပါပဲ။

ဒီတစ်ကြိမ်မှာတော့ ရန်ချင်းဟူလည်း ပါလာခဲ့ပါပြီ။

သူတို့အဖွဲ့ထဲက မူလ လူ၉ယောက်မှာ ၆ယောက်က မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်နေတာကို သိသွားတဲ့ ရှောင်လီကတော့ မျက်နှာ သိပ်မကောင်း လှပါဘူး။ သူထင်ထားတာက လီဝူရှုတို့ အုပ်စုထဲမှာ မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်တဲ့သူတွေက အများဆုံးမှ နှစ်ယောက်၊ သုံးယောက်ပေါ့လေ။ အခုလို ၆ယောက်ကြီးတောင် ရောက်နေတာက သိပ်တော့ အဆင်မပြေ လှပါဘူး။

ပြီးတော့ ကျန်နေသေးတဲ့ လူ၄ယောက် စလုံးကလည်း မြေကမ္ဘာနယ်ပယ် အဆင့်၁တွေ ချည်းပါပဲ။ သူတို့နဲ့ ရင်ဆိုင်ရတာ ကလည်း လွယ်မည့်ပုံ မပေါ်ပါဘူး။

ရန်ချင်းဟူ၊ မိစ္ဆာဖြူ၊ ရဲ့ဟွာနဲ့ ရှန်ဖေးဟီတို့ အားလုံးက ယုဝူရှန်းနဲ့ ချန်ဖန်းဟွာ ထက်ကို အစွမ်း ထက်ပါတယ်။

“ဒီကောင်တွေနဲ့ တိုက်ရမယ့် အစား ကျားမြီးသာ ပြေးဆွဲလိုက် ချင်တယ်ကွာ”

ရှောင်လီက မချိပြုံး ပြုံးလိုက် ပါတော့တယ်။ မတတ်နိုင်ဘူးလေ။ ဒီတစ်ကြိမ်လည်း လီဖူချန်းကို အားကိုးရုံ ရှိတော့တာပါပဲ။

အစောပိုင်းတုန်း ကတော့ သူတို့ကိုယ် သူတို့ ကံကောင်းလှပြီ ထင်နေခဲ့တာ။ အခု လီဝူရှုတို့ကို တွေ့မှပဲ ဘယ်သူက ပိုပြီး ကံကောင်းတာလဲ ဆိုတာကို ရှောင်လီ တစ်ယောက် ကောင်းကောင်းကြီး နားလည် သဘောပေါက် သွားပါတော့တယ်။

လီဝူရှုတို့ အဖွဲ့ကတော့ လုံးဝ အမှန်အကန် တိုက်ဖို့ကို ပြင်ဆင် နေကြပါပြီ။ လီဝူရှုက ပထမဆုံး လျူဝူဟောင်နဲ့ ရှောင်လီရဲ့ ကျင့်ကြံခြင်း နယ်ပယ်ကို ကြည့်လိုက်တယ်။ သာမန်မြေကမ္ဘာ နယ်ပယ် အဆင့်၂က ကောင်လေးတွေပဲ။ အနည်းငယ် အံ့သြသွားရုံက လွဲပြီး ဘာမှ ထူးထူးထွေထွေ မခံစားရပါဘူး။ လျူဝူဟောင်ကိုတော့ အနည်းငယ် ရှိန်ပေမဲ့ ရှောင်လီကတော့ ပြဿနာ မဟုတ်ပါဘူး။ ထို့နောက်မှာတော့ လီဖူချန်းကို ဆက်အကဲခတ် လိုက်ပါတယ်။ မြေကမ္ဘာနယ်ပယ် အဆင့်၁လား။

အင်း ... မဆိုးပါဘူးပေါ့။ နောက်ထပ်ဆက်ပြီး ချန်ဖန်းဟွာနဲ့ ယုဝူရှန်းကို အကဲခတ်ပြန်တယ်။

ခဏလေး ... ခဏလေး နေပါဦး။ တစ်ခုခုတော့ မှားနေပြီ ထင်တယ်။

နင့်မေ ကလွှားတဲ့မှပဲ။

ဟိုမျိုးမစစ်လေး လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်နေပြီဟ။

လီဝူရှုရဲ့ ခြံထဲက ကြက်တွေ ဘယ်အချိန် ရိုက်သတ်သတ် ရပါတယ်ကွာ ဆိုတဲ့ မျက်နှာပေး ကတော့ ပျောက်သွား ခဲ့ပါပြီ။

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉တုန်း ကတောင်မှ ဒီလီဖူချန်းက သူတို့ အားလုံးကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာလေ။ အခုတော့ ဒီမအေဘေးလေးက မြေကမ္ဘာ နယ်ပယ် အဆင့်၁ကိုတောင် ရောက်နေပြီ ဆိုတော့ ဒီမျိုးမစစ်လေးကို ဘယ်သူက ထိန်းနိုင် တော့မှာတုန်း။

'လီးပဲဟေ့ ... ငါလိုးမ ကောင်းကင်ဘုံ ... မင်းအမေကြီးတော်မလို့ ငါတို့ကို ဒီဥယျာဉ်ထဲကို လမ်းပြလာတာလား' လီဝှုရှုက ကောင်းကင်ဘုံကိုတောင် ကျိတ်ပြီး လှမ်းဆဲ လိုက်ပါသေးတယ်။

ရွှမ်း ...

သောင်းဟိုင် ကတော့ သူ့ရဲ့ ဆေဘာ ဓားကြီးကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းကို စတင် စိန်ခေါ်နေပါပြီ။

“ဒီကောင်က မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်သွားတော့လည်း ဘာဖြစ်သေးလဲ။ ငါတို့ဘက်မှာက မြေကမ္ဘာနယ်ပယ် အဆင့်၂က လူ၆ယောက်နဲ့ မြေကမ္ဘာနယ်ပယ် အဆင့်၁က လူ၄ယောက် ရှိနေတာပဲ။ ဒီကောင့်ကို ဝိုင်းပြီး ဆော်ရအောင်”

သောင်းဟိုင်ရဲ့ စကားကြောင့် လူအုပ်ကြီးက စိတ်ဓာတ်တက်ကြွ သွားပါတယ်။

သောင်းဟိုင် ပြောတာကလည်း ဟုတ်ပါတယ်။ သူတို့ဘက်မှာက မြေကမ္ဘာနယ်ပယ် အဆင့်၂က လူ၆ယောက်တောင် ရှိနေတာလေ။ ဒါကိုတောင် မတိုက်ပဲနဲ့ နောက်ဆုတ်မယ် ဆိုရင် ကျော်မကောင်း၊ ကြားမကောင်းတွေတော့ ဖြစ်ကုန်တော့ မှာပါပဲ။ လီဖူချန်းကို တစ်ချိန်ချိန်မှာ သတ်ပစ် နိုင်ခဲ့ရင်တောင် ဒီအရိပ်မည်းကြီးက သူတို့ရဲ့ သိုင်းတာအိုလမ်းမှာ ဆူးငြောင့်သဖွယ် ဖြစ်နေတော့မှာပါပဲ။

“မင်းတို့ အားလုံးရဲ့ သိုလှောင်အိတ်တွေကို ချထားလိုက်။ မင်းတို့ရဲ့ အသက်တွေ ကိုတော့ ငါက ချမ်းသာ ပေးလိုက်မယ်”

မိစ္ဆာနက်က ဆရာကြီးတစ်ပါး သဖွယ် အမိန့်ပေး လိုက်ပါတယ်။

“ပြီးတော့ ဟိုကောင်မလေး ... သူမကိုလည်း ထားခဲ့”

ရှောင်မိုက သွားရည်တများများဖြင့် ချန်ဖန်းဟွာကို စိုက်ကြည့် နေပါတယ်။

သူတို့ နှစ်ယောက်ရဲ့ စကားတွေကို ကြားအပြီး မှာတော့ လီဖူချန်းက လွဲပြီး ကျန်တဲ့လူတွေ အားလုံးက ဓားကိုယ်စီ ဆွဲထုတ် လိုက်ကြပါပြီ။

“ကြည့်ရတာ မင်းတို့က ငါတို့ကို ခုခံချင် နေတဲ့ပုံပဲ”

လီဝူရှုက သူ့ရဲ့ ချီအရှိန်အဝါတွေကို ထုတ်လိုက်ပါတယ်။ ကျန်တဲ့ ဂိုဏ်း၃ဂိုဏ်းက တပည့်တွေ ကလည်း သူတို့ရဲ့ ချီအရှိန်အဝါတွေကို အပြိုင်အဆိုင် ထုတ်လိုက်ပါတယ်။ ရန်ချင်းဟူ ကတော့ ဒီတိုက်ပွဲထဲမှာ ပါချင်သည့်ပုံ မပေါ်ပါဘူး။ သူမက ဟိုးအဝေးကို ဆုတ်သွားပြီး ရပ်ကြည့် နေပါတယ်။

ရန်ချင်းဟူက ဒီလို အရေအတွက်ကို အားကိုးပြီး အနိုင် ယူရတာမျိုးကို မကြိုက် နှစ်သက်ပါဘူး။ တကယ်လို့ သူမကသာ လီဖူချန်းကို အနိုင်ယူချင်တယ် ဆိုရင် တစ်ယောက်ချင်း တိုက်ခိုက်ပြီးပဲ အနိုင်ယူမှာပါ။

များပြားလှတဲ့ ချီအရှိန်အဝါတွေ ထွက်ပေါ်လာပြီး နောက်မှာတော့ ဆေးဥယျာဉ် တစ်ခုလုံးဟာ မိုးသက်မုန်တိုင်းတွေ ကျနေသည့် အလားပါပဲ။

လူ၉ယောက်ရဲ့ ချီအရှိန်အဝါတွေကို ခုခံနေရတဲ့ ရှောင်လီတို့ ကတော့ အသက်တောင် ရှူလို့ မရတော့ပါဘူး။ အခုချိန်မှာသာ တကယ် တိုက်ခိုက်ရမယ် ဆိုရင် သူတို့ရဲ့ အစွမ်းတွေကို ၈၀ရာခိုင်နှုန်းထက် ကျော်ပြီး ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူးလေ။

တိုက်ပွဲကြားမှာ ရပ်နေတဲ့ လီဖူချန်းကတော့ ချီအရှိန်အဝါတွေကို တစ်စက်ကလေးမျှ ခံစားရသည့်ပုံ မပေါ်ပါဘူး။ သူ့ကို ကြည့်ရတာက လေညင်းခံ ထွက်နေတဲ့ သူတစ်ယောက် နဲ့တောင် တူနေပါ သေးတယ်။

“မင်းတို့ အားလုံးက အခုအချိန်ထိ အခြေအနေမှန်ကို သဘောမပေါက် ကျသေးဘူးပဲ။ ဒီလိုဖြစ်နေ မှတော့ ငါက မင်းတို့ စိတ်ကျေနပ်အောင် လုပ်ပေးပါ့မယ်ကွာ။ မင်းတို့ အားလုံးက သေချင်တယ် ဆိုမှတော့ ငါကလည်း ငရဲပြည်ကို ပို့ပေးရုံပေါ့”

လီဖူချန်းက လျှို့ဝှက်မီးနဂါး နည်းစနစ်ကို အသုံးပြုပြီး အတွင်းအားတွေကို မြှင့်တင် လိုက်ပါတယ်။ သူ့ရဲ့ နဖူးပေါ်မှာတော့ မီးတောက်သရဖူ တစ်ခုက အဆင်သင့် နေရာယူ ထားခဲ့ပါပြီ။

ကောင်းကင် တစ်ခုလုံးကိုတောင် လွှမ်းခြုံ သွားနိုင်တဲ့ ချီအရှိန်အဝါ တစ်ခုက ရုတ်ခြည်း ပေါ်လာပြီး လီဝူရှုတို့ ကိုးယောက်ရဲ့ ချီအရှိန်အဝါတွေကို ဖိနှိပ်ထားလိုက် ပါတော့တယ်။

ဘယ်လောက်တောင် အစွမ်း ထက်လိုက်တဲ့ အရှိန်အဝါ ပါလိမ့်။

လီဖူချန်းရဲ့ ချီအရှိန်အဝါကြောင့် လူ၁၃ယောက် စလုံးရဲ့ နှလုံးသားတွေက ဖျစ်ညှစ် ခံလိုက်ရသည့် အလား နာကျင် သွားပါတယ်။

မျက်စိတစ်မှိတ် အတွင်းမှာပဲ ဆေးဥယျာဉ် တစ်ခုလုံးက မီးတောင်ကြီး တစ်ခုအထဲကို ရောက်သွားသည့် အလားပါပဲ။

လူအားလုံး ကလည်း ပူပြင်းလှတဲ့ အငွေ့အသက်တွေကြောင့် သွေးတွေ ပွက်ပွက်ဆူကုန် ကြပါပြီ။

ရှောင်လီတို့ လေးယောက် ကတော့ အဆင်ပြေပါတယ်။ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေက သူတို့ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးလေ။

ဒါပေမဲ့ လီဝူရှုတို့ လူ၉ယောက်ကတော့ အတော်လေး ခံစားနေရပါပြီ။ သူတို့အားလုံးဟာ အာခေါင်တွေ ခြောက်ကပ်ပြီး ရေဆာသလို ဖြစ်လာတဲ့ အတွက် နှုတ်ခမ်းတွေကို လျှာနဲ့ သပ်နေရတယ်လေ။ သူတို့ရဲ့ အရေပြားတွေ ကလည်း အပူရှိန်ကြောင့် ကွဲအက် လာပါပြီ။

အထူးသဖြင့် ရှန်ဖေးဟီနဲ့ မိစ္ဆာဖြူတို့လို ကျင့်ကြံခြင်း အဆင့် နိမ့်ကျနေတဲ့ လူတွေပေါ့။ သူတို့ရဲ့ အသားတွေက ပုစွန်လုံးတွေကို မီးကင်ထားတဲ့ အတိုင်း ရဲရဲနီပြီး ဖောင်းကား နေတယ်လေ။ အဲဒါက သူတို့ရဲ့ စိတ်ဝိညာဉ်တွေက ခန္ဓာကိုယ်ကို ထိန်းချုပ်မှု ကင်းမဲ့ သွားတဲ့အတွက် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ပြဿနာ တစ်ခုပါပဲ။

သူတို့က အစောပိုင်းတုန်း ကတော့ စိတ်အာရုံကို လှည့်စားတဲ့ အတတ်ပညာ တစ်ရပ်လို့ ထင်နေ ပါသေးတယ်။ ဒါပေမဲ့ မဟုတ်ပါဘူး။ ဒါက လုံးဝကို လွှမ်းမိုးနိုင်အား ကြီးမားတဲ့ စိတ်ဝိညာဉ် စွမ်းအား သက်သက်နဲ့ပဲ သူတို့ကို ဖိအား ပေးထားတာပါ။

“ကြောက်စရာ ကောင်းလိုက်တဲ့ ချီအရှိန်အဝါပါလား”

ကဝေမယ် ရဲ့ဟွာကတော့ စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ အတတ်ပညာကို အထူး လေ့ကျင့်ထားတဲ့ အတွက် လီဖူးချန်းရဲ့ ဖိအားပေးမှုကို သိပ်မခံလိုက် ရပါဘူး။ သူမက အခြား သူတွေကို ကြည့်နေရင်းနဲ့ လီဖူချန်းရဲ့ ချီအရှိန်အဝါ လွှမ်းမိုးနိုင်စွမ်းကို ကြောက်သထက် ကြောက်လာပါတယ်။

“သေစမ်း”

လီဖူချန်းက ဓားကိုတောင် ဆွဲမထုတ်ပဲ လက်ဝါးရိုက်ချက် တစ်ချက် ရိုက်ထုတ် လိုက်ပါတယ်။

ဒီလက်ဝါးချက်က ပူပြင်းတဲ့ အငွေ့အသက်တွေနဲ့ အတူ နဂါးတစ်ကောင် အလား လီဝူရှုတို့ဆီကို တိုးဝင် သွားခဲ့ပါတယ်။

ဒါကတော့ လီဖူချန်း လေ့ကျင့်ထားတဲ့ ဆန်းကြယ် အဆင့်နိမ့် လက်ဝါးသိုင်း တစ်ခုဖြစ်တဲ့ သံရည်ပျော် လက်ဝါး ဖြစ်ပါတယ်။

ဘန်း ... ဘန်း ...

လီဝူရှုတို့ လူစုထဲမှာတော့ အားအနည်းဆုံး ဖြစ်နေတဲ့ ရှန်ဖေးဟီနဲ့ မိစ္ဆာဖြူတို့က လီဖူးချန်းရဲ့ လက်ဝါး ရိုက်ချက်ကြောင့် တစ်ကိုယ်လုံး မီးကျွမ်းသလို မည်းတူးချိတ်ပြီး အနောက်ကို လွင့်ထွက် သွားပါတယ်။

“ပြေးကြစို့"

လီဝူရှုနဲ့ အခြားလူတွေ ကတော့ ကြောက်ကြောက် လန့်လန့်ဖြင့် ထွက်ပြေးဖို့ ကြိုးစား ပါတော့တယ်။

လီဖူချန်းက နောက်ထပ် လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်တဲ့ အခါမှာတော့ သူငယ်တော် ရှောင်မိုက ကားခနဲ ပစ်လဲကျ သွားပါပြီ။

ချန်ဖန်းဟွာကို စော်ကားဖို့ ကြံခဲ့သူကို သူက အလွတ် ပေးရမည်လား။

“မင်းက ဘာဖြစ်လို့ ထွက်မပြေးတာလဲ"

လီဖူချန်းက ရှောင်မိုကို သတ်ပစ်ပြီး နောက်မှာတော့ တခြား လူတွေကို လိုက်မသတ်တော့ပဲ ထွက်ပြေးခွင့် ပေးလိုက်ပါတယ်။

ထို့နောက်မှာတော့ သူက ဥယျာဉ်ထောင့် တစ်နေရာမှာ ရပ်နေတဲ့ ရန်ချင်းဟူကို လှမ်းမေး လိုက်ပါတယ်။

ရန်ချင်းဟူက လီဖူချန်း ပြောတဲ့စကားကို နားထဲတောင် ဝင်မည့်ပုံ မပေါ်ပါဘူး။

“နင်က အတော်လေးတော့ တွက်ချက် တတ်တာပဲ။ သုံးယောက်လောက်ပဲ သတ်လိုက်ရုံနဲ့တော့ ပြဿနာ မတက်လောက်ပါဘူး။ နင်လုပ်တာ မှန်တယ်”

လီဖူချန်းက ဘာမှ ပြန်မပြောပဲ ရန်ချင်းဟူကိုသာ စိုက်ကြည့် နေပါတယ်။ မတွေ့ရတဲ့ ခြောက်လ အတွင်းမှာ သူမက ပိုပိုပြီးတောင် လှပလာပါလား။

ရန်ချင်းဟူက သူမရဲ့ စကားကို ဆက်ပါတယ်။

“နင်သာ ဂိုဏ်း၃ဂိုဏ်း စလုံးက တပည့်တွေ အကုန်လုံးကို သတ်ပစ် လိုက်မယ်ဆိုရင် ဒီဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲက ထွက်သွားတာနဲ့ နင်တော့ သေပြီပဲ။ မိုးပြာရောင် ဂိုဏ်းကလည်း နင့်ကို ကယ်နိုင်တော့မှာ မဟုတ်ဘူး။ အထူးသဖြင့် ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ရဲ့ သားဖြစ်တဲ့ လီဝူရှုကို သတ်ပစ် လိုက်ရင်ပေါ့။ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ် ကိုယ်တိုင်က နင့်ကို လာတောင်းရင် မိုးပြာရောင် ဂိုဏ်းကလည်း ဘာမှတတ်နိုင်မှာ မဟုတ်တော့ဘူး”

လီဖူချန်းကတော့ သာလိကာမလေး တစ်ကောင်လို စကားတွေ ဇွတ်ပြောနေတဲ့ ရန်ချင်းဟူကို ကြည့်ရင်း ပြုံးစိစိဖြင့် …

“ငါမင်းကို သတ်မှာ မကြောက်ဘူးလား” လို့ မေးလိုက်ပါတယ်။

ရန်ချင်းဟူက ခေါင်းမော့ရင်ကော့ လိုက်ပြီး ပြန်ဖြေပါတယ်။

“နင်က တခြား သူတွေကို သတ်နိုင်ရင်တော့ သတ်နိုင်မယ်။ ငါ့ကိုတော့ သတ်နိုင်မှာ မဟုတ်ဘူး။ ငါသာ ထွက်သွားချင်ရင် နင်လည်းငါ့ကို မတားနိုင်ဘူး”

ပြောနေရင်းမှာပဲ ရန်ချင်းဟူက ကိုယ်ပွားတွေ အများကြီး ပေါ်လာပြီး အရပ်မျက်နှာ ပေါင်းစုံကို ပြေးထွက် သွားပါတော့တယ်။

လီဖူချန်းကတော့ ရယ်ရင်းနဲ့ပဲ ကျန်နေခဲ့တယ်လေ။

သူက ရန်ချင်းဟူကို လိုက်ပြီး ဖမ်းမိနိုင်ဖို့ ၅၀ရာခိုင်နှုန်း သေချာပါတယ်။

ဒါပေမဲ့ သူက ဒီအလှပဂေးလေးကို လိုက်ပြီး မဖမ်းချင်ပါဘူး။

ရန်ချင်းဟူ ပြောသွားတာတွေက တကယ်လည်း မှန်ပါတယ်။ သူသာ ဂိုဏ်း၃ဂိုဏ်း စလုံးက တပည့်တွေ အကုန်လုံးကို သတ်ပစ် လိုက်မယ်ဆိုရင် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာကတော့ မတွေးဝံ့ စရာပါပဲ။

ဂိုဏ်း၃ဂိုဏ်းက စုပေါင်းပြီး တိုက်ခိုက်လာမယ် ဆိုရင် မိုးပြာရောင်ဂိုဏ်းက ခုခံနိုင်မှာ မဟုတ်ပါဘူး။ ဂိုဏ်းတော်က သူ့ကိုပဲ လက်လွှတ် လိုက်မှာပါ။ အဲဒါက ၉၀ရာခိုင်နှုန်း သေချာပါတယ်။

ဂိုဏ်းတော် တစ်ခုလုံး အပျက်စီးခံမယ့် အစား လီဖူချန်းကိုပဲ ထိုးကျွေး လိုက်မှာပါ။

ဒါက ဒီကမ္ဘာကြီးမှာ လုပ်နေကျ အရာပါပဲ။ မင်းလုပ်တာ မှန်တာ မမှန်တာထက် မင်းလက်သီးက မာမမာက ပိုအရေးကြီးပါတယ်။

ဒီလောကမှာတော့ စွမ်းအားက အရာရာမှာ ပထမပါပဲ။

စွမ်းအားရဲ့ အနောက်မှာတော့ အာဏာက ကပ်လိုက် လာပါတယ်။

လီဖူချန်းက အခုချိန်မှာ ဂိုဏ်းကြီး ၃ဂိုဏ်းနဲ့ ပြဿနာဖြစ်ဖို့ အတွက် စွမ်းအား အလုံအလောက် မရှိသေးပါဘူးလေ။

ဒါပေမဲ့ တစ်နေ့မှာတော့ သူက ဂိုဏ်းအားလုံးရဲ့ အထက်မှာ ရပ်တည်ပြီး အရာအားလုံးကို လွှမ်းမိုး ချုပ်ကိုင်နိုင်တဲ့ အဆုံးမဲ့ အာဏာရှင်တစ်ပါး ဖြစ်လာဦးမှာပါ။ အဲဒီအချိန် ကျရင်တော့ သူ့ရဲ့စကား တစ်ခွန်းဟာ ပညတ်ချက်ပါပဲ။ သူ့ရဲ့လက်သီး တစ်လုံးဟာ ဥပဒေပါပဲ။

'ရွှေရောင် လက်ဖွဲ့အဆောင် ... မင်းက ငါ့ကို မတူညီတဲ့ ဘဝသစ် တစ်ခုကို ပေးခဲ့တယ်။ ငါကလည်း မင်းကို စိတ်မပျက် စေရပါဘူး'

လီဖူချန်းက စိတ်ထဲကနေ တိုင်တည် လိုက်ပါတယ်။

သူ့ရဲ့ စိတ်ဝိညာဉ်အား ကောင်းလာတာနဲ့ အမျှ လီဖူချန်းက သူ့စိတ်ဝိညာဉ် ပင်လယ်ထဲမှာ ရောက်နေတဲ့ ရွှေရောင် လက်ဖွဲ့အဆောင်မှာ ကိုယ်ပိုင် အသိစိတ် ရှိနေတယ်ဆိုတာ ခံစားမိ နေတယ်လေ။

ထို့နောက်မှာတော့ လီဖူချန်းက သူသတ်လိုက်တဲ့ လူ၃ယောက် ဆီကနေ သိုလှောင်အိတ် ၇အိတ် ရလိုက်ပါ သေးတယ်။

အခုချိန်မှာတော့ လီဖူချန်းက သိုလှောင်အိတ် ၁၄အိတ်ကို ပိုင်ဆိုင် သွားပါပြီ။

“ညီလေးလီ. ... မင်းလုပ်တာ မှန်တယ်။ မင်းကတကယ်ကို စဉ်းစားဆင်ခြင် နိုင်စွမ်းလည်း မြင့်တာပဲ”ရှောင်လီကလည်း လီဖူချန်းရဲ့ အမြော်အမြင် ရှိမှုကို ထောက်ခံ လိုက်ပါတယ်။

ဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ သတ်ဖြတ်ခြင်း တွေကို ခွင့်ပြုထားတယ် ဆိုပေမဲ့လည်း အကုန်လုံးကို သတ်ပစ်လိုက်မယ် ဆိုရင်တော့ ပြဿနာ အကြီးအကျယ် တက်သွား နိုင်ပါတယ်။

အမှန်အတိုင်း ပြောရရင် ဒီနှစ် အသုတ်မှာက လူတော်တွေ အများကြီး ပါလာပါတယ်။ ဒါပေမဲ့ လီဖူချန်း ပေါ်လာတာက အားလုံးရဲ့ မျှခြေကို ပျက်သွားစေ တော့တာပါပဲ။

ဓားအရူး သူတော် ခေတ်တုန်း ကတောင်မှ လက်ရည်တူ ပြိုင်ဘက် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက် ရှိနေပါသေးတယ်။ ဒါပေမဲ့ လီဖူချန်းကတော့ ဂိုဏ်း၃ဂိုဏ်း စလုံးက တပည့်တွေကို တစ်ယောက်တည်းနဲ့ အနိုင်ယူပစ် လိုက်တာလေ။

တကယ်လို့ ဓားအရူး သူတော်က ဒီအသုတ်ထဲမှာ ပါလာရင်တောင် လီဖူချန်းကို ယှဉ်နိုင်မှာ မဟုတ်ပဲ ဒုတိယ နေရာမှာပဲ နေနေရမှာပါ။

ထို့နောက်မှာတော့ ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေကို ပိတ်ဖို့ ၃ရက်တောင် လိုသေးတဲ့ အတွက် သူတို့၅ယောက်က ဗဟိုချက်ထဲမှာ စိတ်ကြိုက် လျှောက်သွားပြီး ဆေးပင်တွေကို ရှာဖွေ နေပါတော့တယ်။

***

All Chapters