အပိုင်း(၅၇၇)
Vol. 39 Ch. 577
ဒိုင်ဖြစ်သူ၏ စကားအားကြားပြီးနောက်ရှစ်ဖုန့်က ခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒါကဒီသခင်လေးအတိအကျလိုချင်
နေတဲ့အရာပဲ”
ရှစ်ဖုန့်၏အသံပျောက်ကွယ်သွားပြီးပြီးချင်း အောက်တွင်ရှိနေသော ကျင့်ကြံသူအုပ်စု၏ မခံမရပ်နိုင်ဖြစ်နေသော အသံများက ရုတ်ခြည်းထွက်ပေါ်လာသည်။ ဤမခံမရပ်နိုင်ဖြစ်နေသောစကားအများစုက စင်မြင့်နံပါတ်တစ်ဆယ်ရှိ ပါဝင်သောပြိုင်ပွဲဝင်ကျင့်ကြံသူများထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ဒီကလေး အရမ်းမောက်မာလွန်းတယ်.. သူကငါတို့ကို မျက်လုံးထဲကိုထည့်မထားဘူးပဲ”
ရုတ်ခြည်း ပုံရိပ်တစ်ခုက လူအုပ်ထဲမှ ရွှတ်ခနဲထွက်လာ၏။ ၎င်းမှာ ခံညားသိက္ခာရှိသောမျက်နှာနှင့်သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်သည်။ သူထွက်လိုက်ပြီး နောက်သူ၏ မျက်နှာထက်၌ ဒေါသတို့ဖြင့်ပြည့်နှက်နေ၏။ သူကစင်မြင့်နံပါတ်တစ်ဆယ်ပေါ်၌ ရပ်နေသည့် ရှစ်ဖုန့်အားကြိမ်းဝါးလိုက်သည်။
“ကောင်လေး.. မင်းအရမ်း မာန်တက်မနေလွန်းဘူးလား….ကောလဟာလတွေအရ ပိုင်ကျွင်းရွှမ်းကို တစ်ချက်တည်းနဲ့သတ်ပစ်ခဲ့တယ်ဆိုတဲ့မင်းနဲ့ငါတွေ့ချင်တယ်”
သူကစကားပြောပြီးနောက် လွန်စွာစွမ်းအားကြီးမားသော အရှိန်အဝါတစ်ခုက သက်လတ်ပိုင်းအရွယ်လူ၏ကိုယ်မှ ရုတ်ခြည်း ပေါက်ကွဲထွက်လာသည်။
စွမ်းအားကြီးအရှိန်အဝါတစ်ခုက ရုတ်ခြည်း ဧရိယာတစ်ခွင်ဖြတ်သန်းပျံ့နှံ့သွားသည်။ ဤစွမ်းအားကြီးအရှိန်အဝါအား အရုံခံမိသည့်များစွာသော ကျင့်ကြံသူများမှာ ရုတ်ခြည်းသူတို့၏မျက်နှာများ ပြောင်းလဲသွား၏။
“ဒီလူကဘယ်သူလဲ.. ဘယ်လိုတောင်စွမ်းအားကြီးမား
တဲ့အရှိန်အဝါတစ်ခုလဲ”
“ဒီလူရဲ့အရှိန်အဝါက ပိုင်ကျွင်းရွှမ်း ထက် ဘာမှနိမ့်ကျမှုရှိတယ်လို့ငါမထင်ဘူး”
“ဒီမှာတကယ်ပဲ ဝပ်နေတဲ့ကျားနဲ့ပုန်းနေတဲ့ နဂါးတွေရှိတာပဲ.. ငါဒီလူကို မနေ့ကတွေ့လိုက်တယ်.. ဘာထူးခြားမှုကိုမှငါမတွေ့ခဲ့ရဘူး. သူကလည်းလူအုပ်ကြားထဲမှာ ပုန်းကွယ်နေတဲ့ ကျွမ်းကျင်သူတစ်ယောက်လို့ငါမမျှော်လင့်ထားခဲ့ဘူး”
“ဒီလိုကျွမ်းကျင်သူတစ်ယောက်နဲ့ …အကယ်၍ငါတို့သာ အခြားအားကောင်းတဲ့ လူကိုးယောက်ကိုစင်မြင့်နံပါတ်
တစ်ဆယ်အတွင်းထပ်ပေါင်းထည့်နိုင်ရင် ငါတို့တွေပွဲကောင်းတစ်ခုကိုကြည့်ရလိမ့်မယ်.. ဒီကလေး စိန်ခေါ်မှုကိုလက်ခံရဲပြီးထပ်မောက်မာနိုင်ဦးမလားဆိုတာကိုကြည့်ကြသေးတာပေါ့”
“အိုး.. အထွတ်အထိပ်ကြယ်ကိုးပွင့် သူတော်စင်နယ်ပယ် ကျွမ်းကျင်သူပဲ.. သူက မဟာသူတော်စင်နယ်ပယ်ထဲကိုတောင်ခြေလှမ်းတစ်ဝက်ချပြီးနေပြီ.. မဟာသူတော်စင်နယ်ပယ်တစ်ဝက်ကျွမ်းကျင်သူလို့ပြောလို့ရယ်”
ရှစ်ဖုန့်က သူ့အားအော်ငေါက်နေသော သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူကိုကြည့်၍ ထူးမခြားနားစွာပြောလိုက်သည်။
“ဘာလဲ..မင်းကြောက်လို့လာ. မင်းကြောက်တယ်ဆိုရင် စင်မြင့်နံပါတ်တစ်ဆယ်ပေါ်ကနေ လစ်လိုက်တော့. ဒီနေရာကနေထွက်သွားပြီး မင်းရဲ့မျက်နှာကိုငါ့ရှေ့မှထပ်ပြီး
တော့လာမပြမိစေနဲ့”
ထို့နောက်ရှစ်ဖုန့်က သက်လတ်ပိုင်းအရွယ်လူအား
လျစ်လျူရှုလိုက်ပြီး ဘေးပတ်ဝန်းကျင်သို့ကြည့်လိုက်သည်။ သူဂရုမစိုက်ဟန်နှင့် သံသယကင်းမဲ့သော အသံက ထပ်မံထွက်ပေါ်လာပြန်၏။
“အခြားလူကိုးယောက်ကဘယ်မှာလဲ”
“မင်း..မောက်မာလိုက်တာ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် ခံ့ညားသော သက်လတ်ပိုင်းအရွယ်လူ၏မျက်နှာမှာ ပို၍ ခက်ထန်လာသည်။ ရုတ်ခြည်းဆိုသလို သူ၏ကိုယ်အားလှုပ်ရှားလိုက်ပြီး စင်မြင့်နံပါတ်တစ်ဆယ်အတွင်းရှိ ရှစ်ဖုန့်ထံသို့ တစ်ဟုန်ထိုးဦးတည်လိုက်သည်။
“သူကတကယ်ပဲအရမ်းမောက်မာတာပဲ. ဒီလိုကျွမ်းကျင်သူတစ်ဦးကိုရင်ဆိုင်
နေရတာတောင်. နောက်ထပ်လူကိုးယောက်နဲ့
သူကတိုက်ချင်နေတုံးပဲ”
ရှစ်ဖုန့်၏ စကားများအားကြားပြီးနောက် တစ်စုံတစ်ယောက်ကသူ၏
ခေါင်းအားခါယမ်းလိုက်ပြီး ရှစ်ဖုန့်၏စကားများအပေါ်
သက်ပြင်းချလိုက်သည်။
“ဒီလူ..ငါဒီလူကိုမှတ်မိပြီ..”
ထို့နောက် လူအုပ်အတွင်းမှတစ်စုံတစ်ဦးက ပြောလိုက်သည်။
“ဒီလူက လွန်ခဲ့တဲ့သုံးနှစ်က အရှေ့လေ အင်ပါယာက ကျွမ်းကျင်သူ ဝူကန်းပဲ.. ဝူကန်းငါတို့ထျန်းလျန်အင်ပါယာ
ကိုလာတဲ့အချိန်တုံးက သူကကြယ်ရှစ်ပွင့်သူတော်စင်
နယ်ပယ်ကျွမ်းကျင်သူတစ်ဦးပဲ.နောက်ပိုင်း သူက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်ကျွမ်းကျင်သူပဲဖြစ်တဲ့ ကျိရှောင်းနဲ့တိုက်ခိုက်ခဲ့တယ်”
“အဲ့တိုက်ပွဲက တကယ်ပဲ ကောင်းကင်နဲ့မြေကြီးကိုတောင်လှုပ်ခတ်စေခဲ့တဲ့တိုက်ပွဲတစ်ခုပဲ.. အဲ့အချိန်တုံးကငါအဲ့မှာရှိနေခဲ့တယ်.. ဝူကန်းနဲ့ကျိရှောင်းတို့က တစ်နေ့နဲ့တစ်ညတိုက်ခိုက်ခဲ့ကြတယ်..
နောက်ပိုင်း ဝူကန်းကဟာကွက်တစ်ခုပေါ်သွားပြီး ကျိရှောင်းကအဲ့အခွင့်အရေးကိုအမိအ
ရဆုပ်ကိုင်လိုက်ပြီးတော့ တစ်ချက်တည်းနဲ့အနိုင်ယူခဲ့တယ်”
“ဝူကန်းကငါတို့ထျန်းလျန်အင်ပါယာ
ကိုလာပြီးတော့ မင်းသမီးလင်လုံအတွက် သတို့သားရွေးချယ်ပြိုင်ပွဲကိုပါဝင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး.. သူ့ကိုယ်ကအရှိန်အဝါက လွန်ခဲ့တဲ့သုံးနှစ်တုံးကဝူကန်းနဲ့
နှိုင်းယှဉ်လို့မရတော့ဘူး”
“ဝူကန်း..ဒီတော့သူကဝူကန်းပဲ”
“ဝူကန်း.တစ်ချိန်တုံးက ကျိရှောင်းနဲ့တိုက်ခိုက်ခဲ့တဲ့ ဝူကန်း”
ဝူကန်း ၏နမည်အား ကြားရသောအခါတွက်များစွာသော
လူများကအံ့အားသင့်စွာ ပြောဆိုနေကြသည်။ လူတစ်ယောက်၏နမည်က သစ်ပင်တစ်ပင်၏အရိပ်ကဲ့သို့ပင်ဖြစ်သည်။
ဝူကန်းကရှစ်ဖုန့်ထံသို့ဦး
တည်လာနေချိန်တွင် သူ၏လက်တို့နှင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်သည်။ ထို့နောက် သူ၏ညာလက်အားဓား
လက်ချောင်းအသွင်ပြုလုပ်၍ စင်မြင့်အတွင်း၌ရပ်နေသောရှစ်ဖုန့်ထံသို့ ခုတ်ပိုင်းချက်တစ်ခုကိုပြုလုပ်လိုက်၏။
ရုတ်ခြည်းရှစ်ဖုန့်၏ဦးခေါင်းထက်၌ သတ်ဖြတ်လိုခြင်းအရှိန်အဝါတို့ဖြင့် ထက်ရှသောဓားချီတစ်ခုပေါ်လာပြီး ရှစ်ဖုန့်ထံသို့ ခုတ်ပိုင်းကျရောက်လာသည်။
ရှစ်ဖုန့်ကခေါင်းမော့လိုက်ပြီး မဟာသူတော်စင်တစ်ပိုင်းတစ်ယောက်၏ ထက်ရှသောဓားချီအားကြည့်လိုက်သည်။ သူ၏မျက်နှာ က တည်ငြိမ်နေဆဲဖြစ်ပြီး ခြားနားမှုမရှိပေ။ သူ၏လက်၌ မီးခိုးရောင်အလင်းတစ်ခုလင်း
လက်လာပြီးလပြည့်ဓားကရှစ်ဖုန့်၏ဘယ်လက်အတွင်း၌ပေါ်လာသည်။
ထို့နောက်ချက်ချင်း ရှစ်ဖုန့်က သူ၏လက်အတွင်းရှိလပြည့်ဓားအား
ကိုင်ဆွဲ၍ အပေါ်သို့ခုတ်ပိုင်းလိုက်သည်။ ရုတ်ခြည်းဓားသွားအလင်းတစ်ခု
လင်းလက်သွား၏။ လပြည့်ဓား၏ဓားသွားအလင်းအောက်တွင် ခုတ်ပိုင်းကျဆင်းလာသောထက်ရှ
သည့်ဓားချီမှာ ဓားသွားအလင်း၏ဝါးမျိုမှုကိုခံလိုက်ရသည်။ဓားသွားအလင်းက ရုတ်ခြည်းလာပြီး ရုတ်ခြည်းပျောက်ကွယ်သွားသည်။ ဓားသွားအလင်းပျောက်ကွယ်သွား
သောအခါတွင် ထက်ရှသော ဓားချီကလည်း ဘာသဲလွန်စမှကျန်ရစ်ခြင်းမရှိဘဲပျောက်ကွယ်သွားသည်။
“ဘာ..ငါ့ရဲ့ဖျက်ဆီးခြင်းဓားချီ.. အဲ့တာက ဒီလိုမျိုး ကျိုးပျက်သွားတယ်”
အောက်သို့ဒေါင်လိုက်ထိုးဆင်းလာသော ဝူကန်းမှာ ရှစ်ဖုန့်က သူ၏ တိုက်ခိုက်မှုအားအလွယ်တကူ
ချိုးဖျက်လိုက်သည်ကိုတွေ့ရသောအခါတွင် ကြီးစွာသောနိုးကြားမှုတစ်ခုဖြစ်သွား၏။ ထိုးဆင်းနေသောသူ၏ကိုယ်က ရုတ်ခြည်းရပ်တန့်သွားသည်။
ဝူကန်းတုန်လှုပ်ဆုံးသောအရာက တက်လက်တောက်ပနေသော
ဓားအလင်း၏စွမ်းအားက မည်သည့်အဆင့်ဆိုသည်ကိုသူ
မပြောနိုင်ခြင်းပင်ဖြစ်သည်။ သို့သော် ဓားအလင်း၏စွမ်းအားကသူ၏ဓားချီထက် ပိုအားကောင်းသည်မှာ ထင်ရှားသည်ဖြစ်၏။
ဝူကန်း၏ဓားချီအား ဖျက်ဆီးပြီးနောက်ရှစ်ဖုန့်က နောက်ထပ်ဘာလှုပ်ရှားမှုကိုမှမပြုလုပ်ချေ။ သူခေါင်းကိုမော့လိုက်ပြီး ဝူကန်းကိုသာ ဆိတ်ငြိမ်စွာဖြင့်ကြည့်နေ၏။
သိုသော် ရှစ်ဖုန့်၏အေးဆေးတည်ငြိမ်သောမျက်လုံးများက ဝူကန်းအားကြမ်းကြုတ်ခက်ထန်
သောသားရဲတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ခံစားရစေ၏။
“ဒါကဘယ်လိုဖြစ်နိုင်မှာလဲ. ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..သူ..သူက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ပဲဟာ. ငါ့ရဲ့တိုက်ခိုက်မှုကိုဘယ်လိုဖြစ်ပြီးတော့လွယ်လွယ်လေးချိုးဖျက်နိုင်ရတာလဲ.. အဲ့တာထက် ..သူကငါ့ကို အန္တရာယ်ရှိတဲ့ခံစားချက်တစ်ခုကိုပေးနေတယ်”
ထိုနေ့က ရတနာတစ်ထောင်စံအိမ်တွင် ရှစ်ဖုန့်က ရှစ်ကျင်းရွှိုက်သူ့အားပေးခဲ့သည့်
မဟာသူတော်စင်ယွမ်ဆေးလုံးသုံးလုံးအားဝါးမျိုခဲ့သည်။ မဟာသူတော်စင်ယွမ်ဆေးလုံးတို့၏ သန့်စင်ပြီး ခမ်းနားသော ကောင်းကင်နှင့်မြေကြီး ၏ချီတို့အား စုပ်ယူချေဖျက်ပြီးနောက် ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်
သို့သူခြေချဝင်ရောက်သွားခဲ့သည်။
ဝူကန်းက ရှစ်ဖုန့်အား တုန်လှုပ်မှုတို့ဖြင်ပြည့်နှက်နေသော
မျက်နှာဖြင့်ကြည့်နေ၏။ရုတ်ခြည်း ဝူကန်း၏အကြည့်က ရှစ်ဖုန့်၏ဘယ်လက်ရှိ လပြည့်ဓားပေါ်သို့ ကျရောက်သွားသည်။ ရုတ်တရက်တစ်စုံတစ်ခုအား
သူသဘောပေါက်လိုက်ပြီး ပြောလိုက်၏။
“သူ့လက်ထဲကလက်နက်က ရွှမ်းလက်နက်တစ်ခုပဲဖြစ်ရမယ်.. မနေ့က ပိုင်ကျွင်းရွှမ်းက သူ့လက်ထဲက ဒီရွှမ်းလက်နက်ကြောင့်သေသွားတာ.. အခုလည်းသူက ရွှမ်းလက်နက်ကိုအသုံးပြုပြီးတော့ငါ့ရဲ့ တိုက်ခိုက်မှုကိုချိုးဖျက်ခဲ့တယ်”
“အကိုဝူကန်း.. ခင်ဗျားကိုကူပါရစေ…အတူတူလက်တွဲပြီးတော့ ဒီမောက်မာတဲ့လူကို ဖျက်ဆီးကြတာပေါ့”
ဤအခိုက်အတန့်တွင် ကျယ်လောင်သော အော်သံတစ်ခုထွက်ပေါ်လာသည်။ အသက်သုံးဆယ်အစောပိုင်းခန့်ရှိသော ကျင့်ကြံသူတစ်ဦးက လူအုပ်ထဲမှပျံသန်းထွက်လာ၏။ သူက ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်
ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။
“သူပဲ..လျိုယွင်မြို့က လူငယ်ပါရမီရှင်ဝေ့ဝူကျိပဲ..”
ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ် ကျွမ်းကျင်သူပေါ်လာသောအခါတွင် တစ်စုံတစ်ယောက်က သူ့အားမှတ်မိလိုက်၏။ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးအား ထျန်းလျန်အင်ပါယာအတွင်း၌ ကျော်ကြားမှုရှိသည်ဟု သုံးသပ်၍ရသည်ဖြစ်သည်။
ဝေ့ဝူကျိက ဝူကန်း၏ဘေးသို့ပျံသန်းသွားလိုက်ပြီး ရပ်တန့်လိုက်သည်။ ဤအချိန်တွင် ဝေ့ဝူကျိက သူ၏ခေါင်းကိုလှည့်၍ ဝူကန်းအားပြောလိုက်၏။
“အကိုဝူကန်း.. ဒီလူက ဒီလိုမျိုးစွမ်းအားကြီးတဲ့စွမ်းအင်ကို ချပြနိုင်တာက လခြမ်းကွေးပုံစံဓားကြောင့်ဆိုတာ
ကျုပ်သဘောပေါက်တယ်.. နောက်ပြီးရင် အကိုက ဒီလခြမ်းကွေးဓားကိုတားပြီးတော့ ကျုပ်ကဒီအခွင့်အရေးကိုယူပြီးသူ့ကိုတိုက်မယ်.. ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးအနေနဲ့ သူ့ကို တစ်ချက်တည်းနဲ့သတ်နိုင်မယ်
လို့ကျုပ်ကိုယ်ကျုပ်ယုံကြည်မှုရှိတယ်”
“မင်းနဲ့ငါနဲ့အတွေးတူတယ်.. “
ဝေ့ဝူကျိ၏စကားအားကြားပြီးနောက် ဝူကန်းက သဘောတူထောက်ခံသည့်အနေဖြင့် ခေါင်းညိမ့်လိုက်သည်။ ထို့နောက် သူက ဝေ့ဝူကျိအားမကျယ်သော
အသံဖြင့်ပြောလိုက်သည်။
“ဒီနည်းအတိုင်းလုပ်တာပေါ့..တိုက်”
“တိုက်”
ဝူကန်း၏တိုက်ဟူသောအော်သံ
ထွက်ပေါ်လာပြီးနောက်ဝေ့ဝူကျိကလည်းတိုက်ဟုအော်ပြောလိုက်သည်။ ရုတ်ခြည်း လေထဲ၌ရပ်တန့်နေသောပုံရိပ်နှစ်ခုက အောက်ဘက်ရှိစင်မြင့်ပေါ်၌ရှိနေသော အနက်ရောင်ပုံရိပ်ထံသို့ ဦးတည်သွားသည်။
ဆက်ရန်……
ဘာသာပြန်သူ-ARISE