← Chapters

မူလဘူတဓား

Vol. 12 Ch. 164

မူလဘူတဓား

Vol. 12 Ch. 164

“ဖူချန်း ... သူတို့ ပြောနေတာက အမှန်တွေလား ... ”

ဇောင်ဝူကျင်းက တိုးတိုးတိတ် မေးလိုက်ပါတယ်။

လီဖူချန်းက ခေါင်းညိတ်ပြ လိုက်ပါတယ်။

အားလုံးက သိနေကျပြီ ဖြစ်တဲ့အတွက် ဘာမှ ဖုံးကွယ်ထားစရာ မလိုပါဘူးလေ။

လီဖူချန်းက ခေါင်းညိတ်ပြ လိုက်တဲ့ အခါမှာတော့ ဇောင်ဝူကျင်းက အားရပါးရ ရယ်လိုက် ပါတယ်။

“ငါအဘိုးကြီးက မိုးပြာရောင်ဂိုဏ်းရဲ့ အကြီးအကဲ လုပ်လာတဲ့ သက်တမ်း တစ်လျှောက်လုံးမှာ မင်းလို အစွမ်းထက်တဲ့ တပည့်မျိုး တစ်ခါမှတောင် မတွေ့ဖူးသေးဘူး။ ဒီမျိုးဆက်သစ်တွေ ထဲမှာတော့ မင်းက ဘုရင်တစ်ဆူ ဖြစ်လာတော့မှာပဲ။ နောက်ဆိုရင် မင်းက ဂိုဏ်းထဲမှာတောင် အလွန် အစွမ်းထက်တဲ့ ရာထူးတွေ ရလာလိမ့်မယ်”

ဇောင်ဝူကျင်းက ဆုံးဖြတ်ချက် တစ်ခုကို ခိုင်ခိုင်မာမာ ချလိုက်ပါတယ်။

တကယ်လို့သာ အနာဂတ်မှာ ဒီလူငယ်လေးက ကောင်းကင် နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် နိုင်စွမ်း မရှိတော့ဘူး ဆိုရင်တောင်မှ သူက ဒီလူငယ်လေးကို အထောက်အပံ့ ပစ္စည်းတွေ ပေးပြီး ကောင်းကင် နယ်ပယ်ကို တက်လှမ်းနိုင်အောင် ကူညီဦးမှာပါ။

လီဖူချန်းသာ ကောင်းကင် နယ်ပယ်ကို ရောက်သွားခဲ့ရင် ပြန်လည်ဝင်စားခြင်း နယ်ပယ်ရဲ့ အောက်အဆင့် မှာတော့ မိုးပြာရောင် ဂိုဏ်းကို ယှဉ်နိုင်တဲ့သူ ရှိတော့မှာ မဟုတ်ပါဘူး။

“အကြီးအကဲချုပ် ... ကျွန်တော် ဂိုဏ်း၃ဂိုဏ်းက တပည့်တော်တော် များများကို သတ်လိုက် မိတယ်။ အဲဒါက ပြဿနာ ဖြစ်လာနိုင် မလား”

လီဖူချန်းက ဇောင်ဝူကျင်းကို ခပ်တိုးတိုးလေး မေးလိုက်ပါတယ်။

ဇောင်ဝူကျင်းက လီဖူချန်းကို လက်အသာ ခါပြလိုက်ပြီး …

“ဒီနှစ်အခြေအနေ ကတော့ ခါတိုင်း နှစ်တွေကထက် ပိုထူးနေတာတော့ အမှန်ပဲ။ ငါတို့ မိုးပြာရောင်ဂိုဏ်း စတင် တည်ထောင်ခဲ့ ကတည်းက အခုလို အခြေအနေမျိုး တစ်ခါမှ မဖြစ်ခဲ့ဖူးဘူး။ ဒါပေမဲ့ မင်းအရမ်းကြီး မစိုးရိမ်ပါနဲ့။ ဂိုဏ်း ၃ဂိုဏ်းက ဂိုဏ်းသားတွေ အားလုံးကို မသတ်ပစ်သေး သရွေ့တော့ ပြဿနာ အကြီးအကျယ် မတက်နိုင်ပါဘူးကွာ။ နည်းနည်းပါးပါး အချေအတင်တော့ ပြောရမှာပေါ့။ ဒါပေမဲ့ ဂိုဏ်းစစ်ပွဲတွေတော့ မဖြစ်ပါဘူး”

လီဖူချန်းကသာ ဂိုဏ်း၃ဂိုဏ်း စလုံးက တပည့်တွေကို တစ်ယောက်မကျန် သတ်ပစ်လိုက်တာ ဒါမှမဟုတ် ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ သခင်လေး လီဝူရှုကို သတ်ပစ်လိုက်တာ ဆိုရင်တော့ အခြေအနေတွေက ထိန်းလို့ ရတော့မှာ မဟုတ်ပါဘူး။ တော်ပါသေးတယ်။ လီဖူချန်းက သူ့အကန့်အသတ် ကိုတော့ သူသိထားတယ်လေ။

“လီဖူချန်း ... သွေးဆာနေတဲ့ လူသတ်ကောင် ... မင်းက ငါတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက တပည့်တွေ ဒီလောက် အများကြီးကို သတ်ရဲတယ်ပေါ့လေ။ ငါဝေရီပိုင်က မင်းကို ခွင့်မလွှတ် နိုင်ဘူးဟေ့ ...”

စပါပြီ။ ဇာတ်လမ်း ကတော့ စလာပါပြီ။

ကြောက်စရာ ကောင်းလှတဲ့ အရိုးခေါင်း ပုံသဏ္ဌာန် အရာတစ်ခုက လေထုထဲမှာ လွင့်မျောလာပြီး လီဖူချန်းကို ဖိအားတွေ စပေးလာပါတယ်။

“လီဖူချန်း ... ခွေးမသားလေး ... ။ မင်းက ငါတို့ ခရမ်းရောင် ဆေဘာ ဂိုဏ်းက ဂိုဏ်းသား တစ်ဝက်လောက်ကို သတ်ပစ်လိုက်တယ်။ ဒီနေ့ မင်းရဲ့သွေးနဲ့ ငါတို့ ဂိုဏ်းသားတွေကို ပူဇော်ရမယ်”

ခရမ်းရောင် ဆေဘာ ဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲခေါင်ချုပ် ဟီဆန်းဟီ ကလည်း အသံ နက်ကြီးဖြင့် ကြုံးဝါး လိုက်ပါတယ်။

“သူငယ်တော် ရှောင်မိုက ငါတို့ဂိုဏ်းရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ တပည့် တစ်ယောက်ပဲ။ လီဖူချန်း ... မင်းရဲ့ လက်နှစ်ဖက်ကို ဖြတ်ပစ်လိုက်။ အဲဒါဆိုရင် ငါဒီကိစ္စကို မေ့ပစ်လိုက်မယ်”

ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီး ကလည်း တစ်စခန်း ထလာပြန်ပါတယ်။

“မင်းတို့အားလုံး အရမ်း မလွန်လာရင် ကောင်းမယ်နော်”

ဇောင်ဝူကျင်းက ဒေါသ ထွက်လာပြီး လီဖူချန်းရဲ့ အရှေ့ကနေ မားမားမတ်မတ် ရပ်ကာ ချီအရှိန်အဝါတွေကို ထုတ်ဖော်ပြီး ကာကွယ် ထားလိုက်ပါတယ်။

“ဇောင်ဝူကျင်း ... မင်းတို့ မိုးပြာရောင်ဂိုဏ်းက သူ့ကိုကယ်ဖို့ မတတ်နိုင်ပါဘူးကွာ။ အခွင့်အရေးရှိတုန်း ဒီကောင်လေးကို ပေးလိုက်စမ်းပါ”

ဝေရီပိုင်က လူသတ်ချင်တဲ့ အငွေ့အသက်တွေ အပြည့်နဲ့ ဇောင်ဝူကျင်းကို ပြောလိုက်ပါတယ်။

ဇောင်ဝူကျင်းက အေးစက်စက် ရယ်မော လိုက်ပါတယ်။

“မင်းတို့အားလုံးက တကယ် အရှက် မရှိတဲ့ သူတွေပဲ။ ဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ သတ်ဖြတ် တာတွေကို ဂိုဏ်း၄ဂိုဏ်း စလုံးက သဘော တူပြီးသားလေ။ သူတို့သေတယ် ဆိုတာက အသုံးမကျလို့ ပေါ့ကွ။ ဘာဖြစ်လို့ လီဖူချန်း အလှည့်ကျမှ ပြဿနာ လာဖြစ်နေ ရတာလဲ။ မင်းတို့လို ဆိုရင် အရင်တုန်းက သေသွားတဲ့ ငါတို့ မိုးပြာရောင် ဂိုဏ်းရဲ့ တပည့်တွေကို ဘယ်သူ သတ်တာလဲ။ မင်းတို့ ဂိုဏ်းသားတွေပဲ သတ်တာ မဟုတ်ဘူးလား။ အဲဒီတုန်းက ငါတို့ မိုးပြာရောင်ဂိုဏ်း ဘာပြဿနာ ရှာခဲ့ဖူးလို့လဲ"

ဟီဆန်းဟူကတော့ အတော်လေးကို မျက်နှာ ပြောင်ပါတယ်။

“အတိတ်က ဟာတွေကို အတိတ်မှာပဲ ထားခဲ့။ ငါဆိုတဲ့ ဟီဆန်းဟူက လက်ရှိ ပစ္စုပ္ပန်ကိုပဲ သိတယ်။ ဒီနေ့ မင်းတို့ မိုးပြာရောင်ဂိုဏ်းက ဒီခွေးမသားလေးကို ကာကွယ်နေမယ် ဆိုရင်တော့ ငါ့ကို ရိုင်းတယ်လို့ မပြောနဲ့”

“ဇောင်ဝူကျင်း ... ရှင်သူ့ကို ကာကွယ်လို့ မရဘူးနော်”

ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီး ကလည်း သတိပေးစကား ဆိုပါတယ်။

“ဒီလူတွေက တကယ်ကို အဆင့်အတန်း မရှိတာပဲ”

ချန်ဖန်းဟွာက မုန်းတီးစွာဖြင့် ပြောလိုက်ပါတယ်။

ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေ ထဲမှာက ကိုယ်က ဦးအောင် သတ်ရင်သတ်၊ မဟုတ်ရင်တော့ တခြားသူက သတ်တာကို ခံရုံပဲ ရှိတာလေ။ အဲဒါကို ဒီဂိုဏ်း ၃ဂိုဏ်းက ပြဿနာ ရှာနေပါသေးတယ်။

လီဖူချန်းက သူမကို ရှင်းပြ လိုက်ပါတယ်။

“သူတို့အားလုံးက ငါ့ကို သတ်ချင်လို့ကို အကြောင်းရှာနေတာ။ ငါမသေဘူး ဆိုရင် တစ်နေ့မှာ သူတို့ဂိုဏ်းတွေ အတွက် ပြဿနာကောင် ဖြစ်လာနိုင်တယ်လေ”

ကောင်းကင် အဆင့် ပညာရှင်တွေရဲ့ ချီအရှိန်အဝါတွေက တကယ်ကို ကြောက်မက်ဖွယ် ကောင်းလွန်းပါတယ်။ ဇောင်ဝူကျင်းက သူ့ရဲ့ အရှေ့မှာ ရပ်ပြီး ကာကွယ် ပေးထားတာတောင်မှ လီဖူချန်းကို အတော်လေး ဖိအားပေး နေနိုင်ပါသေးတယ်။

"ဇောင်ဝူကျင်း ... မင်းက ငါတို့အကြီးအကဲ ၃ယောက်ပေါင်း တိုက်တာကို ခံနိုင်မယ် ထင်နေတာလား။ အမြန် ဖယ်စမ်း ... "

ဝေရီပိုင်ရဲ့ အနက်ရောင် အရိုးခေါင်းက ဇောင်ဝူကျင်းဆီကို တိုးဝင် လာပါတယ်။

တစ်ချိန်တည်းမှာပဲ ဟီဆန်းဟူက ကျားရိုင်း တစ်ကောင်နဲ့ ဆင်တူတဲ့ ချီအရှိန်အဝါ တစ်ခုကို ထုတ်လွှတ် လိုက်ပါတယ်။ ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီး ကလည်း အနက်ရောင် ကန့်လန့်ကာနဲ့ ဆင်တူတဲ့ ချီအရှိန်အဝါကို ထုတ်လွှတ်ပြီး ဇောင်ဝူကျင်းကို တိုက်ခိုက် လာပါတယ်။

ဇောင်ဝူကျင်းက ကျယ်လောင်စွာ မာန်သွင်း လိုက်ပြီး သူရဲ့ ပင်လယ်နဲ့ တူတဲ့ ချီအရှိန်အဝါကို ထုတ်လွှတ်ကာ ပြန်ခုခံပါတယ်။

သူ့ရဲ့ ချီအရှိန်အဝါ ပင်လယ်ထဲကနေ ဝေလငါးကြီး တစ်ကောင် ထွက်လာပြီး ကျန်တဲ့ ချီအရှိန်အဝါ ၃ခုကို ဝါးမျို သွားခဲ့ပါတယ်။

“မင်းရဲ့ အစစ်အမှန် မိုးပြာရောင် ရေစင် အတွင်းအားက အဆင့်၁၉တောင် ရောက်သွားပြီလား"

ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်တွေ ဆိုတာက အဆင့်တစ်ဆင့် တက်ဖို့ အလွန် ခဲယဉ်းပါတယ်။ တကယ် တော်ပါတယ် ဆိုတဲ့ ပါရမီရှင်တွေ တောင်မှ ဆန်းကြယ် အလယ်အလတ် အတွင်းအား ကျင့်စဉ်တွေကို အမြင့်ဆုံးအထိ ကျင့်နိုင်ပေမဲ့ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ်ကို ပြောင်းကျင့်တဲ့ အခါမှာတော့ အဆင့်၁၆ ဒါမှမဟုတ် ၁၇အထိပဲ ရောက်အောင် လေ့ကျင့် နိုင်တာပါ။

တကယ့်တကယ် တော်တဲ့သူတွေ ကပဲ အဆင့်၁၈ထိ ရောက်နိုင်တာလေ။

အဆင့်၁၉ ဆိုရင်တော့ စိတ်ကူးယဉ် မနေပါနဲ့တော့ လို့ပဲ ပြောရမလိုကို ဖြစ်နေတဲ့ အနေအထားပါ။

“မင်းရဲ့ အဆင့်အမှန် မိုးပြာရောင် ရေစင်က အဆင့်၁၉ ရောက်သွားတော့လည်း ဘာဖြစ်လဲ။ ဒီအဆင့်လေး တစ်ဆင့် ကွာသွားတာက ငါတို့ ၃ယောက်ကို ယှဉ်နိုင်မယ်လို့ ထင်နေတာလား”

ဝေရီပိုင်က နှာခေါင်းရှုံ့ကာ ပြောလိုက်ပါတယ်။

တကယ်လို့ တစ်ယောက်ချင်း တိုက်ခိုက်မယ် ဆိုရင်တော့ ဇောင်ဝူကျင်းကို သူက ကြောက်ပါတယ်။ ဒါပေမဲ့ အခုက သုံးယောက် တစ်ယောက်လေ။ ဇောင်ဝူကျင်းက ခေါင်း၃လုံးနဲ့ လက်၆ဖက် ပေါက်မလာ သေးသရွေ့ ကတော့ ကြောက်စရာ ဘာအကြောင်းမှကို မရှိပါဘူး။

“ဇောင်ဝူကျင်း ... ရှင်စိတ် အလိုနောက်ကို မလိုက်စမ်းပါနဲ့။ ဒီကလေးက သာမန်အရိုး တည်ဆောက်ပုံပဲ ရှိတာပါရှင်။ ဒီတစ်ယောက် အတွက်နဲ့ ကတော့ ရှင်တို့ မိုးပြာရောင် ဂိုဏ်းကြီး ဘယ်လောက်မှ နစ်နာသွားစရာ အကြောင်း မရှိပါဘူး” ဝိညာဉ်ကဝေ ဂိုဏ်းရဲ့ အဘွားအိုက စိတ်ဝိညာဉ် တိုက်ခိုက်မှုကို အသုံးချပြီး ဇောင်ဝူကျင်းရဲ့ ဆုံးဖြတ်မှုတွေ ဝေဝါးလာဖို့ ကြိုးစား လိုက်ပါတယ်။

ဒါပေမဲ့ သူမရဲ့ ကြိုးစားမှုက ဇောင်ဝူကျင်း အပေါ်မှာ သက်ရောက်မှု မရှိပါဘူး။

ဇောင်ဝူကျင်းက လေသံမာမာဖြင့် …

“တကယ်လို့ အတွင်းစည်း အကြီးအကဲခေါင်ချုပ် ဖြစ်တဲ့ ငါက ဒီတပည့်လေး တစ်ယောက်ရဲ့ အသက်ကိုတောင် မကာကွယ် ပေးနိုင်ဘူးဆိုရင် နောက်ပိုင်းမှာ ဘယ်တပည့်တွေ ကကော မိုးပြာရောင်ဂိုဏ်း အတွက် ကြိုးစားပေးချင် တော့မှာလဲ”

“ပင်လယ် အဏ္ဏဝါချီတွေ ထွက်လာခဲ့စမ်း”

ဇောင်ဝူကျင်းရဲ့ အသံ တိတ်ဆိတ် သွားတာနဲ့ သူ့ရဲ့ ပင်လယ်ချီ အရှိန်အဝါတွေက အရင်ကထက် နှစ်ဆလောက် ပိုကျယ်ပြန့် လာပါတယ်။

ဆေးပင်၁၀၀ ရေကန်ရဲ့ ရေမျက်နှာပြင် မှာလည်း လှိုင်းတံပိုးတွေ ထန်လာခဲ့ ပါပြီလေ။

“အဲဒါက ကြယ်၄ပွင့် နည်းစနစ် ဖြစ်တဲ့ ပင်လယ် အဏ္ဏဝါ နည်းစနစ်ပဲ”

ရှောင်လီက ပါးစပ် အဟောင်းသား ဖြစ်ပြီး ငေးကြည့် နေပါတယ်။

တကယ်လို့ ကြယ်၃ပွင့် အဆင့် လျှို့ဝှက် နည်းစနစ်တွေကို ထိပ်တန်း နည်းစနစ်တွေ အဖြစ် သတ်မှတ်မယ် ဆိုရင် ကြယ်၄ပွင့် အဆင့် လျှို့ဝှက် နည်းစနစ်တွေက ဂိုဏ်းတော်ရဲ့ အန္တိမ နည်းစနစ်တွေပါ။

ဒီနည်းစနစ် တွေကို အလွန်ပဲ ရှားပါး လွန်းပါတယ်။ ဒါပေမဲ့ ဒီနည်းစနစ်တွေကို အောင်မြင်ပြီး သွားရင်တော့ ကိုယ့်ထက် အစွမ်းထက်တဲ့ သူတွေကိုတောင်မှ ပြန်ပြီး အနိုင်ယူ နိုင်တယ်လေ။

“မင်းတစ်ယောက်တည်းပဲ ကြယ်၄ပွင့် လျှို့ဝှက် နည်းစနစ် တတ်တယ်လို့ ထင်နေတာလား ... ညတစ္ဆေ၁၀၀ လာစမ်း ... "

“အဖော်မဲ့ စစ်မြေပြင်ချီ လာစမ်း"

“ငရဲပြည်က ဧည့်နတ်ဆိုး လာစမ်း"

ဝေရိပိုင်ရဲ့ အနက်ရောင် အရိုးခေါင်းနား မှာတော့ နောက်ထပ် အရိပ်မည်းတွေ ပေါ်လာခဲ့ပြီး သူ့ရဲ့ မူလ ချီအရှိန်အဝါတွေကို အားဖြည့်ပေး လိုက်ပါတယ်။

ဟီဆန်းဟူ ကလည်း သူ့ရဲ့ ကြယ်၄ပွင့် နည်းစနစ်ကို ထုတ်သုံး လိုက်ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က ပိုမို ကြီးထွားလာပြီး သားရဲ တစ်ကောင်နဲ့ ဆင်တူ လာပါတယ်။ သူက အခုဆိုရင် ၂မီတာလောက် ရှိနေပြီး ရန်လိုနေတဲ့ အငွေ့အသက်တွေက ကျားပုံသဏ္ဌာန် မူလ ချီအရှိန်အဝါတွေနဲ့ ပေါင်းစပ်သွားပြီး ထူးဆန်းတဲ့ သတ္တဝါကြီး တစ်ကောင်လို ဖြစ်နေပါပြီ။ ဒီသတ္တဝါကြီးက ကောင်းကင်ယံမှာ ဟိန်းဟောက် နေပြီး နေနဲလကိုတောင် ပြေးဟပ်တော့မည့်ပုံ ရှိပါတယ်။

ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီးကတော့ မှုန်ဝါးဝါး ရုပ်ပုံလွှာတစ်ခု အဖြစ် အသွင်ပြောင်း သွားပြီး အနက်ရောင် ကန့်လန့်ကာ ချီတွေထဲမှာ ဝင်ရောက်ပျောက်ကွယ် သွားပါပြီ။

ချီအရှိန်အဝါ လေးခုက ကောင်းကင်ယံမှာ ထိပ်တိုက် တွေ့ဆုံ နေကြပါပြီ။ ကောင်းကင် တစ်ခုလုံးကတော့ အရောင် အမျိုးမျိုးကို ပြောင်းလဲ နေတော့တာပါပဲ။

ကြောက်စရာ ကောင်းတဲ့ လေနီကြမ်းတွေ ကလည်း တိုက်ခတ်လာတယ်။

ကျယ်လောင်လှတဲ့ မိုးခြိမ်းသံတွေ ကလည်း အဆက်မပြတ်ကို ခြိမ်းနေပြန်တယ်။

နောက်ထပ် မိုးကြိုးတွေကပါ ထပ်ပြီး ပစ်လာ ပါသေးတယ်။

ကောင်းကယ် နယ်ပယ်က ပညာရှင်တွေရဲ့ တိုက်ပွဲကတော့ တကယ့်ကို ကြောက်စရာပါပဲ။

ချီအရှိန်အဝါ လေးခုရဲ့ ဖိနှိပ်မှုတွေက ပြင်းထန် လွန်းတာကြောင့် အတွင်းစည်း အကြီးအကဲတွေက တပည့်တွေကို ရသလောက် ကာကွယ် ထားပေး နေရပါတယ်။

“မကောင်းတော့ဘူး ... အကြီးအကဲ ခေါင်ချုပ်ရဲ့ ချီအရှိန်အဝါတွေက လွှမ်းမိုး ခံလိုက်ရပြီ”

ရှောင်လီက မျက်နှာ ပျက်နေပါတယ်။ သူ့ရဲ့ အမြင်မှာတော့ ဇောင်ဝူကျင်းက ဆက်ပြီး တောင့်ခံ ထားနိုင်မယ့်ပုံ မပေါ်တော့ပါဘူး။

“ဝေရီပိုင် ... မင်းတို့တွေ အရမ်းကို တရား လွန်လွန်းတယ်။ ဒီလိုကိစ္စတွေ ဖြစ်လာမှတော့ ငါကလည်း မင်းတို့ကို ငါတို့ မိုးပြာရောင်ဂိုဏ်းရဲ့ အကောင်းဆုံး လျှို့ဝှက် နည်းစနစ်ကို ထုတ်ပြရတော့ မှာပေါ့လေ”

“မူလဘူတဓား လာခဲ့စမ်း”

ထောင်သောင်းချီတဲ့ ဓားချီတွေက ဇောင်ဝူကျင်းရဲ့ ခေါင်းပေါ်မှာ ပေါ်လာခဲ့ပြီး ဓားကြီးတစ်စင်း အဖြစ် ပုံပြောင်း သွားခဲ့ပါပြီ။

အဲသည် ဓားကြီးကို မြင်လိုက်တာနဲ့ မြင်လိုက်တဲ့ လူအပေါင်းရဲ့ စိတ်နှလုံးထဲ အထိပါ လှီးဖြတ် သွားမလို့တောင် ခံစားစေ ရပါတယ်။

ဇောင်ဝူကျင်း ပစ်မှတ်ထားတဲ့ လူသုံးယောက်ရဲ့ ချီအရှိန်အဝါတွေ ကတော့ အပိုင်းပိုင်း အစစကို ဖြစ်သွားရုံမက သူတို့ သုံးယောက်စလုံးရဲ့ အတွင်းကလီစာ တွေကလည်း ဗြောင်းဆန် ကုန်ပါတယ်။

“ဂိုဏ်းတော်ရဲ့ အကြွင်းမဲ့ လျှို့ဝှက်နည်းစနစ် မူလဘူတဓား"

လီဖူချန်းရဲ့ မျက်လုံးတွေ ကလည်း ပြူးကျယ် ကုန်ပါပြီလေ။

***

All Chapters