အပိုင်း(၅၇၈)
Vol. 39 Ch. 578
“လူနှစ်ယောက်က မလုံလောက်သေးဘူး”
ရှစ်ဖုန့်က သူ့အထက်၌အခြားသူတစ်
ယောက်ပေါ်လာသည်ကို စောင့်ကြည့်ရင်းပြောလိုက်သ်ည။ သူတို့နှစ်ဦးကသူ့အားပူးပေါင်း
၍တိုက်ခိုက်လာကြ၏။ ထို့နောက်မကြာခင် သူကစိတ်ပျက်စွာဖြင့်ခေါင်းခါယမ်းလိုက်သည်။
“သတ်ဖြတ်ဓား စည်းမျဉ် .. အရာအားလုံး အားဖျက်ဆီးခြင်း”
အရှေ့လေအင်ပါယာမှ ဝူကန်းကထိုးဆင်းလာသကဲ့သို့ လေးနက်သောအသံဖြင့်အော်ဟစ်လိုက်သည်။ သူ၏ညာလက်က ဓားလက်ချောင်းတစ်ခုအဖြစ်ထပ်မံ
ပုံဖော်လိုက်ပြီး ရှစ်ဖုန့်ထံသို့ ခုတ်ပိုင်းလိုက်၏။
နောက်ထပ်ဓားချီတစ်ခုကရှစ်ဖုန့်၏အထက်၌ ပေါ်လာသည်။ ဝူကန်း၏ဓားချီက ပို၍ ထက်ရှပြီး ပို၍ခမ်းနားကာ ယခင်တစ်ခုထပ်ပို၍စွမ်းအားကြီးမား၏။ ဤဓားချီ၏ စွမ်းအားအားအာရုံခံမိရင်း ၎င်းက အရာအားလုံး အားဖျက်ဆီးနိုင်သောစွမ်းအားရှိ
သကဲ့သို့ပင်ဖြစ်သည်။
ဤတစ်ကြိမ်တွင် ရှစ်ဖုန့်ကသူ၏လက်ထဲမှလပြည့်ဓားအား လာနေသော ဓားချီထံသို့လွှဲယမ်းလိုက်၏။ လခြမ်းကွေးဓားသွားကလည်ပတ်ပြီး လာနေသောဓားချီနှင့်ပစ်ဆောင့်သွားသည်။
ဤအချိန်တွင်လျိုယွင်မြို့မှပါရမီရှင် ဝေ့ဝူကျိက သူ၏ညာလက်ချောင်းအားရှစ်ဖုန့်ထံ
သို့ထိုးညွှန်ပြီးအော်ပြောလိုက်သည်။
“ဝေ့မိသားစုအန္တိမ ပညာရပ်ကောင်းကင်ဘုံမီးတောက်ဘီး”
ဝေ့ဝူကျိ၏အသံပျောက်သွားသကဲ့သို့ ဘီးကဲ့သို့မီးတောက်လေးခုကရှစ်ဖုန့်၏ဦးတည်ချက်လေးဘက်လေးတန်မှပေါ်လာသည်။ မီးတောက်ဘီးများကအရှိန်အဟုန်ဖြင့်လည်ပတ်ကာ လှည်ပတ်နေပြီး ပို၍ကြီးမားလာပြီးပို၍ ပြင်းထန်လာသည်။၎င်းတို့ ကမီးတောက်လေဆင်နှာမောင်း
လေးခုအဖြစ်ပြောင်းလဲသွားပြီး
ရှစ်ဖုန့်၏လွတ်မြောက်နိုင်သော
ရှေ့၊နောက်၊ဘယ်၊ညာမှ လမ်းအားလုံးအားပိတ်ဆို့ထားသည်။
ထို့နောက်၎င်းတို့က ပြင်းထန်စွာဖြင့် အလယ်ဗဟို၌ရှိနေသော ရှစ်ဖုန့်ထံသို့ သတ်ဖြတ်ရန်ဦးတည်လာသည်။
“ဝှစ်ရှ်”
ဓားသွားသံက ပဲ့တင်ထွက်နေသည်။ရှစ်ဖုန့်၏လက်အတွင်းမှပျံသန်းထွက်လာသော လပြည့်ဓားသွားက အရင်ဆုံးကျဆင်းလာသော ဓားချီနှင့်ထိပ်တိုက်တွေ့ဆုံသွားသည်။
ထို့နောက် ယခင်ကကဲ့သို့ပင် ကြမ်းကြုတ်ပြီးခမ်းနားသောဓားချီမှာ လပြည့်ဓား၏ရုတ်ခြည်းဖျက်ဆီးမှုကိုခံလိုက်ရသည်။
ဝူကန်းမှာ ဤရွှမ်းလက်နက်က သာမန်မဟုတ်သည်ကိုသိထားပြီးဖြစ်သည်။ သူ၏ဓားချီဖျက်ဆီးခံလိုက်ရသည်အားတွေ့ရသောအခါတွင် ဘာအခြားအံ့ဩမှင်သက်မှုကိုမှပြသမနေပေ။သူအခုလိုချင်သည်က လပြည့်ဓားအားထိန်းချုပ်ရသာဖြစ်ပြီး
ထိုမှသာဝေ့ဝူကျိအနေဖြင့်ရှစ်ဖုန့်အား
တိုက်ခိုက်နိုင်မည်ဖြစ်သည်။
လပြည့်ဓားက ဓားချီအားဖျက်ဆီးပြီးနောက် ၎င်းက အထက်၌ရှိနေသောဝူကန်းထံသို့ အရှိန်အဟုန်ဖြင့်ဆက်လက်လည်ပတ်ထိုးတက်သွားသည်။
“သတ်ဖြတ်ဓား စည်းမျဉ်း… သတ်ဖြတ်ဓားဒိုင်း”
သူ့ထံသို့ဦးတည်လာနေသောလပြည့်ဓား
အားကြည့်ရင်း ဝဓကန်းက သူ၏လက်တို့ဖြင့် ဆီးလ်တစ်ခုကိုပုံဖော်လိုက်ပြီး သူ၏စွမ်းအားအားလုံးကို စုစည်းလိုက်သည်။ ထို့နောက် ဝူကန်း၏အောက်ဘက်၌ လပြည့်ဓား၏ တိုက်ခိုက်မှုအားတားဆီးရန် ဓားတစ်ခုကဲ့သို့သော ဓားချီတစ်ခုနှင့်ဒိုင်းတစ်ခုပေါ်လာသည်။
သူ၏ဓားချီအားဖျက်ဆီးပြီးနောက် လပြည့်ဓား၏စွမ်းအားက အားနည်းသွားလိမ့်မည်ဖြစ်သည်။ ဤအချိန်တွင် ဝူကန်းက လပြည့်ဓား၏တိုက်ခိုက်မှုအား သူ၏စွမ်းအားအားလုံးဖြင့်စုစည်းဖွဲ့
စည်းထားသော ဓားဒိုင်းကာကတားဆီးနိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိ၏။
သို့သော်ယခုအခါတွင် ဤဓားအားသူသာတားဆီးလိုက်သည်နှင့် အောက်တွင်ရှိနေသောလူ၌
သူ့ဘက်ခြမ်းတွင် ဓားရှိနေလိမ့်မည်မဟုတ်ပေ။ ဤအခိုက်အတန့်တွင် သူ့အားစွားအားကြီး မီးတောက်ဝဲသုံးခုက ဝန်းရန်နေမည်ဖြစ်ပြီး ထွက်လမ်းလည်းရှိနေလိမ့်မည်မဟုတ်ပေ။
မီးတောက်ဝဲသုံးခုအား သူခံစားရချိန်တွင် ဝူကန်းမှာတုန်လှုပ်အံ့အားသင့်ရသည်။ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ် ဝေ့ဝူကျိချပြသော မီးတောက်ဝဲလေးခု၏စွမ်းအားက ကြယ်ကိုးပွင့်သူတော်စင်နယ်
ပယ်နားသို့နီးကပ်နေသည်ဖြစ်၏။
ဝူကန်းအားလပြည့်ဓားကိုထိန်းရန်
တောင်းဆိုသည်မှာမအံ့ဩတော့ပေ။သူ့၌ မောက်မာသောလူအားကိုင်တွယ်ရန်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေသည်ဖြစ်သည်။
“သူမီးတောက်ဝဲလေးခုကိုဘယ်လို
တားမလဲကြည့်ကြသေးတာပေါ့.. ဘယ်သူကမင်းကိုမောက်မာ
ဖို့တောင်းဆိုလို့လဲ..”
ဤလူအားသတ်ပြီးသည်နှင့် ဤဓားအားအသန်မာဆုံးလူဖြစ်သောသူပိုင်ဆိုင်လိမ့်မည်ဖြစ်သည်။
ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ယောက်က ဤဓားဖြင့် ပိုင်ကျွင်းရွှမ်းအားသတ်နိုင်ပြီး
သူ၏ဓားချီအားဖျက်ဆီးနိုင်သည်ကိုတွေးကြည့်လျှင် ဤဓားကိုသာသူရခဲ့ပါက သူမည်မျှစွမ်းအားကြီးသွားပါမည်နည်း။
ထျန်းလျန်းအင်ပါယာ၏သတို့သားရွေးချယ်ပြိုင်ပွဲသို့လာခဲ့သောဤခရီး၌သူ့အတွက် အချည်းအနှီးဖြစ်လိမ့်မည်မဟုတ်ပေ။
ဤအရာအားတွေးမိသောအခါတွင် ဝူကန်း၏နှုတ်ခမ်းကတမင်မလုပ်ယူရပါဘဲ အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားသည်။
ဤအချိ်နတွင် ဝူကန်း၏ဘေး၌ရှိနေသာဝေ့ဝူ
ကျိ၌လည်းမျက်နှာပေါ်၌အေးစက်သောအပြုံးတစ်ခုရှိနေခဲ့သည်. သူ၏ဝေ့ကလန် အန္တိမ နည်းစနစ်ဖြစ်သော ကောင်းကင်ဘုံမီးတောက်ဘီးအောက်တွင် ဤမောက်မာပြီးစိတ်ကြီးဝင်နေသော လူအနေဖြင့် ဆုတ်ခွာရန်သို့မဟုတ် ရှောင်တိမ်းရန် နေရာရှိမနေပေ။ ဤတိုက်ခိုက်မှုအားတားဆီးရန်အတွက်လည်းသူ့အတွက်အကြွင်းမဲ့မဖြစ်နိုင်ပေ။ ဤလူသေချာပေါက်သေရလိမ့်မည်ဖြစ်သည်။
သို့သော်နောက်ထပ်အခိုက်အတန့်၌ မီးတောက်ဝဲလေးခုက ရှစ်ဖုန့်၏ကိုယ်ပေါ်သို့သားရဲလေးကောင်းကဲ့သို့ခုန်အုပ်တော့မည့်အချိန်တွင် ရှစ်ဖုန့်၏ကိုယ်မှ နတ်ဆိုးဆန်သောမီးတောက်တစ်ခုဟုန်းခနဲထွက်ပေါ်လာသည်။မီးတောက်၏ အရောင်ကသွေးနီရောင်ဖြစ်ပြီး အေးစိမ့်သောစွမ်းအားတစ်ခု
ကိုထုတ်လွှတ်နေ၏။
ကောင်းကင်မီးတောက်က ရှစ်ဖုန့်၏ကိုယ်မှထွက်ပေါ်လာပြီးနောက်တွင် သွေးနီရောင်မီးတောက်များက ဦးတည်ချက်ပေါင်းစုံသို့ သိမ်းကျုံးပျံ့နှံ့သွားပြီး မီးတောက်ဝဲလေးခုအားဝါးမျိုသွားသည်။
ထို့နောက်ဝူကန်းနှင့်ဝေ့ဝူကျိတို့၏မျက်နှာကသိသိသာသာကိုပြောင်းလဲသွား၏။ သွေးနီရောင်မီးတောက်တို့အောက်တွင် ကြယ်ကိုးပွင့်သူတော်စင်နယ်ပယ်နားသို့နီးကပ်နေသော မီးတောက်ဝဲလေးခုမှာ သွေးနီရောင်မီးတောက်တို့၏ရုတ်ခြည်းလွှမ်းခြုံဝါးမျိုမှုကိုခံလိုက်ရသည်။
ဤအခိုက်အတန့်တွင် လပြည့်ဓားကြောင့်သူ၏စွမ်းအားအကုန်ဖြင့် စုစည်းဖွဲ့စည်းထားသောဓားဒိုင်းမှာ ဖျက်ဆီးခံရ၍ ဝူကန်းတစ်ယောက် ပို၍ တုန်လှုပ်အံ့အားသင့်နေသည်။
“ဒါက.. ဒါကဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..ဒါက..ဒါက ဘယ်လိုစွမ်းအားမျိုးလဲ.. ဘာလို့ဒီလိုမျိုးဖြစ်တာလဲ.. “
ဝူကန်း၏မျက်နှာထက်၌ လွန်စွာတုန်လှုပ်မှုတို့ဖြင့်ပြည့်နှက်နေသည်။ ထို့နောက်လပြည့်ဓားကသူ၏ရင်ဘက်အတွင်းပျံသန်းလာပြီးသူ၏ကျောမှဖောက်ထွက်သွားကာ ဟင်းလင်းပြင်ထဲ၌သွေများပန်း
ထွက်လာစေသည်။
ရှစ်ဖုန့်က ယခု ကြယ်ရှစ်ပွင့်သူတော်စင်နယ်ပယ်ဖြစ်သည်။ လပြည့်ဓား၏တိုက်ခိုက်မှုက မဟာသူတော်စင်နယ်ပယ်တစ်ယောက်၏တိုက်ခိုက်မှုအဆင့်သို့ရောက်ရှိနေ၏။ မဟာသူတော်စင်နယ်ပယ်တစ်ဝက်နှင့် အဆင့်တစ်ခုစာမျှလောက်သာ
ကွာခြားသော်လည်း မဟာသူတော်စင်နယ်ပယ်တစ်ယေက်၏ စွမ်းအားက ဝူကန်းကဲ့သို့ မဟာသူတော်စင်နယ်ပယ်တစ်ဝက်လူမျိုးတားဆီးနိုင်သောအရာမဟုတ်ပေ။
ရှစ်ဖုန့်အတွက်မူ အစောက၎င်းတို့သူ့အားတိုက်ခိုက်ချိန်၌ ၎င်းတို့၏သတ်ဖြတ်ခြင်း စိတ်န္ဒတို့အားခံစားမိခဲ့ပြီးဖြစ်သည်။ ၎င်းတို့ကသူ့အားသတ်ချင်ကြသောကြောင့် သူကလည်း သနားညှာတာမှုပြရအောင်အ
ရမ်းမိုက်မဲနေမည်မဟုတ်ပေ။
ရှစ်ဖုန့်ကသူ့အားသတ်ချင်သောသူများအပေါ်၌သနားညှာတာမှုကိုမပြသတတ်ပေ။ ၎င်းတို့ သေကြရမည်သာဖြစ်သည်။
လပြည့်ဓားက ဝူကန်း၏ ရင်ဘက်အားထိုးဖောက်သွားပြီး ၎င်း၏နှလုံးအားဖျက်ဆီးလိုက်သည်။ဝူကန်း၏ပုံရိပ်က လေထုအလည်၌ ယိမ်းထိုးနေပြီးဖြစ်၏။ ၎င်း၏ပုံစံအရ အချိန်မရွေး လေထုအလည်မှပြုတ်ကျ
လာနိုင်သည်ဖြစ်သည်။
“ငါသေပြီလား. ငါထျန်းလျန်အင်ပါယာကို လာခဲ့ပြီး.. ဘယ်လိုဖြစ်ပြီးဒီလိုမျိုး ငယ်ရွယ်တဲ့ ပါရမီရှင်နဲ့တွေ့ပြီးတော့..
ဒီလိုပြိုင်ဘက်ကင်းဓားနဲ့…ငါ…..”
ယင်းကဝူကန်း၏စိတ်ထဲရှိနောက်ဆုံးအတွေးပင်ဖြစ်သည်။ဝူကန်း၏အသိက သူ၏စိတ်ထဲမှာ ဒီရေအလား လျှင်မြန်စွာဆုတ်ယုတ်သွား၏။
နောက်ဆုံးစကားလုံးဖြစ်သော “ငါ”ပြီးနောက်ဝူကန်းတစ်ယောက် ဘာကို တွေးသွားသည်ကို မည်သူမျှမသိနိုင်ပေ။ သို့သော် ဝူကန်း၏သေဆုံးမှုက ဆန်းကြယ်မှုတစ်ခုအဖြစ်ထာဝရတည်ရှိနေလိမ့်မည်ဖြစ်သည်။
ထို့နောက်ဝူကန်း၏ကိုယ်က ကောင်းကင်ထဲမှ တစ်ဟုန်ထိုးပြုတ်ကျလာ၏။
ဤအချိန်တွင် ဝေ့ဝူကျိမှာ ဝူကန်းတစ်ယောက်လပြည့်ဓား
အောက်၌သေသွားသည်ကိုတွေ့လိုက်ရသည်။သူ၏ကောင်းကင်ဘုံမီးတောက်ဘီးမှာလည်း ဖျက်ဆီးခံလိုက်ရ၏။ ဝူကန်းလိုကျွမ်းကျင်သူမျိုးပင် သေဆုံးသွားသည်ဖြစ်သည်။ ဝေ့ဝူကျိတစ်ယောက်ဆက်ပြီးမနေရဲတော့ပေ။ ချက်ချင်းပဲအပေါ်သို့ထိုးတက်လိုက်ပြီး လျှင်မြန်စွာထွက်ပြေးလွတ်
မြောက်နိုင်ရန်အတွက်သူတစ်ဘဝလုံးသင်ယူခဲ့သမျှထဲမှ ခန္ဓာကိုယ် အမြန်ဆုံးသောရွေ့လျားမှုကို
အသုံးပြုလိုက်သည်။
“ဟမ့်.. မင်းကဒီသခင်လေးကိုလာပြီး
သတ်ချင်တာဆိုတော့ ဒီမှာပဲဒီသခင်လေးအတွက်နေလိုက်….”
ရှစ်ဖုန့်ကကောင်းကင်ထဲရှိ
ဝေ့ဝူကျိအားကြည့်၍ အေးစက်စွာပြောလိုက်သည်။
ထို့နောက် ဝိညာဉ်တိုက်ခိုက်မှုဖြစ်သော ငရဲဘုံကိုးခု ဝိညာဉ်တုန်လှုပ်ဆီးလ်အား ဝေ့ဝူကျိထံပို့လွှတ်လိုက်၏။
“အား”
ဆက်ရန်……
ဘာသာပြန်သူ-ARISE