လျှို့ဝှက်ပင်မဇာတ်ကြောင်း - ၃
Vol. 13 Ch. 192
အခန်း (၁၉၂) လျှို့ဝှက်ပင်မဇာတ်ကြောင်း - ၃
ချေမှုန်းရေးပြီးနောက် မေပယ်လ်၏ ကိုင်တွယ်ပုံသည် ထိုနှစ်တွင် အကြီးမားဆုံး အရှုပ်တော်ပုံဖြစ်လာသော်လည်း ကြီးမားသော စစ်အင်အားဖြင့် ၎င်းတို့၏နိုင်ငံကို ပြန်လည်ပြုပြင်ခြင်း ပြီးမြောက်ပြီး၊ လုံးဝကွဲပြားသောပုံစံဖြင့် နိုင်ငံကို တည်ဆောက်ခဲ့သည်။ အတန်းများကြားတွင် လှေကားများမရှိရုံမှလွဲ၍ လူများကို ပိရမစ်အဖြစ် သတ်မှတ်ထားသည်။ နိုင်ငံသားများသည် ဘဝတွင် မျှော်လင့်ချက်မရှိဘဲ၊ သေဖို့သာ စောင့်နေကြ၏။
အာဏာရှိသူများက အာဏာနှင့် မွေးဖွားလာခြင်း မဟုတ်ပေ။ ဖိအားများအောက်တွင် အမှန်တကယ် ဆန့်ကျင်သောအဖွဲ့တစ်ဖွဲ့ ပေါ်ပေါက်လာသော်လည်း ၎င်းသည် လက်နက်အေးခေတ်မဟုတ်တော့ပေ။ နိုင်ငံရှိ လက်နက်များ၏ အဆင့်အတန်းသည် မည်သည့်အခါမျှ ကျော်ဖြတ်၍မရနိုင်သော တံတိုင်းတစ်ခုနှင့် တူသည်။ ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းမရှိပါက အစိုးရကို တော်လှန်ပြီး အုပ်စိုးရန် မဖြစ်နိုင်သလောက်ဖြစ်သည်။ မေပယ်လ်သည် 'နိုင်ငံကို ခြိမ်းခြောက်နေသောသူများ' ကို ပုံမှန်ဖယ်ရှားခဲ့သည်။ ထို့ကြောင့် နိုင်ငံသားများသည် ကြောက်ရွံ့ခြင်းမှ ထုံကျင်ခြင်းသို့ ကူးပြောင်းသွားကြသည်။
အကြမ်းဖက်သော နိုင်ငံသားအနည်းငယ်က ၎င်းတို့၏ ဒေါသကို ဖြေဖျောက်ခြင်းဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး၊ ပို၍များသော နိုင်ငံသားများက နောက်ဆက်တွဲအကျိုးဆက်များကို ခံနေကြရသည်။ ကျောက်ခဲတစ်လုံးကို ဥဖြင့်ပေါက်နေသလိုပင်။ ၎င်းသည် မေပယ်လ်၏ လူ့အဖွဲ့အစည်းကိုပြန်လည်တည်ဆောက်ခဲ့သည်။ စစ်အာဏာရှင်စနစ်ဖြစ်လာပြီး ထိပ်ပိုင်းခေါင်းဆောင်များက အပြည့်အဝထိန်းချုပ်နိုင်ခဲ့သည်။
နူးညံ့သိမ်မွေ့သော အစိုးရပြောင်းလဲခြင်း၏ မူလဇစ်မြစ်မှာ စစ်ပွဲဖြစ်သည်။ စစ်ပွဲ၏ ဖိအားများ မြင့်မားမှုကြောင့် အစိုးရသည် ကမောက်ကမအောက်တွင် ပြိုလဲသွားသည်။ ၎င်း၏နိုင်ငံသားများကို ဖိအားပေးရုံမှတပါး ရွေးချယ်စရာလမ်းမရှိတော့ဘဲ နောက်ဆုံးတွင် ထိန်းချုပ်မှု ကင်းလွတ်သွား၏။ ဆင်းရဲခြင်းမှ ချမ်းသာရန် လွယ်ကူသော်လည်း ချမ်းသာခြင်းမှ ဆင်းရဲခြင်းသို့ သွားရန် ခက်ခဲသည်။
နိုင်ငံသားများသည် နိုင်ငံတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သည်။ စက်၏အစိတ်အပိုင်းများကဲ့သို့ပင်၊ နိုင်ငံသားစက်သည် အဆိုပါအစိတ်အပိုင်းများကို ဝန်ပိုရန် လိုအပ်သောအခါတွင်၊ ၎င်းတို့သည် ပုံမှန်ထက်ပိုမိုမြန်ဆန်စွာ ပျက်ယွင်းပြီး ၎င်းတို့၏ဘဝ၏ အကောင်းဆုံးအချိန်များကို စွန့်လွှတ်သွားမည်ဖြစ်သည်။ ဒါပေမယ့် အစိတ်အပိုင်းတွေကို အသစ်ပြောင်းထားသရွေ့ စက်က အလုပ်လုပ်နိုင်ပါသေးသည်။ ပျက်စီးသွားသော အစိတ်အပိုင်းများကို အစားထိုး၍ စွန့်ပစ်လိုက်သော အစိတ်အပိုင်းများသည် ‘ခေတ်ရေယာဉ်များ’ ဖြစ်လာခဲ့သည်။
ဟန်ရှောင်းစိတ်ဝင်စားသွားသည်။ သူသည် လူ့ယဉ်ကျေးမှုသမိုင်းနှင့် ပုံပြင်များကို အလွန်နှစ်သက်သည်။ ဟန်းနက်စ်ပြီးသွားတဲ့အခါ၊ ဟန်ရှောင်းက ခဏလောက် စဉ်းစားပြီး "ဒါက မင်းပြောခဲ့တဲ့ 'လျှို့ဝှက်ချက်' နဲ့ ဘာဆိုင်လို့လဲ?"
“ငါပြောချင်တာက စစ်ပွဲက အများကြီး ပြောင်းလဲသွားခဲ့တယ်။ ငါက အမှောင်မိုက်ဆုံးနဲ့ ဖရိုဖရဲအရှိဆုံးခေတ်ကို ဖြတ်သန်းခဲ့ဖူးပါတယ်။ လူအများက အတွေးအခေါ်တွေ၊ မစ်ရှင်တွေနဲ့ ဂုဏ်ကျက်သရေတွေ ထိန်းချုပ်တာ ခံထားရပြီး၊ ဂုဏ်ပြုထိုက်သည့် အရာတစ်ခုကို လုပ်ဆောင်နေသည်ဟု ထင်မြင်နေချိန်တွင် သတ်ဖြတ်သည့် ကိရိယာတစ်ခုအဖြစ် ပြောင်းလဲသွားကြတယ်။ Bennett လို အဲဒီအရာက နိုးထလာသော လူအနည်းငယ်က သူရဲကောင်းတစ်ဦး ဖြစ်လာပေမယ့် သူရဲကောင်း လိုအပ်နေတဲ့ခေတ်က ကောင်းတဲ့ခေတ်မဟုတ်ဘူးလေ။ စစ်ပွဲရဲ့ အဆုံးသတ်က လျှို့ဝှက်ချက်တွေအဖြစ် မြှုပ်နှံထားတဲ့ ညစ်ညမ်းသောပူးပေါင်းကြံစည်မှုတွေ ပြည့်နှက်နေပြီး၊ အဲဒီလျှို့ဝှက်ချက်တွေကို ပြန်လည်ဖော်ထုတ်လိုတယ်။”
ဟန်ရှောင်းမျက်ခုံးပင့်လိုက်သည်။ “ဒါက မင်းကို ဘာအကျိုးရှိစေသလဲ”
“ဘာအကျိုးမှ မရှိဘူး၊ ဒါပေမယ့် ဒီကမ္ဘာပေါ်က လူတွေမှာ သူတို့ဖြတ်သန်းခဲ့ရတာတွေကို သိဖို့ အခွင့်အရေးရှိတယ်။ ဒါ့အပြင် လျှို့ဝှက်ချက်တွေဖြစ်လာတဲ့ ဘယ်တော့မှ ထုတ်ဖော်မပြနိုင်တဲ့ လျှို့ဝှက်ကြံစည်မှုတွေကို ဖုံးကွယ်မထားမိစေချင်ဘူး။ ငါတို့က ဂလက်ဆီယဉ်ကျေးမှုများနှင့် ထိတွေ့မိတာကြောင့် လူ့အဖွဲ့အစည်း၏ မူလတည်ဆောက်ပုံက တစ်ညအတွင်း ပြိုပျက်သွားလိမ့်မယ်လို့ ငါမထင်ဘူး၊ ပြီးတော့ ပြည်တွင်းပဋိပက္ခတွေကလည်း စစ်ပွဲတွေ ဖြစ်စေမယ်လို့ မထင်ဘူး။ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေရမယ်။"
“နိုင်ငံတိုင်းမှာ လျှို့ဝှက်ချက်တွေရှိတယ်။ ဘာမှ မထူးခြားပါဘူး” ဟန်ရှောင်းက ပြောလိုက်သည်။
ဟန်းနက်စ်က ပြုံးပြီးပြောတယ် "ငါတို့ ခေတ်သစ်ကို ရောက်ပြီဆိုတော့ ကမ္ဘာကြီးက မတူကွဲပြားနေသင့်တယ်၊ စည်းကမ်းတွေလည်း ပြောင်းလဲနေတယ်။ ယုတ္တိဗေဒဟောင်းကို ဘာကြောင့် လိုက်နာမှာလဲ။ နောက်ပြီး ဗဟုသုတရလိုစိတ် ပြင်းပြတဲ့ သူတစ်ယောက်ကိုလည်း ကျေးဇူးဆပ်ရဦးမယ်။ သူက ဒီမစ်ရှင်ကို အကြံပြုပြီး ငါက ပါဝင်ခဲ့တယ်။”
ဟမ်၊ သူ့လေသံအရ၊ သူတို့က မင်းမဲ့စရိုက်တွေ ဖြစ်ပုံရသည်။ ငါ့အရင်ဘဝတုန်းက သူတို့သေခဲ့တယ်။ ဒီမစ်ရှင်က တော်တော်ရှုပ်ထွေးတဲ့ပုံပဲ။ ဟန်ရှောင်းက မေးခွန်းတွေ မမေးတော့ဘဲ ခဏလောက်စဉ်းစားပြီး သူတို့နဲ့ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့ ဘာအကြောင်းကြောင့်ပဲ လုပ်နေပါစေ၊ ဒါက အလွန်ရှားပါးတဲ့ လျှို့ဝှက်မစ်ရှင်တစ်ခုပင်၊ ဒါကြောင့် ငြင်းပယ်လိုက်တာက အလဟသဖြစ်သွားလိမ့်မည်။
ဟန်းနက်စ်က တွေ့ဆုံရန် တောင်းဆိုခဲ့သည်။ သူတို့နှစ်ယောက်လုံးဟာ တစ်မြို့တည်းမှာရှိတာကြောင့် ဟန်းနက်စ်၏ ဦးဆောင်မှုဖြင့် ဟန်ရှောင်းသည် မကြာခင် သူတို့ရဲ့ အိမ်ကို ရှာတွေ့သွား၏။
ဆုံတွေ့ပြီး တစ်ယောက်ကိုတစ်ယောက် စလေ့လာကြည့်တယ်။ ဟန်ရှောင်းသည် ဟန်းနက်စ်နှင့် ဗာနီနာကို ဖြတ်ကာ ကြည့်လိုက်ပြီးနောက် ဂါရီရန်တွင် ရပ်လိုက်သည်။ ဒီလူကို သူ အသိချင်ဆုံးပဲ။
သူက သုံးယောက်ကို ကြည့်နေချိန်မှာ သူတို့ သူ့ကို ကြည့်နေကြတယ်။
ဒီတော့ ဒါက ဒဏ္ဍာရီလာ Black Phantom ပဲ။
“မင်း တော်တော် သန်မာတယ်” ဗာနီနာက တည်ငြိမ်သော လေသံဖြင့် ပြောသည်။
"ငါတို့ဒီနေ့မှတွေ့တာဆိုပေမယ့် မင်းကိုလာကူညီပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်" ဟန်းနက်စ်ကပြော၏။
ငါ့ကျေးဇူးကို အကြွေးတင်တဲ့သူတွေများတယ်၊ ပါတီက ကြိုဆိုပါတယ်။
"ငါ ဘာလုပ်ရမှာလဲ" ဟန်ရှောင်းက မေးလိုက်သည်။
သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ဂါရီရန်က စာရွက်စာတမ်းတွေကို ထုတ်ယူပြီး “အထောက်အထားတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အချက်အလက်တွေထဲမှာပဲ ရှိတယ်။ သဲလွန်စတစ်ခုရဖို့ ရှာရတာကြာတယ်။ အဲဒါက အရမ်းခက်ခဲတဲ့အတွက် ကျွန်တော်တို့ရဲ့ လုပ်အားကို ခွဲဝေပေးဖို့ လိုတယ်။”
ဟန်ရှောင်းသည် စာရွက်စာတမ်းများကို ကြည့်လိုက်သောအခါတွင် သူ၏အမူအရာသည် နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
_____________________
[ခေတ်သစ်—မူလ]
ဤမစ်ရှင်သည် ကွင်းဆက်မစ်ရှင်များ ဖြစ်သည်။ အောက်ပါ ပစ်မှတ်များကို ပြီးမြောက်နိုင်ပါသည်။
ကျန်ရစ်သူ၏ အဆုံးသတ် - ရိုင်းလင်း၏ ဓါးသွားမြို့တော်တွင် "အဘိုးကြီးဒေဗင်" ဟု ခေါ်သောလူကိုရှာပြီး [ဆူလီ နံပါတ် ၄၈၅ စာတမ်း] ၏ မပြည့်စုံသောမိတ္တူကို ရယူပါ။
နေရာလွဲမှားခြင်း၏ သော့ချက် - တောင်ပိုင်းတိုက်ကြီးအတွင်းရှိ အနောက်တောင်တန်းနိုင်ငံများ၏ မြို့တော်အပျက်အယွင်းများတွင် (ကိုဩဒိနိတ်——)၊ နေရာလွဲမှားနေသော အရေးကြီးသည့်အရာ [ပူးတွဲ - ပစ္စည်း၏ ပုံပန်းသဏ္ဍာန်] ကို ရှာပါ။ ဤအရာသည် အနောက်တောင်တန်းနိုင်ငံများ မပျက်စီးမီ နောက်ဆုံးသုတေသနရလဒ်ဖြစ်သည်။
ချိတ်ပိတ်ထားသောအတိတ် - အနောက်ပိုင်းတိုက်ရှိ ဗာနာကိုလိုနီ၏ စစ်ဘုရင် ဗာနာကို ထိန်းချုပ်ပါ (ကိုဩဒိနိတ် ——)။ သူ့အဖေက နိုင်ငံသေတစ်ခု၏ အဆင့်မြင့် စစ်အရာရှိတစ်ဦးဖြစ်သည်။ ဝှက်ထားသောသဲလွန်စများရှိသည် - ဗာနာကိုလိုက်၍ လျှို့ဝှက်ချက်ကိုရှာပါ။
လျှို့ဝှက်ဆန်းကြယ်သော အကျဉ်းသား - လွန်ခဲ့သောဆယ်စုနှစ်များက ကြယ်နဂါးနိုင်ငံ၏ ထောက်လှမ်းရေးအေးဂျင့်တစ်ဦးသည် နိုင်ငံတစ်ခုမှ အကျဉ်းချခံခဲ့ရသည်။ ထိုနိုင်ငံသည် သေနေပြီဖြစ်သော်လည်း ထောက်လှမ်းရေးအေးဂျင့်ကို အစောင့်မရှိသော လျှို့ဝှက်အကျဉ်းထောင်တွင် ထိန်းသိမ်းထားခဲ့သည်။ သူ့ကို ဘယ်သူမှ ရှာမတွေ့ပေ။ သူ သို့မဟုတ် သူ၏ အမွေအနှစ်များကို ရှာပါ (အပျက်အစီး ကိုဩဒိနိတ် ——)
တူညီသောလူအမျိုးအစား - တောရိုင်းထဲ၌ မိမိဖာသာ သီးသန့်နေထိုင်သော အထီးကျန်သူတစ်ဦးတွင် အလွန်အရေးကြီးသော အချက်အလက်အချို့ရှိသည်။ အနောက်ပိုင်းတိုက်ကြီးရှိ ဂုဏ်ပြုသောင်ချိုင့်အနီးတွင် သူပေါ်လာကြောင်း သတင်းရထားသည်။ သတိထားပါ၊ သူက သာမန်လူမဟုတ်ပေ။ ရှေးခေတ် စစ်မြေပြင်တွင် တက်ကြွစွာ လှုပ်ရှားခဲ့သည်။ ခင်မင်ရင်းနှီးသော (ကျန်းယွမ်) နှင့် ဆက်သွယ်ရန် အကြံပြုပါသည်။
ဤသည်မှာ မစ်ရှင်၏ ပထမအကျော့ ဖြစ်သည်။ မစ်ရှင်တစ်ခုပြီးသွားသရွေ့ မစ်ရှင်ကို နိဂုံးချုပ်နိုင်သည်။ မစ်ရှင်များ၏ ပမာဏနှင့် ပြီးမြောက်မှုအခြေအနေသည် နောက်အကျော့၏ မစ်ရှင်လိုအပ်ချက်များကို ဆုံးဖြတ်ပေးမည်ဖြစ်သည်။
ပထမအချီ၏ ဆု(များ) - အတွေ့အကြုံ ၃၅၀,၀၀၀။ မစ်ရှင်များအပေါ် အကဲဖြတ်မှုအရ ပေးအပ်သောအပိုဆုများ။
_____________________
ဟန်ရှောင်း မျက်ခုံးပင့်လိုက်သည်။ ဤမစ်ရှင်မျိုးသည် လွတ်လပ်မှု မြင့်မားပြီး၊ အဖွဲ့အစည်းတစ်ခု၏ စီးရီးမစ်ရှင်များနှင့် ဆင်တူသော်လည်း၊ ဤအဓိကဇာတ်လမ်းဇာတ်ကြောင်းမှာ သိသိသာသာ ပိုမိုခက်ခဲပြီး ၎င်းသည် ကွင်းဆက်မစ်ရှင်တစ်ခုဖြစ်သည်။ ယခင်အကျော့၏ ပြီးစီးမှုအခြေအနေသည် နောက်အကျော့၏ မစ်ရှင်လိုအပ်ချက်များအပေါ် သက်ရောက်မှုရှိမည်ဖြစ်သည်။
ဤမစ်ရှင်သည် အလွန်ပွင့်လင်းသည်။ အကျော့တိုင်းတွင် မတူညီသောအဆုံးသတ်များဆီသို့ ဦးတည်သွားမည့် သဲလွန်စအမျိုးမျိုးရှိသည်။ အများအားဖြင့်၊ ရည်မှန်းချက်များ ပြီးမြောက်လေလေ၊ ပိုကောင်းလေဖြစ်ပြီး အကဲဖြတ်မှု မြင့်မားလေဖြစ်သည်။ ဟန်ရှောင်းသည် ယခင်က ဤမစ်ရှင် အမျိုးအစားမျိုးကို ပြီးမြောက်ခဲ့သဖြင့် ဖြစ်နိုင်ခြေများစွာရှိကြောင်း သူသိခဲ့သည်။
ဒါက ဝင်္ကပါ လမ်းလျှောက်သလိုပင်။ ထွက်ပေါက်ကိုရှာဖွေရန်အတွက် တတ်နိုင်သမျှ အချက်အလက်များစွာကို ရယူရမည်ဖြစ်ပြီး ဟန်းနက်စ်နှင့် အခြားလူများ သေဆုံးခဲ့ခြင်းကို ကြည့်ခြင်းဖြင့် ဤမစ်ရှင်သည် အလွန်အန္တရာယ်များကြောင်း သိသာသည်။။
မစ်ရှင်၏ ဆုလာဘ်များသည် ပင်မဇာတ်လမ်းများကို အရှက်ရစေခြင်းမရှိပေ။ ပထမအချီ၏ အခြေခံဆုကြေးမှာ အတွေ့အကြုံအမှတ် ၃၅၀,၀၀၀ ရှိပြီး ဘောနပ်စ်ဆုများသည် ပစ္စည်းများ၊ စွမ်းရည်များ သို့မဟုတ် ပင်ကိုယ်စွမ်းရည်များ ဖြစ်နိုင်ချေများသည်။
သို့သော် မစ်ရှင်က ခက်ခဲလွန်း၏။ တည်နေရာသည် တိုက်ကြီးသုံးတိုက်ကို ဖြတ်ကျော် ဖြန့်ကျက်ထားသောကြောင့် သူ့အတွက် အချိန်များစွာ ကုန်ကျမည်ဖြစ်သည်။ အဆင့် A မစ်ရှင်ဖြစ်သည်မှာ အံ့သြစရာမရှိပေ။ ဟန်ရှောင်းသည် အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသည်။
"ငါကြိုးစားပါ့မယ်။" ဘာပဲဖြစ်ဖြစ် သူအရင်ဆုံးလက်ခံဖို့လို၏။
ဂါရီရန် ခေါင်းညိတ်လိုက်သည်။ “ဒီမစ်ရှင်တွေအတွက် မင်းကို ငါ အားကိုးမယ်။ ငါတို့ သုံးယောက်မှာ တခြား မစ်ရှင်တွေ ရှိတယ်။”
ဟန်းနက်စ်နှင့် ကျန်သူများအားလုံးသည် ရှေးခေတ်က အလွန်အားကောင်းသော ဇာတ်ကောင်များဖြစ်သောကြောင့် သူတို့၏ တာဝန်မှာ မရိုးရှင်းပေ။ ဟန်ရှောင်းသည် Dark Net ကို ကူညီစောင့်ကြည့်ခိုင်းရန် ဆုံးဖြတ်ခဲ့သည်။
မစ်ရှင်လိုအပ်ချက်များကို ရရှိပြီးနောက် ဟန်ရှောင်းသည် အိမ်မှ ထွက်ခွာသွားသည်။
"ဒါဆို၊ သူက ယုံရပါ့မလား" ဗာနီနာက မေးသည်။
ဟန်းစ်က ခေါင်းယမ်းလိုက်ပြီး ခေါင်းညိတ်လိုက်တယ်။ “သူ့အကြောင်း ငါတို့ သိပ်မသိဘူး။ အခု သူဘာတွေလုပ်မလဲဆိုတာ ကြည့်ရအောင်။"
“ကျွန်တော် ပေးခဲ့တဲ့ စာရွက်စာတမ်းတွေမှာ အချက်အလက် အစစ်အမှန်နဲ့ အတုအယောင်တွေ ရှိတယ်” ဂါရီရန်က ပြောလိုက်သည်။ “ဒါက ကျွန်တော့်မှာ သဲလွန်စတွေရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတာဆိုတော့ သူပြီးအောင် လုပ်နိုင်ရင် အကောင်းဆုံးဖြစ်မှာပဲ။ သူ့မှာ တခြား အတွေးတွေ ရှိနေရင် ငါတို့ ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ဒါတွေက အတည်မပြုနိုင်သေးတဲ့ အချက်အလက်တွေပဲ”
"သူက Bennett ရဲ့ သူငယ်ချင်းမို့လို့ ယုံကြည်ရမှာပေါ့။"
အခန်း (၁၉၂) ပြီး၏။
လင်းဆက်
+++++