← Chapters

အိမ်လွမ်းတဲ့သား ပြန်လာလေပြီ

Vol. 13 Ch. 169

အိမ်လွမ်းတဲ့သား ပြန်လာလေပြီ

Vol. 13 Ch. 169

အစစ်အမှန် ငရဲမီးအတွင်းအား ကျင့်စဉ်အပြင် လီဖူချန်းက ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်း တစ်ခုဖြစ်တဲ့ နေမင်းရောင်ခြည် ဓားသိုင်းကိုပါ လဲလှယ်ခဲ့ပါသေးတယ်။

ဒီဓားသိုင်းက တိုက်ခိုက်မှုပိုင်းကို လုံးဝ ဦးစားပေးတဲ့ ဓားသိုင်း မျိုးပါပဲ။ ကြယ်ပျံဓားသိုင်း လိုပေါ့။ ဒါပေမဲ့ ကြယ်ပျံဓားသိုင်းက ပိုပြီး ပြင်းထန်ပါတယ်။

တစ်ခုက ကြယ်ကြွေကျတာနဲ့ ဆင်တူပြီး တစ်ခုက နေမင်းကြီး တစ်စင်းရဲ့ အလင်းရောင်တွေနဲ့ ဆင်တူတာပေါ့လေ။ခြံဝင်း အနောက်ဘက်က နေရာလွတ်ထဲမှာတော့ လီဖူချန်း တစ်ယောက် နေမင်းရောင်ခြည် ဓားသိုင်းကို လေ့ကျင့်နေပါတယ်။

ရောင်ခြည် တစ်ထောင် အလင်းဆောင်တဲ့ နေမင်းကြီးကနေ ထုတ်လွှတ်လိုက်တဲ့ လင်းရောင်ခြည်တွေ လိုပါပဲ။ ဓားကွက်က ကြယ်ပျံဓားသိုင်းထက် မြန်လည်း မမြန်သလို၊ နှေးတယ် လို့လည်း ဆိုလို့ မရပါဘူးလေ။

“အရှေ့ အရပ်က ရှင်နေမင်း "

မျက်လုံးတွေ ကျိန်းစပ် သွားလောက်တဲ့ အလင်းရောင်တွေနဲ့ အတူ လီဖူချန်းရဲ့ ဓားချက်က ၂မီတာလောက် ရှည်တဲ့ အနက်ရောင် သတ္တုရိုင်းတုံးကြီးကို တိုက်ခိုက်လိုက်ပါတော့တယ်။

ဝုန်း…

မိုးကြိုးပစ်သံလို ကျယ်လောင်လှတဲ့ အသံ တစ်ခုကို ကြားလိုက် ရပြီးနောက်…

မျက်နှာသစ်တဲ့ ရေအင်တုံလောက် ရှိတဲ့ အပေါက်ကြီး တစ်ခုက အနက်ရောင် သတ္တု ရိုင်းတုံးကြီးရဲ့ မျက်နှာပြင်ပေါ်မှာ ဖြစ်လာခဲ့ပါတယ်။

တကယ်လို့ ဒီနေရာမှာ ကြယ်ပျံဓားသိုင်း သာဆိုရင် ဓားက အနက်ရောင် သတ္တုရိုင်းတုံးကြီးကို ထုတ်ချင်းပေါက် ဖောက်ထွက် သွားမှာပါ။

ပြီးတော့ လက်သီးဆုပ် တစ်လုံးသာသာ အပေါက်တစ်ခုပဲ ဖြစ်လာမှာလေ။

“တစ်ခုက ဧရိယာ တော်တော် ကြီးကြီးမားမားကို ထိခိုက်စေပြီး နောက်တစ်ခုက တိတိကျကျ ထိခိုက်စေနိုင်တာပဲ"

လီဖူချန်းက ဒီဓားသိုင်း နှစ်ခုရဲ့ ခြားနားမှုတွေကို သေသေချာချာ ဆင်ခြင် သုံးသပ် နေပါတယ်။

ဓားသိုင်း…

ဓားသိုင်းတွေမှာ လျင်မြန်မှုက ပြင်းထန်မှုနဲ့ တိုက်ရိုက် ဆက်နွယ်နေတာ မဟုတ်ပါဘူး။

နေမင်းရောင်ခြည် ဓားသိုင်းရဲ့ ဓားကွက်တွေကို ကျွမ်းကျွမ်းကျင်ကျင် လေ့ကျင့် ပြီးသွားမယ် ဆိုရင်တော့ ကြယ်ပျံ ဓားသိုင်းထက် ပိုမြန်လာမှာပါ။

ဒါပေမဲ့ ဓားကွက် ပြင်းထန်မှုခြင်း ယှဉ်မယ် ဆိုရင်တော့ ကြယ်ပျံ ဓားသိုင်းကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ နေမင်းရောင်ခြည် ဓားသိုင်းရဲ့ အားသာချက် ကတော့ ဓားကွက် စက်ကွင်း ဧရိယာ ကျယ်တာပါ။

မင်းရဲ့ ဓားကွက် မြန်နှုန်းကို မြှင့်ချင်ရင်တော့ ပြင်းထန်မှု အပိုင်းကို အနည်းငယ် စတေးရမှာပါပဲ။

ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတွေထဲမှာတော့ ကြယ်ပျံဓားသိုင်းက လျင်မြန်မှုကော ပြင်းထန်မှု အပိုင်းမှာပါ အတော်လေး ပြီးပြည့်စုံလု နီးပါးရှိတဲ့ ဓားသိုင်း တစ်ခုလို့ ဆိုနိုင်ပါတယ်လေ။

ဟုတ်ပါတယ် … ဓားသိုင်းတွေမှာတော့ သူ့အားသားချက်နဲ့သူ ရှိနေတတ်တာပါပဲ။

နေမင်းရောင်ခြည် ဓားသိုင်းက အလွန်အမင်းကို မြန်ဆန်ပြီး ဓားကွက် စက်ကွင်းကလည်း အတော်လေးကို ကျယ်ပါတယ်။ ဒါကြောင့် ဒီဓားသိုင်းကို ခုခံဖို့ဆိုတာ အတော်လေးကို ခဲယဉ်းမယ့် အရာပါပဲ။ ပြီးတော့ သိုင်းပညာရှင်တွေ အကုန်လုံးက ခံစစ်ကို အသားပေး လေ့ကျင့်ကြတဲ့ သူတွေမှ မဟုတ်တာလေ။ ခံစစ်ကို အသားပေးပြီး လေ့ကျင့်တဲ့ သိုင်းပညာရှင်တွေဆိုတာ အတော်လေးကို ရှားပါး လွန်းလှပါတယ်။ခုခံမှုအပိုင်းမှာ သာမန်မျှသာ ရှိတဲ့ ပညာရှင်တွေနဲ့ တိုက်ခိုက်မယ် ဆိုရင်တော့ ဒီနေမင်းရောင်ခြည် ဓားသိုင်းက ကြယ်ပျံ ဓားသိုင်းထက်ကို ပိုအသုံးဝင်မှာပါ။

“နေမင်းရောင်ခြည် ဓားသိုင်းကလည်း အကြိုပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်သွားပြီ ဆိုတော့ အိမ်ပြန်ဖို့ အချိန် ကျပြီထင်တယ်”

လီဖူချန်းက နေမင်းရောင်ခြည် ဓားသိုင်းကို ပြီးပြည့်စုံခြင်း အဆင့်အထိ ရောက်ဖို့အတွက် မလောပါဘူး။ သူအိမ်ကို ပြန်တဲ့ လမ်းတစ်လျှောက်မှာ လေ့ကျင့်သွားလို့ ရနေတာပဲလေ။

အိမ်ကို မပြန်ခင်လေးမှာတော့ လီဖူချန်းက သူ့မိဘတွေအတွက် လိုအပ်တဲ့ အထောက်အကူ ပစ္စည်းလေးတွေ ဝယ်သွားဖို့ စဉ်းစားထားသေးတယ်လေ။

ဆေးပင်၁၀၀ လျှို့၀ှက်နယ်မြေမှာတုန်းက လီဖူချန်းက ဆေးပင် အမြောက်အများကို ရရှိခဲ့ပါတယ်။ သူက ဂိုဏ်းတော်ကို ပြန်အပ်လိုက်တဲ့ ဆေးပင်တွေက ဘယ်လောက်မှ မရှိခဲ့ပါဘူး။ စိတ်ဝိညာဉ်ပင်တို့ ၊ မြေကွဲသစ်သီးတို့၊ ခုနစ်ရောင်ခြယ် စပျစ်သီးတို့နဲ့ အခြားဆေးဖက်ဝင် အပင် တော်တော် များများကို လီဖူချန်းက သိမ်းဆည်း ထားပါသေးတယ်။

ဒါပေမဲ့ လီဖူချန်းက ဆေးလေး အချို့ကို ယူသွားသင့်တယ်လို့ ထင်မြင် နေတယ်လေ။ ယုံဝူးမြို့မှာက အဝါရောင် အဆင့်မြင့် ဆေးလုံးတွေဆိုတာ အင်မတန်မှ ရှားပါးတဲ့ အရာတွေပင် မဟုတ်ပါလား။

လီဖူချန်းက အရင်းအမြစ် ဌာနကို သွားပြီး ထောက်ပံ့ရေး ရမှတ် ၅သိန်းဖိုး ဆေးလုံးတွေ လဲလှယ် ခဲ့တယ်လေ။ သူလဲလှယ် လာခဲ့တဲ့ ဆေးလုံးတွေကတော့ အဝါရောင် အဆင့်မြင့် ဆေးလုံးတွေနဲ့ အဝါရောင် အထွတ်အထိပ် အဆင့် ဆေးလုံးတွေပါပဲ။

ဆေးလုံးတွေကို လဲလှယ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အိမ်ပြန်ခွင့် တောင်းဖို့ အတွက် တိုက်ရိုက် တပည့် ခန်းမဆောင်ကို ထွက်လာ ခဲ့ပါတော့တယ်။

တပည့်တွေရဲ့ အဆင့်အတန်း ကွာခြားမူက ဒီနေရာမှာတော့ အတော်လေး စကား ပြောပါတယ်။

အပြင်စည်း တပည့်တွေဟာ အိမ်ပြန်ဖို့ အခွင့်မရှိပါဘူး။ အတွင်းစည်း တပည့်တွေ ကတော့ အနည်းငယ် ပိုလွတ်လပ်ပါတယ်။ သူတို့ရဲ့ ဂိုဏ်းတာဝန် ထမ်းဆောင်စဉ် ကာလမှာ အိမ်ကို လမ်းကြုံ ဝင်လို့ ရပါတယ်။ ဒါပေမဲ့ ဒါက တရားဝင် အိမ်ပြန်ခွင့် ပေးတာမျိုးတော့ မဟုတ်ပါဘူး။

တိုက်ရိုက် တပည့် ဖြစ်သွားပြီး ဆိုရင်တော့ ဂိုဏ်းတာဝန်တွေကို ထမ်းဆောင်ခွင့် မရှိတော့ပါဘူး။ ဒါကြောင့် အိမ်ပြန်စရာ ကြားပေါက် မရှိတော့ဘူးလေ။ အဲဒီအတွက် ဂိုဏ်းတော်က သူတို့ကို တစ်နှစ်မှာ ၃လတိတိ အိမ်ပြန်ခွင့် ပေးပါတယ်။

လီဖူချန်းက ခွင့်ပြုချက် ရပြီးတာနဲ့ တောင်အောက်ကို အမြန် ဆင်းပါတော့တယ်။ တောင်ခြေကို ရောက်တာနဲ့ အချိန် ဆိုင်းမနေတော့ပဲ မားရှန် မြင်းပေါ်ကို တက်ကာ အိမ်ကို အပြေးလေး ပြန်ပါ တော့တယ်လေ။

အမေတို့ ချစ်တဲ့ ချစ်သားလေး အခုတော့ အိမ်ပြန်လာပါပြီပေါ့။

***

ယုံဝူးမြို့ လီကလန်

လက်ရှိ လီကလန်ရဲ့ ခေါင်းဆောင်ကတော့ လီယွန်ဟီနဲ့ လီယွန်ဟိုင်တို့ရဲ့ အဖေဖြစ်တဲ့ လီတိုင်းရှန်ပါပဲ။

လီကလန်ရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့ လီတိုင်းရှန်ဟာ သူစိတ်တိုင်းကျကို ပြုမူနေထိုင် နေပါတော့တယ်။ လက်ရှိမှာတော့ သူက ကလန်ရဲ့ ရန်ပုံငွေတွေကို အသုံးပြုပြီး လိုအပ်တဲ့ အရင်းအမြစ်တွေ ဝယ်ယူ အသုံးပြု ခဲ့တာကြောင့် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ကနေ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ကို ရောက်ရှိ နေခဲ့ပါပြီ။

နောက်ထပ် နှစ်အနည်းငယ် ဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ အထိကိုပါ တက်လှမ်း သွားဖို့ လီတိုင်းရှန်က စိတ်ကူး ယဉ်နေပါသေးတယ်။ တကယ်လို့သာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို အသက်၅၀ မတိုင်မှီ ရောက်သွားမယ် ဆိုရင် သူက မြေကမ္ဘာ နယ်ပယ်ကိုပါ ရောက်သွားဖို့ အခွင့်အရေး ရှိနေပါသေးတယ်လေ။

ယုံဝူးမြို့မှာတော့ မြေကမ္ဘာအဆင့် ပညာရှင်ဆိုတာ လုံးဝ ဆရာကြီး တစ်ပါး ဖြစ်သည် မဟုတ်ပါလား။ ယုံဝူးမြို့စားမင်း တောင်မှ မြေကမ္ဘာ နယ်ပယ် အဆင့်၅ပဲ ရှိတာလေ။

“ခေါင်းဆောင်ကြီး … ကျေးဇူးပြုပြီး ရှောင်ထန်နဲ့ အဖေအတွက် တရားမျှတမှုကို ဆောင်ကျဉ်း ပေးပါရှင် …"

ခန်းမဆောင်ထဲမှာတော့ ချစ်စရာ ကောင်းလှတဲ့ လီရှောင်ထန်လေးဟာ မျက်နှာ ဖြူဖတ်ဖြူရော်နဲ့ ငိုကြွေးကာ ဒူးထောက်နေပါတယ်။

လီရှောင်ထန်ကို တွေ့လိုက်တာနဲ့ လီတိုင်းရှန်က တော်တော်လေး စိတ်ညစ် သွားပါတယ်။ ဒီတစ်လ လုံးလုံးမှာ လီရှောင်ထန်က နေ့စဉ် နေ့တိုင်း လာရောက်ကာ ဒူးထောက်ပြီး တရားမျှတမှုကို တောင်းဆို နေခဲ့တာလေ။

“လီရှောင်ထန် … ဒီကိစ္စက မင်းအဖေရဲ့ မသိတတ်မှုကြောင့် ဖြစ်ရတာပဲ။ ရှန်းတုလျှန်ရဲ့ အဆင့်အတန်းကို မင်းလည်း သိတာပဲ။ မင်းအဖေရဲ့ အဆင့်အတန်းက ဘာမှ ရှိတာ မဟုတ်ဘူး။ ရှန်းတုလျှန်က မင်းကို ဇနီးမယားအဖြစ် လိုချင်တယ် ဆိုတာ ကောင်းကင်ကြီးက မျက်နှာသာ ပေးလိုက်တာနဲ့ အတူတူပဲ။ ဒါပေမဲ့ မင်းအဖေက အခြေအနေကို နားမလည်ပဲ ရှန်းတုလျှန်ကို ကိုယ်ထိ လက်ရောက် စော်ကား ခဲ့တယ်လေ။ အဲသည်လို တိုက်ခိုက်ရင်းနဲ့ ရှန်းတုလျှန်က မတော်တဆ လက်လွန်ပြီး မင်းအဖေကို သတ်မိသလို ဖြစ်သွားခဲ့တာ။ အဲဒါကို ဘယ်လို အပြစ် သွားတင်လို့ ရမှာလည်း …။ မင်းအခုပဲ အိမ်ပြန်လိုက်တော့ …။ အခုလို အဓိပ္ပာယ် မရှိတာတွေ လျှောက်တောင်းဆို နေမယ်ဆိုရင် ငါမင်းကို အပြစ်ပေးရလိမ့်မယ်။ အဲသည် အခါကျမှ ငါ့ကို အဆိုးမဆိုနဲ့”

လီတိုင်းရှန်က ရှန်းတုကလန်က လာဘ်ထိုးထားတဲ့ အဝါရောင် အဆင့်မြင့် ဆေး၅လုံးကို လက်ခံယူပြီး ထားပါပြီ။ ဒါကြောင့်သူက ရှန်းတုကလန်ကို ပြဿနာရှာဖို့ မလုပ်ချင်ပါဘူးလေ။

နှစ်နာရီလောက် အကြာမှာတော့ လီရှောင်ထန်က စိတ်ဓာတ်ကျစွာနဲ့ တိတ်တဆိတ် ထွက်သွားပါတော့တယ်။

“အတော် ပြဿနာရှာချင်တဲ့ ကောင်မလေးပဲ။ ဒီကောင်လေးကို တခြား လူတွေနဲ့ မြန်မြန် လက်ထပ်ပေးမှ ဖြစ်တော့မယ်။ ဒီကောင်မလေးက ငါတို့ လီကလန်အတွက် မီးခဲပဲ”

လီတိုင်းရှန်က သူ့ဘာသာသူ တွေးနေမိပါတယ်။ လီကလန်ရဲ့ ချောင်ကျတဲ့ နေရာ တစ်ခုမှာတော့…

လီရှန်းဟန်နဲ့ ရှန်းယုရန်က ခေါင်းငိုက်စိုက်ပြီး ပြန်လာတဲ့ လီရှောင်ထန်ကို မြင်လိုက်ရတဲ့ အခါမှာ သက်ပြင်းချရုံပဲ လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ ပါဘူး။ သူတို့က လီရှောင်ထန်ကို ကူညီချင်ပေမဲ့လည်း ဘာမှကို မတတ်နိုင်တဲ့ အခြေအနေထဲကို ရောက်နေခဲ့တယ်လေ။

“လီတိုင်းရှန် … ခွေးမသားကောင် … လီကလန်သား တစ်ယောက်ကိုတောင် မကာကွယ်နိုင်ဘူး။ ဒီမအေလိုး ကလန်ခေါင်းဆောင် ဖြစ်လာ ကတည်းက ဘာတစ်ခုမှ ကောင်းလာတာကို မရှိဘူး…”

လီရှန်းဟန်က ဒေါသ ဖြစ်ဖြစ်နဲ့ ဆဲဆို လိုက်ပါတယ်။ ရှန်းယုရန်ကတော့ လေပြည်ကလေးနဲ့ နှစ်သိမ့် ရှာပါတယ်။

“ရှန်းဟန် … အရမ်းလည်း ဒေါသထွက် မနေပါနဲ့ ။ ဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ကိုတောင် ရောက်နေပြီပဲ။ နောက်ထပ် နှစ်အနည်းငယ်လောက် ဆိုရင် သူက လီကလန်ကို ပြန်လာတော့မှာပါ။ အဲဒီ အခါကျရင် လီကလန်ကို လမ်းကြောင်းမှန် ပေါ်ကို ပြန်တင်ပေးလို့ ရတာပေါ့”

သူတို့ရထားတဲ့ သတင်းက အတော်လေး နောက်ကျ နေပါတယ်။ လီဖူချန်းရဲ့ လက်ရှိ သတင်းတွေက ယုံဝူးမြို့ကို မရောက်လာသေး ပါဘူးလေ။

လီရှန်းဟန်က ကျိတ်မနိုင် ခဲမရသည့် ဟန်ဖြင့် “ငါက အဲဒါကိုပဲ စိတ်ပူနေတာ…။ ငါ့သား ပြန်ရောက်လာတဲ့ အချိန်ကျရင် လီကလန်က ဘယ်လို ဖြစ်နေပြီလည်း ဆိုတာကို မိုးနတ်မင်းကြီးပဲ သိနိုင်တော့မှာပဲ”

“အဲဒီလောက်လည်း အဆိုး မမြင်စမ်း ပါနဲ့ရှင်။ ကိုယ့်ကိုယ်ကိုယ် ယုံကြယ်မှု ရှိဦးမှပေါ့”

“ကဲကဲ … ရှောင်ထန်လေး အတွက် စားစရာ တစ်ခုခု ကျွန်မ သွားလုပ်ပေး လိုက်ဦးမယ်”

ရှန်းယုရန်က စားစရာ တစ်ခုခု ပြင်ရင်းနဲ့ လီရှောင်ထန်ကို သွားရောက် နှစ်သိမ့် ပေးဖို့ ပြင်လိုက်ပါတယ်။

မိုးပြာရောင်ဂိုဏ်းနဲ့ ယုံဝူးမြို့က သိပ်အဝေးကြီး မဟုတ်သလို နီးတယ်လို့လည်း ပြောလို့ မရပါဘူး။ နှစ်ပတ်လောက် အကြာမှာတော့ လီဖူချန်းက ယုံဝူးမြို့ကို ရောက်ရှိလာခဲ့ပါပြီ။

သူနဲ့ ရင်းနှီးနေတဲ့ မြို့ကလေးကို အဝေးကနေ မြင်နေရတဲ့ လီဖူချန်းရဲ့ ရင်ထဲမှာတော့ ထူးဆန်းတဲ့ ခံစားချက် တစ်ခုက ဖြစ်ပေါ်နေခဲ့တယ်လေ။

ဒါကို အိမ်လွမ်းနာကျတဲ့ ရောဂါလို့ ဆိုရမလားပါပဲ။ သူဒီကနေ ထွက်သွားတုန်းကတော့ အသက်၁၅ နှစ်ပဲ ရှိသေးတာပါ။ အခု ပြန်လာတဲ့ အခါမှာတော့ ၁၉နှစ် ရှိနေပါပြီ။ အဲသည် ခံစားချက်ကြီးက လုံးဝကို ပြောပြလို့ မရတဲ့ ခံစားချက်ကြီးပါပဲ။

သူက မားရှန်မြင်းကို အသားကျ စီးနင်ရင်းနဲ့ လီကလန်ကို ဦးတည်လာခဲ့ ပါတော့တယ်။

“အဆင့်၂ မိစ္ဆာသွေးနှော မြင်းပါလား … အားပါးပါး”

လမ်းတစ်လျှောက် မှာတော့ မြို့စောင့် တပ်သား တော်တော်များများက လီဖူချန်းကို သတိပြုမိ ပါတယ်။ အထူးသဖြင့် လီဖူချန်း စီးလာတဲ့ မားရှန် မြင်းကိုပေါ့လေ။

“တပ်မှုးကြီး … ကျွန်တော် ဘာဖြစ်လို့ ဒီကောင်လေးရဲ့ မျက်နှာကို မြင်ဖူးတယ်လို့ ထင်နေရတာလဲ”

မြို့စောင့်တပ်သား တစ်ယောက်က သူတို့ရဲ့ တပ်ကြပ်ကြီးကို မေးလိုက်ပါတယ်။

“ငါတို့က မြို့ထဲမှာ အမြဲ ပတ္တရောင် လှည့်ပြီး စစ်ဆေး နေရတာလေ။ ဒါကြောင့် သူ့ကို မြင်ဖူးနေတာ ဖြစ်မှာပေါ့”

မြို့စောင့်တပ်မှုးက ပြန်ဖြေလိုက်ပါတယ်။

“တပ်မှုးကြီး … ကျွန်တော် မှတ်မိပြီ။ သူက လီဖူချန်းပဲ ။ လီကလန်ရဲ့ အရင်က သခင်လေး "

"မင်းက ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်။ ငါသတင်း ရထားတာကတေ့ာ လီဖူချန်းက မိုးပြာရောင်ဂိုဏ်းမှာ တော်တော်လေး အစွမ်း ထက်နေတယ်တဲ့။ သူက အခုဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ကိုတောင် ရောက်နေပြီကွ”

“ဟီးဟီး … ကြည့်ရတာ လီကလန်ထဲမှာ ပြဿနာ တစ်ခုတော့ ကြီးကြီးမားမား ဖြစ်တော့မယ်နဲ့ တူတယ်။ သူ့အဖေ လီရှန်းဟန်က သူ့ကြောင့် လီကလန် ခေါင်းဆောင် နေရာကနေ ဖယ်ပေးလိုက် ရတာလေ။ အခုသူ ပြန်လာတာက သူ့အဖေအတွက် တရားမျှတမှုကို ပြန်လာတောင်းတာနဲ့ တူတယ်။ ဒါပေမဲ့ နှမြောစရာပဲ … လီတိုင်ရှန်းကလည်း အတော်လေး ပါးနပ်တယ်ကွ။ သူက ရှန်းတုကလန်ရဲ့ လက်အောက်ကိုတောင် ဝင်ထားပြီးပြီလေ”

“ပြဿနာ ကြီးကြီးမားမားတော့ တက်မှာ မဟုတ်ပါဘူး။ သူက အခုမှ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ပဲ ရှိသေးတယ် ဆိုတော့ ။ ပြီးတော့ လီဖူချန်းက မြေကမ္ဘာ အဆင့်ကို ရောက်မလားတောင် မသေချာသေးပါဘူးကွာ ။ လီကလန်ထဲမှာလည်း မြေကမ္ဘာ နယ်ပယ် ပညာရှင်တွေ ရှိနေတာပဲ မဟုတ်လား”

***

“ဘယ်သူလဲကွ … ဒါက လီကလန်ဆိုတာ မသိဘူးလား။ အခုချက်ချင်း မြင်းပေါ်က ဆင်းစမ်း "

လီကလန်ရဲ့ ပင်မတံခါးမကြီးရဲ့ ဘေးမှာတော့ ဟိတ်ဟန် အရှိန်အဝါ ကြီးမားလှတဲ့ ကျောက်ခြင်္သေ့ ရုပ်ကြီး နှစ်ရုပ် ရှိနေပြီး အဲသည် ခြင်္သေ့ ရုပ်ကြီးတွေရဲ့ အရှေ့မှာတော့ လီကလန်ရဲ့ တံခါးစောင့် တစ်ဖွဲ့က စောင့်ကျပ်နေပါတယ်။ သူတို့ထဲက ခေါင်းဆောင် ဖြစ်ဟန်တူသူက လီဖူချန်းကို အော်ဟစ်ပြီး တားမြစ် လိုက်တာပါ။

လီဖူချန်းကတော့ မြင်းပေါ်ကနေ ဆင်းမည့်ဟန် မရှိပါဘူး။ အေးစက်စက် လေသံဖြင့်

“မင်းရဲ့ မျက်လုံးတွေကို သေချာဖွင့်ပြီး ငါဘယ်သူလဲ ဆိုတာ ကြည့်စမ်း "

***

All Chapters