← Chapters

ခေါင်းဆောင်တဲ့လား

Vol. 13 Ch. 170

ခေါင်းဆောင်တဲ့လား

Vol. 13 Ch. 170

သူ့ရဲ့ အသံကို ကြားရပြီးတဲ့ နောက်မှာတော့ လီကလန်ရဲ့ တံခါးစောင့်တွေက လီဖူချန်းကို ကြောင်ပြီး ကြည့်နေ ကျပါတယ်။ ဒီမျက်နှာကို မြင်ဖူးနေတယ်။ ရင်းရင်းနှီးနှီးကြီးကို မြင်ဖူး နေတယ်လေ။

“အဲဒါ သခင်လေး ဖူချန်း မဟုတ်ဘူးလား "

တံခါးစောင့်တွေထဲက တစ်ယောက်က မရေမရာနဲ့ ပြောလိုက်ပါတယ်။

လီဖူချန်းက သူ့ကိုယ်သူ ဒီ၄နှစ်အတွင်းမှာ အတော်လေး ပြောင်းလဲသွားလို့ များလားလို့တောင် ထင်နေပါပြီ။ သေသေချာချာ ပြန်စဉ်းစား ကြည့်တော့လည်း အနည်းငယ်တော့ ပြောင်းလဲ သွားသလိုလို ပါပဲ။ လွန်ခဲ့တဲ့ နှစ်တွေတုန်းကတော့ သူ့ရဲ့ အရပ်က ၁.၆ မီတာလောက်ပဲ ရှိတာပါ။ အခုတော့ ၁.၈မီတာ ရှိနေခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကလည်း အခုလို သူ့နေရာနဲ့သူ တောင့်တောင့်တင်းတင်း ရှိမနေဘူးလေ။ ကလေးဆန်ပြီး အပြစ်ကင်းတဲ့ ပုံကနေ တည်ကြည်ပြီး ခန့်ငြား ချောမောတဲ့ မျက်နှာအဖြစ် ပြောင်းလဲသွားတာပဲ ပြောစရာ ရှိပါတယ်။

“ဘာလည်း … ငါဒီကနေ ထွက်သွားတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်။ မင်းတို့က ငါ့ကို မမှတ်မိတော့ဘူးပေါ့လေ "

လီဖူချန်းက စိတ်တိုနေသည့် ပုံဖြင့် မေးလိုက်ပါတယ်။

“အဲဒါ သခင်လေး ဖူချန်း အစစ်ပဲဟ… … ပြန်လာတဲ့ အတွက် ကြိုဆိုပါတယ် ခင်ဗျာ။ ကျွန်တော် ခေါင်းဆောင်ကြီးနဲ့ သခင်ရှန်းဟန် တို့ကို သွားပြီး သတင်းပို့ လိုက်ပါဦးမယ်”

တံခါးစောင့် ခေါင်းဆောင်ကို လီဂေဟာထဲကို အလျင်အမြန် ပြေးဝင်သွားပါတော့တယ်။

လီဖူချန်းကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ မြင်းစီးပြီး လီကလန်ထဲကို ဝင်သွားခဲ့ပါပြီ။ လီကလန်ရဲ့ တံခါးစောင့်တွေကလည်း လီဖူချန်းကို ဘာမှမပြောရဲကြပါဘူး။

***

နေ့လယ်ခင်း အချိန်အခါ သမယ ဖြစ်တဲ့အတွက် လီတိုင်းရှန်နဲ့ သူ့ရဲ့ ဇနီးသည် စုမင်ရှန်တို့ဟာ နေ့လယ်စာ စားသောက်နေကျတယ်လေ။

“ယွန်ဟိုင် တစ်ယောက်တော့ မိုးပြာရောင်ဂိုဏ်းမှာ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အရမ်း သိချင်လိုက်တာ ရှင်ရယ်”

စုမင်ရှန်က နေ့လယ်စာ စားနေရင်းနဲ့ လီတိုင်းရှန်ကို လှမ်းပြောလိုက်ပါတယ်။

လီယွန်ဟိုင်က ကြယ်၂ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အတွက် လွန်ခဲ့တဲ့ ၂နှစ်ကတည်းက အပြင်စည်း အထွေထွေလုပ်သား ဘဝကနေ အပြင်စည်းတပည့် အဖြစ်ကို တက်လှမ်း နိုင်ခဲ့တယ်လေ။ ဒီနှစ်မှာတော့ သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၁ကို ချိုးဖောက် ဝင်ရောက်သွားခဲ့ ပါပြီ။ အတွင်းစည်းတပည့်အဖြစ် စမ်းသပ်တဲ့ စာမေးပွဲမှာ အတော်လေး ခက်ခဲခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ စာမေးပွဲကို အောင်ပြီး အတွင်းစည်းတပည့် ဖြစ်လာ ခဲ့ပါတယ်။

“ယောကျာ်း … လီဖူချန်းက ဘာဖြစ်လို့ အဲဒီလောက် အထိ လေ့ကျင့်တာ မြန်နေရတာလဲ။ လွန်ခဲ့တဲ့ ၃လကတည်းက သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇ကို ရောက်နေပြီဆို။ ဒီအတိုင်းဆိုရင် အသက်၂၅ နှစ် မတိုင်ခင်မှာ မြေကမ္ဘာအဆင့်ကို ရောက်သွားတော့မှာပဲ။ သူသာ မြေကမ္ဘာ အဆင့်ကို ရောက်သွားရင်တော့ ညီမတို့ အခြေအနေက ကောင်းတော့မှာ မဟုတ်ဘူးနော်”

စုမင်ရှန်က သူမစိတ်ထဲမှာ တထင့်ထင့် ဖြစ်နေတဲ့ အရာတစ်ခုကို ထပ်မေးလိုက်ပါသေးတယ်။

လီတိုင်းရှန်က နှာခေါင်းရှုံ့လိုက်ပြီး

“သေသေချာချာ စဉ်းစားစမ်းပါကွာ။ သူက သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်ဖို့တောင် ၁၀နှစ်လောက် လေ့ကျင့်ရဦးမှာ။ အဲဒီ အချိန်ဆိုရင် ယွန်ဟိုင်လည်း လီဖူချန်းကို လိုက်လို့ မီနေလောက်ပြီ”

လီဖူချန်းရဲ့ ကျင့်ကြံမှုနှုန်းက ဘယ်လောက်ပဲ မြန်နေပါစေလေ။ ဒီကောင်လေးက မြေကမ္ဘာ အဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာပါပဲ။ သူ့မိန်းမကတော့ မိုးပြိုမှာ ကြောက်သည့် တစ်တီတူးငှက်လို အစိုးရိမ် သန်ရန်ကောဟုတောင် လီတိုင်ရှန်းက တွေးလိုက် ပါသေးသည်။

ကြယ်၂ပွင့်အဆင့် အရိုးတည်ဆောက်မှု ပိုင်ရှင်တောင်မှ မြေကမ္ဘာ အဆင့်ကို ချိူးဖောက် ဝင်ရောက် နိုင်တဲ့ အခွင့်အလမ်းက ၂၀ရာခိုင်နှုန်းပဲ ရှိတာပါ။

သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင်ကတော့ သုည သာသာပါပဲလေ။

“ကျွန်မလည်း အဲဒီလို မျှော်လင့်ပါတယ်လေ”

စုမင်ရှန်က ခေါင်းညိတ် လိုက်ပါတယ်။

“အဖေ … အမေ … ကျွန်တော်နဲ့ ကျားယု ပြန်လာပါပြီ”

စကားသံ ဆုံးတာနဲ့ လီယွန်ဟီက ထမင်းစားဆောင် ထဲကို လှမ်းဝင်လာခဲ့ပါတယ်။ သူရဲ့ ဘေးမှာတော့ သာမန် ရွက်ကြမ်းရေကျို သာသာရှိတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့။ သူမက အသက် ၂၀လောက်ပဲ ရှိဦးမည့် ပုံပါပဲ။

လီတိုင်းရှန်နဲ့ စုမင်ရှန်တို့ကတော့ သူတို့ရဲ့ စားလက်စ တူကိုတောင် ခဏ ချထားလိုက်ပါပြီ။

“ယွန်ဟီ … ကျားယု … ဘယ်လိုလဲ ။ ယုံဝူးမြို့ရဲ့ ရှုခင်းတွေက သာယာရဲ့လား။ သားကတော့နော်… မနက်ခင်း ကတည်းက ထွက်သွားလိုက်တာ အခုမှ ပြန်လာတော့တယ်။ ကျားယုလေးကတော့ မောနေတော့မှာပဲ “

လီတိုင်းရှန်တို့ နှစ်ယောက်ဟာ ရှန်ကျားယုကို ကြည့်ပြီး မျက်နှာချို သွေးနေကြတယ်လေ။

ရှန်ကျားယုက အလွန်မောက်မာသည့် ဟန်ပါပဲ။ သူမက ခေါင်းတစ်ချက်သာ ညိတ်ပြ လိုက်ပါတယ်။ စုမင်ရှန်က ရှန်းကျားယုကို အချိုသာဆုံး ပြုံးပြလိုက်ပြီး

“ကျားယု … သမီးဘာစားချင်သလည်း အဒေါ့်ကိုပြော ။ အဒေါ် သမီး စားချင်တာကို ချက်ခိုင်း လိုက်မယ်”

စားပွဲခုံပေါ်မှာ ရှိနေတဲ့ ဟင်းလျာတွေက အရာမယွင်း သေးပေမဲ့လည်း စုမင်ရှန်က ရှန်ကျားယုကို အကျန်တွေ ကျွေးတယ်လို့ မထင်စေချင်ဘူးလေ။ ရှန်ကျားယုက …

“သမီးတို့ ရှန်ကလန် မှာတုန်းကတော့ ဟင်းပွဲတစ်ပွဲကို ရွှေပြား တော်တော်များများ ကျသင့်တာကိုပဲ စားတာ။ အခုတော့ ဘာတတ်နိုင်မလဲ … ကောင်းနိုးရာရာ တစ်ခုခုပဲ ချက်ခိုင်းလိုက်ပါ"

သူမက လီကလန်ကို လွန်ခဲ့တဲ့ ရက်အတော်ကြာ ကတည်းက ရောက်နေတာ ဖြစ်တဲ့အတွက် လီကလန်ရဲ့ ဟင်းလျာတွေကို သိနေတယ်လေ။

“အမေရယ် … အကောင်းဆုံးတွေပဲ ရွေးချက်ခိုင်း လိုက်ပါတေ့ာ …။ အမေလည်း သိတယ်မလား … ကျားယုက သာမန် အစားအသောက်တွေကို မစားတတ်ဘူး ဆိုတာကို “

လီယွန်ဟီက သူ့ရဲ့ အမေ ဖြစ်သူကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်ပါတယ်။

အမှန်အတိုင်း ပြောရမယ်ဆိုရင် သူက ရှန်ကျားယုကို လုံးဝကို မကြိုက်ပါဘူး။ သူမက သာမန် ရွက်ကြမ်းရေကျိူ ရုပ်ပဲ ရှိတာလေ။ ဒါပေမဲ့ ရှန်းကလန်ဆိုတာ ချွမ်စင်းမြို့စားမင်းရဲ့ ကလန်ပါ။

သူတို့ရဲ့ နောက်ခံက အတော်လေး ကောင်းမွန်တဲ့ အထဲမှာ ပါပါတယ်။ ရှန်ကျားယုရဲ့ ဝမ်းကွဲအစ်ကိုက မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့် တစ်ယောက်ပါ။ သူ့ရဲ့ အဆင့်အတန်းက သာမန်မြို့စား တစ်ယောက်ရဲ့ အဆင့်အတန်ထက်ကို မြင့်နေပါသေးတယ်။ တကယ်လို့သာ လီယွန်ဟီက ရှန်ကျားယုကိုသာ လက်ထပ်နိုင်ခဲ့မယ် ဆိုရင် အခြေအနေက အတော်လေး ကောင်းသွားမှာပါ။ ရှန်ကျားယုရဲ့ အစ်ကိုက မိုးပြာရောင်ဂိုဏ်းက ရတဲ့ ဆေးဝါးတွေကိုပါ လက်ဆောင်ပေးရင် ပေးဦးမှာလေ။ အဲသည် အခါကျရင် လီယွန်ဟီက မြေကမ္ဘာ အဆင့်ကိုတောင် ချိုးဖောက်သွားရင် သွားနိုင်ဦးမှာပါ။

“ဟုတ်ပြီ … ဦးလေးပဲ တစ်ယောက်ယောက်ကို ခေါ်ပြီး ခိုင်းလိုက်ပါမယ်လေ”

လီတိုင်းရှန်က လီကလန် ခေါင်းဆောင်ဆိုတဲ့ သိက္ခာကိုတောင် မထိန်းထားနိုင်တော့ပါဘူး။ သူ့သား လီယွန်ဟီနဲ့ ရှန်ကျားယုတို့ အခြေအနေ တိုးတက်မှသာ သူလည်း အဆင်ပြေနိုင်မယ်လို့ လီတိုင်းရှန်က တွက်ထားတာလေ။

“ခေါင်းဆောင်ကြီး … ခေါင်းဆောင်ကြီး”

လီတိုင်းရှန်က အစေခံ တစ်ယောက်ကို ခေါ်ပြီး တစ်ခုခုလုပ်ခဲ့ဖို့ မှာမယ့် အချိန်မှာပဲ တံခါးစောင့် တစ်ယောက်က ထမင်းစားခန်းရဲ့ အပြင်ကနေ   တကြော်ကြော် အော်ဟစ်ပြီး အလျင်စလို ပြေးဝင် လာခဲ့ပါတယ်။

လီတိုင်းရှန်က မျက်နှာ ပျက်သွားပြီး ထိုအစောင့်ကို ဆူငေါက်လိုက်ပါတယ်”

ဒီမှာ ဧည့်သည့် တစ်ယောက် ရှိနေတာကို မမြင်ဘူးလား။ မင်းက ငါတို့ လီကလန်ကို သိက္ခာ ချနေတာလား “

ဝင်လာတဲ့ အစောင့်ကတော့ လီကလန်ရဲ့ တံခါးစောင့်မှုးပါပဲ။ သူက ကမန်းကတန်းဖြင့်

“ခေါင်းဆောင်ကြီး … သခင်လေး လီဖူချန်း ပြန်ရောက် လာပါပြီ။ အခုဆိုရင် သခင်လေးက ပင်မခန်းဆောင်ထဲမှာ ထိုင်နေပါတယ်”

“လီဖူချန်းလား”

လီတိုင်းရှန်ရဲ့ မျက်လုံးတွေက ပြူးကျယ်သွားပြီး မျက်လုံးတွေက အေးစက်စက် ဖြစ်လာ ပါတယ်။

“လီဖူချန်း … ပြန်လာပြီလား “

လီယွန်ဟီကလည်း ကြောင်အအ ဖြစ်သွားတယ်လေ။

သူနဲ့ လီဖူချန်းက မတွေ့တာ ၄နှစ်လောက်တောင် ရှိခဲ့ပါပြီ။ ဒီလေးနှစ် အတွင်းမှာ သူက လီဖူချန်းရဲ့ သတင်းတွေကို နားနဲ့မဆံ့အောင် ကြားခဲ့ရတယ်လေ။ လီဖူချန်း တစ်ယောက် မိုးပြာရောင် ဂိုဏ်းမှာ တော်တော်လေး စွမ်းဆောင် နိုင်ခဲ့တာတွေကို ပြန်ကြား ရလိုက်တိုင်းမှာ လီယွန်ဟီက မနာလိုစိတ် အပြည့်နဲ့ပဲ နားထောင် နေခဲ့ရတာပါ။ အဲသည် အတွက်ကြောင့် မို့လည်း ဒီရှန်ကလန်ရဲ့ သခင်မလေးကို "မချစ်သော်လည်း အောင့်ကာနမ်း” နေရတာပါပဲ။

“လီဖူချန်းဆိုတာ ဘယ်သူလဲ“

ရှန်ကျားယုရဲ့ အတွေ့အကြုံတွေ အရ ဒီလီဖူချန်းဆိုတဲ့ သူက သာမန်လူတော့ မဟုတ်ဘူး ဆိုတာကို သိနေတယ်လေ။ လီယွန်ဟီက သူမကို ပြန်ဖြေလိုက်ပါတယ်။

"သူက ငါတို့ လီကလန်သား တစ်ယောက်ပါပဲ ။ ဒါပေမဲ့ သူက အတွင်းစည်း တပည့်တစ်ယောက် ဖြစ်နေပြီလေ”

“သာမန် အတွင်းစည်း တပည့်လေးလား။ သာမန် အတွင်းစည်း တပည့်လေး တစ်ယောက်အတွက် ဒီလောက်အထိ ရုပ်ပျက်သွားစရာ လိုလို့လား”

ရှန်ကျားယူက မနှစ်မြို့ဟန်ဖြင့် ပြောလိုက်ပါတယ်။

သူမက သာမန် အတွင်းစည်း တပည့်တစ်ယောက်ကိုတေ့ာ မျက်လုံးထဲမှာတောင် မထည့်ထားပါဘူး။ သူမတို့ ရှန်ကလန်က ရှန်းတုကလန်ထက်ကို ပိုပြီး အခြေခိုင်ပါတယ်။ သူမရဲ့ အကြီးဆုံး ဦးလေးက ချွမ်းစင်းမြို့ရဲ့ မြို့စားမင်းလေ။ သူမရဲ့ အဘိုးကတော့ မိုးပြာရောင်ဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲ တစ်ယောက်ပါ။ သူမရဲ့ အငယ်ဆုံး ဦးလေးကတော့ မိုးပြာရောင် ဂိုဏ်းရဲ့ အတွင်းစည်း ကြီးကြပ်ရေးမှူး ဖြစ်ပါတယ်။ အတွင်းစည်း တပည့်တွေကတော့ သူမတို့ ရှန်ကလန်မှာ အယောက်၂၀ကျော်ကို ရှိတာပါ။ အကျဉ်းချုံး ပြောရမယ် ဆိုရင် သူမတို့ ကလန်ရဲ့ အပတ်အသက်တွေက ဒီလို ယုံဝူးမြို့ထဲက ကလန်ငယ်လေး တစ်ခုကို ဂရုစိုက်စရာကို မလိုပါဘူး။

ချွမ်စင်းမြို့က ပြောရမယ်ဆိုရင် အလယ်အလတ် အဆင့်ရှိတဲ့ မြို့ကြီး တစ်မြို့ဖြစ်ပြီး လူဦးရေ ၆သိန်းလောက် ရှိပါတယ်။

ရှန်ကျားယုရဲ့ စကားကို ကြားအပြီးမှာတော့ လီယွန်ဟီက အတော်လေး အားရှိသွားပုံပါပဲ

”ညီမပြောတာ ဟုတ်တယ် … ဒီကောင်က သာမန် အတွင်းစည်း တပည့်လေး တစ်ယောက်ပါပဲ”

***

လီဂေဟာရဲ့ ချောင်ကျတဲ့ အိမ်တစ်ခုမှာတော့ … …

“သခင်ရှန်းဟန် … သခင်ရှန်းဟန်”

လီကလန်ရဲ့ နောက်ထပ် တံခါးစောင့် တစ်ယောက်က အိမ်ငယ်လေး တစ်လုံးရဲ့ အရှေ့ကို ရောက်လာပါတယ်။

“ဘာလဲဟေ့…"

လီရှန်းဟန်နဲ့ ရှန်းယုရန်က အိမ်အပြင်ကို လှမ်းထွက် လာပါတယ်။ သူတို့က လီကလန်ရဲ့ အစောင့် တစ်ယောက်က လာခေါ်တာကို တစ်ခါမှ မကြုံဖူးသေးတဲ့ အတွက် ထူးဆန်းသလိုလို ခံစား နေရတယ်လေ။

“သခင်ရှန်းဟန် … သခင်လေး ဖူချန်း ပြန်ရောက်လာပါပြီ။ အခုဆိုရင် သခင်လေးက ပင်မခန်းဆောင်ထဲမှာ စောင့်နေပါတယ်”

“မင်းဘာပြောလိုက်တယ်”

လီရှန်းဟန်က သူ့နားကို သူမယုံသလို ဖြစ်သွားတဲ့ အတွက် အစောင့်ရဲ့ ပုခုံးနှစ်ဖက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ မေးလိုက်ပါတယ်။

“သခင်လေး ဖူချန်း ပြန်ရောက်လာပါပြီ။ အခုလေးတင် ပြန်ရောက်လာတာပါ”

အစောင့်က နောက်ထပ်တစ်ခါ ပြန်ပြောလိုက်ပါတယ်။

“ဟားဟား … ဖူချန်းလေး ပြန်ရောက်လာပြီလား … ယုရန်ရေ … လာဟေ့ … ဖူချန်းကို သွားကြည့်ကျရအောင်”

လီရှန်းဟန်က စိတ်လှုပ်ရှားစွာဖြင့် ဇနီးသည်ကို ခေါ်ပြီး သူ့သားဆီကို ထွက်လာပါတော့တယ်။ သူ့သားကို မတွေ့ရတာ ၄နှစ်လောက် ရှိနေပြီ ဖြစ်တဲ့အတွက် လီရှန်းဟန်က သူ့သားကို အရမ်းကို တွေ့ချင်နေပါပြီ။

ရှန်းယုရန်က အနည်းငယ် စို့နေတဲ့ သူမရဲ့ မျက်ရည်တွေကို သုတ်ပစ်ရင်း

“ဒီကောင်စုတ်လေး … နောက်ဆုံးတော့ သူ့အမေကို ပြန်လာကြည့်ဖို့ သတိ ရသေးတာပဲကိုး”

ရုတ်တရက် လီကလန် တစ်ခုလုံးက ရုတ်ရုတ်သဲသဲကို ဖြစ်သွားပါတော့တယ်။ လီကလန်ရဲ့ အကြီးအကဲတွေတောင်မှ ပင်မခန်းဆောင်ကို ဦးတည်လာခဲ့ ကျတယ်လေ။

လီကလန်ရဲ့ ဘိုးဘေးကြီးကတော့ တံခါးပိတ်ပြီး လေ့ကျင့်နေတဲ့ အတွက် အစေခံ တစ်ယောက်က သတင်း သွားပေး လိုက်ရပါတယ်။

ပင်မခန်းဆောင်ထဲမှာတော့ လီဖူချန်းက လက်ဖက်ရည် တစ်ခွက်ကို စိမ်ပြေနပြေ ထိုင်သောက် နေပါတယ်။ သူ့ရဲ ဘယ်ဘက်နဲ့ ညာဘက်မှာတော့ စပ်စပ်စုစု နိုင်တဲ့ အမျိုးသမီး အစေခံတွေက လီဖူချန်းကို အကောင်းဆုံး ပြုစုနေကျပါတယ်။

“ဖူချန်း "

လီရှန်းဟန်နဲ့ ရှန်းယုရန်ကတော့ ပင်မခန်းဆောင်ထဲကို ပထမဆုံး ရောက်လာတဲ့ သူတွေပါပဲ။ ခန်းဆောင်ထဲကို ကြည့်လိုက်တဲ့ အခါမှာတော့ ရင်းနှီးသလိုလို ၊ မရင်းနှီးသလိုလို လူငယ်တစ်ယောက်ကို သူတို့က မြင်လိုက်ရတယ်လေ။ လီရှန်းဟန်ကတော့ ယောကျာ်း တစ်ယောက် ဖြစ်တဲ့ အတွက် သူ့သားကို မြင်မြင်ချင်းမှာ ဣန္ဒြေဆည်နိုင် သေးသော်လည်း အမေဖြစ်တဲ့ ရှန်းယုရန်ကတော့ ဟန်တောင် မဆောင်နိုင်ပဲ ချုံးပွဲချ ငိုပါတော့တယ်။

“အဖေ … အမေ “

လီဖူခန်းက မတ်တတ် ထရပ်လိုက်ပြီး သူ့မိဘတွေ ရှိရာကို လျှောက်လာ ခဲ့ပါပြီ။ ထို့နောက် မှာတော့ သူက ပြုံးလိုက်ပြီး ရှန်းယုရန်ကို နှစ်သိမ့်ဖို့ ကြိုးစားလိုက်ပါတယ်။

“အမေ … မငိုပါနဲ့တော့ … သားပြန်ရောက်လာပြီပဲ”

လီဖူချန်းက သူ့မိဘ နှစ်ပါးစလုံးကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်ပါတယ်။ လီရှန်းဟန်နဲ့ ရှန်းယုရန်က အစပိုင်းမှာတော့ အနည်းငယ် ကြောင်အ နေပေမဲ့လည်း ချက်ချင်းပဲ လီဖူချန်းကို ခပ်တင်းတင်း ဖက်ထားလိုက်ကြတယ်လေ။

“အဖေ … အမေ … ကျွန်တော်က အရင်ဆုံး အဖေတို့ နေတဲ့ နေရာကို လာမတွေ့တဲ့ အတွက်တေ့ာ စိတ်မဆိုးဘူး မလား "

လီဖူချန်းက သူ့မိဘ နှစ်ပါးကို မေးလိုက်ပါတယ်။ လီရှန်းဟန်က ခေါင်းခါလိုက်ပြီး

“အဖေက ဘာလို့ စိတ်ဆိုးရမှာလဲ သားရယ် … ပြီးတော့ သားက အဖေတို့ လက်ရှိ ဘယ်မှာ နေနေလဲ ဆိုတာကိုတောင်မှ သိတာ မဟုတ်တာ။ ငါ့သား အခုလို ပြန်ရောက် လာတာနဲ့တင် အဖေတို့က အရမ်း ပျော်နေပါပြီကွာ”

ဘယ်လောက်ပဲ ရုပ်တွေ ပြောင်းနေပါစေ။ သူတို့ရဲ့သားကတော့ သားပါပဲလေ။ သူရဲ့ အငွေ့အသက်တွေက အရမ်းကို ရင်းနှီး လွန်းနေပါတယ်။

“အဖေ … အမေ … ထိုင်ကြပါဦး "

လီဖူချန်းက လီရှန်းဟန်ကို လီကလန်ရဲ့ ခေါင်းဆောင် ထိုင်ခုံကို လက်ညှိုးထိုးပြီး ထိုင်ခိုင်း လိုက်ပါတယ်။

“ဖူချန်း … အဖေက လီကလန် ခေါင်းဆောင် မဟုတ်တော့ဘူးလေ”

လီရှန်းဟန်က လီဖူချန်းကို သတိပေးလိုက်ပါတယ်။

“ထိုင်သာ ထိုင်လိုက်စမ်းပါ အဖေရာ … ကျန်တာကို ကျွန်တော် ကြည့်ရှင်း လိုက်ပါ့မယ်။ ကျွန်တော့် နှလုံးသားထဲမှာတော့ အဖေက လီကလန်ရဲ့ ထာဝရ ခေါင်းဆောင်ကြီးပါပဲ”

***

All Chapters