အစုလိုက်ရောင်းချတာက သောက်ရမ်းမိုက်တယ်။ ငါ ဒါကို အမြဲသုံးသင့်တယ်။
Vol. 13 Ch. 195
အခန်း (၁၉၅) အစုလိုက်ရောင်းချတာက သောက်ရမ်းမိုက်တယ်။ ငါ ဒါကို အမြဲသုံးသင့်တယ်။
ဟန်ရှောင်းသည် ဖိုရမ်တွင် ပေါက်ကြားလာသော သတင်းအချက်အလတ်များ ထွက်ပေါ်လာသည့် အကျိုးသက်ရောက်မှုကို မြင်တွေ့နေရသည်။ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်၏။
သူသည် ဂျာမီနယ်အဖွဲ့အစည်းကို လျှို့ဝှက်စွာ ထပ်မံဖြိုခွင်းမှု အောင်မြင်ခဲ့ပြီး၊ သူတို့မှာ ဘယ်သူတွေ လုပ်သလဲ၊ ဘာတွေ မှားသွားမှန်းတောင် မသိခဲ့ကြပေ။
ဂျာမီနယ်အဖွဲ့အစည်းကို လျှို့ဝှက်စွာ မကောင်းကြံခြင်းက သူ့ကို တကယ်ကို စိတ်ချမ်းသာစေ၏။
သို့သော်လည်း ရည်ညွှန်းစာသည် လူကြိုက်များခြင်းမရှိပေ။ ဟန်ရှောင်းအနည်းငယ် အံ့သြသွားသော်လည်း သူခဏမျှ တွေးတောကြည့်ပြီးနောက် ထိုအကြောင်းပြချက်၏ နောက်ကွယ်မှ အကြောင်းရင်းကို သူသိလိုက်သည်။ ဒါက ကစားသမားတွေရဲ့ လက်ရှိဘဏ္ဍာရေးအခြေအနေကြောင့်ပင်။ အသင်းအဖွဲ့ များသည် ၂၅၀,၀၀၀ ရှိနိုင်သော်လည်း သူတို့အတွက် အလွန်အန္တရာယ်ရှိသည်။ ရည်ညွှန်းစာသည် ကောင်းမွန်သော အကျိုးသက်ရောက်မှု မရှိပါက သူတို့၏ တိုးတက်မှုကို ကြီးမားစွာ နှေးကွေးစေမည်ဖြစ်သည်။
ဤအချိန်တွင် သူသတ်မှတ်ထားသည့်စျေးနှုန်းသည် အလွန်မြင့်မားနေပြီး၊ ကစားသမားများ၏ ပျမ်းမျှပိုင်ဆိုင်မှုအဆင့် တိုးလာသောအခါမှသာ ရည်ညွှန်းစာအတွက် အန္တရာယ်ရှိနိုင်ခြေ လျော့ကျသွားမည်ဖြစ်သည်။ ထိုအချိန်တွင် ဝယ်ဖို့ကြိုးစားမယ့် အသင်းအဖွဲ့တွေ ရှိလာလိမ့်မည်။
ဤစျေးနှုန်းဖြင့် စွန့်စားမည့်သူ ပေါ်လာရန် အလွန်ကြာသည်။ ဟန်ရှောင်းက သူ့လက်သည်းတွေကို ကိုက်လိုက်ပြီး စတင်စဉ်းစားသည်။ အကောင်းဆုံးဖြေရှင်းနည်းကတော့ စျေးလျှော့ဖို့ပဲ...
ဒါမဖြစ်နိုင်ဘူး! ဖြစ်မလာဘူး!
ရည်ညွှန်းစာနှင့်အတူ အခြားအကျိုးကျေးဇူးတွေကို အတူတူပေးမယ့် အရောင်းဗျူဟာအချို့ကို သုံးလို့ရနိုင်တယ်။
ဟန်ရှောင်းတွေးမိတဲ့ ပထမဆုံးအရာက ဆက်ဆံရေးအမှတ်တွေကို ဆုအဖြစ်ပေးတာမျိုး။ တစ်စုံတစ်ယောက်က ရည်ညွှန်းစာတစ်စောင်ဝယ်တဲ့အခါ သူက ဆက်ဆံရေးအမှတ်တစ်ချို့ကို ပေးလိုက်မည်။ ဆက်ဆံရေးအမှတ်များသည် သူ၏စတိုးဆိုင်ရှိ အဆင့်မြင့်စက်ပစ္စည်းများ ဝယ်ယူခြင်း၏ ရှေ့ပြေးလိုအပ်ချက်ဖြစ်သည်။ ၎င်းသည် အမြတ်အစွန်းကွင်းဆက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
သို့သော် ဒုတိယ အတွေးတွင် ဆက်ဆံရေး အမှတ်များပေးခြင်းသည် အလွန်ကောင်းမွန်သော အကြံဥာဏ် မဟုတ်ပေ။ ထိုအမှတ်များက အမှတ်တစ်ရာသာ အမြင့်ဆုံး ပေးနိုင်သည်ဖြစ်၍ ဒါတွေကို တန်ဖိုးထားရမည်။ သာမန်ကစားသမားတွေကို သူပေးခဲ့တဲ့ ဆက်ဆံရေးအမှတ်တွေက အများဆုံး ၁၀ မှတ်ပင်။ ကစားသမားတွေကို ဒီလောက် လွယ်လွယ်နဲ့ မရစေချင်ဘူး။
အကယ်၍ သူသည် ထိုအမှတ်များအား ရည်ညွှန်းစာဖြင့် အသုံးပြုပါက၊ အမှတ်တစ်မှတ် သို့မဟုတ် နှစ်မှတ်သည် အလွန်နည်းပါးပြီး ဆွဲဆောင်မှုမရှိပေ၊ သို့သော် အများအပြားပေးခြင်းသည် သူ့အတွက်လည်း ဆိုးရွားစေမည် ဖြစ်သည်။
ဘောနပ်စ်ပစ္စည်းတွေ ပေးရင်ရော။ ဒီအတွေးပေါ်လာတဲ့အခိုက်မှာ သူ့က ချက်ချင်း ပယ်ချလိုက်သည်။ အရည်အချင်းပြည့်မီသော စီးပွားရေးသမားဖြစ်ရမည်၊ ထို့ကြောင့် ဤကဲ့သို့ ကောင်းမွန်သောအကျင့်စာရိတ္တမျိုး မရှိသင့်ပေ။
သူသည် မကြာသေးမီက ဒီဇိုင်းပုံစံအချို့ကို ပေါင်းစပ်ထားသော်လည်း ၎င်းတို့အနက်မှ တစ်ခုမျှ မတည်ဆောက်ရသေးသောကြောင့် ၎င်းတို့ကိုလည်း မရောင်းချနိုင်ပေ။
ဆေးဝါးနဲ့ ပတ်သက်ရင် အဲဒါတွေကို ရောင်းဖို့ အချိန်ကောင်းမဟုတ်ဘူး။ ရာခိုင်နှုန်းအလိုက် မြှင့်တင်ပေးသော အချို့သော ဆေးဝါးများသည် ကစားသမားများ ပိုမိုမြင့်မားသောအဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် စျေးကွက်ပိုမို ကြီးမားလာမည်ဖြစ်သည်။ ပြိုင်ပွဲများတွင် ယှဉ်ပြိုင်ခဲ့ရသည့် ပရော်ဖက်ရှင်နယ် ကစားသမားများသည် ၎င်း၏ ပစ်မှတ်စားသုံးသူများ ဖြစ်ကြပါသည်။
သူ တွေဝေနေချိန်တွင် အင်တာဖေ့စ်ပေါ်တွင် အံ့အားသင့်စရာ သတိပေးချက်တစ်ခု ပေါ်လာသည်။
_________________________________
[ပုလိပ်ရောဂါ ၏ အရင်းအမြစ်] ပြီးပါပြီ။
လိုအပ်ချက် ၁ - ပုလိပ်ရောဂါ၏ရင်းမြစ်ကို ရှာဖွေပါ။ ပြီးပါပြီ။
လိုအပ်ချက် ၂ - ပုလိပ်ရောဂါပျံ့နှံ့မှုကို နှိမ်နှင်းပါ။ ပြီးပါပြီ။
လိုအပ်ချက် ၃ - ကူးစက်ခံရသူအားလုံးကို ကုသပါ။ မပြည့်စုံ။
သင်သည် အတွေ့အကြုံအမှတ် ၆၀,၀၀၀၊ +၄၀၀ ဘလက်ပိုင်းနှင့် ဆက်ဆံရေးကို ရရှိခဲ့သည်။
_________________________________
ဟန်ရှောင်းအံ့အားသင့်စွာဖြင့် နေရာတွင် ရပ်လိုက်သည်။
ဤမစ်ရှင်သည် ဓါးရူးနှင့် Bun-hit-dog အား သူပေးခဲ့သည့်အရာဖြစ်သည်။ သူတို့ ပြီးသွားပြီ။
ငါ ကောင်းကောင်း ရွေးချယ်ခဲ့ပုံရတယ်။ ဟန်ရှောင်းရယ်မောလိုက်သည်။ သူတို့ရဲ့ အဆင့်က ၁၅ လောက်ရှိတော့ ဒီမစ်ရှင်က သူတို့အတွက် တော်တော်ခက်ခဲလိမ့်မယ်။ ပြီးပြည့်စုံအောင် မပြီးမြောက်ခဲ့ပေမယ့် အံ့သြဖွယ်ကောင်းနေပြီဖြစ်သည်။ ဟန်ရှောင်းသည် အစကတည်းက ဤမစ်ရှင်တွင် လုံးဝ မပါဝင်ခဲ့သဖြင့် ဆုလာဘ်များသည် ကောင်းကင်မှ ကျလာသည် ။
နေပါဦး!
ဟန်ရှောင်း၏ မျက်လုံးများ တောက်ပလာသည်။
သူသည် စိတ်အားထက်သန်နေပြီး ရည်ညွှန်းစာကို ကြော်ငြာရန် အခြားအကြံတစ်ခုရှိလာသည်။
“ကောင်းတယ် ဓါးရူးရေ!”
ဟန်ရှောင်း ရယ်မောလိုက်သည်။ မစ်ရှင်ပြီးမြောက်ရန် အချိန်တန်ပြီဖြစ်သည်။ အရေးကြီးတဲ့အခိုက်အတန့်မှာ သူ့ကို နှိုးဆွပေးခဲ့တယ်။
ထိုအချိန်တွင်၊ အစပျိုးရွာရှိ ကစားသမားများသည် [စွမ်းအင်လေ့ကျင့်ရေးနည်းပညာ] ကို တစ်ယောက်ပြီး တစ်ယောက် သင်ယူနေကြပြီး၊ ရည်ညွှန်းစာ၏ စျေးနှုန်းကို တအံ့တဩ ဖြစ်နေကြသည်။
“အချိန်၏စီးဆင်းမှုသည် လူတိုင်းကို ရှေ့သို့ဆောင်သွားစေသည်။ အတိတ်က အမှန်တရားကို ဘယ်တော့မှ မရပ်တန့်တဲ့ လူတွေက မြှုပ်နှံပြီး မေ့ပစ်လိုက်တယ်” ဟန်ရှောင်း ရုတ်တရက် အော်လိုက်သည်။ "ငါ့ကို တစ်ချို့အရာတွေအတွက် ကူညီပေးဖို့ ယုံကြည်ထိုက်သူတွေ အများကြီးလိုတယ်။"
သူပြောနေစဉ်တွင် သူသည် မစ်ရှင်အသစ်များတွင် ရရှိခဲ့သော [ခေတ်သစ်—မူလအစ] မှ လျှို့ဝှက်ထားသော အဓိက ဇာတ်လမ်းတိုမစ်ရှင်ငါးခုကို ဖြန့်ဝေခဲ့သည်- [ အသက်ရှင်ကျန်ရစ်သူ၏အဆုံးသတ်ခြင်း]၊ [နေရာလွဲမှားမှု၏သော့]၊ [တံဆိပ်ခတ်ထားသောအတိတ်]၊ [လျှို့ဝှက်ဆန်းကြယ်သော အကျဉ်းသား၊ နှင့် [လူအမျိုးအစားတူ]။
[ခေတ်သစ်—မူလအစ] သည် ခက်ခဲလွန်းပြီး ဟန်ရှောင်း ကိုယ်တိုင်လုပ်ပါက အချိန်များစွာ ကုန်လိမ့်မည်။ ထို့ပြင် ဒါက ပထမအကျော့သာ ရှိသေးသည်။
ဟန်ရှောင်းသည် မစ်ရှင်များ၏ ပစ်မှတ်များကို ဖြန့်ဝေရန် ဆုံးဖြတ်ပြီး ကစားသမားများကို လုပ်ခွင့်ပေးလိုက်သည်။ ဤနည်းဖြင့် သူသည် အချိန်ကုန်သက်သာပြီး များများစားစားမလုပ်ဘဲ ဆုလာဘ်များကို ရယူနိုင်သည်။ ဓါးရူး၏ အောင်မြင်မှုသည် စိတ်ကူးကို သက်သေပြခဲ့ပြီး ကစားသမားများသည် မစ်ရှင်ပြီးဆုံးသွားလျှင်ပင် သူက ဆုလက်ဆောင်များ ဆက်လက်ရရှိနိုင်ကြောင်း သူတွေ့ရှိခဲ့သည်။
အကျိုးအမြတ်တွေကို အသုံးချပြီး တခြားသူတွေကို သူတို့အတွက် အလုပ်ပေးဖို့ ဆွဲဆောင်တဲ့ အဓမ္မအရင်းရှင်တွေလိုပင်၊ ဒါပေမယ့် အဆုံးတွင် အမြတ်အများဆုံး ရနိုင်၏။
ထို့အပြင်၊ ဟန်ရှောင်းက ၎င်းသည် ပင်မဇာတ်ကြောင်းမစ်ရှင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်။ ဤအရာက ကစားသမားများကြားတွင် သူ၏အဆင့်အတန်းကို တစ်ဖန်ပြန်လည်တိုးပွားစေသည်။
ပင်မဇာတ်ကြောင်းမစ်ရှင်များကို ထုတ်ပေးသည့် NPC။ အေး၊ သူက အရေးကြီးတဲ့သူတစ်ယောက်ဖြစ်ရမယ်။ ထိုအရာသည် ဟန်ရှောင်းက ကစားသမားတွေကို တွေးစေချင်တဲ့ အရာပင်ဖြစ်သည်။
ကစားသမားများသည် မစ်ရှင်ကိုမြင်ပြီး နေရာတွင် ကြက်သေ သေသွားကြသည်။ ထိုနောက်မှာတော့ သူတို့ အလွန်ပျော်သွား၏။
"ပင်မဇာတ်ကြောင်း မစ်ရှင်!"
"ဘုရားသခင်! ဒါက နောက်ထပ် ပင်မဇာတ်လမ်းတစ်ခုပဲ။”
"ဆုတွေက အများကြီးပဲ!"
"မြန်မြန်၊ မစ်ရှင်ကိုလက်ခံ!"
သို့သော်၊ ကစားသမားများသည် မစ်ရှင်ကို လက်ခံ၍မရဘဲ မီးခိုးရောင်ဖြစ်နေကြောင်း သတိပြုမိသွားသည်။
“ဘာလို့ မစ်ရှင်ကို လက်မခံနိုင်တာလဲ။ ဘာလို့လဲ‽"
အရှုပ်အထွေးများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်လိုက်၏။ မစ်ရှင်များတွင် ကြိုတင်လိုအပ်ချက်တစ်ခုရှိသည်ကို မကြာမီ သိရှိလာကြသည် - ရည်ညွန်းစာဝယ်ယူခြင်း
အဲဒါ… လောဘကြီးလွန်းတယ်!
ကစားသမားများ ဒေါသတကြီး ဖြစ်သွားသည်။ ၂၅၀,၀၀၀ ဘယ်လိုကစားကြမလဲ။ အဲ့ဒါကို ဘယ်သူက တတ်နိုင်မှာလဲ။
ကစားသမားများ၏ အမူအရာကိုမြင်တော့ ဟန်ရှောင်း တိတ်တဆိတ် ပြုံးလိုက်သည်။ ခွဲတမ်းကြောင့်၊ သူ၏ ပင်မဇာတ်ကြောင်းမစ်ရှင်ကို ကစားသမားအရေအတွက် အကန့်အသတ်ဖြင့်သာ ပေးအပ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် သူသည် အထက်တန်းလွှာများကို ပစ်မှတ်ထားရန် လိုအပ်သောကြောင့် သူသည် ပရော်ဖက်ရှင်နယ် ကစားသမားများကို ဆွဲဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ ပရိုကစားသမားများတွင် ၎င်းတို့နောက်တွင် ကြီးမားသော အသင်းအဖွဲ့ များရှိပြီး ရည်ညွန်းစာအား အရောင်းမြှင့်တင်ခြင်းနှင့် အစုလိုက်ရောင်းချခြင်းအတွက် အကောင်းဆုံးဖြစ်သည်။
မင်းက ပင်မဇာတ်လမ်းမစ်ရှင်ကို လိုချင်လား။ ကောင်းပြီ၊ ငါ့ရဲ့ ရည်ညွှန်းစာကို ဝယ်ပါ။
ပိုက်ဆံမကုန်ချင်ဘူးလား? ဒါဆို မင်းဘာကြောင့် သန်မာလာဖို့ ထိုက်တန်တာလဲ။
ပရော်ဖက်ရှင်နယ် ကစားသမားများသည် မည်သည့်နည်းလမ်းဖြင့်မဆို ကြီးထွားလာရန် ဆန္ဒရှိခဲ့ကြသည်။ သူတို့သည် ပင်မဇာတ်ကြောင်းမစ်ရှင်များကို ဘယ်တော့မှ စွန့်လွှတ်မည် မဟုတ်ပေ။
ဟန်ရှောင်းဒီလိုလုပ်ရခြင်းရဲ့ နောက်ထပ်အကြောင်းရင်းကတော့ သာမာန်ကစားသမားများသည် မစ်ရှင်ကျရှုံးဖို့ အခွင့်အရေးရှိတာကြောင့် သူ၏ မစ်ရှင်တွေလည်း ကျရှုံးသွားနိုင်သည်။ သို့သော်၊ ပရော်ဖက်ရှင်နယ် ကစားသမားများသည် ပျမ်းမျှအားဖြင့် မြင့်မားသောစွမ်းရည်များရှိပြီး သူတို့၏ နောက်တွင်ရှိသော အသင်းအဖွဲ့ များက မစ်ရှင်အတွက် ကူညီပေးလိမ့်မည်။ ရှင်းနေသည်၊ သူတို့က ပို၍ စိတ်ချရ၏။
ရှားပါးသော အရာများ သည် အဖိုးတန်သော အရာများ ဖြစ်သည်။ သူသည် မစ်ရှင်မိတ်ဆက်မှုတွင် အရေးကြီးသော နောက်ထပ်စာသားတစ်ခုကိုလည်း ထည့်သွင်းခဲ့သည်၊ ဆိုလိုသည်မှာ Black Phantom ၏ မျက်နှာသာရရှိရန် အခွင့်အလမ်းတစ်ခုဖြစ်သည်။ ဤသည်မှာ သိသာထင်ရှားသော အရိပ်အမြွက်တစ်ခုဖြစ်သည်။ မစ်ရှင်ကိုလက်ခံခြင်းသည် သူ၏ 'လျှို့ဝှက်ဇာတ်ကြောင်း' ကို အစပျိုးစေနိုင်သည်။
ဓါးရူး၊ Bun-hit-dog နှင့် Maple Moon တို့သည် ဆွဲဆောင်မှုရှိသော သာဓကများ မဟုတ်ကြပေ။ ကျွမ်းကျင်တဲ့ ကစားသမားတွေ အနည်းငယ်သာ ရောက်လာ၏။ လျှို့ဝှက်ဇာတ်ကြောင်းကို အစပျိုးရန်မှာ ကံတရားလည်း လိုအပ်သည်ဟု ခံစားမိသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့က အလေးအနက်မထားခဲ့ကြပေ။
ဟန်ရှောင်းသည် Black Phantom ၏ လျှို့ဝှက်ဇာတ်ကြောင်းကို အစပျိုးရန် အခွင့်အလမ်း ပိုများကြောင်း ကျွမ်းကျင်သော ကစားသမားများ မြင်နိုင်စေရန်အတွက် ပြင်းပြင်းထန်ထန် ချဉ်းကပ်ရန် ဆုံးဖြတ်လိုက်သည်။
ဒါက ဗျူဟာကောင်းတစ်ခုပဲ။ ကျောက်ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်... အများကြီးကို သတ်နိုင်တယ်။ ဟန်ရှောင်း ကျေနပ်သွားသည်။
ဒါတောင်မှ မင်းကို ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး” လို့ သံသယဖြစ်မိတယ်။
ဖိုရမ်တွင် စကားပြောခန်း လုပ်ဆောင်ချက် တစ်ခုရှိသည်။ ဤအချိန်တွင်၊ လူများ အဆက်မပြတ် ဝင်ရောက်နေသည့် စကားဝှက်တစ်ခုပါရှိသည့် အခန်းတစ်ခုရှိနေပြီး အကြောင်းကြားချက်များ ထွက်ပေါ်လာသည်။
_____________________
Jade Green Sky သည် စကားပြောခန်းကို ဝင်လာသည်။
Jupiter သည် စကားပြောခန်းကို ဝင်လာသည်။
Morning Snow Twilight Frost သည် စကားပြောခန်းကို ဝင်လာသည်။
Your Mom Collapses When I Cry သည် စကားပြောခန်းကို ဝင်လာသည်။
_____________________
လူတစ်ဒါဇင်လောက်က စကားပြောခန်းထဲကို ဝင်သွား၏။ သူတို့အားလုံးသည် တရုတ်နိုင်ငံရှိ နာမည်ကြီး အသင်းအဖွဲ့များ၏ ဥက္ကဋ္ဌများဖြစ်ပြီး ၎င်းတို့ကိုယ်တိုင်လည်း အချင်းချင်း သိကြသည်။
"အားလုံး ဒီမှာ ရှိလား" Drizzling Rivers Guild ၏ ဥက္ကဌ Mountain Rain က ဦးစွာပြောခဲ့သည်။
"မရှိဘူး" Your Mom Collapses When I Cry က ပြန်ဖြေသည်။
Nine Gates Guild ဥက္ကဌ Three times Three Equals 9 က "Qi က ဘယ်မှာလဲ? သူ့ကို ဖိတ်ထားကြလား"
"စိတ်ထဲမထားပါနဲ့၊ သူက တစ်ချိန်လုံး spam လုပ်နေတာ။ သူနဲ့ပူးပေါင်းပြီး ဘာမှ ပြီးမြောက်မှာ မဟုတ်ပါဘူး” Chrysanthemum Guild ၏ ဥက္ကဋ္ဌ Cowherd Star က ပြောလိုက်သည်။
"စကားပြောခန်းကို ဘယ်သူဖွင့်တာလဲ။ ငါတို့ ဘာအရေးကြီးကိစ္စ ပြောနေတာလဲ။" Jupiter က မေးသည်။
Jade Green Sky က “အို၊ ဒါက esports က ကြွယ်ဝတဲ့အိမ် မဟုတ်ဘူးလား။ မင်းရဲ့ God အဖွဲ့ ကောင်းကောင်းမလည်ပတ်သေးဘူးလို့ ငါကြားတယ်။ ဥက္ကဋ္ဌက မကောင်းဘူး။ မင်းဆင်းလာတဲ့အခါ မင်းရဲ့ကလပ်တံခါးရှေ့မှာ မီးရှူးမီးပန်းတွေ လာဖောက်ပေးမယ်။ @ဂျူပီတာ”
“မင်း လစ်လိုက်တော့၊” Jupiter က ပြန်ပြောလိုက်သည်။
မနက်ခင်း နှင်း Twilight Frost က ရယ်စရာကောင်းတဲ့ အပြုံးမျက်နှာကို (emoji) ပို့လိုက်တယ်။ 😁
"@Mountain Rain၊ မင်းရဲ့မိုးကြိုးမုန်တိုင်းရဲ့ Rainy Kim ဟာ မကြာသေးခင်ကမှ အတော်လေးကို တက်ကြွနေပြီး တီဗီရှိုးတွေမှာ အမြဲထွက်နေပါတယ်။ လက်မှတ်တောင်းဖို့ ကူညီပေးနိုင်မလား" Your Mom Collapses When I Cry က မေးသည်။
“တစ်ချက်ကို ၃,၀၀၀၊ ညှိနှိုင်းစရာမရှိဘူး” Mountain Rain က ဖြေသည်။
"မဟုတ်သေးပါဘူး၊ မင်းငါ့ကို ဓါးပြတိုက်နေတာလား။ ကိုယ်ကျင့်တရားလေး ရှိပါဦးဟ"
Cowherd Star က “ငါ့လက်မှတ်က အလကားပဲ၊ မင်းလိုချင်လို့လား”
“သွားစမ်းပါ၊ မင်းရဲ့ လက်မှတ်က အိမ်သာသုံးစက္ကူအဖြစ် သုံးဖို့တောင် မတန်ဘူး။ လေဒီ Yao Yao ဆီက ဆိုရင် စဉ်းစားလို့ရသေးတယ်။ @ Seven Colors of a Peptachord "
“မသိမသာ ပြောနေတာကို ရပ်လိုက်တော့။ သူမက ဒီမှာတောင်မရှိဘူး" Cowherd Star စိတ်ဆိုးသွားသည်။
Morning Snow Twilight Frost က ရယ်စရာကောင်းတဲ့ အပြုံးမျက်နှာကို ပို့လိုက်သည်။
"ပေါက်ကရ ပြောနေတာတွေ ရပ်လိုက်တော့၊ အရေးကြီးတာ ပြောရအောင်၊ ငါအရမ်းအလုပ်ရှုပ်နေတယ်" Jupiter ကပြောသည်။
"မင်းလား? မင်းက အခြေခံအားဖြင့် လာဘ်ကောင် တစ်ယောက်ပါကွာ” Jade Green Sky က ရယ်မောလိုက်သည်။
"သွားစမ်း!"
"ကောင်းပြီ၊ ငါတို့ ခေါင်းစဉ်ကို ပြန်သွားရအောင်" Mountain Rain က ကြေငြာလိုက်သည်။ "Black Phantom ရဲ့ ပင်မဇာတ်လမ်းမစ်ရှင်တွေအကြောင်း ဖိုရမ်တွေမှာ ပို့စ်တွေကို မင်းတို့အားလုံး မြင်ဖူးကြမှာပါ။"
"ဟုတ်တယ်၊ ငါတို့မြင်တယ်။ မင်းဘာတွေပြောနေတာလဲ"
“ကျွန်တော်တို့ အတူတူ ပိုက်ဆံရှာရမယ်။ ပြီးရင် Black Phantom ရဲ့ ပင်မဇာတ်ကြောင်းမစ်ရှင်တွေကို ပရိုကစားသမားတွေကို လက်ခံခွင့်ပြုလိုက်မယ်။"
"အန္တရာယ်ကို မျှဝေချင်တာလား။ ဒါပေမယ့် မစ်ရှင်တစ်ခုစီတိုင်းကို လူတစ်ဦးတည်းကပဲ လက်ခံနိုင်တယ်။”
“မဟုတ်ဘူး၊ ကျွန်တော်ဆိုလိုတာက ပရော်ဖက်ရှင်နယ်ကစားသမားတွေက အဲဒါကိုပြီးအောင်လုပ်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့နိုင်တယ်ဆိုတာပါပဲ။ ဒါဟာ အပြုသဘောဆောင်တဲ့ ပြိုင်ဆိုင်မှုပါပဲ။”
"ဒါက တော်တော်ကောင်းတာပဲ၊ သူတို့ရဲ့ အကြံပြုချက်တွေအတွက် လေ့လာရေး အဖွဲ့ကို ငါမေးရလိမ့်မယ်" Jade Green Sky က ဆိုသည်။
“ကျွန်တော် ပါမယ်။ ကလပ်က ကန့်ကွက်တာမျိုး ရှိမှာ မဟုတ်ပါဘူး” Cowherd Stars က ပြော၏။
"ဘာမဆိုအဆင်ပြေပါတယ် 😊!" Three Times Three Equals 9 က တုံ့ပြန်ခဲ့သည်။
“ဟာဟား၊ Guild of Gods ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေဟာ တောင်ပိုင်းတိုက်ကြီးမှာ ရှိနေတာကို မှတ်မိတယ်။ သူတို့က Black Phantom ကို မတွေ့နိုင်ဘူး။ @Jupiter မင်း ငါတို့နဲ့ ကစားလို့မရဘူး။ သူ့ကို မြန်မြန် ကန်ထုတ်လိုက်။ သူက ဒီမှာ သတင်းလာစုဆောင်းတဲ့ သူလျှိုတစ်ယောက်ပဲ” Jade Green Sky က လှောင်ပြောင်လိုက်သည်။
“မင်းမေ…”
_____________________
Jupiter စကားပြောခန်းမှ ထွက်သွားပါသည်။
_____________________
Morning Snow Twilight Frost က ရယ်စရာကောင်းတဲ့ အပြုံးမျက်နှာကို ပို့လိုက်သည်။
အခန်း (၁၉၅) ပြီး၏။
လင်းဆက်
+++++