← Chapters

ရှန်းတုလျှန်ကို ထုတ်ပေးစမ်း

Vol. 13 Ch. 173

ရှန်းတုလျှန်ကို ထုတ်ပေးစမ်း

Vol. 13 Ch. 173

လီရှန်းဟန်က အပြစ်တွေ ချမှတ်ပြီးလို့ အချိန်အတော် ကြာသည်အထိ ပင်မခန်းဆောင် တစ်ခုလုံးက တိတ်ဆိတ် နေဆဲပါပဲ။ ဘယ်သူကမှ စပြီး မထွက်သွားရဲဘူးလေ။

လီဖူချန်း တစ်ယောက်လုံးက အနားမှာ ရှိနေပြီး ထွက်သွားဖို့ တစ်ခွန်းမှ မပြောသေးတာကို ဘယ်သူက သူရဲကောင်း လုပ်ပြီး ထွက်သွားရဲမှာ တဲ့တုန်း။

လီကလန်ရဲ့ ဘိုးဘေးကြီးတောင်မှ စပြီး မထွက်သွားရဲပါဘူး။

လီဖူချန်းက အကြီးအကဲတွေ အကုန်လုံးကို တစ်ချက် ကြည့်လိုက်ပြီး နောက်မှာတော့ လီတိုင်းရှန်ဆီကို အကြည့် ရောက်သွားခဲ့ပါတယ်။

“လီရှောင်ထန်ရဲ့ အဖေက ဘယ်လိုလုပ်ပြီး သတ်ခံလိုက်ရတာလဲ။ အမှန်အတိုင်း ဖြေစမ်း။ တစ်ခုခု ထိမ်ချန် ထားခဲ့ရင်တော့ ကျုပ်အဆိုး မဆိုနဲ့။

လီတိုင်းရှန်က အစောကြီး ကတည်းက လီဖူချန်းကို လိမ်ရဲတဲ့ သတ္တိ မရှိတော့ပါဘူး။ သူက ဖြစ်သမျှ အကြောင်းကို မခြွင်းမချန် ပြည့်ပြည့်စုံစုံ ပြောပြလိုက်ပါတယ်။ ရှန်းတုကလန်က လာဘ်ထိုးတဲ့ အနေနဲ့ ပေးခဲ့တဲ့ အဝါရောင် အဆင့်မြင့် ဆေးလုံး၅လုံးကို လက်ခံခဲ့တယ် အကြောင်းပါ အပါအဝင်ပေါ့။

အမှန်အတိုင်း ပြောရမယ်ဆိုရင် သူက အပြစ်ကို ကျေကျေနပ်နပ်ကြီးကို လက်ခံ ချင်နေတာပါ။ တော်သေးတာ တစ်ခုက ဒီကိစ္စမှာ သူ့ဘက်က ဆေးလုံး၅လုံး လက်ခံယူတာက လွဲပြီး ဘာအမှား ကြီးကြီးမားမားမှ မလုပ်ထားခဲ့တာပါပဲ။ မဟုတ်လို့ ကတော့ လီဖူချန်းက သူ့အာဏာကို ပြသည့်အနေဖြင့် ဥပမာပေး သတ်ဖြတ်ခြင်းကိုတောင် ခံလိုက် ရနိုင်တယ်လေ။

“ရှောင်ထန်ကို သွားခေါ်ခဲ့ပြီး ဒီထဲကို ဝင်လာခိုင်းလိုက်"

လီဖူချန်းက လီကလန်ရဲ့ အကြီးအကဲ တစ်ယောက်ကို အမိန့် ပေးလိုက်ပါတယ်။

သိပ်မကြာခင်မှာပဲ လီရှောင်ထန် တစ်ယောက် ပင်မခန်းဆောင်ထဲကို ယောင်နနဖြင့် ဝင်ရောက် လာခဲ့ပါပြီ။

သူမက လီကလန် တစ်ခုလုံးကို လီဖူချန်းက ချုပ်ကိုင်ထားလိုက် တာကို သိသေးသည့်ဟန် မပေါ်သေးပါဘူး။ လီကလန့်ရဲ့ ထိပ်တန်းအကြီးအကဲတွေ တစ်စုတစ်စည်းတည်း ရေညက်နေတာကို တွေ့လိုက်ရတဲ့ နောက်မှာတော့ သူမက ငိုချလိုက်ပြီး ဒူးထောက်ကာ အကူအညီ တောင်းပါတော့တယ်။

“လီကလန်က အကြီးအကဲတွေ ရှောင်ထန်အတွက် တရားမျှတမှုကို ရှာပေးဖို့အတွက် တောင်းပန်ပါတယ်ရှင်”

“ရှောင်ထန် … မတ်တတ်ရပ်လိုက် “

လီဖူချန်းက လီရှောင်ထန်ကို ထခိုင်းလိုက်ပါတယ်။

ဒါပေမဲ့ လီရှောင်ထန် ကတော့ ကလန်ရဲ့ ဘိုးဘေးကြီးနဲ့ လီတိုင်းရှန်တို့ကို ကြည့်ပြီး မဝံ့မရဲ ဖြစ်နေတဲ့ အတွက် မထရဲပါဘူး။ လီတိုင်းရှန်က လီဖူချန်းကို မျက်နှာလို မျက်နှာရဖြင့်

“ကလန်ရဲ့ လူငယ် ခေါင်းဆောင်က မင်းကို ထခိုင်းနေတယ်လေ။ အမြန် ထလိုက်ပါလား "

လီဖူချန်းက မျက်ထောင့်နီကြီးဖြင့် လီတိုင်းရှန်ကို ကြည့်လိုက်ပြီး ဟောက်လိုက်ပါတယ်။

“ခင်ဗျားကို ဘယ်သူက စကားပြောခွင့် ပေးထားလို့လဲ”

ထို့နောက်မှာတော့ သူက လီရှောင်ထန်ကို ပြုံးပြလိုက်ပြီး

“ရှောင်ထန်လေး … မကြောက်နဲ့နော်။ ညီမလေး ဖြစ်ခဲ့တာတွေ အားလုံးကို အစ်ကိုကြီးကို ပြောပြ။ အစ်ကိုကြီးက ညီမလေးအတွက် တရားမျှတမှုကို ရှာဖွေပေးမယ်။ဘယ်သူမှ မလွတ်စေရဘူး။ သတ်ပစ်သင့်တယ် ထင်ရင်လည်း သတ်ပေးမယ်နော်"

သူ့ရဲ့ အခုတစ်ခေါက် ယုံဝူးမြို့ကို ပြန်လာတဲ့ ခရီးက အေးအေးဆေးဆေးနဲ့ ပြီးသွားတော့မှာ မဟုတ်ဘူး ဆိုတာကို သဘော ပေါက်လိုက်တဲ့ လီဖူချန်းက ယုံဝူးမြို့ရဲ့ မြို့စားနေရာကိုပါ ပြောင်းလဲဖို့ ဆုံးဖြတ် လိုက်ပါပြီ။

လီရှောင်ထန်ကလည်း ခပ်တုံးတုံး မိန်းမငယ်လေး တစ်ယောက် မဟုတ်ပါဘူး။ လီဖူချန်းက လီတိုင်းရှန်ကို ဟောက်လိုက်တာကို ကြည့်ခြင်းအားဖြင့် လက်ရှိ လီဖူချန်းဟာ အရင်တုန်းက လီဖူချန်း မဟုတ်တော့ဘူး ဆိုတာကို ကောင်းကောင်းကြီး သဘောပေါက် လိုက်ပါတယ်။

သူမက လွန်ခဲ့တဲ့ အတိတ်ကာလတွေမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ အားလုံးကို ပြန်စဉ်းစားမိပြီး ဝမ်းနည်း ပက်လက်ဖြင့် ချုံးပွဲကျ အော်ငိုပါတော့တယ်။

လီဖူချန်းက သူမရဲ့ အခြေအနေကို သဘောပေါက်တဲ့ အတွက် မတားဆီးပဲ စိတ်တိုင်းကျကို ငိုစေလိုက်တယ်လေ။ ရှောင်ထန်လေးက ဒီအတောအတွင်းမှာ လောကဓံရဲ့ အထုအထောင်းတွေကို ကျိတ်မှိတ်ပြီး ခံခဲ့ရပုံပါပဲ။

ထမင်းအိုး တစ်ကျက်လောက် အထိ ငိုအပြီးမှာတော့ လီရှောင်ထန်က မျက်ရည်တွေ သုတ်လိုက်ပြီး အငို ရပ်သွားခဲ့ပါပြီ။ လီဖူချန်းက သူမရဲ့ ပုခုံးကို အသာအယာ မတင်လိုက်ပြီး

“အရင်မတ်တတ် ရပ်လိုက်ပါဦး ရှောင်ထန်ရယ်။ ညီမလေး ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာကို အစ်ကိုဖူချန်းကို ပြောစမ်းပါ။ အစ်ကိုက ညီမလေးကို ကျေနပ်အောင် ဖြေရှင်းပေးပါ့မယ်”

“အစ်ကိုဖူချန်း”

လီရှောင်ထန်က မတ်တတ် ထရပ်လိုက်ပြီး ငိုသံလေးနဲ့ လီဖူချန်းကို လှမ်းခေါ်လိုက်ပါတယ်။ ဒီအတောအတွင်းမှာတော့ လီဖူချန်းရဲ့ မိဘတွေကသာ သူမအပေါ်မှာ နွေးနွေးထွေးထွေး ဆက်ဆံ ခဲ့ကျတာလေ။ မဟုတ်လို့ကတော သူမက သတ်သေနေပြီး လောက်ပါပြီ။

ထို့နောက်မှာတော့ သူမက ဖြစ်သမျှ အကြောင်းတွေကို ငိုသံလေးနဲ့ ပြည့်ပြည့်စုံစုံ ပြောပြပါတော့တယ်။ ပြောရမယ် ဆိုရင်တော့ ညီမလေး တစ်ယောက်က သူမရဲ့ အစ်ကိုကို အားကိုးတကြီးနဲ့ လှမ်းတိုင်သလိုပေါ့လေ။ ရှောင်ထန်ရဲ့ ပြောပြမှုတွေက လီတိုင်းရှန်ရဲ ရှင်းပြမှုတွေ ထက်ကို ပိုပြီး ပြည့်စုံတိကျ ပါတယ်။

လီရှောင်ထန်ရဲ့ စကား အဆုံးမှာတော့ လီကလန်ရဲ့ အကြီးအကဲတွေက အလွန်အမင်း အရှက် ရနေခဲ့ပါတယ်။ တချို့ဆိုရင် ရှက်လွန်းလို့ မြေကြီးထဲမှာ ခေါင်းထိုးထည့်ပြီး သတ်သေဖို့ကိုတောင် စဉ်းစား နေကျပါပြီ။

လီဖူချန်းကတော့ နားထောင်နေရင်းနဲ့ကို ဒေါသတွေ အလိပ်လိုက် ဖြစ်လာတဲ့ အတွက် သူ့ရဲ့ ခန္ဓာကိုယ်ကနေ သတ်ဖြတ်ခြင်း အငွေ့အသက်တွေက ထိန်းမနိုင် သိမ်းမနိုင် ထွက်ပေါ်လာခဲ့တဲ့ အထိပါပဲ။ ဒီရှန်းတုကလန်က ကောင်တွေကတော့ သတ်ပစ်မှကို အေးမှာပါ။

***

အဖြစ်အပျက်တွေ အားလုံးက လွန်ခဲ့တဲ့ လအနည်းငယ် စပြီး ဖြစ်ပေါ်ခဲ့တာပါ။

အရွယ် ရောက်လာတာနဲ့ အမျှ လီရှောင်ထန်လေးဟာ ပိုပိုပြီး လှပလာတဲ့ အတွက် ယုံဝူးမြို့ တစ်ဝိုက်မှာတော့ အလွန်ပဲ နာမည်ကြီး လာခဲ့တယ်လေ။

သူမရဲ့ အလှက ကောင်းရှုနဲ့တော့ ယှဉ်လို့ မရပေမဲ့ ယုံဝူးမြို့ထဲမှာတော့ ထိပ်တန်း အလှမယ်လေး တစ်ပါးလို့ သတ်မှတ်လို့ ရတဲ့ အနေအထားကို ရောက်နေပါပြီ။

တစ်နေ့မှာတော့ ယုံဝူးမြို့ထဲမှာ ရှန်းတုလျှန်နဲ့ လီရှောက်ထန်က အမှတ်တမဲ့ တိုက်မိခဲ့ပါတယ်။ အဲသည် အချိန်ကစပြီး ရှန်းတုလျှန်က လီရှောင်ထန်ရဲ့ အလှအပတွေထဲမှာ အရူးအမူး ဖြစ်သွား တော့တာပါပဲ။

ရှန်းတုလျှန်က ရှန်းတုကလန်ရဲ့ သခင်လေး တစ်ယောက် ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ယုံဝူးမြို့ထဲမှာ ထင်ရာစိုင်းနေတဲ့ သူတစ်ယောက်ပါ။

သူက ဒီအားသာချက်ကို အသုံးပြုပြီး မြို့သူမြို့သားတွေကို နိုင်ထက်စီးနင်း လုပ်နေခဲ့တာလေ။ ကလန်ငယ်လေးတွေက ခေါင်းဆောင်တွေရဲ့ မယားငယ်ငယ် ချောချောလေးတွေကို ဖြတ်ခုတ်သွားတဲ့သူ ဆိုရင် ဝေးဝေးကို ရှာနေစရာ မလိုပါဘူး။ ရှန်းတုလျှန်ပါပဲ။

မြို့အနှံ့က မိန်းမချောလေးတွေကို တွေ့ရင်လည်း သူက အတင်းအဓမ္မ ခေါ်ဆောင် သွားတတ် ပါသေးတယ်။ ရှန်းတုလျှန်က လီရှောင်ထန်ကို တွေ့တွေ့ချင်းမှာပဲ စိတ်ဝင်စားသွားတဲ့ အတွက် သူ့ရဲ့ နောက်လိုက်တွေကို ဖမ်းဆီး ခေါ်ဆောင်လာဖို့ အမိန့် ပေးလိုက်တယ်လေ။

လီရှောင်ထန်က ကံကောင်းချင်တော့ လီရှန်းဟန်တို့ လင်မယား ဈေးဝယ် ထွက်လာတာနဲ့ သွားကြုံနေပါတယ်။

သူတို့ရဲ့ ကလန်သားတွေကို အနိုင် ကျင့်နေတာကို သိလိုက်တဲ့ လီရှန်းဟန်တို့ကလည်း ငြိမ်ခံမနေပဲ ဝင်ပါတဲ့ အတွက် ရှန်းတုလျှန် နောက်ဆုတ် လိုက်ရပါတယ်။ ဒီကိစ္စမှာ သူ့ဘက်က မှားတယ်ဆိုတာကို သိတဲ့ ရှန်းတုလျှန်က ပြန်တုံ့ပြန်တာ မျိုးတော့ မလုပ်ခဲ့ပါဘူး။

အဲသည်အစား သူက လီကလန်ရဲ့ ခေါင်းဆောင် ဖြစ်တဲ့ လီတိုင်ရှန်းကို အပူကပ်ခဲ့တယ်လေ။ လီတိုင်ရှန်းက လီရှောင်ထန်ကို ရှန်းတုလျှန်နဲ့ လက်ထပ်ဖို့ အမိန့်ပေးခဲ့ပါတယ်။

ဒီအမိန့်ကို လီရှောင်ထန်က လက်မခံသလို သူမရဲ့အဖေ လီတကျင်းကလည်း တူးတူးခါးခါးကို ငြင်းဆန်ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ ဒီကိစ္စက ဝေ့လည်လည် ဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ တစ်လလောက်တုန်း ကတော့ လီတကျင်းနဲ့ လီရှောင်ထန်တို့ဟာ ယုံဝူမြို့ထဲက ဈေးကို လိုအပ်တာလေးတွေ ဝယ်ဖို့အတွက် ထွက်လာ ခဲ့တယ်လေ။ အဲသည်မှာပဲ ရှန်းတုလျှန်ရဲ့ လက်အောက်ငယ်သားတွေက သူမကို အတင်းအကျပ် ဆွဲခေါ်ဖို့ ကြိုးစားကျပါတော့တယ်။

သူ့ရဲ့သမီးကို အတင်းအဓမ္မ ဆွဲခေါ်နေတာကို တွေ့သွားတဲ့ နောက်မှာတော့ လီတကျင်းက ရူးသွပ်လုမတတ် ဖြစ်သွားပြီး ရှန်းတုလျှန်ရဲ့ လူတွေကို အသက်နဲ့ရင်းပြီး ခုခံပါသေးတယ်လေ။

ဒါပေမဲ့လည်း စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၂လောက်ပဲ ရှိတဲ့ လီတကျင်းက ရှန်းတုလျှန်နဲ့ သူ့လူတွေကို ဘယ်လို ယှဉ်နိုင်ပါ့မလဲလေ။

အဆုံးသတ်မှာတော့ လီတကျင်းက ဒဏ်ရာ အကြီးအကျယ်ရပြီး သေဆုံး သွားခဲ့ပါတယ်။

ရှန်းတုလျှန်က လီတကျင်း သေဆုံးသွားတာကိုတောင် တိုက်ခိုက်တာ မရပ်သေးပဲ အားရသည် အထိ အဆက်မပြတ် ကန်ကျောက် နေခဲ့ပါသေးတယ်။

ထို့နောက်မှာတော့ သူက လီရှောင်ထန်ကို ခြိမ်းခြောက် ခဲ့ပါတယ်။ သူက ဒီနေ့မှာတော့ လီရှောင်ထန်ကို အတင်းဆွဲခေါ် သွားတော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ လီရှောင်ထန်က အသာတကြည်နဲ့ သူ့အိပ်ရာထဲကို မလာခဲ့ဘူး ဆိုရင်တော့ သူမရဲ့ အမေကိုလည်း ဒီလို အဖြစ်မျိုးနဲ့ ကြုံရစေမယ် လို့ပေါ့လေ။

အဲသည် နေ့မှာပဲ လီရှောင်ထန်ရဲ့ မိခင်ဖြစ်သူဟာ ဗုန်းဗုန်းလဲပြီး အိပ်ရာထဲကနေ မထနိုင်တော့ပါဘူး။ အဲသည် အချိန်ကစပြီး လီရှောင်ထန်ဟာ နေ့တိုင်း လီတိုင်းရှန်ဆီကို လာပြီး တရားမျှတမှုကို ရှာဖွေပေးဖို့ တောင်းပန်နေခဲ့တာပါ။

“စောက်သုံးမကျတဲ့ ကောင်တွေ … အသက်ကြီးပြီး အချိန်မစီးတဲ့ အဘိုးကြီးတွေ … ခင်ဗျားတို့ လီကလန်မှာ ရှိနေတာက ဘာအသုံးကျသလဲ "

သတ်ဖြတ်ခြင်း အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ လီဖူချန်းက သူ့ရဲ့ ချီအရှိန်အဝါတွေကို တစ်ဖန်ပြန်ပြီး ထုတ်လိုက်ပါတယ်။ လီတိုင်းရှန်ဘက်က ထောက်ခံတဲ့ အကြီးအကဲတွေ အားလုံးဟာ လွင့်ထွက်သွားကျပြီး သွေးတစ်လုတ်စီ အန်လိုက်ရတယ်လေ။

ကလန်ရဲ့ ဘိုးဘေးကြီး လီရွှမ်းဖန်တောင်မှ လီဖူချန်းရဲ့ ဒေါသစက်ကွင်းထဲက မလွှတ်ပါဘူး။

“လီရွှမ်းဖန် … ခင်ဗျားက လီကလန်ရဲ့ ဘိုးဘေးလည်း ဖြစ်တယ်။ မြေကမ္ဘာအဆင့် ပညာရှင်ဆိုရင်လည်း မမှားဘူး။ ဒါပေမဲ့ ခင်ဗျား ဘာအသုံးကျသလဲ။ လီကလန်သား တစ်ယောက် ဒီလောက်အထိ အစော်ကား ခံနေရတာကိုတောင် သတိမပြုမိဘူးလား။ ခင်ဗျားက တစ်ဘို့တည်းပဲ ကြည့်တတ်တဲ့ အဘိုးကြီးပဲ။ ကျုပ်တို့ လီကလန်ရဲ့ အဆင့်အတန်းတွေ နိမ့်ကျလာတာလည်း မဆန်းတော့ပါဘူး”

“လီတိုင်းရှန် … ခင်ဗျားကိုယ့်ကိုယ်ကိုယ်ကော မှန်ထဲမှာ ပြန်ကြည့်ရဲ သေးရဲ့လား။ ဒီလို စိတ်ဓာတ်နဲ့ လီကလန်ရဲ့ ခေါင်းဆောင် နေရာကို ရချင်သေးတာလား။ ခင်ဗျားလို လူကို သတ်ပစ် လိုက်ဖို့ပဲ ကောင်းတော့တယ်”

“ပြီးတော့ ဟိုအဘိုးကြီးတွေ ... ခင်ဗျားတို့ အားလုံးက အာဏာနဲ့ အကျိူးအမြတ်ကိုပဲ တွက်နေကျတယ်။ ဘယ်ဘက်က အင်အားသာမလဲ။ သာမယ့်ဘက်ကို ကူးလိုက်ဖို့ ဝန်မလေးကျဘူး။ ခင်ဗျားတို့နဲ့ ခွေးတွေနဲ့ ယှဉ်ရင် ခွေးတွေကတောင် ပိုပြီး သစ္စာ စောင့်သိဦးမယ်”

လီဖူချန်းရဲ့ တုတ်ထိုးအိုးပေါက် ပြောလိုက်တဲ့ စကားတွေက အကြီးအကဲတွေ အကုန်လုံးရဲ့ ရင်ထဲကို ဓားပျံလေးတွေ ပစ်ခတ်လိုက်သည့် အလားပါပဲ။

လီတိုင်းရှန်ကတော့ အတော်လေးကို ပါးနပ်သည့် လူတစ်ယောက်လို့ ဆိုရမှာပါ။ သူက လီဖူချန်း တစ်ယောက် ပြောနေရင်းနဲ့ မာန်ပါလာပြီး သူ့ကို သတ်ပစ်လိုက်မှာ စိုးတဲ့အတွက် အလျင်အမြန် ဒူးထောက်ပြီး ခွင့်လွှတ်မှုကို တောင်းဆိုလိုက်ပါတယ်။

သူခွင့်လွှတ်မှုကို တောင်းဆိုသည့်လူကတော့ လီဖူချန်းရဲ့ အဖေကိုပါပဲ။ လီတိုင်းရှန်က လီရှန်းဟန်ရဲ့ စိတ်သဘောထားကို ကောင်းကောင်းကြီး နားလည်ထားပါတယ်။

“တိုင်းရှန်က အလွန်ကြီးမားတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့ပါပြီ။ ခေါင်းဆောင်ကြီးက ကျွန်တော့်ကို အသက် ချမ်းသာပေးမယ်လို့ မျှော်လင့် မိပါတယ်။ အခု အချိန်ကစပြီး တိုင်းရှန်က လီကလန် အတွက်ကို အရိုးကျေကျေ အရည်ခမ်းခမ်း ကြိုးစားသွားပါ့မယ်"

လီရှန်းဟန်က ကြင်နာတတ်သည့် လူတစ်ယောက် ဖြစ်တဲ့အတွက် သူ့ကို သတ်မှာ မဟုတ်ဘူး ဆိုတာကို လီတိုင်းရှန်က ကောင်းကောင်းကြီး သိထားတယ်လေ။

သူထင်ထားသည့် အတိုင်းပါပဲ။ လီရှန်းဟန်က အရင်ဆုံး ဖမ်းချုပ် ထားဖို့ကိုပဲ အမိန့် ပေးလိုက်ပါတယ်။

“မင်းရဲ့အပြစ်က သေသင့် မသေသင့် ဆိုတာကို နောက်မှ စဉ်းစား ဆုံးဖြတ်တာပေါ့။ လာကြစမ်း … လီတိုင်းရှန်ကို ထောင်သွင်း အကျဉ်းချ ထားလိုက်ကျ”

လီရှောင်ထန်ကတော့ လီဖူချန်းကို ငေးပြီး ကြည့်နေမိပါတယ်။ သူမရဲ့ ဝမ်းကွဲအစ်ကိုက ငယ်တုန်းကလို သူမကို ခင်မင်နေဦးမှာလား ပေါ့လေ။

နှစ်အနည်းငယ်လေး အတွင်းမှာပဲ လီဖူချန်းက အကိုင်း၊ အခက်အလက်တွေ စုံလင်နေတဲ့ သစ်ပင်ကြီး တစ်ပင်လို ဖြစ်လာပါရောလား။ ငယ်ငယ်တုန်းက သူများတွေ အနိုင်ကျင့်တာကို ခံခဲ့ရတဲ့ ပါရမီတွေ ပျောက်ဆုံးနေတဲ့ လူငယ်လေး မဟုတ်တော့ပါလား။

“အဖေ … ကျန်တဲ့ ကိစ္စတွေကို အဖေပဲ ကြည့်ပြီး ဖြေရှင်းလိုက်တော့ဗျာ။ ရှောင်ထန် … လာခဲ့ ။ ငါတို့ ရှန်းတုကလန်ကို သွားပြီး လျော်ကြေး သွားတောင်းမယ်”

လီဖူချန်းက လီရှောင်ထန်ကို ခေါ်ပြီး ထွက်သွားဖို့ ပြင်နေပါတယ်။ လီရှန်းဟန်က မနေနိုင်ပဲ မေးလိုက် မိပါတယ်။

“ဖူချန်း … သားက ရှန်းတုကလန်ကို ဘာသွားလုပ်မလို့လဲ "

သူ့ရဲ့ အတွေ့အကြုံတွေ အရ လီဖူချန်းက ရှန်းတုကလန်ကို မိတ်ဆက်စကား သွားပြောမှာ မဟုတ်တာ ကတော့ အသေအချာပါပဲ။

“ခွေးမသားတွေကို သတ်ဖို့"

သူ့ရဲ့စကား ဆုံးတာနဲ့ လီဖူချန်းက ရှောင်ထန်ရဲ့ လက်ကို ဆွဲပြီး ရှန်းတုကလန်ဆီကို ဦးတည် သွားပါတော့တယ်။ လီဖူချန်း ထွက်သွားတာနဲ့ ကျန်နေခဲ့တဲ့ အကြီးအကဲတွေကလည်း စိတ်ကို လျော့ချလိုက်သည့် ပုံပါပဲ။ အကြီးအကဲတွေ အကုန်လုံးက ထိုင်ခုံတွေပေါ်မှာ ခြေပစ်လက်ပစ်ကို ထိုင်နေ တော့တယ်လေ။ သူတို့ရဲ့ အကြီးအကဲဆိုတဲ့ သိက္ခာတွေကလည်း ရစရာကို မရှိတော့ပါဘူး။

***

ယုံဝူးမြို့ရဲ့ မြို့စားမင်း ဂေဟာမှာတော့ ...

“ဘယ်သူလဲ … ရပ်လိုက်စမ်း … ဒါက မြို့စားမင်း ဂေဟာဆိုတာ မသိဘူးလားကွ”

ဝုန်း …

ကျယ်လောင်သော အသံကြီး တစ်ခုနဲ့ အတူ မြို့စားဂေဟာရဲ့ ပိတ်ထားတဲ့ တံခါးမကြီးက တစ်စစီ ဖြစ်သွားခဲ့ပါပြီ။ တံခါးမကြီးရဲ့ အရှေ့မှာတော့ တံခါးစောင့် တပ်သားတွေဟာ အတုံးအရုံးကို လဲကျ နေကျပါတယ်။

“ရှန်းတုလျှန် ထွက်ခဲ့စမ်း … ဒီနေ့ကတော့ မင်းရဲ့ သေနေ့ပဲ"

လီဖူချန်းရဲ့ အသံဝါကြီးက မြို့စားဂေဟာ တစ်ခုလုံးကို ပဲ့တင်သံ ထပ်သွား စေခဲ့ပါပြီ။

***

All Chapters