← Chapters

ငြင်းပယ်ခြင်း

Vol. 83 Ch. 1149

ငြင်းပယ်ခြင်း

Vol. 83 Ch. 1149

အက်ဖ်အယ်လ်အာမိုတယ်သို့ ပြန်ရောက်ပြီးနောက် ထန်ရှုက ကျင်းရှီအား တွေ့လိုက်ရသည်၊ သူက အမြန်ဆုံးရောက်လာပုံရ၏။ အရက်နံ့ထွက်နေသဖြင့် ဝံပုလွေခေါင်းက အမြောက်အများသောက်ထားမှန်း သိသာသည်၊ သို့သော် ဒင်းက အားအင်ပြည့်ဝနေသေးလျက် ထန်ရှုအား စောင့်နေသည်။

“ဘယ်လိုလဲ၊ ဂိုဏ်းချုပ်”မျက်လုံးတလက်လက်နှင့် ဝံပုလွေခေါင်းက မေးလိုက်သည်။

“ဟဲစီရင်စုရဲ့နံပါတ်တစ်မိသားစုလို့ ယူဆထားတာကြောင့် ကျူးတွေက လွင့်မျောနှင်းရဲတိုက်နဲ့ ပတ်သက်ပြီး ပိုသိမယ်လို့ ငါ တွေးထားတာ။ ဒါပေမယ့် ကျူးရှင်းဟဲကို တိုက်ရိုက်မေးပြီးနောက် သူလဲ သူတို့အကြောင်းအများကြီးမသိတာကို သိလိုက်ရတယ်။ ကြည့်ရတာ အသေးစိတ်သိဖို့ ငါကိုယ်တိုင် အဲနေရာကို သွားရမယ့်ပုံပဲ”

“ငါ မင်းနဲ့ လိုက်ပါရစေ၊ ဂိုဏ်းချုပ်”ကျင်းရှီက ပြောလိုက်သည်။

ထန်ရှုက စဉ်းစားပြီးနောက် ခေါင်းခါယမ်းလိုက်သည် “မလိုဘူး။ ရှောင်ရွှယ်ကို ဆက်သွယ်ပြီး ဒီနေရာကို တစ်ယောက်တည်း လာဖို့ ပြော။ ပြီးတော့ မနက်ဖြန်ညနေမတိုင်ခင် ရောက်လာရင် အကောင်းဆုံးပဲ”

“နားလည်ပါပြီ”ကျင်းရှီက ရိုသေလေးစားစွာ ပြန်ဖြေသည်။

****

လျန်ယင်းကောင်တီက ကျန့်မြို့မှ တစ်ရာကီလိုမီတာခန့်သာ ဝေးပြီး ကျန့်မြို့နှင့် ယှဉ်လျှင် ၎င်းအား ရေသေချောင်းလက်တစ်ခုဟု ပြောနိုင်သည်။ သို့သော် ဤနေရာရှိ သဘာဝပတ်ဝန်းကျင်က အလွန်ခမ်းနားသည်။ တောင်များ၊ မြစ်များနှင့် ဝန်းရံထားပြီး သဘာဝအလှက မျက်စိဖမ်းစားစရာပင်။ အတိအကျဆိုရလျှင် ထိုနေရာက သာမန်တောင်ပေါ်ရွာတစ်ခုပင်။

လွင့်မျောနှင်းရဲတိုက်က ဘောလုံးကွင်းဆယ်ခုစာလောက် ကျယ်သည်။ ဤနေရာရှိ အဆောက်အဉီးများက ခေတ်မဆန်ဘဲ ရှေးဟောင်းစံအိမ်များ ပါဝင်သည်။ စံအိမ်အချို့ကိုသာ အပြင်ဘက်မှ ရေးတေးတေး မြင်တွေ့ရ၏၊ တောအုပ်အလယ်၌ အခြားရှေးဟောင်းစံအိမ်များရှိသည်ကို မြင်နိုင်ပေ၏။ အလယ်ရှိ သုံးထပ်အဆောက်အဉီးကလွဲပြီး ကျန်စံအိမ်များက နှစ်ထပ်သာ ရှိသည်။

အလယ်ရှိ သုံးထပ်စံအိမ်အား လွင့်မျောနှင်းရဲတိုက်တစ်ခုလုံးတွင် တားမြစ်နေရာအဖြစ် သတ်မှတ်ထားသည်။ ၎င်းကြောင့် ဘေးပတ်လည်ရှိ နှစ်ထပ်စံအိမ်ရှစ်ခုလျှင်ပင် တားမြစ်ဇုန်ထဲ ပါဝင်၏။ ရဲတိုက်ထဲရှိ အထူးအဆင့်အတန်းရှိသူများကလွဲပြီး အပြင်လူများ ဝင်ရန် ခွင့်မပြုပေ။ သူမက ဝင်ချင်လျှင် ဒုရဲတိုက်ခေါင်းဆောင်ဖြစ်သော ရွှယ်မုံ့တျဲပင် ကြိုတင်အကြောင်းကြရသည်။

ညမှ နေ့သို့ ရောက်လာပြီး အေးစက်စက်လေက တိုက်ခတ်နေသည်၊ ဝေဝေါးဝါးပုံရိပ်နှစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး တောအုပ်ထဲ၌ ချက်ချင်း ပျောက်ကွယ်သွား၏။ ဆောင်းဉီးဖြစ်ပြီး သစ်ရွက်ကြွေများအား ကျန့်မြို့တစ်ဝိုက် နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ သို့သော် ဤအိမ်ရာက နွေဉီးတွင်သာ ရှိပုံရကာ အစိမ်းရောင်သစ်ပင်အရိပ်များနှင့် အလှဆင်ထားသည်။ သစ်ပင်များအလယ်ရှိ တောအုပ်ပင် ရောင်စုံပန်းတို့ ဖူးပွင့်နေပြီး ငှက်ကလေးများက ကျည်ကျည်ကျာကျာမြည်နေကြသည်၊ လိပ်ပြာကလေးများက ပျံဝဲနေကြ၏။

“ဒါက အတော်လေးစိတ်ဝင်စားစရာပဲ”

တောအုပ်ထဲတွင် ပတ်ဝန်းကျင်အား ကြည့်ရင်း အပြုံးတစ်ခုက ထန်ရှု၏မျက်နှာပေါ်တွင် ထင်ဟပ်လာ၏။

“ဒီနေရာကို အစီအရင်တစ်ခုနဲ့ ပြောင်းလဲထားမှန်း သိသာတယ်၊ ဂိုဏ်းချုပ်”ကူးရှောင်ရွှယ်က မှတ်ချက်ပေးလိုက်၏ “အခု အထဲကိုတော့ ရောက်ပြီ၊ ဒီနေရာက ဘယ်သူ့ကိုမှ သတိမပေးမိစေဖို့ ငါတို့ အတော်လေးအားထုတ်ရလောက်မယ်”

ထန်ရှု၏အမူအရက ပြောင်းလဲသွားပြီးနောက် သူက ခေါင်းခါယမ်းလိုက်သည် “မလိုဘူး။ ဒီဉီးတည်ဘက်အတိုင်း လူတွေအများကြီး လာနေတာဆိုတော့ ငါတို့ကို ရှာတွေ့သွားလောက်ပြီ။ ကြည့်ရတာ ဒီအစီအရင်က ဝင်လာတဲ့ဘယ်သူ့ကိုမဆို စောင့်ကြည့်နေပုံရတယ်”

ထိုသို့ပြောပြီးနောက် သူက သိုလှောင်လက်စွပ်မှ ဇီသာတစ်လက် ထုတ်လိုက်သည်။ ၎င်းက ကူးယန်အာမှ သူ့အား ပေးထား၏။ ၎င်း၏ကိုယ်ထည်တစ်ခုလုံးအား ကျောက်စိမ်းနှင့် ထွင်းထုထားပြီး ကြိုးများအား ရေနဂါးတစ်ကောင်၏အကြောများနှင့် ပြုလုပ်ထား၏။ ဤဇီသာက အလွန်ပြောင်မြောက်သောအသုံးအဆောင်ပစ္စည်းတစ်ခုဟု ပြောနိုင်ပေသည်။

ရုတ်တရက် စားပွဲတစ်လုံးနှင့် သေးငယ်သောခုံတန်းရှည်တစ်ခုက ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်။ ထို့နောက် သူက ထိုင်လိုက်ပြီး ဇီသာအား စားပွဲပေါ်တွင် တင်၏၊ သူ့လက်ချောင်းများက ကြိုးအား ချက်ချင်းပွတ်တိုက်သွား၏။

တင်း၊ တင်း…

ဂီတသံက စီးဆင်းနေသောရေနှင့် တူ၏။ ၎င်းက ‘နတ်ဆိုးများအား ဂုဏ်ပြုခြင်း’တေးသွားဖြစ်၏။ ဂီတသင်္ကေတများက သာယာကြည်နူးဖွယ်ကောင်းကာ နားချမ်းမြေ့စရာဖြစ်သည်၊ ဤအချိန်တွင် လွင့်မျောနှင်းရဲတိုက်တစ်ခုလုံးရှိလူတိုင်းက ထန်ရှုရှိရာဉီးတည်ဘက်သို့ အကြည့်ပြောင်းလိုက်ကြ၏။ ဤနေရာရှိ အများစုက ဂီတပညာကျွမ်းကျင်ကြသဖြင့် ပိုတောင်အံ့အားသင့်နေမိကြ၏။

သုံးထပ်စံအိမ်ထဲတွင်။

မျက်လုံးမှိတ်လျက် ကူရှင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ရွှယ်ဝူဟန်က ကျင့်ကြံနေသည်။ မဟူရာကျောက်ရှစ်ခုအား သူမအနားတစ်ဝိုက်တွင် ချထားပြီး ဒြပ်စင်ငါးခုနှင့် ရှစ်ထောင့်ကြယ်အတိုင်း ခင်းကျင်းထား၏။ ၎င်း၏လုပ်ဆောင်ချက်က စိတ်ဝိဉာဉ်စုဆောင်းခြင်းအစီအရင်နှင့် တူပုံရ၏၊ အလွန်သိပ်သည်းသောကမ္ဘာ့စိတ်ဝိညာဉ်စွမ်းအင်က ဤနေရာတွင် စုစည်းနေသည်။

“အမ်”

ဇီသာသံက သူမနားထဲသို့ ဝင်လာသဖြင့် ရွှယ်ဝူဟန်က ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ သူမ၏တင့်တယ်လှပသောပုံရိပ်က လျှပ်တစ်ပြက်လက်ကာ ပြတင်းပေါက်နား၌ ထွက်ပေါ်လာ၏။ သူမမျက်လုံးများက အမှောင်ထုအား ဖြတ်မြင်နိုင်သကဲ့သို့ တောအုပ်ထဲရှိ အစီအရင်ထဲတွင် ဇီသာတီးခတ်နေသောပုဂ္ဂိုလ်အား မြင်လိုက်ရ၏။

“ဒီတေးသွားက”

နောက်ထပ်ပုံရိပ်တစ်ခုက ရွှယ်ဝူဟန်ဘေးနား၌ ထွက်ပေါ်လာသည်။ သူမ၏လှပသောမျက်လုံးများက တောအုပ်ဉီးတည်ဘက်သို့ အာရုံစိုက်လိုက်၏။

ဘေးသို့ အနည်းငယ် တစ်ချက်လှည့်ကြည့်ကာ ရွှယ်ဝူဟန်က ပြောလိုက်သည် “ဒီလူရဲ့ဂီတကျွမ်းကျင်မှုက ငါ့ထက် အများကြီးပိုမြင့်တယ်။ သူ့ရဲ့ဇီသာတီးခတ်တာက အထွတ်အထိပ်နီးပါး ရောက်နေပြီ။ မင်း တီးခတ်တာကို ငါ ကြားဖူးတယ်၊ မင်းကလွဲပြီး တစ်ယောက်မှ သူနဲ့ မယှဉ်ပြိုင်နိုင်ဘူး”

“အာ…”ဟန်ကျင်းဝူက သက်ပြင်းချကာ ပြောလိုက်သည် “သွားပါ။ သူက ဒီနေရာကို ငါ့အတွက် လာတာမဟုတ်ဘူး။ သူက ရှင့်ကို လာရှာတာ ထင်တယ်”

“မင်းက ဒီလူကို သိတာလား”ရွှယ်ဝူဟန်က အံ့အားသင့်သွား၏။

“ဒီကမ္ဘာမှာ သူက လွဲပြီး တစ်ယောက်မှ ဒီလိုဇီသာတီးခတ်စွမ်းရည်မရှိဘူး” ဟန်ကျင်းဝူက ပြောလိုက်သည် “ဝူဟန်၊ ငါ့စကားတွေကို မှတ်ထားပါ။ သူ မင်းဆီက ဘာပဲ တောင်းဆိုတောင်းဆို၊ မင်း လက်ခံတာ ပိုကောင်းတယ်။ သူ့ရှေ့မှာ မင်း ရိုသေလေးစားရမယ်၊ သူ စိတ်ကွက်အောင် မလုပ်နဲ့”

ရွှယ်ဝူဟန်က အနည်းငယ် တုန်လှုပ်သွားပြီး မယုံနိုင်စွာ မေးလိုက်၏ “တာအိုဟန်၊ သူက အလွန်ကြောက်စရာကောင်းတဲ့ပုဂ္ဂိုလ်တစ်ယောက်လား။ သူက အတိအကျ ဘယ်သူလဲ၊ သူ့ရဲ့အဆင့်အတန်းက ဘာလဲ”

“နောက်ကျရင် မင်း သူ့ရဲ့အထောက်အထားကို သိမှာပါ”ဟန်ကျင်းဝူက အားတင်းပြုံးကာ ပြောလိုက်သည် “ဒါမေယ့် သူက ကြောက်စရာကောင်းသလားမကောင်းသလားဆိုတာကိုတော့ ငါ မင်းကို မပြောနိုင်ဘူး။ ငါ မင်းကို တစ်ခုတော့ ပြောနိုင်တယ်၊ သူ့ခွန်အားက ငါ့အောက် ဘယ်လိုမှ မရောက်ဘူး”

“ငါ နားလည်ပြီ”ရွှယ်ဝူဟန်က ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဒါပေမယ့် ငါ တစ်ခုတော့ အရမ်း သိချင်တယ်။ မင်းက သူနဲ့ သိကျွမ်းတယ်ဆိုရင် ဘာလို့ မင်းက သူ့ကို မတွေ့တာလဲ”

“ငါ့အိပ်မက်ထဲမှာ သူ့ကို အမြဲတမ်း တွေ့ချင်နေတာ၊ ဒါပေမယ့်…ငါ ကြောက်တယ်…သူက ငါ့ကို ဘယ်တော့မှ မတွေ့ချင်မှာကို။ သူက ငါ့ကို မတွေ့ချင်မှတော့ ဘာလို့ ငါက သူ့ကို ထွက်တွေ့ပြီး သူ စိတ်ညှိုးနွမ်းအောင် လုပ်ရမှာလဲ”ဟန်ကျင်းဝူက ရေရွတ်လိုက်၏။

ဟန်ကျင်းဝူနှင့်ဇီသာတီးခတ်နေသောလူတို့ကြားတွင် ထူးခြားသောဆက်ဆံရေးတစ်ခုရှိသည်ကို ရွှယ်ဝူဟန်က ချက်ချင်း သဘောပေါက်လိုက်၏။ သို့မဟုတ်လျှင် သူမ၏ကြောက်စရာကောင်းသောစွမ်းအားအရ ဟန်ကျင်းဝူအနေနှင့် ဘယ်သူ့ကိုဆို တွေ့ဆုံရန် အလွယ်လေးပင်။

ဝှစ်…

တင့်တယ်လှပသောပုံရိပ်တစ်ခု လက်သွားပြီး ရွှယ်ဝူဟန်က တောအုပ်ထဲရှိ အစီအရင်၌ ထွက်ပေါ်လာသည်။ သူမ၏အမြင်အာရုံက ဇီသာတီးနေသောထန်ရှုပေါ်တွင် ချက်ချင်း အာရုံစိုက်လိုက်၏။ သူ့အား မြင်လျှင်ချင်း သူ၏အထောက်အထားအား သူမက ချက်ချင်း သိလိုက်သည်။ ဟိမဝန္တာရှိ နတ်ဆိုးသားရဲများနှင့် တိုက်ပွဲတွင် သူမက ရုပ်ပြောင်းလျက် ပါဝင်ခဲ့ပြီး ထန်ရှု၏ချောမောခန့်ညားသောအမူအရာအား မြင်တွေ့ခဲ့ရ၏။

ထန်ရှုအား မြင်တွေ့ပြီးနောက် သူမပင် စိတ်လှုပ်ရှားသွားရသည်။ ကံမကောင်းစွာနှင့် လူအချို့လွှတ်ကာ သူ့အား စုံစမ်းပြီးနောက် ထန်ရှုတွင် ချစ်သူအများကြီးရှိသည်ကို သိလိုက်ရ၏၊ ထို့ကြောင့် သူမက နောင်တရလျက် ခံစားချက်အား လက်လွှတ်လိုက်သည်။

ထို့နောက် သူမ၏မျက်လုံးများက ကူးရှောင်ရွှယ်အပေါ်တွင် ကျရောက်သွား၏၊ သူမလည်း အမျိုးသမီးတစ်ယောက်ဖြစ်သော်ငြား အံ့အားသင့်ခြင်းနှင့်ထိတ်လန့်မှုတို့ အနည်းငယ် ဖြစ်သွားသည်။

နောက်ဆုံးတွင် တေးသွားက ပြီးဆုံးသွား၏။

ထန်ရှုက ဖြည်းဖြည်းချင်း မော့ကြည့်လိုက်သည်။ သူ့အကြည်က အရှေ့ရှိ ခြေဗလာနှင့်အမျိုးသမီးထံ ရိုက်ခတ်သွား၏။ သူက စားပွဲ၊ ခုံတန်းရှည်နှင့် ဇီသာတို့အား သိုလှောင်လက်စွပ်ထဲသို့ ချက်ချင်း ပြန်သိမ်းပြီးနောက် လက်သီးဆုပ်လိုက်သည်။ “ကျုပ် ခွင့်ပြုချက်မရှိဘဲ လာလည်ခဲ့တယ်။ ခင်ဗျား စိတ်မရှိဖို့ မျှော်လင့်ပါတယ်”

“တာအိုထန်က ကျွန်မရဲ့အညတရနေအိမ်ကို လာလည်တာ ကျွန်မအတွက် ဂုဏ်ယူစရာပါ”ရွှယ်ဝူဟန်က ပြုံးကာ ပြန်ဖြေ၏။

“ခင်ဗျားက ကျုပ်ကို သိလို့လား”ထန်ရှုက ပြုံးကာ မေးလိုက်သည်။

“ဟိမဝန္တာမှာ ကျွန်မတို့ တွေ့ခဲ့ဖူးတယ်လေ”ရွှယ်ဝူဟန်က ပြန်ပြောသည် “ဒါပေမယ့် တာအိုထန်ရဲ့ခမ်းနားတဲ့လုပ်ဆောင်ချက်တွေက ကျွန်မစိတ်ထဲမှာ အခုထိ ရစ်ဝဲနေတုန်းပဲ”

ထန်ရှုက သူမအား မှတ်မိရန် ကြိုးစားခဲ့သော်လည်း ပြန်အမှတ်မရနိုင်ခဲ့ပေ။ သူက တိတ်တဆိတ် ခေါင်းခါယမ်းကာ ပြောလိုက်သည် “ရဲတိုက်သခင်ရွှယ်က ကျုပ်ကို ကျီစားနေတာပဲ။ လွင့်မျောနှင်းရဲတိုက်လိုနေရာတစ်ခုက ဒီနေရာမှာ ရှိလိမ့်မယ်လို့ ကျုုပ် မထင်ထားဘူး။ ရဲတိုက်သခင်ရွှယ်က ဘယ်ဂိုဏ်းဒါမှမဟုတ်ဘယ်ကျောင်းနဲ့များ ဆက်နွယ်နေသလဲဆိုတာ ကျုပ် သိခွင့်ရှိမလား”

ကျွန်မက ဘယ်ဂိုဏ်းနဲ့မှ မပတ်သက်ပါဘူး”ရွှယ်ဝူဟန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “မျိုးဆက်ဆယ့်နှစ်ဆက်တိတိ ဖြတ်ကျော်လာခဲ့တဲ့ မိသားစုအမွေအနှစ်ကို အမွေဆက်ခံခဲ့ရုံပါပဲ”

ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ကြည့်ရတာ ရဲတိုက်သခင်ရွှယ်က တကယ်ကို အားကောင်းတဲ့လူတစ်ယောက်ပဲ။ ခင်ဗျားက ဒီနေရာကို အစီအရင်တစ်ခုနဲ့တောင် ဖုံးလွှမ်းထားတယ်။ ထူးခြားပြောင်မြောက်လှပေတယ်”

“အဲလောက်ထိ မချီးကျူးပါနဲ့၊ တာအိုထန်။ ဟိမဝန္တာမှာ ရှင့်ရဲ့အစီအရင်ကို မြင်ဖူးပါတယ်၊ ဒါက ကျွန်မကို အရှက်ရစေတယ်”ရွှယ်ဝူဟန်က အားတင်းပြုံးလိုက်သည် “ရှင်သာ ဆန္ဒရှိရင် ဒီနေရာက အစီအရင်ကို အလွယ်တကူ ဖျက်ဆီးနိုင်ပါတယ်”

ထန်ရှုက မငြင်းပယ်ဘဲ ပြုံးလိုက်ပြီးနောက် ပြန်မေး၏”ရဲတိုက်သခင်ရွှယ်က တကယ်ကို ခြေတစ်လုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပေါ့”

“ဟုတ်ပါတယ်”ရွှယ်ဝူဟန်က ခေါင်းညိတ်လိုက်သည်။

“ဒါဆို ခင်ဗျားက ဘယ်ဂိုဏ်းဘယ်အဖွဲ့ဘယ်ကျင့်ကြံသူတွေနဲ့မှ မဆက်စပ်ဘူးပေါ့”ထန်ရှုက ထပ်မေးလိုက်သည်။

“ကျွန်မက အများရှေ့မှာ လူလုံးထွက်ပြရတာကို ဘယ်တော့မှ မကြိုက်ဘူး”ရွှယ်ဝူဟန်က ခေါင်းခါယမ်းကာ ရှင်းပြလိုက်သည် “အထူးသဖြင့် မကြာသေးတဲ့ဆယ်စုနှစ်တွေမှာပေါ့၊ ကျွန်မက ရဲတိုက်ကနေ နှစ်ကြိမ်ပဲ ထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်မက အခြားအဖွဲ့တွေနဲ့ ဘာမှ လုပ်စရာမရှိဘူး”

“ဒါ အရမ်းကောင်းတယ်”ထန်ရှုက ခေါင်းညိတ်လိုက်၏။

“ဒါနဲ့ ဒီတစ်ကြိမ် ကျွန်မဆီလာတာ ဘာညွှန်ကြားချက်များရှိလို့လဲ၊ တာအိုထန်”ရွှယ်ဝူဟန်က မေးလိုက်သည်။

“ညွှန်ကြားချက်တစ်ခုလို့ မဆိုနိုင်ပါဘူး။ ကျုပ်က မင်းနဲ့ အပေးအယူတစ်ခုဆွေးနွေးချင်လို့”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “သေချာတာကတော့ မင်းက သဘောတူမယ်ဆိုရင် မင်းအနေနဲ့ ဘာတစ်ခုမှ မဆုံးရှုံးစေရပါဘူး”

“အပေးအယူတစ်ခုလား”ရွှယ်ဝူဟန်က မေးလိုက်သည်။

“ဥပမာ၊ အင်မော်တယ်အဆင့်အထိ ကျင့်ကြံနိုင်တဲ့ ကျင့်ကြံခြင်းပညာရပ်တစ်ခု၊ ဆေးလုံးတွေနဲ့ အင်မော်တယ်ဓားတစ်လက်ပေါ့။ အလဲအလှယ်အနေနဲ့ မင်းက ကျုပ်လက်အောက်မှာ အလုပ်လုပ်ရမယ်။ မင်း ဘယ်လိုထင်လဲ”ထန်ရှုက မေးလိုက်သည်။

ရွှယ်ဝူဟန်၏မျက်လုံးများက လက်သွားပြီး သူက ထန်ရှုအား နက်နက်ရှိုင်းရှိုင်းတစ်ချက်ကြည့်လိုက်သည် “ရှင့်နဲ့ ရန်သူမဖြစ်ဖို့ တစ်ယောက်ယောက်က ကျွန်မကို အကြံပေးခဲ့တာ အံဩစရာမရှိဘူးပဲ။ ရှင် ဘာပဲ လိုလို၊ ရှင်တောင်းဆိုတာကို အကောင်းဆုံးဖြည့်ဆည်းပေးဖို့ အဲလူက ကျွန်မကို ပြောခဲ့တယ်။ ကြည့်ရတာ တာအိုထန်က ကျွန်မ ထင်ထားတာထက် ပိုကြောက်ဖို့ကောင်းပုံပဲ”

“ဒါဆို မင်း သဘောတူလား”ထန်ရှုက မေးလိုက်သည်။

“ပွင့်ပွင့်လင်းလင်းပဲ ပြောခွင့်ပြုပါ၊ တာအိုထန်”ရွှယ်ဝူဟန်က ပြောလိုက်သည် “ရှင့်ရဲ့အခြေအနေက အရမ်းဆွဲဆောင်တယ်။ ကျွန်မက ရွှေအမြုတေအဆင့်ကို ချိုးဖြတ်ထားပေမယ့် စိတ်လှုပ်ရှားသွားတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် ကျွန်မက အကန့်အသတ်အချုပ်အချယ်တွေကို သဘောမကျဘူး၊ ဒါကြောင့် ဒီအတွက် တာအိုထန် ခွင့်လွှတ်ပေးပါ”

“ကျုပ် သိပြီ”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “လူတိုင်းမှာ သူတို့ရဲ့ကိုယ်ပိုင်ဆန္ဒတွေရှိတယ်၊ ဒါကြောင့် ကျုပ် အတင်းမလုပ်ပါဘူး။ တကယ်ဝမ်းနည်းစရာပဲ၊ မင်းကို အင်မော်တယ်တစ်ယောက်ဖြစ်အောင် ကူညီပေးနိုင်တဲ့ နည်းလမ်းတွေ ကျုပ်မှာ ရှိပေမယ့် မင်းက ဒါကို ငြင်းပယ်ခဲ့တယ်”

ရွှယ်ဝူဟန်က ခေါင်းခါယမ်းကာ ပြောလိုက်သည် “ဘယ်အချိန်ကတည်းက အင်မော်တယ်တစ်ယောက်ဖြစ်ရတာ လွယ်ကူသွားတာလဲ။ ဒါဆိုရင် ရှင်ကိုယ်တိုင်က အင်မော်တယ်တစ်ယောက်ဖြစ်နေရမှာ မဟုတ်လား”

“ကျုပ် ဘယ်တော့မှ စကားကြီးစကားကျယ်မပြောဘူး”ထန်ရှုက ပြုံးကာ ပြောလိုက်၏ “မသေချာတဲ့အရာကို ကျုပ် ဘယ်တော့မှ မပြောဘူး။ ကျုပ်နောက်လိုက်မယ့်သူတွေက ဒီကမ္ဘာမြေမှာပဲ မကန့်သတ်ထားဘူး။ ဒါပေမယ့် မင်းက ငြင်းပယ်မယ်ဆိုရင် အနာဂတ်မှာ ခပ်ဝေးဝေးသွားဖို့ မင်းကိုယ်မင်းပဲ မှီခိုရတော့မယ်”

All Chapters