← Chapters

ဂျပန်မှ အရေးပေါ်အကူအညီတောင်းခြင်း

Vol. 83 Ch. 1152

ဂျပန်မှ အရေးပေါ်အကူအညီတောင်းခြင်း

Vol. 83 Ch. 1152

“ဟုတ်တယ်၊ ခုလေးတင်ပဲ ကြယ်ကောင်းကင်ဘုံအဆီအနှစ်ရဲ့ဒုတိယအဆင့်ကို ချိုးဖြတ်ခဲ့တယ်”ထန်ရှုက ခေါင်းညိတ်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ချိုးဖြတ်ပြီးနောက် ငါ့စွမ်းအားက တစ်ဟုန်ထိုးတိုးတက်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ လက်ရှိအချိန်မှာ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျွမ်းကျင်သူတွေကို သတ်ဖြတ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်”

ကူးယန်အာ၏မျက်လုံးများက လင်းလက်သွားပြီး ပြုံးကာ ချက်ချင်းပြန်ဖြေ၏ “ဒီကျင့်ကြံခြင်းအရှိန်အရဆိုရင် ဆရာသခင်အနေနဲ့ ကြယ်ကောင်းကင်ဘုံအဆီအနှစ်ရဲ့အဆင့်ငယ်ကိုးဆင့်ကို ပြီးမြောက်ဖို့က သိပ်ကြာမှာ မဟုတ်ဘူး။ အဲအချိန်ကျရင် အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်နဲ့ ညီမျှမှာ မဟုတ်လား”

“ဟုတ်တယ်၊ ငါ ထင်တာ မှန်ရင် ငါက အတိဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကျွမ်းကျင်သူတွေနဲ့ ယှဉ်ပြိုင်နိုင်မယ်”ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါနဲ့ မင်းရဲ့ဒဏ်ရာက ဘယ်လိုလဲ”

“အများကြီးပိုကောင်းတယ်”ကူးယန်အာက ပြုံးကာ ပြန်ပြောသည် “နှစ်နှစ်လောက်ဆိုရင် ငါ အပြည့်အဝသက်သာလာလိမ့်မယ်”

“ငါ သိပြီ”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်၏ “ပြီးတော့ ရွှယ်ယုက မင်းနောက်လိုက်ပြီး လေ့ကျင့်နေတာမလား၊ သူမရဲ့အခြေအနေ ဘယ်လိုလဲ”

“သူမက အရမ်းကောင်းတယ်”ကူးယန်အာက ခေါင်းညိတ်လိုက်သည် “အခု သူမက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းနှောင်းပိုင်းအဆင့်မှာ ရောက်နေပြီ၊ ပြီးတော့ သူမရဲ့ကျင့်ကြံခြင်းက အရမ်းခိုင်မာတယ်။ ဒါပေမယ့် သူမရဲ့စိတ်အခြေအနေနဲ့ ပတ်သက်ပြီးတော့ ငါ မသိဘူး။ ဒီကဏ္ဍမှာ သူမရဲ့ကျင့်ကြံခြင်းထက် အများကြီးတိုးတက်မှုပိုမြန်ဆန်တယ်။ သူမက စွမ်းအင်အမြောက်အများကို စုပ်ယူနိုင်သရွေ့ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကနေ ခန္ဓာကိုယ်ပေါင်းစည်းခြင်းအဆင့်ကို တိုက်ရိုက်ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ငါ ထင်တယ်”

“ကြားရတာ အရမ်းကောင်းတယ်”ထန်ရှုက ပြန်ပြောသည် “ဒါဆို သူမကို မင်းနဲ့အတူ ဆက်လေ့ကျင်စေပါ။ ကြီးမြတ်သောတက်လှမ်းခြင်းအဆင့်အထိ ချိုးဖြတ်ပြီးရင် သူမက ငါ့အတွက် ကြီးမားတဲ့အကူအညီတစ်ခုဖြစ်လာလိမ့်မယ်။ ဒါနဲ့၊ ချန်ကျီကျုံးက‌ရော ဘယ်လိုလဲ”

ဤတစ်ကြိမ်တွင် ကူးယန်အာက အားတင်းပြုံးလျက် ပြောလိုက်သည် “သူ့ရဲ့အနေအထားက အတော်လေးထူးဆန်းတယ်။ သူက သူ့ရဲ့မှတ်ဉာဏ်တွေကို ပြန်ရလာပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းကို ပြန်မရသေးဘူး။ သူက အပြင်းအထန်ကျင့်ကြံခဲ့ပေမယ့် ရလဒ်က မျှော်လင့်ချက်နဲ့ ပြောင်းပြန်ဖြစ်နေတယ်။ တိုးတက်လာရမယ့်အစား သူ့ရဲ့ကျင့်ကြံခြင်းက ကျဆင်းနေတယ်။ အခုဆိုရင် သူက အခြေခံအုတ်မြစ်တည်ဆေက်ခြင်းစဉီးအဆင့်မှာ ရှိတယ်”

“ဘာ”ထန်ရှုက အံ့အားသင့်သွားသည်။

“အကြောင်းအရင်းအတိအကျကို ငါ မသိဘူး။ အကြီးအကဲကျီနဲ့ငါက သူ့ရဲ့ခန္ဓာကိုယ်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးခဲ့တယ်။ ဒါပေမယ့် ပုံမှန်မဟုတ်တာ ဘာတစ်ခုမှ မတွေ့ခဲ့ရဘူး။ ဒါပေမယ့် ရှေ့တက်လာရမယ့်အစား သူ့ရဲ့ကျင့်ကြံခြင်းက နောက်ဆုတ်နေတုန်းပဲ”ကူးယန်အာက ဆက်ပြော၏ “သူ့ရဲ့အပတ်တကုတ်အားထုတ်မှုတွေကြောင့်သာမဟုတ်ရင် သူက လက်ရှိအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကိုတောင် ထိန်းထားနိုင်မှာ မဟုတ်ဘူး”

“အခု သူ ဘယ်မှာလဲ”ထန်ရှုက မေးလိုက်သည်။

“သူ့သားက ရှန်းဟိုင်မှာ ရိုက်နှက်ခံထိပြီး ဒဏ်ရာအပြင်းအထန်ရသွားတာကို သူ‌ သတင်းရလာတယ်၊ အဲဒါကြောင့် သူ တရုတ်ကို အမြန်ပြန်သွားတယ်”ကူးယန်အာက ပြောလိုက်၏ “အခု သူက ကြယ်တာရာမြို့မှာ ရှိနေလောက်မယ်”

ထန်ရှုက မေးငေါ့လိုက်သည် “အတိအကျ ဘာဖြစ်တာလဲ”

“အကြောင်းရင်းအတိအကျကိုတော့ ငါလဲ မသိဘူး”ကူးယန်အာက ပြန်ဖြေသည် “အရောင်းအဝယ်ကိစ္စနဲ့ ပတ်သက်ပြီး သူ့သားနဲ့ သူ့ပြိုင်ဘက်ကြားမှာ ပြဿနာတစ်ခုဖြစ်ခဲ့တယ်၊ အဲနောက် သူ့သားက ဒဏ်ရာရခဲ့တယ်။ သူက အခုထိ ကိုမာကနေ မနိုးလာသေးဘူးလို့ ငါ ကြားတယ်။ ဒါပေမယ့် လက်ရှိမှာ ဂျုနီယာညီမလေးက သူ့သားကို ကုသပေးနေတယ်၊ ဒါကြောင့် သူနဲ့ ပတ်သက်ပြီး ဘာပြဿနာကြီးကြီးမားမားမှရှိမှာမဟုတ်ဘူး”

“တျဲရှင်းယွဲ့လား”ထန်ရှုက အံ့အားသင့်လျက် မေးလိုက်သည်။

“ဟုတ်တယ်၊ ရှင်းယွဲ့ပဲ”ကူးယန်အာက ရယ်လျက် ပြောလိုက်သည် “ပြီးခဲ့တဲ့နှစ်တွေမှာ သူမရဲ့ဆေးအတတ်က လျင်မြန်စွာ တိုးတက်လာတယ်။ သူမက ကြယ်တာရာမြို့မှာ အရမ်းကျော်ကြားနေပြီလို့ ငါ ကြားတယ်၊ အခြားမြို့က လူနာတွေကတောင် သူမကို လာရှာကြတယ်။ ပြီးတော့ တရုတ်က တိုင်းရင်းဆေးဆရာကြီးငါးယောက်က ကြယ်တာရာမြို့ကို လာပြီး သူမရဲ့ဆေးပညာကျွမ်းကျင်မှုတွေကို စမ်းသပ်ခဲ့တယ်လို့ ရှင်းယွဲ့က ပြောတယ်။ ရလဒ်က သူတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့တယ်၊ နောက်ကျရင် ဂျူနီယာညီမလေးက တရုတ်တိုင်းရင်းဆေးလောကမှာ အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ သူတို့က ပြောခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆိုရင် သူမက ရှင်ပြီးရင် နတ်ဆေးဆရာအသစ်ဖြစ်လာဖို့တောင် များတယ်လို့ ပြောကြတယ်”

ဤသည်ကို ကြားပြီးနောက် ထန်ရှုက နည်းနည်းလေးတောင် မပျော်ရွှင်ဘဲ တိတ်တဆိတ်သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်သည် “သူမက တရုတ်တိုင်းရင်းဆေးပညာမှာ အောင်မြင်မှုအချို့ ရှိပေမယ့် သူမရဲ့အချိန်ကို ဒီကဏ္ဍမှာ အသုံးချတာ များလွန်းတယ်၊ ဒါက သူမရဲ့ကျင့်ကြံခြင်းကို သေချာပေါက်သက်ရောက်စေလိမ့်မယ်လို့ ငါ ယူဆတယ်။ ငါ ခန့်မှန်းတာ မှန်ရင် သူမရဲ့ကျင့်ကြံခြင်းက အဆင့်အမြင့်ကို မရောက်သေးဘူးမလား”

“ဟုတ်တယ်။ သူမက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းစဉီးအဆင့်မှာ ရှိတယ်”ကူးယန်အာက ခေါင်းညိတ်လိုက်သည်။

“မင်း သူမဆီ တစ်ယောက်ယောက်လွှတ်ပြီး ကျင့်ကြံခြင်းအရင်းအမြစ်တွေ ပို့ခဲ့လား”ထန်ရှုက မေးလိုက်သည်။

“ဒါပေါ့၊ သူမက ငါ့ရဲ့ဂျူနီယာညီမပဲလေ၊ ဆရာသခင်”ကူးယန်အာက ရယ်လိုက်သည် “သူမဆီ ကျင့်ကြံခြင်းအရင်းအမြစ်အချို့ပို့တာက သာမန်ပါပဲ။ တစ်ခုပဲ၊ အခုထိ ငါ သူမနဲ့ စကားပြောဖို့ အခွင့်မရသေးဘူး”

“ဒါကို မစိုးရိမ်ပါနဲ့။ နောက်ကျရင် မင်း အခွင့်အရေးတွေ အများကြီး ရရှိလာမှာပါ”ထန်ရှုက ပြုံးလိုက်သည်။

ဝှစ်…

ပုံရိပ်တစ်ခုက အဝေးမှ ရွေ့လျားလာသည်။ အသက်ရှုချိန်အနည်းငယ်အတွင်း ထိုလူက ထန်ရှုနှင့်ကူးယန်အာအရှေ့တွင် ရပ်လိုက်၏။

“ဆရာ၊ ဆရာအဘိုး”

အရိုအသေပေးပြီးနောက် ကူးရှောင်ရွှယ်က တင်ပြလိုက်သည် “ဂျပန်ကနေ အခုပဲ သတင်းရတယ်။ ကူးဝါကိုက သေရေးရှင်ရေးအနေအထားမှာ ရှိနေပြီး အကူအညီလိုအပ်တယ်။ ဂျပန်အနီးနားကလူအချို့ကို အဲနေရာကို သွားဖို့ စေလွှတ်ထားပြီဆိုပေမယ့် သူတို့က အရန်နဲ့အပြင်တပည့်အနည်းငယ်ပဲ၊ ဒါကြောင့် သူတို့က အများကြီးလုပ်နိုင်မှာ မဟုတ်ဘူး”

“အတိအကျဘာဖြစ်ခဲ့တာလဲ’အမူအရာပြောင်းလဲသွားလျက် ထန်ရှုက မေးလိုက်သည်။

“လွန်ခဲ့တဲ့တစ်လက ကူးဝါကိုက ယာမာတိုမိုအိမ်တော်ခေါင်းဆောင်နေရာကို အောင်မြင်စွာ လက်လွှဲယူနိုင်ခဲ့တယ်”ကူးရှောင်ရွှယ်က ရှင်းပြလိုက်သည် “ဒါပေမယ့် မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းမှာ သူမကို နှောင့်ယှက်တားဆီးနေတဲ့ နောက်ဆုံးပုဂ္ဂိုလ်ကို ဖယ်ရှားဖို့ ပြင်ဆင်နေတဲ့အချိန်မှာ နင်ဂျူဆုကျွမ်းကျင်သူဆယ်ယောက်က အဲလူဘေးနားမှာ ရုတ်တရက် ထွက်ပေါ်လာတယ်၊ နှစ်ယောက်က ကူးဝါကိုထက် ပိုသန်မာတယ်”

“ထန်ကွမ်ကရော အခု ဘယ်နေရာမှာလဲ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

“သူက ဂျပန်မှာပဲ၊ ကူးဝါကိုရဲ့ရန်သူတွေနဲ့ တိုက်ခိုက်ရင်း သူလဲ ဒဏ်ရာရထားတယ်”ကူးရှောင်ရွှယ်က ပြောလိုက်သည်။

ထန်ရှုက လက်ဟန်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်၊ အသက်ရှုချိန်အနည်းငယ်အတွင်း ကျီချီးမိန်က သူ့အရှေ့၌ ထွက်ပေါ်လာသည်။

“အရှင်”ကျီချီးမိန်က ရိုသေလေးစားစွာ နှုတ်ဆက်၏။

“ယန်အာက ဒဏ်ရာရထားတုန်းပဲ၊ ဒါကြောင့် မင်းက ငါတို့ကို ဂျပန်ကို ပို့ပေးရမယ်”ထန်ရှုက အမိန့်ပေးလိုက်သည်။

ကျီချီးမိန်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားကာ ခေါင်းညိတ်ပြလိုက်၏။

များမကြာမီ ပုံရိပ်လေးခုက ထန်ရှုအရှေ့၌ ထွက်ပေါ်လာသည်။ သူတို့က မိုအားဝူ၊ ရွှယ်ရှ၊ ဟေးရှောင်နှင့်ရွှေအမြုတေအဆင့်သို့ နောက်ဆုံးချိုးဖြတ်ခဲ့သည့် ဟေးဝူယာတို့ဖြစ်ကြသည်။

“သွားကြစို့…”

ထန်ရှုက အမိန့်ပေးလိုက်သည်။

ကျီချီးမိန်က ခေါင်းညိတ်လိုက်သည်၊ သူမက စွမ်းအင်တန်းအချို့ ထုတ်လွှတ်ကာ ထန်ရှုနှင့်ကျန်လူများအား ရစ်ပတ်လိုက်၏။ သူမက မထွက်ခွာခင် သူမ၏လက်ချောင်းက အဝေးသို့ ညွှန်ပြလိုက်ပြီးနောက် ဉက္ကာပျံတစ်ခုအလား ဂျပန်သို့ ပြေးသွား၏။

နှစ်မိနစ်ကြာပြီးနောက် ကျီချီးမိန်က ထန်ရှုနှင့်ကျန်လူများအား ဂျပန်နိုင်ငံအထက်ကောင်းကင်သို့ ခေါ်ဆောင်လာခဲ့သည်။ သူမ၏စိတ်ဝိညာဉ်အာရုံကို ထုတ်လွှတ်ကာ တိုင်းပြည်တစ်ခုလုံး ဖုံးလွှမ်းစေပြီးနောက် ကူးဝါကိုနှင့်ထန်ကွမ်တို့အား အိမ်ရာတစ်ခုထဲ၌ လျင်မြန်စွာ တွေ့ရှိလိုက်၏။

“ဘယ်သူလဲ”

အိမ်ရာထဲရှိ ကွက်လပ်မှ ပုံရိပ်တစ်ခုက လျင်မြန်စွာ ပြေးထွက်လာသည်။ သူတို့ဆယ်ယောက်ကျော်က ထန်ဂိုဏ်း၏အပြင်တပည့်များဖြစ်ကြသည်။ သို့သော် ရောက်ရှိလာသူများကို မြင်ပြီးနောက် သူတို့က ရိုသေလေးစားသောမျက်နှာတစ်ခု ချက်ချင်း ဖန်တီးလိုက်ကြ၏။

ကျီချီးမိန်ထွက်ခွာသွားရာ ဉီးတည်ဘက်သို့ ကြည့်ကာ ထန်ရှုက စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ ဤဂြိုလ်၏ကောင်းကင်ဘုံတာအိုက အားကောင်းလွန်းသောကြောင့် ကျီချီးမိန်က သူမစွမ်းအား၏တစ်ရာခိုင်နှုန်းအောက်ကိုသာ ဖော်ထုတ်နိုင်ပြီး သူတို့အား ဤနေရာသို့ ခေါ်လာပေးရန် နှစ်မိနစ်ကြာခဲ့၏။

“ဆရာအဘိုး”

“သူဌေး”

ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များနှင့် ထန်ကွမ်းနှင့်ကူးဝါကိုတို့က ထန်ရှုအရှေ့၌ လျင်မြန်စွာ ထွက်ပေါ်လာသည်။ ထန်ရှုနှင့်မိုအားဝူတို့အဖွဲအား မြင်ပြီးနောက် သူတို့က စိတ်သက်သာရာရသွားကြ၏။

ထန်ရှုက သူမအား‌ ခေါင်းညိတ်ပြကာ ပြောလိုက်သည် “နောက်မှ ပြောကြတာပေါ့။ လမ်းကို ဉီးဆောင်ပါ”

“ကျေးဇူးပြုပြီး ငါ့နောက် လိုက်လာပါ၊ သူဌေး”ကူးဝါကိုက ရိုသေလေးစားစွာ ပြောလိုက်၏။

နှစ်ထပ်အဆောက်အဉီးတစ်ခုထဲတွင် ကူးဝါကိုက ထန်ရှုထိုင်ပြီးသည်အထိ စောင့်၏။ ထို့‌နောက် သူမက ထန်ရှုအတွက် လက်ဖက်ရည်တစ်ခွက်ပြင်ဆင်ပေးပြီးနောက် ပြောလိုက်၏ “ဂိုဏ်းချုပ်တို့ ဒီလောက်အမြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး။ နောက်ထပ်ရက်အနည်းငယ်လောက် စောင့်ရမယ်လို့ ငါတို့ ထင်ထားတာ”

“ဒီနေရာရဲ့အနေအထားနဲ့ ပတ်သက်ပြီး ငါ့ကို ပြောပြပါ”ထန်ရှုက ပြောလိုက်သည်။

“ငါက ယာမာတိုအိမ်တော်ရဲ့ခေါင်းဆောင်နဲ့ မြောက်ပိုင်းဓားသွားတစ်ချက်ကျောင်းရဲ့ဒုကျောင်အုပ်နေရာကိုရော အောင်မြင်စွာ ရယူနိုင်ခဲ့တယ်။ လွန်ခဲ့တဲ့နှစ်ရက်ခန့်က ငါက မြောက်ပိုင်းဓားသွားတစ်ချက်ကျောင်းအုပ်နေရာကို လက်လွှဲယူနိုင်ခဲ့တယ်၊ ဒါပေမယ့် မြောက်ပိုင်းကြယ်ရဲ့မဟာအကြီးအကဲအိုဆာရှီခတာဂီရှီက ရွှေအမြုတေအဆင့်ကျွမ်းကျင်သူတွေနဲ့ယှဉ်နိုင်တဲ့လူဆယ်ယောက်နဲ့အတူ ငါ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တယ်။ သူတို့ထဲကနှစ်ယောက်က အလွန်အားကောင်းတဲ့လူအိုကြီးတွေပဲ။ အကြီးအကဲထန်ကွမ်းလဲ အဲနေရာမှာ ရှိနေတာ ကံကောင်းသွားတယ်၊ မဟုတ်ရင် သူတို့ရဲ့လက်ထဲမှာ ငါ သေသွားလောက်ပြီ”

ထန်ရှုက ထန်ကွမ်းဘက် လှည့်ကာ မေးလိုက်သည် “သူတို့က ဘယ်လောက်သန်မာလဲ”

ထန်ရှုက ဖြစ်ရပ်အား ခဏပြန်စဉ်းစားပြီးနောက် ဖြည်းဖြည်းချင်း ပြောပြ၏ “ငါက အခြေတည်စိတ်ဝိညာဉ်အဆင့်ကို မချိုးဖြတ်ရသေးဘူး၊ ဒါကြောင့် အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေက ဘယ်လောက်သန်မာလဲ ငါ မသိဘူး။ ဒါပေမယ့် အဲဒီလူအိုကြီးနှစ်ယောက်က အခြေတည်စိတ်ဝိညာဉ်နှောင်းပိုင်းအဆင့်ကျွမ်းကျင်သူတွေကို အလွယ်တကူဖိနှိပ်နိုင်တယ်။ ငါနဲ့ကူးဝါကိုတို့ရဲ့ဒဏ်ရာတွေက သူတို့ကြောင့် ရခဲ့တာပဲ။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ”ထန်ရှုက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“အဲဒီအိုဆာရှီခီတာဂီရှီက လုံးဝမလှုပ်ရှားခဲ့ဘူး”ထန်ကွမ်းက အလေးအနက်ပြောလိုက်သည် “ဒါပေမယ့် သူ့လက်အောက်မှာ ဒီလောက်များတဲ့ကျွမ်းကျင်သူတွေကို ထိန်းချုပ်ထားနိုင်တာဆိုတော့ သူ့ခွန်အားက သူ့လူတွေထက် သာလွန်မယ်လို့ ငါ သံသယရှိတယ်။ သူက အခြေတည်စိတ်ဝိညာဉ်အဆင့်ကျွမ်းကျင်သူတွေနဲ့ တကယ်ပဲ ယှဉ်နိုင်လောက်တယ်”

ထန်ရှုက ကူးဝါကိုဘက် ပြန်လှည့်ကာ မေးလိုက်သည် “ဒီအိုဆာရှီခီတာဂီရှီဆိုတဲ့အကောင်ရဲ့အသေးစိတ်ကို ငါ သိချင်တယ်”

“အစက အိုဆာရှီခီတာဂီရှီက မြောက်ပိုင်းဓားသွားတစ်ချက်ကျောင်းရဲ့လေ့ကျင့်ရေးနည်းပြတစ်ယောက်ပဲ။ နောက်တော့ အထူးမစ်ရှင်တစ်ခုကို အောင်မြင်ခဲ့ပြီး ကျောင်းအတွက် ကြီးမားသောအကျိုးဆောင်မှုတစ်ခုကို ပြုလုပ်ပြီးနောက် အဆင့်တက်သွားတယ်။ အကြီးအကဲဖြစ်လာပြီးကတည်းက သူ့ရဲ့စွမ်းရည်တွေကို ပြသခဲ့တယ်။ ကျောင်းအတွက် အကျိုးဆောင်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့တာကြောင့် မဟာအကြီးအကဲအဖြစ် အကြီးအကဲကောင်စီထဲ ဝင်ရောက်ဖို့ ဂုဏ်ပြုခံခဲ့ရတယ်။ ဒါပေမယ့် သူနဲ့ ပတ်သက်ပြီး ငါ သိသလောက်ဆိုရင် အကြီးအကဲကောင်စီထဲ ဝင်နိုင်ရင်တောင်မှ သူ့အနေနဲ့ အဲဒီလောက်ပြောင်မြောက်တဲ့ခွန်အားရှိဖို့ မဖြစ်နိုင်ဘူး၊ ဒီလောက်များတဲ့ကျွမ်းကျင်သူတွေကို သူ့လက်အောက်မှာ ထိန်းချုပ်ဖို့ မပြောနဲ့တော့။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ့မှာ သံသယတွေရှိတယ်”

“မင်းက ဘာကို သံသယရှိတာလဲ”ထန်ရှုက မေးလိုက်သည်။

“မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းရဲ့အတွင်းပိုင်းက ငါ သိသလောက် မရိုးရှင်းဘူးလို့ သံသယရှိတယ်”ကူးဝါကိုက ပြောလိုက်သည် “အိုဆာရှီခီတာဂီရှီဘေးနားမှာ ထွက်ပေါ်လာတဲ့ ကျွမ်းကျင်သူတွေတစ်ယောက်မှကို ငါ မသိပေမယ့် သူတို့က လျှို့ဝှက်ထိန်းကျောင်းနေတဲ့ကျောင်းရဲ့ကျွမ်းကျင်သူတွေလို့ ငါ သံသယရှိတယ်”

ထန်ရှုက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်းဆိုလိုတာက…မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းမှာရှိတဲ့လူအချို့က မင်းကို ကျောင်းအုပ်မဖြစ်စေချင်ဘူးလို့ ပြောချင်တာလား”

“ဟုတ်ပါတယ်”ကူးဝါကိုက ပြောလိုက်သည် “ငါက ကျောင်းအုပ်ဖြစ်ဖို့ အခွင့်အရေးရလာတဲ့ အကြောင်းရင်းက လက်ရှိတစ်ယောက်ကို ထိန်းချုပ်ပြီး ငါ့ကို အညံ့ခံအောင် ဖိအားပေးခဲ့လို့ပဲ”

“ဟူး…ဖိအားပေးတဲ့လုပ်တာမှန်သမျှက သဘောတူညီမှုဆိုတာ ဘယ်ရှိပါ့မလဲ”ထန်ရှုက သက်ပြင်းချပြီးနောက် မေးလိုက်သည် “ဒါဆို လက်ရှိကျောင်းအုပ်က အခု ဘယ်နေရာမှာလဲ”

“သူ…ပျောက်သွားပြီ”ကူးဝါကိုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “သူနဲ့ ချိတ်ဆက်မှုတစ်ခုပြုပြီး သူ့ရဲ့အသက်ကို ထိန်းချုပ်ထားနိုင်ပေမယ့် ဘာလို့ သူ့ကို အာရုံခံတဲ့ငါ့ရဲထိုးထွင်းသိမြင်မှုကို ကာကွယ်နိုင်လဲဆိုတာ ငါ သဘောမပေါက်ဘူး၊ ဒါကြောင့် အခု သူ ဘယ်နေရာမှာရှိနေလဲ ငါ မသိဘူး”

All Chapters