← Chapters

ရေက နက်ရှိုင်းတယ်

Vol. 83 Ch. 1153

ရေက နက်ရှိုင်းတယ်

Vol. 83 Ch. 1153

သူက ပျောက်နေတာလား။

ထန်ရှုက အတော်လေးအံ့အားသင့်သွားသည်။ ကူဝါးကိုအား သင်ကြားပေးခဲ့သည့် စိတ်ဝိညာဉ်ထိန်းချုပ်မန္တန်က အလွန်အားကောင်းသောလျှို့ဝှက်ပညာရပ်တစ်ခု ဖြစ်သည်။ ဒါပေမယ့် ဒီကမ္ဘာမှာ အဲဒါကို တားဆီးကာကွယ်နိုင်တဲ့တစ်ယောက်ယောက်ရှိတာလား။ ဂျပန်မှာ ဘယ်လိုလူမျိုးက ဒီလိုစွမ်းအားရှိတာလဲ”

ထန်ရှုက သူ့အာရုံအား ကူဝါးကိုထံ ပြောင်းလိုက်သည်၊ သို့သော် သူ့မျက်နှာပေါ်တွင် တုံ့ဆိုင်းမှုအနည်းငယ်ရှိနေသည်။ တကယ်တမ်းတွင် စိတ်ဝိညာဉ်မန္တန်အား ကူးဝါကိုထုတ်ဖော်ထားသည့်ဘယ်သူ့ကိုမဆို သူက ရှာနိုင်၏၊ သို့သော် ဤလျှို့ဝှက်ပညာရပ်က သူမ၏သွေးအဆီအနှစ်ကို လိုအပ်သည်။ သူက ၎င်းအား သူမထံမှ ယူလိုက်သည်နှင့် သူမ၏ကျင့်ကြံခြင်းအား ထိခိုက်စေမည့် ဒဏ်ရာကြီးတစ်ခုပေးလိုက်သလို ဖြစ်ပေမည်။

အကျိုးအမြတ်အား သုံးသပ်ပြီးနောက် သူက အိုင်ဒီယာအား လက်လျှော့လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏ “ဒီအိုဆာရှီခီတာဂီရှီအကောင်က အခု ဘယ်နေရာမှာ ရှိလဲဆိုတာ မင်း သိလား”

“ငါရထားတဲ့လျှို့ဝှက်သတင်းပို့ချက်အရ ဒီနေရာက ကီလိုမီတာအနည်းငယ်အကွာကနေ သူက အဲဒီကျွမ်းကျင်သူတွေကို ခေါ်လာခဲ့တယ်။ ဒါပေမယ့် အဲဒီအိမ်ရာကို မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းရဲ့ကျွမ်းကျင်သူတွေက တင်းတင်းကျပ်ကျပ် စောင့်ကြပ်ထားတယ်။ အဲဒီလူတွေရဲ့သုံးပုံတစ်ပုံကို ငါ ထိန်းချုပ်ထားပြီး ကျန်တဲ့ရှစ်ဆယ်ရာခိုင်နှုန်းက ငါ့အမိန့်ကို နားထောင်ရတယ်ဆိုပေမယ့် လက်ရှိအချိန်မှာ ငါ သူတို့ကို မထုတ်ဖော်ရဲဘူး”

“မင်းက မှန်မှန်ကန်ကန်နဲ့ ကိုင်တွယ်နိုင်ခဲ့တာပဲ”ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “ရန်သူကအိုဆာရှီခီတာဂီရှီတစ်ယောက်ပဲဆိုရင် မင်းမှာ ရှိတဲ့ လူအင်အားတွေကို စုစည်းပြီး သူ့ကို သုတ်သင်နိုင်တယ်။ ဒါပေမယ့် သူ့လက်အောက်မှာ ကျွမ်းကျင်သူတွေအများရှိတဲ့အတွက် ခွန်အားကွာခြားလွန်းတဲ့လူအင်အားတွေကို အသုံးပြုတာက မင်းရဲ့အချိန်အကြာကြီးအားထုတ်မှုကို ပျက်ဆီးစေလိမ့်မယ်”

ထို့နောက် ထန်ရှုက ထရပ်ကာ ပြုံးစပ်စပ်နှင့် ပြော၏ “ကောင်းပြီလေ၊ ခုလေးတင်ပဲ ငါ ချိုးဖြတ်မှုတစ်ခုရှိခဲ့တယ်၊ ဒါကြောင့် ငါနဲ့ စမ်းသပ်ပေးမယ့် အဖော်တစ်ယောက်ကို ရှာနေတာ။ ကျွမ်းကျင်သူအချို့က ရုတ်တရက် ထွက်ပေါ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ကူးဝါကို၊ ငါတို့ကို ဒီကောင်နဲ့ တွေ့ဖို့ ခေါ်သွား။ ဒီအိုဆာရှီနဲ့သူ့လူတွေက ဘယ်လောက်အားကောင်းလဲ ငါ သိချင်တယ်”

“နားလည်ပါပြီ”

ထန်ရှုက အားကောင်းမှန်း ကူးဝါကိုက သိထားတာ ကြာပြီ။ အခု သူက ချိုးဖြတ်မှုတစ်ခု ရှိခဲ့တာဆိုတော့ သူက အရင်ကထက် ပိုသန်မာတယ်လို့ ဆိုလိုတာမဟုတ်လား။ သူကိုယ်တိုင်လုပ်ဆောင်မယ်ဆိုရင် အိုဆာရှီနှင့်သူ့လူတွေက ဘယ်လိုလုပ် ဂိုဏ်းချုပ်ကို တိုက်ခိုက်နိုင်တော့မှာလဲ။

****

ရှောင်ဖန်းက ကျော်ကြားသော ဖျော်ဖြေရေးကလပ်တစ်ခုဖြစ်သည်။ ငွေရှိသရွေ့ မည်သည့်ဧည့်သည်မဆို လိုချင်သည့်ဖျော်ဖြေရေးအစီအစဉ်အမျိုးမျိုးအား ရှာဖွေနိုင်သည်။

စံအိမ်က ပုံမှန်အားဖြင့် ဧည့်သည်များနှင့် ပြည့်သည်။ သို့သော် ဤအချိန်တွင် အပန်းဖြေသူတစ်ယောက်မှ ရှိမနေပေ။ စားပွဲထိုးတစ်ယောက်ကိုပင် မမြင်နိုင်ပေ။ လက်ရှိတွင် တောခုတ်ဓားနှင့်အနက်ဝတ်လူတစ်ယောက်က လမ်း၏ထောင့်တိုင်းတွင် ရပ်လျက် ရှောင်ဖန်းတစ်ခုလုံးအား ပိတ်ဆို့ထားသည်ကို မြင်နိုင်ပေသည်။

အတွင်းပိုင်း။

ရှေးကျသောစံအိမ်တစ်ခု၏ဒုတိယအထပ်တွင် ပြတင်းပေါက်ဘေးနားရှိ စားပွဲရှေ့တွင် အိုဆာရှီက ဝိုင်ခွက်တစ်ခွက်ကိုင်လျက် ရပ်နေသည်။ သို့သော် သူ့နှုတ်ခမ်းများက ဝိုင်ခွက်ကိုပင် မထိဘဲ သူ့လက်မရှိမြလက်စွပ်ကိုသာ ကြည့်နေသည်။ သူ၏မျက်နှာချင်းဆိုင်တွင် အပူအပင်ကင်းမဲ့ဟန်တူသည့် အမျိုးသမီးတစ်ယောက်က ထိုင်နေသည်၊ သူမက ကူးဝါကိုနှင့်သူမ၏လူများပုန်းကွယ်နေသောစံအိမ်ရှိရာဉီးတည်ဘက်ကောင်းကင်သို့ ကြည့်နေ၏။

“မီရာဂျီက အခုတလောက် အရမ်းရူးသွပ်နေတယ်”အမျိုုးသမီးက ရုတ်တရက် လှည့်လာပြီး အိုဆာရှီအား ပြုံးကာ ကြည့်လိုက်သည်။

အိုဆာရှီက အသိပြန်ဝင်လာပြီး သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “နန်းတော်သခင်က ညတိုင်း ပါတီပွဲကျင်းပနေတယ်၊ သောက်စားပျော်ပါးနေတယ်။ ငါ သူ့ဆီပို့ထားတဲ့အလှလေးတွေက သူ့ကို ပျော်အောင် မလုပ်နိုင်ဘူးလား”

“ယာမာမိုတိုနဲ့ ရှင် ပို့ထားတဲ့အဲဒီအလှလေးတွေကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ”အမျိုးသမီးက ရယ်လိုက်သည်။

“မတူဘူးလေ။ ငါ သိတာပေါ့။ ယာမာမိုတိုက ဂျပန်မှာ အလှဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံထားရတဲ့ မိန်းကလေးတစ်ယောက်ပဲ။ ဘယ်တစ်ယောက်က ပိုကောင်းသလဲဆိုတာ ခန့်မှန်းဖို့တောင် မလိုပါဘူး။ တိုကျိုက အသက်၁၆ကနေ ၂၆အထိ အမျိုးသမီးအားလုံးကို ရှာဖွေဖို့ ငါ လူလွှတ်ခဲ့ပေမယ့် သူမနဲ့ ယှဉ်နိုင်တာ လက်တစ်ဆုပ်စာတောင် မတွေ့ခဲ့ရဘူး”

“ရှင်က သူမကို သူ့ဆီ မခေါ်လာတာကြောင့် မီရာဂျီက စိတ်ဂယောက်ဂယက်ဖြစ်နေတယ်လို့ ရှင် ထင်တာလား”အမျိုးသမီးက အဓိပ္ပါယ်ပါပါနှင့် ပြန်ဖြေသည်။

“အဲဒါ မဟုတ်လို့လား”အိုဆာရှီက မှင်တက်သွားကာ ခေါင်းရှုပ်သွား၏။

သရော်သည့်မျက်နှာအမူအရာနှင့် အမျိုးသမီးက ဆက်ပြောသည် “အစက ကူဝါကိုက ယာမာမိုတိုအိမ်တော်ရဲ့မျိုးဆက်သစ်မိန်းမပျိုတစ်ယောက်ပဲ။ သူမက မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းမှာ ရှိတယ်ဆိုရင်တောင် သူမက အဲနေရာမှာ ကျင့်ကြံတဲ့ပစ္စည်းများစွာထဲက တစ်ခုပဲ။ သူမက အလားအလာကောင်းတွေရှိပေမယ့် ကျောင်းအုပ်နေရာကို ယူဖို့ လမ်းခရီးရှည်တစ်ခုသွားရလောက်မယ်လို့ ထင်ထားတာ။ ဒါပေမယ့် ဒီတစ်နှစ်နှစ်နှစ်အတွင်း သူမဆီမှာ ဖြစ်ပျက်ခဲ့တာတွေက အများကြီးပိုစိတ်ဝင်စားစရာကောင်းတယ်”

“ဒီအနေအထားကို ငါ သတိပြုမိပါတယ်”အိုဆာရှီက ခေါင်းညိတ်ကာ ပြော၏ “သူမ ဘာနည်းလမ်းတွေ အသုံးပြုတယ်ဆိုတာ ငါ မသိဘူး၊ သူမက လူတွေရဲ့နှလုံးသားကို သိမ်းကျုံးဝယ်ယူပြီး လူတော်တော်များများက သူမကို သစ္စာရှိလာအောင် ပြုလုပ်နေတယ်။ ဒီစွမ်းရည်က ကြောက်စရာကောင်းတယ်။ မြောက်ပိုင်းကြယ်ဓားသွားတစ်ချက်ကျောင်းက အတိတ်မှာ ဖော်ပြလို့မရတဲ့အရာအချို့ကို ကိုင်တွယ်ဖို့ နန်းတော်သခင်က ဖန်တီးခဲ့တဲ့အင်အားစုတစ်ခုပဲ။ အခြားတစ်ဖက်မှာ ‘နှလုံးသားသန့်စင်ခြင်း’အစီအစဉ်ကို မဖြတ်သန်းဘဲနဲ့ ကူးဝါကိုက ဒီအဆင့်အထိ တက်လှမ်းနိုင်ခဲ့တယ်၊ ဒါက နန်းတော်သခင်ချမှတ်ထားတဲ့ဓလေ့ထုံးတမ်းကို သွေဖည်နေတယ်”

ရုတ်တရက် သူက မှင်တက်သွားကာ ရေရွတ်လိုက်သည် “နန်းတော်သခင်က သူမရဲ့လျှို့ဝှက်ချက်ကို တူးဖော်ချင်တယ်လို့ ငါ့ကို မပြောနဲ့နော်”

“ဟမ့်၊ ရှင်က မျှော်လင့်ချက်မဲ့လောက်အောင် မတုံးဘူးပဲ”အမျိုးသမီးက နှာခေါင်းရှုံ့လိုက်သည် “ကလေးဘဝကတည်းက သူမ ကြီးပြင်းလာတဲ့အထိ သူမနဲ့ပတ်သက်တဲ့အကြောင်းအရာအချို့ကို ရှင်လဲ သိပါတယ်။ သူမရဲ့ယခင်အောင်မြင်မှုတွေနဲ့အဆင့်အတန်းက သူမအနေနဲ့ ‘ပျော်ရွှင်ခြင်းအချစ်’မှော်အတတ်ကို ရရှိဖို့ မလုံလောက်ဘူး။ ဘာပဲဖြစ်ဖြစ် သူမရဲ့လက်ရှိအထိ ကျင့်ကြံဖို့က မဖြစ်နိုင်ဘူး။ ဒါ့အပြင် နောက်ထပ်ကိစ္စတစ်ခုလဲရှိတယ်။ သူမက အပျိုစင်ပဲ ရှိသေးတယ်။ အခြားလမ်းကြောင်းကနေ သူမက “ပျော်ရွှင်ခြင်းအချစ်’အတတ်ကို ရခဲ့ရင်တောင် အဲဒါကို ကျင့်ကြံဖို့ မဖြစ်နိုင်ဘူး။ ဒီနေရာမှာ တစ်ခုခုလွဲချော်နေတယ်လို့ ဆိုလိုတယ်၊ သူမနောက်ကွယ်မှာ အခြားသူတွေ ရှိနိုင်ချေရှိတယ်”

အိုဆာရှီခီတာဂီရှီ၏အမူအရာက ပိုလေးနက်သွားသည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “မင်းပြောတာ မှန်တယ်။ အရင်ကလဲ ငါ အဲလိုသံသယရှိတာ ကြာပြီ၊ ဒါပေမယ့် မသေချာခဲ့ဘူး။ အခု မင်းက ငါ့ကို ပြောတယ်ဆိုတော့ အဲလိုဖြစ်ဖို့ပဲ များတယ်။ အဲဒီအိမ်ရာထဲမှာ စက်ယန္တရားတွေအများကြီးရှိတယ်၊ ပြီး‌တော့ ကူးဝါကိုယာမာတိုအနားတစ်ဝိုက်မှာ ဆန်းကြယ်တဲ့ကျွမ်းကျင်သူတစ်အုပ်လဲ ရှိတယ်။ လက်ရှိအချိန်မှာ ငါတို့ လုပ်နိုင်တာ ဘာမှမရှိဘူး”

“ငါတို့ ဒီလို မလုပ်နိုင်မှတော့ စောင့်နေရုံပဲပေါ့”အမျိုးသမီးက‌ ပေါ့ပေါ့ပါးပါးနှင့် ပြောလိုက်သည် “ဒါ့အပြင် အဲဒီအိမ်ရာမှာ အစားအစာအရန်အနည်းငယ်ပဲ ရှိတယ်၊ သူတို့လူတွေက အများကြီးပဲ။ သူတို့အကြာကြီးခံနိုင်မှာမဟုတ်ဘူး။ သူတို့က ဆာလောင်တဲ့အခါကျရင် ငါတို့အနေနဲ့ သူတို့ကို ရှင်းလင်းဖို့ အချိန်ပဲ”

အိုဆာရှီက ခေါင်းညိတ်ကာ ပြောလိုက်သည် “အစာရေစာပြတ်လပ်လို့ သူတို့ထွက်လာတဲ့အခါကျရင် သူတို့ကို ရင်ဆိုင်ဖို့က ပိုလွယ်ကူလိမ့်မယ်။ ဒါနဲ့၊ ယုဂျီ၊ မင်းနဲ့အတူ ဗာဂျာရအစောင့်အရှောက်လေးယောက်ကို ခေါ်လာခဲ့တာလား”

ယုဂျီဟုခေါ်သောအမျိုးသမီးက ခေါင်းညိတ်ကာ ပြုံးလျက် ပြောလိုက်သည် “ဒါပေါ့။ ဒီနှစ်တွေမှာ ဗာဂျာရအစောင့်အရှောက်လေးယောက်က ငါ့ရဲ့လက်ဆွဲတွေပဲ။ ငါနဲ့အတူ သူတို့ကို ခေါ်လာတာ သဘာဝပဲလေ။ ဗာဂျာရလက်သီးအစီအရင်နဲ့ဆိုရင် ကူဝါကိုက ဘယ်လောက်ပဲအားကောင်းအားကောင်း ငါ ဂရုမစိုက်ဘူး၊ အထဲမှာ ပိတ်မိတာနဲ့ သူမက သေဖို့တစ်ခုပဲ ကျန်တော့မယ်”

ကျေနပ်အားရမှုတစ်ခုက အိုဆာရှီ၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ ထို့နောက် သူမက ဖြည်းဖြည်းချင်း ပြောလိုက်သည် “နန်းတော်သခင်က မင်းကို တကယ်နှစ်သက်တာပဲ။ ယုဂျီ၊ မင်းက သူ့ရဲ့အနှစ်သက်ဆုံးဖြစ်လာပြီး သခင်မနေရာကို လုယူနိုင်ရင် ငါ့ကို ထောက်ပံ့ပေးဖို့ မမေ့နဲ့နော်”

“ရှင်က ကျွန်မကို ဟာသလုပ်နေတာပဲ၊ အကြီးအကဲအိုဆာရှီ”ယုဂျီက ရယ်ကာ ပြုံးလိုက်သည် “ပြီးတော့ မီရာဂျီမှာ အလှလေးတွေများစွာရှိတယ်၊ အများစုက ငါ့ထက် ပိုလှတယ်။ သူ့ရဲ့သခင်မဖြစ်ဖို့ အရည်အချင်း ငါ့မှာ ဘယ်လိုလုပ်ရှိနိုင်မှာလဲ”

အိုဆာရှီက မျက်လုံးတို့ စောင်းငဲ့ကြည့်လျက် ပြုံးကာ ပြန်ဖြေသည် “ရုပ်ရည်တွေ၊ အသွင်အပြင်တွေက ဒုတိယပဲ၊ တကယ်အရေးပါတာက ဉာဏ်ပညာပဲ။ ပြီးတော့ သာယာမှုဆန္ဒနန်းတော်တစ်ခုလုံးမှာ မင်းလောက် ဉာဏ်ကောင်းပြီးစမတ်ကျတာ လက်တစ်ဆုပ်စာလောက်ပဲရှိတယ်။ ငါ ပြောချင်တာက မင်းမှာ ပြိုင်ဘက်အနည်းငယ်ဘဲ ရှိတယ်လို့။ ဒါကြောင့် မင်းက အထောက်အပံပေးတွေ ပိုရနိုင်မယ်ဆိုရင် အနာဂတ်မှာ…”

မွှေးကြိုင်သင်းပျံ့သောရနံ့တစ်ခုက လေနှင့်အတူ ပါလာပြီး သူ့စကားများက ရုတ်ချည်းရပ်သွားသည်၊ လှပတင့်တယ်သောပုံရိပ်တစ်ခုက တံခါးတွင် ထွက်ပေါ်လာ၏။

“ဘာဖြစ်တာလဲ”

ယုဂျီက မျက်မှောင်ကြုတ်လိုက်ပြီး မကျေမနပ်ဖြစ်သွားသည်။ အိုဆာရှီက တစ်ခုခုပြောတော့မည်ကို သူမက ကြားချင်သော်လည်း တားဆီးခံလိုက်ရ၏။

“တစ်ယောက်ယောက် ထိုးဖောက်ဝင်ရောက်လာတယ်၊ ယုဂျီ”

“ဘယ်သူလဲ”

“ကူဝါကိုယာမာတို”

“ဘာ”

ယုဂျီက ရုတ်ချည်း ထရပ်လိုက်သည်။ ကူဝါကိုက ထိုအိမ်ရာမှ ထွက်လာပြီး ဤနေရာတွင် သေလမ်းလာရှာလိမ့်မည်ဟု သူမက မထင်ထားခဲ့ပေ။ သို့သော် တစ်ချိန်တည်းတွင် သူမက တစ်ခုသိလိုက်၏။အိမ်ရာမှ ကူဝါကို ထွက်လာကတည်းက တစ်ယောက်ယောက်က သူမအား အသိပေးသင့်သည်၊ ဒါဆို သတင်းပို့ချက်ကို မရဘဲ ကူဝါကိုက ဒီနေရာမှာ ဘယ်လိုထွက်ပေါ်လာတာလဲ။

အထဲမှာ သစ္စာဖောက်တစ်ယောက်ရှိတာလား။

အေးစက်စက်အလင်းတစ်ခုက ယုဂျီ၏မျက်လုံးများထဲ၌ လက်သွားသည်။ သူမက အိုဆာရှီခီတာဂီရှီဘက် လှည့်ကာ ပြောလိုက်သည် “ငါ့မှာ ဆိုးဝါးတဲ့ခံစားချက်တစ်ခုရှိတယ်။ ကူဝါကိုနောက်ကွယ်က အင်အားစုက ထွက်ပေါ်လာပုံပဲ။ ဒါ့အပြင် သူမက ဉာဏ်ကောင်းတဲ့အမျိုးသမီးတစ်ယောက်ပဲ။ သူမအနေနဲ့ ယုံကြည်ချက်မရှိရင် အိမ်ရာကနေ အရင်ထွက်လာမှာမဟုတ်ဘူး”

အိုဆာရှီက ထရပ်ကာ ပြောလိုက်သည် “မင်း ပြောတာမှန်တယ်။ ဒါပေမယ့် မင်း ဒီနေရာမှာ ရှိနေတယ်ဆိုတာကို သူမ မသိသေးဘူး။ မင်း ဒီနေရာကို ကျွမ်းကျင်သူတစ်ဖွဲ့ခေါ်လာတာကိုလဲ သူမ မသိဘူး။ သူမမှာ ပြည်ပအဖွဲ့ရဲ့အကူအညီရှိတယ်ဆိုရင် ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ။ ဒီနေ့၊ ငါတို့တွေ သူမရဲ့နောက်လိုက်တွေနဲ့သူမရဲ့ပြည်ပအကူအညီကို အပြီးသုတ်သင်ကြမယ်။ ပြီးရင် ငါတို့က သူမကို နန်းတော်သခင်ဆီ ခေါ်သွားပြီး ဆုလာဒ်တွေ ရယူကြမယ်”

“ကောင်းပြီလေ၊ ငါ မင်းကို ကူညီပေးရမှာပေါ့”အိုဆာရှီက ပြောလိုက်သည်။

ယုဂျီက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည် “ဒါဆို ဒီကူဝါကိုက တကယ်ပဲ ကောလဟာလထဲကလို သန်မာလား ကြည့်ရတာပေါ့”

ရှောင်ဖန်းဂိတ်တွင် ကူးဝါကို၊ ထန်ကွမ်း၊ ဟေးရှောင်နှင့်ရွှယ်ရှတို့အား အရူးအမူး သတ်ဖြတ်နေကြသည်၊ တစ်မိနစ်အတွင်း ခြံဝင်းတစ်ခုလုံးက သွေးရောင်ဆိုးသွား၏။ သို့သော် အတွင်းပိုင်းထဲတွင် အမျိုးသားနှင့်အမျိုးသမီးဆယ်ယောက်က လက်နက်များကိုင်လျက် သတ်ဖြတ်ခြင်းမြင်ကွင်းအား တည်ငြိမ်စွာ ကြည့်နေကြသည်၊ သတ်ဖြတ်ခံရသူများက သူတို့မဟုတ်သကဲ့သို့ပင်။

ဝှစ်…ဝှစ်…ဝှစ်…

ပုံရိပ်ကိုးခုက အဝေးမှ လျင်မြန်စွာ ရွေ့လျားလာပြီး မျက်စိတစ်မှိတ်အတွင်း လူဆယ်ယောက်၏အရှေ့၌ ထွက်ပေါ်လာသည်။ သို့သော် သူ၏နောက်ဆုံးနောက်လိုက်က နှလုံးတည့်တည့်ထိုးဖောက်ခံထိပြီး ကန်ထုတ်ခံလိုက်ရသည်ကို မြင်သောအခါ အိုဆာရှီခီတာဂီရှီက မျက်မှောင်ကြုတ်လိုက်သည်။ အေးစက်စက်အလင်းတစ်ခုက သူ့မျက်လုံးများထဲ၌ လက်သွားပြီး သူ့အမြင်အာရုံက ခြံဝင်းထဲရှိ ထိုလူများထံတွင် ရစ်တွယ်သွားပြီး နောက်ဆုံးတွင် ထန်ရှုအပေါ်သို့ ကျရောက်သွား၏။

“မင်းဘယ်သူလဲ။ ဘာလို့ မင်းက မြောက်ပိုင်းကြယ်ဓားတစ်ချက်ကျောင်းရဲ့အတွင်းရေးကိစ္စတွေမှာ ဝင်စွက်ဖက်ရဲတာလဲ”အိုဆာရှီက ကူဝါကိုအား လစ်လျူရှုကာ ထန်ရှုအား အေးစက်စွာ မေးခွန်းထုတ်လိုက်သည်။ ကြေးမျက်နှာဖုံးနှင့်လူက အကောင်အစစ်အမှန်ဖြစ်ပြီး ကူဝါကို၏နောက်ကွယ်မှ လူဖြစ်သည်ကို သူက သဘောပေါက်၏။

All Chapters