← Chapters

ဗုဒ္ဓဂိုဏ်းမှ နှင်ထုတ်ခံထားရသောတပည့်

Vol. 83 Ch. 1155

ဗုဒ္ဓဂိုဏ်းမှ နှင်ထုတ်ခံထားရသောတပည့်

Vol. 83 Ch. 1155

ထန်ရှုက တရုတ်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု ယုဂျီက ရေးရေးလေးခန့်မှန်းမိပြီးသားပင်။ ယခု သူက ထုတ်ဖော်ပြောခဲ့သဖြင့် သူမ၏နှလုံးသားက မြောင်းထဲသို့ လုံးဝထိုးကျသွား၏။ နန်းတော်သခင်၏အိပ်ရာထဲသို့ ရောက်ပြီးကတည်းက တရုတ်ကျင့်ကြံသူများနှင့်ဗုဒ္ဓကျောင်းများက လွဲပြီး အနောက်ပိုင်းကျင့်ကြံခြင်းကမ္ဘာနှင့်ဘယ်နေရာမှ လေ့ကျင့်သူကိုမဆို ရန်စနိုင်သည်ဟု သူမအား ပြင်းပြင်းထန်ထန်သတိပေးထားသည်။

လွန်ခဲ့သောနှစ်ရှစ်ဆယ်အတွင်း ပျော်ရွှင်ခြင်းလျှို့ဝှက်စွမ်းအားက သူမအား အဆက်မပြတ်တိုးတက်စေရန် ကူညီပေးခဲ့သည်။ သူမက ပိုပိုသန်မာလာသောကြောင့် နန်းတော်သခင်၏သတိပေးချက်အား ဖယ်ရှားခဲ့သည်။ သို့သော် ယခု ကျင့်ကြံသူတစ်ယောက်က ဘယ်လောက်အားကောင်းသလဲဆိုသည်ကို သူမက နောက်ဆုံးတွင် လက်တွေ့ခံစားခဲ့ရလေပြီ။ ကူဝါကိုအား နောက်ခံပေးထားသူများက တရုတ်ကျင့်ကြံသူများဖြစ်သည်ကို သူမက ရှင်းရှင်းလင်းလင်း သဘောပေါက်သွားခဲ့လေပြီ။

ရှင်မှာလား ဒါမှမဟုတ် သေမှာလား ဒါမှမဟုတ် သေချင်ပေမယ့် မသေနိုင်မှာလား။

ထိုရွေးချယ်မှုသုံးခုအား ရင်ဆိုင်ရချိန်တွင် ယုဂျီက သူ၏တုံ့ဆိုင်းမှုများအားလုံးအား ဖယ်ထုတ်ကာ တိုက်ရိုက်ပြောလိုက်သည် “ရှင် သိချင်သမျှအရာအားလုံးကို ကျွန်မ ပြောပြမယ်။ ကျွန်မ တစ်ခုပဲ မျှော်လင့်တယ်၊ အဲဒါလုပ်ပြီးရင် ဂျပန်ကနေ ထွက်သွားခွင့်ရဖို့ပဲ၊ ဒါမှမဟုတ် အာရှကနေ ထွက်သွားခွင့်ရရင် ပိုကောင်းတယ်”

“မင်းမှာ ဒါကို မေးပိုင်ခွင့်မရှိဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒါ့အပြင် မင်းက အဝေးကို သွားနိုင်မယ်ဆိုရင် မင်း သွားပြီးပြီမလား”

“ဒါကို ရှင် ဘယ်လိုလုပ်သိတာလဲ”ယုဂျီ၏အမူအရာက ပြောင်းလဲသွားသည်။

“ဟမ့်၊ ပျော်ရွှင်ခြင်းနန်းတော်မှာ မင်း ကြောက်ရမယ့်တစ်စုံတစ်ယောက်ရှိတယ်”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “သူက မင်းကို အလွယ်တကူရှာနိုင်မယ်ဆိုတာ သေချာတယ်။ မင်းက ကမ္ဘာမြေရဲ့အဆုံးကို ထွက်ပြေးရင်တောင် သူ့လက်ကနေ ဘယ်တော့မှ မလွတ်မြောက်နိုင်ဖို့ များတယ်၊ ပြီးတော့ ဒီလူနဲ့ ပတ်သက်ပြီး တစ်ခုခုကို ထုတ်ဖော်လိုက်တာနဲ့ မင်းက အဆုံးမရှိသောလိုက်လံဖမ်းဆီးမှုကို ရင်ဆိုင်ရလိမ့်မယ်”

ထန်ရှုက အမှန်တရားပြောနေမှန်း သူမက သိသောကြောင့် ယုဂျီက နှုတ်ဆိတ်သွားသည်။ နန်းတော်သခင်မီရာဂျီတွင် ထူးဆန်းသောလျှို့ဝှက်ဆန်းကြယ်စွမ်းအားရှိသည်။ သူမက သူ့အား သစ္စာဖောက်လိုက်သည်နှင့် သူမက ဘယ်နေရာကိုပင် ပြေးပြေး၊ သူ့တွင် သူမအား ရှာဖွေရန် နည်းလမ်းများရှိသည်။ သူက လူကိုယ်တိုင် လှုပ်ရှားရန်ပင် မလိုအပ်ပေ။ ပျော်ရွှင်ခြင်းနန်းတော်မှ မရေမတွက်နိုင်သောကျင့်ကြံသူများက သူမနောက်သို့ အပူတပြင်းလိုက်လာမည်ကို မျှော်လင့်ထားနိုင်သည်။ မီရာဂျီကိုယ်တိုင်ပင် လုပ်ဆောင်ရန် ဖြစ်နိုင်ချေရှိသည်။ သို့သော် သူမ၏အဆုံးသတ်က ဒီလောက်မရိုးရှင်းပေ၊ သေခြင်းရှင်ခြင်းနယ်နိမိတ်၌ ရှိနေရန် များပေ၏။

“မင်းက သန်မာနိုင်ပေမယ့် ငါ့အတွက်တော့ မင်းက ပုရွက်ဆိတ်တစ်ကောင်လိုပဲ”ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်သည် “ငါ့ရဲ့တောင်းဆိုချက်ကို ခေါင်းညိတ်လက်ခံလိုက်ပါ၊ ငါက မင်းရဲ့အသက်ကို ကယ်နိုင်ရုံတင်မက မင်းရဲ့ကျင့်ကြံခြင်းကိုလဲ ထိန်းသိမ်းပေးနိုင်တယ်”

“ဒါ မဖြစ်နိုင်ဘူး”ယုဂျီက ခေါင်းခါယမ်းလိုက်သည် “ကျွန်မရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းပြီး ရုပ်ပိုင်းဆိုင်ရာက ဆိုးဆိုးဝါးဝါးထိခိုက်ထားတယ်။ အင်မော်တယ်တွေကတောင် ကျွန်မကို မကုသနိုင်ဘူး။ ကျွန်မမျှော်လင့်ထားတဲ့အကောင်းဆုံးအဆုံးသတ်က စိတ်ဝိညာဉ်လျှို့ဝှက်ပညာရပ်ကို အသုံးပြုပြီး ကျွန်မရဲ့စိတ်ဝိညာဉ်နဲ့ကိုက်ညီတဲ့ တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်အောင် လုပ်ဖို့ပဲ။ ဒါပေမယ့် အခွင့်အရေးက နည်းလွန်းတယ်။ ပြီးတော့ ရှေ့ဆက်ကျင့်ကြံနိုင်ဖို့ကလဲ အရမ်းခက်ခဲလိမ့်မယ်”

သူမ၏ဆန္ဒမရှိမှုအား သတိပြုမိလျက် ထန်ရှုက သိုလှောင်လက်စွပ်မှ သန့်စင်ကုသဆေးရည်တစ်ပုလင်းယူထုတ်ကာ သူမ၏ပါးစပ်ထဲသို့ လျင်မြန်စွာ ထည့်သွင်းလိုက်၏။ ထို့နောက် သူမခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအား ဂရုတစိုက်စစ်ဆေးလိုက်သည်။ သူက သူမအား ရေချိုးခန်းထဲသို့ ချက်ချင်း ခေါ်သွား၏၊ ရေချိုးကန်အား ရေနွေးဖြည့်ကာ ခန္ဓာကိုယ်သန့်စင်ဆေးရည်တစ်စက်လောင်းထည့်ပြီးနောက် ပြောလိုက်သည် “သန့်စင်ကုသဆေးရည်က မင်းအပေါ်မှာ အလုပ်လုပ်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။ နာရီဝက်အထိ ဒီရေနွေးထဲမှာ မင်းကိုယ်မင်း စိမ်ပါ။ မင်းက အသက်ရှင်ပြီး ကြီးမားတဲ့အကျိုးအမြတ်တွေကို ရလာအုံးမယ်။ အခု၊ ငါ့ကို ပြော၊ မင်း ငါ့အတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိပြီလား”

တရုတ်ကျင့်ကြံသူများတွင် ဆန်းကြယ်သောမှော်စွမ်းအားများစွာ ရှိသည်ကို သိလိုက်ရပြီးနောက် ယုဂျီ၏နှလုံးသားက မြင့်တက်သွား၏။ သူမက ချက်ချင်း ပြန်ဖြေလိုက်၏ “ငါ ဆန္ဒရှိပါတယ်”

ထန်ရှုက သူမအား ရေချိုးကန်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါ့အတွက် အလုပ်လုပ်ပေးတဲ့သူတွေက တိုးတက်ကြီးပွားပြီး ဆန့်ကျင်တဲ့သူတွေက သေရမယ်။ သစ္စာဖောက်ခြင်းရဲ့အကျိုးဆက်ကို မင်း ရှင်းရှင်းလင်းလင်းသိမှာပါ။ ပြီးတော့ နောက်ထပ် မင်းရင်ဆိုင်ရမယ့် အဆုံးမရှိတဲ့နာကျင်မှုတွေကို သည်းခံပါ။ မင်းက တောင့်ခံနိုင်လေလေ၊ မင်းရမယ့်အကျိုးအမြတ်က ပိုကောင်းလေလေပဲ။ ငါ မင်းကို အပြင်မှာ စောင့်နေမယ်”

ထိုသို့ပြောပြီးနောက် သူက ရေချိုးကန်မှ တန်းထွက်လာ၏။ ယုဂျီ၏ဗလာခန္ဓာကိုယ်အား သူက နည်းနည်းကလေးပင် စိတ်မဝင်စားပေ။

“အား…”

နှလုံးကွဲမတတ်အော်ညည်းသံများက ရေချိုးခန်းမှ ထွက်လာသည်၊ သို့သော် ထန်ရှုက လစ်လျူရှုခဲ့သည်။ ဒဏ်ရာမရှိသောသူများပင် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်မှ နာကျင်မှုအား ခံစားရကာ သေဖို့ပင် ဆန္ဒရှိနေလိမ့်မည်။ ယုဂျီက ဒဏ်ရာများစွာရှိပြီး အများစုက သူမ၏အတွင်းခန္ဓာကိုယ်အား ထိခိုက်ထား၏။ ထို့ကြောင့် ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်မှပေးသောနာကျင်မှုက သာမန်လူများထက် ဆယ်ဆပိုခံစားရပေလိမ့်မည်။

နာရီဝက်ကြာသွား၏။ ထန်ရှုက ရှောင်ဖန်းစံအိမ်အား အစီအရင်တစ်ခုနှင့် ဖုံးလွှမ်းထားလိုက်သည်။ အစီအရင်က ကြီးမားသောတိုက်ခိုက်ရေးစွမ်းအားမရှိသော်ငြား ခုခံမှုအားဖြင့် အလွန်သန်မာသည်။ အတွင်းကဖြစ်စေသို့မဟုတ်အပြင်ကဖြစ်စေ၊ အစီအရင်မှ နားမလည်လျှင် တစ်ယောက်မှ အလွယ်တကူချိုးဖြတ်နိုင်လိမ့်မည်မဟုတ်ပေ။

ဒါက ကြိုတင်ကာကွယ်ခြင်းသာ။ သူက စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိသူများအား အလွယ်တကူ အနိုင်ယူနိုင်သော်လည်း သူမက ထွက်ပြေးရန် အစီအစဉ်ချထားပြီး လွတ်မြောက်ရေးနည်းစနစ်အချို့လည်းရှိလျှင် သူက တစ်ရာရာခိုင်နှုန်းအာမမခံနိုင်တော့ပေ။

အစီအရင်ခင်းကျင်းပြီးနောက် ထန်ရှုက အိုဆာရှီခီတာဂါရှီအား ဖမ်းဆီးထားသည့်နေရာသို့ လျှောက်လာသည်။ ထိုလူက ဆယ်စက္ကန့်အတွင်း သူ သိသမျှအရာအားလုံးအား ပြောပြခဲ့၏။ သူ၏အိုင်ဒီယာနှင့်ခန့်မှန်းချက်အားလုံးကိုပင် ထုတ်ဖော်ပြောခဲ့၏။

သို့သော် ထန်ရှုက သူ့အား ချမ်းသာမပေးဘဲ တန်းကာ သတ်ဖြတ်လိုက်သည်။

အရှေ့အရပ်မှ ပထမဆုံးနေလုံးကြီးမြင့်တက်လာပြီး မနက်စောစောတွင် ယုဂျီက အဝတ်အစားပြောင်းထားလျက် အခနးထဲမှ ထွက်လာပြီး ခြံဝင်းထဲသို့ လျှောက်လာ၏။ ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောထန်ရှုကို မြင်ပြီး အေးစက်စက်အလင်းတစ်ခုက သူမ၏မျက်လုံးများထဲ၌ လက်သွားသည်။

“ရှင့်ရဲ့နာမည်က ဘာလဲ၊ ဆရာ”

ဤတစ်ကြိမ်တွင် သူမက အင်္ဂလိပ်စကားအစား တရုတ်စကားနှင့် မေးလိုက်၏။

ထန်ရှုက သူမအား တစ်ချက်ကြည့်ကာ ဖြေလိုက်သည် “ထန်ရှု”

“ရှင်က အရမ်းအားကောင်းတာပဲ၊ မစ္စတာထန်”ယုဂျီက ပြုံးကာ ပြောလိုက်သည် “နန်းတော်သခင်ကလွဲပြီး ကျွန်မမြင်ဖူးသမျှထဲမှာ အားအကောင်းဆုံးပဲ။ ပြီးတော့ လက်ရှိမှာ ကျွန်မက ပိုကောင်းလာတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ကျွန်မနဲ့ လက်ရည်စမ်းဖို့ မစ္စတာထန်ကို မေးချင်ပါတယ်”

သူမက ငါ့ကို စိန်ခေါ်တာလား။

အထင်သေးမှုက ထန်ရှု၏မျက်လုံးများထဲတွင် ပြည့်သွားပြီး သူက အေးစက်စွာ ပြောလိုက်၏ “မြင့်မြတ်ကုသဆေးလုံးနဲ့ခန္ဓာကိုယ်သန့်စင်ခြင်းဆေးရည်တွေကို အသုံးပြုခဲ့တယ်ဆိုပေမယ့် မင်းရဲ့ဒဏ်ရာတွေက ဒီလောက်မြန်မြန်ပျောက်ကင်းဖို့ မဖြစ်နိုင်ဘူး။ မင်းခံစားရတဲ့အထိအတွေ့က မင်းရဲ့ခန္ဓာကိုယ်က တိုးတက်လာတာကြောင့်ပဲ။ အခု မင်းက ငါ့ကို တကယ် စိန်ခေါ်နိုင်တယ်လို့ ထင်ရင် မင်းက လုံးဝအမှားလုပ်မိတာပဲ”

ယုဂျီ၏အမူအရာက ပြောင်းလဲသွားသော်ငြား သူက ချက်ချင်းပြုံးကာ ရယ်လိုက်သည် “မစ္စတာထန်၊ ဂျပန်တွေက သန်မာသူတွေကို အမြဲတမ်း လေးစားတယ်။ ဒါက ကုဝါကို ရှင့်ဆီမှာ အမှုထမ်းတဲ့အကြောင်းပြချက်ဖြစ်မယ်လို့ ကျွန်မ ထင်တယ်။ ရှင်က ကျွန်မကို ရှင့်ရဲ့နောက်လိုက်ဖြစ်စေချင်တယ်၊ ဒါကြောင့် ကျွန်မ အညံ့ခံနိုင်အောင် ရှင် လုပ်ရမယ်”

“ငါ တိုက်ခိုက်ပါရစေ၊ ဂိုဏ်းချုပ်”

မိုအားဝူက ရိုသေလေးစားသောမျက်နှာနှင့် ကြားဖြတ်ပြောလိုက်သည်။

“မလိုဘူး၊ သူမက ငါ့ကို စိန်ခေါ်ဖို့ ရွေးချယ်မှတော့ ငါ လုပ်ပေးရမှာပေါ့”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “အာဝူ၊ ဒီနေ့ ငါ မင်းကို တစ်ခုခု သင်ကြားပေးမယ်။ မင်းရဲ့ကျင့်ကြံခြင်းက အနည်းငယ်အားနည်းရင်တောင် မင်းရဲ့ပြောင်မြောက်တဲ့ခန္ဓာကိုယ်နဲ့ဆိုရင် မင်းက ရန်သူကို အနိုင်ယူနိုင်တယ်”

ထိုသို့ပြောပြီးနောက် ထန်ရှုက ယုဂျီရှေ့၌ ချက်ချင်း ထွက်ပေါ်လာပြီး သူမထံ လက်သီးချက်များ ပို့လွှတ်လိုက်သည်။ သူ၏လက်သီးချက်များက အလွန်မြန်ပြီး အမျိုးသမီး၏ဝမ်းဗိုက်အား ထိမှန်သွား၏။ ထို့နောက် သူက လေပေါ် ပျံဝဲကာ တစ်စက္ကန့်အတွင်း ကန်ချက်တစ်ရာက ယုဂျီ၏ခန္ဓာကိုယ်အား ထိမှန်သွားသည်။

မြင်ကွင်းက ဒေါသအိုးတစ်ယောက် အရူးအမူးပေါက်ကွဲနေသကဲ့သို့ပင်။

ထန်ရှု၏ခွန်အားက အလွန်သန်မာသော်လည်း သူတို့ကြား ကွာဟချက်က ဒီလောက်ကြီးမားမည်ဟု သူမက ဘယ်တော့မှ မထင်ထားပေ။

လက်ရည်စမ်းခြင်းက ခွန်အားအလုံးစုံထုတ်ဖော်ရသည့်တိုက်ပွဲတစ်ခုမဟုတ်ပေ။ ရန်သူအား မသတ်မိရန် ဂရုစိုက်ရသောကြောင့် သူတို့၏အားအကောင်းဆုံးတိုက်ခိုက်မှုအား ဖော်ထုတ်ရန် ခက်ခဲသည်။ မနေ့က ထန်ရှု၏ဓားတိုက်ကွက်က သူ၏အားအကောင်းဆုံးတိုက်ကွက်ဟု သူမက တွေးထားသည်၊ ထို့ကြောင့် သူက အလွန်အားကောင်းသော်လည်း အများကြီးမလုပ်နိုင်လောက်ပေ။

သို့သော် သူမ၏ခန္ဓာကိုယ်ပေါ်သို့ အဆက်မပြတ်ကျရောက်နေသော ထိုးနှက်မှုများက သူမက လုံးဝမှားယွင်းခဲ့သည်ကို သက်သေပြခဲ့၏။

“ငါ အရှုံးပေးတယ်”

စက္ကန့်သုံးဆယ်ကျော်လာပြီးနောက် ယုဂျီက မတောင့်ခံနိုင်တော့ဘဲ သနားငဲ့ညှာပေးရန်အတွက် တောင်းပန်လိုက်တော့၏။

ထန်ရှုက တိုက်ခိုက်မှုကို ရပ်တန့်ကာ ကျောက်တုံးကြီးပေါ်သို့ ပြန်လာပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ ထို့နောက် သူက စိတ်ပျက်လက်ပျက်ဖြစ်နေသောယုဂျီအား ကြည့်လိုက်၏။ လက်ရှိတွင် သူမပါးစပ်မှ သွေးတို့ ယိုစီးကျနေသည်။ ထို့နောက် သူက ပြောလိုက်၏ “မင်းကို စုဆောင်းဖို့ ငါ့မှာ ရည်ရွယ်ချက်ရှိတယ်၊ ဒါကြေင့် မနေ့က ငါ မင်းကို မရိုက်နှက်ခဲ့တာ။ အခု မင်းက ဒုက္ခရှာနေမှတော့ ငါက မင်းကို ကူညီပေးလိုက်ရတာပေါ့”

ပါးစပ်မှ သွေးသုတ်ကာ ယုဂျီက ထန်ရှုအား တောက်ပသောမျက်လုံးများနှင့် ကြည့်လိုက်သည်။ သူမက ထန်ရှုအရှေ့သို့ လျှောက်လာကာ ဒူးထောက်ပြီးနောက် ပြောလိုက်၏ “ကျွန်မကို မသတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှင်က တကယ်ကို အရမ်းသန်မာပေမယ့် ရှင်နဲ့မီရာဂျီကြားကွာဟချက်က ချောက်နက်တစ်ခုလိုပဲ၊ ပျော်ရွှင်ခြင်းနန်းတော်မှာလဲ ကျွမ်းကျင်သူတွေအများကြီးရှိတယ်။ ရှင်တို့ရဲ့ခွန်အားအရ ရှင်တို့က သူတို့ကို တိုက်ခိုက်နိုင်လိမ့်မှာ မဟုတ်ဘူး။ ကူဝါကိုက မဖြစ်စလောက်လူတစ်ယောက်ပဲ။ သူမရဲ့ကျင့်ကြံခြင်းအရဆိုရင် ပျော်ရွှင်ခြင်းနန်းတော်ထဲမှာ သူမက ထိပ်ဆုံးသုံးဆယ်ထဲ ဝင်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူမကို ခေါ်ပြီး ဂျပန်ကနေ ချက်ချင်းထွက်သွားကြပါ။ မစိုးရိမ်ပါနဲ့။ ကျွန်မ ရှင်တို့ရဲ့လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြောပြမှာမဟုတ်ဘူး”

ထိုသို့ပြောပြီးနောက် သူမ၏ခြေထောက်က မြေပြင်ပေါ် ခြေဆောင့်နင်းလိုက်ပြီး အဝေးသို့ လျှပ်စီးအလား ပြေးထွက်သွားသည်။ သူမ၏အရှိန်က အလွန်အမင်းမြန်ပြီး မျက်စိတစ်မှိတ်အတွင်း သူမက ရှောင်ဖန်းအပြင်ဘက် ပတ်ဝန်းကျင်၌ ထွက်ပေါ်လာခဲ့၏။

“တစ်ယောက်မှ မလိုက်လာဘူးလား”

စိတ်လှုပ်ရှားလျက် လှပသောအပြုံးတစ်ခုက ယုဂျီ၏လှပသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သို့သော် နောက်တစ်စက္ကန့်ပြီးနောက် သူမ၏အပြုံးက အေးခဲသွားတော့၏။

ဘန်း…

စွမ်းအင်ဒိုင်းကာတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ယုဂျီက ထိမှန်သွား၏၊ သူမ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး ချက်ချင်း လွင့်ထွက်သွား၏။ ကံကောင်းစွာနှင့် သူမက ကောင်းကောင်းတုံ့ပြန်နိုင်ခဲ့ပြီး မြေပြင်ပေါ်သို့ မကျသွားပေ။

ဝှစ်…ဝှစ်…ဝှစ်…

ပုံရိပ်အနည်းငယ်က သူမပတ်လည်တွင် ထွက်ပေါ်လာ၏၊ သို့သော် တစ်ယောက်မှ သူမအား မတိုက်ခိုက်ခဲ့ပေ။ သို့သော် သူတို့တစ်ယောက်ချင်းစီက သူမအား ပြုံးဖြဲဖြဲနှင့် ကြည့်နေကြ၏။

ရွှယ်ရှက မေးစေ့ပွတ်ကာ ပြောလိုက်၏ “ယိုး၊ အလှလေး။ ဂိုဏ်းချုပ်က ဒီအစီအရင်ကို သူကိုယ်တိုင် ခင်းကျင်းခဲ့တာ။ မင်းရဲ့စွမ်းအားက အဆများစွာ တိုးလာရင်တောင် ဒီအစီအရင်ကို ဖျက်ဆီးပြီး ထွက်သွားဖို့ မမျှော်လင့််နဲ့။ မင်း မယုံရင် စမ်းကြည့်ပေါ့။ နောက်မှ ဂိုဏ်းချုပ်ရှေ့မှာ ငိုယိုပြီး အသနားမခံနဲ့ပေါ့”

အစီအရင်တစ်ခုလား။

ယုဂျီက ဖြူဖတ်ဖြူရော်ဖြစ်သွား၏။ သူမ၏ဆရာ၊ ပျော်ရွှင်ခြင်းနန်းတော်သခင်က အစီအရင်တွင်လည်း ကျွမ်းကျင်သည်၊ အချို့က သူမအား ကြောက်ရွံ့စေသည်၊ ထို့ကြောင့် အစီအရင်တစ်ခုထုတ်လွှတ်နိုင်သည့်စွမ်းအားအား သူမက ကောင်းကောင်းသိ၏။

“ချိုးဖြတ်စမ်း…”

သူမက လက်မခံဘဲ စွမ်းအင်ဒိုင်းကာအား တိုက်ခိုက်လိုက်သည်၊ စွမ်းအင်ဒိုင်းကာက လှုပ်ယမ်းကာ ဂယက်ထပြီးနောက် ပုံမှန်အခြေအနေသို့သာ ပြန်ရောက်သွား၏။ သို့သော် ၎င်းက သူမအား တုန်လှုပ်မှုနှင့်အတူ နောက်ပြန်ဆုတ်စေရန် လုံလောက်သည်။

ထန်ကွမ်းက ဘာမှမပြောဘဲ သူမထံ ဓားတစ်လက် ပစ်ပေးလိုက်သည်။

ယုဂျီက ဓားကို လက်ခံလိုက်သည်။ ထို့နောက် ဓားပုံရိပ်များက စွမ်းအင်ဒိုင်းကာအား ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ သို့သော် သူမ၏အားထုတ်မှုအားလုံးက အချည်းနှီးသာ။ သူမက အစီအရင်အား မချိုးဖြတ်နိုင်သလို ထွက်ပြေးရန်လဲ နည်းလမ်းများမရှိပေ။

နောက်ဆုံးတွင် ယုဂျီက ထန်ရှုထံ ကြောက်ရွံ့မှု၊ ရိုသေလေးစားမှု၊ နှိပ့်ချမှုတို့နှင့်အတူ ပြန်လာသည်။ ဘာလှည့်ကွက်မှ မရှိဘဲ သူမက ရိုးရိုးသားသား ဒူးထောက်လိုက်၏။

All Chapters