← Chapters

တဖြည်းဖြည်းသဘောပေါက်လာခြင်း

Vol. 83 Ch. 1156

တဖြည်းဖြည်းသဘောပေါက်လာခြင်း

Vol. 83 Ch. 1156

ယုဂျီက ဉာဏ်ကောင်းသောအမျိုးသမီးတစ်ယောက်ဖြစ်၏။ ဒီမတိုင်ခင်တုန်းက ထန်ရှု၏ခွန်အားက သူမအား ထိတ်လန့်စေခဲ့သည်၊ သို့သော် သေခြင်းတရား၏ခြိမ်းခြောက်မှုအား ရင်ဆိုင်နေရသော်ငြား သူမက ပျော်ရွှင်ခြင်းနန်းတော်သခင်အား သစ္စာဖောက်ရန် မရွေးချယ်ခဲ့ပေ။ ထန်ရှုအား အညံ့ခံရန် သူမက နှုတ်အားဖြင့် ဝန်ခံခဲ့သော်လည်း စိတ်ထဲတွင် အကြံထုတ်ထား၏။ ကုသမှုပြီးနောက် ထန်ရှုအား စိန်ခေါ်ကာ သူ၏ခွန်အားအား စမ်းသပ်ရင်း အချိန်မရွေး ထွက်ပြေးရန်အတွက် ပြင်ဆင်ထား၏။

သို့သော် ဤအချိန်တွင် သူမ၏နှလုံးသားက အေးစက်သွားသည်၊ ဤတရုတ်ကျင့်ကြံသူလူငယ်က ကြောက်စရာကောင်းသောခွန်အားရှိရုံတင်မက ထိတ်လန့်စရာကောင်းသောဉာဏ်ပညာလည်း ရှိသည်ကို သူမက သဘောပေါက်လိုက်၏။ သူက သူမ၏ရည်ရွယ်ချက်ကိုပင် ဖြတ်မြင်နိုင်ပြီး အစီအရင်အား ကြိုတင်ခင်းကျင်းထားခဲ့သည်။

ငါ ဘာလုပ်ရမလဲ။ ငါ တကယ်ပဲ သူ့ကို အညံ့ခံရမှာလား။

ဒါပေမယ့် ဒါဆို ငါ့မှာရှိနေတဲ့ အကန့်အသတ်ချိတ်ပိတ်ကို ငါ ဘယ်လို ဖြေရှင်းရမှာလဲ။ ငါ အဲဒါကို ယာယီပဲ ချိတ်ပိတ်နိုင်မှာ။ ဒါပေမယ့် အချိန်အချို့ကြာရင် ချိတ်ပိတ်က ငါ့အပေါ် သေချာပေါက်သက်ရောက်လာလိမ့်မယ်။ အဲအခါကျရင် ငါ့ရဲ့အသိစိတ်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်၊ ငါ ဘာမှ မလုပ်နိုင်ဘဲ သေသွားနိုင်တယ်။

ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေသောထန်ရှုက ယုဂျီ၏အမူအရာအား တည်ငြိမ်စွာ အကဲဖြတ်နေသည်။ ထို့နောက် သူမက တိတ်ဆိတ်နေစဉ်အတွင်း သူက ဖြည်းဖြည်းချင်း‌ မေးလိုက်၏ “မင်းရဲ့ပျော်ရွှင်ခြင်းနန်းတော်က အနေအထားနဲ့ ပတ်သက်ပြီး အဖြေတစ်ခုရဖို့အတွက် ငါ ဘာလို့ မင်းကို ဖိအားမပေးသလဲဆိုတာ မင်း သိလား”

တွေးဆသောအကြည့်နှင့် ယုဂျီက ပြန်ဖြေသည် “ငါ မထွက်ပြေးနိုင်ဘူးလို့ ထင်တာကြောင့်လား”

“ဒါက အကြောင်းပြချက်များစွာထဲကတစ်ခုပဲ”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “ဒါပေမယ့် အဓိကတစ်ခုမဟုတ်ဘူး”

“ဒါဆို အကြောင်းပြချက်က ဘာလဲ”ယုဂျီက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

“ငါ့ရဲ့ချိတ်ပိတ်နည်းစနစ်ကို မင်းဆီကနေ ငါ ဖယ်ရှားတုန်းက မင်းဆီမှာ နောက်တစ်ခုကိုလဲ ငါ ထုတ်ဖော်ခဲ့တယ်။ မင်းက အဲဒါကို သတိမပြုမိတာ။ ဒါပေမယ့် အရင်ကတည်းက မင်းဆီမှာ ထုတ်ဖော်ထားတဲ့အတားအဆီးချိတ်ပိတ်တစ်ခုကိုလဲ ငါ သတိပြုမိခဲ့တယ်။ ငါ ထင်တာမှန်ရင် အဲဒီအတားအဆီးက မင်းဆီမှာ ပျော်ရွှင်ခြင်းနန်းတော်သခင်က ထုတ်ဖော်ထားတာဖြစ်ရမယ်၊ မင်း သူ့ကို သစ္စာဖောက်တာကို ကာကွယ်ဖို့အတွက်ပေါ့”

“ရှင် အဲဒါကို ရှာတွေ့နိုင်တာလား”ယုဂျီက အံ့အားသင့်စွာ ပြေလိုက်၏။

“ငါက မှော်နဲ့လျှို့ဝှက်ပညာရပ်တွေမှာ ပထမလို့ ပြောရင် ဒီကမ္ဘာမှာ ဒုတိယလို့ ဘယ်သူက မပြောရဲဘူး။ စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ထုတ်ဖော်ခဲ့တဲ့ဒီလိုချိတ်ပိတ်တစ်ခုက ငါ့အတွက် ဟာသတစ်ခုလိုပဲ။ ဒါကို ဖယ်ရှားဖို့ဆိုတာ အရမ်းလွယ်တယ်”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည်။

ဤအခါတွင် ယုဂျီ၏အမူအရာက အပြင်းအထန် ပြောင်းလဲသွားသည်။ သူမက ထန်ရှုအား စိုက်ကြည့်ကာ ပြောလိုက်၏ “ရှင်က အဲဒီချိတ်ပိတ်ကို တကယ် ဖယ်ရှားနိုင်မယ်ဆိုရင် ကျွန်မရဲ့ဒီအသက်ကို ရှင့်ကို ရောင်းမယ်”

“မင်းအသက်က ငါ့အတွက် တန်ဖိုးမရှိပါဘူး”ထန်ရှုက ခေါင်းခါယမ်းလိုက်သည် “မင်းရဲ့လက်ရှိကျင့်ကြံခြင်းလောက်ကို နောက်နှစ်အနည်းငယ်လောက်ကျရင် ငါ့လူတွေက ရောက်ရှိလာလိမ့်မယ်၊။ ငါ မင်းကို မသတ်ဘဲ ဆေးလုံးတွေကိုတောင် ဖြုန်းတီးခဲ့တဲ့အကြောင်းပြချက်က ဂျပန်မှာ သူမရဲ့ကိစ္စတွေကို ကိုင်တွယ်တဲ့အခါမှာ မင်းကို ကူဝါကိုကို ကူညီပေးခိုင်းဖို့ ရည်ရွယ်ချက်ရှိလို့ပဲ။ ငါက မင်းအပေါ် ကြွေကျသွားတယ်လို့ မင်းက ထင်နေတာလား”

ယုဂျီက နှုတ်ဆိတ်သွားသည်။ ထန်ရှုနှင့် ပတ်သက်ပြီး သူမက ဘာတစ်ခုမှ မသိပေ။ ထန်ရှုက အမှန်တရားပြောနေသည်လားကိုပင် သူမက မသိပေ။ သို့သော် တစ်ခုတော့ သေချာ၏။ သူမအရှေ့ရှိ ဤကျင့်ကြံသူက သူမ တွေ့ဖူးသမျှထဲတွင် ကြောက်စရာအကောင်းဆုံးပုဂ္ဂိုလ်ဖြစ်၏။ ပျော်ရွှင်ခြင်းနန်းတော်သခင်ပင် သူ့အောက်တွင် ရှိပေ၏။

“ဒါဆို ဒီပျော်ရွှင်ခြင်းနန်းတော်ရဲ့သခင်က ဘယ်သူလဲ”ထန်ရှုက နက်ရှိုင်းသောအသံနှင့် မေးလိုက်သည်။

ထန်ရှုထံမှ ကတိမရသေးသောကြောင့် ယုဂျီက မေးခွန်းအား မဖြေချင်ပေ။ သို့သော် ဤလူက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုသည်နှင့် သူမက မလွတ်မြောက်နိုင်သည်ကို သတိရလိုက်ပြီးနောက် သူမက နောက်ဆုံးတွင် အလောင်းအစားလုပ်ရန် ဆုံးဖြတ်ချက်ချလိုက်၏။ သူမက နက်ရှိုင်းသောအသံနှင့် ပြန်ဖြေသည် “သူ့ရဲ့အထောက်အထားနဲ့ ပတ်သက်ပြီး ငါ သေချာမသိဘူး။ လွန်ခဲ့တဲ့ရာစုနှစ်က သူက ဂျပန်ကို ရောက်လာပြီး‌ ပျော်ရွှင်ခြင်းနန်းတော်ကို တည်ထောင်ခဲ့တာကိုပဲ ငါ သိတယ်။ ဂျပန်ကို စရောက်လာတုန်းက သူက ဘုန်းကြီးတစ်ပါးအနေနဲ့ ထွက်ပေါ်လာတယ်လို့ ကောလဟလက ပြောကြတယ်”

ရုတ်တရက် သူမက တစ်ခုခုအား သတိရကာ ထပ်ပြော၏ “ဟုတ်တယ်၊ နောက်တစ်ခုရှိတယ်။ သူ ဒီကို ရောက်ကာစက တရုတ်စကားပြောခဲ့တာကြောင့် သူက တရုတ်က ဖြစ်မယ်။ ဒီနေရာမှာ အချိန်အချို့ နေပြီးနောက်မှ သူက ဂျပန်ဘာသာစကားကို တဖြည်းဖြည်း သင်ယူခဲ့တယ်”

“ငါ ထင်တာ မှန်ရင် သူက ပျော်ရွှင်ခြင်းဂိုဏ်းက ဖြစ်ရမယ်။ ဗုဒ္ဓကျောင်းမှာ ပျော်ရွှင်ခြင်းဂိုဏ်းလို့ခေါ်တဲ့ခွဲထွက်အဖွဲ့တစ်ခုရှိတယ်လို့ ကျင့်ကြံခြင်းကမ္ဘာက သူငယ်ချင်းတစ်ယောက်ဆီကနေ ငါ ကြားခဲ့တယ်။ ကံမကောင်းစွာနဲ့ ဒီဂိုဏ်းရဲ့နိယာမနဲ့သင်ကြားရေးက ဗုဒ္ဓဂိုဏ်းတွေနဲ့ နေ့နဲ့ညလို ဖြစ်နေတယ်၊ ဒါကြောင့် ကျန်တဲ့ဗုဒ္ဓဂိုဏ်းတွေက အဲဒါကို သည်းမခံနိုင်ဖြစ်လာတယ်၊ ရလဒ်အားဖြင့် ပျော်ရွှင်ခြင်းဂိုဏ်းဝင်တွေအားလုံးက သုတ်သင်သတ်ဖြတ်ခြင်းခံခဲ့ရတယ်။ မင်းရဲ့ပျော်ရွှင်ခြင်းနန်းတော်သခင်က ပျော်ရွှင်ခြင်းဂိုဏ်းရဲ့အသက်ရှင်ကျန်ရစ်တဲ့အဖွဲ့ဝင်ပဲဖြစ်ရမယ်”

ထိုအထိ ပြောပြီးနောက် သူက ဖုန်းထုတ်ကာ မြောင်ဝမ်ထန်း၏နံပါတ်အား ခေါ်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏ “ငါ မင်းရဲ့အကူအညီကို လိုအပ်တယ်၊ အကိုမြောင်”

“ဘာကိစ္စလဲ”မြောင်ဝမ်ထန်က ပြန်ပြော၏ “ပြောပါ၊ ငါ့ရဲ့စွမ်းရည်အတွင်းမှာ ရှိသရွေ့ ငါ လုပ်ပေးပါ့မယ်”

“ငါတို့တွေ အရင်တစ်ခါတုန်းက ဗုဒ္ဓဂိုဏ်းတွေနဲ့ ပတ်သက်ပြီး စကားစမြည်ပြောဖူးတယ်လေ”ထန်ရှုက ပြောလိုက်၏ “ငါ မင်းကို ဗုဒ္ဓဂိုဏ်းဆီ ခရီးတစ်ခေါက်ထွက်ပြီး သူတို့ကို ကိစ္စအချို့ ပြောပေးစေချင်တယ်”

“ဘာကိစ္စလဲ”မြောင်ဝမ်ထန်က မေးလိုက်သည်။

“ပျော်ရွှင်ခြင်းဂိုဏ်းရဲ့အသက်ရှင်ကျန်နေတဲ့အဖွဲ့ဝင်အချို့က ဂျပန်မှာ ရှိနေတယ်၊ သူတို့ထဲကအချို့က အရမ်းအားကောင်းတယ်”ထန်ရှုက ရှင်းပြလိုက်၏ “သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က စိတ်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ ညီမျှပြီး အဲထက်တောင် ပိုသန်မာနိုင်တယ်။ အရေးကြီးဆုံးကတော့ သူက ဒီနေရာမှာ ကြောက်စရာကောင်းတဲ့စွမ်းအားနဲ့လွှမ်းမိုးမှုရှိတာပဲ၊ သူ့ရဲ့နန်းတော်က ဂျပန်မှာ အကြီးဆုံးနဲ့အဆန်းကြယ်ဆုံးဂိုဏ်းလို့ ပြောလို့ရတယ်”

“ပျော်ရွှင်ခြင်းဂိုဏ်းလား”မြောင်ဝမ်ထန်က အံ့အားသင့်စွာ ပြောလိုက်သည် “အတိတ်မှာ ဒီဂိုဏ်းက မုဒိန်းသမားတစ်အုပ်လိုပဲ၊ အမျိုးသမီးများစွာကို ဖျက်ဆီးခဲ့တယ်။ ဒီဂိုဏ်းရဲ့အဖွဲ့ဝင်အချို့က အသက်ရှင်နေသေးမယ်လို့ ငါ ဘယ်တော့မှ မထင်ထားဘူး။ အကိုထန်၊ သူတို့က ပျော်ရွှင်ခြင်းဂိုဏ်းရဲ့အဖွဲ့ဝင်တွေကို တွေ့ရာဓားမဆိုင်သတ်ဖြတ်ပစ်မယ်လို့ ဗုဒ္ဓကျောင်းက သတင်းထုတ်ထားတာ ကြာပြီ။ ကောင်းပြီလေ၊ ငါ ဗုဒ္ဓဂိုဏ်းဆီ ချက်ချင်းသွားပြီး သူတို့ရဲ့ခေါင်းဆောင်ကျောင်းထိုင်ဘုန်းကြီးကို တင်ပြလိုက်မယ်”

“ကျေးဇူးအများကြီးတင်ပါတယ်”ထန်ရှုက ပြောလိုက်သည်။

ဖုန်းချပြီးနောက် သူက ယုဂျီအား ထပ်ကြည့်ကာ ပြောလိုက်၏ “အခု မင်းရှေ့မှာ ရွေးချယ်စရာနှစ်ခုရှိသေးတယ်၊ အဲဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးလဲ ဟုတ်တယ်။ ကူဝါကိုကို ကူညီပေးမလား ဒါမှမဟုတ် ချက်ချင်း အသတ်ခံမလား”

“ငါ့မှာ အခြားရွေးချယ်စရာရှိသေးလား”ယုဂျီက ခါးသီးစွာ ပြန်ပြော၏။

“မင်းမှာ ဘာမှမရှိဘူးဆိုတာ မင်း သိပြီးသားပါ၊ ဒါကြောင့် အညံ့ခံလိုက်ပါ”ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်၏။

“ငါ့ခန္ဓာကိုယ်ပေါ်က ချိတ်ပိတ်ကို ဖြေရှင်းနိုင်သရွေ့ ငါ အညံ့ခံပြီး ငါ့ရဲ့အသက်ကို ပေးပါ့မယ်”ယုဂျီက ခေါင်းညိတ်လိုက်သည်။

“မင်းရဲ့အသက်ကို ငါ့ကို ပေးဖို့ ဆန္ဒရှိမှတော့ မင်းရဲ့ခန္ဓာကိုယ်ပေါ်က ချိတ်ပိတ်ကို ဖယ်ရှားရင်း နောက်ထပ်တစ်ခုကို ငါ ချန်ထားမယ်”ထန်ရှုက ပြောလိုက်သည်။

“ရှင်…”ယုဂျီက ဒေါသထွက်သွားသည်။

“ဟမ့်၊ ဂိုဏ်းချုပ်က ငါ့အပေါ်မှာလဲ ချိတ်ပိတ်ဖော်ထုတ်ထားတာပဲ”ကူဝါကိုက နှာခေါင်းရှုံ့လာသည် “ရှင်က ကျွန်မထက် မျက်နှာသာပိုရမယ်လို့ ထင်တာလား။ ကျွန်မ ရှင့်ကို ပြောပြမယ်၊ ရှင့်ကို အသက်ချမ်းသာပေးတာကတင် ဂိုဏ်းချုပ်က အတော်လေးစေတနာထားနေပြီ”

ယုဂျီက နှုတ်ဆိတ်သွားပြန်၏။

ထို့နောက် ထန်ရှုက စိတ်မဝင်စားစွာ ပြောလိုက်သည် “မင်းက ငါ့ကို အညံ့ခံဖို့ ရွေးချယ်သရွေ့ အနာဂတ်မှာ မင်းက အဆက်မပြတ်တိုးတက်ဖို့ မျှော်လင့်ထားနိုင်တယ်၊ နောက်ကျရင် ပျော်ရွှင်ခြင်းနန်းတော်သခင်ကိုတောင် မင်း ကျော်သွားနိုင်တယ်။ ငါ့မှာ အခြားအရာတွေမရှိပေမယ့် ဆေးလုံးနဲ့ဆေးဝါးတွေတော့ အမြောက်အများရှိတယ်။ အကျိုးဆောင်မှုတွေ ပြုလုပ်နိုင်ရင် မင်းက အဲဒါတွေကို ရလိမ့်မယ်”

‘ဆေးလုံးနဲ့ဆေးဝါးတွေလား’

သူမအား ထန်ရှု ပေးခဲ့သည့် သန့်စင်ဒဏ်ရာပျောက်ဆေးအား ယုဂျီက သတိရလိုက်သည်။ ၎င်း၏ဆေးအာနိသင်က အသိအမှတ်ပြုစရာကောင်းသည်၊ သူမ၏ဒဏ်ရာများတွင် အသားအသစ်များပင် ပြန်ပေါက်လာပြီး ဒဏ်ရာပြင်းထန်သောအတွင်းအင်္ဂါများက ပြန်ကောင်းလာသည်။ ထို့ပြင် သူမစိမ်ခဲ့သည့်ထိုရေကန်က သူမ၏ရုပ်ပိုင်းဆိုင်ရာအား သန့်စင်ပေးပြီး ယခင်ကထက် ဆယ်ဆပိုသန်မာလာစေ၏။

“ငါ အညံ့ခံတယ်”ယုဂျီက အရိုအသေပေးလိုက်သည်။

ထန်ရှုက ခေါင်းညိတ်လိုက်သည်။ ယုဂျီ၏ခန္ဓာကိုယ်ပေါ်ရှိ ချိတ်ပိတ်အသက်သွင်းထားခြင်းအား ပယ်ဖျက်ပေးပြီးနောက် သူက ပြောလိုက်၏ “လက်ရှိအချိန်မှာ မင်းကိုယ်ပေါ်မှာ ပျော်ရွှင်ခြင်းနန်းတော်သခင်ထုတ်ဖော်ထားတဲ့ချိတ်ပိတ်ကို ငါ မဖယ်ရှားနိုင်ဘူး။ ငါ အဲလိုလုပ်လိုက်တာနဲ့ သူ ချက်ချင်း သတိပြုမိသွားလိမ့်မယ်။ ဒါပေမယ့် ဒါနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့ မလိုဘူး။ သူ သေသွားတာနဲ့ ငါ မင်းကို ကူညီပေးမယ်”

“ဒါပေမယ့် သူ သေသွားရင် ငါလဲ အသက်မရှင်နိုင်ဘူး”ယုဂျီက ကမန်းကတန်း ဖြတ်ပြောလိုက်သည်။

“သူ မင်းအပေါ်မှာ ဖော်ထုတ်ခဲ့တဲ့မန္တန်ကို ငါ သိပြီးသားပါ။ အဲဒါက အရမ်းရက်စက်တယ်၊ မင်းအသက်က သူ့အပေါ်မှာ မူတည်တယ်။ သူသေရင် မင်းလဲ သေရမယ်၊ သူ ရှင်ရင် မင်း ရှင်မယ်။ သူလဲ မင်းရဲ့ရှင်ခြင်းသေခြင်းကို အလွယ်တကူထိန်းချုပ်နိုင်တယ်”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည် “ဒါပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်း စိတ်ချပါ။ မင်းရဲ့အသက်ကို ကာကွယ်ဖို့ ငါ့မှာ နည်းလမ်းတစ်ခုရှိပါတယ်”

ဤသည်ကို ကြားပြီးနောက် ယုဂျီက စိတ်သက်သာရာရသွား၏။ ထို့နောက် သူမက ရိုသေလေးစားစွာ ပြောလိုက်သည် “ထန်…ကျွန်မ ရှင့်ကို ဘယ်လိုခေါ်ရမလဲ”

“ငါ့ကို သူဌေးလို့ပဲ ခေါ်ပါ”ထန်ရှုက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။

“နားလည်ပါပြီ၊ သူဌေး”ယုဂျီက ခေါင်းညိတ်လိုက်၏။

“ဒါဆို ငါ့ကို ပျော်ရွှင်ခြင်းနန်းတော်ရဲ့ယေယုယျပုံစံကို ပြောပြောပါ”ထန်ရှုက ပြောလိုက်သည် “အဲမှာ လူဘယ်လောက်ရှိလဲ၊ ဂျပန်မှာ ၎င်းရဲ့လွှမ်းမိုးမှုနဲ့စွမ်းအားက ဘယ်လောက်ကြီးမားလဲ”

“ငါက နန်းတော်ရဲ့ပုံစံကို မဖြစ်စလောက်ပဲ သိတာပါ။ မီရာဂျီက လွဲပြီး နန်းတော်ထဲကတစ်ယောက်မှ အဲနေရာရဲ့အနေအထားအပြည့်အစုံကို မသိကြဘူး”ယုဂျီက ပြန်ဖြေသည် “ဒါပေမယ့် အထဲက ယေယုယျဖွဲ့စည်းပုံအချို့တော့ ငါ သိတယ်။ ပျော်ရွှင်ခြင်းနန်းတော်မှာ အကြီးအကဲလေးယောက်ရှိတယ်၊ သူတို့က မီရာဂျီရဲ့လူယုံတော်တွေပဲ၊ သူတို့က သူနဲ့အတူ ဂျပန်ကို ပါလာတာ။ အကြီးအကဲလေးယောက်အောက်မှာ ကောင်းကင်ဘုံနတ်သမီး၃၆ယောက်ရှိတယ်၊ ငါက အဲထဲက တစ်ယောက်ပဲ၊ သူတို့အောက်မှာ စစ်တုရင်းအပိုင်းအစ၇၂ခုရှိတယ်။ အဲဒီ၇၂ယောက်ထဲမှာ အိုဆာရှီနဲ့နောက်တစ်ယောက်ပဲ ငါ သိတယ်၊ ကျန်တဲ့လူတွေကို ငါ မသိဘူး”

“ဒါဆို အခြားစစ်တုရင်အပိုင်းအစက ဘယ်သူလဲ”ထန်ရှုက မေးလိုက်သည်။

“အင်နာဒါသိုင်းလေ့ကျင့်ရေးသင်တန်းရဲ့ခေါင်းဆောင်ဒါယီခူရာဆာခူရာဂီပဲ”ယုဂျီက ဖြေလိုက်သည်။

“အင်နာဒါသိုင်းလေ့ကျင့်ရေးသင်တန်းလား”ထန်ရှုက ကူဝါကိုဘက် လှည့်လိုက်သည်။

ကူဝါကိုက ရိုသေလေးစားစွာ ရှင်းပြလိုက်သည် “အင်နာဒါသိုင်းလေ့ကျင့်ရေးသင်တန်းက ဂျပန်မှာ အလွန်ကျော်ကြားတဲ့ဒိုဂျို(သိုင်းလေ့ကျင့်ရာနေရာ)တစ်ခုပဲ။ ၎င်းရဲ့ဒိုဂျိုချို(ဒိုဂျိုခေါင်းဆောင်) ဒါယီခူရာဆာခူရာဂီက ပျော်ရွှင်ခြင်းနန်းတော်က ဖြစ်နေမယ်လို့ ငါ မထင်ထားဘူး။ ငါ သူနဲ့ တစ်ခါ တိုက်ခိုက်ဖူးတယ်။ သူက အသိအမှတ်ပြုလောက်စရာခွန်အားရှိတယ်။ ဒါပေမယ့် သူက ပိုက်ဆံကို ချစ်ပြီး မိန်းမလဲ လိုက်စားတယ်”

ထန်ရှုက ခေါင်းညိတ်တုံ့ပြန်ကာ ပြောလိုက်သည် “ကူဝါကို၊ ဒီပျော်ရွှင်ခြင်းနန်းတော်ခေါင်းဆောင်က မင်းကို သတိထားမိသွားပြီ၊ ဒါကြောင့် လက်ရှိအချိန်မှာ မင်း သိုသိုသိသိပ်နေရင် ပိုကောင်းမယ်၊ ပြီးတော့ သူတို့ရဲ့လမ်းကြောင်းတွေကို မဖော်ပြမိစေဖို့ မင်းရဲ့နောက်လိုက်တွေကို အမိန့်ပေးလိုက်ပါ။ မင်း ဂျပန်ကနေ အချိန်ခဏလောက် ထွက်သွားရင်လဲ အဆင်ပြေပါတယ်”

ကူဝါကိုက တုံ့ဆိုင်းပြီးနောက် ပြောလိုက်သည် “ယုဂျီက မလှုပ်ရှားသရွေ့ ငါ့လူတွေက အဆင်ပြေပါလိမ့်မယ်”

“အခု ငါက သူဌေးရဲ့လက်အောက်ငယ်သားဖြစ်နေပြီ၊ ဒါကြောင့် ငါ မင်းနဲ့မင်းလူတွေကို သစ္စာမဖောက်ပါဘူး”ယုဂျီက ကမန်းကတန်း ကြားဖြတ်ပြောလိုက်သည်။

ထန်ရှုက တည်ငြိမ်စွာ ပြောလိုက်၏ “ယုဂျီ၊ ငါ မင်းကို လုပ်ခိုင်းစရာတစ်ခုရှိတယ်…”

All Chapters