အလုပ်ကြီးအကိုင်ကြီး
Vol. 83 Ch. 1157
အင်နာဒါသိုင်းလေ့ကျင့်ရေးသင်တန်းကျောင်းက ဂျပန်တွင် လူသိများသောဒိုဂျိုတစ်ခုဖြစ်ပြီး ကျောင်းခွဲတစ်ရာကျော်ရှိသည်၊ ဒိုဂျိုတစ်ခုစီအား ဒါယီခူရာဆာခူရာဂျီ၏တပည့်များက ပဲ့ကိုင်ထား၏။
အမာခါဝါစီရင်စု။
အင်နာဒါသင်တန်းကျောင်း၏ပင်မဒိုဂျိုက ဤနေရာတွင် တည်ရှိပြီး ဧရိယာဆယ်ဧကကျော်ကျယ်၏။ အဆောက်အဉီးတစ်ခုကလွဲပြီး ကျန်တာအားလုံးအား လေ့ကျင့်ရေးကွင်းတစ်ခုအဖြစ် ပြောင်းလဲထားသည်။ ပင်မခန်းမထဲတွင် တပည့်အနည်းငယ်သာ ရှီသော်ငြား အများစုက လက်ရွေးစင်များဖြစ်ကြ၏။
အတွင်းပိုင်းတွင် ဂျပန်စတိုင်နှစ်ထပ်အဆောက်အဉီးတစ်ခုရှိသည်။ ဒုတိယအထပ် ပြတင်းပေါက်နားတွင် ဒါယီခူရာဆာခူရာဂျီက ထိုင်လျက် ဆာကီသောက်ရင်း အလှလေးနှစ်ယောက်က နှိပ်နယ်ပေးနေသည်၊ သူ့လက်ထဲရှိ စီးကရက်မှ မီးခိုးငွေ့များ တလူလူထွက်နေ၏။
ဖတ်…ဖတ်…ဖတ်…
လှေကားမှ ခြေသံများ ကြားရ၏၊ သန်မာသောလူတစ်ယောက်က ဒါယီခူရာဆာခူရာဂျီအရှေ့တွင် ထွက်ပေါ်လာကာ တင်ပြလိုက်သည် “ဒိုဂျိုချို၊ ဖောက်သည်ကြီးတစ်ယောက် လာလည်တယ်”
ဒါယီခူရာက မျက်တောင်ပင် မခတ်ဘဲ ပြောလိုက်၏ “ဘယ်က ဖောက်သည်ကြီးလဲ”
“သူက စင်ကာပူကလို့ ပြောတယ်၊ ဂျပန်မှာ မြေအောက်အဖွဲ့တွေများစွာ ရှိတယ်ဆိုတာကို သူ သိတယ်။ ဒါကြောင့် သူ့ရဲ့ဘေးကင်းမှုကို စိုးရိမ်ပြီး ငါတို့ဆီက ကိုယ်ရံတော်အချို့ ငှားဖို့ ဒီနေရာကို ရောက်လာတာ”တောင့်တင်းသန်မာသောလူက ရှင်းပြလိုက်၏ “သူ့ရဲ့ဘေးကင်းမှုကို အာမခံသရွေ့ ပိုက်ဆံက ပြဿနာမဟုတ်ဘူးလို့ ပြောတယ်”
“ပိုက်ဆံက ပြဿနာမဟုတ်ဘူးလား” ဒါယီခူရာဆာခူရာဂျီက မော့ကြည့်ကာ ဖြည်းဖြည်းချင်း မေးလိုက်သည် “သူက လူဘယ်လောက်လိုချင်တာလဲ”
“လူတစ်ရာ”ထိုလူက ပြန်ဖြေ၏။
“ဘာ” ဒါယီခူရာဆာခူရာဂျီ၏အမူအရာက ပြောင်းလဲသွားပြီး မယုံကြည်နိုင်သောအသွင်ဖြစ်သွား၏။ ပင်မခန်းမ၏စီးပွားရေးလုပ်ငန်းက တကယ်တော့ သိုင်းပညာသင်ကြားပေးခြင်းမဟုတ်ပေ၊ ဘော်ဒီဂတ်များ ထောက်ပံ့ပေးသော လေ့ကျင့်ရေးဌာနတစ်ခုဖြစ်သည်။ ဤနေရာက ဒိုဂျိုတစ်ခုနှင့် တူသော်လည်း လုံခြုံရေးကုမ္ပဏီတစ်ခုဟု ခေါ်ရန် ပိုကောင်းသည်။
လူတစ်ရာလား။
လွန်ခဲ့သောနှစ်လေးဆယ်ကျော်က သူက အနာဒါလေ့ကျင့်ရေးသင်တန်းကျောင်းအား တည်ထောင်ခဲ့သော်လည်း တစ်ယောက်ယောက်မှ ဘော်ဒီဂတ်တစ်ရာအား ငှားယူခြင်းအား သူက ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ ဤနေရာတွင် ဘော်ဒီဂတ်များငှားရန်က အလွန်ဈေးကြီးသည်ကို သိရပေမည်၊ သို့သော် ဤလူက လူတစ်ရာငှားချင်သည်တဲ့လား။ ဒီသူဌေးကြီးက တတ်နိုင်မှာလား။
“ဒီလူက ဘယ်သူလဲ”
“သူ့နာမည်က ထန်၊ စင်ကာပူက ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့မျိုးဆက်တစ်ယောက်လို့ သူ ပြောတယ်”တောင့်တင်းသန်မာသောလူက ခေါင်းခါယမ်းလိုက်သည် “ဒီတစ်ကြိမ် ဂျပန်နိုင်ငံကို လာလည်တာက ကစားဖို့အတွက်ပဲ။ အခြားတစ်ဖက်မှာ သူက သူနဲ့အတူ ပွဲကြီးပွဲကောင်းတွေ ကစားဖို့ ဂျပန်လောင်းကစားသမားတစ်ယောက်ကို ရှာမလို့ပဲ”
လောင်းကစားသမားတစ်ယောက်ကို ရှာတာလား။
ဆာခူရာဂျီဒါရီခူရာက မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “သူ့ရဲ့အဲဒီလောင်းကစားမိတ်ဆွေက ဘယ်သူလဲဆိုတာ သူ ပြောခဲ့လား”
“အဲဒီလူမှာ ထူးခြားတဲ့အထောက်အထားတစ်ခုရှိတယ်လို့ပဲ သူ ပြောခဲ့တယ်”တောင့်တင်းသန်မာသောလူက ခေါင်းခါယမ်းလိုက်သည်။
ဒါယီခူရာက စက္ကန့်သုံးဆယ်ကြာ နှုတ်ဆိတ်သွားသည်။ ထို့နောက် သူက စီးကရက်ပစ်ချကာ ထရပ်လိုက်သည်။ သူက ကုတ်အင်္ကျီအား ဆွဲယူပြီးနောက် ပြောလိုက်၏ “ဘော်ဒီဂတ်တစ်ရာကို ငှားနိုင်တဲ့ဘယ်သူမဆို သာမန်လူမဟုတ်ဘူး။ ငါ့ကို သူနဲ့ တွေ့ဖို့ ခေါ်သွားပါ”
နောက်ထပ်မိနစ်အနည်းငယ်ကြာပြီးနောက် VIPခန်းတွင် ထိုင်နေသော ထန်ရှုအား ဒါရီခူရာက မြင်တွေ့လိုက်ရသည်။ သူ့အကြည့်က ထန်ရှုအနားတစ်ဝိုက်ရှိ အမျိုးသားနှစ်ယောက်နှင့်အမျိုးသမီးနှစ်ယောက်ထံ ရိုက်ခတ်သွားပြီးနောက် သူက ချက်ချင်း ပြုံးကာ နှုတ်ဆက်လိုက်၏ “မင်းက မစ္စတာထန်လို့ခေါ်တဲ့တစ်ယောက်မလား။ ဂျပန်က ကြိုဆိုပါတယ်…”
ရုပ်ဖျက်ထားသောကူဝါကိုဘက်လှည့်ကာ ထန်ရှုက အင်္ဂလိပ်လို မေးလိုက်သည် “သူ ဘာပြောတာလဲ”
ကူဝါကိုက ရှင်းပြပြီးနောက် ပြောလိုက်သည် “သူက အင်နာဒါသိုင်းသင်တန်းကျောင်းရဲ့ဒိုဂျိုချိုဒါရီခူရာဆာခူရာဂီပဲ”
ထန်ရှုက ချက်ချင်းနားလည်လိုက်ပြီး ထရပ်ကာ ပြောလိုက်၏ “မင်းနဲ့တွေ့ရတာ ဝမ်းသာပါတယ်၊ မစ္စတာဆာခူရာဂီ။ ငါ အင်္ဂလိပ်လိုပြောတာကို မင်း နားလည်တယ်မလား။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ငါ့မိသားစုက စင်ကာပူကို ပြောင်းရွှေ့ခဲ့တာဆိုတော့ ငါ့တိုင်းပြည်ရဲ့ဘာသာစကားဖြစ်တဲ့အင်္ဂလိပ်နဲ့တရုတ်စကားကိုပဲ ပြောနိုင်တော့တယ်”
စင်ကာပူအများစုက တရုတ်မှ ဆင်းသက်လာသည်ကို ဒါရီခူရာက သိ၏။ ထို့နောက် သူက ခေါင်းညိတ်ကာ အင်္ဂလိပ်စကားကျွမ်းကျင်စွာ ပြောလိုက်၏ “အင်္ဂလိပ်က နိုင်ငံတကာသုံးဘာသာစကားတစ်ခုလေ၊ ဒါကြောင့် ငါ အနည်းငယ် ပြောနိုင်ပါတယ်၊ မစ္စတာထန်။ မင်းက ငါတို့ရဲ့ဖောက်သည်ကြီးတစ်ယောက်ပဲ၊ ဒါကြောင့် မင်းရဲ့တောင်းဆိုချက်တွေကို လွတ်လွတ်လပ်လပ်ပြောပါ”
“ဘော်ဒီဂတ်တစ်ရာလိုတယ်လို့ မင်းလူတွေက မင်းကို ပြောပြီးပြီမလား”ထန်ရှုက ပြုံးကာ ပြောလိုက်သည် “ပြီးတော့ အခုက မင်းရဲ့နေရာကောင်းကို လာတာ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ၊ ဒါကြောင့် ငါ အများကြီးမသိဘူး။ နောက်တစ်ခုကတော့ ငါ့ရဲ့လောင်းကစားအဖော်နဲ့ ငါ အဆက်အသွယ်ပြတ်နေတယ်၊ ဒါကြောင့် သူ့ကို ရှာဖို့ ငါ့ကို ကျေးဇူးပြုပြီး ကူညီပေးပါ”
“ဘော်ဒီဂတ်တစ်ရာပေးရတာက ပြဿနာတစ်ခုမဟုတ်ပါဘူး။ ငါ မင်းကို ဒစ်စကောင့်တောင် ပေးအုံးမှာ”ဒါရီခူရာက ပြုံးကာ ပြန်ဖြေသည် “မင်း သူတို့ကို ဘယ်လောက်ကြာကြာ ငှားယမ်းမလဲဆိုတာ ငါ သိလို့ရမလား၊ မစ္စတာထန်။ ပြီးတော့ သူက မြို့တော်မှာ နေသရွေ့ မင်းရဲ့လောင်းကစားအဖော်ကို ငါ ကူညီရှာဖွေပေးနိုင်ပါတယ်”
ထန်ရှုက စဉ်းစားပြီးနောက် လက်တစ်ချောင်းထောင်ပြလိုက်သည် “တစ်လ”
“အာ၊ မင်းရဲ့လောင်းကစားဖက်ရဲ့နာမည်က ဘာလဲ”ဒါရီခူရာက မေးလိုက်သည်။
“နီရှီမာဆာရိုရှီ။ သူက မြို့တော်မှာ အတော်လေးလူသိများမယ်လို့ ငါ ထင်တယ်”ထန်ရှုက ပြုံးကာ ပြော၏ “သူ့ရဲ့ဧည့်သည်အဖြစ် ဂျပန်နိုင်ငံရဲ့မြို့တော်ကို လာဖို့ သူက ငါ့ကို ဖိတ်ခေါ်ခဲ့တယ်။ အချိန်ဇယားတွေ ပြည့်နေလို့ အရင်က ငါ မလာနိုင်ခဲ့ဘူး”
နီရှိမာဆာယိုရှီလား။
ထူးဆန်းသောအမူအရာတစ်ခုက ဒါရီခူရာ၏မျက်နှာပေါ်တွင် သိသာထင်ရှားနေလေသည်။ ဤလူက ဂျပန်နိုင်ငံတစ်ခုလုံးရှိ ကာဆီနိုရုံများတွင် လှည့်လည်သွားလာနေသော ကျော်ကြားသည့်လောင်းကစားသမားတစ်ယောက်ဖြစ်ပြီး သူ့၏လောင်းကစားစကေးကြောင့် လူသိများသည်။ ထိုလူတွင် ခရီးသွားကုမ္ပဏီတစ်ခုလည်း ရှိ၏။
“မစ္စတာထန်၊ မင်း ပြောခဲ့တဲ့ဒီနီရှီမာဆာယိုရှီကို ရှာပေးနိုင်မယ်လို့ ငါ ထင်တယ်”ဒါရီခူရာက ပြုံးကာ ပြောလိုက်သည် “မင်း အလျင်မလိုဘူးဆိုရင် အခုပဲ သူ့ကို ရှာဖို့ တစ်ယောက်ယောက်ကို ငါ လွှတ်လိုက်မယ်လေ”
ထန်ရှုက အံ့အားသင့်သွားသည်။ ထို့နောက် သူက ခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို အရမ်းကောင်းတယ်။ ဟုတ်တယ်။ မင်း ကာဆီနိုကောင်းကောင်းတစ်ခုကို သိလား။ သူနဲ့ ထပ်ကစားဖို့ကို ငါ မစောင့်နိုင်တော့ဘူး”
“ဒီနေရာကနေ ကီလိုမီတာဒါဇင်ခန့်လောက်မှာ နာမည်ကြီးလွင့်မျောအပျော်စီးသင်္ဘောရှိတယ်။ ၎င်းက မြို့တော်တစ်ခုလုံးမှာ လူသိများပြီး ပိုင်ရှင်က ငါ့ရဲ့သူငယ်ချင်းတစ်ယောက်ပဲ”ဒါရီခူရာဆာခူရာဂီက ပြုံးကာ ပြန်ပြောသည်။
“ကောင်းပြီလေ၊ ဒါဆို လမ်းညွှန်ဖို့ မင်းကိုပဲ ဒုက္ခပေးရတော့မယ်၊ ဒါဂျိုချိုဆာခူရာဂီ”ထန်ရှုက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
“ဒီလောက်က ကိစ္စမရှိဘူး”ဒါရီခူရာက ပြုံးကာ ပြောလိုက်သည် “ပြီးတော့ မင်းအတွက် ဘော်ဒီဂတ်တစ်ရာကို အမြန်ဆုံး စီစဉ်ပေးဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။ ငါ သူတို့ကို ဘယ်လိုစီစဉ်ပေးရမလဲ။ မင်း သူတို့ကို တစ်ခါတည်း ခေါ်သွားချင်လား။ ဒါမှမဟုတ် သူတို့ကို တာဝန်ပေး…”
ထန်ရှုက လက်ဝှေ့ယမ်းလျက် ကျယ်လောင်စွာ ပြောလိုက်သည် “ငါ သူတို့အားလုံးကို တစ်ခါတည်း ခေါ်သွားမယ်။ ဂျပန်က အန္တရာယ်မကင်းဘူး၊ လူမိုက်လူဆိုးတွေက လှည့်လည်နေတယ်လို့ ကောလဟာလပြောကြတယ်။ သူတို့နဲ့တွေ့ရင် ငါ ပြဿနာတက်သွားနိုင်တယ်။ ပြီးတော့ လူတစ်အုပ်ကို ခေါ်သွားရင် ငါက စတိုင်ကျတဲ့ပုံပေါ်မနေဘူးလား၊ ဒိုဂျိုချိုဆာခူရာဂီ”
စတိုင်ကျတာလား။
ရာခူရာဆာခူရာဂီက ပြောစရာစကားမရှိဖြစ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဤကောင်အား ကာကွယ်နေသောဘော်ဒီဂတ်လေးယောက်က ထူးခြားသောစကေးများရှိပြီး သူတို့က ကာကွယ်ပေးနေသရွေ့ ဒင်းက အလွန်ဘေးကင်းပေလိမ့်မည်။ စတိုင်ကျဖို့အတွက်နဲ့ ဒီကောင်က ဒီလောက်များတဲ့ဘော်ဒီဂတ်တွေကို ငှားနေတာလား။ သူက အားကောင်းပြီးလွှမ်းမိုးနိုင်တဲ့လူတစ်ယောက်အဖြစ် သရုပ်ဆောင်ချင်တာလား။ သူက တကယ်ကို ဝင့်ကြွားလွန်းတာပဲ။
သို့သော် သူက ထိုစကားများအား ထုတ်မပြောပေ။ ဘာပဲဖြစ်ဖြစ် သူ့နေရာက ကိုယ်ရံတော်များငှားကာ ပိုက်ဆံရှာခြင်းဖြစ်၏။ ယခုလို ကံကောင်းမှုတစ်ခု ဖြစ်လာချိန်တွင် ဤကောင် ဘာလုပ်လုပ် သူက စိတ်မဝင်စားပေ။
များမကြာမီ ပိုက်ဆံများက ဒီရာခူရာ၏အကောင့်ထဲသို့ ဝင်သွား၏။
ကားများအတွက်ကိုမူ ဒါရီခူရာက အားလုံးစီစဉ်ထားသည်။ သေချာသည်ကတော့ စရိတ်က ထန်ရှုထံမှသာ။ သို့သော် ထန်ရှုကိုယ်တိုင်က သူ၏ကိုယ်ပိုင်အကြောင်းပြချက်ရှိသောကြောင့် ဒါကို စိတ်ထဲ မထားပေ။
နာရီဝက်ကြာပြီးနောက် ယာဉ်တန်းက အင်နာဒါသိုင်းသင်တန်းကျောင်းမှ ထွက်လာသည်၊ လက်ရှိတွင် ထန်ရှုရှာနေသည့်နီရှီမာဆာယိုရှီက လွင့်မျောအပျော်စီးသင်္ဘောတွင် အခြားသူများနှင့် ကစားနေသည်ဟု ဒါရီခူရာဆာခူရာဂျီက သတင်းရလာ၏၊ ထို့ကြောင့် သူက ထန်ရှုအား သတင်းနှင့်ပတ်သက်ပြီး တိုက်ရိုက်ပြောပြလိုက်သည်။
“ဟားဟားဟား၊ တကယ်ကို ဒီသခင်လေးထန်လေးစားရတဲ့လောင်းကစားဖော်ပဲ။ ငါ ဂျပန်ကို ရောက်လာကာစပဲ ရှိတယ်၊ သူက သတ်ဖြတ်မှုတစ်ခုကို စတင်နေပြီပေါ့။ သွား၊ အဲကို မြန်မြန်သွား။ ငါ့လက်တွေက ယားနေပြီ။ သူနဲ့ အပွဲသုံးရာလောက် ကစားဖို့ ငါ မစောင့်နိုင်တော့ဘူး”ထန်ရှုက သူ့ဘေးနားတွင် ထိုင်နေသော ဒါရီခါရာ၏ပေါင်အား အမှတ်တမဲ့ ရိုက်ချလိုက်သည်။
ဂတ်…
ပျော်ရွှင်ခြင်းနန်းတော်၏စစ်တုရင်အပိုင်းအစနှင့်ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ဖြစ်သော်ငြား ထန်ရှု၏ရိုက်ချက်ကြောင့် ဒါရီခူရာဆာခူရာဂျီက နာကျင်သွားသေးသည်။ ယခုလိုဖြူဖတ်ဖြူရော်ပိန်ပိန်ပါးပါးကောင်လေးက ဒီလောက်ခွန်အားရှိလိမ့်မည်ဟု သူ့အနေနှင့် ယုံကြည်ရန် ခက်ခဲသည်။
သူက ကျင့်ကြံသူတစ်ယောက်ဖြစ်နိုင်လား။
ဖြစ်နိုင်ချေအား တွေးမိကာ သူက ချက်ချင်း မေးမြန်းလိုက်သည် “မစ္စတာထန်၊ မင်းက ငယ်ရွယ်ပေမယ့် ခွန်အားအတော်လေးရှိတာပဲ။ မင်းက သိုင်းပညာကို လေ့ကျင့်ထားတာလား”
“ငါလား။ သိုင်းပညာလား”ထန်ရှုက မော့ကြည့်ပြီး အထင်သေးစွာနှင့် ပြောလိုက်သည် “ဘယ်လို ဟာသလဲ။ ငါက ဘယ်လိုလုပ်ပြီး အဲဒီအားနည်းတဲ့လူတွေနဲ့ တူရမှာလဲ။ ငါ့မိသားစုက စင်ကာပူမှာ အရမ်းအားကောင်းတဲ့ကလန်တစ်ခုပဲ၊ ငါကိုယ်တိုင်က ကျင့်…”
အဟွတ်…အဟွတ်…
အရှေ့ထိုင်ခုံတွင် ထိုင်နေသော ကူဝါကိုက တမင်ချောင်းဆိုးလျက် ထန်ရှုအား တားလိုက်သည်။
မှင်တက်သွားသလို ဟန်ဆောင်ကာ ထန်ရှုက တစ်ခုခုအား သတိရသွားပုံရသည်။ ထို့နောက် သူက ခေါင်းစဉ်အား လျင်မြန်စွာ ပြောင်းလျက် ကမန်းကတန်းပြောလိုက်၏ “အိုး၊ ကောင်းတာပေါ့။ ဒါနဲ့ ခွန်အားရှိတာက အတော်လေးကောင်းတယ်ဆိုတာ မင်း သိလား။ ဝက်ဝံအချို့ကို ငါက အလွယ်တကူ ရိုက်နှက်နိုင်တယ်လေ။ ဟားဟားဟား…”
ကျင့်…ကျင့်ကြံခြင်းများလား။ သူက ကျင့်ကြံသူတစ်ယောက်လား။ မျှော်လင်ထားသလိုပဲ…သူက ငါတို့ထဲကတစ်ယောက်ပဲ။
ဒါရီခူရာဆာခူရာဂျီ၏မျက်လုံးများက တလက်လက်ဖြစ်သွားသည်။ ထန်ရှုအား ကြားဖြတ်တားဆီးခဲ့သော်လည်း သူက ကျန်စကားလုံးများအား အလွယ်တကူခန့်မှန်းနိုင်သည်။သူ့ဘေးနားတွင် ထိုင်နေသော ဤကောင်သည်လည်း ကျင့်ကြံသူတစ်ယောက်ဟုပင် သူက ခံစားမိသည်။
အစက တစ်ယောက်ယောက်လွှတ်ကာ ဒါရီခါရာက ဤကောင်အား စုံစမ်းချင်ခဲ့သည်။ သို့သော် ယခု သူက ထိုသို့လုံးဝလုပ်စရာမလိုတော့ဟန်တူ၏။ သူက သူ့ကိုယ်ပိုင်နည်းလမ်းများသုံးကာ ဤကောင်အား ငွေခြောက်ကပ်အောင် လုပ်ရမည်။
နီရှိမာဆာယိုရှီနဲ့ ပူးပေါင်းပြီး ငါ ဒီကောင်နဲ့ ကစားနိုင်တယ်။ ငါ့ရဲ့စွမ်းရည်အရဆိုရင် သူတို့ဆီကနေ အမြောက်အများရမှာ သေချာတယ်။
လွင့်မျောအပျော်စီးသင်္ဘောရှေ့တွင်။
အနက်ရောင်ဝတ်စုံနှင့်နေကာမျက်မှန်တပ်ထားသည့်သက်လတ်ပိုင်းအရွယ်လူလေးယောက်က လက်နောက်ပစ်ကာ ရပ်လျက် ပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများအား အေးစက်စွာ ကြည့်နေကြ၏။
သို့သော် ကားဆယ်စီးက အဝေးမှ ဖြည်းဖြည်းချင်း မောင်းလာပြီး ဝင်ပေါက်ရှေ့တွင် ရပ်သွားသောအခါ ထိုလူလေးယောက်က အကြည့်ချင်း ဖလှယ်လျက် ထိတ်လန့်တုန်လှုပ်သွားကြ၏။
ဒီအကောင်ကြီးက ဘယ်သူများ ဖြစ်နိုင်မလဲ။ ဒီလို ကြွားဝါပြီး ဒီနေရာကို လာတာ။