ပိုက်ဆံရှိတဲ့သူတွေက ဘုရင်တွေပဲ
Vol. 83 Ch. 1158
ခွန်အားက ဒီရာခူရာအမြဲတမ်းအလေးအမြတ်ထားသည့်အရာတစ်ခုဖြစ်သလို သူ့အသက်ပမာ ပိုက်ဆံအား ကိုးကွယ်သည်။ သူ့တံခါးလာခေါက်သည့် ရွှေဗုဒ္ဓဖြစ်သော ထန်ရှုနှင့်အတူရှိချိန်တွင် သူက နှိမ့်ချစွာ နေလျက်ရှိသည်။ ကားထဲမှ ထွက်လာပြီးနောက် သူက ထန်ရှုအတွက် ကားတံခါးဖွင့်ပေးလိုက်သည်။ ထို့နောက် သူက လွင့်မျောအပန်းဖြေသင်္ဘော၏လုံခြုံရေးအစောင့်လေးယောက်ထံ အော်ပြောလိုက်၏ “မင်းတို့ရဲ့မန်နေဂျာထာခီဒါကို အသိပေးလိုက်ပါ။ ဒီနေရာကို ဂုဏ်သရေရှိဧည့်သည်တော်တစ်ယောက်ရောက်လာတယ်လို့၊ ဧည့်သည်ကို လာကြိုဆိုဖို့ သူ့ကို ပြောလိုက်”
ဂုဏ်သရေရှိဧည့်သည်တော်တစ်ယောက်လား။
လုံခြုံရေးအစောင့်လေးယောက်က ဒါရီခူရာဆာခူရာဂီ၏အထောက်အထားအား သိကြသည်၊ ထန်ရှု၏အထောက်အထားက အလွန်ထူးခြားသည်ကို သူတို့က ချက်ချင်းသဘောပေါက်သည်။ သူတို့ထဲမှတစ်ယောက်က ခေါင်းညိတ်ကာ အတွင်းထဲသို့ ကမန်းကတန်းပြေးဝင်လာ၏။
ဒါရီခူရာဆာခူရာဂီက ထန်ရှုအား လှည့်ကြည့်ကာ ပြုံးလျက် ပြောလိုက်သည် “ကျေးဇူးပြုပြီး အထဲဝင်လာပါ၊ မစ္စတာထန်”
ထန်ရှုက ပြုံးကာ တုံ့ပြန်ပြီးနောက် အတွင်းထဲသို့ လျှောက်သွား၏။ ဤနေရာက ကာဆီနိုတစ်ခုဖြစ်သော်ငြား အတွင်းအလှဆင်ထားခြင်းက အလွန်တန်ဖိုးကြီးသည်။ ခမ်းနားသောခန်းမအားဖြတ်ကာ စင်္ကြံလမ်းထဲသို့ လှည့်လာပြီးနောက် သူတို့က တံခါးတစ်ခုအရှေ့သို့ လျှောက်လာကြ၏။
ထို့နောက် ဒါရီခူရာက ပြုံးကာ ပြောလိုက်သည် “ဒါက လွင့်မျောအပျော်စီးသင်္ဘောရဲ့မဟာခန်းမပဲ၊ မစ္စတာထန်။ အပန်းဖြေနဲ့ဖျော်ဖြေရေးအတွက် မျက်နှာချင်းဆိုင်မှာ အခြားခန်းမတစ်ခုလဲ ရှိတယ်။ အဲနေရာမှာ မရေမတွက်မနိုင်တဲ့အလှလေးတွေရှိနေမှာကို မင်း မျှော်လင့်ထားနိုင်တယ်။ လွင့်မျောအပျော်စီးသင်္ဘောထဲမှာ ငွေရှိတဲ့သူတွေက ဘုရင်ဆိုတဲ့ဓလေ့ထုံးတမ်းပဲ ရှိတယ်”
ငွေရှိတဲ့သူတွေက ဘုရင်တွေလား။
“ဘယ်လိုတောင် ကြီးကျယ်လှတဲ့ ဓလေ့ထုံးတမ်းလဲ။ ချီးကျူးဖို့ ထိုက်တန်လှပေတယ်”ထန်ရှုက အံ့အားသင့်စွာ ပြောာလိုက်သည် “ငါ့မှာ ပိုက်ဆံကလွဲပြီး ဘာမှမရှိဘူး။ ဟားဟားဟား…ကြည့်ရတာ ငါ ဒီနေ့ ဘုရင်တစ်ယောက်ဖြစ်တော့မှာပေါ့။ ဒါနဲ့ ငါ့ရဲ့အဲဒီမိတ်ဆွေကောင်းနီရှီမာဆာယိုရှီရော ဒီနေရာမှာ ရှိတာမလား”
“သူက အထဲမှာ ရှိတယ်”ဒါရီခူရာဆာခူရာဂီက ပြုံးလိုက်သည်။
ခန်းမတံခါးတွန်းဖွင့်လိုက်ပြီးနောက် ကြီးမားသောနေရာလပ်တစ်ခုက ထန်ရှု၏မျက်လုံးအရှေ့၌ ထွက်ပေါ်လာသည်။ ၎င်းက အနည်းဆုံး ဘောလုံးကွင်းတစ်ခုနှင့် ယှဉ်နိုင်ပြီး လောင်းကစားစက်အမျိုးမျိုးနှင့် ပြည့်နေသည်၊ မရေမတွက်နိုင်သောလောင်းကစားသမားများက သူတို့အရှေ့ရှိ လောင်းကစားစက်များနှင့် ကစားနေကြ၏။
သို့သော် သူတို့က တံခါးအား ဖြတ်လာသောအခါ ထန်ရှုနောက်မှ လူများစွာကို မြင်ပြီး သူတို၏မျက်လုံးများက အာရုံစိုက်လာကြ၏။ ဤအကောင်က လောင်းကစားမည့်အစား ဤနေရာအား ဖျက်ဆီးပစ်မည်ဟု ထင်ရသည်။
“မစ္စတာဆာခူရာဂီ”
နှုတ်ခမ်းမွှေးနှင့်ပိန်ပိန်ပါးပါးလူတစ်ယောက်နှင့်သူ့လူအနည်းငယ်က ကမန်းကတန်း ချဉ်းကပ်လာကြသည်။ ထို့နောက် သူ့မျက်လုံးများက ဒါရီခူရာဆာခူရာဂီအား တစ်ချက်ကြည့်ပြီးနောက် နောက်ဆုံးတွင် ထန်ရှုထံ ကျရောက်သွားကာ ပြုံးလျက် နှုတ်ဆက်လိုက်၏ “လာရောက်အားပေးတဲ့အတွက် ကြိုဆိုပါတယ်။ မင်းက မစ္စတာဆာခူရာဂီပြောတဲ့ဂုဏ်သရေရှိဧည့်သည်တော်ပဲဖြစ်မယ်”
ထန်ရှုက မျက်လုံးလိမ့်လျက် အေးစက်စွာ ဆိုလိုက်သည် “ဟမ့်၊ လုံလောက်တဲ့ယဉ်ကျေးမှုမရှိဘူးဆိုရင် မင်းက ဒီနေရာမှာ မန်နေဂျာမလုပ်ပါနဲ့။ ငါက ဂျပန်စကားကို နားမလည်ဘူး။ ကျေးဇူးပြုပြီး ငါနဲ့ စကားပြောမယ်ဆိုရင် အင်္ဂလိပ်လို ပြောပါ။ မင်း ပြောနိုင်မယ်ဆိုရင်ပေါ့”
ရှီရိုထာခီထာ၏မျက်နှာက အေးခဲသွားပြီး သူက ဒါရီခူရာဆာခူရာဂီဘက် လှည့်လိုက်သည်။
“မန်နေဂျာထာခီဒါ၊ မစ္စတာထန်က စင်ကာပူက ဖြစ်ပြီး ငါ့ဆီကနေ ဘော်ဒီဂတ်တစ်ရာကို ငှားခဲ့တယ်။ သူက ငါ့နေရာကို လာတဲ့အထဲမှာ အကျော်ကြားဆုံးဧည့်သည်ပဲ”ဒါရီခူရာက ကမန်းကတန်း ပြောလိုက်၏ “ဒါပေမယ့် သူက ဂျပန်စကားကို မပြောဘူး၊ ဒါကြောင့် ကျေးဇူးပြုပြီး သူနဲ့ အင်္ဂလိပ်လိုပဲ ပြောပါ”
ရှီရိုထာခီဒါက ခြောက်ကပ်ကပ်ရယ်လိုက်သည်။ ဒါရီခူရာထံမှ ကြားသိပြီးနောက် ဤလူက ချမ်းသာကြွယ်ဝသောဖောက်သည်တစ်ယောက်မှန်း သေချာသွား၏။ သူ့အား အကြိမ်များစွာ ပါးရိုက်လျှင်ပင် သူက ယခုလိုပိုက်ဆံအိတ်နက်ရှိုင်းသည့်အကောင်တစ်ယောက်အား ဒေါသမထွက်ပေ။ ထို့ကြောင့် သူက ပြုံးကာ ပြောလိုက်၏ “ဟယ်လို၊ မစ္စတာထန်။ ငါက လွင့်မျောအပျော်စီးသင်္ဘောရဲ့ဗဟိုမန်နေဂျာရှီရိုထာခီဒါပါ။ မင်း ငါ့ကို မန်နေဂျာထာခီဒါလို့ ခေါ်နိုင်ပါတယ်”
ထန်ရှုက မျက်လုံးလိမ့်လျက် ပြောလိုက်သည် “ငါ ဒီနေ့ ပိုက်ဆံရှာဖို့ လာတာ။ ဒါနဲ့ ငါ့ရဲ့မိတ်ဆွေနီရှီမာဆာယိုရှီကရော ဘယ်မှာလဲ။ ငါ့ကို လာတွေ့ဖို့ သူ့ကို ပြောလိုက်ပါ”
“ဘယ်လို…”
အံ့အားသင့်သောအသံတစ်ခုက ကာဆီနိုအတွင်းပိုင်းမှ ထွက်ပေါ်သွားပြီး သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က ထွက်လာ၏။ သူက အရပ်မမြင့်ပေ၊ သူ့လက်မောင်းများက အလှလေးနှစ်ယောက်အား ပွေ့ဖက်ထား၏။ သူက မိန်းကလေးနှစ်ယောက်အား ဘေးသို့ တွန်းကာ ထန်ရှုထံ ပြေးလာပြီး တစ်ချိန်တည်း၌ ပျော်ရွှင်စွာ ပြောလိုက်သည် “ယိုး၊ ထန်ကောင်စုတ်။ ငါ အိပ်မက်မက်နေတာတော့ မဟုတ်ဘူးမလား။ ဘယ်လိုလုပ်ပြီး မင်းက ကျိုတိုကို ရောက်လာတာလဲ။ မင်း ငါ့တိုင်းပြည်ကို လာဖို့ ငါ့ရဲ့ဆုတောင်းသံကို နတ်ဘုရားတွေက ကြားခဲ့တာများလား”
“ဟားဟားဟား…”
ထန်ရှုက သက်လတ်ပိုင်းလူထံ လျှောက်လာသည်။ နှစ်ယောက်သား ပွေ့ဖက်ပြီးနောက် ထန်ရှုက ကျယ်လောင်စွာ ရယ်လျက် ပြောလိုက်သည် “မတွေ့ရတာ အတော်ကြာပြီ၊ ဒါပေမယ့် မင်းရဲ့လျှာစောင်းက အခုထိ အစွမ်းထက်နေအုံးမယ်လို့ ငါ မထင်ထားဘူး။ငါ အခု အရမ်းပျော်နေတယ်။ ဟုတ်တယ်။ ငါ မင်းနဲ့ ကစားဖို့ အိပ်မက်မက်နေတာ၊ ဒါကြောင့် မင်းကို ရှာဖို့ ကမန်းကတန်းထွက်လာခဲ့တာ။ ဘယ်လိုလဲ၊ ငါတို့နှစ်ယောက်ကို မိတ်ဆွေစစ်တွေလို့ ခေါ်ဖို့ ထိုက်တန်မလား”
“ဟုတ်တယ်။ ငါတို့က မိတ်ဆွေစစ်တွေပဲ”နီရှီမာဆာယိုရှီက လေးလံစွာ ခေါင်းညိတ်လျက် ပြောလိုက်သည် “မင်းလို မိတ်ဆွေတစ်ယောက်ရှိတာ ငါ့အတွက် ကံကောင်းမှုကြီးတစ်ခုပဲ။ ဒါနဲ့ ငါ အိမ်ရှင်လုပ်ပြီး မင်းကို လိုက်ပြပေးမယ်။ ဒီနေရာက လက်စ်ဗီဂက်စ်က ကာဆီနိုရုံကြီးတွေထက် ပိုမကောင်းပေမယ့် ငါတို့ ကစားဖို့ လုံလောက်ပါတယ်”
ဤလူနီရှိမာဆာယိုရှီက ကူဝါကို၏ယုံကြည်စိတ်ချရသောလူယုံတော်ဖြစ်သည်။ အပေါ်ယံတွင် သူက လောင်းကစားသမားတစ်ယောက်ဖြစ်သော်လည်း တကယ်တမ်းတော့ သူက ကူဝါကိုလေ့ကျင့်ပေးထားသည့်ထောက်လှမ်းရေးတစ်ယောက်ဖြစ်သည်။ သူက အမေရိကန်၊လက်စ်ဗာဂက်စ်တွင် အကြိမ်ပေါင်းများစွာ လောင်းကစားခဲ့သည်၊ ထို့ကြောင့် ထန်ရှုနှင့်အတူ ပြဇာတ်ထဲတွင် ပူးပေါင်းပါဝင်ရန် ကူဝါကိုက သူ့အား ဤနေရာသို့ လွှတ်လိုက်၏။
ထန်ရှုက ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်သည်။ သူက ကျေနပ်စွာ ခေါင်းညိတ်လျက် ပြောလိုက်၏ “ဒါ ကောင်းတယ်။ အရမ်းကောင်းတယ်။ နီရှီ၊ ငါ ဂျပန်ကို အခုမှ ရောက်တယ်ဆိုပေမယ့် မင်းရဲ့နာမည်က မင်းထက် ရှေ့ပိုရောက်နေတာပဲ။ မင်းက ဒီကာဆီနိုမှာ ရှိမယ်လို့ ငါ မထင်ထားဘူး။ ကောင်းပြီလေ၊ ဖဲဝေသူတစ်ယောက်ရှာပြီး လူအချို့ကို ခေါ်လိုက်။ မင်း သိလား၊ ဒီသခင်လေးက ပိုက်ဆံအမြောက်အများယူလာတယ်၊ ငါတို့အနေနဲ့ သုံးရက်သုံးညမရပ်မနားကစားဖို့ လုံလောက်တယ်”
နီရှီ၏မျက်လုံးများက လင်းလက်သွားကာ သူက ပြောလိုက်သည် “ဒီတစ်ကြိမ်မင်းဘယ်လောက်ယူလာတာလဲ၊ ငါ့ကောင်။ ကောင်းပြီလေ၊ အရင်ပြောကြတာပေါ့။ အခုတလော ငါ အတော်လေးကံကောင်းနေတယ်၊ ပိုက်ဆံအများကြီးရထားတယ်။ မင်းရဲ့ပိုက်ဆံက ဂဏန်းရှစ်လုံးထက် နည်းရင် ငါ မင်းနဲ့ ကစားမှာ မဟုတ်ဘူးဆိုတာကို မင်း သိလား”
ပတ်ဝန်းကျင်ရှိသူများအား ဘာတစ်ခုမှ ဖုံးကွယ်ရန် မကြိုးစားဘဲ ထန်ရှုက ဂုဏ်ယူစွာ ပြောလိုက်သည် “မင်း ဘာပြောတာလဲ။ ဂဏန်းရှစ်လုံးလား။ ဒီသခင်လေးရဲ့ပိုက်ဆံအိတ်က ဂဏန်းရှစ်လုံးထက် ပိုတယ်။ မင်းက ငါ့ကို အထင်သေးတာပဲ။ မစိုးရိမ်ပါနဲ့။ ငါ ဒီနေရာကို မင်းနဲ့ လောင်းကစားဖို့ လာတာ။ ဂဏန်းရှစ်လုံးမပြောနဲ့၊ ဆယ်လုံးတောင် ငါ တတ်နိုင်ပါသေးတယ်”
“ဂဏန်းဆယ်လုံးလား။ ဒါ ဘီလီယံအတွင်းမလား”
လူတိုင်း၏မျက်လုံးများက ရုတ်တရက် လင်းလက်သွားပြီး ရွှေတွင်းတစ်ခုမြင်နေရသည့်အလား ထန်ရှုအား ကြည့်လိုက်ကြသည်။ ဒါရီခူရာဆာခူရာဂီပင် နှလုံးခုန်သံ အနည်းငယ် မြန်ဆန်သွား၏။
မျက်နှာက စိတ်လှုပ်ရှားမှုတို့နှင့် နီရဲလျက် နီရှိမာဆာယိုရှီက အံ့အားသင့်စွာ ပြောလိုက်သည် “ဒါ အရမ်းကောင်းတယ်၊ မင်းမှာ အများကြီးပါလာတာတာပဲ။ ထန်ကောင်၊ တစ်ခုခုကို အရင်ဆုံးပြောကြတာပေါ့၊ ငါတို့က စည်းမျဉ်းအဟောင်းအတိုင်းသွားမလား ဒါမှမဟုတ် စစ်ပွဲထဲကို တန်းသွားချင်လား။ မစိုးရိမ်ပါနဲ့၊ ဒီနေရာမှာ ဂျပန်က လူချမ်းသာများစွာ ရှိတယ်။ မင်းလိုချင်ရင် နှစ်နာရီအတွင်း အမြောက်အများရနိုင်တယ်”
ထန်ရှုက ပြုံးစပ်စပ်နှင့် ချက်ချင်း ပြောလိုက်သည် “ကောင်းပြီလေ၊ ငါတို့အနေနဲ့ ဒီလိုတွေ့ဆုံဖို့က အရမ်းခက်ခဲတယ်၊ ဒါကြောင့် ကစားပွဲထဲကို တန်းသွားတာက အတော်လေးငြီးငွေ့စရာကောင်းတယ်။ စည်းမျဉ်းဟောင်းအတိုင်းပဲ သွားကြတာပေါ့”
“ဒါ အဆင်ပြေပါတယ်။ ဒါက ငါ့အတွေးနဲ့ ထပ်တူပဲ”နီရှီမာဆာယိုရှီက ကျယ်လောင်စွာ ပြန်ပြောသည်။
ဒါရီခူရာဆာခူရာဂီက ထန်ရှုနှင့်နီရှီမာဆာယိုရှီတို့ထံ လျှောက်လာလျက် ပြုံးကာ မေးလိုက်သည် “မစ္စတာထန်၊ မစ္စတာမာဆာယိုရှီ၊ ဒီစည်းမျဉ်းဟောင်းတွေက ဘာလဲဆိုတာ ငါ မေးလို့ရမလား၊ ငါကရော မင်းတို့နဲ့အတူ ပူးပေါင်းဖို့ အရည်အချင်းမှီလား”
“ငါ့ကိုရော ထည့်တွက်လိုက်ပါ…”
လည်ပင်းတွင် ရွှေရောင်ချိန်းကြိုး၊ ခန္ဓာကိုယ်တွင် တက်တူးအပြည့်နှင့် ထိပ်ပြောင်လူတစ်ယောက်က လက်ထဲရှိ ဖဲကတ်ပြားအနည်းငယ်ကိုင်လျက် ချဉ်းကပ်လာသည်။
ဤအချိန်တွင် နီရှီမာဆာယိုရှီက ဒါရီခူရာအား သတိပြုမိသွားပုံရကာ တောက်ပသောအပြုံးနှင့် ချက်ချင်း ပြောလိုက်သည် “ဒါ မစ္စတာဆာခူရာဂီမလား။ ငါတို့နဲ့အတူ ကစားမယ်ဆိုတဲ့အတွက် ငါ ဂုဏ်ယူမိပါတယ်။ အကိုထန်၊ မင်းက သူနဲ့ အရင်မိတ်ဆက်ပေးပါရစေ။ ဒါက…”
ထန်ရှုက လက်မြှောက်ကာ သူ့အား တားလျက် ပြောလိုက်သည် “ငါ သူ့ကို သိပြီးသား။ ငါ ဒီကောင်ဆီကနေ ဘော်ဒီဂတ်တစ်ရာငှားလာခဲ့တာလေ”
“အာ၊ မင်းကို တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ…”နီရှီက ပင့်သက်ရှိုက်မိသွား၏ “ဘော်ဒီဂတ်တစ်ရာ၊ လက်စ်ဗာဂက်စ်မှာတုန်းကထက် မင်းရဲ့အစောင့်အရှောက်တွေက ပိုကြီးမားလာတာပဲ။ ဒါဆို ငါ နောက်တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ သူက ကုန်သည်ကြီးများအသင်းရဲ့ဒုဥက္ကဠဆာဘူရိုခွိုင်ဇူမီပဲ၊ မြို့တော်မှာ ထင်ရှားကျော်ကြားတဲ့လူတစ်ယောက်ဆိုလဲ ဟုတ်တယ်။ မစ္စတာဆာခူရာဂီပဲဖြစ်ဖြစ်ဒါမှမဟုတ်မစ္စတာခွိုင်ဇူမီပဲဖြစ်ဖြစ်၊ သူတို့က ငါတို့နဲ့ ကစားဖို့ အရည်အချင်းရှိတယ်၊ သူတို့ရဲ့အိပ်ကပ်မှာ ပိုက်ဆံဂဏန်းကိုးလုံးပါမှာ သေချာတယ်”
ထန်ရှုက မေးငေါ့ကာ ချက်ချင်း ပြောလိုက်သည် “ဒါကို ကြားရတာ အရမ်းကောင်းတယ်၊ ကျုပ်က ဂျပန်ကို အခုမှ ရောက်လာတယ်ဆိုပေမယ့် ဒီတိုင်းပြည်ကိုတော့ ကျုပ် ချက်ချင်း ချစ်သွားပြီဗျ။ လာပါ၊ ကျုပ်တို့တွေ ကစားကြတာပေါ့”
“ကောင်းပါပြီ၊ ငါတို့ ဘယ်လိုကစားရမလဲဆိုတာ မင်း မရှင်းပြရသေးဘူး”ဒါရီခူရာဆာခူရာဂီက ဖြတ်ပြောလိုက်သည်။
ထန်ရှုက မပြောချင်သည်ကို သတိပြုမိကာ နီရှီက ချက်ချင်း ဉီးဆောင်ပြောပြာလိုက်သည် “ကျုပ်နဲ့မစ္စထန်တို့ကစားတဲ့ဂိမ်းရဲ့စည်းမျဉ်းက အတော်လေးရိုးရှင်းတယ်။ ကစားသမားတစ်ယောက်စီက တိုကင်ပြားတွေ ဝယ်ဖို့ အမေရိကန်ဒေါ်လာတစ်ရာကို အသုံးချရမယ်၊ ပြီးရင် လောင်းကစားစက်နဲ့ ကစားမလား ဒါမှမဟုတ် ခေါက်စားပွဲပေါ်မှာ ကစားမလား ခင်ဗျားတို့က ရွေးချယ်လို့ရတယ်။ အဲဒီအမေရိကန်ဒေါ်လာတစ်ရာတိုကင်ပြားတွေနဲ့အတူ နှစ်နာရီအတွင်းမှာ ပိုက်ဆံအများဆုံးရနိုင်တဲ့ဘယ်သူ့ကိုမဆို အခြားသူတွေက တိကျတဲ့ပိုက်ဆံပမာဏတစ်ခု ပေးချေရလိမ့်မယ်။ ပမာဏအရေအတွက်ကိုတော့ အမေရိကန်ဒေါ်လာဆယ်သန်းသတ်မှတ်ထားတယ်”
ထန်ရှုက လက်ဝှေ့ယမ်းကာ ပြောလိုက်သည် “ဒေါ်လာဆယ်သန်းလား။ နည်းလွန်းပါတယ်။ ဒေါ်လာသန်းတစ်ရာ သတ်မှတ်ကြရအောင်”
“ဒါက…”
ဆာခူရာဂီနှင့် ခွိုင်ဇူမီတို့၏အမူအရာက ပြောင်းလဲသွားပြီး သူတို့က ချီတုံချတုံဖြစ်သွားကြသည်။ သူတို့က ဒေါ်လာသန်းတစ်ရာ ထုတ်ပေးနိုင်သည်။ သူတို့က အနိုင်ရလျှင် အဆင်ပြေမည်ဖြစ်သော်လည်း ရှုံးနိမ့်လျှင် သူတို့အတွက် ကြီးမားသောထိုးနှက်ချက်တစ်ခုဖြစ်လာပေလိမ့်မည်၊ သူတို့အနေနှင့် ထိုပမာဏအား ပြန်ရရန် အနည်းဆုံးနှစ်အနည်းငယ်လိုအပ်သည်။
စည်းမျဉ်းအတိုင်း ကစားမလား ဒါမှမဟုတ် နောက်ပြန်ဆုတ်ရမလား။
လက်ရှိအချိန်တွင် နှစ်ယောက်လုံးက ဝေခွဲမရဖြစ်နေတော့သည်။
ထန်ရှုက မျက်မှောင်ကြုတ်လျက် မကျေမနပ်ပြောလိုက်သည် “ဘာဖြစ်လို့လဲ။ အရေအတွက်က များလွန်းတယ်လို့ ခင်ဗျားတို့က ထင်တာလား၊ အဲဒါကို မတတ်နိုင်တာလား၊ မကစားနိုင်တာလား။ နဂိုတည်းက ကျုပ်က ခင်ဗျားတို့နှစ်ယောက်နဲ့ မရင်းနှီးဘူး၊ ဒါကြောင့် ဒီအတွက် ကျုပ်က ခင်ဗျားတို့ကို လှောင်ပြောင်လိမ့်မှာမဟုတ်ဘူး။ အများဆုံး ခင်ဗျားတို့အတွက် ရှက်ဖို့ကောင်းရုံပေါ့၊ ခင်ဗျားတို့တွေ အိမ်ပြန်တဲ့အခါ မျက်နှာပြစရာရှိမှာတော့ မဟုတ်ဘူးပေါ့လေ”
ဒါက တစ်စုံတစ်ယောက်အား လှုံ့ဆော်သည့်အကွက်တစ်ခုဖြစ်သည်။
ထန်ရှုက သူတို့အား လှုံ့ဆော်နေသည်ကို သူတို့နှစ်ယောက်လုံး သိသည်။ တစ်ချိန်တည်းတွင် သူတို့က ကျားတစ်ကောင်အား စီးနင်းလာသည့်အလား ရှောင်ဖယ်ရန် ခက်ခဲလှ၏၊ ထို့ကြောင့် သူတို့က အကူအညီမဲ့စွာ ခေါင်းညိတ်ရုံသာ တတ်နိုင်ခဲ့သည်။
သူတို့အားလုံးက ကျိုတိုတွင် ကျော်ကြားသောပုံရိပ်များဖြစ်ကြ၏။ သူတို့က အများရှေ့မှာ မျက်နှာဘယ်အပျက်ခံလို့ရမှာလဲ။ ဒီတစ်ကြိမ် သူတို့က ဒါကို အရှုံးပေးလိုက်လျှင် မနက်ဖြန်ကျလျှင် လောင်းကစားပွဲပင် မစသေးခင် သူတို့က သွေးကြောင်ခဲ့သည့် သတင်းက ကျိုတိုတစ်ခုလုံး ပျံ့နှံ့သွားပေလိမ့်မည်။ အားလုံးခြုံကြည့်လျှင် သူတို့၏ဂုဏ်သတင်းအား ကြီးကြီးမားမားထိခိုက်ပေလိမ့်မည်။